(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ လှေလှော် အဖွင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁ဝရက် နံနက် ၈နာရီတွင် စတင် ကျင်းပခဲ့ပြီး အဖွင့် ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား လေးမျိုး စတင်ယှဉ် ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး နိုင်ခဲ့သည်။
Wednesday, 11 December 2013
မြန်မာကနူး လှေလှော်အဖွဲ့ ရွှေသုံးခုနှင့် ကြေးတစ်ခု ဆွတ်ခူး
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ လှေလှော် အဖွင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁ဝရက် နံနက် ၈နာရီတွင် စတင် ကျင်းပခဲ့ပြီး အဖွင့် ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား လေးမျိုး စတင်ယှဉ် ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး နိုင်ခဲ့သည်။
အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုး ပျက်ဆီး မှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်းအကျဉ်းသား ၄၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများက ဆိုသည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ပြိုင်ပွဲဝင် နိုင်ငံများ၏ အမည်ဆိုင်းဘုတ် ကိုင်သူ စာရင်းထုတ်ပြန်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂- ၂ဝ၁၃ရက် ညနေ ၅ နာရီခွဲမှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့မည်ဖြစ်ရာ အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်း ဘုတ်ကိုင်မည့် အမျိုးသမီးလှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူကလေးများ၏ စာရင်းကို ဖွင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။
Sea Games ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
ဒီဇင်ဘာ ၁၁ ရက်နေ့(ယနေ့)တွင် ကျင်းပပြုလုပ်မည့် Sea Games ပြိုင်ပွဲကြီး၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီအတိမှာ စတင်ဖွင့်လှစ် ကျင်းပသွားမည် ဖြစ်ပါသည်။
ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်
နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။
ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ တရုတ်နိုင်ငံသား ၁၈ ဦး ပြည်နှင်ဒဏ်ပေး ခံရ
မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွားတိုး တက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရန်အတွက် ဌာနဆိုင် ရာများ သို့ သတင်းပေးပို့ခြင်းမရှိ ဘဲ ရောက်ရှိ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ဦးကို ဒီဇင် ဘာ ၉ရက်တွင် မန္တလေးအပြည် ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြည် နှင်ပို့ဆောင်လိုက်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။
အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး
အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
လည်ပင်းကြေးကွင်းဝတ် ကယန်းတိုင်းရင်းသားများ နေရပ်တွင် ပြန်နေလို က ကယားပြည် နယ် အစိုးရ စီစဉ်ပေးမည်
ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ရိုးရာယဉ်ကျေးမှုကို ပြသပြီး ဝင်ငွေရှာနေသည့် လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများ အနေနှင့် မိမိတို့၏ နေရပ်ရင်း ဒေသသို့ ပြန်လာပါက စားဝတ်နေရေး နှင့် အလုပ်အကိုင် အတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ထားကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားသည်။
ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင် ထွန်း မှု များအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ
ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ် |
ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တွင် သောင်ထွန်းမှုများ အပြင် ရေအော က်ကျောက် တန်း ပေါ်ထွန်းမှု များပါ ကြုံတွေ့လာရကြောင်း သိရသည်။
မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး အကျဉ်းသား ဖလှယ်
မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံက နယ်စပ်အရာရှိကြီးတွေဟာ မြန်မာနယ်စပ် တောင်ပြိုမြို့အနီးက ဘင်္ဂ လားဒေ့ရှ် အပိုင် ခေါင်းတုံးကျေးရွာမှာ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ် အရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြ တဲ့ အပြင် နှစ်နိုင်ငံအကြား အကျဉ်းသားတွေကိုလည်း လဲလှယ်ခဲ့ပါတယ်။
ဆေးခြောက် ရောင်းဝယ် သုံးစွဲမှု တရားဝင် ဖြစ်ဖို့ ဥရုဂွေး ဆွေးနွေး
ဥရုဂွေး နိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ် ရောင်းချ သုံးစွဲ မှုတွေကို တရားဝင် ဖြစ်အောင် လုပ်မယ့် အစိုးရ တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။
အန္တရာယ်ကင်းအောင် စားသောက်နည်းများ
၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ
ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ
ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။
အနောက်နိုင်ငံများက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ် လာသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ် လုပ်ငန်းရှင်များအား သတိပေး
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်နှင့်အမျှ အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုများ ရုပ်သိမ်းလာကာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ် လာနေကြောင်း၊ ထို့ကြောင့် ယခင်တရုတ် လုပ်ငန်းရှင် တစ်ဦးတည်းရှိသော အချိန်ကာလ ကျော်လွန်နေ ပြီဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ်လုပ်ငန်းရှင်များသို့ ယူနန်ပြည်နယ် လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ လျိုဝန်ဝူက သတိပေး ပြောကြား ခဲ့သည်။
တရုတ်အလံ မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က အမှုဖြင့်ပါ ရုံးတင်
ဒီဇင်ဘာ ၁၀ ရက်နေ့က ရုံးထုတ်လာစဉ် မြင်တွေ့ရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) |
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့သို့ ထပ်မံရုံးချိန်း လိုက်ကြောင်း သိရသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး
Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း) |
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့် ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ
ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်းဝန်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။
မန်စီမြို့နယ်ရှိ ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွား
ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင် ခန့်ဝေးသော ကျေးရွာ များတွင် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းများက အရပ်သားများကို ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင် ၀န်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ လူခေါ်ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကော့မှူးနှင့် ပဲခူးမြို့တွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင် ဒါရိုက်တာ ပြောကြား
လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေးက ပြောကြားသည်။
ရာထူးက ဆင်းပေးဖို့ ယင်လတ် ပယ်ချ
ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့်
ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို
ပယ်ချလိုက်ပါတယ်။
မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
အသားရောင်ခွဲခြားမှု
ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ေ
ဟာင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက
ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။
Subscribe to:
Posts (Atom)