Wednesday, 4 June 2014

ဘောလုံးပြန်ကစားဖွယ်ရှိဟု ဒေးဗစ်ဘက်ခမ်း အရိပ်အမြွက်ပြော

Photo: ဘောလုံးပြန်ကစားဖွယ်ရှိဟု ဒေးဗစ်ဘက်ခမ်း အရိပ်အမြွက်ပြော
Wednesday, June 4, 2014

မီယာမီတွင်ကိုယ်ပိုင်တည်ထောင်မည့် မေဂျာလိဂ်ကလပ်နှင့်အတူ ဘောလုံးသမားဘ၀ကို ပြန်လည် စတင်ဖွယ်ရှိသည်ဟု ဒေးဗစ်ဘက်ခမ်းက အရိပ်အမြွက်ပြောသည်။

အသက် ၃၉ နှစ်ရှိ ဒေးဗစ်ဘက်ခမ်းသည် ပီအက်စ်ဂျီတွင် ကာလတိုဖြတ်သန်းပြီးနောက် နှစ် ၂၀ ကြာကစားခဲ့သော ကစား သမားဘ၀မှ အနားယူကြောင်း ၂၀၁၃ ခုနှစ် မေတွင် ကြေညာခဲ့သူဖြစ်သည်။ ဘီဘီစီ အစီအစဉ်တစ်ခုတွင်သရုပ်ဆောင်နေသော ဘက်ခမ်းက "ကစားသမား အသင်းပိုင်ရှင် ဆိုတာဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ရှိကောင်းရှိလာနိုင်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော် ဘက်စကတ်ဘောပွဲ ကြည့်ဖို့ရှိတယ်။ ကစားသမားတွေ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားနေကြတာကိုတွေ့ရရင် ကျွန်တော့်ကို စိတ်လှုပ်ရှားစေပြီး ကစားပွဲတွေထဲ ပြန်လာချင်စိတ်ပေါက်လာတယ်။ ပြီးတော့ ကျွန်တော် ပြန်ကစားသင့်လား၊ ကျွန်တော်ပြန်လာသင့်လား၊ အနားယူရာကနေ ဘောလုံးပြန်ကစားသင့်လား ဆိုပြီး အတွေးတွေဝင်လာတယ်" ဟု ပြောသည်။

နိုင်ငံအသင်းအတွက် ၁၁၅ ပွဲကစားခဲ့သည့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းသည် နိုင်ငံလေးနိုင်ငံ မှ ကလပ်အသင်းများနှင့် အဓိက ဆုဖလားများရယူထားနိုင်ပြီး အမေရိကန်ကလပ်အသင်းတစ်သင်းကို ပူးတွဲပိုင် ဆိုင်ရန် မျှော်လင့်နေသည်။ လော့စ်အိန်ဂျယ်လိစ်ဂလက်ဆီအသင်းတွင်ကစားစဉ်က စာချုပ်ပါအချက်အရ ၎င်းအနေဖြင့် မေဂျာလိဂ်တိုးချဲ့အသင်းသစ်တစ်သင်းကို ပေါင် ၂၅ သန်းဖြင့် ၀ယ်ယူခွင့်ရှိနေပြီး ၂၀၁၆ သို့မဟုတ် ၂၀၁၇ တွင် မီယာမီအခြေစိုက်အသင်းတစ်သင်းထွက်ပေါ်လာရန် ဘက်ခမ်းက ရည်မှန်းထားသည်။

BBC
မီယာမီတွင်ကိုယ်ပိုင်တည်ထောင်မည့် မေဂျာလိဂ်ကလပ်နှင့်အတူ ဘောလုံးသမားဘ၀ကို ပြန်လည် စတင်ဖွယ် ရှိသည်ဟု ဒေးဗစ်ဘက်ခမ်းက အရိပ်အမြွက်ပြောသည်။

ကမ္ဘာ့တန် ကြေး အမြင့် ဆုံး က စား သ မား စာ ရင်း မှာ အဆင့်် သုံးနေရာ ကို တက်လှမ်း လာတဲ့ လူးဝစ် ဆွာရက်စ်

လီဗာပူးလ် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက် ဟာ CIES Football Observatory အဖွဲ့ က ထုတ်ပြန်ခဲ့ တဲ့ ကမ္ဘာ့ တန်ကြေး အမြင့် ဆုံး ကစားသမား စာရင်း မှာ လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ရဲ့ နောက် တတိယ နေရာ ကို တက်လှမ်း လာခဲ့ ပါပြီ။ လီယွန်နယ် မက်ဆီ အနေနဲ့ တန်ကြေး စုစု ပေါင်း ပေါင် ၁၆၁.၅ သန်းကနေ ၁၈၇.၆ သန်း ကြား တန် ကြေး နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပြီး သူ့ရဲ့ နောက်မှာ တော့ ရီးရဲလ် မက်ဒ ရစ် အသင်း ရဲ့ ကစားသမား စီရော်နယ်လ် ဒိုက ပေါင် ၈၅.၂-၉၉.၁ သန်း နဲ့ ရပ်တည် နေပါတယ်။ တတိယ နေရာ ကို တက်လှမ်း လာခဲ့ တဲ့ လူးဝစ် ဆွာရက်စ် ရဲ့ တန်ကြေး ကတော့ ပေါင် ၇၉.၄ နဲ့ ၉၂.၃ သန်း ကြားမှာပါ။

တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"

Photo: တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"
Wednesday, June 4, 2014

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပါဝင်ပြီးပါဝင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး" Phung Quang Thanh "ကတော့ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောကြားထားတဲ့ ရေပိုက်နက်အတွင်းမှာ ရေနံတူးစင်တည်ဆောက်မှုကို ဖယ်ရှားဖို့တောင်းဆိုထားပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး"ဟစ်ရှာ မူဒင်ဟူစိန"ကတော့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားမှာ ငြိမ်းချမ်စွာဖြေရှင်းမယ့် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးအဖြေရှာ နေဖို့ဟာ ခက်ခဲပေမယ့် ကြိုးစားနေကြောင်းနဲ့ ဒီလိုဖြေရှင်းမှသာရနိုင်မှာဖြစ်တယ်လို့ ပြောကြားထား တဲ့အပြင် ယုံကြည်မှုတည်ဆောက်ခြင်းကလည်း အရေးပါတယ်လို့ ပြောကြားထာပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး " ဒေးဗစ်ဂျွန်စတန် " ကလည်း တောင်တရုတ်ပင်လယ်အရေးဟာ အင်အားသုံးပြီး ဖြေရှင်းပါက တိုးတက်မှာမဟုတ်တာကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

MRTV4
စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီး တွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

အလုပ်ခွင်မှာ ၀ိတ်မတက်စေဖို့အတွက် နည်းလမ်းကောင်း (၅) ချက်

Photo: အလုပ်ခွင်မှာ ၀ိတ်မတက်စေဖို့အတွက် နည်းလမ်းကောင်း (၅) ချက်
Wednesday, June 4, 2014
     
အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ၀ိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။နေ့လည်စာအတွက် အသီးအရွက်တွေ ယူလာပြီး စားပေးပါ။ အသီးအနှံ၊ အသီးအရွက်တွေမှာ ဗီတာမင်တွေ ကြွယ်ဝလှတဲ့အပြင် အဆီလည်း မတက်တာကြောင့် ပျိုမေတွေ နေ့လည်စာကို အသီးအရွက်တွေ စားသုံးဖို့ ပြောချင်ပါတယ်။ အသီးအရွက်သုပ်ဖြစ်ဖြစ်၊ ရိုးရိုး အသီးအရွက်တွေချည်း စားတာပဲဖြစ်ဖြစ် နေ့လည်စာအတွက် စဉ်းစားမယ်ဆိုရင် အဆီလည်းကျ၊ ပိုက်ဆံလည်း စုပြီးသာဖြစ်ပြီပေါ့။

၂။နေ့လည်နေ့ခင်းမှာ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ မနက်ခင်းတစ်ခုလုံး အလုပ်တွေရှုပ်နေလို့၊ ဒါမှမဟုတ် ထမင်းစားပြီးချိန်မှာလည်း အလုပ်တွေဆက်တိုက်ရှုပ်နေတယ်ဆိုရင်တော့ ကော်ဖီသောက်ချိန်ဆိုပြီး အနားပေးတဲ့အချိန်မှာ ထိုင်ခုံမှာ ပေကပ်ထိုင်မနေပဲ လမ်းလျှောက်ပေးတာမျိုး၊ လေ့ကျင့်ခန်းသဘောမျိုး ခေါင်းဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးတာမျိုး ၊ jogging ခုန်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ နေ့လည်နေ့ခင်းမှာ ချွေးထွက်သွားတယ်ဆိုရင် ဒါဟာ ခန္ဓကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းသွားတာမို့ ဒါကောင်းတဲ့အချက်ပါပဲ။

၃။အစားအသောက်စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပါ။ နေ့လည်စာ စားတာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းတာမျိုး၊ ခံတွင်းသန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့ဒီလို ပါးစပ်သန့်ရှင်းရေးလုပ်ထားတယ်ဆိုရင် အစာနောက်တစ်ခုစားဖို့ရှိနေရင်တောင် လွယ်လွယ် ကူကူ မစားဖြစ်တော့ပါဘူး။

၎။ရုံးကရေခဲသေတ္တာထဲက အစားအစာတွေကို သန့်ရှင်းလတ်ဆတ်မှု ရှိမရှိ ကြည့်ပြီးမှစားပါ။ တစ်ခါတစ်လေ အလုပ်ကသူငယ်ချင်းရဲ့ ဘတ်ဒေးကိတ်ကြီးကို ရေခဲသေတ္တာထဲ ထိုးထည့်ထားပြီး ရက်တွေကြာမှ ပြန်စားကြတာမျိုးတွေ၊ တခြား အစားအစာတွေဆိုရင်လည်း ရက်ကြာမှ စားဖြစ်တာမျိုးတွေ မဖြစ်ပါစေနဲ့။

၅။ရေကို တစ်နေ့လုံး နည်းနည်းချင်းစီ သောက်သောက်ပေးပါ။ အလုပ်စားပွဲပေါ်မှာ ရေဗူးတစ်ဗူးချထားပြီး နည်းနည်းချင်းစီ သောက်ပေးနေပါ။ ရေဟာ ကယ်လိုရီ မရှိတာကြောင့် သောက်သင့်သလို ဗိုက်ထဲကို ရေ၀င်သွားတာကြောင့် အစားအသောက်စားမယ်ဆိုရင်တောင် ဗိုက်တင်းနေတာမို့ မစားဖြစ်တော့ဘူးလေ။ ဒါဟာလည်း ကောင်းတဲ့ အချက်ပါပဲနော်။

Ref:womenshealthmag.com
Trend Myanmar     
အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ၀ိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်
Wednesday, June 4, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီး စစ်ဆေး ရေး အဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများနှင့် လှည်းကူးမှ ဖယ်ရှားခံရသူများ အလုပ်အကိုင်ရရေး အစိုးရက အထည်ချုပ်စက်ရုံ တည်ထောင်ပေးမည်ဟုဆို

Photo: သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများနှင့် လှည်းကူးမှ ဖယ်ရှားခံရသူများ အလုပ်အကိုင်ရရေး အစိုးရက အထည်ချုပ်စက်ရုံ တည်ထောင်ပေးမည်ဟုဆို
Wednesday, June 4, 2014

DKBA နောက်သို့ လိုက် မသွားဘဲ ကျန်ခဲ့သော သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာအိမ်ထောင်စု များကို ၎င်းတို့လုပ်ငန်းအဆင် ပြေရန်အတွက် အစိုးရက အထည်ချုပ်စက်ရုံတည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

သမီးကလေးကျေးရွာမှ အိမ်ထောင်စုများကို ပြည်ခိုင်ဖြိုးပါတီ က ကျေးရွာတည်ထောင်၍ မြေ ကွက်နှင့် နေအိမ်များ အပိုင်ပေး မည်ဖြစ်ပြီး ဧပြီလအတွင်းက ရေမီးစုံပြုလုပ်ပေးထားသည်။

DKBA နောက်သို့လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုများနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၁၈၂ စုအား ပြည်ခိုင်ဖြိုးပါတီက ပေ ၂၀×၅၀ မြေကွက်နှင့် နေအိမ်တို့ ကို အပိုင်ပေးပြီး ကျေးရွာသစ်အ တွက် လျှပ်စစ်မီး၊ ခန်းမ၊ ဓမ္မာရုံ၊ ဆေးပေးခန်း၊ လမ်းစသည်တို့ပါ ပြုလုပ်ပေးထားသည်။ ယခုအခါ ၎င်းတို့ လုပ်ငန်းအဆင်ပြေရန်အတွက် ထိုကျေးရွာတွင် အထည်ချုပ်လုပ်ငန်း အသေးစားတစ်ခုတည်ဆောက်ပေးမည်ဖြစ်ရာ စက်ရုံတည်ဆောက်ရန် စတင် လုပ်ဆောင်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီးဒေါက်တာအောင်မြတ်ဦးကပြောသည်။

‘‘အစိုးရက သူတို့ကို လုပ် ငန်းတွေ အဆင်ပြေစေချင်တယ်။ အဲဒါကြောင့် ကျွန်တော့်သူငယ် ချင်းစက်ရုံအထည်ချုပ်လုပ်ငန်း ရှင်တစ်ယောက်ကူညီပေးတာပါ။ သူက ဒီနေရာမှာ စက်ရုံတည် ဆောက်ပြီး ဒီရွာက သူတွေအ တွက် အထည်ချုပ်လုပ်ငန်းတွေ သင်ပေးမှာပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးတာ ပါ’’ဟု ဒုတိယ၀န်ကြီးဒေါက်တာ အောင်မြတ်ဦးကပြောသည်။

DKBA နောက်သို့ လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုကို ယခုတည် ဆောက်ပေးသောနေရာတွင် လာ ရောက်နေထိုင်လိုပါက အဆင် ပြေစွာ လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကျေးရွာအား အမြန် လမ်းမကြီးဘေး မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအနီးတွင် သမီးကလေးတိုးချဲ့ကျေးရွာသစ် အမည်ဖြင့် ပြုလုပ်ပေးရာ လက်ရှိ အချိန်တွင် နေအိမ် ၁၃ အိမ်ခန့် ပုံစံတူတည်ဆောက်ပေးထားပြီး လူဦးရေ ၈၀၀ ကျော်နေထိုင်နေ ကြောင်း လှည်းကူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးလှသန်း ကပြောသည်။

‘‘နေအိမ်တွေ အပိုင်ပေး မယ်။ ပြန်ပေးစရာမလိုဘူး။ အခု အဲဒီလိုလုပ်ပေးတော့ DKBA နောက်လိုက်သွားတဲ့ အိမ်ထောင် စုတွေထဲက ၁၉ စုပြန်လာပြီး အ ကူအညီတောင်းခံနေပါတယ်။ သူ တို့ကိုလည်း စစ်ဆေးမယ်။ သေ ချာတယ်ဆိုရင် လုပ်ပေးမယ်’’ဟု ဦးလှသန်းကပြောသည်။

‘‘အခုတာဝန်ရှိတဲ့သူတွေက စီစဉ်ပေးတော့ အားလုံးအဆင်ပြေနေပါပြီ။ နေစရာရော၊ ရေအ တွက်ရော၊ မီးအတွက်ရော ပူစရာမလိုတော့ပါဘူး’’ဟု DKBA နောက်သို့ လိုက်မသွားသော သမီးကလေးကျေးရွာသစ်တွင် နေထိုင်နေသည့်ကိုတက်တိုးက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် သမီးကလေးကျေးရွာကို ဖယ်ရှားခဲ့သောကြောင့် ထိုအိမ်ထောင် စုများသည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိဘုန်းကြီး ကျောင်း၌ ခိုလှုံနေခဲ့သည်။ ထိုသို့ ခိုလှုံနေမှုကို ပဲခူးတိုင်းအတွင်း လက်မခံသောကြောင့် နေစရာမရှိဖြစ်နေသော သမီးကလေးကျေး ရွာ အိမ်ထောင်စုများအား DKBA က ဖေဖော်ဝါရီလအတွင်း နေစရာအိမ်များပေးမည်ဟုဆိုကာ လာ ခေါ်ခဲ့သည်။ ဧပြီလ ၂ ရက်တွင်သမီးကလေးကျေးရွာအိမ်ထောင်စု များကို DKBA အဖွဲ့ လာရောက် ခေါ်ဆောင်ရာတွင် အိမ်ထောင်စု ၈၂ စုနှင့်လူဦးရေ နှစ်ရာကျော် လိုက်ပါသွားခဲ့သည်။

7Day Daily

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများကို နေရာချထားပေးသည့် အိမ်ရာတန်းကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများကို နေရာချထားပေးသည့် အိမ်ရာတန်းကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
DKBA နောက်သို့ လိုက်မသွားဘဲကျန်ခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုများနှင့် လှည်းကူးမြို့နယ် အတွင်း ဖယ်ရှားခံကျေးရွာအိမ်ထောင်စု များကို ၎င်းတို့လုပ်ငန်းအဆင် ပြေရန်အတွက် အစိုးရက အထည်ချုပ်စက်ရုံတည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံး မြန်မာနိုင်ငံ

Photo: ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံး မြန်မာနိုင်ငံ
Wednesday, June 4, 2014

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -

*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..

အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ၀ယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။

ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။

*အချဉ်ရည်နဲ့ ကင်ဆာရောဂါ

အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

*နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ

ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

*အချိုရည်နှင့် ဂျယ်ရီများ

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

*အရောင်ချွတ်ထားသော အစားအသောက်များ

နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။

*ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ

တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

*သတိထားသင့်သော အသီးအနှံများ

ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

*ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား

အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ၀ယ်ထားတဲ့ ၂၅၀ကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

*အချိုမှုန့်နှင့် ကြက်သားမှုန့်များ

အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

Consumer Protection Association ( Myanmar )

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း

စားသုံးသူ ကာကွယ်ရေး အသင်းသို့ ၀င်ရောက်လိုသူများ….
ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့်…
လှူဒါန်းလိုသူများ…

အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်( သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890

အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး ၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732

*ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။

*တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732

*မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်။

ကျန်းမာရေးသတင်းများ
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာ အဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်း အရင်းတွေကို ပြောရရင်တော့ -

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အစိုးရစစ်ပြောင်း

ယခုပညာသင်နှစ်မှစ တင်၍ အခြေခံပညာကျောင်းများ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ၏ အတန်းတင် စာမေးပွဲများကို အစိုးရစစ်စနစ်သို့ ပြောင်းလဲစစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။

Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်

Photo: Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်
Wednesday, June 4, 2014

ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန်အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှုများပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။

အသက် (၄၉) နှစ်အရွယ် အမေရိကန်စွယ်စုံရအနုပညာရှင် ဘန်စတီလာနှင့် အသက် (၆၁) နှစ်အရွယ် အိုင်းရစ်သရုပ်ဆောင် လီယမ်နယ်လ်ဆင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံတွင် ချွေးတပ်နှင့် ပတ် သက်သည့် ရုပ်ရှင်တစ်ကား ရိုက် ကူးရန် အစီအစဉ်ရှိသောကြောင့် လာရောက်မည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သံဖြူဇရပ်အကြောင်းပါတဲ့ ဇာတ်ကားရိုက်ဖို့လည်းရှိတယ်လို့ ပြောတယ်။ လောလောဆယ် တော့ ဟိုမှာ ညှိနေတုန်းပဲ။ ဒါပေ မဲ့ အဲဒီဇာတ်ကားမရိုက်ဖြစ်ရင် တောင် သူတို့နှစ်ယောက်က တော့ မြန်မာနိုင်ငံကိုလာဖို့ အစီ အစဉ်ရှိတယ်’’ဟု ဦးသူရက ပြော ကြားသည်။

ဦးသူရသည် ဘန်စတယ် လာနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများရှိ ကာ အဆက်အသွယ်လည်းရှိပြီး နယူးယောက်ရေဒီယိုအစီအစဉ်တွင်လည်း နှစ်ယောက်အတူ ဟာသများ တင်ဆက်ဖူးသည်ဟု ပြောကြားသည်။ ဘန်စတီလာ လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားမှာ လည်း ဇူလိုင်လကုန်မှ ပြီးစီးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ လာမည်ဆိုပါက သြဂုတ်လတွင် အစောဆုံး ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ မိုးများရွာနေသော ကြောင့် လာရောက်မည်ဆိုလျှင် စက်တင်ဘာလောက်မှသာ လာ ရောက်ရန် ၎င်းက အကြံပေးထား သည်ဟု ဆိုသည်။

ဘန်စတီလာသည် ရုပ်ရှင် မင်းသား၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ် ညွှန်းရေးသားသူ စသည့် အနုပညာမျိုးစုံဖြင့် အသက်မွေးဝမ်း ကျောင်း ပြုခဲ့သည့် စွယ်စုံအနုပ ညာရှင်တစ်ဦးဖြစ်ပြီး Night at the Museum၊ Meet the Fockersအပါအ၀င် ရုပ်ရှင်ဇာတ်ကားအ  မြောက်အမြားရိုက်ကူးခဲ့သူလည်း ဖြစ်သည်။ လီယမ်နယ်လ်ဆင် သည် Taken ရုပ်ရှင်ဇာတ်လမ်း များအပါအ၀င် Michael Collins၊ Les Miserables၊ Batman Begins၊ Kinsey၊ Clash of the Titans စသည့် ဇာတ်လမ်းများ တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

7Day DAILY
ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန် အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှု များပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။

လေကြောင်းမှ အခွန်မဲ့ပစ္စည်းတင်သွင်းမှု ကူညီသည့် ၀န်ထမ်းများကို အရေးယူမည်

Photo: လေကြောင်းမှ အခွန်မဲ့ပစ္စည်းတင်သွင်းမှု ကူညီသည့် ၀န်ထမ်းများကို အရေးယူမည်
Wednesday, June 4, 2014

ရန်ကုန်လေဆိပ်မှ အခွန်မဲ့ပစ္စည်းများ တစ်ပိုင်တစ်နိုင်တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည့် အကောက်ခွန်ဝန်ထမ်းများကို ဖော်ထုတ်အရေးယူသွားမည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

“ပေါင်းပြီးလုပ်တယ်ဆိုရင်ဖော် ထုတ်မယ်၊ တိတိကျကျ တိုင်ကြားလာရင်တော့ ဖော်ထုတ်ပြီး ထိထိရောက် ရောက် အရေးယူမှာပါ” ဟု ၎င်းကပြောသည်။

သို့သော် အကောက်ခွန်ဦးစီးဌာန တာဝန်ယူထားရခြင်းမရှိသည့် ၀င်ပေါက်များလည်း ရန်ကုန်လေဆိပ်တွင် ရှိနေသေးသည်ဟု ဦးကျော်ဝင်းက အသိပေးသည်။

“လေဆိပ်ထဲမှာ ကျွန်တော်တို့တွေသွားလို့မရတဲ့နေရာတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းကိုဖော် ထုတ်ရရှိပါက အကောက်ခွန်ဦးစီးဌာနက ခုံရုံးဖွဲ့စုံစမ်း စစ်ဆေးသွားမည်ဟု ဆိုသည်။

ဗဟိုဘဏ်၏ခွင့်ပြုချက်အရ နိုင်ငံသားတစ်ဦးသည် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အသုံးအဆောင် ပစ္စည်းများ သယ်ယူခွင့်ရရှိထားသည်။ ယင်းအနက် အမေရိကန်ဒေါ်လာ ငါးရာဖိုးအထိ ပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ခြင်းဖြစ်သည်။

ယင်းကို အကြောင်းပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အကောက်ခွန်ဝန်ထမ်းအချို့နှင့် ပူးပေါင်း ကာ ကားပစ္စည်း၊ အလှကုန်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း၊ ဂေါ့ဖ်ရိုက် အသုံးအဆောင်များကိုအဖွဲ့လိုက်သယ် ယူ၍ အခွန်တိမ်းရှောင်နေသည်ဟု ရန်ကုန်လေဆိပ်အတွင်း အခြေစိုက်သည့် ဌာနတစ်ခုမှအဆင့်မြင့်အရာ ရှိတစ်ဦးက မေလကုန်တွင် မဇ္ဈိမကိုပြောထားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ လေယာဉ်များ နေ့စဉ် အကြိမ် ၃၀ မှ ၄၀ ထိ ဆင်းသက်သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦး စီးဌာန၏ စာရင်းများက ဆိုသည်။

Mizzima - News in Burmese
ရန်ကုန်လေဆိပ်မှ အခွန်မဲ့ပစ္စည်းများ တစ်ပိုင်တစ်နိုင်တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည့် အကောက် ခွန် ၀န်ထမ်းများကို ဖော်ထုတ်အရေးယူသွားမည်ဟု အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေး မှူး ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

သိန်းပေါင်းခြောက်သောင်းကျော် အသုံးပြုခဲ့ပြီးနောက် ဇေယျာရွှေမြေအသင်း အား ရွှေနဂါးမင်းကုမ္ပဏီ တာဝန်ယူတော့မည် မဟုတ်

ဇေယျာရွှေမြေအသင်းအား မြန်မာနေရှင်နယ်လိဂ်အစမှ တာဝန်ယူတည်ထောင်ခဲ့သော ရွှေနဂါးမင်းကုမ္ပဏီ သည် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့မှ စတင်၍ တာဝန်ယူတော့မည် မဟုတ်ပေ။

ထိုင်းမှာ ညမထွက်ရအမိန့် ရုပ်သိမ်းတဲ့ နေရာ ၃ ခု

Photo: ထိုင်းမှာ ညမထွက်ရအမိန့် ရုပ်သိမ်းတဲ့ နေရာ ၃ ခု
Wednesday, June 4, 2014
 
ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဖူးခက်၊ ပတ္တရားနဲ့ ကော့စမွိုင်ဆိုတဲ့ နေရာ ၃ ခုမှာ ညမထွက်ရ အမိန့်ကို မနေ့က ရုပ်သိမ်းလိုက်ပါပြီ။ 

ဒီနေရာတွေက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ အလွန်များတဲ့ နေရာဖြစ်လို့ ထိုင်း စီးပွားရေးမှာ အဓိက တခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မထိခိုက်ဖို့ ဖြစ်ပါတယ်။ 

ဘန်ကောက်မြို့နဲ့ ကျန်တဲ့ နိုင်ငံ တ၀န်းမှာတော့ ပြင်ဆင်ဖြေလျှော့ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီ ထိ ညမထွက်ရ အမိန့်က ဆက်ရှိနေဆဲပါဘဲ။ 

ဘန်ကောက်မြို့အပါအဝင် ချင်းမိုင်နဲ့ မြို့ကြီးတချို့မှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ကန့်ကွက် ဆန္ဒပြတာတွေကို ပြောက်ကျားလုပ်ဆောင်နေကြပြီး စစ်အာဏာသိမ်း ထောက်ခံဆန္ဒပြတာမျိုးလည်း ထိုင်းသတင်းတွေမှာ တွေ့ရပါတယ်။ 

ထိုင်း စစ်တပ်ကတော့ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြသူတွေ လှုပ်ရှားနိုင်မယ့် နေရာတော်တော် များများမှာ လုံခြုံရေးအပြည့်ယူထားပါတယ်။ 

အခုနောက်ပိုင်း အရပ်ဝတ် စစ်ထောက်လှမ်းရေးနဲ့ ရဲတွေက ကန့်ကွက်ဆန္ဒပြသူတွေကို လူအုပ်ထဲ ဝင်ဖမ်းတာမျိုးတွေလည်း ရှိလာနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ အပြောအရ ရွေးကောက်ပွဲ လုပ်ပေးဖို့တော့ အတော်ကြာအုံးမယ်လို့ ပြောထားပါတယ်။ 

ဧရာဝတီ BLOG
ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဖူးခက်၊ ပတ္တရားနဲ့ ကော့စမွိုင်ဆိုတဲ့ နေရာ ၃ ခုမှာ ညမထွက်ရ အမိန့်ကို မနေ့က ရုပ်သိမ်းလိုက်ပါပြီ။ 

နမ့်ခမ်းနယ်စပ် နယ်နိမိတ်တိုင်းတာမှု မကျေနပ်၍ ရွာသားများ နယ်စပ်တိုင်များကို မီးရှို့

Photo: နမ့်ခမ်းနယ်စပ် နယ်နိမိတ်တိုင်းတာမှု မကျေနပ်၍ ရွာသားများ နယ်စပ်တိုင်များကို မီးရှို့
Wednesday, June 4, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ နမ့်ခမ်းနယ် စပ်တွင် နယ်နိမိတ် တိုင်းတာရေးအဖွဲ့
က တိုင်းတာ စိုက်ထူထားသည့် နယ်နိမိတ် မှတ် တိုင်များသည် နယ်ကျော်နေ သည့် အတွက် ရွာသားအင်အား တစ် ရာခန့်က နယ်နိမိတ်တိုင်များကို ဆွဲနုတ်မီးရှို့လိုက်ကြောင်း သ တင်းရရှိသည်။

မေလ ၂၇ ရက်မှ ၃၀ ရက် အထိ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ မှ နယ်နိမိတ်တိုင်းတာရေးအဖွဲ့ များ ပူးပေါင်းသည့် တိုင်းတာရေး အဖွဲ့သည် နမ့်ခမ်းမြို့နယ်တွင်းရှိ တရုတ်နိုင်ငံနှင့် နယ်စပ်တွင် နယ် နိမိတ်မှတ်တိုင်များကို ကွင်းဆင်း တိုင်းတာခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ရွာသားများ ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်ခဲ့သော လယ်မြေ များသည် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူလိုက်၍   တရုတ်နိုင်ငံ ဘက်ခြမ်းရောက်သွားခြင်းကို မကျေနပ်သဖြင့် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာမှ     ရွာသားများက မှတ်တိုင်များကို ဆွဲနုတ်မီးရှို့ကြ ခြင်းဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ဒေသခံ ဦးစိုင်းထွန်းလှိုင်က ပြော သည်။

နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေး ခွန်ရွာ၊ ကုန်းဆာရွာ၊ မန့်နောင် ရွာများတွင် နယ်နိမိတ်မှတ်တိုင် များ စိုက်ထူခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွာများတွင် ကျေးခွန်ရာမှ မြေ ဧက ၃၀ ခန့်၊ ကုန်းဆာရွာမှ ဧက ၇၀၀ ခန့်၊ မန့်နောင်ရွာမှ ဧက ၃၀ ခန့်  တရုတ်နိုင်ငံဘက်ခြမ်း ပါသွားသည်ဟု ဒေသခံများက ပြောကြားသည်။

ယခုကဲ့သို့ နယ်နိမိတ်တိုင်း တာခြင်းမျိုး ယခင်က မရှိခဲ့ဘဲ ပထမဆုံးအကြိမ် သတ်မှတ်ခြင်းဖြစ်ပြီး ရွာသားများ ပြောသကဲ့သို့ မြန်မာပိုင်မြေများပါသွားခြင်း မရှိပါဟု နိုင်ငံခြားရေးဝန်ကြီးဌာန  နယ်နိမိတ် သတ်မှတ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်နိမိတ်တိုင်များကို ဖျက်ဆီးသည့် ကိစ္စကို ဌာနအနေဖြင့် စုံစမ်းနေဆဲသာဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ယခင်က ကုန်းပေါ်တွင် နယ်နိမိတ်တိုင်များမရှိဘဲ ရွှေလီ မြစ်ကိုသာ နယ်ခြားအဖြစ် သတ် မှတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသား များက ပြောကြားပြီး ရွှေလီမြစ် ရေ တိုက်စားမှုသည် မြန်မာဘက် ကမ်းပါးကိုသာ တိုက်စားသော ကြောင့် ကမ်းပါးပြိုကျပြီး မြန်မာ ပိုင်မြေဆုံးရှုံးနေသဖြင့် ရေကာ တာများ ဆောက်လုပ်ပေးရန် ရှမ်း ပြည်နယ်မှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ဖူးသည်။

ထို့ပြင် အဆိုပါဒေသတွင် တရုတ်ပြည်မှ ရွှေလီမြစ်ကို ဖြတ် ၍ တံတားထိုးရန် စီစဉ်နေပြီး ယင်းအစီအစဉ်ကို ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီတို့က   ပူးပေါင်းကန့် ကွက်ထားသည်ဟုလည်း   သိရ သည်။

7 Day  News Daily
ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ နမ့်ခမ်းနယ် စပ်တွင် နယ်နိမိတ် တိုင်းတာရေးအဖွဲ့ က တိုင်းတာ စိုက်ထူထား သည့် နယ်နိမိတ် မှတ် တိုင်များသည် နယ်ကျော်နေ သည့် အတွက် ရွာသားအင်အား တစ် ရာခန့်က နယ်နိမိတ်တိုင်များကို ဆွဲနုတ်မီးရှို့လိုက်ကြောင်း သ တင်းရရှိသည်။

တရုတ် နိုင်ငံ၏ Type 039 B ရေငုပ် သင်္ဘော ဆိုင်ရာ အချက် အလက်များ ထွက်ပေါ်

Photo: တရုတ် နိုင်ငံ၏ Type 039 B ရေငုပ် သင်္ဘော ဆိုင်ရာ အချက် အလက်များ ထွက်ပေါ်
Wednesday, June 4, 2014

တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံသို့ ရောင်းချမည့် Type 039 B ရေငုပ်သင်္ဘော ဆိုင်ရာ အချက်အလက်များကို ကနေဒါ အခြေစိုက် Kanwa သတင်း အချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်တွင် တရုတ်ရေတပ်၌ အဆိုပါ Type 039 B ရေငုပ်သင်္ဘော ကိုးစင်း အသုံးပြုလျက်ရှိပြီး အဆိုပါ ရေငုပ်သင်္ဘောသည် အမြင့် ၈ ဒသမ ၂ မီတာ၊ အလျား ၆၆ မီတာရှိပြီး ရေအောက် အလေးချိန် ၂၂ဝဝ တန်နှင့် ရေပေါ် အလေးချိန် ၁၈၅ဝ တန်ရှိကြောင်း၊ ရေအောက်အနက် ၃ဝဝ မီတာအထိ ငုပ်လျှိုး သွားလာနိုင်စွမ်းရှိပြီး တစ်နာရီလျှင် အမြန်ဆုံးရေမိုင် ၁၈ မိုင် နှုန်းအထိ မောင်းနှင်နိုင်စွမ်း ရှိကြောင်းနှင့် တစ်နာရီလျှင် ရေမိုင် ၁၆ မိုင်နှုန်းဖြင့် ရေမိုင် ၈ဝဝဝ အထိ မောင်းနှင် နိုင်စွမ်းရှိကြောင်း သိရသည်။

၎င်းတွင် ၁၈ဝ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ် တိုက်ခိုက်နိုင်သော Yingji သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားကြောင်းနှင့် ပါကစ္စတန် ရေတပ်အနေဖြင့် ကီလိုမီတာ ၅ဝဝ အကွာအဝေးအထိ တိုက်ခိုက်နိုင်သော ရေအောက်မှ ပစ်လွှတ်သည့် Babur ခရုဇ်ဒုံးကျည် တပ်ဆင်ပေးရေး တရုတ်နိုင်ငံကို တောင်းဆိုဖွယ်ရှိကြောင်း Kanwa သတင်းအချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံသို့ ရောင်းချမည့် Type 039 B ရေငုပ်သင်္ဘော ဆိုင်ရာ အချက်အလက်များကို ကနေဒါ အခြေစိုက် Kanwa သတင်း အချက်အလက် ရေးရာဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

မဲဆောက်တွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရ

Photo: မဲဆောက်တွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရ
Wednesday, June 4, 2014

ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးပါတယ်။

မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး တရားမ၀င်နေထိုင်သူတွေကို  ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူ စုစုပေါင်း  ၁၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ကျား ၄၉၊ မ ၅၉ နဲ့ ကလေး ၅၅ ယောက်  ပါဝင်ပါတယ်။

ဖမ်းဆီးထားသူတွေကို နယ်ခြားသောင်းရင်းမြစ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး သူတို့ကိုလက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ဖမ်းဆီးမှုတွေကို တခြားရပ်ကွက်တွေမှာ ပြုလုပ်သွားဦးမယ်လို့ ထိုင်းအုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။

မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂ သိန်းလောက် နေထိုင်ကြတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

DVB (မြန်မာပိုင်း)
ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၃ ဦးကို ထိုင်း စစ်တပ် က ဖမ်းဆီးပါတယ်။

မသန်သော်လည်း စွမ်းသူ သံမဏိလူသားတစ်ယောက်

လောကမှာ လူရယ်လို့ဖြစ်လာကြရင် အားလုံးက ပြည့်ပြည့်စုံစုံ ကျန်းကျန်းမာမာ နဲ့ ဖြတ်သန်းချင်ကြတာက သဘာဝပါ။ ဘယ်သူကမှ မသန်စွမ်းအဖြစ်ကို မလိုချင်ကြပါဘူး။ 

တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံးခဲ့သူများ၏ မိသားစုဝင်များက သမ္မတထံ တိုင်စာပို့

လူ ခုနစ်ဦး မီးလောင် သေဆုံးခဲ့သော တောင်ပြာတန်း ယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံး ခဲ့သည့် မိသားစု ၀င်များက သမ္မတထံ တိုင်စာပို့ ထားကြောင်း သတင်း ရရှိသည်။

ဘင်္ဂါလီအချင်းချင်း ရန်ဖြစ်ပြီး သုံးဦးဒဏ်ရာရ

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဇွန်လ ၂ ရက်က င်္ဂါလီလူမျိုးအချင်းချင်း ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ် ရာရရှိ ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

ဥရောပမှာ အမေရိကန် စစ်အင်အားဖြည့်တင်းဖို့ အိုဘားမား ကတိပေး

Photo: ဥရောပမှာ အမေရိကန် စစ်အင်အားဖြည့်တင်းဖို့ အိုဘားမား ကတိပေး
Wednesday, June 4, 2014

ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာ အမေရိကန်အစိုးရက ထောက်ခံမှု ပေးသွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ပိုလန်နိုင်ငံမှာ ထပ်ပြီး အာမခံချက် ပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ ရုရှားကို ခြိမ်းခြောက်ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတနဲ့အတူ ခရီးထွက်နေတဲ့ ဗွီအိုအေအိမ်ဖြူတော်သတင်းထောက် Luis Ramirez က Warsaw မြို့တော်ကနေ အပြည့်အစုံ သတင်းပို့ထားတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ ရန်ရှိနေချိန်မှာပဲ အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထားရှိမှုကို အားဖြည့်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲဖို့ အစီအစဉ်ကို သမ္မတ Barack Obama က ပိုလန်နိုင်ငံရောက်စဉ်မှာ ကြေညာခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ခရီးစဉ်ကို ဒီမှာစရတာက ပိုလန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသဖို့ဖြစ်ပါတယ်။ အလားတူ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးဟာ အမေရိကန် လုံခြုံရေးအတွက် အုတ်မြစ်ဖြစ်သလို သိပ်လည်း အရေးကြီးလှပါတယ်။”

ကွန်ဂရက်လွှတ်တော်ကို ဒေါ်လာ ၁ ဘီလီယံ အတည်ပြုပေးဖို့ သမ္မတ အိုဘားမား တောင်းဆိုထားတဲ့ အစီအစဉ်အရ ဥရောပတလွှားမှာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီး လှည့်လည်ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။ Georgia၊ Moldova နဲ့ Ukraine နိုင်ငံတွေရဲ့ စစ်ရေးစွမ်းအင် တိုးမြှင့်စေဖို့နဲ့ ပင်လယ်နက်နဲ့ Baltic ပင်လယ်ထဲမှာ နေတိုးအဖွဲ့ ရေတပ်တွေ ဖြန့်ချထားမှုမှာ အမေရိကန်တပ်တွေ ပိုပြီး ပါဝင်နိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်မှာ ဖြစ်ပါတယ်။

Ukraine နဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် ပိုလန်နိုင်ငံကလည်း သူ့ရဲ့ စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ ပိုလန်သမ္မတ Bronislaw Komorowski ကလည်း ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ ရုရှားနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူးဆိုတာကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်။ ရုရှားအပေါ် ခြိမ်းခြောက်ဖို့ကိုလည်း စိတ်မဝင်စားပါဘူး။ ရုရှားရဲ့ နယ်နမိတ်တလျှောက် ဖြစ်နေတာတွေက သူ့ရဲ့အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်။ Ukraine နဲ့လည်း ဟိုးအရင်ထဲက သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့တယ်ဆိုတာကို အမေရိကန်က လက်ခံပါတယ်။ ဒါပေမဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာကို မထိပါးသင့်ဘူးဆိုတဲ့ မူအပေါ်မှာလည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။”

ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှုစနစ်ကို အဆုံးသပ်စေခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ Solidarity လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့မှု နှစ်ပတ်လည်အခမ်းအနားကို ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အင်အားကြီး ၇ နိုင်ငံ ထိပ်သီး စည်းဝေးပွဲအတွက် Belgium နိုင်ငံ Brussels မြို့တော်ကို ခရီးဆက်ပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်မှာ နာဇီတပ်တွေကို အနိုင်ရဖို့ အဓိကျခဲ့တဲ့ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ ရောက်ရှိနိုင်ခဲ့တဲ့ D Day နေ့ အနှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ဖို့လည်း ပြင်သစ်နိုင်ငံကို သမ္မတအိုဘားမား ဆက်သွားမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာ)
ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာ အမေရိကန်အစိုးရက ထောက်ခံမှု ပေးသွား မယ်လို့ အမေရိကန်သမ္မတ Barack Obama က ပိုလန်နိုင်ငံမှာ ထပ်ပြီး အာမခံချက် ပေးခဲ့ပါတယ်။ တချိန် တည်းမှာပဲ အမေရိကန်အနေနဲ့ ရုရှားကို ခြိမ်းခြောက်ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့လည်း သမ္မတ အိုဘားမား က ပြောပါတယ်။

MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ

Photo: MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ
Wednesday, June 4, 2014

 ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့် အချက်အလက် အချို့ကို Emirates လေကြောင်းလိုင်း၏ အကြီးအကဲက ထုတ်နုတ် ထောက်ပြ ပြောဆိုသွားခဲ့သည်။ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေ့တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာကာ အရှေ့မြောက်ပိုင်းရှိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည် ပျံသန်းခဲ့သည်။

သို့သော်လည်း တောင်တရုတ် ပင်လယ်တွင် ရေဒါနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင်မူ လေယာဉ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ မလေးရှားကို ကျော်လွန်သွားပြီး အိန္ဒိယ သမုဒ္ဒရာထဲတွင် ပျက်ကျသွားကြောင်း ဂြိုဟ်တု သတင်းအချက်အလက်များကို အခြေခံပြီး အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ရှာဖွေရေးများ လုပ်ဆောင်နေခဲ့သည်။ Emirates၏ ဥက္ကဋ္ဌဖြစ်သူ ကလက်ခ်က ယင်းကဲ့သို့ သမားရိုးကျ မဟုတ်သော အခြေအနေတွင် တိုက်လေယာဉ်များက အဘယ်ကြောင့် ပျံတက်မသွားခဲ့ရကြောင်း ရှုထောင့်တစ်ခုမှ မေးခွန်းထုတ်ခဲ့သည်။ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရုတ်တရက် ပျောက်ဆုံးသွားသော အခြေအနေတွင် မလေးရှား လေတပ် တိုက်လေယာဉ်များက ချက်ချင်း စစ်ဆေးရမည့် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဒိုဟာရှိ နှစ်ပတ်လည် လေကြောင်းညီလာခံ တစ်ခု၎ ဩစတြေးလျ ဘဏ္ဍာရေး သုံးသပ်ချက် မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလက်ခ်က “ဆိုပါစို့ဗျာ။ လေယာဉ်ဟာ လန်ဒန်ကနေ အော်စလိုကို ဦးတည်နေခဲ့တယ် ထားပါတော့။ မြောက်ပိုင်းပင်လယ်ကို ဖြတ်ကျော်နေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အနောက်ဘက် အိုင်ယာလန်ကို ဦးတည်သွားတဲ့အခါ (၂)မိနစ်အတွင်း Tornadoတွေ၊ Eurofighter တိုက်လေယာဉ်တွေက အဲဒီနေရာကို ချက်ချင်းရောက်သွားမှာပဲ။ ဒါဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ခုချိန်မှာ ဩစတြေးလျနဲ့ အမေရိကန်တို့က ရှာဖွေရေး လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေကြတယ်။ တစ်ခုခုတော့ ထူးခြားလာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှာ ဘယ်လို အဓိက ရေဒါစနစ်ကို အသုံးပြုခဲ့တယ်ဆိုတာ ကျွန်တော် သေချာမသိဘူးလေ”ဟုလည်း ဆိုသည်။ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ကြီးက လေယာဉ်များ၏ လမ်းပြစနစ်ကို ယခုထက် ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေဆွေးနွေးနေချိန်၌ ကလက်ခ်က ယခုလို မှတ်ချက်ပြု ပြောဆိုလာခြင်း ဖြစ်သည်။ နိုင်ငံတကာ အရပ်ဘက် လေကြောင်း ပျံသန်းရေး အဖွဲ့ကလည်း လမ်းကြောင်း ခြေရာခံ နည်းလမ်းများနှင့် ပတ်သက်ပြီး ပိုမိုတိုးတက်လာအောင် သုတေသနပြုမှု စတင်နေပြီ ဖြစ်သည်။

“ကျွန်တော့် အမြင်အရတော့ ကျွန်တော်တို့ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတစ်ခုကို ပြင်ဆင်ဖို့ လိုနေပါပြီဆိုပြီး ထိုင်ပြောနေကြသလိုပဲ။ လမ်းကြောင်းကနေ (၂၅)မိုင်လောက် သွေဖီသွားရင် လမ်းစက ပျောက်သလောက် ဖြစ်နေပြီ။ လေယာဉ်တွေ အမှားအယွင်း ကြုံတဲ့အခါ ဘာတွေများ အမှန်တကယ် ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ သေချာသိဖို့ လိုလာပါတယ်။ လေယာဉ်ခရီးစဉ်တွေကို တစ်စက္ကန့်ချင်းစီ သုံးသပ် စိစစ်နေဖို့ လိုတယ်လေ”ဟုလည်း ကလက်ခ်က ဆိုသည်။ ၎င်းက MH370 လေယာဉ်ကို တစ်ချိန်ချိန်တွင် ပြန်လည်ရှာဖွေ တွေ့ရှိမည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“တစ်နေ့တော့ ပြန်တွေ့လာမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ ဖြစ်စဉ်ကို ဟိုးအောက်ခြေကနေ စပြီးတော့ အဖြေရှာနိုင်လိမ့်မယ်”ဟုလည်း ကလက်ခ်က ပြောဆိုသွားသည်။ မလေးရှား လေတပ်သည် လေယာဉ်ပျောက်ဆုံးသွားကြောင်း ကြေညာပြီး မကြာမီမှာပင် လေယာဉ်လမ်းကြောင်းပြောင်းသွားသည့် အထောက်အထားများ တွေ့ရှိလာသော်လည်း ရန်ပြုမည့် အရိပ်လက္ခဏာ မရှိသဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဟု နောက်ပိုင်းတွင် ပြန်လည် ဝန်ခံထားသည်။ ကာကွယ်ရေးဝန်ကြီး ဟီရှမ်မက်ဒင် ဟူစိန်ကမူ MH370 ဖြစ်ရပ်သည် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ လုပ်ဆောင်မှုများကို ပြန်လည် စစ်ဆေးရန် နှိုးဆော်မှုတစ်ခု ဖြစ်လာကြောင်း ပြောကြားထားသည်။

Planet Myanmar Network
ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့် အချက်အလက် အချို့ကို Emirates လေကြောင်းလိုင်း၏ အကြီးအကဲက ထုတ်နုတ် ထောက်ပြ ပြောဆိုသွားခဲ့သည်။ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေ့တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာကာ အရှေ့မြောက်ပိုင်းရှိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည် ပျံသန်းခဲ့သည်။

လားရှိုးမြို့မှ တရားမ၀င်အနှိပ်ခန်းကို ဖမ်းဆီးအရေးယူ

ရှမ်းပြည်(မြောက်ပိုင်း) လား ရှိုးမြို့၊မြို့မရဲစခန်းနယ်မြေအတွင်း တရားမ၀င်အနှိပ်ခန်းများ ဖွင့် လျက်ရှိနေ ကြောင်း သတင်းရရှိ သဖြင့် မေ ၂၇ ရက် (၂၃း၄၅) အချိန်တွင် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး တင်ဖေ၀င်း၊ လားရှိုးခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲ အုပ်ဝင်းထွန်း၊ အမှတ်(၁၆)လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (လားရှိုး)မှ ရဲအုပ်အောင်လိန်းကီး ဦးဆောင်သောအဖွဲ့များကသက် သေများနှင့်အတူ ရပ်ကွက် (၈)

ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆောက်မြို့ရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီး

မဲဆောက်မြို့တွင် ဇွန် ၃ ရက် နံနက်ပိုင်းက ဖမ်းဆီးခံထားရသော အထောက်အထားမဲ့ မြန်မာအလုပ်သမား မိသားစုများအား တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သူများကို ဖမ်းဆီးသည့် စစ်ဆင်ရေး တစ် ရပ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀ နီး ပါး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။