စာတိုက်ငွေလွှဲနှုန်းတွေကို လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၀ ဆ အထိ လျှော့ချသွားမယ်လို့ နိုင်ငံ ပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Thursday, 28 August 2014
စာတိုက်ငွေလွှဲနှုန်းများ ၁၀ ဆ လျှော့ချမည်
စာတိုက်ငွေလွှဲနှုန်းတွေကို လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၀ ဆ အထိ လျှော့ချသွားမယ်လို့ နိုင်ငံ ပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ဝင်ရောက်
တရုတ်စစ်ဘက် လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းပိုင်နက် အတွင်းသို့ တနင်္လာနေ့က ချိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များ အရေးပေါ် စေလွှတ်လိုက်ရကြောင်း ထိုင်ဝမ်လေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း
မြို့သစ်စီမံကိန်း သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုင်သာယာ ကားလမ်းနံဘေး ရှိ မြင်ကွင်းတခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ တောင်းဆို
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးနွေးပွဲ များတွင် အသုံးပြုမည့် မူဘောင်များချမှတ်နိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် နိုင်ငံရေး ပါတီများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ပေးရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA က တောင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။
ပေါက်တောသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီ တစ်ရာကျော် ရေတပ်ဖမ်းဆီး
ရခိုင်ပြည်နယ်ပေါက် တောမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂါလီလူမျိုးတစ်ရာကျော်ပါဝင်သည့် စက်လှေတစ်စီးကို မြန်မာ့တပ်မတော် (ရေ)က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။
စင်ကာပူတွင် ငါးနှစ်အတွင်း မြန်မာအိမ်အကူ လေးရာကျော် ထွက်ပြေး
စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူများ အကြမ်းဖက် ခံရမှုများကြောင့် ငါးနှစ်အတွင်း အိမ်အကူ လေး ရာကျော် ထွက်ပြေး လာကာ စင်ကာပူနိုင်ငံရှိ Humanitarian Organization for Migration Economics (HOME) တွင် လာရောက်ခိုလှုံခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာသိန်းသန်းဝင်း က ပြောကြားသည်။
ခြိမ်းခြောက်သဖြင့် ဗုံးခွဲခဲ့ရခြင်းဖြစ်ဟု သံသယတရားခံ ဖြောင့်ချက်ပေး
ရန်ကုန်မြို့လယ်ဗုံး ဖောက်ခွဲမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံရသူမောထသည် ခြိမ်းခြောက်ခံရ သဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု အနောက်ပိုင်း ခရိုင် တရားရုံးတွင် သြဂုတ် ၂၇ ရက်က ဖြောင့် ချက်ပေးခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးမည်
ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားသေဆုံးနှုန်းများ ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအား ကမ္ဘာ့ ကျန်းမာရေးအ ဖွဲ့၏ အကူအညီဖြင့် ကာကွယ် ဆေး အခမဲ့ထိုးပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။
အစိုးရမူကြိုကျောင်း ၂၀,၀၀၀ ငါးနှစ်စီမံကိန်းဖြင့် ဖွင့်မည်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မူလ တန်းကြို စာသင်ခန်းအတွင်း စာသင်ကြားနေသည့် ကလေးငယ်များကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
မူကြိုပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့က နိုင်ငံအနှံ့ မူကြိုကျောင်းများတိုးပွားစေရန် ငါးနှစ်စီမံကိန်း ချ၍ ကျော င်းေ ပါင်း ၂၀,၀၀၀ ဖွင့်ရန်ရှိသည်ဟု မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ခင်မျိုးမြင့်ကြူ က မဇ္ဈိမကို ပြောသည်။
ဆီးရီးယားရှိ အယ်ကေးဒါးစစ်သွေးကြွများက အမေရိကန်ဂျာနယ်လစ်တစ်ဦး ကို ပြန်လွှတ်ပေး
ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေးဒါးစစ်သွေးကြွများက အမေရိကန်ဂျာနယ်လစ် ပီတာသီအိုကားတစ်ကို လွှတ်ပေးလိုက်သည်။
တရုတ်နယ်စပ်မှ လိုင်စင်မဲ့စားသောက်ကုန် ကန်ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးမိ
မြန်မာ - မူဆယ်နယ်စပ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ကြယ်ပြာ
လပေါင်း၂၀ အတွင်း တရုတ်နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ အမေရိ ကန် ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးရမိပြီးဖြစ်ကြောင်း မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက မဇ္ဈိမကို ပြောသည်။
နေပြည်တော် မြို့မဈေး မြောက်ဘက်ရှိ ကျူးကျော်တဲအချို့ စည်ပင်က မီးရှို့ဖျက်ဆီးဟုဆို
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေး မြောက်ဘက်ရှိ အစိုးရပိုင်မြေတွင် ကျူးကျော်နေထိုင်သော မိသားစုဝင်များ၏တဲအိမ်သုံးလုံးကို ယနေ့(သြဂုတ် ၂၇)နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာ ယာရေး ကော် မ တီ မှ ဝန်ထမ်း ၁၅ ဦးခန့်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျူးကျော်နေထိုင်သူများ၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သော တရုတ်စစ်သား ၅၆၀၀၀ ဦးအား အမှတ်တရအခမ်းအနား ထိုင်ဝမ်တွင် ကျင်းပ
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သား ၅၆၀၀၀ ဦး အား အမှတ်တရ အခမ်းအနားကို ထိုင်ဝမ်တွင် သြဂုတ် ၂၇ ရက်က ကျင်းပခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ကုသနိုင်သည့် စာရင်းထုတ်ပြန်
ရန်ကုန်ပြည်သူ့ ဆေးရုံ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူ လူနာများအတွက် အခမဲ့ကုသနိုင်သည့် စာရင်းကို သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာ့စီးပွားရေးလုပ်ငန်း အားဖြည့်ပေးဖို့ အမေရိကန်ကြိုးပမ်း
အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin (Photo: U. S. Department of State: Economic & Business Affairs)
အမေရိကန် အာဆီယံ ထိပ်သီး စီးပွားရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ နေပြည်တော် ကို ရောက်နေပါတယ်။
အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေးထူးချွန်ဆု ချီးမြှင့်မည်
မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာဆီ ယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်း အဝေးတွင် ဒေသတွင်း၌ ထူးချွန်သော လုပ်ငန်းများအား အာဆီယံစီးပွားရေးဆုပါ ချီး မြှင့်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆန်းရှိတ်ပြုတ်ကျပြီး တိမ်းစောင်းသွားသည့် ဖြိုချရန် သင့်၊ မသင့် စစ်ဆေးမည်
ဆန်းရှိတ်ပြုတ်ကျ၍ တိမ်းစောင်းသွားသည့် တိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တာမွေမြို့နယ် မေတ္တာ ညွန့်ရပ်ကွက်မှ အရှေ့ဆန်းရှိတ် ပြိုကျပြီး တိမ်းစောင်းသွားသည့် ကန်ထရိုက် တိုက်ကို ပြန်လည်ပြင် ဆင်တည်ဆောက်ခြင်း (သို့မဟုတ်) တိုက်တစ်ခုလုံးကို ဖြိုချရန် လိုအပ်မှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက် အ အုံဌာနမှ သတင်းရရှိသည်။
မူးယစ်တိုက်ဖျက်ရေး ထပ်တိုး ငါးနှစ်စီမံကိန်းတွင် ၅၁ မြို့နယ်ကို ပစ်မှတ်ထား
မူးယစ်ဆေးဝါးတိုက် ဖျက်ရေး နောက်ထပ်ငါးနှစ်စီမံ ကိန်းတွင် ဘိန်းစိုက်သည့် ၅၁ မြို့နယ်ကို ပစ်မှတ်ထား တိုးမြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မူးယစ်ဆေးဝါးသတင်းပေးသူအား ဆုကြေးပေး အပ်မည့် အစီအစဉ် စတင်မည်ဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေး ဗဟိုမှသတင်းရရှိသည်။
ဒီမာရီယာကိုခေါ်ယူပြီးမကြာမီ လိဂ်ဖလားတွင် မန်ယူ လေးဂိုးပြတ်ရှုံး
မန်ယူအသင်းသည် စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၉၈ သန်းဖြင့် ရီးရဲလ်မှ ဒီမာရီယာ ကို ခေါ် ယူကြောင်း ကြေညာပြီး မကြာမီ လိဂ်ဖလားပြိုင်ပွဲ ဒုတိယအကျော့တွင် တတိယတန်းမှ အသင်းဖြစ်သည့် မီလ်တန်ကိန်းစ်ဒန် အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။
လက်ရွေးစင် ဘောလုံးသမားဟောင်းများအား လစဉ် ကျပ် သိန်းနှစ်ရာ ထောက်ပံ့မည်
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအားမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယကနှင့် ဥက္ကဋ္ဌတို့က လစဉ် ကျပ်သိန်းနှစ်ရာ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း မြန်မာနေ ရှင်နယ်လိဂ်ဆုပေးပွဲအခမ်းအနား တွင် ကြေညာခဲ့သည်။
ပုံညာတောင်ကားလမ်း မိုးများသဖြင့် ကားအစီးရေ ၃၀ ကျော် ၁၆ နာရီကြာပိတ်မိ
လမ်းများ ချော်ပြီး ကားများ ပိတ်မိနေစဉ် (ဓာတ်ပုံ − ကိုစိုင်း)
ဂန့်ဂေါမြို့နယ်အ တွင်းရှိ ပုံညာတောင်ထိပ်တွင် သြဂုတ် ၂၆ ရက်က မိုးများပြီး လမ်းချော်သဖြင့် ကား အစီးရေ ၃၀ ကျော် ၁၆ နာရီကြာ ပိတ်မိခဲ့ ကြောင်း သတင်းရရိသည်။
တရုတ်နိုင်ငံတွင် မန်နီပက်ကွီအို လက်ဝှေ့အကယ်ဒမီများဖွင့်မည်
တရုတ်နိုင်ငံတစ်ဝန်း တွင် တရုတ်အစိုးရက ကျော ထောက်နောက်ခံပေးသော လက် ဝှေ့ အကယ်ဒမီများ ဖွင့်လှစ်သွား မည်ဖြစ်ပြီး ယင်းမှာ အနာဂတ် ကမ္ဘာ့ချန်ပီယံ များအား လေ့ကျင့်သင်ကြားရန် ဖြစ်သည်ဟု ဖိလစ်ပိုင် လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြောသည်။
ကျောက်မျက်ဖွံ့ဖြိုးရေးဘဏ် ယခုနှစ်အတွင်းဖွင့်ရန် ဆောင်ရွက်မည်ဟုဆို
ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်သူများ၏ အခက်အခဲကို ဖြေ ရှင်းရန် မြန်မာ နိုင်ငံ၌ ကျောက်မျက် ရတနာ ဖွံ့ဖြိုး ရေးဘဏ်ကို ယခုနှစ်အတွင်း ဖွင့် လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောကြားသည်။
ကံပေါက်ဒေသဥယျာဉ်ခြံမြေထောက်ပံ့ကြေး မယူရသေးသူများ တနင်္သာရီဒေသအစိုးရ အဖွဲ့သို့ တောင်းခံနိုင်
ကံပေါက်ဒေသပိုက် လိုင်းများအကြားရှိ ဥယျာဉ်ခြံမြေများကို ထောက်ပံ့ကြေးများပေးအပ်ထားပြီး လက်ခံ ရယူထားခြင်းမရှိသေးသူများအတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ တောင်းခံနိုင်ကြောင်း သတင်း ရရှိသည်။
စပါးအထွက်ထက် အရည်အသွေး ဦးစားပေးရန် လယ်/ဆည်ကို ဂျပန်ပညာရှင် တိုက်တွန်း
လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရန် အရည်အသွေးပြည့်မီသည့် မျိုးစပါးထုတ်လုပ်ရေးအတွက် ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားရန် လို အပ်နေကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အရည် အသွေးပြည့်မီသော မျိုးစပါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် က ထောက်ပြပြောဆိုသည်။
ဇုန်ကား စလစ်ဈေးနှုန်းများ ကျလာ
ဇုန်ထုတ်ဂျစ်ကားအချို့ (ဓာတ်ပုံ − နစ်ကီ)
ကားဈေးကွက်အတွင်း ဇုန်ထုတ်ကားများ ဆက်တိုက် လက်ခံနေချိန်တွင် ဇုန်ထုတ်စလစ် ဈေးများ ကျဆင်း လာကြောင်း ပြည်တွင်းကားဈေးကွက်မှ သတင်း ရရှိသည်။
ဂျပန်နှင့် အာဆီယံ လုပ်ငန်းရှင်များ ဂျပန်နိုင်ငံတွင် ဆွေးနွေးမည်
ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အာဆီယံ လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍စီး ပွားရေး လုပ်ငန်း ဆိုင်ရာလေ့လာမှု Asean CEO အစီ အစဉ် ပြုလုပ်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံတားများ ကြံ့ခိုင်မှု အားနည်း သဖြင့် ရှောင်လမ်းများမှသာ သွားလာနေရ
မိုးရာသီတွင် ချောင်း ရေတိုက်စားသဖြင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံ တားများ အောက်ခြေ တိုင်များ ယိုင်နဲ့နေသဖြင့် ကားကြီးများတံ တားအောက် ရှောင် လမ်းများမှ သာ သွားလာနေရကြောင်း သတင်း ရရှိသည်။
ဆယ့်ကိုးနှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ
မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့်ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့်ပတ်သက်မှုမရှိကြောင်း မိသားစု ၀င်များက ပြောသည်။
မေမြတ်နိုးရဲ့ Miss Asia Pacific 2014 သရဖူကို ရုပ်သိမ်းလိုက်ပြီ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2014 အလှမယ်ပြိုင်ပွဲမှာ သရဖူ ဆုရှင် မေမြတ်နိုးဟာ Miss Asia Pacific မူလ အဖွဲ့အစည်းရဲ့ သရဖူ ရုပ်သိမ်းခြင်း ခံလိုက်ရပါတယ်။
တန်ဖိုးနည်းအဆင့်မြင့်အိမ်ရာများ ဖော်ထုတ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ စိတ်ဝင်စားလာ
ရန်ကုန်မြို့တော်အတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန် ရှိကြောင်းသိရသည်။
လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန် အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောက်လုပ်ရန်ရှိသည့် အိမ်ရာစီမံကိန်းနှစ်ခုကို လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် တင်ဒါအဆိုပြုမှု အများ ဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။
Subscribe to:
Posts (Atom)