Friday, 8 November 2013
လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ
နိုဝင်ဘာ ၇
ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ဆန္ဒပြနေ သူများကို
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့တွင် တွေ့ရစဉ်
(ဓာတ်ပုံ- မင်းသိန်းနိုင်)
ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ် စေရေးအတွက်
ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဒုတိယအကြိမ် ဆန္ဒပြမှု
ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေကျပ် ၃၃၄ ဘီလျံကျော်အနက် အချို့အား ပြန်လည်စိစစ် သင့်ကြောင်း ထောက်ပြဆွေးနွေးမှုအပြီး တိုင်းဒေသကြီး လွှတ်တော်ကခွင့်ပြု
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေ
ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံအနက် အချို့အသုံးစရိတ်များအား ပြန်လည်စိစစ်
သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ ထောက်ပြဆွေးနွေးမှုအပြီး နိုဝင်ဘာ ၇
ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်
အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။
Subscribe to:
Posts (Atom)