ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၃ ရက်နေ့လောက်က အစိုးရစစ်တပ်က KIA တပ်မဟာ ၄ ရဲ့ ဌာနချုပ် လွယ်ကန်ကို အင်အားအများအပြားနဲ့ ၀င်ရောက်သိမ်းပိုက်ခဲ့လို့ တပ်မဟာ ၄ ဟာ လွယ်ကန်မှ ဆုတ်ခွာပေးခဲ့ရပါတယ်။ အစိုးရတပ်တွေဟာ လွယ်ကန်ကို သိမ်းပြီး KIA တပ်မဟာ ၄ ရဲ့နယ်မြေတစ်ခုလုံးကို ရှင်းလင်းခဲ့ချိန်မှာ တက္ကနိုင်းရွာက ဦးအားဝူး ရဲ့အိမ်မှာ တပ်မဟာ ၄ ဆုတ်ခွာတုန်းက တပ်မဟာ ၄ ကရင်း ၉ ရင်းမှုး ဗိုလ်မှုး လရိန် ၀ှက်ထားခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို တွေရှိ့သိမ်းဆည်း သွားတယ်လို့ မူဆယ်မှလာတဲ့ သတင်းများအရသိရပါတယ်။
တက္ကနိုင်းရွာမှ ဦးထိန်နန်ရဲ့ ပြောပြချက်အရကတော့အစိုးရတပ်က မနက်အစောကြီးရောက်လာကြပြီး
ဦးအာဘူး အိမ်မှာ WY စာတမ်းပါတဲ့ စိတ်ကြွဆေးပြား ခြောက်သိန်းခန့်၊ yatai တံဆိပ်ဆေးပြားထုတ်စက် ၂ လုံး၊ သေနတ် ၂ လက်၊ စိန်ပြောင်း ၁ လက်၊ကွန်ပျူတာ ၂ လုံး၊ KIA စစ်သားတပ်ဖွဲ့ဝင်များ၏ ရာဇ၀င်အထောက်အထားစာအုပ်တွေကို ရှာတွေ့သွားခဲ့ပြီး သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။