ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေး အဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။
Wednesday, 19 February 2014
အိမ်ထောင်ရေး ကောင်းစေချင်လျှင်
ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေး အဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။
စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား
စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း လေးခု ရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက ဖဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဘားကောင်စီမှာ အစိုးရကနေရာယူတာလုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည် ကပြော
မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စားလှယ် များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲ တစ်ရပ် ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။
Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်
အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူတာတွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။
ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဓိကအချက်သုံးချက်ပြည့်စုံမှသာ စတော့အိတ်ချိန်းအောင်မြင်စွာ လုပ်ဆောင်နိုင်မည်
စတော့အိတ်ချိန်း အောင်မြင် စွာပေါ်ပေါက်နိုင်ရန် အဓိကအချက် သုံးချက်ပြည့်စုံမှသာစတော့အိတ် ချိန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း
စတော့ရှယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဆွေးနွေးပွဲတွင် Daiwa Institute
of Research မှ Deputy Chairman Mr.Yu Suke Kawamura ကပြောသည်။
ကွင်းထဲဝင်ပြီး မစင်စွန့်ခဲ့သည့်ခွေးကြောင့် အလုပ်များသွားသည့် ဘောလုံးပွဲ
အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့/
ကျောက်ထုတ်လုပ်ငန်းများကြောင့် ချောင်းသာဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာ
ချောင်းသာဒေသတစ်လျှောက်တွင် တရားမဝင်ကျောက်ထုတ်လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ အရှိန်မြင့်လာကြောင်း ဒေသခံများထံမှသိရသည်။
ဘန်ကောက်အဓိကရုဏ်း ၅ ဦးသေဆုံး၊ ၆၅ ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ဆန္ဒပြပွဲအတွင်း အပြန်အလှန် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဒီန့မှာလည်း ဆန္ဒပြသမားတွေဟာ ထိပ်တိုက်တွေ့နိုင်မယ့် အခြေအနေ ရှိပါတယ်။
ကချင်ဒုက္ခသည်များအတွက် ကျပ်သိန်း ၃၀၀၀ တန် အထောက်အပံ့များ တရုတ်အစိုးရလှူဒါန်း
တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့်
စစ်ဘေးသင့်ခဲ့ရသည့် ကချင်ပြည် နယ် ရှိ ဒုက္ခသည်များအတွက် ကျပ်ငွေသိန်း ၃၀၀၀
ကျော်တန်ဖိုးရှိ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များကို
တရုတ်အစိုးရက လှူဒါန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုင်းအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသူများအတွက် ဦးသိန်းညွှန့်လွှတ်တော်တွင်မေး
အမျိုးသားဒီမိုကရေစီပါတီ သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွှန့် ကဖေဖော်ဝါရီ (၁၄) ရက်နေ့က ကျင်းပခဲ့သောပြည်သူ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်း အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံအကျဉ်းသားများနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်း ကျနေ သည့် ထိုင်းနိုင်ငံ အကျဉ်းသားများနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရ သည်။
အမှားကျူးလွန်မိသော်လည်း အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဟု ဂီရော့ဒ်ဖြေရှင်း
လုံးကြီးပေါက်လှ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းခဲ့ကြောင်း ဂီရော့ဒ်က ဝန်ခံခဲ့သော်လည်း အဆိုပါ အမျိုးသမီးနှင့် ပျော်ပါးခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။ ခရစ္စတယ်လ်ပဲလေ့စ်နှင့် ပွဲမကစားမီ ဖေဖော်ဝါရီလ (၂)ရက်နေ့ညက ဆီလီယာကေးကို အခန်းထဲ ခေါ်သွင်းခဲ့ကြောင်း သတင်းများကို ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးက အစောပိုင်းတွင် ငြင်းဆိုနေခဲ့သည်။ သို့သော်လည်း ကေးက ဂီရော့ဒ်၏ အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသော ဟိုတယ်ခန်းထဲမှ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက် သည့်နောက် ၎င်း၏ ကေးနှင့် ပတ်သက်မိကြောင်း ဝန်ခံခဲ့ရသည်။ အာဆင်နယ် အသင်းသည် ယင်းဖြစ်ရပ် အတွက် ဂီရော့ဒ်ကို ဒဏ်ရိုက်ရန် စီစဉ်ထားပြီ ဖြစ်သည်။
တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ကျားစာကျွေးရန်အားထုတ်
Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်း ခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ကမ္ဘာ့ဘဏ်မှမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို နည်းပညာနှင့်ဥပဒေ သစ်ရေးဆွဲခြင်းများကူညီမည်
မန်မာနိုင်ငံ၏ဆက်သွယ်ရေး ကဏ္ဍ ယှဉ်ပြိုင်မှုအားကောင်းလာစရန်အတွက် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့်နည်း ပညာဝန်ကြီးဌာနကို ကမ္ဘာ့ဘဏ်မှ နည်းပညာဆိုင်ရာနှင့်ဥပဒေသစ် ရးဆွဲခြင်းများ ကူညီပေးမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်(ရန်ကုန်)မှ သိရသည်။
အသွင်ကူးပြောင်းရေးတွင် ယုံကြည်မှုတည်ဆောက်ရန် လွန်စွာအရေးကြီး
ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် ယုံကြည်မှုတည်ဆောက်ရန်အချက်သည် လွန်စွာ အရေးကြီးပြီး မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု နော်ဝေအခြေစိုက် ငြိမ်းချမ်းမှုနှင့်လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်သည့် The Oslo Center ၏ လူ့အခွင့်အရေးဆိုင်ရာ လူမှုဆက်ဆံရေးအကြံပေး Mr. Havard Kleppa က မဇ္ဈိမကို ပြောသည်။
ယူကရိန်း အဓိကရုဏ်း ၁၈ ဦးထက်မနည်းသေ
ယူကရိန်းနိုင်ငံ Kyiv မြို့လည်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေကို မီးလောင် ဗုံးတွေ အငိုက်မိ အံ့အားသင့်သွားစေတဲ့ ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦး ပါဝင်ပါတယ်။
ဒုချရားတန်းကော်မရှင် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမည်
ဒုချရားတန်းကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်အစိုးရနှင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ဆုံရန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ
အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ် သား သည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ် လာသည်။
အမ်အေအိုင်လေကြောင်းလိုင်း ဂျပန်-မြန်မာ ပြေးဆွဲမည်
အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)သည် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာMyanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာ ခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရ သာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇိ္ဈမကို ပြောသည်။
(၄) နှစ်အတွင်း RCSS/SSA အင်အား (၅၀၀၀)ခန့်တိုး
RCSS/SSA ၏ လေးနှစ် တစ်ကြိမ် ခေါင်းဆောင် ရွေးကောက် ပွဲနှင့် လာမည့် ၄ နှစ် အတွက် လုပ်ငန်းစဉ် ချမှတ်သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံ ရရှိသည်ဟု အစီရင်ခံ တင်ပြမှု ရှိခဲ့ကြောင်း သိရသည်။
ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့
ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။
မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို
မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။
ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ကြံစည်နေသည့် ကိတ်မော့စ်
ကိတ်မော့စ်သည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာ အဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟုသိရ
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား
ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေး ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
စင်ကာပူတက္ကသိုလ်နှင့် မြန်မာတက္ကသိုလ်များ ဥပဒေပညာရပ်ဆိုင်ရာ ပူးပေါင်း
ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်နှစ်ခုနှင့် စင်ကာပူနိုင်ငံ National University of Singapore, Singapore Management University တို့ ဥပဒေဆိုင်ရာဘာသာရပ်များတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်း ချရာမှ အဆောင်ရှင်ကို ရိုက်နှက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း (မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် အမျိုးသမီး ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏ ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။
ဘောလုံးကို ခေါင်းဖြင့် တိုက်ခြင်း ဦးနှောက်ကို ဒဏ်ရာရစေနိုင်
ကမ္ဘာ့ အကျော်ကြားဆုံး အားကစား နည်းဖြစ်သည့် ဘောလုံး ကစားခြင်းတွင် ဘောလုံးအား ဦးခေါင်းဖြင့် တိုက်သည်မှာ မဖြစ်မနေ ပါဝင် ရသည့် အရာပင် ဖြစ်သည်။
FATF ငွေကြေးခ၀ါချမှု စောင့်ကြည့်ခံ ၉ နိုင်ငံစာရင်းထဲ မြန်မာပါဝင်
ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေး ထောက်ပံ့မှုတွေ အတွက် တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ကျန်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး၊ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ FATF က ဖော်ပြလိုက်ပါတယ်။
သမီးကလေးကျေးရွာ ဖြစ်စဉ်အပါအ၀င် ကျူးကျော်ကိစ္စများအတွက် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြောကြား
ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် သမီးကလေးကျေးရွာအား အင်အားသုံး ဖယ်ရှားခြင်းအပါအ၀င် မြေယာမဲ့ပြည်သူများ အရေး၊ သိမ်းဆည်းခံ တောင်သူလယ်သမားတို့အရေးအား ဖြေရှင်းရန် ဆန္ဒထုတ်ဖော်နေကြစဉ်
သမီးကလေးကျေးရွာ ဖယ်ရှားခံရမှု ဖြစ်စဉ်အပါအ၀င် ကျူးကျော် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းမှုကို အခြားဒေသများမှ ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ငှားရမ်းနေထိုင်သူများ၊ ငှားရမ်းခ မပေးရသည့်နေရာတွင် ကျူးကျော်နေထိုင်သူများ မိမိနေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ်ရယူလိုသောကြောင့် မြေဦး၊ နေရာ ဦးပြီး နေထိုင်သူအများစုဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စများကို ဖြေရှင်းရန် အစိုးရအနေဖြင့် ဆောင် ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က The Daily Eleven သတင်းစာသို့ ပြန် လည်ဖြေကြားသည်။
Red Link ဝိုင်ဖိုင် ဧရိယာများ တွင် မြန်နှုန်းမြင့် လာစေရန် စီစဉ် ဆောင်ရွက်
ရန်ကုန်မြို့ရှိ အများပြည်သူများ ဖြတ်သန်းသွားလာလေ့ရှိသော Public ဧရိယာများ ဖြစ်သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြားဘာသာသင် တက္ကသိုလ်အစရှိသော နေရာများတွင် Red Link ကုမ္ပဏီမှ အခမဲ့ အင်တာနက် ဝိုင်ဖိုင် စနစ်များကို ဝန်ဆောင်မှု ပေးထားပြီး ယခုအခါ ပြည်သူများ အနေနှင့် အဆိုပါ ဝိုင်ဖိုင် ဧရိယာများ၌ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပျူတာများဖြင့် အင်တာနက် အသုံးပြုရာ၌ ပိုမိုလျင်မြန်မှု ရှိလာစေရန် သက်ဆိုင်ရာ ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
“၀” တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားကြားရေးတာဝန်ခံ ပြောကြား
‘ဝ’တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏ နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားရေး တာဝန်ခံ မစ္စတာ Lei Zhen က ဖေဖော်ဝါရီ ၁၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ
ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။
ကိုကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းတည်ဆောက်နေသည်ဟူသည့် သတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး ငြင်းဆို
ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ် စခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြခဲ့ သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေယာဉ်ပြေးလမ်းကို ပြန်လည်ပြုပြင်နေခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။
ကင်တားနား နေပြည်တော်ရောက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီး ဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား များ အခြေခံလစာ တိုးမြှင့်ပေးရေး ဆန္ဒပြမှု ပြေလည်မှု မရရှိသဖြင့် ခုံသမာဓိကောင်စီသို့ တိုင်ကြား
လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား ၉၀ ခန့် အခြေခံလစာ တိုးမြှင့်ပေးရေးဆန္ဒပြမှု ပြေလည်မှုမရရှိသေး၍ ခုံသမာဓိကောင်စီသို့ စာတင်တိုင်ကြားထားကြောင်း ဆန္ဒပြ အလုပ်သမား များ၏ ပြောကြားချက်အရ သိရသည်။
ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်းသင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအားရုံးထုတ်
ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်း သင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ဖေဖော်ဝါရီ ၁၈ ရက် တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Iqbal Kaim Byuiyan, psc တို့သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ၀က်ဘ် ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
အော်စလို ငြိမ်းချမ်းရေးစင်တာမှ ပညာရှင် ဦးဆောင်၍ ‘ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ’ ၈၈ ရုံး၌ပြုလုပ်
နော်ဝေနိုင်ငံအခြေစိုက် OSLO ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အကျိုးပြုစင်တာမှ ပညာရှင်တစ်ဦးဖြစ် သည့် Mr.Harvard Kleppa ဦးဆောင်၍ “ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ် ခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှုမရှိသေးဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြား
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှု မရှိသေးဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှား ကာ ကွယ်ရေးဝန်ကြီး H.E Prof.Dr. Purnomo Yusgiantoro နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီး ဌာနမှ သိရသည်။
Subscribe to:
Posts (Atom)