မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာတွင် စားကျက် မြေပြဿနာလာရှင်းသည့်ရဲများကို ဘင်္ဂါလီများက ရန် ပြုသော ကြောင့် သေနတ်ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ရကြောင်းအမှတ်(၁) နယ်ခြားစောင့်လုံခြုံရေး အဖွဲ့မှ သတင်းရရှိသည်။
Friday, 12 September 2014
ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်း RSO အခြေစိုက်ခွင့် တောင်းဆိုခြင်းကို လက်မခံနိုင်ဟု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် များပြော
မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာမည့် အကြမ်းဖက်အဖွဲ့အစည်းများ မှန်သမျှကို လုံးဝလက်မ ခံနိုင်ေ ကြာင်း တိုင်း ရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြော ကြားသည်။
မုံရွာတွင်တည်ဆောက်မည့် အိမ်ရာစီမံကိန်း လွှတ်တော်မှအတည်ပြုပြီးနောက် ရက်ပိုင်းအတွင်း စီမံကိန်းအနီးမြေကွက် များ သိန်းရာချီ ခုန်တက်
မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် တည်ဆောက်မည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား လွှတ်တော်မှ အတည်ပြုပြီးနော က် ရက်ပိုင်းတွင်း ယင်းစီမံကိန်းအနီးရှိ မြေကွက် များမှာ သိန်းရာချီခုန်တက် သွားကြောင်း မြို့ခံအိမ်ခြံမြေပွဲစား များထံမှ သိရသည်။
ပိုမိုကောင်းမွန်တဲ့ ကူညီမှုတွေလိုအပ်နေတဲ့ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များ
မြန်မာနိုင်ငံက မွေးရာပါနှလုံးရောဂါရှင် ကလေးသူငယ်တွေရဲ့ ရောဂါကုသရေး အတွက် ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အခြားအဖွဲ့အစည်းတွေက ကူညီ မှုတွေ ရှိနေပေမယ့် မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင် ကလေးသူငယ် အားလုံး အတွက်ကိုတော့ ကူညီမှုတွေ လိုအပ်နေသေး တယ်လို့ သိရပါတယ်။
ဦးစံလင်းအတွက် အဆုံးအဖြတ်နေ့
ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ကြည့်ရှုနေသူနှင့် ဈေးရောင်းသူအချို့ကို စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ဓမ္မစေတီခေါင်းလောင်း ရှိရာသို့ လာရောက်ကြည့်ရှုသူများ နှင့် စည်ကားခဲ့သော ရှုခင်းသာ ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၁ ရက်က လူအနည်းငယ်သာရှိခဲ့သည်။ ကမ်းခြေမှ ခေါင်းလောင်းဆယ်ရာသို့ လိုက် ပို့ပေးသော တစ်စီးတည်း သာရှိသည့် စက်လှေမှာ ကမ်းခြေ တွင် ရပ်ထားရသည်။ခေါင်းလောင်းဆယ် ယူမည့် နေရာ တွင် ရပ်နားထားသည့် သောင်တူးစက်တင်ထားသော သင်္ဘောနှင့် တွဲချိတ် ထားသော လူနေသင်္ဘောမှာ မူလနေရာမှ ကိုက် ၅၀ ၀န်းကျင် သို့ နေ ရာ ပြောင်းရွှေ့ထားသည်။
ဆံပင်ရှည်ထားသည့် ကျောင်းသားကို ဆံပင်ညှပ်အပြစ်ပေးသော ကျောင်းအုပ် ပညာရေးမှူးထံ တိုင်ကြားခံရ
အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများ ဆံပင်ရှည်မထားရန် တားမြစ်ထားသော စည်းကမ်း ကို ဖောက်ဖျက်၍ ဆံပင်ရှည်ထားသူ နဝမတန်း ကျောင်းသားတစ်ဦးကို ဆံပင်ညှပ် အပြစ်ပေးသော ကျောင်း အုပ် ဆရာမကြီးကို ကျောင်းသား၏ မိဘက လာရောက် တိုင်ကြားထားကြောင်း ကြည့်မြင်တိုင်မြို့နယ် ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
စက်ရုံမှ စွန့်ပစ် ရေများကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အရေပြားအနာများဖြစ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)ရှိ နဝဒေးလမ်းပေါ်သို့ တက်လာသောချောင်းရေများနှင့် စက်ရုံမှ စွန့် ပစ်ရေများထဲ ဖြတ်လျှောက်သွားသည့် ဒေသခံအချို့ကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လှိုင်သာယာမြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံတစ်ရုံမှ စွန့်ပစ်အရည်များကို လမ်းမပေါ် စွန့်ထုတ်မှုကြောင့် လမ်းသွား လမ်းလာပြည်သူများ၏ ခြေ ထောက် များတွင် ယားနာနှင့် ဝဲကဲ့သို့ အနာများဖြစ်ပေါ်ကာ ကျန်း မာရေး ထိခိုက်မှု များရှိနေ ကြောင်း သတင်းရရှိသည်။
စစ်တွေတွင် ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်း
ဆူပူအကြမ်းဖက်မှုများ နှင့် ဒေသတွင်း ပဋိပက္ခများကြောင့် ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ ထုတ်ပြန် ထားသော စစ်တွေမြို့တွင် ပုဒ်မ-၁၄၄ ပြန်လည်ရုပ်သိမ်းကြောင်း စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့ သည်။
သွေးအုပ်စုနှင့် မှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်နွှယ်မှုရှိ
ရှားပါးသောသွေးအုပ်စုတစ်မျိုးနှင့် ဘဝနှောင်းပိုင်းမှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်နွှယ်မှုရှိကြောင်း အမေရိ ကန် သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
စူပါဟီးရိုး ဇာတ်ကောင်တွေလို ၀တ်ချင်သလား
ဓာတ်ပုံ−Sein Tun Photography
သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးထဲမှာ ဆယ်ကျော်သက် လူငယ်တွေ အများအပြားကို ပုံစံမျိုးစုံဖြင့် တွေ့ ရ သည်။ ယင်းတို့ တွင် ထူးထူးခြားခြားဆင်ယင်ခြယ်သထားသော လူငယ်များက ဟိုတစ်စု၊ ဒီတစ်စု။ တချို့က ၎င်းတို့၏ မျက်နှာကိုလှပအောင် ပြင်ဆင်ထားပြီး ဂျပန်အရုပ်ကလေးတစ်ရုပ်သဖွယ် ၀တ်စားထား သည်။ မိန်းက လေးငယ်တစ်ဦးကမူ ခန္ဓာကိုယ်တွင်သွေးများ ပေကျံနေပြီး မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် သဏ္ဌာန်ပြင်ဆင်ခြယ်သ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အားဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးကို တရားစွဲ
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် စာရွက် စာ တမ်း ဖြန့်ဝေခဲ့သည့် စွပ်စွဲချက်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးကို စက် တင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း ဆိတ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ က 7Day Daily အား ပြောကြားလိုက်သည်။
ကိုယ်တွင်းအပူကိုကင်းစေတဲ့ပဲတီစိမ်း
ခန္ဓာကိုယ်တွင်းအပူနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ပဲတီစိမ်းကို ပူပြင်းတဲ့ရာသီဥတုတွေမှာ စားပေးသင့်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ပဲတီစိမ်းခေါက်ဆွဲ၊ ပဲတီစိမ်းမုန့်၊ ပဲတီစိမ်းထမင်း၊ ပဲတီစိမ်း ဟင်းချို၊ ပဲတီစိမ်းဟင်းနဲ့ ပဲတီစိမ်းဝိုင်စသ ဖြင့် အမျိုးမျိုးအဖုံဖုံ စားသုံးကြတဲ့အပြင် ပဲပင်ပေါက်အဖြစ်ပါ စားသုံး ကြပါတယ်။
တရုတ်နိုင်ငံသို့ ငါးမြစ်ချင်းခေါင်း တင်ပို့မည်
တရုတ်နိုင်ငံသို့ ငါးမြစ် ချင်းခေါင်းများ တင်ပို့ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံမြို့ေ တာ် ဘေ ဂျင်းတွင် ကျင်းပနေသော ဘေ ဂျင်းနိုင်ငံတကာကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပ တင်ပို့သူ လုပ်ငန်းရှင်များက ငါး ခေါင်းများရောင်းချနိုင်မည့် ဈေး ကွက်သစ်ရှာဖွေရာ လူဦးရေသန်း ၈၀ ခန့်နေထိုင်သည့် ဆီချွမ်ပြည်နယ်သို့ တင်ပို့တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ငါးခေါင်းဈေးကွက် ရရှိလာသော ဒေါက်တာမြင့်စိန်က ပြောသည်။
တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်
UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွား မည်ဖြစ်ေ ကြာ င်း သ တင်းရရှိသည်။
မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်း MBC မှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး သရဖူပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့
မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ
ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေ ချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန် လည်ပေးအပ်သွားရန်လည်း အစီအစဉ် ရှိကြောင်း ဖြေကြားသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သန်လျင်နည်းပညာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေကြမ်းအား ကန့်ကွက်စာများ လိုက်လံဝေငှ
တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သန်လျင်နည်းပညာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေကြမ်း အား ကန့် ကွက် စာ များ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော ရေငုပ် အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက် တစ်စီးသာတွေ့ရှိကြောင်း ပြောကြား
ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာ တွင် ကိုယ်တိုင်ရေငုပ်ရှာဖွေ ခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ်
ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ ရှိကြော င်း ၊ လက်ရှိသဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြော င်းနှင့် မိမိတို့သည် ဆလုံလူမျိုး များ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်း က ကော့သော င်းမြို့ ရွှေပြည်သာ ရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြား ခဲ့သည်။
မလေးရှားနိုင်ငံနှင့် ရန်ကင်းကလေးဆေးရုံတို့ ပူးပေါင်းကာ မွေးရာ ပါနှလုံးရောဂါဝေဒနာ ရှင် ခုနစ်ဦးအား အခမဲ့ ခွဲစိတ်ကုသ
ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် များအား မလေးရှားနိုင်ငံမှ ဆရာဝန်များ လာရောက်ခွဲစိတ်ကုသမှု ကို ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ခွဲစိတ်ကုမှုများနှင့် ပတ်သက် ၍ စက်တင်ဘာ ၁၁ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ၀ယ်လိုအား ထိုးကျသွား
တွံတေး-လှိုင်သာယာကားလမ်းမဘေးရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် လာရောက်စုံစမ်းသူများအား တွေ့ ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါး အခြေ အနေအထိ ဝယ်လိုအား ထိုးကျသွားကြောင်း စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
မွန်ပြည်နယ်တွင်တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ စီမံကိန်း လေ့လာမှုများ ရပ်ဆိုင်းရန်ပြည်နယ်အစိုးရ တားမြစ်
ပြည်ပနိုင်ငံတစ်ခု၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ− power-eng.com)
မွန်ပြည်နယ်၊
ရေးမြို့ နယ်ရှိ အံဒင်းကျေးရွာအနီးတွင် Toyo Thai ကုမ္ပဏီမှ ဆောက်လုပ်
ရန်စီစဉ်နေသည့် ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း
နှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်မှုသု တေသနလေ့လာရေး လုပ်ငန်း
များထပ်မံဆောင်ရွက်ခွင့်ပြုတော့ မည်မဟုတ်ဟု မွန်ပြည်နယ်အစိုး ရက
စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အခြေခံအစီအမံများမရှိခြင်းကြောင့် မြန်မာ့ရေလုပ်ငန်း တိုးတက်ခြင်းမရှိဟု ဦးဝင်းကြိုင်ထောက်ပြ
မြန်မာ့ရေထွက်ကုန် ငါးအမျိုးမျိုးကို ဈေးကွက်အတွင်း တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရေလုပ်ငန်းကဏ္ဍ
တိုး တက်နေသော အိမ်နီးချင်းနိုင်ငံ များတွင်ရှိနေသည့် အစီအမံများ
မြန်မာနိုင်ငံတွင်တစ်ခုမှမရှိ သဖြင့် မြန်မာ့ရေလုပ်ငန်း တိုးတက်မှု မရှိ
ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
အင်ဖာ - မိုရေး ကုန်သွယ်မှုလမ်း ပိတ်ထားဆဲဖြစ်၍ အိန္ဒိယသို့ ပို့ကုန်များ တင်ပို့မှုရပ်ဆိုင်း
မြန်မာ-အိန္ဒိယကုန် သွယ်မှု ပြုလုပ်ရာ လမ်းမကြီးဖြစ် သော မဏိပူရပြည်နယ်အတွင်း ရှိ အင်ဖာ - မိုရေးလမ်း ပိတ်ထား ဆဲဖြစ်သဖြင့် အိန္ဒိယသို့ နယ်စပ်မှ တင်ပို့နေသည့် ကုန်စည်အားလုံး တမူးမြို့တွင် ပိတ်မိနေပြီး အိန္ဒိယနိုင်ငံမှ ကုန်သည်များအား အဓိကထားရောင်းဝယ်နေရသည့် နယ်စပ်နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် များ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
ပင်စင်ယူထားသော်လည်း ကျန်းမာရေးကောင်းသော အထက်တန်းပြ ဆရာ/မကြီးများအား စာချုပ်ဖြင့် ပြန်ခန့်မည်
မြန်မာတစ်နိုင်ငံလုံးရှိ
ပင်စင်ယူပြီးသော်လည်း ကျန်းမာ ရေးကောင်းမွန်နေ သည့် အထက် တန်းပြ ဆရာ၊
ဆရာမကြီးများ အား တစ်နှစ် (သို့မဟုတ်) ၂ နှစ် စာချုပ်ချုပ်ဆို၍ အထက်တန်းပြ
ဆရာ ရာထူး ပြန်လည် ခန့်အပ်ထားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဆေးဖက်ဝင် မာလကာရွက်
နေအိမ်အများစုမှာ မာလကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါ တယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင် အစွမ်း သတ္တိတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အားဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို တရားစွဲ
ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေ သည့်
စာရွက် စာတမ်းဖြန့်ဝေခဲ့ သည့် စွပ်စွဲချက်ဖြင့် ပြည် ခိုင်ဖြိုးပါတီ၏
မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၁ ရက်တွင်
တရားစွဲဆိုလိုက်ကြောင်း ဆိတ်ဖြူမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌ က 7Day Daily အား ပြောကြားလိုက်သည်။
Subscribe to:
Posts (Atom)