လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။
Saturday, 13 December 2014
လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။
ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက် ရကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်
ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။
နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။
အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး
အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။
လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများဖမ်းမိထားသူတစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော် သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ် သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။
မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ
မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။
ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား
မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ စိုးရိမ်ရမလားလို့ မေးရင်…
နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။
နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။
လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်
လစ်ဗျားလေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။
ဖေ့ဘွတ်ပိုစ်များတွင် မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ရန် စဉ်းစား
အင်တာနက် လူမှုရေးကွန်ယက် ဖေ့ဘွတ်ရဲ့ပိုစ်တွေမှာ မကြိုက် နှစ်သက်ကြောင်း သင်္ကေတ ထည့်ဖို့ စဉ်းစားနေတယ်လို့ တည်ထောင်သူ မတ်ဇူကာဘတ်က ပြောပါတယ်။
မြန်မာစစ်တပ်ကို သင်တန်းပေးရေး အမေရိကန် လွှတ်တော်အမတ်များဝေဖန်
တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး
တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေ တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။
မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်
မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါ ဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၁၄ ဇွန် ၃၀ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံ သွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက သုံးနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်
စစ်တွေကျင်းပမည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား အတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်
တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ် သတင်း စာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး
ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ - ဦးရောဘတ်ဆန်းအောင်
ဦးရောဘတ်ဆန်းအောင်
ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက် ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။
သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်သုံးသပ်ရန် အရေးကြီးအဆိုတင်မည်
မော်လမြိုင်မြို့အနီး ဖြတ်သန်းစီးဆင်းသွားသော သံလွင်မြစ်အတွင်း ဆိုက်ကပ် ထားသော သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခု တည် ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည်
ရခိုင်-မောင်တောနယ်စပ် ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးသာပွင့်)
မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ်ခြံစည်းရိုးကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ် မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။
ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး
ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။ Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။ ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။
သီပေါမြို့နယ် ရဲကင်းကို သေနတ်သမားတစ်ဦး ဝင်ပစ်၍ နှစ်ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ခိုလုံတံတား ရဲကင်းကို ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ရှင်ကျန်းပြည်နယ် မြို့တော် အူရမ်ကီတွင် မွတ်စလင် အမျိုးသမီးများ ဘာရ်ကာခြုံခွင့် တားမြစ်
ရှင်ကျန်းဒေသတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ဝေဖန်ခံနေရသော တရုတ်အစိုးရသည် ပြင်း ထန်သည့် အရေးယူဆောင်ရွက်မှု များနှင့်အတူ အကြမ်းဖက် တိုက်ခိုက်မှု များနှင့်လည်း ထိပ်တိုက် တိုးလျက် ရှိသည်။
တောင်တရုတ် ပင်လယ်အရေး တရုတ်နှင့် ဗီယက်နမ်တို့ ထပ်မံ ပဋိပက္ခဖြစ်ပွား
တောင်တရုတ် ပင်လယ်ပြင် နယ်မြေ ပိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ တို့ သည် ထပ်မံ အငြင်းပွားခဲ့ ကြသည်ဟု သိရသည်။
မလေးတွင် ဗီဇာအတုဖြင့် ထောင်ချခံရသူ မြန်မာများ ဒီဇင်ဘာ ၁၅ နေရပ်ပြန်မည်
မလေးရှားနိုင်ငံ ကလန်းကားဂိတ်တွင် မြန်မာနိုင်ငံသားများဖမ်းဆီးခံရစဉ် (ဓာတ်ပုံ -မလေးရှားရောက် မြန်မာများ)
ဗီဇာအတုကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရား ရုံးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းခွင့်ပေးခဲ့ပြီးနောက် လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်မာ နိုင်ငံ ပြန်ကြမယ်လို့ မလေးရှား မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
‘ဇာတ်သိမ်းထိမကြည့်နဲ့’ အဓမ္မပြုကျင့်သည့် ဇာတ်ဝင်ခန်းနှင့်ပတ်သက်၍ ဒါရိုက်တာရှင်းချက်ထုတ်
ဆင်ဆာမူဝါဒနှင့် ပတ်သက်ပြီး ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဇွဲဉာဏ်)
‘ဇာတ်သိမ်းအထိ မကြည့်နဲ့’ဇာတ်ကားတွင် အဓမ္မပြု ကျင့်သည့်ပြကွက်ကို သုံးကြိမ် တိုင်တိုင် ကွက်ကွက် ကွင်းကွင်း ပြထားသဖြင့် အများပြည်သူသို့ ပြသရန်မသင့်ကြောင်း ဆင်ဆာတာဝန်ရှိသူများ၏ မှတ်ချက်နှင့် ပတ်သက်၍ ယင်းဇာတ်ကား ဒါရိုက်တာညိုမင်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တုံ့ပြန် ထားသည်။
ကိုရီးယားသင်္ဘောဓာတ်ငွေ့ ယိုစိမ့်ပေါက်ကွဲရာမှ မြန်မာသင်္ဘောသား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မလေးရှားနိုင်ငံ ရေပိုင် နက်အတွင်း ဓာတ်ငွေ့ယိုစိမ့်မှု ကြောင့် သင်္ဘောတစ်စီးပေါက်ကွဲ မှု ဖြစ်ပွားကာ မြန်မာသင်္ဘောသား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။
ဦးဝင်းတင်ပုံတူရုပ်တုကို ဦးဝင်းတင်ပြတိုက်ဖွင့်လှစ်နိုင်ပါက လွှဲပြောင်းပေးမည်ဟုဆို
ဦးဝင်းတင်ရုပ်တုကို လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
အမေရိကန်ပန်းပုပညာရှင် ထုလုပ်ထားသော စာရေးဆရာ၊ သတင်းစာဆရာဟံသာဝ တီဦးဝင်းတင်၏ ပုံတူ ရုပ်တုကို ဦးဝင်းတင်ပြတိုက်အဖြစ်ပေါ်ပေါက်လာပါက လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
နေပြည်တော်ရှိဆေးဆိုင်များအား ယခုလ ဒုတိယပတ်မှ စတင်စစ်ဆေးမည်
နေပြည်တော်မြို့မဈေး၊ သပြေကုန်းဈေး၊ ပျဉ်းမနား၊ လယ်ဝေးနှင့်တပ်ကုန်းမြို့များရှိ ဆေးဆိုင်များကို ယခုလ ဒုတိယ ပတ်မှစတင်ကာ လက်ရှိရောင်းချ နေသောဆေးဝါးများ သက်တမ်း ကုန်ခြင်းရှိ၊ မရှိ၊ လိုင် စင်ရှိ၊ မရှိနှင့် တရားဝင်မှတ်ပုံတင်ထားခြင်းရှိ၊ မရှိတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပါဝါအိတ်ဇောတပ်ယာဉ်များအားအရေးယူပြီးပါက မူလပိုင်ရှင်များအား ပြန်ပေးမည်ဟုဆို
ပါဝါအိတ်ဇောတပ်ယာဉ်များ ဖမ်းဆီးအရေးယူမှုကြောင့် အိတ်ဇောပြန်ဖြုတ်မှု များလာသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဖမ်းဆီးထားသော ပါဝါ အိတ်ဇောတပ်ယာဉ်များ၊ ပြိုင်ကားများအား တည်ဆဲဥပဒေများအရ အရေး ယူမည်ဖြစ်ပြီး ထိုသို့ အရေးယူမှုများပြုလုပ်ပြီးပါက မူလပိုင်ရှင်များကို ယာဉ်များ ပြန်လည်ထုတ်ပေး မည်ဖြစ်ပြီး ရိုးရိုးအိတ်ဇောများ ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလိုတော်ပြည့်ဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်စဉ် ရခိုင်ပြည်နယ်အရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအကြောင်း အမြင်ချင်းဖလှယ်
ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ၂၀၁၅ ရွေးကောက် ပွဲကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလိုတော်ပြည့် ဆရာတော် ထံ ဒီဇင်ဘာ ၁၂ ရက်က လာရောက် ဖူးမြော်စဉ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့တော်ခန်းမရှေ့ပိတ်၍ ဆန္ဒပြသူများကို သီချင်းများဖွင့်ကာ စည်ပင် တုံ့ပြန်
မြို့တော်ခန်းမ အနောက်ဘက်တံခါးရှေ့တွင်ပိတ်ကာဆန္ဒပြနေသော မိကျောင်းကန်မှ ပြည်သူအချို့နှင့် ၎င်းတို့အနီးတွင်ဖွင့်ထားသည့် လော်စပီကာနှင့်ဆောင်းဘောက်တို့ကို ဒီဇင်ဘာ၁၂ရက်ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
မြို့တော်ခန်းမရှေ့ပိတ်ကာ ဆန္ဒပြသော မိကျောင်းကန် ပြည်သူများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဒီဇင်ဘာ ၁၂ ရက် ညနေတွင် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နီနီခင်ဇော် တို့၏ သီချင်းများ ကျယ်လောင်စွာဖွင့်ကာ ပြန်လည်တုံ့ပြန်ခဲ့သည်။
ပထမဆုံးအကြိမ်ပြုလုပ်သော ဓာတ်ပုံမာရသွန်ပွဲတော်တွင် ဆု ၁၆ ဆုချီးမြှင့်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဓာတ်ပုံမာရသွန်ပွဲတော် ဆုပေးပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ယခင်ကြေညာထားသည့် ဆု ၁၅ ဆုအပြင် အထူးဆုတစ်ဆု ချီးမြှင့်ပေးခဲ့သည်။
ရန်ကင်းသူလေး မွေးစားသူပေါ်ပြီ
ဒဂုံအရှေ့ပိုင်းမြို့နယ် အတွင်း၌ မိဘများစွန့်ပစ်သွားသောကြောင့် မျက်နှာတွင် ပုရွက်ဆိတ်များအကိုက် ခံရကာရန် ကင်းကလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသောကလေးငယ် (ရန်ကင်းသူ)ကို မွေးစားခွင့် တောင်းခံသူရှိသောကြောင့် ယာယီမွေးစားခွင့်ပေးထားကြောင်း သတင်းရရှိသည်။
အနှိပ်ခန်းများ တရားဝင်ခွင့်မပြုနိုင်ဟု တိုင်းအစိုးရငြင်း
အနှိပ်ခန်းများအား တရားဝင်ခွင့်ပြုရန် ဥပဒေပြဋ္ဌာန်းပေးရေးကိစ္စသည် မြန်မာ့ယဉ်ကျေးမှုနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ထိုသို့ခွင့်ပြုပေးလိုက်ပါက ကိုယ်ကျင့်တရားပျက်ပြားမှုများ ဖြစ်ပေါ်စေနိုင်၍ ယင်းကိစ္စ ရပ်အား ခွင့်ပြုပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငြင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စက်ရုံအရောက် အထောက်အထားထုတ်ပေးရန် နှစ်နိုင်ငံသဘောတူ
ထိုင်းရေလုပ်ငန်းခွင်မှ မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ− bangkokpost.com)
စက်ရုံလုပ်ငန်းခွင် အထိသွားရောက်ကာ အထောက် အထားများ ထုတ်ပေးရန် ထိုင်း အစိုးရနှင့် ဒီဇင်ဘာ ၁၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြေင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။
အရှေ့မြောက်လေအေးများကြောင့် မြန်မာ့ပင်လယ်ပြင်သွား ရေယာဉ်များ သတိပြုရန် ဒေါက်တာထွန်းလွင်သတိပေး
ဒီဇင်ဘာဒုတိယပတ်အတွင်း တရုတ်ပြည်ဘက်မှ အားကောင်းသော အရှေ့မြောက်လေအေးများ ပြင်းထန် လာသောကြောင့် မြန်မာ့ပင်လယ်ပြင်တွင် သွားလာနေကြသော ရေယာဉ်များ လေပြင်းအန္တရာယ် သတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
စီအင်န်အင်န်၏ ကမ္ဘာ့အထင်ကြီးဖွယ်ရာ ဘာသာရေးရုပ်တု ၁၀ဆူတွင် မုံရွာရပ်တော်မူရုပ်ပွားတော်ပါဝင်
ရန်ကုန်- စီအင်န်အင်န်သတင်းဌာနသည် မကြာမီက ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော အထင်ကြီး ကြည်ညို ဖွယ်ဘာသာရေးရုပ်တု ၁၀ ဆူ ကို ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံ မုံရွာမြို့အနီးရှိ ဗောဓိတစ်ထောင်ဆရာ တော်ဘုရားကြီးတည်ထားခဲ့သော လေးကျွန်းစကြာရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ထည့်သွင်းရွေးချယ်ခဲ့ သည်။
လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်
အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူနာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်လည်ရရှိစေကြောင်း သိရသည်။
ကန် မြန်မာ စစ်ဘက် ဆက်ဆံရေး သတိထားဖို့ လိုအပ်
အမေရိကန်-မြန်မာ စစ်ရေးလေ့ကျင့်မှု လေ့လာ။ Credit to USNavy official Page
မကြာသေးခင်ကမှ အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၁၅ အမျိုးသား ကာကွယ် ရေးဆိုင်ရာလုပ်ပိုင်ခွင့် ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုအပိုင်းမှာ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး နောက် ပြန် ဆုတ်နေတဲ့ ကာလမှာ အမေရိကန် အစိုးရနဲ့ မြန်မာအကြီးအကဲတွေကြား မှားယွင်းတဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။
ဘင်္ဂလားဒေ့ရှ် လမုတော ပျက်စီးမယ့် အန္တရာယ် ရင်ဆိုင်နေရ
Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပွါးခဲ့တဲ့ အတွက် ကမ္ဘာ့ထိမ်းသိမ်းရမယ့် အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယူနက်စကို UNESCOအဖွဲ့က သတ်မှတ် ထားတဲ့ Sundarbans လမုတောဒေသ ပျက်စီးနိုင်တဲ့ ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
Subscribe to:
Posts (Atom)