ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ဟန်းမငိုင်းကျေးရွာသို့ ဇန်န၀ါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့များ ရောက်ရှိလာပြီး ဆက်ကြေး မပေးသော ဒေသခံရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရွာနေအကြီးအကဲ တစ်ဦး ထံမှ သတင်း ရရှိသည်။
Monday, 19 January 2015
မာလီတွင် အီဘိုလာ ကူးစက်မှု ကင်းစင်ပပျောက်သွားပြီဟု ကြေညာ
မာလီနိုင်ငံတွင် အီဘိုလာရောဂါ နောက်ထပ် ကူးစက်ပျံ့နှံ့မှု မရှိတော့ဟု အစိုးရက အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။ မာလီ ကျန်းမာရေး ဝန်ကြီးဌာနက (၄၂)ရက်တိုင်တိုင် စောင့်ကြည့်ခဲ့သော်လည်း အီဘိုလာရောဂါ နောက်ထပ်ကူးစက်ပျံ့နှံ့မှု လုံးဝမရှိတော့သဖြင့် မာလီတွင်အီဘိုလာ ကင်းစင်ခဲ့ပြီ ဖြစ် ကြောင်း ကြေညာခဲ့သည်။
HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ
HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့်ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများ သည် ဝေးလံခေါင်သီသောကျေးလက်ဒေသများ၌သာမက မြို့ကြီးပြကြီးများတွင်လည်းရှိနေဆဲဖြစ်သည်။
RCSS/SSA အဖွဲ့က ဒေသခံရွာသားများထံမှ စားနပ်ရိက္ခာများ အတင်းအကြပ်တောင်းခံ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လွိုင်ကုန်ကျေးရွာသို့ ဇန်န၀ါရီလ ၁၇ ရက် နေ့ ည ၁၀ နာရီခွဲခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့များ ရောက်ရှိလာပြီး စားနပ်ရိက္ခာများ ပေးရန် ပြောဆိုသွားကြောင်း ယင်းဒေသခံရွာသား တစ်ဦးထံမှ သတင်းရရှိသည်။
နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ မာတင်လူသားကင်းနေ့ ကျင်းပ
ဒေါက်တာ မာတင်လူသာကင်း (ဂျူနီယာ) ချီကာဂိုင်တောင်ပိုင်းမှာ မိန့်ခွန်းပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅)
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့ကို နိုင်ငံတော်အားလပ်ရက်သတ်မှတ်ထားပါတယ်။ မာတင်လူသာကင်းဟာ အယ်လ်ဘားမားပြည်နယ်၊ မောင်ဂိုမာရီမြို့က ဘတ်စ်ကားတွေမှာ လူဖြူလူမည်း ထိုင်ခုံနေရာ ခွဲခြားသတ်မှတ်တာကို အဆုံးသတ်သွားစေမယ့် ဆန့်ကျင်သပိတ်မှောက်မှုကြီးကို ဦးဆောင်ပြီးတော့ ၁၉၅၅ မှာ ထင်ရှားကျော်ကြားလာတာပါ။
ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ချက်ချမည့် NCCT အစည်းအဝေးစပြီ
ယင်းအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်တွင်မူ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ယူရေနီယံသတ္တုသိုက်တွေ့ရှိထားဟု ဦးတေဇ သတင်းစာရှင်း
စစ်အစိုးရလက်စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သူခရိုနီဟုအများကခေါ်ဝေါ်ခြင်းခံရသော ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိထားကြောင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှု များပြုလုပ်ပါက နိုင်ငံတော်အတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်းနေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ဆော်ဒီအာရေဗျတွင် မြန်မာနိုင်ငံသား အမျိုးသမီးတဦး ခေါင်းဖြတ် ကွပ်မျက်
ဆော်ဒီအာရေဗျ၏ ခေါင်းဖြတ်အပြစ်ပေးမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဆန့်ကျင်ဆန္ဒပြကြ သော ဘင်္ဂလားဒေ့ရှ်လူငယ်များ (ဓာတ်ပုံ - http://www.presstv.ir)
ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၊ မက္ကာမြို့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အမျိုးသမီး တဦးကို လိင်ပိုင်း ဆိုင်ရာ ဖောက်ပြန်မှု၊ လူသတ်မှုတို့ဖြင့် ဆော်ဒီ အာဏာပိုင်များက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့က သေဒဏ် အပြစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ကစားသမားများ ဖိအားဒဏ် ခံစားနေရ ဟုအေစီမီလန်နည်းပြ အင်ဇာဂီပြော
တနင်္ဂနွေနေ့က အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့ပြီး စီးရီးအေတွင်လေးပွဲ ဆက်တိုက်နိုင်ပွဲပျောက် ဆုံးခဲ့ပြီး နောက်အေစီမီလန်အသင်း နည်းပြအင်ဇာဂီက ကစားသမားများအပေါ်တွင် ဖိအားများ သက်ရောက် နေသည် ဟုပြောဆို လိုက်သည်။
ကော်သူးလေတပ်ဖွဲ့ကို ၂၀၁၆ မှသာရာထူးနေရာခွဲဝေ သတ်မှတ် မှုပြုလုပ်နိုင်မည်ဟု ဆို
ကရင်တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်သော ကော်သူးလေတပ်ဖွဲ့ (Kawthoolei Armed Forces -KAF)ကို ၂၀၁၆ ခုနှစ် မှသာ ရာထူးနေရာခွဲဝေ သတ်မှတ်မူပြုလုပ်နိုင်မည်ဟု ဒီမိုကရေစီ အကျိုးပြုကရင်ပြည်သူ့တပ်ဖွဲ့ (DKBA) က ယနေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြောသည်။
ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ချက်ချမည့် NCCT အစည်းအဝေးစပြီ
NCCT နှင့် UPWC တို့ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် တွေ့ဆုံပွဲ၌ NCCT ခေါင်းဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ကို ပြည်ထောင်စုနေ့တွင် ရေးထိုး၊ မထိုးကို ဆုံးဖြတ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စတင် ကျင်းပနေပြီဖြစ်သည်။
ဗိုလ်ချုပ် ရာပြည့်မွေးနေ့ အတွက် ကံမမြို့တွင် ရန်ပုံငွေ လှည့်လည် အလှူခံ
ကံမမြို့တွင် ဗိုလ်ချုပ်နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲ ထွက်လာသည့် စည်းရုံးရေးကား ကို ဇန်နဝါရီ ၁၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ရေခဲ၊ပြည်)
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် မွေးနေ့ ကျင်းပနိုင်ရန်အတွက် မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် တွင် ဇန်နဝါရီ ၁၉ရက် မှ ၂၃ရက်အထိ ငါးရက်တိုင် စည်းရုံးလှုံ့ဆော်ကာ ရန်ပုံငွေရှာသွားမည်ဟု ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ဝင်များက ဆိုသည်။
KIO ဖမ်းထားတဲ့ ရဲသုံးဦးလွတ်မြောက်ရေး ညှိနှိုင်းနေ
လောဖြူတောင်ကုန်းမှာ ကင်းလှည့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်ရေးဖို့ ကချင် ငြိမ်းချမ်း ရေး အကျိုးဆောင် အဖွဲ့က KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီး ဒီကနေ့ညပိုင်းမှာ လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးက တော့ ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်လာရင် နှစ်ဖက်အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မယ်လို့လည်း မျှော်လင့် ကြောင်း ပြောပါတယ်။ ဖားကန့်ဒေသနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ခြောက်ပွင့်ဆိုင်ထက် ပြည်သူအားလုံး လက်ခံတဲ့ ကိုယ်စားပြု တွေ့ဆုံမှုဖြစ်ရေး သမ္မတတုံ့ပြန်
နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့်ရေး ချိန်ဆဆောင်ရွက်မယ်လို့ သမ္မတရုံး သဝဏ်လွှာပို့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စကာင်္ပူ အခြေစိုက် ချန်နယ်နယူးစ် အေးရှား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်ပိတ်ရက် များလွန်းနေ ဟုဆို
မြန်မာနိုင်ငံတွင် အလုပ် ပိတ်ရက်များ လွန်းနေသည်ဟု Device Business Management Academyမှ ဦးတင်ဇံကျော်က ပြောသည်။ ယမန်နေ့က ဟိုတယ် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သော စီးပွားရေး ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲတွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်မှ တကယ် အောင်မြင်နေတဲ့ သူတွေဟာ တစ်နေ့ကို အိပ်ချိန်တအား နည်းတယ်။ သူတို့မှာ Sunday ဆိုတာ မရှိသလောက် ရှားတယ်။ ဒီမှာက အားနေ အိပ်နေကြတာ။ ပြီးတော့ ရုံးပိတ်ရက်က မြန်မာပြည်မှာ တစ်နှစ်ကို ရက်ပေါင်း (၁၂၀) လောက်ကို ရှိနေတာ ဆိုးတယ် ဟု ဆရာ ဦးတင်ဇံကျော် က ဆက်ပြောသည်။
နိုင်ငံတော်မှ တကယ် အောင်မြင်နေတဲ့ သူတွေဟာ တစ်နေ့ကို အိပ်ချိန်တအား နည်းတယ်။ သူတို့မှာ Sunday ဆိုတာ မရှိသလောက် ရှားတယ်။ ဒီမှာက အားနေ အိပ်နေကြတာ။ ပြီးတော့ ရုံးပိတ်ရက်က မြန်မာပြည်မှာ တစ်နှစ်ကို ရက်ပေါင်း (၁၂၀) လောက်ကို ရှိနေတာ ဆိုးတယ် ဟု ဆရာ ဦးတင်ဇံကျော် က ဆက်ပြောသည်။
အနိမ့်ဆုံးလုပ်ခကို တစ်နေ့ ၈ နာရီနဲ့ အခြေခံတွက်ချက်
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အလုပ် သမား အဖွဲ့အစည်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက်အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောကြားကြ ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အလုပ်ချိန် ၈ နာရီအပေါ် အခြေခံပြီး တွက်ချက်မှာ ဖြစ်တာကြောင့် အချိန် ပိုကြေး၊ အပိုဆုကြေးနဲ့ ရှားပါးစရိတ်တွေကို ထည့်သွင်းသတ်မှတ် မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် တွဲဖက်အတွင်းရေးမှုး မဖြိုးစန္ဒာစိုး က ပြောပါတယ်။
ရန်ကုန်မြို့တော်၌ လမ်းပေါ် အရက်ထိုင်သောက်သူများကို အရေးယူမည်ဟုဆို
ရန်ကုန်မြို့တော်ရှိ ပလက်ဖောင်းပေါ်နှင့် တံတားပေါ်များ၌ ညဥ့်နက်ချိန် အုပ်စုဖွဲ့ကာ အရက်ထိုင်သောက်နေသူ အချို့က ခိုက်ရန်ဖြစ်ပွားမှုနှင့် ခိုးမှု၊ လုယက်မှုများ ကျူးလွန်လာမှုများကြောင့် ဆိုကာ လမ်းပေါ် အရက်ထိုင်သောက်သူများကို ဖမ်းဆီးထိန်းသိမ်း အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်အဖွဲ့အစည်း အသုံးပြုသည်ဟုဆိုသည့် တံဆိပ်ကပ်မော်တော် ယာဉ်ပိုင်ရှင်အား အင်းစိန်ထောင်ပို့
အကြမ်းဖက်အဖွဲ့ အစည်းအသုံးပြုသည်ဟုဆိုသည့် တံဆိပ် ကပ်၍ မော်တော် ယာဉ်ကို မောင်းနှင်သော အစ္စလာမ်လူမျိုး တာမွေမြို့နယ်နေသူတစ် ဦးကို လူမျိုးတစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခ ဖြစ်ပွားစေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ ၅ဝ၅(ခ)(ဂ) ဖြင့်အမှုဖွင့်ပြီး ဇန်နဝါရီ ၁၆ ရက်က အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြော သည်။ဖမ်းဆီးခံရသူမှာ တာမွေကြီး(က) /(ဂ)ရပ်ကွက် ၁၅၉ လမ်းနေသူ အဆိုပါ ယာဉ်ပိုင်ရှင် ချစ်ကိုကို(ခ)အွတ်စမန်း ၃၈ နှစ်ဖြစ်ပြီး ¤င်းသည် အဆိုပါ စာတန်းတံ ဆိပ်ကပ်ထားသော တိုယိုတာအနက်ရောင် မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တွင်း သွား လာနေသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံ ရခြင်းဖြစ်သည်ဟု သိရသည်။
အဲကမ္ဘောဇလေယာဉ် နည်းပညာချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်
အဲကမ္ဘောဇလေကြောင်း လိုင်းပိုင် လေယာဉ်တစ်စီးသည် ဇန်န၀ါရီ ၁၈ ရက်က ရန်ကုန် လေဆိပ်မှ လေယာဉ်ပျံတက်အ ပြီး ၁၅ မိနစ်အကြာတွင် နည်း ပညာ ချို့ယွင်းချက်ရှိခြင်း ကြောင့် ရန်ကုန် လေဆိပ်သို့ပြန် လည် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါလေယာဉ်မှာ ရန် ကုန် - မန္တလေး - မြစ်ကြီးနားသို့ သွားရောက်သည့် လေယာဉ်ဖြစ် ပြီး ပြင်သစ်နိုင်ငံ လုပ် ATR-72 ဖော်ကာအမျိုးအစားဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရမှ နိုင်ငံရေးတာဝန်ကို စစ်တပ်လျှော့ယူမည်ဟု သမ္မတ ပြော
မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိချိန်တွင် စစ်တပ်သည် လက်ရှိ နိုင်ငံရေးတာဝန် အခန်းကဏ္ဍမှ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ်သတင်းဌာနနှင့် တစ်နာရီကြာ အင်တာဗျူးတွင် ဖြေသွားသည်။တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုပိုင်းတွင် ခက်ခဲ ရှုပ်ထွေးနေခြင်းကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်နေ ဆဲ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
ပိတ်မိနေသော ဒေသခံများ လုံခြုံရာသို့ ထွက်ခွာခွင့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်ရပ်တန့်ရန် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ကြေညာချက်ထုတ်
တိုက်ပွဲများကြောင့် ပိတ်မိနေသော ဒေသခံများကို လုံခြုံ ရာနေရာသို့ ထွက်ခွာခွင့်ပေးရန် နှင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ မြန်မာ့တပ်မတော်၏ ထိုးစစ်များရပ်တန့် ပေးရန် မြန်မာနိုင်ငံနှစ်ခြင်းခရစ် ယာန်အသင်းချုပ်က သဘောထား ကြေညာချက်ထုတ်ပြန်သည်။
ဇန်န၀ါရီ ၁၄ ရက်မှစ၍ က ချင်ပြည်နယ် ဖားကန့်ဒေသ၊ ပူတာအို၊ အင်းတော်ကြီးနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ ကြောင်း အသင်းချုပ်က ဆိုသည်။မြန်မာနိုင်ငံ နှစ်ခြင်းခရစ် ယာန်အသင်းချုပ်အနေဖြင့် ပြည် တွင်းစစ် ရပ်စဲရေးနှင့် ရေရှည်
တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ကို လိုလားပြီး အထက်ပါအချက် နှစ်ချက်အပြင် ပြည်သူများ နေ ထိုင်ရာဒေသများ၌ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများ ရပ်တန့်ရန်၊ တိုင်းရင်းသားအားလုံး လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအမြန်ပေါ်ပေါက်စေရန် နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ဥက္ကဋ္ဌများက အကောင်အထည်ဖော်ပေးရန် သဘောထားထုတ်ပြန်သည်။
ဖုန်ကြားရှင်၏ တပ်ဖွဲ့ကို အစိုးရ ဆွေးနွေးမည်မဟုတ်
တစ်ကျော့ပြန်ကိုးကန့် တိုင်းရင်းသားခေါင်းဆောင် ဖုန်ကြားရှင် ပြန်လည်တည်ထောင်ထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDDA)ကို မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ကြောင်း သတင်းရရှိသည်။
‘‘ဖုန်ကြားရှင်တို့ ကိုးကန့်အ ဖွဲ့က မနေ့တစ်နေ့ကမှ ဖွဲ့လိုက် တာဖြစ်တဲ့အတွက် စကားပြောဖို့ အကြောင်း မရှိဘူး’’ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက 7Day Daily အား ပြောကြားသည်။
တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ဆို
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုရှိစေရန် တန်းတူရည်တူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒတွင် ထည့်သွင်းထားသည်။''တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုအတွက် တန်းတူရည်တူခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဒို့တာဝန်အရေး သုံးပါးကို မထိခိုက်စေဘဲ ဆောင်ရွက်စေရမည်'' ဟု ပါတီ၏ မူဝါဒအတွင်း ထည့်သွင်းထားသည်။
နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့် သံလွင်စီမံကိန်းများ လုပ်ဆောင်ပါကလည်း မြန်မာနိုင်ငံ၌ လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ ရရှိမည် မဟုတ်ဘဲ ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးနေ
မြန်မာနိုင်ငံအတွင်း ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးမှုကို ရရှိနေပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့်သံလွင် စီမံကိန်းကြီးနှစ်ခုကို လုပ်ဆောင်လျှင်ပင် မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ပမာဏကို ရရှိမည် မဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရ၀န်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရ၀န်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ယနေ့ (ဇန်န၀ါရီလ ၁၉) ရက်တွင် နေပြည်တော်၌ ပြန်လည်စတင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၁၂ ကြိမ်မြောက် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် အဂတိလိုက်စားမှု၊ မြေနေရာရရှိမှု အခက်အခဲနှင့် နည်းပညာ အားနည်းမှုတို့သည် အဓိက စိန်ခေါ်နေသည့် အကြောင်းတရားများ ဖြစ်နေကြောင်း ၂၀၁၄ ခုနှစ် OECD အစီရင်ခံစာ၌ ဖော်ပြ
မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey အရ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသည် အဓိကကျသော အတားအဆီး၊ အကန့်အသတ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းတို့အနက် အကျင့်ပျက်ခြစားမှု၊ နည်းပညာအားနည်းမှုနှင့် မြေနေရာရရှိမှု အခက်အခဲတို့သည် အဓိက စိန်ခေါ်နေသည့် အကြောင်းတရားများဖြစ်ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် OECD အစီရင်ခံစာအရ သိရသည်။
KIA (ကချင်) လက်နက်ကိုင် အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ရက်ကွက်များ အတွင်းနှင့် ရဲစခန်းများအား လက်ပစ်ဗုံးများ ၊ မိုင်းများဖြင့် နှောင့်ယှက်တိုက်ခိုက်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လုံးခင်းနယ်မြေ ရဲစခန်းဝင်း အတွင်းသို့ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲ ချိန်ခန့်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် စီးနင်း၍ လက်ပစ်ဗုံး တစ်လုံးဖြင့် အလစ်အငိုက် ပစ်သွင်း ထွက်ပြေး သွားခဲ့ရာ ရဲတပ်ကြပ် ကူရှင်ဖုန်းဆားရ် ၏ ဇနီးဖြစ်သူ ဒေါ်နန်းဆိုင် ၅၂ နှစ်၊ သားဖြစ်သူ ဆခေါင်ဝမ်ဖုန်း ဆားရ် ၂၃ နှစ်၊ တူဖြစ်သူ ဖုန်တီအောင် ၁၈ နှစ်နှင့် ရဲတပ်ကြပ် စောထွန်းအောင် ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာနည်မြင့် ၃၇ နှစ်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ဗကသ ကျောင်းသားများ ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရိုက်နှက်ခံရ
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုတွင် ကျောင်းသားအဖွဲ့သည် ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရပ်ကွက်လူငယ်များက စကားကျယ်လောင်စွာ မပြောဆိုရန် တားမြစ်ခြင်းကို ဗကသ ကျောင်းသားများက လက်မခံဘဲ ညစ်ညမ်းစွာ ပြန်လည်ပြော ဆိုခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ရကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
မဘသအဖွဲ့တွင် မည်သည့်ရာထူးမျှ ယူမထားတော့သော်လည်း လုံးဝပတ်သက်မှုမရှိဆိုခြင်းကတော့မဟုတ်ကြောင်း သီတဂူဆရာတော်မိန့်ကြား
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွင် မည် သည့်ရာထူးမျှ ထမ်းဆောင်တော့ခြင်းမရှိ သည်မှာ မှန်ကန်သော်လည်း အသင်းနှင့် လုံးဝပတ်သက်မှုမရှိတော့ဟုဆိုခြင်းမှာ မဟုတ်ကြောင်း သီတဂူဆရာတော် အရှင် ဥာဏိဿရက ဖလားဝါးနယူးစ်သို့ မိန့် ကြားသည်။
သပိတ်မှောက် ကျောင်းသားများ မြို့ကြီး ၅ ခုကို ဖြတ်၍ ရန်ကုန်မြို့တော်သို့ ချီတက်မည်
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သော သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ မန္တလေးမြို့တော်ရှိ အိမ်တော်ရာ ၁၄ ခန်းဇရပ်မှ မြို့ကြီး ၅ ခုကိုဖြတ်ကာ ရန်ကုန်မြို့တော်သို့ ချီတက်လာမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။
လူ့အခွင့်အရေးကြေညာစာတမ်းအား မြန်မာနိုင်ငံက ချိုးဖောက်ခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခုဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာစာတမ်းပါ အချက်အလက် များအား မြန်မာနိုင်ငံမှ ချိုးဖောက်နေခြင်း သည်မြန်မာပြည်သူများအပေါ်တွင် သာမက ကမ္ဘာ့အလယ်တွင်လည်း ပြစ်ချက်တစ်ခုဖြစ် နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
ဇန်နဝါရီ ၁၇ရက်က ရမည်းသင်း မြို့ရွှေစည်းခုံဘုရားဝင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်ရာပြည့် အကြိုအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ် သည်။
"KIA အဖွဲ့မှ ဖားကန့်-မိုးကောင်း နှင့် ဖားကန့်မြို့အ၀င်အထွက် တံတားများအား မိုင်းထောင်ဖောက်ခွဲသဖြင့် မော်တော်ကားများ သွားလာနိုင်ခြင်းမရှိတော့"
ဇန်နဝါရီ (၁၇) ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အရှည် ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ သစ်သားတံတား ၁ စင်းအား လည်းကောင်း၊၅ နာရီခန့်တွင် အရှည် ၂၄ ပေ၊ အကျယ် ၁၇ ပေ၊ ကွန်ကရစ် တံတား ၁ စင်းနှင့် အရှည် ၂၁ ပေ၊ အကျယ် ၁၄ ပေ၊ ကွန်ကရစ်တံတား ၁ စင်း စုစုပေါင်းတံတား ၃ စင်းအား နန့်ဟိုင်-ကာမိုင်းလမ်းပိုင်းပြုပြင်နေသည့် အောင်မြင့်ကြိုင်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်မှ ယာဉ်မောင်းအား သေနတ်ထောက် အကြပ်ကိုင်ပြီး ဖျက်ဆီးခိုင်းစေခဲ့ရာ ပျက်စီး သွားခဲ့ကြောင်းသိရှိရပါသည်။
အနိမ့်ဆုံးလုပ်ခကို တစ်နေ့ ၈ နာရီနဲ့ အခြေခံတွက်ချက်
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အလုပ် သမား အဖွဲ့အစည်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက်အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောကြားကြ ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အလုပ်ချိန် ၈ နာရီအပေါ် အခြေခံပြီး တွက်ချက်မှာ ဖြစ်တာကြောင့် အချိန် ပိုကြေး၊ အပိုဆုကြေးနဲ့ ရှားပါးစရိတ်တွေကို ထည့်သွင်းသတ်မှတ် မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် တွဲဖက်အတွင်းရေးမှုး မဖြိုးစန္ဒာစိုး က ပြောပါတယ်။
KIA အဖွဲ့မှ အများပြည်သူသုံး လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ မိုးကောင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၉/၃)ရှိ တံတားအမှတ်(၁/၁၀)၊ အရှည်ပေ ၆၀၊ အနံ ၁၂ ပေရှိ သံဘောင်ဘေလီ သစ်သားတံတားအမျိုးအစား( ပါဟုတ်ချောင်းကူးတံတား)အား ဇန်န၀ါရီ ၁၇ ရက် နေ့လည် ၃ နာရီခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရပါသည်။
အဆိုပါတံတား ၏ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ မိုင်တိုင် အမှတ်(၉/၇)ရှိ တံတားအမှတ်(၂/၁၀)၊ အရှည် ပေ ၃၀၊ အနံ ၁၂ ပေရှိ ဘေလီသစ်သား တံတား ( ၁၀ မိုင်ချောင်းကူးတံတား )အား ညနေ ၄ နာရီခွဲချိန် ခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)