Monday, 12 January 2015

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….


ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။

ရွှေမှော်အတွင်းသို့ KIA အဖွဲ့များရောက်ရှိလာသောကြောင့် ရွှေလုပ်သားများ ထွက်ပြေးတိမ်းရှောင်

Photo: ရွှေမှော်အတွင်းသို့ KIA အဖွဲ့များရောက်ရှိလာသောကြောင့် ရွှေလုပ်သားများ ထွက်ပြေးတိမ်းရှောင်
Monday, January 12, 2015

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များသို့ ကချင်လွတ်မြောက်ေ ရး တပ် မတော် (KIA) အဖွဲ့မှ ၀င်ရောက် လာသောကြောင့် ရွှေမှော် လုပ်သား များ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်သော ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လုပ်သားကိုယ်စား လှယ်တစ်ဦး မှပြောပြ သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၉)ရက်နေ့၊ ညနေ(၅) နာရီအချိန်ခန့်တွင် တနိုင်းမြို့နယ် အတွင်းရှိ တလန်ရွှေမှော် အတွင်းသို့ယင်းအဖွဲ့ ရောက်ရှိလာပြီး ညအိပ်တည်းခို ခဲ့ကြကြောင်း ၎င်းရွှေမှော်အတွင်းရှိလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

ဆက်လက်ပြီး ၎င်း KIA အဖွဲ့သည် ဒေသအခေါ် ကျွဲကျောင်းရွှေမှော်၊ အလယ်ရွှေမှော်၊ သက်ကယ်ရွှေမှော်၊ ဂါရှရာရွှေမှော် များသို့သွားရောက်၍ ဆက်ကြေးငွေ ပုံမှန်ပေးသွင်းရန်နှင့် ပုံမှန်ပေးသွင်းခြင်းမရှိပါက KIA အဖွဲ့ အတွင်းသို့ဝင်ရောက်ရမည်ဟု ပြောဆိုသွားကြောင်း ရွှေမှော်အတွင်းရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦး ထံမှသိရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ အခုရက်ပိုင်းအတွင်း KIA အဖွဲ့များ၏ ဆက်ကြေးကောက်ခြင်းသည် လုပ်ငန်း ရှင်များသာမက ရွှေမှော် လုပ်သား များထံမှလည်း ဆက်ကြေးကောက်ခံခြင်း များ ပြုလုပ် လျက် ရှိကြောင်း နှင့် ထိုသို့ပြုလုပ်ခြင်းကြောင့် အောက်သားအချို့ (မန္တလေး၊ မုံရွာ စသည့် မြို့များမှ) ရွှေမှော်များတွင် ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ ပဲ ပြန် သွားကြကြောင်း ဒေသခံရွှေလုပ်သားကိုယ်စားလှယ်တစ်ဦးမှလည်း ပြောပြ ခဲ့ပါသည်။

နိုင်အောင် (တနိုင်း)
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များသို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ၀င်ရောက် လာသောကြောင့် ရွှေမှော်လုပ်သားများ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လုပ်သားကိုယ်စားလှယ်တစ်ဦးမှပြောပြသည်။

မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ

Photo: မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ
Monday, January 12, 2015

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင်နိုင် မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကားများကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။

တပ်မတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုရှုမြင်သဘောထားလဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ သို့သော် သတင်းအချို့အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ သဘောထားမှာ ရောထွေးနေဆဲဖြစ်၏။ တပ်မတော်အနေဖြင့် အခြေခံဥပဒေကိုပြုပြင်ရန် စည်းရုံးနေသော  ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို သဘောမကျဖို့ကများပါသည်။ ထို့ပြင် သူတို့အနေဖြင့် တပ်မတော်၏အာဏာကို မထိပါးမခြိမ်းခြောက်သူ၊ သူတို့နှင့်နီးစပ်သူသမ္မတလောင်းကို ပိုဆန္ဒရှိလိမ့်မည်ဖြစ်သည်။  သူတို့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဟု  အာမခံသေချာမှုမပါဘဲ  တပ်မတော်အနေဖြင့် အရပ်သား သမ္မတလောင်းကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်းပါသည်။

 နောက်တစ်ခုက NLDမှာလည်း  ဒေါ် အောင်ဆန်းစုကြည်ပြီးလျှင် သူ့နေရာကိုဆက်ခံမည့်သူကိုလည်း ထင်ထင်ရှားရှားမတွေ့ရသေးပါ။ ထိုအချက်ကလည်း တပ်မတော်အတွက်စိုးရိမ်စရာဖြစ်ပါသည်။ အထူးသဖြင့် ဘာဖြစ်နိုင်မလဲဆိုသည်ကမသေချာ။   အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် အခြားသူအား ရွေးချယ်ခဲ့ရပါက သမ္မတသက်တမ်းအတွင်း တာဝန်မထမ်းဆောင်နိုင်ဘဲ NLDကိုမထိန်းနိုင်ခဲ့ပါလျှင် ဘာဖြစ်နိုင်မလဲဆိုသည်က မသေချာ။ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာ၊ ခေါင်းဆောင်မှုနှင့်လမ်းညွှန်မှုမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေရာမှာအစားထိုးရှာဖို့NLDအနေဖြင့် အပြင်းအထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာမည့်အရေးကို တပ်မတော်ကစိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။

  ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေကသာ ရင်းနှီးပြီးသားဖြစ်နေသလို အခြေခံအားဖြင့်လည်း ယုံကြည်စရာပိုရှိသည်။ ဥပမာ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်မယူမီမှာ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ စစ်တာဝန်  ထမ်းဆောင်နေစဉ်မှာလည်း KNLA ကို နှိမ်နင်းအောင်မြင်ခဲ့သည့်  ရဲစွမ်းသတ္တိအတွက် သူရဘွဲ့ကိုလည်း ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် ထိုသမိုင်းကြောင်းက သူနှင့်အတူအမှုထမ်းခဲ့သူများအပါအဝင် တပ်မတော်က အရာရှိများ၏  သဘောကျထောက်ခံမှုကိုရဖို့  သေချာစေသည်။

လွှတ်တော်အတွင်းမှာလည်း သူရဦးရွှေမန်းက တပ်မတော်နှင့် တပ်မတော်၏လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွင့်လင်းလင်းစိန်မခေါ်၊ထိပ်တိုက်မတိုးပါ။ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထု၏ တောင်းဆိုချက်အပေါ်မှာလည်း သတိထားပြီး    တုံ့ပြန်ပြောဆို သည်။ လွှတ်တော်ထဲမှာ မြန်မာ့ တပ်မတော်ကို ဝေဖန်နေကြတာ ကို တားမြစ်ပိတ်ပင်ချင်သည်ဟု ပင် သူကပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်ဆီက စိန် ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမကြာမီစစ်တပ်ကနေ အငြိမ်းစားယူတော့မည်ဖြစ်၏။ နိုင်ငံတကာခရီးစဉ်များထွက်ခြင်း၊ သူ၏ဖေ့စ်ဘွတ်ခ်မှသတင်းများ ထုတ်ပြန်ပေးပြီး  ပြည်တွင်းသတင်းစာများမှလူသိအောင်လုပ်ခြင်းဖြင့် သူ၏လူသိထင်ရှားမှုကို  မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လက်ရှိရာထူးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နေရာက လည်း သမ္မတနေရာအတွက် သူ့ အပေါ် တပ်မတော်၏ထောက်ခံမှု ရရှိစေသည်။ တပ်မတော်က လည်း သူရဦးရွှေမန်းထက် သူ့ကို သာပိုပြီး ခေါင်းဆောင်အဖြစ် အလိုရှိမည်ဖြစ်သည်။ သို့သော် လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်၏ထောက်ခံ မှုဖြင့် ထိပ်ဆုံးကပြေးနေသည်ဟု ထင်ရသော်လည်း သမ္မတအဖြစ် သူ့ကိုသာမဲပေးမည်ဟုမဆိုလိုပါ။ သူ့ကို ဒုတိယသမ္မတအဖြစ်ပေး ခြင်းသာ တပ်မတော်အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့်မည်ဟုတွက် ဆထားကြမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က အခြား သမ္မတနေရာ  ယှဉ်ပြိုင်သူများ အတွက် တပ်မတော်ထောက်ခံမှု ကို ရသည့်နေရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော  သမ္မတအဖြစ်ပါ တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူတာဝန်ထမ်းဆောင်စဉ်တွင် လည်း တချို့ပြဿနာများ၌ လူထုကိုထိန်းချုပ်မှုမလုပ်နိုင်ခြင်းကလွဲပြီး ဦးသိန်းစိန်က တပ်မတော်ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ သူ၏ လူထုမိန့်ခွန်းများတွင်လည်း သူကမြန်မာ့နိုင်ငံရေးနှင့်   နိုင်ငံရေး ပြောင်းလဲမှုမှာ တပ်မတော်၏ အရေးပါပုံနှင့်  အခန်းကဏ္ဍကို ထုတ်ဖော်ပြောတတ်သူဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ အတွက် နိုင်ငံတကာမှာ မျက်နှာပန်းလှသူလည်းဖြစ်သည်။ ထိုကဲ့သို့ဦးဆောင်ဦးရွက်နေရာမှာ ပြု ပြင်ပြောင်းလဲရေးသမားသမ္မတမျိုးကို ရရှိခြင်း၏ တန်ဖိုးကိုလည်း တပ်မတော်ကသဘောကျစရာရှိ သည်။ ထို့အပြင် လောလောလတ် လတ်စစ်တပ်ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကဲ့သို့ လူမျိုးကလည်း ရွေး ကောက်ပွဲ ပြီးပြီးချင်းအချိန်မှာ တပ်မတော်ကတန်းပြီး သမ္မတခန့် အပ်ချင်သည့် အနေအထားပုံရိပ် မျိုးမဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အနေဖြင့် နောက်ထပ် သမ္မတသက်တမ်းအပြည့် တာဝန် မထမ်းဆောင်ချင်လျှင်ပင် သူက တပ်မတော်၏ထောက်ခံမှုရရန် အခြေအနေကောင်းသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို ဒုတိယသမ္မတနေ ရာအတွက်ထောက်ခံပြီး ဦးသိန်း စိန်က သမ္မတရာထူးမှဆင်းပေး သည့်အခါမှသာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစားတာလည်း ဖြစ်နိုင်သည်။

တပ်မတော်၏သြဇာလွှမ်းမိုးမှုကို လျစ်လျူရှုထား၍မရပါ။ တပ်မတော်အနေဖြင့် သူ၏ပြုပြင် ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်နေလိုပါက လွှတ် တော်ထဲမှာ စစ်တပ်၏ ၂၅ ရာခိုင် နှုန်းပါဝင်မှုထက်ပိုပြီး ညီမျှအောင်ပြုပြင်ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လွှတ်တော်နှင့် နိုင်ငံတော်သမ္မတရွေးချယ်ရွေးအဖွဲ့က အရပ်သားအဖွဲ့များ၏ ပါဝင်ဖွဲ့စည်းမှုကိုသက်ရောက်လာနိုင်သည်။

နိုင်ငံတော်သမ္မတရွေးချယ်ရေးအဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏အကျိုးစီးပွားကိုလိုလားသောသမ္မတလောင်းကိုသာမဲပေးရွေးချယ်ဖို့ရှိပါသည်။ ထို့ အတူ နောင်သမ္မတလုပ်မည့်သူ မှာ စစ်သားမျက်နှာမဟုတ်သည့် သူကသာ သူတို့အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်းသိမြင်သဘောပေါက်နေသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့တွင် အုပ်စုတစ်ခုမှာ စစ် တပ်ကိုယ်စားလှယ်အမတ်များ ဖြစ်သည်။ တခြားအုပ်စုနှစ်ခုမှာ အရပ်သားလွှတ်တော်အမတ်များ ဖြစ်သည်။ ရွေးကောက်ပွဲပြီးသည် အထိ မည်သူတွေအတိအကျပါ မည်ဆိုတာ မသိနိုင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက်များလုပ်နိုင်ပါသည်။

ရွေးကောက်ပွဲကိုသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသပိတ်မမှောက်ဘဲပါဝင်ခဲ့မည်ဆို လျှင် သူတို့အနေဖြင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့မှာ အ မတ်နေရာအများစု ရလောက် အောင် ရွေးကောက်ပွဲမှာ သိသိ သာသာနိုင်မည့်အနေအထားရှိ သည်။ သို့သော် ရွေးကောက်ပွဲ သည် တရားမျှတလွတ်လပ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးအ ဖွဲ့ကလည်း တကယ့်လွှတ်တော် ၏ အချိုးအစားပါဝင်ဖွဲ့စည်းမှုကို တိတိကျကျကိုယ်စားပြုသက် ရောက်မည်ဟု ယူဆနိုင်မည့် အ ခြေအနေတွင်မှသာ ဖြစ်လာနိုင်ပါ သည်။

 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရအ ရာရှိဟောင်းများက အရပ်သား လွှတ်တော်အမတ်အုပ်စုထဲတွင် အများဆုံးရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်ခေါ်အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းရင်းသားအုပ်စုပါတီများက မူ သြဇာရှိသော ကိုယ်စားလှယ်အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့သည် အဓိကပါတီကြီးနှစ်ခုမှ လွှတ်တော်အမတ်များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ထင်ရှားသော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြားဒီမိုကရေ စီပါတီများမှ ထောက်ခံမှုကိုရရှိ မည် ဖြစ်ပါသည်။ တချို့တိုင်းရင်း သားပါတီများက သူ့ကိုသိပ်မ ထောက်ခံသော်လည်း တချို့တိုင်း ရင်းသားပါတီ   အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးကို ရရှိရန် တရားမ၀င်ဖြစ်နေဆဲရှိနေသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏  လတ်တလောပြောကြားချက်အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ သည်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာတွေဆက်လုပ်မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံမလဲဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူက ဒေါ်စုနေရာကို ဆက်ခံမလဲဆိုတာနှင့် ပတ်သက်ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ်NLD ကနေ သမ္မတကိုယ်စား လှယ်လောင်းကို ရွေးချယ်ဖို့ ဆို တာကလည်း ခက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ထက် ရာထူးကြီးသော နေရာကို ရမည့်သူ တစ်စုံတစ်ဦးကို လူအများစုက သူမ၏ ရုပ်သေးရုပ်ဟုသာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ရိုက်တာသတင်းဌာနက NLDသည် သူရဦးရွှေမန်းကို ထောက်ခံမည်ဟု သတင်းရေးသားခဲ့သည်။ သို့သော် ချက်ချင်းပင် သူတို့က ငြင်းချက်ထုတ်ပြန်ခဲ့၏။ သို့သော်လည်း မကြာသေးမီက ထပ်မံထွက်ပေါ်လာသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉ (စ) အရ သမ္မတမဖြစ်နိုင်လျှင် ဦးရွှေမန်းအကူအညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူလိမ့်မည်ဟု ပါတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်းမှားယွင်းကြောင်း ဒီချုပ် က သတင်းထုတ်ပြန်ထားသည်။

  မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်းတို့၏ ဆက်ဆံရေးက ပိုတိုး တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကိုချီတက် ရာတွင် အတူတကွ ပူးပေါင်းလုပ် ကိုင်ကြမည့် သဘောရှိ၏။ ထို့အ တူ တစ်ယောက်၏ ထောက်ခံမှု တန်ဖိုးကို တစ်ယောက်က အပြန် အလှန်သဘောပေါက်သိမြင်ကြ သည့် သဘောရှိပြီး တစ်ဦးချင်းစီ ၏ ပန်းတိုင်အတွက် တစ်ယောက်ကို တစ်ယောက်က အသုံးပြုနေ ကြသည်။ အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက ထိုအချက်က ဦးရွှေ မန်းအနေဖြင့် လွှတ်တော်အသစ် နှင့် နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။

        သို့သော်လည်း သူရဦးရွှေမန်းအနေဖြင့် ဂုဏ်သိက္ခာ၊ နာမည်သတင်းကိစ္စများကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမ တိုင်မီက အကဲခတ်အချို့က ဦး ရွှေမန်းသည် သမ္မတခန့်အပ်ခံရ မည်ဟု ခန့်မှန်းခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော်ခဲ့သည်။ အချို့ကမူ စစ်ဗိုလ်ချုပ်များတွင် ဦးသိန်းစိန်က နာမည်အကောင်းဆုံး  သူဖြစ်သည့်အတွက်ကြောင့် အစိုး ရအသစ်အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်းက သူ့ရာထူးကို သူ့မိသားစု၏ စီးပွား ရေးအကျိုးအတွက် အသုံးချခဲ့ သည်ဟု သတင်းများလည်း ထွက် နေသည်။ သူတို့ကတော့ အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေဟု သိကြသော စီးပွား ရေးသမားများကို လက်ခံသည့် ပုံ ပြသော်လည်း စစ်ခေါင်းဆောင် က ပထမအကြိမ်ပွဲထုတ်ရန် မစဉ်းစားခဲ့သူတစ်ဦးကို NLD ကကော ထောက်ခံအားပေးချင်ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်းကို တကယ်မယုံကြည်တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်တစ်လော ကြေညာချက်က NLD ပါတီဝင်အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ NLD  အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်းကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင်သူအဖြစ် မြင်နေသည်ဆိုလျှင် တခြားကိုယ်စားလှယ်တစ်ဦးကိုလည်း ရွေးချယ်ပြီးသဘောတူညီ ချက်ရအောင် လုပ်ကောင်းလုပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် NLD နိုင်ငံ ရေးအရင်းအနှီးကို ရလာနိုင်မှာ ဖြစ်သလို စစ်တပ်မှာလည်း တည်ငြိမ်မှုနှင့် သြဇာအာဏာတိုးလာ နိုင်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ဝေဖန်ပြောဆိုမှုလည်းမလုပ်သလောက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဘယ် ဘက်ယိမ်းမည်ဆိုတာကိုလည်း မှန်းဆရခက်၏။ သို့သော် ဦးသိန်းစိန်ကမူ ခိုင်မာအားကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုကာလမှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သူ တစ်ဦးအဖြစ် လူထုထောက်ခံမှုကိုဦးရွှေမန်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် ပိုရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ စစ်တပ်၏ လွှမ်း မိုးမှုမည်မျှရှိမည်ကို မသိရသေး သော်လည်း သူတို့အလိုရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် က တိုင်းရင်းသားလက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့ပါက တိုင်းရင်းသားပါတီများနှင့် ဒီမိုက ရေစီအုပ်စုများ၏ ထောက်ခံမှုကို လည်း ရနိုင်သေးသည်။ ထို့အတူ မြန်မာစစ်တပ်က တိုင်းရင်းသား အုပ်စုများကို ဆက်တိုက်တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်း ရင်းသားများ၏ ထောက်ခံမှုရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန်ကို ထောက်ခံခြင်းရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည်က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို လူသိရှင်ကြားမဝေဖန် သော်လည်း ဦးသိန်းစိန်ကို လူသိ ရှင်ကြားဝေဖန်ထားတာရှိသည်။

ဦးသိန်းစိန်အနေဖြင့် နောက် တစ်ကြိမ် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရန် တာဝန်ယူပါက သက်တမ်းအပြည့်မဟုတ်ဘူးဆို လျှင် သည်အချက်က ပြဿနာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာမလွှဲ မီမှာ သူ့အနေဖြင့် နှစ်အနည်းငယ် သမ္မတတာဝန်ယူထမ်းဆောင်ရန်အတွက်တော့  အားပေးထောက် ခံမှု လုံလုံလောက်လောက်ရကောင်းရနိုင်ပါလိမ့်မည်။

(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)

7Day DAILY
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင်နိုင် မည့် ပုံမရှိချေ။

တယ်လီဖုန်းပြောဆိုခနှင့်ပြည်သူ့အသံ

Photo: တယ်လီဖုန်းပြောဆိုခနှင့်ပြည်သူ့အသံ
Monday, January 12, 2015

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး ဆက်သွယ်ရေးကွန်ရက်ပျံ့နှံ့မှုအရှိဆုံး မြန်မာ့ဆက်သွယ်ရေး(MPT)က ၎င်းတို့၏ ၀န်ဆောင်ခများကို လက်ရှိနှုန်းထက် လျှော့ချသည့် အစီအစဉ်သစ်များအား ဇန်န၀ါရီ ၉ရက်တွင် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ စတင်အသိပေးခဲ့သည်။ ဇန်န၀ါရီ ၁၂ရက်တွင် စတင်မည့် ‘ဆွေသဟာ’အမည်ရှိ ၀န်ဆောင်မှုအသစ်နှင့်ပတ်သက်၍ MPTဖုန်းသုံးစွဲနေသူများ၏ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ကိုပိုင်မိုးထက်
ဥပဒေ ပထမနှစ်ကျောင်းသား(ဒဂုံတက္ကသိုလ်)
MPTက ဒီလိုမျိုး စီစဉ်လိုက်တာဆိုတော့ အရင်တုန်းကထက် စာရင်တော့ ကောင်းသွားမှာပါ။ ဖုန်းဘီလ်လည်း လျှော့လိုက်တယ်ဆို တော့ အဆင်ပြေမှာပါ။ အခုလက်ရှိတော့ MPT ဆင်းမ်ကတ်ကိုင်ထား တယ်။ အသစ်သတ်မှတ်လိုက်တဲ့ ဖုန်းခေါ်ဆိုခ ဈေးလျှော့လိုက်ပေမယ့် အင်တာနက်သုံးစွဲခ တိုးလိုက်တာကတော့ တကယ်လိုင်းကောင်းမယ်ဆို ရင်တော့ အဆင်ပြေတယ်။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းမြန်နှုန်းကို ဒီထက်ပိုပြီး ကောင်းစေချင်တယ်။ ခုလက်ရှိ MPTက သတ်မှတ်လိုက်တဲ့ အင်တာနက်အသုံးပြုခကို ထပ်ပြီးတော့ လျှော့စေချင်တယ်။ ဘယ်လောက်မြန်နှုန်းနဲ့ လုပ်လုပ် သတ်မှတ်ထားတဲ့ ဈေးက တခြားဖုန်းလိုင်းတွေထက်စာရင်မြင့်နေသေးတယ်။

ကိုသားကြီး
(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဖုန်းသုံးတာတော့ တယ်လီနော၊ MPT နှစ်ခုသုံးတယ်။ ဖုန်းလိုင်း သက်သက် ဆက်တာများတာတော့ MPT နဲ့ ဆက်တယ်။ အင်တာ နက်လိုင်းသုံးတာကတော့ လောလောဆယ် တယ်လီနောသုံးတယ်။ လိုင်းလည်း မဆိုးဘူး။ ဒေါင်းလုတ်ဆွဲရင်တော့ ပိုက်ဆံဖြတ်တယ်။ ဖြတ် လိုက်တဲ့ ပိုက်ဆံကိုလည်း မက်ဆေ့ခ်ျပို့နေတော့ ဘယ်လောက်ငွေကျန် လဲဆိုတာ သိတယ်လေ။ ခုလို MPTက ဖုန်းခေါ်ဆိုခကို ဒီလောက်ပဲ ချမယ်လို့ မထင်ဘူး။ ဘာလို့လည်းဆိုတော့ တခြားကတ်တွေက အင် တာနက်ဖိုးသွင်းရတာ မဟုတ်ဘူး။ သူက အရင်ဆုံးပေါ်ပြီး ပြည်သူတွေ ငွေအများကြီး ပေးကိုင်ခဲ့တာတောင်မှ အခုထက်တိုးကောက်တယ်ဆိုတော့ ပြည်သူတွေအပေါ်ထားတဲ့ သူတို့စေတနာလို့ပဲ မြင်ပါတယ်။ ပိုက်ဆံပိုပေးရတာထက် သူတို့ဝန်ဆောင်မှု ဘယ်လိုပိုပေးမလဲ စောင့်ကြည့်ရမယ

ကိုရဲဇော်မောင်
(JJ mobile ဖုန်းအရောင်းဆိုင်)
ဖုန်းကလည်း MPT ပဲသုံးတဲ့သူများမယ်။ အခုထိ MPT ငွေဖြည့် ကတ်က ရောင်းအားကျမသွားဘူးလေ။ အခုဆွေသဟာအစီအစဉ်ကို လည်း ဖုန်းအသုံးပြုသူတော်တော်များများက သဘောမကျကြဘူး။ ဖုန်း ချည်းပဲခေါ်ဆိုချင်သူတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တယ်လီ နောတို့လောက် ဈေးမချိုပြန်ဘူး။ အင်တာနက်ကတော့ MPT ကပို ကောင်းသလိုပဲ။ တော်တော်များများကလည်း MPT နဲ့ တခြား ၁,၅၀၀ တန်နှစ်ကတ်ပေါင်းသုံးကြတာ။ ကျွန်တော်ကတော့ ဆွေသဟာလည်း မသုံးဘူး။ ဘာမှလည်း ပိုထူးမလာဘူး။်။

မသန္တာဖြိုး
(ကုမ္ပဏီဝန်ထမ်း)Jaymart Mobile (Junction Square)
ဒီအစီအစဉ်က ဖုန်းဘီလ်က အဆင်ပြေပေမယ့် အင်တာနက် အသုံးပြုခကတော့ တခြားဖုန်းလိုင်းတွေထက် ပိုများနေတော့ အင်တာ နက်လိုင်းမကောင်းဘူးဆိုရင်တော့ မထူးပါဘူး။ ခုလက်ရှိတော့ MPT နဲ့ တယ်လီနောနှစ်မျိုးလုံးသုံးပါတယ်။ တယ်လီနောကိုတော့ အင်တာ နက်သုံးပါတယ်။ ဖုန်းပြောဖို့ကျတော့ MPTလောက် လိုင်းကသိပ် မကောင်းဘူး။ အခုအစီအစဉ်သစ်က လိုင်းကောင်းမယ်ဆိုရင်တော့ ပို ပြီးအဆင်ပြေမှာပါ။ အရင်အတိုင်းပဲ လိုင်းမကောင်းရင်တော့ ပေးရတာ မတန်ဘူး။ ဖုန်းဘီလ်ရော၊ အင်တာနက်ခရောက တခြားလိုင်းတွေ ထက် ပိုများနေသေးတယ်။ ဖုန်းသုံးစွဲသူတစ်ယောက်အနေနဲ့ အင်တာ နက်ဝန်ဆောင်မှုကို ဒီထက်ပိုကောင်းအောင်လုပ်ပေးစေချင်တယ်။ နယ် ဘက်တွေကိုတော့ ဖုန်းလိုင်းတွေ ဒီထက်ပိုပြီး ကောင်းစေချင်ပါတယ်။

မအေးသူဇာမြမောင်
အယ်ဒီတာ (စွယ်စုံမီဒီယာဂရု)
အခုလုပ်တဲ့ဆွေသဟာကိုပြောရရင် MPT က သူနိုင်သလောက်ကို စပြောင်းတာလို့မြင်တယ်။ ဘာပဲဖြစ်ဖြစ် သုံးစွဲသူတွေအတွက် ရွေးချယ် စရာပိုများလာတယ်လို့ဆိုရမယ်။ အူရီးဒူးနဲ့တယ်လီနောတို့လည်း အစီ အစဉ်တွေလုပ်နေတာပဲ။ ဆက်သွယ်ရေးပိုင်းမှာ ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ MPT ကသုံးစွဲသူတွေအတွက် တန်းတူကြေးသတ် မှတ်ထားပေးမယ်ဆို ပိုကောင်းလာမယ်။ အခုလိုအစီအစဉ်တစ်ခုသီးသန့် လုပ်ပြီး သတ်မှတ်တာသဘောမကျဘူး။ အခုဈေးလျှော့ပေးတယ်ဆိုတာ ကလည်း ပြည်သူတွေကို နားလှည့်ပါးရိုက်တာလို့မြင်တယ်။

ဦးစိုးသီဟနောင်
နည်းပညာအရာရှိချုပ် (Open Myanmar Intiative)
ကျွန်တော့်အမြင်ပြောရရင် လူသုံးများလာတာနဲ့အတူ ဝန်ဆောင်ခ တွေကျလာမှာပဲ။ အခု ဆက်သွယ်ရေးက ပြည်ပအော်ပရေတာနှစ်ခုလို ဈေးနှုန်းအတူတူမသတ်မှတ်တာက ထိန်းညှိဆောင်ရွက်လိုက်တယ်လို့ မြင်တယ်။ အခု ကျွန်တော်က MPT လိုင်းကတ်ကို အဝင်ဖုန်းအနေနဲ့ပြော တယ်။ အထွက်ခေါ်ဆိုမှုနဲ့ အင်တာနက်ကို တယ်လီနောလိုင်းကတ်နဲ့ သုံးတယ်။ အမှန်က အင်တာနက်ဆိုတာတော့ Volume Based အနေနဲ့ ကောက်ခံရမှာပေါ့။ ဒါပေမဲ့ လက်ရှိကောက်ခံတဲ့ဈေးနှုန်းကို အများစု ကများတယ်လို့ဝေဖန်နေကြတယ်။ အဓိကဖြစ်စေချင်တာကတော့ အရည်အသွေးကောင်းမွန်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုကို သုံးစွဲချင် တာပါပဲ။

မနွေးနွေး
(ရူပဗေဒနောက်ဆုံးနှစ်)
တယ်လီဖုန်းဆင်းကတ်ကတော့ နှစ်မျိုးသုံးတယ်။ အမ်ပီလီနဲ့ တယ် လီနောပါ။ အင်တာနက်ကတော့ တယ်လီနောကို ပိုသုံးတယ်။ သူက လိုင်းပိုကောင်းတယ်လေ။ ခုလို ဈေးလျှော့ပေးမယ်ဆိုတော့ မျှော်လင့်  ထားတာနဲ့တော့ မတူဘူး။ သူတို့ဈေးနှုန်းက ဒီထက်လျှော့ပေးမယ်လို့ ထင်ထားတာလေ။ လိုင်းမကောင်းတော့ MPTနဲ့ အင်တာနက်လိုင်း မသုံးတာ ကြာပြီ၊ တယ်လီနောက ပိုအဆင်ပြေတယ်။ ဈေးလျှော့ပေးမယ် ဆိုပြီး ဖုန်းခကလည်း သူများထက် များနေသေးတယ်။ ခုကျတော့ အင် တာနက်ဈေးကလည်း များလာပြီ။ လောလောဆယ်တော့ အဆင်ပြေတာပဲ သုံးမယ်။

ကိုဝဏ္ဏအောင်(အစိုးရ၀န်ထမ်း)
တာမွေမြို့နယ်
MPTရဲ့ အစီအစဉ်သစ်က ဖုန်းဘီလ်တော့ လျှော့ထားပေမယ့် အင်တာနက်ဝန်ဆောင်ခကတော့ ပိုများနေတယ်။ ခုလက်ရှိတော့ MPT နဲ့ တယ်လီနောနှစ်မျိုးကိုင်ပါတယ်။ တယ်လီနောကိုင်ရတယ်ဆို တာ ဖုန်းခေါ်ဆိုခ တန်လို့ပါ။ ဒါပေမဲ့ MPTလောက် လိုင်းမကောင်းဘူး။ တကယ်ဆိုရင် သူများလိုင်းတွေလုပ်လို့ လိုက်လုပ်နေတာပါ။ တကယ် တမ်းလုပ်ချင်ရင် MPT က အစကတည်းက ပိုကောင်းအောင်လုပ်နိုင် တယ်ထင်တယ်။ တစ်နိုင်ငံလုံးမှာ လူသုံးအများဆုံးပဲလေ။ အခုလည်း အင်တာနက်လိုင်းကို ဒီထက်ပိုကောင်းအောင် လုပ်ပေးစေချင်ပါတယ်။

ကိုအောင်ကို
ဆိပ်ကြီးခနောင်တို
ခေါ်ဆိုခတွေ ဈေးလျှော့ပေးမယ်လို့ပြောပြီး ထင်ထားသလောက် လည်းမဟုတ်ဘူး။ အခုဆွေသဟာအစီအစဉ်ဆိုတာကလည်း ဖုန်းပဲ ပြောပြီး အင်တာနက်လုံးဝမသုံးရင်တော့ အရင်ထက်ဈေးတော့ သက် သာသွားမှာပေါ့။ ဖုန်းလိုင်းကျတော့လည်း တချို့နယ်ဘက်တွေမှာ MPT ကပဲ ပိုမိတယ်။ ခေါ်ဆိုခတွေကို ၂၀ လောက်ပဲထားစေချင်တယ်။ အင် တာနက်ကိုလည်း တတ်နိုင်သလောက်လေးတော့ လျှော့ဖို့မျှော်လင့်ပါ တယ်။

ကိုရဲသူ
ကုမ္ပဏီဝန်ထမ်း
အစက ခေါ်ဆိုခတွေပဲထက်ဝက်လောက်လျှော့တော့မလို၊ ဈေးပဲ သက်သာသွားတော့မလိုနဲ့ နောက်တော့ပိုက်ဆံယူလို့ကိုမဝနိုင်သေးဘူး လို့ပဲထင်တယ်။ ဟို ၁,၅၀၀ တန်တွေကလည်း အခုထိအချိုးမပြေသေး တော့ လက်ရှိက MPT ပဲအားကိုးနေရတာ။ ဖြစ်နိုင်ရင် သုံးကိုမသုံးချင် တာ။ နောက်ပိုင်းလည်း ဘယ်လိုအော်ချက်တွေထုတ်ပြီးလာဦးမလဲမသိဘူး။ ဈေးလျှော့တာကို မျှော်လင့်နေတာထက်စာရင် ဖုန်းခေါ်ဆိုတာ တွေပဲလျှော့ရတော့မှာပေါ့။

ကိုစိုးသူ
မြောက်ဥက္ကလာပ
လက်ရှိက အူရီးဒူးနဲ့ MPT ကိုလှည့်သုံးနေတာ။ ဖုန်းခေါ်ရင် အူရီဒူး နဲ့။ အင်တာနက်ဆို MPT နဲ့။ အခုဆွေသဟာလာတော့လည်း ကိုယ်နဲ့ အဆင်မပြေတော့ အခုသုံးနေတဲ့အတိုင်း နှစ်ကတ်ပဲသုံးရမှာပေါ့။ ဘယ် တတ်နိုင်မလဲ။ အားလုံးအဆင်ပြေတာမှမရှိတာ။ လိုင်းကတော့ MPT က ပိုကောင်းတယ်လို့ထင်တာပဲ။ ဟိုဆင်းမ်ကတ်ကုမ္ပဏီနှစ်ခုကလည်း မစွံပါဘူး။ သူတို့ရှိတော့ MPT ဒုက္ခကကင်းပြီမှတ်တာ။ ဘာမှမထူးဘူး။

ကိုရဲမာန်အောင်
(Developer)
ပြည်သူတွေအတွက် လုံးဝစိတ်ပျက်စရာအစီအစဉ်ပါ။ မူလထက် ဈေးလျော့သွားပေမယ့် ပြိုင်ဘက် ပြည်ပကုမ္ပဏီတွေထက်မလျော့ရင် တောင် ဘာကြောင့်တန်းတူမထားပေးလဲဆိုတာ နားမလည်ဘူး။ စိတ်ကုန်ဖို့ တော်တော်ကောင်းတယ်။ အင်တာနက်နှုန်းထားကလည်း Volume Based ကောက်တာချင်းအတူတူ သူများတွေထက်ဈေးများတာကလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဖုန်းလိုင်းကြည်ကြည်လင်လင်နဲ့  သင့်တော်တဲ့ဈေး၊ သင့်တော်တဲ့အင်တာနက်နှုန်းထားနဲ့ ချပေးနိုင်မယ့် အော်ပရေတာကို မျှော်လင့်မိပါတယ်။ မျှော်လင့်တဲ့အထဲမှာ MPT တော့မပါတော့ဘူး။

ကိုသိန်းစိုး(၀န်ထမ်း)
မြန်မာ့ရှေ့ဆောင်ဘဏ်
ဒီလိုမျိုး စီစဉ်တာ ကောင်းပါတယ်။ ၀န်ဆောင်မှုကို ကုမ္ပဏီတစ်ခု နဲ့တစ်ခု အပြိုင်အဆိုင်ပေးကြတော့ သုံးရတဲ့သူတွေအနေနဲ့ အကောင်း ဆုံးကို ရွေးချယ်ပြီး သုံးနိုင်လာပြီပေါ့။ ခုလက်ရှိတော့ MPTနဲ့ တယ် လီနောနှစ်မျိုးသုံးပါတယ်။ ကုန်ကျစရိတ်ချင်းတူမယ်ဆိုရင် MPT ကို ပဲ ဆက်သုံးချင်ပါတယ်။ လိုင်းကလည်း တခြားလိုင်းတွေထက် ပိုမိပါ တယ်။ ဖုန်းလိုင်းကောင်းမယ်၊ အင်တာနက်လိုင်း ပိုကောင်းလာမယ်ဆို ရင်တော့ ဒီလိုမျိုးဈေးနဲ့ သုံးရတာ အဆင်ပြေပါတယ်။ သုံးစွဲသူက ကုန်ကျစရိတ်နည်းတာကို ကြိုက်ပေမယ့် လိုင်းမကောင်းရင်တော့ ဘာမှ မထူးပါဘူး။ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ ဘောနပ်စ်ပေးတဲ့ အစီ အစဉ်လေးတွေကို ဒီထက်ပိုပြီး လုပ်ပေးစေချင်ပါတယ်။

ကိုဟိန်းလတ်သူ
ပြည်မြို့
အခုပြောင်းလိုက်တဲ့အစီအစဉ်က မကောင်းဘူးလို့ပြောရမှာပဲ။ တကယ်ဆို ပြည်သူတွေစိတ်ကျေနပ်မှုရအောင် လျှော့ပေးသင့်တယ်။ တခြားအော်ပရေတာတွေနဲ့အတူတူ ဈေးနှုန်းဖြစ်သင့်တယ်လို့ထင်တယ်။ နောက်ပြီး အင်တာနက်ကလည်း အရင်က နာရီနဲ့ယူတာ။ အခုက 1 MB ကို ၁၅ ကျပ်နဲ့ယူတာဆိုတော့ တခြားအော်ပရေတာတွေထက်လည်း ဈေးကြီးတယ်။ အင်တာနက်လိုင်းကရော အရင်ကလိုပဲလား။ ပိုပြီး ကောင်းမှာလားလည်းသိချင်တယ်။ အရင်ထက်ပိုကောင်းရင်တော့ မဆိုး ပါဘူး။  MPT ကိုတော့ အခုဈေးနှုန်းအတိုင်းဆို စိတ်မဝင်စားဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ အရင်ဆုံး တခြားအော်ပရေတာတွေနဲ့အတူတူ ဈေးချပေးနိုင်ရင်ကောင်းလိမ့်မယ်။

ကိုရဲမြတ်မင်း
Developer (ကမာရွတ်မြို့နယ်)
ကျွန်တော်ကတော့ စောင့်ကြည့်နေတုန်းပါ။ ဘာလို့လဲဆိုတော့ MPT က တခြားအော်ပရေတာတွေထက် ကွန်ရက်ပိုကျယ်ပြီး နေရာ တိုင်းမှာ သုံးလို့ရတဲ့အတွက် ဈေးကတော့ နည်းနည်းများပေမယ့် လိုင်းပို ကောင်းမယ်ဆိုရင် ပုံမှန်သုံးဖြစ်မှာပါ။ အခြေခံလူတန်းစားတွေအတွက် ဆိုရင်တော့ တယ်လီနောက ပိုအဆင်ပြေမယ် ထင်တယ်။ 1MB  ၁၅ ကျပ်ဆိုရင်တော့ သာမန်သတင်းကြည့်ရုံနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ လူတွေအတွက်ကတော့ များလွန်းတယ်လေ။ ဗီဒီယိုတွေကြည့်မှ ပိုက်ဆံ ဖြတ်တာမျိုးပေါ့။ အဲလိုလုပ်ပေးလိုက်မယ်ဆိုရင်တော့ တန်သွားမယ်လို့ မြင်ပါတယ်။ ဒီအတိုင်းပဲဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ကျွန်တော်ကတော့ Unlimited Data Plan ကိုပဲ စောင့်နေပါတယ်။ အော်ပရေတာ သုံးခုလုံးဆီကပေါ့။

မဝေမွန်ထွန်း
AM Mobile လှည်းတန်း
စောင့်တော့စောင့်ကြည့်ရဦးမှာပဲ။ အခုကာစတန်မာတွေထဲမှာ လည်း လူငယ်တွေက စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ အင်တာနက် အသုံးပြုခကများနေတယ်။ လူကြီးတွေကတော့ ဖုန်းခေါ်ဆိုတဲ့စနစ်တွေ က အမျိုးမျိုးသတ်မှတ်ထားတော့ ရှုပ်တယ်လို့ပြောနေကြတယ်။ တစ်လ လောက် စမ်းသုံးကြည့်မယ့်လူတွေတော့ တော်တော်များတယ်။ ဖုန်း လိုင်းကတော့ MPTကိုပဲ သုံးဖြစ်တယ်။ သူက ဘယ်အချိန်ခေါ်ခေါ် အဆင်ပြေတယ်။ လိုင်းပြတ်တာတွေ၊ ဘာတွေလည်းမရှိဘူး။ အင်တာ နက်ကိုတော့ တယ်လီနောနဲ့ အူရီးဒူးကိုပဲသုံးတယ်။ တကယ်တော့ MPT အနေနဲ့ တခြားအော်ပရေတာတွေက သူတို့အပေါ်မှာ မှီခိုနေရတာ။ အဲဒါကြောင့် တခြားအော်ပရေတာထက် ဈေးပိုပြီးတောင်လျှော့ပေးနိုင် သေးတယ်။

ကိုထက်ကောင်းကင်
ကန်ထရိုက်တာ
ဒီအစီအစဉ်လေးက ကောင်းပါတယ်။ နယ်တွေမှာက တယ်လီနော နဲ့ အူရီးဒူးမမိတဲ့နေရာတွေ ကျန်သေးတယ်လေ။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့စာရင် MPT က လူသုံးစွဲမှု အများဆုံးပဲလေ။ ရန်ကုန်မှာက ဖုန်း လိုင်းတွေက နယ်လောက်သုံးရတာ ခက်ခဲမှုမရှိဘူးဆိုတော့ မြို့နေလူ တန်းစားအတွက်တော့ ကျန်တဲ့ဖုန်းလိုင်းတွေနဲ စာရင်း MPT ရဲ့ ဖုန်း ဘီလ်နဲ့ အင်တာနက်အသုံးပြုခဈေးက မြင့်နေတုန်းပဲ။ ခုလက်ရှိတော့ အမ်ပီတီနဲ့ တယ်လီနောဆင်းမ်ကတ် နှစ်မျိုးလုံး သုံးနေပါတယ်။ MPT ကိုပိုပြီး အသုံးများပါတယ်။ ဖုန်းလိုင်းပိုမိလို့ပါ။ အခုလုပ်တဲ့အစီအစဉ် သစ်မှာ အင်တာနက်လိုင်းက ကျန်တဲ့ဖုန်းလိုင်းတွေထက် ပိုကောင်းရင် တော့ အဆင်ပြေပါတယ်။ အသုံးပြုခ ပိုပေးရတယ်ဆိုပေမယ့်သုံးရတာ ပိုအဆင်ပြေမယ်ဆိုရင် ပေးရတာ တန်ပါတယ်။

7Day DAILY
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး ဆက်သွယ်ရေးကွန်ရက် ပျံ့နှံ့မှုအရှိဆုံး မြန်မာ့ဆက်သွယ်ရေး(MPT)က ၎င်းတို့၏ ၀န်ဆောင်ခများကို လက်ရှိနှုန်းထက် လျှော့ချ သည့် အစီအစဉ်သစ်များအား ဇန်န၀ါရီ ၉ရက်တွင် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ စတင်အသိပေး ခဲ့သည်။ ဇန်န၀ါရီ ၁၂ရက်တွင် စတင်မည့် ‘ဆွေသဟာ’အမည်ရှိ ၀န်ဆောင်မှုအသစ်နှင့်ပတ်သက်၍ MPTဖုန်းသုံးစွဲနေသူများ၏ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

သရုပ်ဆောင် အနုပညာက ထင်ထားတာထက် ပိုနက်ရှိုင်းတယ်ဆိုတဲ့ ရတနာဗို

Photo: သရုပ်ဆောင် အနုပညာက ထင်ထားတာထက် ပိုနက်ရှိုင်းတယ်ဆိုတဲ့ ရတနာဗို
Monday, January 12, 2015

အနုပညာပျိုးခင်းက ရွေးချယ်ခံရပြီးနောက် သရုပ် ဆောင်အသစ်တစ်ယောက် အနေ နှင့် ဇာတ်ကားများစတင်ရိုက်ကူး နေသော ရတနာဗိုက သရုပ် ဆောင် အနုပညာသည်ထင်ထား သည်ထက် ပိုမိုနက်ရှိုင်းသည်ကို သိရှိခဲ့ရကြောင်း ပြောသည်။

‘‘ကိုယ်ထင်ထားတာထက် အနုပညာက အရမ်းနက်ရှိုင်း တယ်။ ကျယ်ပြန့်တယ် ဆိုတာကို ခုမှတဖြည်းဖြည်းသိလာတယ်။ မျက်လုံးအကြည့်တွေက အစ အများကြီးကွာသွားတယ်။ အတူ သရုပ်ဆောင်တဲ့သူတွေအကုန် လုံးကလည်း  သင်ပေးပါတယ်’’ ဟု ၎င်း၏ ရိုက်ကွင်းအတွေ့အ ကြုံများကို ပြောပြသည်။

အနုပညာပျိုးခင်းက ရွေး ချယ်ပြီးသည့်အချိန်မှ ဇာတ်ကား များစတင်ရိုက်ကူးခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဇာတ်ကား နှစ်ကားရိုက်ကူးပြီးသော်လည်း ကိုယ့်ကိုယ်ကိုယ်အားမရသေး ကြောင်း ၎င်းကဆိုသည်။

‘‘ပထမကားကို အန်ကယ် လေးနဲ့ တွဲပြီးရိုက်ထားပါတယ်။ ဒုတိယကားလည်း အန်ကယ် လေးနဲ့ပါပဲ။ ဒီကားမှာတော့ ပျိုး ခင်းက ညီအစ်မတွေ သုံးယောက် စလုံးအတူ သရုပ်ဆောင်ထားပါ တယ်။ နှစ်ကားစလုံးကတော့ ဟာသကားလေးတွေပေါ့’’ဟု ရတနာဗိုကပြောသည်။

အနုပညာပျိုးခင်းက စင်တင်ပေးသူများတွင် သရုပ်ဆောင်နှင့် ပတ်သက်၍ အသစ်တစ်ယောက် ကဲ့သို့ ဖြစ်နေသောကြောင့် အတူတွဲဖက်သရုပ်ဆောင်သူများက လက်တွဲ၍ သင်ပေးကြသောကြောင့် ရိုက်ကူးရသည်မှာ ပျော်စရာကောင်းကြောင်း  ၎င်းကဆို သည်။

‘‘အန်ကယ်လေးက သမီးတို့ ကတ်တွေရောက်ပြီဆိုတာနဲ့ သမီးတို့သရုပ်ဆောင်ရမယ့်ပုံစံအတိုင်း သင်ပေးတဲ့အနေနဲ့ သရုပ်ဆောင် ပြတယ်။ မျက်လုံးဘယ်လို့ကြည့် ရမယ်။ မျက်နှာဘယ်လိုထားရ မယ်။ စကားပြောရင် မိန်းကလေး အသံအတက်အကျဘယ်လိုပြော ရမယ်ဆိုတာ သုံးယောက်စလုံး ကို သင်ပေးပါတယ်’’ဟု ၎င်းက ပြောသည်။

အားလုံးထဲတွင် အသစ် တစ်ယောက်ဖြစ်သောကြောင့် အခြားမင်းသား၊ မင်းသမီးများအနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

အနုပညာပျိုးခင်းညီအစ်မ သုံးဦးစလုံးပါဝင်သရုပ်ဆောင် ထားသည့် အိုင်အမ်ဘခက်ဇာတ် ကားဆက်လက်ရိုက်ကူးနေပြီး ယင်းဇာတ်ကား ရိုက်ကူးပြီးပါက သီရိလင်္ကာနိုင်ငံ၊   ကိုလံဘိုမြို့တွင် ခေါက်ဆွဲကြော်ငြာ တစ်ခုရိုက်ကူး ရန် လက်ခံထားကြောင်း ရတနာဗိုကပြောသည်။
 
7Day DAILY
အနုပညာပျိုးခင်းက ရွေးချယ်ခံရပြီးနောက် သရုပ်ဆောင်အသစ်တစ်ယောက် အနေ နှင့် ဇာတ်ကားများ စတင် ရိုက်ကူး နေသော ရတနာဗိုက သရုပ် ဆောင် အနုပညာသည်ထင်ထား သည်ထက် ပိုမိုနက်ရှိုင်း သည်ကို သိရှိခဲ့ရကြောင်း ပြောသည်။

ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာပါလွန်းတာကြောင့် ဒီလောကထဲ ၀င်လာဖြစ်ခဲ့တာလို့ ဆိုတဲ့ ငွေမှုန်ရတီ

Photo: ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာပါလွန်းတာကြောင့် ဒီလောကထဲ ၀င်လာဖြစ်ခဲ့တာလို့ ဆိုတဲ့ ငွေမှုန်ရတီ
Monday, January 12, 2015 

အနုပညာလောကမှာ လက်ရှိ လူကြိုက်များနေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီရဲ့ညီမ ငွေမှုန်ရတီဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် အနုပညာဝါသနာ ကြီးမားတာကြောင့် ကျောင်းပညာရေး တစ်ဖက်နဲ့ကို ဇာတ်ကားများကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲ့တာကြောင့် သူမရှိရာ ရှုတင်သို့သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့ခါ “ခုရိုက်နေတဲ့ ကားလေးက Love အချစ်ပေါ့ ။ လူငယ်အပျော် ဟာသကားလေးပါပဲ။ ဒါရိုက်တာက ကိုသြရသပါ။ မင်းသားက ကိုရန်လေးပါမယ်။ ကိုကောင်းပြည့်ပါမယ်။ ကိုရန်လေးတို့က ဒီကားထဲမှာ မိန်းမလျှာတွေပေါ့။ ကောင်းပြည့်က ဂျပန်က ပြန်လာမယ်။ မိန်းမလျှာတွေက သူ့ကို ကြိုက်ကြမယ်။ သူ့ကို လုကြမယ်ပေါ့။ ပေါ့ပါးတဲ့ အပျော်ဇာတ်လေးပါပဲ။ ငွေမှုန်က ဒီကားထဲမှာ ကိုကောင်းပြည့်ကို မခို့တရို့လေး ကြိုက်တယ်။ ၁၀ တန်း နှစ်ခါကျတဲ့ ကောင်မလေး ၊ လွှမ်းပိုင်ကို အရမ်းသဘောကျပြီး ရက်ပါစတိုင် လိုက်ခိုးတဲ့ ကောင်မလေးပေါ့”လို့ သူမက ဖွင့်ဟပါတယ်။

ခုလို သူမထက် အများကြီး တတ်သိနားလည်တဲ့ ကိုရန်လေးတို့၊ ကိုကောင်းပြည့်တို့နဲ့ တွဲရိုက်ရတဲ့အတွက် ပညာရပါတယ်လို့ ဆိုတဲ့ သူမက ပညာရေးနဲ့အနုပညာကို ဟန်ချက်ညီညီ သူမတွဲဖက်လုပ်ကိုင်မယ့် အကြောင်းကိုလည်း “ငယ်ငယ်လေးကတည်းက အနုပညာကို ငွေမှုန် အရမ်းဝါသနာပါတယ်။ အခန်းပိတ်ပြီး အိုက်တင်တွေ လုပ်တယ်။ အမေကလဲ ရယ်တယ်။ အရွယ်လဲ ရောက်လာရော အမေက မော်ဒယ်လ်သင်တန်းပို့လိုက်တယ်။ ပွဲတွေလျှောက်တယ်။ ပြီးတော့ ကားရိုက်တယ်ပေါ့။ ပညာရေးကတော့ N3 မှာ ၈တန်း တက်နေတယ်။ ရုပ်ရှင်ရိုက်နေတဲ့ အချိန်ကျရင် ကျောင်းနားထားတယ်။ ပျက်လိုက်၊ နားလိုက်ပေါ့နော်။ စာမေးပွဲတော့ သွားဖြေမယ်။ အဲလိုပဲ လုပ်မှရမယ်။ မဟုတ်ရင်လဲ ရှုတင်တွေဖျက်ဖို့ကျတော့ ခုမှ ငွေမှုန်က စရိုက်တာဆိုတော့ အဆင်မပြေပြန် ဘူး။ ညှိပြီးတော့ လုပ်ရမှာပေါ့နော်။ ပညာရေးရော၊ အနုပညာရော နှစ်ဖက်စလုံး ကိုပေါ့။ ငွေမှုန် အတတ်နိုင်ဆုံးလဲ ကြိုးစား သရုပ်ဆောင်သွားပါမယ်”တဲ့။

ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး ဟာသကားတွေ အရိုက်များနေတယ်လို့ ဆိုတဲ့ သူမက လာမယ့် ၂၆ ရက်နေ့မှာ အစ်မဖြစ်သူ ရွှေမှုန်ရတီ၊ ဇေရဲထက်တို့နဲ့အတူ တစ်ကားရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အစ်မဖြစ်သူဆီက ဘာတွေလေ့လာသင်ယူဖြစ်သလဲဆိုတဲ့အကြောင်း မေးကြည့်လိုက်တော့ “ရွှေမှုန်ကတော့ ရှုတင် အရမ်းများတယ်။ ပြန်လာတဲ့အချိန်လဲ နောက်ကျတယ်။ သူအားတယ်။ စိတ်ကြည်တယ်ဆိုရင် အိုက်တင်ပိုင်းနဲ့ပတ်သတ်ပြီး တတ်သလောက် မှတ်သလောက် ပြောပြပါတယ်”လို့ ပြောပြသွားပါတယ်။

Trend Myanmar
အနုပညာလောကမှာ လက်ရှိ လူကြိုက်များနေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီရဲ့ညီမ ငွေမှုန်ရတီဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် အနုပညာဝါသနာ ကြီးမားတာကြောင့် ကျောင်းပညာရေး တစ်ဖက်နဲ့ ကို ဇာတ်ကားများကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲ့တာကြောင့် သူမရှိရာ ရှုတင်သို့သွားရောက် တွေ့ဆုံမေးမြန်းဖြစ်တဲ့ခါ “ခုရိုက်နေတဲ့ ကားလေးက Love အချစ်ပေါ့ ။ လူငယ်အပျော် ဟာသ ကားလေး ပါပဲ။ ဒါရိုက်တာက ကိုသြရသပါ။ မင်းသားက ကိုရန်လေးပါမယ်။ ကိုကောင်းပြည့်ပါမယ်။ ကိုရန်လေးတို့က ဒီကားထဲမှာ မိန်းမလျှာတွေပေါ့။ ကောင်းပြည့်က ဂျပန်က ပြန်လာမယ်။ မိန်းမလျှာတွေက သူ့ကို ကြိုက် ကြမယ်။ သူ့ကို လုကြမယ်ပေါ့။ ပေါ့ပါးတဲ့ အပျော်ဇာတ်လေးပါပဲ။ ငွေမှုန်က ဒီကားထဲမှာ ကိုကောင်းပြည့်ကို မခို့တရို့လေး ကြိုက်တယ်။ ၁၀ တန်း နှစ်ခါကျတဲ့ ကောင်မလေး ၊ လွှမ်းပိုင်ကို အရမ်း သဘောကျပြီး ရက်ပါစတိုင် လိုက်ခိုးတဲ့ ကောင်မလေးပေါ့”လို့ သူမက ဖွင့်ဟပါတယ်။

စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရကြသူများ ကော်မရှင်အား တရားစွဲဆိုရန် ဒေါ်ညိုညိုသင်းတိုက်တွန်း

Photo: စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရကြသူများ ကော်မရှင်အား တရားစွဲဆိုရန် ဒေါ်ညိုညိုသင်းတိုက်တွန်း
Monday, January 12, 2015

စည်ပင်ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်မရရှိ၍ဆန္ဒပြမှုကြောင့် ပုဒ်မ၁၈ဖြင့် တရားစွဲခံထားရသူများက စည် ပင်ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် တရားစွဲဆိုရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုက်တွန်း ပြောကြားခဲ့သည်။

လွှတ်တော်နိုင်ငံရေးနှင့် လွှတ် တော်ပြင်ပနိုင်ငံရေးနှင့်ပတ်သက်သော ဆွေး နွေးပွဲတစ်ခုတွင် ¤င်းမှတိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

''စည်ပင်ရွေးကောက်ပွဲမှာ မဲပေး ပိုင်ခွင့်ရှိရဲ့နဲ့ မဲမပေးလိုက်ရသူတွေ၊ မဲပေး ခွင့်မရရှိလို့ ဆန္ဒထုတ်ဖော်တာကို တရားစွဲ ဆိုခံရသူတွေ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တရားစွဲလို့ရပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်ညိုညိုသင်းမှ အကြံပြု ပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရသင့်ရထိုက်သည့် နိုင်ငံသားတစ်ယောက် ၏ အခွင့်အရေးအား ချိုးဖောက်ခံရသည့် အတွက် တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း ¤င်းက ဆက်လက်ပြောသည်။

''ကျွန်မအိမ်ကို ရပ်ကွက်လူကြီး တွေ မဲပေးဖို့ စာရင်းလာကောက်ပါတယ်။ ဒါပေမဲ့ စာရင်းပြန်ကျလာတော့ ကျွန်မနာ မည်မပါဘူး။ ဒါကိုမကျေနပ်လို့ ဆန္ဒထုတ် ဖော်တော့ ပုဒ်မ၁၈နဲ့တရားစွဲခံရတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးမှ ၄င်းရင်ဆိုင်နေရသည့် အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ ပြောသည်။

''အကြံပေးချင်တာကတော့ ရွေး ကောက်ပွဲကော်မရှင်ကို တရားပြန်စွဲဖို့ပါပဲ'' ဟု ဒေါ်ညိုညိုသင်းမှ အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲ တွင် မြို့နယ်အလိုက် မဲပေးခွင့်ရှိသူများစာရင်း ထောင်နှင့်ချီ၍ ပျောက်ဆုံးခဲ့သည်။

Yangon Media Group
စည်ပင်ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်မရရှိ၍ဆန္ဒပြမှုကြောင့် ပုဒ်မ၁၈ဖြင့် တရားစွဲခံထားရသူများက စည် ပင်ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် တရားစွဲဆိုရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုက်တွန်း ပြောကြားခဲ့သည်။

ထိုင်းယာယီအလုပ်လုပ်ခွင့် ကဒ်ပြားသက်တမ်း မတ်လနောက်ဆုံး

Photo: ထိုင်းယာယီအလုပ်လုပ်ခွင့် ကဒ်ပြားသက်တမ်း မတ်လနောက်ဆုံး
Monday, January 12, 2015

ထိုင်းနိုင်ငံတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ်လို့ခေါ်တဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာ-လာအို၊ ကမ္ဘောဒီးယားသုံးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ကို မတ်လကုန်နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။ သတ်မှတ်ထားတဲ့အချ နောက်ပိုင်းမှာ သက်တမ်းကုန်ဆုံးသူ တရားမဝင် အလုပ်သမားတွေကိုတွေ့ရှိရင် သူတို့နိုင်ငံတွေကို ချက်ခြင်းပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီအခြေအနေမှာ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေဘက်က ဘာတွေကူညီဆောင်ရွက်ပေးနေပါသလဲဆိုတဲ့ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ ယာယီအလုပ်လုပ်ခွင့် ဘတ်ကဒ်တွေကို သက်ဆိုင်ရာအလုပ်ရှင်တွေ ထောက်ခံချက်နဲ့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ အခုလိုမျိုး ထိုင်းကနေ ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့ ယာယီအလုပ်သမားကဒ် ကိုင် ဆောင်ထားတဲ့ မြန်မာ-လာအို-ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားတွေအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် (Passport) လာပြီးတော့ လုပ်ဆောင်ကြ ဖို့ကို ထိုင်းအလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ထပ်မံပြီး ဆော်သြလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား သတ်မှတ်ပေးထားတာပါ။ တကယ်လို့ အဲ့ဒီ့အချိန် ကျော်လွန်ချိန်နောက်ပိုင်းမှာတော့ စာရွက်စာတမ်းကုန်ဆုံးသူတွေနဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့တယ်ဆိုရင် ဖမ်းပြီး အမိနိုင်ငံကို ပြန်ပို့မယ်လို့လည်း သတိပေးထားတာပါတယ်။

ဒါကြောင့် သတ်မှတ်ရက်မကုန်ဆုံးခင် အလုပ်သမားတွေအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေဘက်ကလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ ကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ခွင့်ရနိုင်ဖို့ ထိုင်း-မြန်မာ အလုပ်သမားရေး တာဝန်ရှိသူတွေ ဆွေးနွေးအဖြေရှာနေတဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က အခုလိုရှင်းပြပါတယ်။

“ဒီဇင်ဘာ ၁၁ ရက်၊ ၁၂ ရက်ကနေပြီးတော့မှ ကျနော်တို့ အလုပ်သမားရေးရာကိစ္စတွေကို အစည်းအဝေးတခု လုပ်ပါတယ်။ ထိုင်းက အလုပ်သမားဝန်ကြီး ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ပြီးတော့ပေါ့နော်၊ ကျနော်တို့ဘက်ကတော့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ လုပ်တဲ့ ရည်ရွယ်ချက်ကလည်း အဲဒီကိစ္စတွေပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေကို ဘယ်နည်းလမ်းတွေကို ရွေးချယ်လုပ်ပါမယ်ဆိုတာကို ကျနော်တို့ တင်ပြထားတာလေးတွေ ရှိပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဘက်က မြန်မာနိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ အိမ်ထောင်စု စာရင်းဝင် ပုံစံ (၁၀) မိတ္တူနဲ့ မြန်မာသံရုံး ထောက်ခံစာယူပြီး ထိုင်းနိုင်ငံ မြန်မာသံရုံး အပါအဝင် မဲဆိုင်၊ မဲဆောက်၊ ရနောင်း စတဲ့ နယ်စပ်မြို့ဂိတ်တွေမှာ ယာယီနိုင်ငံကူးလက်မှတ်ကို လာရောက်လျှောက်ထားနိုင်ပါတယ်။ ။ တကယ်လို့ စာရွက်စာတမ်း လိုအပ်ချက်ရှိမယ် ဆိုရင်တော့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံပြန်ယူနိုင်ဖို့ ခရီးသွားလာခွင့် တရားဝင်နိုင်ငံဖြတ်ကျော်ခွင့်ပြုချက်ရဖို့ မြန်မာသံရုံးက ဆောင်ရွက်ပေးမယ် လို့ မြန်မာအလုပ်သမားသံအရာရှိကပြောပါတယ်။

“ပန်းရောင်ကဒ်ပေါ့နော်၊ ထိုင်းနိုင်ငံအခေါ်ကတော့ ဘတ်ကဒ်ပေါ့။ ပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့သူတွေမှာ မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုစာရင်းရယ် ပြည့်စုံလို့ရှိရင် ကျနော်တို့က ဒီမှာတင် သာမန်နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အကြီးကို ထုတ်ပေးဖို့အတွက် လျှောက်ထားနိုင်ပါတယ်။ အထောက်အထား မပြည့်စုံရင်တော့ ပန်းရောင်ဘတ်ကဒ်ရယ်၊ သံရုံးကနေပြီးမှ ခရီးသွားထောက်ခံချက် ယူပြီးလို့ရှိရင် မြန်မာနိုင်ငံကိုပြန်ပြီး အထောက်အထားတွေ ပြည့်စုံအောင်လုပ်ပါ။ ပြန်လာလို့ရှိရင် ဆက်ပြီးတော့ ပုံစံတကျလုပ်ဖို့ကို ကျနော်တို့က စီစဉ်ထားတာပါ။ နယ်စပ်တွေမှာလည်းပဲ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းပေါ့နော်၊ ပြည်ပ အလုပ်အကိုင် သက်သေခံကဒ်ပြားဆိုပြီး စမတ်ကဒ်ထုတ်ပေးတဲ့အခါမှာလည်း ဖွင့်ထားတာ သုံးဦးရှိတယ်လေ။ အဲဒီနေရာမှာ ခုနက ဘယ်လို အထောက်အထားမျိုးတွေနဲ့ ဆောင်ရွက်မှာလဲ၊ ခွင့်ပြုမှာလဲဆိုတာ ညွှန်ကြားချက်အရ ပေးမှာလဲဆိုတာကို သိတာနဲ့ ညွှန်ကြားတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ဖို့အတွက် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။”

မြန်မာအလုပ်သမားတွေ အခုလက်ရှိကြုံနေရတဲ့အခက်အခဲတွေကိုလည်း မြန်မာသံရုံးဘက်က ထိရောက်စွာ ကူညီဆောင်ရွက်ပေးသင့်သလို မြန်မာ အလုပ်သမားတွေဘက်ကလည်း အလုပ်သမားရေးဆိုင်ရာ သတိပေးကြေညာချက်တွေကို မျက်ခြေမပြတ် လေ့လာနေဖို့လိုတယ်လို့ BAT မြန်မာနိုင်ငံသားများအဖွဲ့ အလုပ်သမားတာဝန်ခံ မသက်သက်ဦးက အကြံပြုပါတယ်။

“ထိုင်းအစိုးရက ပြန်ကြေညာချက်ထုတ်လိုက်တာက နယ်စပ်မှာပဲ One Stop Service လုပ်မယ်ဆိုတော့ နယ်စပ်မှာပဲ နိုင်ငံသားစိစစ်ရေးပါလုပ်မယ်။ ပြန်ဝင်လာတဲ့ဟာကို ဗီဇာကိုလည်း နယ်စပ်မှာပဲ လုပ်ပေးမယ်ဆိုရင်တော့ နည်းနည်း အဆင်ပြေသွားနိုင်တယ်လေ။”

အခုလိုမျိုး ထိုင်းနိုင်ငံတွင်း ယာယီ အလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ် ကိုင်ဆောင်သူတွေကို ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ဆော်သြနေချိန်မှာပဲ လက်ရှိ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အလုပ်သမားတွေအနေနဲ့ အထူးသဖြင့် သက်တမ်းလေးနှစ်ကျော်လွန်ချိန် အလုပ်လုပ်ခွင့်ဗီဇာ ထပ်ပြီးတော့ သက်တမ်းတိုးကိစ္စတွေကိုလည်း လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ ထိုင်းအစိုးရဘက်က သူတို့နိုင်ငံထဲမှာ သိန်းချီရှိနေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေအရေး စီမံချက်တွေ ချပြီး ထိထိရောက်ရောက် ဆောင်ရွက်နေချိန်ဖြစ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့အညီ စည်းကမ်းတကျဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကူညီ ဆောင်ရွက်နေသူတွေက သတိပေးပါတယ်။

VOA
ထိုင်းနိုင်ငံတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ်လို့ခေါ်တဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာ-လာအို၊ ကမ္ဘောဒီးယားသုံးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ကို မတ်လကုန်နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။ သတ်မှတ်ထားတဲ့အချ နောက်ပိုင်းမှာ သက်တမ်း ကုန်ဆုံးသူ တရားမဝင် အလုပ်သမားတွေကိုတွေ့ရှိရင် သူတို့နိုင်ငံတွေကို ချက်ခြင်းပြန်လည် ပို့ဆောင်မှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီအခြေအနေမှာ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေဘက်က ဘာတွေကူညီဆောင်ရွက်ပေးနေပါသလဲဆိုတဲ့ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးအခြေအနေ လေ့လာရန် အမေရိကန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသံတမန် မြစ်ကြီးနား ရောက်ရှိ

Photo: လူ့အခွင့်အရေးအခြေအနေ လေ့လာရန် အမေရိကန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသံတမန် မြစ်ကြီးနား ရောက်ရှိ
Monday, January 12, 2015

အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သံတမန် တွမ် မာလန် နော့စကီးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဇန်န၀ါရီလ ၁၁ ရက်နေ့က ရောက်ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမယ်လို့  ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မာလန် နော့စကီးဟာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

သူ့ ခရီးစဉ်အတွင်းမှာ  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားနဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တွေ့ဆုံပြီး အခြေအနေမှန်တွေ လေ့လာပြီးရင် အစိုးရ အရာရှိတွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

အစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာ ဆွေးနွေးတဲ့အခါ  မြန်မာပြည်ရဲ့တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲရေးကိစ္စ၊ မြေသိမ်းယာသိမ်း ပြဿ နာတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေ ဖမ်ဆီးထိမ်းသိမ်းခံနေရတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၀ါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မာလန်နော့စကီးဟာ မနှစ်ဇွန်လတုန်းလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေကို တိုက်တွန်းဖို့  မြန်မာပြည်ကို ၁ ပတ်ကြာ လာရောက်ခဲ့ဖူးပါတယ်။

ဒီဗွီဘီ
အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သံတမန်တွမ်မာလန် နော့စကီးဟာ ကချင်ပြည် နယ် မြစ်ကြီးနားမှာ ဇန်န၀ါရီလ ၁၁ ရက်နေ့က ရောက်ရှိနေပါတယ်။

မလေးရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို ပြန်လည်ဖမ်းဆီး နိုင်ငံခြားသား ၈၀၀ နီးပါးတွင် မြန်မာ ၁၃၀ ခန့်ပါဝင်

Photo: မလေးရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို ပြန်လည်ဖမ်းဆီး
နိုင်ငံခြားသား ၈၀၀ နီးပါးတွင် မြန်မာ ၁၃၀ ခန့်ပါဝင်
Monday, January 12, 2015

မလေး ရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို နိုင်ငံမှရှင်းလင်းသွား မည်ဟု တရားဝင်ကြေညာပြီးနောက် ဇန်နဝါရီ ၁၁ရက်က ပြန်လည်စတင် ဖမ်းဆီးခဲ့ရာ တရားမဝင်နိုင်ငံခြားသား ၈၀ဝနီးပါး ဖမ်းဆီးခဲ့ပြီး အဆို ပါနိုင်ငံခြားသားများအနက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ဝနီးပါး ခန့် ပါဝင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းမှ သိရသည်။

ဇန်နဝါရီ ၁၁ရက် မလေးရှားစံတော်ချိန် မနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့လယ်ရှိ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အများဆုံးတည်ရှိရာ ကိုတာယာကုန်တိုက် အနီးနှင့် မိုင်းဒင်းကုန်တိုက်အနီးတို့တွင် မလေးရှားရဲ ၆ဝခန့်သည် အရပ်သား အဝတ်အစားများဖြင့် လမ်းများ ကိုပိတ်စောင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကပုန်းလူမှုကူညီရေးအသင်းမှ ဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင်လည်း ဖမ်းမိသည့် နိုင်ငံခြားသားအလုပ်သမားများအား လုံးကို အော်ပရာဇီဟုခေါ်သော မလေးရှားနိုင်ငံ၏ နိုင်ငံရေးအရ ဖမ်းဆီးသည့် စစ်ဆင်ရေးဖြင့် အုပ်စုလိုက်ထိုင်ခိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးပြီး မကြာမီ ယူ နီဖောင်းဝတ်ဆင်ထားသော(Rela Immigration)ဟုခေါ်သည့် အရေး ပေါ်ကျန်းမာရေးအဖွဲ့(၉၉၉) ရောက် ရှိလာကာ ဖမ်းဆီးထားမိသည့် နိုင်ငံ ခြားသား အလုပ်သမားများအားလုံး ကို အချုပ်ကား ငါးစီးဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ကပုန်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်း ဝင်းက ပြောသည်။

''မနေ့ကလစာထုတ်ပြီး ဒီနေ့ကအလုပ်ပိတ်ရက်ဆိုတော့ နိုင်ငံပေါင်း စုံက ရွှေ့ပြောင်းအလုပ်သမားအား လုံးက သူ့တို့နိုင်ငံတွေက မိသားစုတွေ ဆီကို ပိုက်ဆံလွှဲတဲ့သူနဲ့၊ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေဝယ်တဲ့သူနဲ့၊ အခု ဖမ်းတဲ့နေရာကလဲ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် လိုအပ်တာတွေ အကုန်လုပ်ဆောင်ဖို့ အဆင်ပြေတဲ့ နေရာလဲဖြစ်တော့ ဒီနေ့က ခါတိုင်းထက်ပိုပြီး လူစည်ကားတာပေါ့။ ဖမ်း ဆီးရေးကလဲ အဖမ်းငြိမ်နေတော့ မဖမ်းတော့ ဘူးထင်ပြီး ထွက်ကြတာ'' ဟု ဦးဆန်းဝင်းက ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကိုယ်တိုင်တွေ့မြင်ခဲ့ သည့် အခြေအနေများကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဇန်နဝါရီ ၁ဝရက်တွင် လစာ ထုတ်ရက်ဖြစ်ပြီး ၁၁ရက်သည် အလုပ်ပိတ် ရက်ဖြစ်သည့်အတွက် လူ စည်ကားလျက်ရှိသည့်အချိန်ကို စောင့်ဆိုင်းကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း နှင့် ဖမ်းမိသူများကို မည်ကဲ့သို့လုပ်ဆောင်မည်ကိုမူ မသိရှိရသေးကြောင်း၊ မလေးရှားအစိုးရ၏ တရားမဝင် အလုပ်သမားများအတွက် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် ရက်ပြည့်အပြီး တွင် ပထမဦးဆုံးအကြိမ် ပြင်းထန် စွာဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ နီပေါ၊ မြန် မာ စသည့်မလေးရှားတွင် အလုပ် လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နိုင်ငံစုံလင်စွာ အားလုံး ပါရှိကြောင်းလည်း ဦးဆန်းဝင်းက ဆိုသည်။

မလေးရှားအစိုးရအနေဖြင့်လည်း ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ နိုင်ငံ အတွင်း တရား မဝင် နေထိုင်သူများ၊ ဗီဇာသက်တမ်း လွန်(Overstay)
ဖြင့် နေထိုင်သူများ သည် မလေးရှားနိုင်ငံ၏ ပြစ်မှု၊ မှုခင်းများအတွက် ကိုင်တွယ်ရန်ခက် ခဲသည့်အပြင် နိုင်ငံ၏တရားစီရင်ရေး စရိတ်များစွာ ကုန် ကျသည့်အတွက် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား ကာ တိုင်းပြည်မှ ရှင်းလင်း သွားမည်ဖြစ်ကြောင်းကို တရားဝင်ကြေညာ ချက်ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်ရှင်များအနေ ဖြင့် တရားမဝင်နေထိုင်သည့် အလုပ်သမား များအား ငှားရမ်းထားပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ကာ အပ်နှံရ မည်ဖြစ်ကြောင်း၊ ယင်းနည်းတူ တရားမဝင် အလုပ်သမား ပို့ဆောင်နေသော အေဂျင်စီများ၊ ပွဲစားများကိုလည်း အထူးစီမံချက်ဖြင့် ဖော် ထုတ်အရေးယူသွားမည်ဖြစ် ကြောင်းနှင့် တရားမဝင် အလုပ်သမား များနှင့် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရမိပါက ယခင်ထောင်ဒဏ်အပြင် ၂၀၁၄ခုနှစ် နိုဝင်ဘာလမှစတင် ကာ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်နှစ်မျိုးလုံး ပြစ် ဒဏ်ချမှတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာထားသည်။

ZCH
Democracytoday
မလေး ရှားအစိုးရက တရားမဝင်နိုင်ငံခြားသားများကို နိုင်ငံမှရှင်းလင်းသွား မည်ဟု တရားဝင် ကြေညြာ ပီးနောက် ဇန်နဝါရီ ၁၁ရက်က ပြန်လည်စတင် ဖမ်းဆီးခဲ့ရာ တရားမဝင်နိုင်ငံခြားသား ၈၀ဝနီးပါး ဖမ်းဆီး ခဲ့ပြီး အဆို ပါနိုင်ငံခြားသားများအနက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ဝနီးပါး ခန့် ပါဝင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းမှ သိရသည်။

ထားဝယ် လေယာဉ် ကွင်းကို နိုင်ငံ တကာ လေ ယာဉ် ကွင်း အဖြစ် သတ်မှတ် ဆောင်ရွက်ရန် ရည်မှန်းထား ….

Photo: ထားဝယ် လေယာဉ် ကွင်းကို နိုင်ငံ တကာ လေ ယာဉ် ကွင်း အဖြစ် သတ်မှတ် ဆောင်ရွက်ရန် ရည်မှန်းထား ….
Monday, January 12, 2015

ရန်ကုန်မင်္ဂလာဒုံ လေယာဉ်ကွင်း အပါအဝင် လေယာဉ်ကွင်း လေးကွင်းကို နိုင်ငံတကာ လေယာဉ်ကွင်းများ အဖြစ် သတ်မှတ်ထားပြီး ထားဝယ် လေယာဉ်ကွင်း ကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

မြန်မာနိုင်ငံတွင် စုစုပေါင်း လေယာဉ်ကွင်း ၆၉ကွင်းအား အစိုးရ ဘတ်ဂျက်ဖြင့် တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းလျက် ရှိသော်လည်း လေယာဉ် ခရီးစဉ် ပျံသန်း ပြေးဆွဲလျက်ရှိသော လေယာဉ်ကွင်းမှာ လက်ရှိအချိန်တွင် ၃၃ကွင်းသာ အသုံးပြုလျက်ရှိပြီး ကျန်ရှိနေသည့် လေယာဉ်ကွင်း ၃၆ကွင်းမှာ ထိန်းသိမ်းထားသည့် အဆင့် သာ ရှိနေကြောင်း၊ အသုံးပြုနေသည့် ၃၃ကွင်းမှာ အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ်သုံးခုရှိကြောင်း၊ ယင်းလေဆိပ်များမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အစရှိသည့် လေဆိပ်များဖြစ်ပြီး ထပ်မံတည် ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ပေါ်ပေါက်လာပါက အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ် လေးခုရှိ လာမည် ဖြစ် ကြောင်း၊ ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

''အခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဲဒီ လေယာဉ်ကွင်း လေးကွင်းကို လေယာဉ်ကွင်းတွေ အဖြစ် သတ်မှတ် ထားတယ်၊ နိုင်ငံတကာ လေယာဉ်ကွင်း ငါးကွင်း၊ ခြောက်ကွင်း ဖြစ်လာဖို့ အတွက်၊ Demand ဖြစ်လာ ပြီဆိုရင် ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်း ပုံစံမျိုး မှန်းထားပါတယ်''ဟု Aerodrome Standard & Safety Devision မှ Director ဦးကျော်စိုး ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လေဆိပ်များထဲမှ နိုင်ငံတကာ အဆင့်ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်များ ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ အား အဆင့် မြှင့်တင်မှုများ လုပ်ဆောင်လျက် ရှိသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသည် ဝင်ထွက်မှုတွေလည်း များပြား နေသဖြင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် နိုင်ငံတကာ အဆင့်မီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည် ဆောက်နိုင်ရေး အတွက် ၁၉၉၄ခုနှစ်မှစတင်ကာ ရပ်ဆိုင်း ထားခဲ့သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအား ပြန်လည် စတင်နိုင်ရန် အတွက် လုပ်ကိုင်ခွင့် ရရှိရန် အတွက် ကုမ္ပဏီများအား ရွေးချယ်ကာ စာချုပ်ချုပ်ဆို လုပ်ကိုင် ဆောင်ရွက်သွားရန် အတွက် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ကျင်းပ သော အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ ၁/၉၄ အစည်းအဝေးတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး အကောင်အထည် ဖော် ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည်။

အဆိုပါ အပြည်ပြည် ဆိုင်ရာ လေဆိပ် အသစ် တည်ဆောက်ရန် မြေနေရာ ရှာဖွေခဲ့ရာ ရန်ကုန်မြို့မှ မိုင် ၅ဝအတွင်းရှိ ပဲခူးမြို့ အနောက်ဘက် ကျောက်တိုင်ကန် ကျေးရွာ အနီးရှိ ဂျပန်ခေတ် လေယာဉ်ကွင်းဟောင်းနေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့နိုင်မှု ကန့်သတ်ချက်များကြောင့် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာတွင် ခရီးသည် ၁၂သန်းဆံ့သည့် နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုအား တည်ဆောက်ရန် အတွက် လုပ်ဆောင် ရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ
မြ၀တီ
ရန်ကုန်မင်္ဂလာဒုံ လေယာဉ်ကွင်း အပါအဝင် လေယာဉ်ကွင်း လေးကွင်းကို နိုင်ငံတကာ လေယာဉ်ကွင်းများ အဖြစ် သတ်မှတ်ထားပြီး ထားဝယ် လေယာဉ်ကွင်း ကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

ပြင်သစ်မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သူ အမျိုးသမီး အကြမ်းဖက်သမားကို လုံခြုံရေးတပ်ဖွဲ့များ ပိုက်စိပ်တိုက်ရှာ

Photo: ပြင်သစ်မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သူ အမျိုးသမီး အကြမ်းဖက်သမားကို လုံခြုံရေးတပ်ဖွဲ့များ ပိုက်စိပ်တိုက်ရှာ
Monday, January 12, 2015

ပြင်သစ်မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက် တစ်ခုတို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်း ခံရသည့် အမျိုးသမီး အကြမ်းဖက်သမားကို ပြင်သစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက် ရှိသည်ဟု Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမား၏ အမည်မှာ ဟေယက်ဘိုမီဒင်း (၂၆ နှစ်) ဖြစ်ပြီး ၎င်းသည် ပြင်သစ်မဂ္ဂဇင်းတိုက်အား အကြမ်းဖက် တိုက်ခိုက်ခဲ့သူများနှင့် တွဲဖက် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်ဟု ပြင်သစ်ထောက်လှမ်းရေး အာဏာပိုင်များက ယုံကြည်ထားကြသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက်သမားသည် လက်နက်ကိုင်ဆောင်ထားပြီး လွန်စွာ အန္တရာယ်ရှိသူတစ်ဦး ဖြစ်သည်ဟု ပြင်သစ်အာဏာပိုင်တို့က သတိပေးချက် ထုတ်ပြန်ထားသည်။

သို့သော် အကြမ်းဖက်ကွန်ရက် နှိမ်နင်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ အဆိုပါ အကြမ်းဖက် အမျိုးသမီးသည် မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက် အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပေါ်မီ ရက်ပိုင်းကတည်းကပင် ပြင်သစ်နိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားပြီဟုလည်း သိရသည်။

အဆိုပါ အကြမ်းဖက် အမျိုးသမီးသည် ယခုအခါ ဆီးရီးယား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့တွင် ပုန်းခိုလျက် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

တူရကီ လုံခြုံရေး အရာရှိကြီးတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားရာတွင် “ပြင်သစ်အာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေကြတဲ့ အကြမ်းဖက် အမျိုးသမီးဟာ ဇန်နဝါရီလ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ကနေ ဖြတ်သွားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်သစ်သရော်စာ မဂ္ဂဇင်း Charlie Hebdo ကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ညီအစ်ကိုနှစ်ဦးသည် ဇန်နဝါရီလ ၁၀ ရက်နေ့က ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးမှာ ရှရစ်ကိုအူစီနှင့် ဆာအစ်ကိုအူစီတို့ ဖြစ်ကြပြီး ၎င်းတို့ ပုန်းခိုနေထိုင်ရာ ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ဒန်မာတင်အီဂိုလီမြို့ရှိ အိမ်သုတ်ဆေး အရောင်းဆိုင်တစ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်ကာ သတ်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ဆိုင်အတွင်းမှ စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု အာဏာပိုင်များက ဆိုသည်။

ဤအတောအတွင်းမှာပင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဥရောပခေါင်းဆောင်များက Charlie Hebdo မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ စည်းလုံးညီညွတ်မှုကို ပြသရန် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ကြရန် စီစဉ်လျက်ရှိရာ လုံခြုံရေးများ အထူးပင် တင်းကျပ်ထားသည်။

The Voice Weekly
ပြင်သစ်မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် ဆူပါမားကက်တစ်ခုတို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်းခံရသည့် အမျိုးသမီးအကြမ်းဖက်သမားကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့ဝင် များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက် ရှိသည်ဟု Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သ အခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သ အခြေအနေ
Monday, January 12, 2015

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ အများအားဖြင့် သာယာ နေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့မှာ တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါတယ်။ အရှေ့ဘက် လေပြင်း တိုက်ခတ်စဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို ၃၀ မိုင်အထိ တိုက်ခတ် နိုင်ပါတယ်။

ကျန်မြန်မာ့ ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိပါမယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တွေမှာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ သာယာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ အများအားဖြင့် သာယာပါမယ်။

MRTV-4








ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ အများအားဖြင့် သာယာ နေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ကို ရှာတွေ့ပြီ

Photo: ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ကို ရှာတွေ့ပြီ
Monday, January 12, 2015

အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပျံသန်းရင်း ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့တဲ့ အဲအေးရှား QZ8501 လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းများ သိုလှောင်ထားရာ Black Box ကို ရှာဖွေတွေ့ရှိသွားပြီလို့ အင်ဒိုနီးရှားအာဏာပိုင် တွေက ကြေညာလိုက်ပါပြီ။ 

 လေယာဉ်ပျက်ကျအပြီး ရှာဖွေရေးများ နေ့စဉ် လုပ်ဆောင်လာနေရင်း ၁၆ ရက်မြောက်နေ့မှာ ပင်လယ် ကြမ်းပြင်အောက် မီတာ ၃ဝ မှ ၃၂ မီတာလောက် အနက်မှာ လေယာဉ်ရဲ့ Black Box ကို အင်ဒိုနီးရှား ရေ တပ် သင်္ဘော KN Jadayat က တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပို့ ဆောင်ရေးဝန်ကြီး Tonny Budiono က ပြောပါတယ်။ 

ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ဆိုတာကို အင်ဒိုနီးရှားအာဏာပိုင် တွေက အတည်ပြုပြီး တဲ့နောက် ဒီကနေ့ တနင်္လာနေ့ နံနက်ပိုင်းမှာ Black Box ကို ရေငုတ်သမားတွေက ဆယ်ယူတော့ မှာဖြစ် တယ်လို့လည်း စင်ကာပူ အခြေစိုက် CNA သတင်းတပုဒ်က ရေးပါတယ်။ 

အဲအေးရှားလေယာဉ်ဟာ လူပေါင်း ၁၆၂ ဦးကို သယ်ဆောင်ရင်း ပျက်ကျသွား တာဖြစ်ပြီး လေယာဉ်ပေါ် ပါသွားသူအားလုံး အသက် ဆုံးရှုံးသွားကြပြီလို့ ယုံကြည်ထားကြပါတယ်။ 

အခု လေယာဉ်ပျက်ကျမှု အကြောင်းအရင်းနဲ့ပတ်သက်ပြီး Black Box က မှတ်တမ်းများကို စစ်ဆေးမှုတွေ လုပ်ပြီးရင် သိရှိရမှာဖြစ်ပါတယ်။ 

ဧရာဝတီ 

 အဲအေးရှားလေယာဉ်ပျက်ကို ပင်လယ်တွင်းမှ ဆယ်ယူမှု မြင်ကွင်း၊ ဓာတ်ပုံ-CNA
အဲအေးရှားလေယာဉ်ပျက်ကို ပင်လယ်တွင်းမှ ဆယ်ယူမှု မြင်ကွင်း၊ ဓာတ်ပုံ-CNA
အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပျံသန်းရင်း ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့တဲ့ အဲအေးရှား QZ8501 လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းများ သိုလှောင်ထားရာ Black Box ကို ရှာဖွေတွေ့ရှိသွားပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ကြေညာလိုက်ပါပြီ။

ပြည်ထောင်စုတပ် ဖွဲ့စည်းရာတွင် အလှည့်ကျ စစ်ဦးစီးချုပ် မူဝါဒ ချမှတ် ထားခြင်း မရှိဟု UNFC အတွင်းရေးမှူး (၂) ပြောကြား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းလိုနေသည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး မူဝါဒတွင် အလှည့်ကျ စစ်ဦးစီးချုပ် စနစ်ကို ကျင့်သုံး ရမည် ဆိုသည့် မူဝါဒကို ချမှတ်ထားခြင်း မရှိကြောင်း UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖလားဝါးနယူးစ်သို့ ပြောသည်။ 

Father Land ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ ကြိုတင်လွှဲပြောင်းဟုဆို

Photo: Father Land ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ ကြိုတင်လွှဲပြောင်းဟုဆို
Monday, January 12, 2015

ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ရဲစခန်းသို့ သွားရောက်အဖမ်းမခံမီ ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို နာရီဆိုင်များ ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းခဲ့ကြောင်း Father Land ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ဦးကျော်မြင့်ကို တရားစွဲဆိုသူများထံမှ စုံစမ်းသိရှိရသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်မှာ အာမခံရပြီးနောက် အမှုရင်ဆိုင်ခြင်း မရှိဘဲ တိမ်းရှောင်နေချိန်တွင် ရန်ကုန်မြို့၏ နာမည်ကြီး နာရီဆိုင်ပိုင်ရှင် တစ်ဦးကို ၎င်း၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းထားသည်ဟု ခိုင်လုံသော သတင်းများအရ သိရှိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဘာကြောင့် လွှဲသလဲဆိုတာ သေချာသိရတဲ့နေ့မှာ ကျွန်တော်တို့ ဆုံးရှုံးခဲ့တဲ့ငွေတွေ ပြန်ရအောင် ရုံးတော်မှာ အထောက်အထားနဲ့တကွ တင်ပြသွားမယ်” ဟု လက်ရှိ Father Land ကုမ္ပဏီကို ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြင့် တရားစွဲဆိုထားသူ အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ တရားခံပြေးအဖြစ် ကြေညာထားသော Father Land ကုမ္ပဏီပိုင်ရှင်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူကို နေပြည်တော်ရှိ ၎င်းအမည်ဖြင့် ပိုင်ဆိုင်သော ကျပ်သန်းတစ်ထောင်နီးပါးရှိ အဆောက်အအုံတစ်ခု အပါအဝင် ရန်ကုန်မြို့တော်ရှိ ၎င်းပိုင်ဆိုင်သော အဆောက်အအုံတချို့ကို လွှဲပြောင်းပေးခဲ့ကြောင်း Father Land ကုမ္ပဏီ၌ နှစ်ပေါင်းများစွာ မန်နေဂျာရာထူးဖြင့် လုပ်ကိုင်ခဲ့သူထံမှ စုံစမ်းသိရှိရသည်။

“ကျန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ကုမ္ပဏီက ငွေကျပ် သန်းပေါင်းသောင်းချီ ပြန်အလျော်ပေးရမယ့် အရှုပ်အရှင်းတွေ ရှိနေတယ်။ ပြဿနာတွေ တက်မလာခင် ပြီးခဲ့တဲ့ တစ်နှစ်လောက်က မန်နေဂျာ အလုပ်ကနေ ထွက်ခဲ့တာ။ အခု သူ့ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းလက်ခံယူနေသူက ဆွေမျိုးသားချင်း မတော်စပ်ပေမယ့် အခြား ဘယ်လို စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေမလဲ၊ ဘယ်လို လှည့်ကွက်တွေကို ထပ်အသုံးပြုဦးမလဲ ဆိုတာတော့ တကယ် ငွေကြေးနစ်နာ ဆုံးရှုံးခဲ့သူတွေက သေချာစုံစမ်းသင့်တယ်” ဟု Father Land ကုမ္ပဏီတွင် မန်နေဂျာ လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသားက ရှင်းပြသည်။

နှစ်ပေါင်း ၂၀ ကြာ ဆောက်လုပ်ရေးလုပ်ငန်းတွင် အောင်မြင်ခဲ့သော Father Land ကုမ္ပဏီပိုင်ရှင်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ ၁၂ ထပ် ကွန်ဒိုအဆောက်အအုံမှ မြေပိုင်ရှင်ကို ငွေကြေးနှင့် စာချုပ်စာတမ်းများကို လိမ်လည်ခဲ့သောကြောင့် အမှုဖွင့် တိုင်ကြားခံရကြောင်း၊ ယင်းနောက် အမှုလာရောက် စစ်ဆေးခံခြင်း မရှိသောကြောင့် ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ၎င်းကိုယ်တိုင် တရားရုံးသို့ လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းနောက် ဦးကျော်မြင့်ကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းမှာ နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း ဆေးစာအထောက်အထားဖြင့် အာမခံရရှိခဲ့ပြီးနောက် ရုံးတော်သို့ ဆက်လက် အမှုလာရောက် ရင်မဆိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့် ရုံးတော်မှ ဒုတိယအကြိမ်မြောက် တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့က ၎င်းကိုယ်တိုင် ရုံးတော်သို့ ထပ်မံလာရောက် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

“လက်ရှိ သူ့ကို တရားထပ်စွဲဖို့ စီစဉ်နေသူတွေ အများကြီး။ သူရှင်းရမယ့် ငွေတွေကလည်း သိန်းသောင်းချီတယ်။ အာမခံယူပြီး အပြင်ပြန်လွတ်ချိန်မှာ သူ့ကုမ္ပဏီရုံးခန်းကို ပိတ်လိုက်ပြီး သူ့မိသားစုဝင်တွေကို နိုင်ငံခြား ပို့လိုက်တယ်။ သူ့ပိုင်ဆိုင်မှုတွေကို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လက်ထဲ လွှဲပြောင်းပေးခဲ့တဲ့ သတင်းတွေ ထပ်ပေါ်လာတယ်။ သူ့မှာ အလိမ်ခံရသူတွေရဲ့ ငွေတွေ အကုန်ပြန် မလျော်နိုင်တဲ့ အနေအထားရောက်မှ တရားရုံးကို ပြန်လာပြီး အဖမ်းခံတယ်ဆိုတော့ ဘာအကြံအစည်တစ်ခုခုများ သူ့မှာ ထပ်ရှိနေမယ်ဆိုတာ စဉ်းစားစရာပါ” ဟု ကျောက်တံတားမြို့နယ် တရားရုံးတွင် Father Land ကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုများဖြင့် တရားစွဲဆိုထားသူက သုံးသပ်ပြောကြားသည်။

ဦးကျော်မြင့်အား ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းများ ဝယ်ယူထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း သုံးထောင်ကျော် လိမ်လည်သည်ဟု ဆိုကာ အာမခံမရသော ပုဒ်မဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ Father Land ကုမ္ပဏီပိုင်ရှင်ကို ရုံးထုတ်စစ်ဆေးပြီးနောက် ဗိုလ်တထောင် မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ဗိုလ်တထောင် မြို့မရဲစခန်းထံမှ သိရှိရသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ပိုင်ရှင်ဖြစ်သူ ဦးကျော်မြင့်က နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ အဆိုပါ နာရီဆိုင် ပိုင်ရှင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဦးကျော်မြင့်နှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

The Voice Weekly
ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ရဲစခန်းသို့ သွားရောက်အဖမ်းမခံမီ ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို နာရီ ဆိုင်များ ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းခဲ့ကြောင်း Father Land ကုမ္ပဏီ ပိုင်ရှင် ဖြစ်သူ ဦးကျော်မြင့်ကို တရားစွဲဆိုသူများထံမှ စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူ အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးတို့ကို ပြန်တရားစွဲမည်

Photo: စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူ အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးတို့ကို ပြန်တရားစွဲမည်
Monday, January 12, 2015

လက်ပံတောင်အရေးနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းခြင်း မရှိသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ကို ဖြုတ်ချရန် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့် ထားသည့်အတွက် ဆန္ဒပြသူက အမှုဖွင့်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးကို ဥပဒေကို လုပ်ပိုင်ခွင့်ထက် ကျော်လွန် အသုံးပြုသည်ဟုဆိုကာ တရားပြန်စွဲသွားမည် ဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၈ ရက်က တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးကို ဇန်န၀ါရီ ၉ ရက် ညနေပိုင်းတွင် ခွင့်မပြုသည့် လမ်းကြောင်းများ၌ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် စစ်ကိုင်း မြို့မ စခန်းမှူး ဒု-ရဲမှူး သိင်္ခဝင်းက တရားလိုပြု၍ (ပ)၂၃/၂၀၁၅ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

“ဥပဒေဘက်တော်သားတွေကိုယ်တိုင် ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ။ ကျွန်တော် ဆန္ဒပြနေတုန်းက မတားဘူး။ မပြောဘူး။ သူတို့မှာ အဆင့်ဆင့် တားလို့ရတယ်။ အဲဒီလို တားတာကို မလိုက်နာဘူး ဆိုရင်တော့ အရေးယူလို့ရတယ်။ အခုဟာက အဲဒီလို မဟုတ်ဘဲ ဥပဒေကို လုပ်ပိုင်ခွင့်ထက် ပိုပြီး လုပ်နေတာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

ဦးသန်းထိုက်ဦးက အမှုဖွင့်ထားသည့် ဒု-ရဲမှူး အပါအဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒု-ရဲမှူး သိင်္ခဝင်းက “ခွင့်ပြုမိန့်တော့ တင်တယ်။ ခွင့်ပြုမိန့်လည်း ချပေးတယ်။ ဒါပေမဲ့ ခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း မသွားလို့ အမှုဖွင့် အရေးယူတာပါ” ဟု ပြောသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း၊ အမှန်တရားအတွက် ရင်ဆိုင်သွားမည်ဖြစ်ပြီး အဆိုပါကိစ္စကို သမ္မတအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးကို အမှန်တရားဖော် ထုတ်ပေးရန် တင်ပြသွား မည်ဟု ဦးသန်းထိုက်ဦးက ဆိုသည်။

၎င်းက “နိုင်ငံသား တစ်ယောက်က ဥပဒေကို လေးစားလိုက်နာပြီး ဘောင်ထဲ က လုပ်တယ်။ သူတို့က ဥပဒေကို ချိုးဖောက်တယ်။ ဒါဟာ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒါကိုလည်း နိုင်ငံတကာက သိအောင် လုပ်သွားမယ်” ဟု ပြောသည်။

စစ်ကိုင်းမြို့ရှိ ဒီမိုကရေစီအရေးတက် ကြွလှုပ်ရှားသူများက ထိုသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့်သည့် လုပ်ရပ်သည် အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တိုက်ရိုက်ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်ဟုလည်း ဝေဖန်ပြောကြားကြသည်။

စစ်ကိုင်းမြို့တွင် ပုဒ်မ ၁၉ ဖြင့် အရေးယူခံရခြင်းသည် ပထမဆုံးဖြစ်ပြီး တက်ကြွလှုပ်ရှားသူများက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ဥပဒေ ချိုးဖောက်နေ မှုများကို တရားဝင်ဆန္ဒဖော်ထုတ်သွားရန် စီစဉ်သွားမည်ဟုလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များက ဆိုကြသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - သန်းထိုက်စိုးစံ)
(ဓာတ်ပုံ - သန်းထိုက်စိုးစံ)
လက်ပံတောင်အရေးနှင့်ပတ်သက်ပြီး တာဝန်ယူဖြေရှင်းခြင်းမရှိသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ကို ဖြုတ်ချရန် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့် ထားသည့်အတွက် ဆန္ဒပြသူက အမှုဖွင့်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးကို ဥပဒေကို လုပ်ပိုင်ခွင့်ထက် ကျော်လွန် အသုံးပြုသည်ဟုဆိုကာ တရားပြန်စွဲသွားမည် ဖြစ်ကြောင်း တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးက မဇ္ဈိမကို ပြောသည်။

အဋ္ဌမတန်း စာမေးပွဲရမှတ်နှင့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသွားမည်မဟုတ်

အတန်းတင်စာမေးပွဲစနစ်ကို တိုင်းစစ်အဖြစ် ဖြေဆိုကြရမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ နဝမတန်းသို့ ဆက်လက် တက်ရောက်ရာတွင် စာမေးပွဲရမှတ် အဆင့် (Grade) အလိုက် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသတ်မှတ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

အမျိုးသမီးတစ်ဦး ရည်းစားနဲ့ရန်ဖြစ်ပြီးပြီးချင်း ကလေးနှစ်ယောက်ကို လက်ဆွဲကာ တိုက်ပေါ်က ခုန်ချသွားခဲ့

Photo: အမျိုးသမီးတစ်ဦး ရည်းစားနဲ့ရန်ဖြစ်ပြီးပြီးချင်း ကလေးနှစ်ယောက်ကို လက်ဆွဲကာ တိုက်ပေါ်က ခုန်ချသွားခဲ့ 
Monday, January 12, 2015

ကြားရတာ တော်တော်လေး စိတ်ဆင်းရဲစရာပါ။ ချစ်သူရည်းစားနဲ့ ပြသနာအကြီးအကျယ်တက်ပြီးတဲ့နောက်မှာ အသက် ၂၀သာရှိသေးတဲ့ Lucia Brum Padillaဟာ သူမရဲ့သမီးနှစ်ယောက်ကို လက်ဆွဲပြီး အထပ်၃၀မြင့်တဲ့ အဆောက်ဦးပေါ်ကနေ ခုန်ချခဲ့တာပါ။ သူတို့သုံးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦး အော်ဟစ်ရန်ဖြစ်နေကြတဲ့အသံကို ဘေးအိမ်တွေက ကြားခဲ့ရတယ်လို့ ထွက်ဆိုကြပြီး ဖြစ်တဲ့ပြသနာကတော့ အမျိုးသားက အခြားအမျိုးသမီးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့တာကြောင့်လို့ သိရပါတယ်။

အဲ့ဒီလို အော်ဟစ်ရန်ဖြစ်ပြီးပြီးချင်းမှာပဲ Lucia Brum Padilla ဟာ အသက် (၁)နှစ်အရွယ် သမီးနဲ့ (၂)နှစ်အရွယ် သမီးနှစ်ယောက်စလုံးကို လက်ဆွဲပြီး ၀ရံတာကနေ ခုန်ချသွားခဲ့တာပါတဲ့။ အဲ့ဒီနောက်မှာတော့ ချက်ချင်းဆိုသလို အဲ့ဒီအခန်းကို ဘေးအိမ်ကလူတွေ၊ တာဝန်ရှိသူတွေ ရောက်လာခဲ့ပြီး သူမရဲ့ ရည်းစားဖြစ်သူ အသက်(၃၃)နှစ်အရွယ် Carlos Pinto ကို တိုက်ပေါ်ကနေ ထပ်ခုန်မချစေဖို့ ၀ိုင်းဝန်းတာဆီးခဲ့ရတယ်လို့ သိရပါတယ်။

Ref:cosmopolitan.com
Trend Myanmar
ကြားရတာ တော်တော်လေးစိတ်ဆင်းရဲစရာပါ။ ချစ်သူရည်းစားနဲ့ ပြသနာအကြီးအကျယ်တက်ပြီးတဲ့ နောက် မှာ အသက် ၂၀သာရှိသေးတဲ့ Lucia Brum Padillaဟာ သူမရဲ့သမီးနှစ်ယောက်ကို လက်ဆွဲပြီး အထပ်၃၀မြင့်တဲ့ အဆောက်ဦးပေါ်ကနေ ခုန်ချခဲ့တာပါ။ သူတို့သုံးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦး အော်ဟစ်ရန်ဖြစ်နေကြတဲ့အသံကို ဘေးအိမ်တွေက ကြားခဲ့ရ တယ်လို့ ထွက်ဆိုကြပြီး ဖြစ်တဲ့ပြသနာကတော့ အမျိုးသားက အခြားအမျိုးသမီးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့ တာကြောင့်လို့ သိရပါတယ်။

ယနေ့ကျင်းပမည့် သမ္မတ၊ တပ်ချုပ်နှင့် နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးပွဲ အချိန်ကန့်သတ်ထားခြင်းမရှိ

နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးပွဲကို အချိန်ကန့်သတ်ထားခြင်း မရှိဘဲ အကြောင်းအရာ သုံးခုကို လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုထား ကြောင်း တက်ရောက်ရန် ဖိတ်ကြားခံရသူများက ပြောဆိုကြသည်။

အမေရိကန် လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့အဖွဲ့ မြစ်ကြီးနား ကိုရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စု များဓမ္မာရုံမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု

Photo: ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု
Monday, January 12, 2015

ခင်နွယ်ဝင်းနှင့် ထက်ထက်အောင် စုစည်းရေးသားသည်

ဇန်န၀ါရီ ၇ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Charlie Hebdo (ချာလီဟက်ဘ်ဒူ) မဂ္ဂဇင်းတိုက်ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ပြီး မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သရော်စာများ တင်ဆက်ရေးသားနေသည့် ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် တမန်တော် မိုဟာမက်ကို လှောင်ပြောင်သရော်သည့် ကာတွန်းများ ဖော်ပြခဲ့ မှုကြောင့် အစ္စလာမ်မစ် အစွန်းရောက်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယခုကဲ့သို့ မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် သည် ကမ္ဘာတစ်ဝန်းက မီဒီယာအဖွဲ့အစည်းများ ထိတ်လန့်တုန်လှုပ်ခဲ့ရသလို လွတ်လပ်စွာ ထုတ်ဖော်ရေး သားမှုအပေါ် အစွန်းရောက်နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု၏ ဇာစ်မြစ်မှာ မျက်နှာဖုံးသရုပ်ဖော်ကာတွန်းကြောင့်ဖြစ်သည်။ အနုပညာနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားပြီး လွတ်လပ်စွာ ဖော်ပြခွင့်ရသည့် ပြင်သစ်နိုင်ငံမျိုးတွင် သရုပ်ဖော် ကာတွန်းကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း သရုပ်ဖော် ကာတွန်းဆရာ စိုးသော်တာက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အစွန်းရောက်မှုနည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ခြင်းသည် လက်သင့်ခံစရာ အခြေအနေတစ်ရပ် မဟုတ်ပေ။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းမီဒီယာသမားတစ် ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ရော ကန့်ကွက်တယ်။ အကြမ်းဖက်တာကို အကြမ်းဖက် တဲ့နည်းနဲ့ မတုံ့ပြန်သင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။

ကာတွန်းဖြစ်စေ၊ စာဖြစ်စေ လူ့အခွင့်အရေးရှုထောင့်မှ ရေးသားထားသည့် မည်သည့်လက်ရာမဆို အငြင်းပွားစရာဖြစ်ကောင်း
ဖြစ်နေနိုင်ကြောင်း၊ ကာတွန်းတစ်ပုဒ် စာတစ်ပုဒ်အတွက်ဖြင့် ဖန်တီးသူများကို ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက် နှုတ်ပိတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း Pen Myanmar အဖွဲ့မှ မသီတာ (စမ်းချောင်း) က ပြောသည်။

“စကားလုံးတွေ၊ ကာတွန်းတွေက ပြစ်မှုတွေ၊ ရာဇ၀တ်မှုတွေ မဟုတ်ပါဘူး။ ကျည်ဆန်တွေကတော့ ကျိန်းသေပေါက် ရာဇဝတ်မှု ကို ဖြစ်စေတာပဲလေ။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာတွေက လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်နဲ့ အလုပ်လုပ်နေသူတွေ ကိုတော့ အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုသည် အစွန်းရောက်မှုများဆီ ဦးတည်သွားနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ မသီတာ (စမ်းချောင်း) က “ဖန်တီးသူတွေကလည်း လူ့အခွင့်အရေး ကြေ ညာစာတမ်းမှာပါတဲ့ အခြားသူများရဲ့ right ကိုလည်း လေးစားလိုက်နာပြီးတော့ အလုပ်လုပ်မယ်ဆိုရင် သူတို့တွေရဲ့ ဘဩယ်အတွေးအခေါ် ဘယ်တင်ပြမှုကမဆို တစ်ပါးသူကို မထိခိုက်အောင် တာဝန်ယူနိုင်မှာ ဖြစ်တယ်” ဟု ထောက်ပြပြောဆိုထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုသည် သတင်းအမှန်ကို အများပြည်သူသိရှိ နိုင်သည့် အခွင့်အရေး တစ်ရပ်ဖြစ်သော်လည်း တစ်စုံတစ်ဦး၊ အဖွဲ့အစည်း တစ်ခုခုအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ကိုလည်း ငြင်းဆန်မရနိုင်ပါ။

“စာနယ်ဇင်းတွေမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိကိုရှိရပါမယ်။ ဘယ်အပိုင်းကို မဆို ပုဂ္ဂလ ဓိဋ္ဌာန်နဲ့မရေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အမှန်တရားဘက်က ရေးသားသင့်တယ်။ ဒါပေမဲ့ ကိုယ့်ဖန်တီးမှု တစ်ခုက ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတွေဖတ်မိရင် အဆိုးဘက်ဦးတည်တဲ့အမြင်တွေ ဖြစ်နိုင်မဖြစ်မနိုင် စာနယ်ဇင်းသမားဘက်ကလည်း ပြန်စဉ်းစားရပါမယ်” ဟု ကာတွန်း စိုးသော်တာက ပြောသည်။

“အခုလို ဘုရားသခင်ကို ခုတုံးလုပ်ပြီး အကြမ်းဖက်သွားတာကသာ ဘုရားသခင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာ ပါ။ ခုဖြစ်တဲ့ကိစ္စကတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို တိုက်ခိုက်လိုက်တာပါပဲ”ဟု ကာတွန်း သရုပ်ဖော်လူကြီးမင်းက ပြောသည်။

ဦးကျော်မင်းဆွေကမူ မီဒီယာများ ကျင့်ဝတ်နှင့်ညီရန်၊ သရော်စာ ကာတွန်းများကလည်း တစ်ဖက်သိက္ခာ မကျစေရန် ကျင့်ဝတ်နှင့် ညီရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

သတင်းစာဆရာများ၊ ကာတွန်းဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုသည် ထိရှလွယ်သော ဘာသာရေးနှင့် ပွတ်တိုက်မှုဖြစ်လာသည့်အခါ အစွန်းရောက်များအတွက် အကြမ်းဖက်ရန် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာသည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် အခြားနယ်ပယ် အသီးသီးက ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အမြုတေအဖွဲ့ဝင် အလ်ဟြဟ် ဦးအေးလွင်က လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အပြည့်အဝ လက်ခံပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကြောင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ မဖြစ်စေရန် နိုင်ငံတည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများအရ ထိထိရောက်ရောက် အရေးယူနိုင်သည် ဟု ပြောသည်။

ဘာသာရေးအကြောင်းပြု အစွန်းရောက်မှုများကို ထိန်းကွပ်ရန် ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည် ကိုလည်း ထောက်ပြခဲ့ကြသည်။

“ဘာသာရေးတိုင်းတွင် အစွန်းထွက်မှုလေးတွေ ရှိပါတယ်။ အစွန်းကို ထွက်စေတဲ့ အကြောင်း တရားတွေ ကို ထိန်းချုပ်ရပါမယ်။ ဘာသာရေးအကြောင်းပြပြီး လူတွေကို ဘေးဖယ်တာတို့၊ နှိမ်ချတာမျိုးလုပ်ရင် အဲဒီ လူတွေဟာ အစွန်းထွက်ဖို့၊ အကြမ်းဖက်ဖို့ သိမ်းသွင်းခံရနိုင်ပါတယ်” ဟု အလ်ဟြဟ် ဦးအေးလွင်က ရှင်းပြ သည်။

တမန်တော်မိုဟာမက်အား သရော်လှောင်ပြောင်သည့် ကာတွန်းဖော်ပြခဲ့သဖြင့် ချာလီဟက်ဘ်ဒူ မဂ္ဂဇင်း တိုက်သို့ ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းသည် “အစ္စလာမ်တရားနဲ့ လုံးဝမပတ်သက်ပါဘူး။ အဲဒီ လို အကြမ်းဖက်တုံ့ပြန်တဲ့သူတွေကိုလည်း အစ္စလာမ်ဘာသာဝင်လို့ မသတ်မှတ်ပါဘူး” ဟု ဦးအေးလွင်က ပြောဆိုလိုက်သည်။

ကာဒီနယ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုကလည်း အကြမ်းဖက်မှုများကို လက်မခံ ကြောင်း၊ တစ်ဖက်သားဘာသာကို ရိုသေလေးစားကာ ထိခိုက်သည့်၊ ရှုတ်ချသည့် စကားများ မပြောရန် အရေးကြီးကြောင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ဆက်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကို အစွန်းရောက်မှုဖြင့် ပြန်လည် တုံ့ပြန်ခံခဲ့ ရသော ပြင်သစ်မဂ္ဂဇင်း ချာလီဟက်ဘ်ဒူဖြစ်ရပ်က မေးခွန်းများစွာ ပေးခဲ့ခြင်းသာ ဖြစ် သည်။

Mizzima - News in Burmese 

ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ) ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ)
 ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်း ဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ 

လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်

ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်ရှိ ဆိုင်ကယ်စီးခွင့် မပြုထားသည့် နယ်မြေ၌ လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထိန်းသိမ်းထားပါက နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဝင်ရောက်ဖမ်းဆီးခွင့်ရှိသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူး ဝင်းလွင်က ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်
Monday, January 12, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော်ကြေးပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းအတွက် ပေ ၄၀၀ အတွင်း ပါဝင် သည့် လယ်ယာမြေကို လျော်ကြေးပေးရာတွင် ပြင်ပပေါက်ဈေး ထက် ၁၀ ဆခန့် နည်းပါးသည်ဟု နေပြည်တော်ကောင်စီအတွင်းရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။

“အပြင်မှာ တကယ်ပေါက်နေတာက သိန်း ၃၀ လောက်ပေါက်တယ်။ ဒါပေမဲ့ လယ်(မြေ) မှ ကျပ်သုံးသိန်းခွဲ၊ သုံးသိန်းပဲ ပေးတယ်။ ခုတော့ တိုးပေးမယ် လို့တော့ ကြားတယ်” ဟု နေပြည်တော်ကောင်စီတွင် ပါဝင်သည့် ရဘန်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသီဟကျော်စွာထွန်း က ပြောသည်။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ယာမြေနှင့် မြေလွတ်မြေရိုင်းများ ပါဝင်ပြီး လျော်ကြေးပေးရာတွင် ဒေသအလိုက် မြေအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းများကို ဒေသပေါက်ဈေးနှင့်အညီ သတ်မှတ်ပြီး ပေးချေ သွားမည်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခုအတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ အတွင်းရှိ အမြန်လမ်း ဖောက်လုပ်ရန် ပေ ၄၀၀ အတွင်း ပါဝင်သည့် လယ်ယာမြေ၊ အခြားမြေများအတွက် ငွေကျပ်သိန်း ၁၄,၉၂၅ ဒသမ ၁၂ သိန်းကို နယ်မြေများအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး မြေအမျိုးအစားအလိုက် ပေးလျော်ထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Mizzima - News in Burmese  

ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ် အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော် ကြေး ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ

Photo: ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ
Monday, January 12, 2015

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင်အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သံသယရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။

ဈေးဆိုင်ကို လုံခြုံရေးရဲတွေက ဝင်စီးပြီး ဓါးစားခံတွေလွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပြီး အခုတော့ သူ့ကို လုံခြုံရေးရဲတွေက အကြီးအကျယ်ရှာဖွေနေကြတာပါ။ အဲဒီဈေးဆိုင်ကိုဝင်စီးနင်းမှုအတွင်း အကြမ်းဖက်သမား Coulibaly သေဆုံးခဲ့ပါတယ်။

Boumeddiene ရဲ့ မူဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အမည်းရောင် ဝတ်ရုံကိုဝင်ဆင်ပြီး မြားပစ်လေ့ကျင့်နေတဲ့ ဓါတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ ဒီအတောအတွင်း ပဲရစ်က သုံးရက်ကြာ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံခဲ့ရသူ ၁၇ ယောက်အတွက်ပြင်သစ်နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က Charlie Habdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှု၊ ကြာသာပတေးနေ့မှာ ရဲဝန်ထမ်းတယောက်ကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သောကြာနေ့က ဈေးဆိုင်မှာ ဓားစာခံတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်အပြီး ပြင်သစ်လူထုဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အခုလို ပြသခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲအတွက်လည်း စနေနေ့ကတည်းက ပဲရစ်စ်မြို့တဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက် ချထားပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဥရောပတိုင်းပြည်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတလွှားက ထင်ရှားတဲ့သူတွေ အနေနဲ့ ဒီချီတက်ပွဲအပေါ် စောင့်ကြည့်ကြလိမ့်မယ်ဆိုပြီးတော့လည်း မျှော်လင့်ထား ပါတယ်။

VOA
ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ

Photo: အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ
Monday, January 12, 2015 

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဘာရိန်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၂ မှာရှိပြီး အီရန်ရဲ့ ထိုးစစ်တွေကို ခံခဲ့ရပါတယ်။ ယူအေအီး အသင်းနဲ့ ကာတာပွဲမှာတော့ ယူအေအီးအသင်းက ၄ ဂိုး၊ ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

၂ သင်းစလုံးဟာ အာရှမှာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်၊ ယူအေအီးအသင်းအတွက် ၂ ဂိုးကို တိုက်စစ်မှူး အာမက် ခါလီက သွင်းပေးခဲ့ပြီး နောက်နှစ်ဂိုးကို အလီ အာမက် မာကွတ်က သွင်းပေးခဲ့ပါတယ်။

ယူအေအီး အသင်းဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျရင် ဘာရိန်းအသင်းနဲ့ ယှဉ်မှာ ဖြစ်ပြီး ကာတာ အသင်းက အီရန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ ပွဲတွေမှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိ၊ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိ၊ တရုတ်က ဆော်ဒီ အာရေးဗီးယား အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျနဲ့ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီဗွီဘီ
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ 

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်

Photo: ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်
Monday, January 12, 2015

ရန်ကုန် စတော့ အိတ်ချိန်း ကို မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး၊ ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။
မြန်မာနိုင်ငံ ရဲ့ ပထမဆုံး စတော့ အိတ်ချိန်း ဈေးကွက် ကို ၂၀၁၅ အောက်တိုဘာ လထဲ မှာ စတင် ဖွင့်လှစ် နိုင် ဖို့ အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်နေ ကြပါတယ်။ ရှယ်ယာ ရောင်းသူ နဲ့ ဝယ်သူတွေ အကြား ဝန်ဆောင်မှု ပေးရမယ့် လုပ်ငန်း လိုင်စင် ၄ မျိုး ကို လျှောက်ထား ဖို့ မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ခေါ်ယူ ပါလိမ့်မယ်။

ဒီလိုင်စင် ကို အများပိုင် ကုမ္ပဏီတွေ ကသာ လျှောက်ထားခွင့် ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံ မှာ လက်ရှိ အများပိုင် ကုမ္ပဏီ ပေါင်း ၂၀ဝ ဝန်းကျင် လောက် ရှိနေတယ် လို့ ကော်မရှင် ဥက္ကဌ ဘဏ္ဍဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း က ပြောပါတယ်။

စတော့ ဈေးကွက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ၄ မျိုး လျှောက်ထားမယ် ဆို လိုင်စင် အမျိုးအစား အပေါ် မူတည်ပြီး ရင်းနှီး မတည်ငွေ အနေနဲ့ မြန်မာကျပ်ငွေ သန်း (၃၀) ကနေ (၁၅)ဘီလျံ အထိ ရှိရမှာ ဖြစ်ပါတယ်။

သတ်မှတ် ထားတဲ့ အချက်တွေ နဲ့ ကိုက်ညီ နိုင်တဲ့ အများပိုင် ကုမ္ပဏီ ၁၀ ခု လောက် ရှိတယ် ဆိုပြီး ဒေါက်တာ မောင်မောင်သိန်း က ဆိုပေမယ့်၊ စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ မောင်အောင် ကတော့ လောလောဆယ် ပြည်တွင်းက အများပိုင် ကုမ္ပဏီ အများစုဟာ ဆွေမျိုး သားချင်းတွေ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်သလို၊ ငွေဖြူငွေမည်း ကိစ္စလို ဖြေရှင်း စရာတွေ ရှိနေတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အခု ဖွင့်ဖို့ ပြင်ဆင်နေတဲ့ စတော့ အိတ်ချိန်းကို ရန်ကုန် စတော့ အိတ်ချိန်း လို့ ခေါ်မှာပါ။ ရန်ကုန် စတော့ အိတ်ချိန်း ကို ဘဏ္ဍဍာရေးနဲ့ အကောက်ခွန် ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် တာဖြစ်ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်လွှာ တွေကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ဇန်နဝါရီ (၁၉) ရက်နေ့ မှာ စတင် လက်ခံမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁% ပိုင်ဆိုင်ထားပြီး၊ ဂျပန် ဒိုင်ဝါကော်ပိုရေးရှင်းနဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။

လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင် ဆွေးနွေးရန် လက်ခံပြီ

Photo: လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင်
ဆွေးနွေးရန် လက်ခံပြီ
Monday, January 12, 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင်ပြုလုပ်မည်ဖြစ်သည်ဟု စိမ်းလန်း ပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို အတည်ပြုသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်းများက ဘဏ္ဍာရေးဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် MEITI ရုံးသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စာတင်ပြ တောင်းဆို ခဲ့ခြင်းဖြစ်သည်။

မမိုးမိုးထွန်းက “အစ်မတို့ ဖိတ်ထားတဲ့သူတွေ အကုန်ပါမယ်လို့တော့ ပြောတယ်။ အစ်မတို့ဘက်က တောင်းဆိုတာတွေတော့ ရှိမှာပါ။ အစ်မတို့တောင်းဆိုတာကို ဘယ်လောက် လိုက်လျောပေးမလဲတော့ မသိဘူးပေါ့။ MEITI ကိစ္စတွေကို အဓိက တောင်းဆို ဆွေးနွေးသွားမှာ ပါ”ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်မည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ညှိနှိုင်းဆွေးနွေးမှုကနေ အကောင်းကို မျှော်လင့်ပါ တယ်။ တွေ့ဆုံဖို့ တောင်းဆိုတာကို လိုက်လျောပေးတယ်ဆိုတော့ အကောင်းဘက်ကို သက်ရောက်မယ်လို့ ထင်တယ်လေ။ သူတို့ကလည်း တိုင်းပြည်တိုးတက်တာ၊ တည်ငြိမ်တာကို လိုချင်တယ် ဆိုရင်ပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်း MEITI ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ ငါးဦးကိုလည်း ယင်းအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှု ကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ် နောက်ပိုင်း လက်ပံတောင်းပဋိပက္ခများ အမြန်ဆုံးဖြေရှင်းပေးရန်နှင့်စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြ မှုများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးတွင်လည်း သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima - News in Burmese  

လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

သီရိလင်္ကာ သမ္မတဟောင်း အာဏာ ဆုပ်ကိုင်ထား လိုမှုကို စုံစမ်း စစ်ဆေးမည်

သီရိလင်္ကာ သမ္မတဟောင်း မဟင်ဒါ ရာဇာပက်သသည် လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် အာဏာ ဆက်ဆုပ်ကိုင်သွားရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး သွား မည်ဖြစ်ကြောင်း သီရိလင်္ကာ အစိုးရအဖွဲ့သစ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တရုတ်သို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖမ်းမိ

တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူဆယ်မြို့တွင် ဖမ်းဆီး ရမိစဉ် (ဓာတ်ပုံ − သိန်းဇော်(ရွှေလီဦး))
တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် အခြား တရားမ၀င် သစ်တောထွက် ပစ္စည်းများကို မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိ ခဲ့ကြောင်း မူဆယ်မြို့နယ် သစ်တောဦးစီး ဌာနမှ သတင်းရရှိသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်စည်တန်ဆာ ခများ ဆက်တိုက်မြင့်တက်

မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် ဖြစ်ပေါ်နေ သည့် ယဉ်ကြောကျပ်ကာ ကား လမ်းပိတ်ဆို့မှုကြောင့် ကုန်တင် ကားများ အချိန်ကြာမြင့်စွာ ည အိပ်စောင့်ဆိုင်းနေရပြီး မန္တလေး- မူဆယ်ကုန်ပစ္စည်းတန်ဆာခ ဈေး နှုန်းများရက်ပိုင်းအတွင်း ဆက် တိုက်မြင့်တက်လာကြောင်း ကုန် စည်ပို့ဆောင်ရေး ဂိတ်များမှ သ တင်းရရှိသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ

Photo: ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ
Monday, January 12, 2015  

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ် ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖံွ့ဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခု လို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။

"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည်အမြန်ဆုံး ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ဒေသကြီးတစ်ခုလုံကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊ လှိုင်သာယာမြို့နဲ့ကျတော့လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ တစ်ခါတည်း ခန်းခြောက် ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊ ကျေးရွာတွေကလည်း သွားရေးလာ
ရေးကအစ မိုးတွင်းဘက်ကျရင်လေ ရွှံ့တွေဗွတ်တွေနဲ့ အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊ တွဲဘက်အထက်တန်းကျောင်းဆိုတာက ထိပ်ဆုံးဆိုတဲ့ ကျောင်း တစ်ကျောင်းပဲရှိတယ်လေ၊ အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပမ်းမရှိ ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊ ကျောင်းတွေဘာတွေ ထွက် ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ လုပ်စားနေရတယ်"

မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်း ကျွန်းမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။

အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည် ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

RFA
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရွှေပြည်သာမြို့တွင် တို့ဆေးအသုံးပြု၍ လုယက်မှုဖြစ်

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ (၅)ရပ်ကွက် အပိုင်(၅/၅)ရပ်ကွက် ခတ္တာလမ်းသွယ်(၂)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီခန့်က တို့ဆေး အသုံးပြု၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ

Photo: ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
Monday, January 12, 2015 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန်ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံးသူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အခုပျောက်ဆုံးနေတဲ့စာရင်းကို အုပ်ချုပ်မှုအဖွဲ့အစည်းတွေကို သတင်းပေးဖို့တောင်းထားတယ်။ ဒါပေမယ့် အမည်စာရင်းပေးပို့တဲ့သူတွေမရှိသေး ဘူး''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ည ၇ နာရီ မိနစ်၂ဝ တွင် ဖြစ်ပွားခဲ့ပြီး ယင်းမြေစာပုံအောက်ခြေ၌ ယာယီ ဈေးဆိုင်တဲငယ် ခုနစ်ဆိုင်ခန့်၊ ဆိုင်ကယ် အစီး ၅ဝ ခန့်နှင့် ရေမဆေးကျောက် ရှာဖွေသူ ၂ဝ၊ ၃ဝခန့်ရှိကြောင်းသိရသည်။

ယင်းမြေစာပိပျောက်ဆုံးနေသူများအား ရတနာဆင်သီရိကုမ္ပဏီနှင့် ဇေကမ္ဘာကုမ္ပဏီတို့မှ ဘက်ဟိုးယာဉ် လေးစီးဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ပိုင်းမှစ၍ တူးဖော်ရှာဖွေခဲ့ရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့၏ ရုပ်အလောင်းများကိုသာ တူးဖော်တွေ့ ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖားကန့်မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၂/၂ဝ၁၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေဆိုင်းနော်(ဖားကန့်)
The Mirror Daily
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန် ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံး သူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လယ်ဝေးမြို့နယ်၌ စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းမိ

Photo: လယ်ဝေးမြို့နယ်၌ စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းမိ
Monday, January 12, 2015 

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကြိုးတန်းကျေးရွာနေ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်သည် ယမန်နေ့နံနက်ပိုင်းက ရဘိန်းကျေးရွာအုပ်စု ရေပြာကျေးရွာတောစပ်သို့ အိမ်မွေးကျွဲများအတွက် ကျွဲစာရိတ်ရန်သွားရောက်ရာ တောစပ်အနီး စပါးအုံးအမျိုးအစား မြွေကြီးနှစ်ကောင်ကို တွေ့ရှိခဲ့၍ တစ်ကောင်ကို အရှင်ဖမ်းမိခဲ့ပြီး ကျန် တစ်ကောင်မှာ တောထဲသို့ ဝင်ပြေးသွားခဲ့သည်။

ဖမ်းမိခဲ့ သောမြွေမှာအမဖြစ်၍ အရှည်ရှစ်ပေ၊ လုံးပတ်ရှစ်လက်မ ရှိပြီး ယခုအခါ ကြို့တန်းကျေးရွာ ရွာဦးဘုန်းကြီး ကျောင်းဝင်းအတွင်း သစ်သားသံဆန်ခါ လှောင်အိမ် ပြုလုပ်၍ ထိန်းသိမ်း စောင့်ရှောက်ထားလျက်ရှိ ကြောင်း သိရသည်။

ကိုပေါက်(ဥက္ကာမြေ)
Myanmaalinn
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကြိုးတန်းကျေးရွာနေ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်သည် ယမန်နေ့နံနက်ပိုင်းက ရဘိန်းကျေးရွာအုပ်စု ရေပြာကျေးရွာတောစပ်သို့ အိမ်မွေးကျွဲများအတွက် ကျွဲစာရိတ်ရန်သွားရောက်ရာ တောစပ်အနီး စပါးအုံးအမျိုးအစား မြွေကြီး နှစ် ကောင်ကိုတွေ့ရှိခဲ့၍ တစ်ကောင်ကို အရှင်ဖမ်းမိခဲ့ပြီး ကျန်တစ်ကောင်မှာ တောထဲသို့ ဝင်ပြေးသွားခဲ့သည်။

အစ္စလာမ် အစွန်းရောက် ဆန့်ကျင်ရေး ပြင်သစ် ချီတက်ပွဲ

ပြင်သစ် နိုင်ငံမှာ အစ္စလာမ် အစွန်းရောက် တွေကြောင့် လူ ၁၇ ဦး သေဆုံး ခဲ့ရ တာကို ကန့်ကွက် ဆန့်ကျင် တဲ့ ပဲရစ်မြို့ ချီတက်ပွဲ မှာ လူပေါင်း ၁ သန်း နီးပါး ပါဝင် ခဲ့ကြ ပါတယ်။

ဖမ်းမမိသေးသော အကြမ်းဖက်သမားများ ရှိနေဆဲကြောင့် ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်နိုင်ဆဲ


အကြမ်းဖက်မှုများမြန်မာနိုင်ငံတွင်း လုံးဝမဖြစ်နိုင်တော့ဟု မသတ်မှတ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင်က ဇန်နဝါရီ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပါကစ္စတန် ယာဉ်တိုက်မှု လူ ၅၇ ထက်မနည်း သေဆုံး

Photo: ပါကစ္စတန် ယာဉ်တိုက်မှု လူ ၅၇ ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော် တောင်ဘက်မှာ ဒီနေ့အစောပိုင်းက အရှိန်မြှင့် မောင်းနှင်လာတဲ့ ဓာတ်ဆီတင်ကားတစ်စီး လမ်းကြောင်းမှားပြီး ခရီးသည်တင်ဘတ်စ်ကားနဲ့ ခေါင်းချင်း ဆိုင်တိုက်မိ ခဲ့တဲ့ အတွက် ခရီးသည် ၅၇ ယောက်ထက်မနည်း သေဆုံး ခဲ့ပါတယ်။

လမ်းဆိုးတဲ့အပိုင်းမှာ တိုက်မိတဲ့ အဲဒီယာဉ်နှစ်စီးဟာ မီးလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကားတိုက်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါပြီး တချို့က မီးလောင်ဒဏ်ရာကြောင့် မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း ခရီးသည်တွေကို ကုသပေးနေတဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ကားမီးလောင်လို့ သေဆုံးသူတွေထဲမှာ သူတို့မိသားစုက မိသားစုဝင် ၉ ယောက် ပါသွားတယ်လို့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ပြောပါတယ်။ တချို့ခရီးသည်တွေကတော့ ကားပြူတင်းပေါက်က ခုန်ချလွတ်မြောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ လမ်းသားအရည်အသွေးညံ့ဖျင်းမှု၊ တာဝန်မဲ့ ယာဉ်မောင်းမှုနဲ့ ယာဉ်ထိန်းသိမ်းရေးညံ့ဖျင်းမှုတွေကြောင့် လူ့အသက် အများကြီးဆုံးရှုံးရတဲ့ ယာဉ်တိုက်မှုတွေ အတော်များများ ဖြစ်ပွားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ လူသိများတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅) 
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော် တောင်ဘက်မှာ ဒီနေ့အစောပိုင်းက အရှိန်မြှင့် မောင်းနှင်လာတဲ့ ဓာတ်ဆီတင်ကားတစ်စီး လမ်းကြောင်းမှားပြီး ခရီးသည်တင်ဘတ်စ်ကားနဲ့ ခေါင်းချင်း ဆိုင်တိုက်မိ ခဲ့တဲ့ အတွက် ခရီးသည် ၅၇ ယောက်ထက်မနည်း သေဆုံး ခဲ့ပါတယ်။

ဗန်းမောက်မြို့နယ် အတွင်း တရားမ၀င် ရွှေတူးဖော်သူ နှစ်ဦးကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမှော်ကျေးရွာအုပ်စုအတွင်း တရားမဝင်ရွှေတူး ဖော် လုပ်ကိုင်နေသူနှစ်ဦးကို ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးရမိ ပြီး အရေးယူမှုများ ဆောင်ရွက်လျက်ကြောင်း သိရသည်။

မွေးရာပါ ရှေ့သွား နှစ်ချောင်းပါ ကလေးငယ်တစ်ဦး အမေရိကန်တွင် မွေးဖွား

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ မွေးရာပါ ရှေ့သွားနှစ်ချောင်းပါတဲ့ ကလေးငယ်တစ်ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

RFA အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ

Photo: အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ
Monday, January 12, 2015  

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း တွေကို ဖြေရှင်းနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့ကတော့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတော်တော် များများကို ခြုံငုံပြီးတော့ပြောဖြစ်ပါ တယ်၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဆွေးနွေးနေတဲ့ အချက်တွေကတော့ ပုဒ်မတွေ ၂ဝဝ ကျော်ပေါ၊့ အဲ့ဒီအ ထဲမှာ အရေးပါတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၃၆ နဲ့ပတ်သတ်လို့ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ ကျနော်တို့ သဘောထားတွေကို ပြောဖြစ်ဆွေးနွေး ဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့ ဦးတည်ပြီးဆွေးနွေးတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ အဲ့ဒါတွေကိုပဲ အဓိက ဆွေးနွေးခဲ့ကြပါတယ်"

တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို နဲ့ ကိုထွန်းမြင့်အောင် စတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်း သား ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အ စည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအနှံ့မှာ ဆန္ဒသဘောထားလက်မှတ်တွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုကနေ ရရှိလာတဲ့ လက်မှတ် ၅သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထံ တင်ပြထားပါတယ်။

RFA
အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။