Thursday, 14 August 2014

ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်

Photo: ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်
Thursday, August 14, 2014

သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာထားသည့်အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော်ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

"သူတို့ကို မေတ္တာနဲ့သီဆိုပေးဖို့ အစ်မ အကူအညီတောင်းခဲ့တာပါ။ သူတို့တွေ ကမဆိုပေးတော့ဘူး ဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အဆိုပါဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည် မဟုတ်ဟုရေးသားထားသော်လည်း ဂီတပွဲစီစဉ်သူ ဒေါ်သွယ်သွယ်ထွေးကိုမူ အကြောင်းကြားထားခြင်း မရှိသေးဟု မသွယ်သွယ်ထွေးကပြောသည်။

" ပွဲက ၂၃ ရက်နေ့မှပါ။ သူတို့သဘောဆန္ဒအလျောက် နှုတ်ထွက်သွားတယ် ဆိုပေမယ့် ပွဲမစသေးဘူးလေ။ ပွဲမစခင်အချိန်ထိ သူတို့ပြန်ပြီး လာဆိုမယ်ဆိုရင်လည်း ခွင့်ပြုသွားမှာပါ။ " ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

" ပရိသတ်တွေအခုလို ဝေဖန်တဲ့ကိစ္စက ကိုငှက်ကိုချစ်လို့ ကိုငှက်သီချင်းတွေ ပျက်စီးမှာစိုးလို့ ဝေဖန်တာကို နားလည်ပါတယ်။ ကိုငှက်ကိုချစ်လို့ဖြစ်ကြတဲ့ ကိစ္စပါ။ အဲဒီတော့ ချစ်လို့ဖြစ်တဲ့ကိစ္စကို အချစ်နည်းနဲ့ပဲ ဖြေရှင်းမှာပါ။ ကိုငှက်ကို ချစ်ခြင်းအားဖြင့် လွမ်းခြင်းအားဖြင့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်တရအနေ နဲ့ ကိုငှက်ကိုချစ်ရင် ကိုငှက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ၊ ကိုငှက်ဆိုထားတဲ့သီချင်းတွေကို အနုပညာရှင်တွေက ကိုငှက်ကိုချစ်ခြင်းအားဖြင့် ဖျော်ဖြေကြမှာကို ခွင့်ပြုနားလည်ပေးနိုင်ကြမယ်လို့ ထင်ကြပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် တေးရေး ရွှေဂျော်ဂျော် က ပြောသည်။

ထူးအိမ်သင်အလွမ်းပြေဂီတဖျော်ဖြေပွဲတွင်ပါဝင်သီဆိုမည့်သူတစ်ဦးဖြစ်သော စည်သူလွင်ကလည်း " ဒီပွဲမှာ ပါဝင်သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ရော့ခ်သီဆိုမှုမှာဆိုရင်ကိုဇော်ဝင်းထွဋ်ကကျွန်တော်ရဲ့ဆရာဖြစ်သ လို ကိုငှက်က ပေါ့ပ်မှာကျွန်တော်ရဲ့ဆရာပါပ။ဲ ကျွန် တော်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "မင်းအကြောင်းအိမ်မက်" သီချင်းက ကိုငှက်ရေးပေးတာပါ။ ပြီးတော့ ကျွန်တော်နဲ့ ကိုအဲလက်စ်နဲ့ပေါင်းပြီးတော့" သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ "သီချင်းကို ကိုငှက်ခွင့်ပြုချက်နဲ့ပြန်ဆို ခဲ့ပါတယ်။ အဲဒီတုန်းက ကိုငှက်က ကျွန်တော်တို့ကို အသစ်အသစ်သော ဂီတအမျိုးအစားတွေကိုလက်ခံတယ် လို့ပြောခဲ့တယ်။ အခုလည်း ကိုငှက်လက်ခံနိုင်မှာပါ။" ဟု၎င်းက ပြောသည်။

"ပရိသတ်က အမျိုးမျိုးအစားစားဆိုတော့ ပြောကြတာပေါ့။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူကို ချစ်တဲ့သူတွေက ဝိုင်းပြီးတော့ကန့်ကွက်ကြတာမျိုးက ဘယ်နိုင်ငံမှာမဆိုရှိပါတယ်။ ကိုယ်လည်း တကယ်နှစ် သက်တယ်။

ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင်မည်သူမဆိုပါဝင်ခွင့်ရှိတယ်လို့တော့မြင်ပါတယ်။ တစ်ခုပဲရှိတာကသီချင်းတွေကိုရော သူ့ရဲ့ဇစ်မြစ်ကိုရောသေသေချာချာသိပြီးမှဆိုရင်တော့ ပိုကောင်းတာပေါ့။ဒီပွဲ ကိုပြန်လုပ်တာတော့ကောင်းပါတယ်။ ကိုငှက်ကြီးက ဒီလို ဂုဏ်ပြုသင့်တဲ့သူတစ်ယောက်လေ။ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေရဲ့ရင်ထဲမှာရှိမယ်။ အများပြည်သူက ဒီလိုမှမလုပ်ပေးရင် ကြာရင်မေ့သွားနိုင်တယ်လေ။" ဟု ဝါရင့်တေးရေးဆရာတစ်ဦးဖြစ်သူ မင်းချစ်သူကပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်သူစာရင်းမှ နှုတ်ထွက်သွားသည့် အောင်လနှင့် ရေမွန်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည့် ထူးအိမ်သင်ကွယ်လွန်ခြင်း  ၁ဝ နှစ်ပြည့် အမှတ်တရဂီတဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ L လွန်းဝါ၊ ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊ ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ဖြူုဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့် ထူးအိမ်သင်၏ သမီးဖြစ်သူ မိကွန်ထော တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့် "ထူးအိမ်သင်ဂီတပွဲတော်" ကို ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmat Event Park  (MEP) တွင် သြဂုတ် ၂၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese
သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာ ထားသည့် အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော် ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

ဟောင်ကောင်ကိုယ်ဝန်ဆောင်အမျိုးသမီး သစ်ပင်ပိ သေဆုံးသော်လည်း သန္ဓေသား အသက်ရှင်ခဲ့

ဟောင်ကောင်မှ မျိုးရိုးအမည်ကျန်ဟုပါသော အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး သည် သြဂုတ် ၁၄ ရက် ညနေ ၂ နာရီ မိနစ် ၃၀ ခန့် က လဲကျလာသည့် သစ်ပင်တစ်ပင်ပိမှုကြောင့် ဆေးရုံ အရောက်တွင် သေဆုံးသွားသော်လည်း ဆရာဝန်များက သန္ဓေသားအား အောင်မြင်စွာ မွေးဖွားပေးခဲ့နိုင် ကြောင်း သိရသည်။

ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား

Photo: ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား
Thursday, August 14, 2014

ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပါတော့မယ်။ အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှက်နေပါပြီ။ ကျွန်တော်ကို့ ခွင့်လွှတ်ပေးကြပါ” ဟု ရုရှားဘာသာဖြင့် Twitter တွင် ရေးသားခဲ့သည်။

နောက်ထပ် Twitter တစ်စောင်တွင်လည်း “ကျွန်တော် ပြောချင်နေတာတော့ ကြာပါပြီ၊ ဗိုဗာရေ (ပူတင်၏ အမည်ပြောင်) ခင်ဗျားမှားနေပြီ” ဟု ရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားအစိုးရအရာရှိတစ်ဦးက “ဒီစာတွေက အမှန်မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။

သို့သော် မက်ဒီဒက်၏ Twitter တွင် ရေးသားမှုများမှာ ဆက်လက်ထွက်ပေါ်နေပြီး ရုရှားတွင် ၀င်ရောက်ကြည့်ရှုသူအရေအတွက် ၁၀၀၀၀ မှ၂ ဒသမ ၅ သန်းသို့ အဆမတန် မြင့်တက်သွားခဲ့သည်။

ရေးသားထားသည့် စာမျာတွင်  ရုရှားအစိုးရအား ဝေဖန်မှုအများအပြား ပါဝင်သည်။

Mizzima - News in Burmese
ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက် ရေးသားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလတွင် အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ဝင်ခန်း နှစ်ခန်း စတင် ရိုက်ကူးမည်

နှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။

စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ

Photo: စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ
Thursday, August 14, 2014

လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုးက မဇ္ဈိမသို့ ပြောသည်။

မြန်မာပြည် ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် စောငမန်းနှင့် တူးတူးတို့ပွဲစဉ်တွင် စိန်ခေါ်သူတူးတူး အနိုင်ရရှိပါက မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ ရရှိမည်ဖြစ်သလိုစောငမန်းအနေဖြင့်လည်း လက်ရှိချန်ပီယံဘွဲ့ကာကွယ်ရန် လိုအပ်နေသည့်အတွက် အဆိုပါ ချန်ပီယံလုပွဲအား ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

လက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက “ အထူးတန်းလက်မှတ်ကုန်သလောက် နီးပါးဖြစ်နေပြီ။ ရိုးရိုးတန်းကပွဲနေ့ကျမှပဲ ရောင်းမှာပါ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ နှစ်သောင်းတန်းကကုန်သွားပြီ။ တစ်သောင်းခွဲ ခုံတောင် လေးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ” ဟု ပြောသည်။ မြန်မာပြည် ချန်ပီယံ စိန်ခေါ်ပွဲကို T &T Group နှင့် NAING MOE ENTERTAINMENT တို့မှ စီစဉ်ပြီး Victory MyanmarGroup မှ ငွေကျပ် သိန်း ၂၀၀ ကျော် စပွန်ဆာပေးထားသည်။
 
ထို့ပြင်လက်ဝှေ့ပွဲသို့ အစောဆုံးလာရောက်မည့် ပရိသတ် ၆၀၀ အား စောငမန်းနှင့်တူးတူးတို့၏ ပုံများပါရှိသည့် အကျီလက်ဆောင် များ ပေးရန် စီစဉ်ထားသည်။

မြန်မာပြည် ချန်ပီယံရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ပါဝင်သည့် တွဲဆိုင်း ၈ဆိုင်းမှာ စောရွှကျော်(ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး(T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ)နှင့်အားမာန်(T&T)၊ ရွှေဝါထွန်း(ရွှေ သောင်းရင်း)နှင့်လုံးချော(သတ္တိ)၊ဖိုးလပြည့်(ရွှေဖူး)နှင့် စောအယ်လေး(ထော့မဲပါ)၊ကျားပေါက်(ရွှေသောင်းရင်း)နှင့် ရဲတံခွန် (အလင်းရောင်)၊ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ)၊ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)၊ စောငမန်း (ရွှေဖူး)နှင့်တူးတူး (နဂါးမာန်) တို့ ထိုးသတ်ကြမည်ဖြစ်သည်။

Mizzima - News in Burmese
လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုး က မဇ္ဈိမသို့ ပြောသည်။

ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်

Photo: ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်
Thursday, August 14, 2014

 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ငါးနှစ်တစ်ကြိမ် ကပ်လှူလေ့ရှိသည့် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေ သင်္ဃန်း ကပ်လှူပူဇော်ခြင်းကို စက်တင်ဘာလ ၁၅ရက်မှ ၂ဝ၁၅ခုနှစ် ဧပြီလ ၂၈ရက် အထိ ခုနှစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြား၊ ရွှေမျက်ပါးနှင့် ရွှေစင်ပြားပေါင်း တစ်သောင်းကျော်ခန့် အသုံးပြုသွားမည်ဖြစ်သည်။

လုံးတော်ပြည့်ကပ်လှူရာတွင်  ၂ဝဝ၉ခုနှစ်မှ စတင်ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခြောက်ကျပ်သား ရွြှေုပားပေါင်း ၁၁၉ချပ်၊ သုံးကျပ်သား ရွှေပြားပေါင်း ၁ဝ၆၃ ချပ်နှင့် တစ်ကျပ်သား ရွှေပြားပေါင်း ၄၈၄၁ ချပ် လှူဒါန်းမှုများ ရရှိထားပြီး ဖြစ်သည်။ ရွှေသင်္ဃန်းအတွက် လှူဒါန်းရရှိသည့် ငွေသားများမှ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆ဝဝ,ဝဝဝ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူရာတွင် အခြားစရိတ်များအဖြစ် ကျပ်သိန်းပေါင်း ၉ဝဝဝကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

“ ရွှေပြားစုတ်ပြဲတာတွေ ပြန်ကောက်ပြီးလည်း ရွှေပြန်သန့်စင်ပြီးလည်း ပြန်ကပ်ပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြားသင်္ဃန်း ကပ်ထားသော ဧရိယာမှ စုတ်ပြဲပျက်စီးသော ရွှေပြားများ အစားထိုး ဖြည့်စွက်ခြင်း၊ ပထမကြေးဝန်းနှင့် ဒုတိယ ကြေးဝန်းတို့တွင် ရွှေစင်ပြားများ တိုးချဲ့ကပ်လှူခြင်း၊ ယခင် ရွှေမျက်ပါးကပ်ထားသော ပန်းဆွဲကြီး ၁၆ ခုကို ရွှေစင်ပြား ပြောင်းလဲကပ်လှူခြင်းနှင့် အောက်ဆုံးပစ္စယာ သုံးဆင့်၊ ရှစ်မြှောင့် ပစ္စယာတို့အား ရွှေမျက်ပါးအသစ် ကပ်လှူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ရွှေမျက်ပါး၊ ရွှေပြားနှင့် ရွှေစင်ပြား အမျိုးအစားသုံးမျိုးဖြင့် ရွှေသင်္ဃန်း ကပ်လှူထားခြင်းဖြစ်သည်။ ငှက်ပျောဖူးတော်ကြီး၊ ဖောင်းရစ်များ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတော် စသည်တို့ကို ရွှေပြားကပ်လှူထားခြင်း၊ ပဉ္စမကြေးဝန်း၊ စတုတ္ထကြေးဝန်း၊ တတိယ ကြေးဝန်းနှင့် ကြာမှောက်၊ ကြာလန်ဧရိယာကို ရွှေစင်ပြားကပ်ထားခြင်း၊ အနိမ့်ဆုံးနှင့် အကျယ်ဆုံး အပိုင်းဖြစ်သော စေတီတော်ကြီး ပစ္စယာသုံးဆင့်နှင့် ရှစ်မြှောင့်ပစ္စယာ၊ အခုံးအခွက်များဖြင့် တန်ဆာဆင်ထားသော ပန်းဆွဲကြီး ၁၆ခုတွင် ရွှေမျက်ပါး ကပ်လှူထားသည်။

Mizzima - News in Burmese
 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ

Photo: ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ
Thursday, August 14, 2014

ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ မလေးရှား ဆယ်ကျော်သက် တစ်ဦးသည် အစ္စရေးအား ထောက်ခံသော Facebook မှ Post တစ်ခုအား “like” လုပ်မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေးအား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစုအဝေး တစ်ခုအား ကြိုက်နှစ် သက်ကြောင်း ပြသခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် သူ့အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထိုကိစ္စ အပေါ် သည်းမခံမှုများ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

 “အစ္စရေးကို ငါချစ်တယ် ” ဟု ရေးသား ကြေညာ ထားပြီး ဂျူးနိုင်ငံ ဖြစ်သည့် အစ္စရေး၏ အလံကို ဖော်ပြ ထားသည့် ပို့စ်အား မလေးရှား နိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ်မှ အသက် ၁၇ နှစ် အရွယ် ကျောင်းသား တစ်ဦးက “like” လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပီနန် ရဲတပ်ဖွဲ့အကြီးအကဲ အက်ဘ်ဒူလ် ရာဟင် ဟာနာဖီက ဗုဒ္ဓဟူး နေ့တွင် ပြောကြား ခဲ့သည်ဟု မလေးရှား မီဒီယာတွင် ဖော်ပြ ထားသည်။

နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်လျက် နေဆဲ ဖြစ်ကြောင်းနှင့် ထိုကျောင်းသားမှာ “like” အမှတ် အသားကို မတော်တဆ နှိပ်လိုက်မိခြင်း ဖြစ်ကြောင်း အက်ဘ်ဒူလ် ရာဟင် က ဆိုခဲ့ သည်ဟု ဖော်ပြထား ကြသည်။ ထိုကျောင်းသား အပေါ် ခြိမ်းခြောက်မှု များကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိကြောင်း ဆိုသည်။ မလေးရှားတွင် နိုင်ငံတော် အပေါ် အကြည်အညို ပျက်စေမှုမှာ ထောင်ဒဏ် သုံးနှစ် ကျခံရ နိုင်သည်။ ရဲများ၏ စစ်ဆေးမှုကို ခံယူခဲ့ ရသော ကျောင်းသားမှာ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖျက်သိမ်း လိုက်ပြီ ဖြစ်သည်။ ၎င်းမည်သူ ဖြစ်ကြောင်း လူသိ ရှင်ကြား ထုတ်ပြန်မှု မရှိပေ။

မလေးရှား နိုင်ငံသည် အစ္စရေးနှင့် သံတမန် အဆက်အသွယ် မရှိပေ။ ဂါဇာတွင် ဖြစ်ပွားလျက် ရှိသော စစ်ပဋိပက္ခ များကြောင့် ပါလက်စတိုင်း များအပေါ် အစ္စရေး၏ မူဝါဒများမှာ မလေးရှား မွတ်စလင် များ၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေ ရသည်။

လူမျိုး ဘာသာပေါင်းစုံ နေထိုင် ကြသည့် မလေးရှားတွင် မလေး မွတ်စလင်များ အများဆုံး လွှမ်းမိုး ထားသော အစိုးရ လက်ထက်၌ သည်းမခံ မှုများ ကြီးထွား လာမည့် အရေး အများ ပြည်သူ၏ စိုးရိမ် ပူပန်မှု များမှာ ယခု ဖြစ်ရပ်ကြောင့် ပိုမို မြင့်တက် လာခဲ့သည်။ အခြား လူသိများသော ကိစ္စရပ် တစ်ခုတွင်လည်း မလေးရှား အစိုးရ နှင့် မွတ်စလင် အုပ်စုများက လူနည်းစု ဖြစ်သည့် မလေး ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်ဟု အဓိပ္ပာယ် ရသော အာရပ် စကားလုံး ဖြစ်သည့် “အလ္လာ” ဟူသော စကားလုံးအား ခရစ်ယာန် ဘုရား သခင်အား ရည်ညွှန်း ရာတွင် ဆက်လက် အသုံးမပြု ကြတော့ရန် ဖိအား ပေးလျက် ရှိပြီး ခရစ်ယာန် များကမူ ၄င်းတို့ အနေဖြင့် ရာစုနှစ်နှင့် ချီကာ ထိုကဲ့သို့ ရည်ညွှန်း သုံးနှုန်း လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ ကြသည်။

Mizzima - News in Burmese
ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ မလေးရှား ဆယ်ကျော်သက် တစ်ဦးသည် အစ္စရေးအား ထောက်ခံသော Facebook မှ Post တစ်ခုအား “like” လုပ်မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေးအား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစုအဝေး တစ်ခုအား ကြိုက်နှစ် သက်ကြောင်း ပြသခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် သူ့အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထိုကိစ္စ အပေါ် သည်းမခံမှုများ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးမှု ကြန့်ကြာ၍ စိုက်ပျိုးစရိတ်ချေးငွေနောက်ကျ

တောင်ငူ− လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေ၍ ပုံစံ(၇)မရရှိသေးသည့် တောင်ငူခရိုင်အတွင်းမှလယ်သမားများမှာ ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ နောက်ကျနေရကြောင်း    သတင်းရရှိသည်။

နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်

Photo: နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်
Thursday, August 14, 2014

လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။

 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို 
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။ 

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။ 

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

ဧရာဝတီ BLOG 

နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)
နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)  
လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာ မှာ ဖွင့် ဖို့ ပြင်နေပါပြီ။

စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်

Photo: စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်
Thursday, August 14, 2014

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။

လူတူစက်ရုပ် တစ်ဒါဇင်ကျော်သည် ချက်ပြုတ်ကြော်လှော်မှု တာဝန်၊ စားပွဲထိုး တာဝန်တို့ကို အသီးသီး ထမ်းဆောင်နေကြသည်။ ကွန်ရှန်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ စားသောက်ဆိုင်တွင် စက်ရုပ်များက ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ကြော်လှော်ပေးနေသလို ဟင်းပွဲများကိုလည်း မှာယူထားသူများထံ အမှားအယွင်းမရှိ ပို့ဆောင်ပေးလျက် ရှိသည်။

“သမီးက အိမ်အလုပ် မလုပ်ချင်လို့ စက်ရုပ်တစ်ရုပ်လောက် တီထွင်ပါလားလို့ ကျွန်တော့်ကို ပြောရာကနေ အခုလို စိတ်ကူးရလာတာပါ”ဟု စားသောက်ဆိုင်ပိုင်ရှင် ဆွန်ယူဂန်းက AFPသို့ ပြောကြားခဲ့သည်။

စားသောက်ဆိုင်၏ တံခါးဝတွင် စက်ရုပ်နှစ်ရုပ်က အသင့်စောင့်ဆိုင်းနေပြီး ဝင်ရောက်လာသည့် ဧည့်သည်များကို ရွှင်မြူးစွာ နှုတ်ဆက်လေ့ ရှိသည်။ စားပွဲထိုးစက်ရုပ် လေးရုပ်တို့က မီးဖိုခန်းနှင့် စားသောက်ခန်းတို့ကြား ကူးသန်းသွားလာရင်း ဟင်းပွဲများကို သယ်ဆောင်ပေးနေသည်။ မီးဖိုခန်းထဲတွင် LED မီးလုံးအနီများကို မျက်လုံးသဖွယ် တပ်ဆင်ထားသည့် အပြာရောင် စက်ရုပ်ကြီးများက ချက်ပြုတ်ကြော်လှော် နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် မုန့်ပေါင်းထုပ် ကလေးများ ပြုလုပ်နေသည့် သီးခြားစက်ရုပ်များလည်း ရှိနေသည်။

ဆွန်က အဆိုပါ စက်ရုပ်တစ်ရုပ်လျှင် ယွမ်လေးသောင်းစီမျှ တန်ဖိုးကျသင့်ကြောင်း ဆိုသည်။ “စက်ရုပ်တွေက နေ့စဉ်သုံး ဝါကျ(၄၀)လောက်ကို မှတ်သားထားနိုင်တယ်။ ဖျားနာတာ မရှိဘူး။ အပန်းဖြေ ခရီးထွက်ဖို့ ပူဆာတာ မရှိဘူး။ နှစ်နာရီလောက် အားသွင်းထားပြီးရင် သူတို့က ငါးနာရီ ဆက်တိုက်လောက် အလုပ်လုပ်နိုင်တယ်လေ”ဟု ဆွန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီယန်ဆူး ဒေသတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် မတိုင်မီ ကတည်းက စက်ရုပ်များ အသုံးပြုနေသည့် စားသောက်ဆိုင်တစ်ခု ရှိခဲ့ဖူးသည်။ ယင်းဆိုင်ကို (၂၀၁၂)ခုနှစ်က ဟာဘင်းဒေသတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် လုပ်အားခ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များက စက်ရုပ်များဖြင့် အစားထိုးပြီး ယင်းစိန်ခေါ်မှုကို ဖြေရှင်းလာကြသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့်နှစ်က ဂျပန်ကို ကျော်တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အများဆုံး ဝယ်ယူအသုံးပြုသည့် နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်။

စားသောက်ဆိုင်သုံး စက်ရုံများတွင် ကန့်သတ်ပမာဏ တစ်ရပ်ဖြင့် မှတ်ဉာဏ်တုစနစ် ထည့်သွင်းထားပြီး ချက်ပြုတ်သည့်အခါ လိုအပ်သည့် ဟင်းအရောအစပ်ကို လူသားဝန်ထမ်း တစ်ဦးက ကူညီပေးရသည်။ စက်ရုပ်များသည် ဆိုင်မှ ဟင်းအားလုံးကို ချက်ပြုတ်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ဘဲ လူသားများ၏ လုပ်အားကိုမူ အသုံးပြု မှီခိုရဆဲဟု ဆွန်က ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖောက်သည်များက ဆွန်၏ စားသောက်ဆိုင်ကို သဘောကျကြသည်။

“ကျွန်မကလေးတွေက စက်ရုပ်တွေကို မြင်တော့ အရမ်း စိတ်လှုပ်ရှားနေကြတယ်”ဟု စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ကလေးသုံးဦး၏ မိခင်ဖြစ်သူ ယန်လီမိုင်က ဆိုသည်။ စားပွဲထိုး စက်ရုပ်များသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနိုင်ကြပြီး ၎င်းတို့ရှေ့တွင် ဧည့်သည်က ပိတ်ရပ်ထားပါက ဖယ်ရှားပေးပါရန် ပန်ကြားသည့် အသံ ထွက်ပေါ်လာလေ့ ရှိကြောင်း သိရသည်။ “သမီးဘဝမှာ စက်ရုပ်တွေ ယူလာပေးတဲ့ အစားအသောက်တွေကို မစားဖူးဘူး။ တကယ်အံ့ဩမိတယ်”ဟု (၉)နှစ် သမီးလေး ယွမ်ယွမ်က  ဝန်ခံခဲ့သည်။

_Ref: Channelnewsasia
7Day DAILY
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။

လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်

ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှုပေးစွမ်းမည့် အမျိုးသမီးအရုပ်များကို လူသားအစစ်နှင့်မခြား အလွန် တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။

မန္တလေးထွေ/ကု ဆေးရုံကြီး ယခုနှစ်ဘတ်ဂျက်ငွေ ကျပ်သန်းထောင့်ရှစ်ရာကျော် ရရှိ

ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သည် ဘဏ္ဍာငွေ ခွဲတမ်း ငွေကျပ် သန်းပေါင်း ၁,၈၅၀ ရရှိထား ကြောင်း သတင်းရရှိသည်။

AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်

Photo: AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်
Thursday, August 14, 2014
 
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်းမိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

AGD ဘဏ်၏ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးနေဝင်း၏ မိသားစုထံသို့ရောင်းချမည့်ကိစ္စကို ဦးတေဇမှ ပြန်လည် သုံးသပ်မည်ဆိုသည်မှာ ဦးတေဇ၏အပြော ကို နားလည်မှုလွဲနေခြင်းသာဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းကြားတွင် ပြောဆိုထားသည်များနှင့် ကြည့်မည်ဆိုလျှင် ပြန်သုံးသပ်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ မည်သို့ သုံးသပ်မည်ဆိုသည်ကို ဦးတေဇကိုသာ ပြန်မေးလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဦးအေးနေဝင်းက ဆိုသည်။

“အမှန်တိုင်းပြောရရင် ဒါကကျနော်တို့ အချင်းချင်းပြောထားတာနဲ့ဆို မဟုတ်ဘူးလို့ ပြောမယ်။ သူဖြေတာကို နားလည်မှုလွဲတာဗျ။ ကျနော်တို့ဘက်က ဘဏ်ကိစ္စကို သူတို့နဲ့ အားလုံးပြောပြီးသားပါ” ဟု ဦးအေးနေဝင်းက ရှင်းလင်းပြောဆိုသည်။

ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မိသားစုထံသို့ ရောင်းချမည့်ကိစ္စကို ပြန်လည်စဉ်းစား သုံးသပ်နေကြောင်း ဦးတေဇက ဩဂုတ်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် UMFCCI ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမယ့် အချိန်အခါ ကြည့်ပြီးတော့ ပြန်စဉ်းစား တယ်ကွ။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘယ်သူမှမထိခိုက်စေချင်ဘူး” ဟု ဦးတေဇက ပြောသည်။

AGD ဘဏ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ကျော်ကိုရောင်းချရန် ရှိသည်မှာ မှန်သော်လည်း ဦးနေဝင်း၏ မြေးများထံသို့ ယခု ရောင်းချထား သည်မှာ ၁၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ထိုပမာဏအတွက် ငွေပင်မ ချေရသေးသည့် အနေအထားဖြစ်ကြောင်း သိရသည်။

ဦးတေဇက AGD ဘဏ်ရှယ်ယာ ၆၀ ရာခိုင် နှုန်းအထိ ရောင်းချရန် စဉ်းစားဖြစ်ခဲ့ရခြင်းမှာ ၎င်းအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရှိနေသည့် အခြေအနေနှင့် သက်ဆိုင်ကြောင်း၊ ထို့ပြင် ရှယ်ယာ ဝယ်ယူ မည်ဖြစ်သော ဦးနေဝင်းမြေးများ နှင့် ချိတ်ဆက်သည့် ကုမ္ပဏီ၏ နိုင်ငံတကာ ဝင်ဆန့်မှု အခြေအနေနှင့်လည်း သက်ဆိုင်ကြောင်းပြောသည်။

“နိုင်ငံခြားဘဏ်တွေလာကြတယ်။ နိုင်ငံရေး ပိတ်ဆို့မှုကြောင့် ကိုယ်တို့ဘဏ်က Master Card ဆိုလည်း နောက်ဆုံးမှ လုပ်ရတယ်။ ဘာပဲလုပ်လုပ် နောက်ကျမှ ရတယ်။ လာတဲ့အချိန်ကျလည်း ကိုယ်တို့နဲ့ Warmly မရှိဘူး။ ရောင်းမယ်လို့ ဆုံးဖြတ်တဲ့ အကြောင်းက အစောကအကြောင်းတွေလည်းပါ တာပေါ့။ နောက်ပြီးတော့ Capital ပါလာပါတယ်။ ၄ ဒသမ ၉ ဘီလီယံလောက်ရှိတယ်။ အဲ့ကုမ္ပဏီကို ပြန်ကြည့်တော့လည်း နိုင်ငံပေါင်း ၁၀ဝ ကို ငွေကြေး Support လုပ်နေတဲ့ ကုမ္ပဏီကြီးပါ” ဟု ပြောသည်။

ဦးနေဝင်း၏မြေးများနှင့် ချိတ်ဆက် လုပ်ကိုင် မည့် ကုမ္ပဏီသည် တရုတ်နိုင်ငံမှChina National Corporation for Overseas Economic Cooporation (CCOEC) ကုမ္ပဏီဖြစ်ပြီး အမေရိ ကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်ဟု ဦးနေဝင်း၏ မြေးအကြီးဆုံး ဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောကြားခဲ့ သည်။

ဧရာဝတီ BLOG

ဦးအေးနေဝင်း (ဝဲ) နှင့် ဦးတေဇ (ယာ)
ဦးအေးနေဝင်း (ဝဲ) နှင့် ဦးတေဇ (ယာ)
 ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်း မိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများ ဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

Photo: ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု
Thursday, August 14, 2014
 
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။ 

 ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။ 

အခုထိ အစအန ရှာမရတဲ့ MH 370 လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦးရဲ့ ဘဏ်အကောင့်တွေကနေ မလေးရှား ငွေ RM ၁၁၁, ဝဝဝ ( စင်ကာပူ ဒေါ်လာ ၄၃၄၁၉ ) ပမာဏ ရှိ ငွေကြေးကို ATM ကနေ ဇူလိုင် လ ၁၈ ရက်နေ့ က  ငွေထုတ်ယူမှုဖြစ်ခဲ့တာကို ဘဏ်က သံသယ ဖြစ်ဖွယ် အဖြစ်သတ်မှတ် သတိထားမိပြီး စိုးရိမ်ပူပန်ခဲ့ပါတယ် လို့ City Commercial Crime Investigation Department လက်ထောက်အကြီး အကဲ အီဇန္နီ အဗ္ဗဒူလ် ဂါနီက ပြောထားပါတယ်။ 

သြဂုတ်လ ၂ ရက်နေ့ ရဲသတင်းပို့မှုမှာ ဒီကိစ္စကို ဘဏ်လုပ်ငန်းဆိုင်ရာ ဌာနတွင်း ခြေရာခံ စုံစမ်းစစ်ဆေးမှု
တွေ လုပ်နေပြီလို့ ဖော်ပြထားပါတယ်။ 

 “ ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါပြီ” လို့ သူက မနေ့တုန်းက သတင်းထောက်တွေကို ပြောဆိုထား ပါ တယ်။ 

 စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကာယကံရှင် မသိပဲ တရားမဝင် ငွေထုတ်ယူမှုဆိုတဲ့ ဥပဒေချိုးဖောက်တဲ့ ကိစ္စ အဖြစ် လို့ ဆိုပါတယ်။ 

မလေးရှားနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ၁၉၉၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄ (၁) အရ ပြစ်မှု ကျူး လွန် သူကို မလေးရှား ငွေ RM ၁ သိန်းခွဲ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် ထောင် ဒဏ် နဲ့ ငွေဒဏ် ၂ မျိုးလုံး အပြစ် ပေးလို့ ရကြောင်း သိရပါတယ်။ 

အခုဆို မလေးရှားရဲကတော့ ဒီကိစ္စကို ထူးဆန်းတဲ့ ကိစ္စလည်းဖြစ်နေတော့ ဘက်ပေါင်းစုံက နည်းလမ်း
ပေါင်းစုံ သုံးပြီး စုံစမ်း မှုတွေ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။ 

“အခု ငွေထုတ်မှုမှာ ကျူးလွန်တယ်ဆိုတဲ့ သံသဖြစ်စရာတွေကို ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် ဘဏ်က စီစီတီဗွီ မှတ်တမ်းကိုလည်း ရရှိထားပါတယ်” လို့ ရဲအရာရှိကြီး အီဇန္နီ အဗ္ဗဒူလ် ဂါနီက ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်ကို တွေ့တာနဲ့ တာဝန်သိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ လည်း နှိုးဆော်ထားတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ပျောက်ဆုံး MH 370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဓရာထဲ တနေရာရာမှာ ပျက်ကျတယ်လို့ ဂြိုလ်တုမှတ်တမ်း အချက် အလက်တွေအရ ယူဆနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာသဲလွန်စမှ မရခဲ့ပါဘူး။ 

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ပါသွားခဲ့တာမှာ အဲဒီခရီးသည်တွေ ထဲက ၄ ဦးရဲ့ ဘဏ်အကောင့်က အခုလို ထူးထူးဆန်းဆန်း ငွေထုတ်ယူမှု ဖြစ်တာပါ ။ 

ပြောရရင် ပဟေဠိဆန်တဲ့ လေယာဉ်ပျောက်ကိစ္စရဲ့ နောက်ဆက်တွဲ ပဟေဠိဆန်မှု လို့ ပြောရမလားပါဘဲ။  

ဧရာဝတီ

 မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
 မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့

ဒီနေ့မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက်ရင်းအပျင်း ပြေဂျာနယ် လေးတစ်စောင်လောက်ဖတ်လိုက်ဦးမယ်ဆိုပြီး ကောက်ကိုင် လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီး မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်း သံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ် လို့ပြောရမှာပါပဲ။

မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်

Photo: မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်
Thursday, August 14, 2014

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော်ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေးအရာရှိတွေက ပြောပါတယ်။

ရထားစီးခရီးသည်တွေနဲ့ အနားက ဖြတ်သွားဖြတ်လာ လူတွေကို အပျက်အစီးတွေ ထိမှန်ခဲ့လို့ လူ ၃၄ ယောက် ဒဏ်ရာရခဲ့ပြီး အသေးစား စုတ်ပြဲဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသပေးခဲ့တာပါ။
ရထားဌာန ပြောခွင့်ရကတော့ ရထားတွဲ ၂ ခုကြားက အဆက်နေရာက ကျိုးပဲ့သွားပြီး ရထားတွဲတခုက ရထားသံလမ်းကနေ ပြုတ်ထွက်သွားခဲ့ချိန်မှာ ရထားလမ်းချော်ခဲ့တာလို့ ပြောပါတယ်။

သံဘီးတွေ အားလုံး လမ်းချော်သွားခဲ့တယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲချုပ် ဖလိုရန်စီယို အော်တေးလ်လာက ပြောပါတယ်။

မြေအောက်ရထားစနစ်ဟာ မနီလာရဲ့ အမြန်ရထားလိုင်း ၃ ခုထဲက တခုပါ။ နေ့စဉ် ခရီးသည် ၅ သိန်းလောက်ကို သယ်ယူပို့ဆောင်ဖို့ မလုံမလောက် ဖြစ်နေတယ်လို့လည်း ဝေဖန် ခံနေရပါတယ်။

အရင်နှစ်တွေကလည်း ရထားလမ်းစနစ်တွေမှာ နည်းပညာဆိုင်ရာ ယာယီချို့ယွင်းမှုတွေ အတော်များများ ဖြစ်ခဲ့လို့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြင့်နေပါတယ်။

ဒီဗွီဘီ
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော် ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေး အရာရှိတွေက ပြောပါတယ်။

ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော

ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည်မှာ ငါးရက်ရှိပြီဖြစ်သော် လည်း ခေါင်းလောင်းပေါ် တွင် ဖုံးအုပ်နေသော သင်္ဘောပျက်တစ်စီးကို ဖယ်ရှားနေသည့်အဆင့်သာ ရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဘရာဇီး သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အက်ဒွာဒို ကမ်ပို့စ် လေယာဉ်ပျက်ကျမှုတွင် သေဆုံး


ဘရာဇီး သမ္မတလောင်း အက်ဒွါဒို ကမ်ပို့စ်သည် ဗုဒ္ဓဟူးနေ့ က လေယာဉ် ပျက်ကျမှုတစ်ခုတွင် သေဆုံးခဲ့ရာ တစ်နိုင်ငံလုံး ထိတ်လန့်သွားခဲ့ပြီး အောက်တို ဘာ လ ရွေးကောက်ပွဲများ ကို ထိခိုက်စေခဲ့သည်။

အလုပ်အခွင့်အလမ်းနည်းပြီး မက်လုံးများကြောင့် လူကုန်ကူးခံရ

Photo: အလုပ်အခွင့်အလမ်းနည်းပြီး မက်လုံးများကြောင့် လူကုန်ကူးခံရ
Thursday, August 14, 2014

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်လမ်းနည်းပါးမှုက လူကုန်ကူးမှုခင်း များကို ဖြစ်ပွားစေပြီး အလုပ်အကိုင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များကို လျှော့ချနိုင်မည်ဟု ရန်ကုန်တိုင်း၊ လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့မှ ရဲမှူးရိုလန်က ပြောသည်။

“မှုခင်းဖြစ်စဉ်တွေ ကြည့်တဲ့အခါမှာ အလုပ်အကိုင်အတွက် အခြေခံတဲ့ လူကုန်ကူးမှု မှုခင်းတွေ”ဟု ၎င်းက ပြောသည်။
မှုခင်းဖြစ်စဉ်များအရ တရုတ်နိုင်ငံတွင် မြန်မာအမျိုးသမီးများကို ယွမ်ငွေ ၁၀,၀၀၀ မှ ၆၀,၀၀၀ အထိ ပေးဝယ်ယူနေပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများ၊ ဆင်းရဲသူများနှင့် အလုပ်လိုအပ်သူများ တရုတ်မယားအဖြစ် လိုက်ပါသွားသူများ ရှိသည်။

“ပွဲစားတွေ စည်းရုံးတယ်။ လူကုန်ကူးခံရသူကလည်း ပြည်ပမှာ တရုတ်သတိုးသမီးအဖြစ် ခေတ္တနေထိုင်ပြီး ပြန်လာရမယ်ထင်လို့ လိုက်သွားတယ်။ ဟိုရောက်တော့မှ ပွဲစားအဆင့်ဆင့် လက်ထဲရောက်ပြီး နှစ်နဲ့ချီ လူကုန်ကူးခံလိုက်ရတာ တွေရှိတယ်”ဟု လူကုန်ကူးမှုတပ်ဖွဲ့မှူး၊ မှုခင်းဌာန၊ ဌာနစုမှူး ရဲမှူးအေးအေးမြင့်က ပြောသည်။

အမျိုးသမီး၊ အမျိုးသားနှင့် ကလေးများသည် ပွဲစားများ လာရောက် စည်းရုံးပါက တစ်ဖက်နိုင်ငံ၏ အလုပ်နေရာကို စုံစမ်းရန် လိုအပ်သည်။ အမှုများတွင် ပြည့်တန်ဆာအဖြစ် အဓမ္မသိမ်းသွင်းမှု ပါဝင်သည်။

တည်းခိုခန်းများတွင် အမျိုးသမီးငယ်လေးများကို လိင်လုပ်သားအဖြစ် ရောင်းစားသည့် ပြည်တွင်း လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ရန် တည်းခိုခန်းပိုင်ရှင်များနှင့် မန်နေဂျာများက သတင်းပေးပို့ရန် လိုအပ်နေသည်ဟု ရဲမှူးအေးအေးမြင့်က ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု ၆၀ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းတွင် ရှစ်မှု၊ မန္တလေး ရှစ်မှု၊ မွန်ပြည်နယ် နှစ်မှု၊ ကရင်ပြည်နယ် တစ်မှု၊ မကွေးတိုင်း တစ်မှု၊ တနင်္သာတိုင်း လေးမှု၊ နေပြည်တော် တစ်မှု၊ ဧရာဝတီတိုင်း လေးမှု၊ ကချင်ပြည်နယ် ငါးမှု၊ ရှမ်းပြည်နယ်၂၄ မှု၊ ပဲခူးတိုင်း နှစ်မှု ပါဝင်သည်။

ဇန်န၀ါရီမှ ဇူလိုင်လအထိ အမှုများတွင် တရားခံ ၁၇၃ဦး၊ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၆၃ ဦးကို ဖမ်းမိထားပြီး တရားခံ ၅၃ ဦး လွတ်မြောက်နေဆဲဖြစ်သည်။

အမှု ၆၀ တွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉၁ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၁ ဦး လူကုန်ကူးခံခဲ့ရသည်။

တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် လူကုန်ကူးမှု ၄၀၊ ထိုင်းနိုင်ငံ ၁၀ မှု၊ မလေးရှားနိုင်ငံတွင် တစ်မှုဖြစ်ပွားခဲ့သည့်အပြင် ပြည်တွင်း၌ ပြည့်တန်ဆာအဖြစ် အဓမ္မရောင်းစားခံရသည့်အမှု ကိုးမှု ပါဝင်ခဲ့သည်။

၂၀၀၉ ခုနှစ်က ထိုင်းငါးဖမ်းသင်္ဘောတွင် ရောင်းစားခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည့် ထားဝယ်မြို့မှ မောင်သောင်းဦးက “လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ၊ ဟိုလည်းရောက်ရော ငါးသင်္ဘောပေါ်မှာ ရောင်းချလိုက်တယ်”ဟု ပြောပြသည်။

ဒု-ရဲမှူးမင်းနိုင်က“မူးယစ်ဆေးဝါးလို ကွယ်ဝှက်ပြီး သယ်သွားစရာလဲ မလိုဘူး။ လူကို လူချင်း သယ်တာ(ခေါ်တာ)ဆိုတော့ ပိုလွယ်တာပေါ့” ဟု ပြောသည်။

လူကုန်ကူးအမှုများ ဖော်ထုတ်ရာတွင် လာရောက်တိုင်ကြားသူ မိသားစုဝင်များက တရားခံများ၏ အမည်၊ နေရပ်လိပ်စာ၊ တစ်ဖက်နိုင်ငံ၏ အလုပ်နေရာများကို တိကျစွာ မပြောနိုင်သဖြင့် လူကုန်ကူးတရားခံများ လွတ်မြောက်မှုရှိနေပြီး တရားခံ၏ ပုံသဏ္ဌာန်များကို စစ်မေး၍သာ ဖော်ထုတ်အရေးယူလျက်ရှိသည်။

မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ၀ယ်ယူရန် တရုတ်နိုင်ငံသား သုံးဦးက မြန်မာအမျိုးသမီးပွဲစား တစ်ဦးနှင့်အတူ လောက်ကိုင်မြို့သို့ လာဝယ်စဉ် ဖမ်းမိခဲ့သည်ဟု ဒု-ရဲမှူး မင်းနိုင်က ပြောသည်။

အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သွေးဆောင်စည်းရုံးနေစဉ် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်က တုံချိန်နယ်မြေရဲစခန်း၌ လူကုန်ကူးမှုဖြင့် အရေးယူထားလိုက်ခြင်းဖြစ်သည်။

တရုတ်အမျိုးသားနှင့် လက်ထပ်ထားသည့် မြန်မာလူမျိုး မခင်ဌေးက တရုတ်လူမျိုးများထံမှ ပွဲစားခယွမ် ၂,၀၀၀ စီရမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး မိဘများကို ယွမ် ၂၀,၀၀၀ (မြန်မာငွေ သိန်း ၃၀ ခန့်) ထောက်ပံ့နိုင်မည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

ဒု-ရဲမှူးမင်းနိုင်က ဇန်န၀ါရီမှ ဇူလိုင်လအထိ ဖြစ်ပွားသည့်အမှုများတွင် တရားခံများမှာ ပြည်ပနိုင်ငံသားများ မပါဝင်ဘဲ မြန်မာနိုင်ငံသားများသာဖြစ်ပြီး ယခုဖြစ်ပွားသည့်အမှုတွင်သာ ပထမဆုံးဟု ပြောသည်။

လောက်ကိုင်မြို့နယ် တုံချိန်နယ်မြေ ရဲစခန်းမှ (ပ)၃/၂၀၁၄ တရုတ်နိုင်ငံသားများကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မနှင့်အပြင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်လည်း ထပ်မံအရေးယူနိုင်ရန် စစ်ဆေးသွားမည်ဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးဆိုင်းဘုတ်တစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ ဟိန်းထက်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးဆိုင်းဘုတ်တစ်ခု ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ ဟိန်းထက်
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်လမ်းနည်းပါးမှုက လူကုန်ကူးမှုခင်း များကို ဖြစ်ပွားစေပြီး အလုပ် အကိုင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များကို လျှော့ချနိုင် မည်ဟု ရန်ကုန် တိုင်း၊ လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့မှ ရဲမှူးရိုလန်က ပြောသည်။

MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို

Photo: MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို
Thursday, August 14, 2014

အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။

အင်န်အယ်လ်ဒီနှင့် ကြံ့ခိုင်ရေးပါတီတို့အပါအ၀င် နိုင်ငံရေးပါတီ ၆၆ ခုသည် ဦးအောင်မင်းအပါအ၀င် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် တိုက်တွန်းသည်ဟု သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ ဒီခေါင်းစဉ်အတွက် ဆွေးနွေးဖို့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ပါဝင်ခြင်း မရှိဘူးလို့ ပြောတာပါ”ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

သဘောထားစာတမ်းထုတ်ပြန်စဉ် အင်န်အယ်လ်ဒီမှ ဦးဉဏ်ဝင်းမှာ ဆွေးနွေးပွဲအတွင်း ရှိနေခဲ့သော်လည်း စာတမ်းနှင့် ပတ်သက်၍ မဇ္ဈိမက သြဂုတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

အပစ်အမြန်ရပ်ရေး သဘောထားစာတမ်းကို “ကန့်ကွက်မည့်သူ၊ မပါဝင်မည့်သူ ရှိပါသလား”ဟု သုံးကြိမ် မေးမြန်းခဲ့ရာတွင်လည်း အင်န်အယ်ဒီက ပြောဆိုခဲ့ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်ကို မဇ္ဈိမက တွေ့ရှိခဲ့သည်။

Mizzima - News in Burmese 

နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေ စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေး စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။

လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် သွင်းထားသူများအတွက် အိမ်ရာပိုင်ခွင့် မဆောင်ရွက်နိုင်သေး

Photo: လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် သွင်းထားသူများအတွက် အိမ်ရာပိုင်ခွင့် မဆောင်ရွက်နိုင်သေး
Thursday, August 14, 2014

လူမှုဖူလုံရေးဥပဒေသစ်အရ လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် ပေးသွင်းထားသည့် အလုပ်သမားများအတွက် အိမ်ရာတည်ဆောက်ပြီး လုပ်ခလစာထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်လက်ပေးသွင်းလျှင် အိမ်ပေါ်တက် နေထိုင်နိုင်သည့် စီမံကိန်းမှာ လက်ရှိတွင် ဆောင်ရွက်နိုင်မည်မဟုတ်သေးကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ၎င်း၏ရုံးခန်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“အလုပ်သမားတွေ ပေးနိုင်မလားဆိုတာ စဉ်းစားနေပါတယ်။ သူရတဲ့ လစာထဲက ၂၅ ရာခိုင်နှုန်း သွင်းရမှာဆိုတော့ သူ့မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေပါ့မလားဆိုတာလည်း ရှိသေးတယ်”ဟု ဒုတိယ၀န်ကြီးက ပြောသည်။

ဥပဒေသစ်အရ ၁၅ နှစ်အထက် လူမှုဖူလုံရေးကြေးသွင်းထားသူများသာ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ပြီး၊ လက်ရှိတွင် လုပ်သက် ၂၄ နှစ်အထိ ပေးသွင်းထားသူများလည်း ရှိသည်။

အလုပ်သမားက ၂၅ ရာခိုင်နှုန်းသွင်းရမည်ဟုဆိုသော်လည်း အလုပ်ရှင်ဘက်ကလည်း အလုပ်သမားလစာ၏ ၁၂ ရာခိုင် နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။

“၃၇ ရာခိုင်နှုန်းသွင်းပြီးပြီဆိုတာနဲ့ အိမ်ပေါ်တက်နေနိုင်တယ်။ ဆောက်တာတော့ ဆောက်မယ်။ လာမယ့် တစ်နှစ်ကျော်လောက်မှ ဖြစ်မလားဆိုတာ မပြောနိုင်သေးဘူး။ ဥပဒေအရ ဒုတိယအဆင့်မှ စတင်ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ဆက်ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဆောက်လုပ်ရန် မြေနေရာများ မရှိသေးသကဲ့သို့ ဘဏ္ဍာငွေလည်း အလုံအလောက် မရှိသေးပေ။

ဥပဒေသစ်စတင်ကျင့်သုံးပြီးချိန် လူမှုဖူလုံကြေးကောက်ခံရရှိမှု အခြေအနေမှာပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင်ကျပ်သန်း ၇၅၀ သာရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် သုံးဆကျော် မြင့်တက်လာကာ တစ်လလျှင်ကျပ်သန်း ၂,၅၂၀ အထိ တိုးမြှင့်ကောက်ခံရရှိခဲ့သည်။

လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက်ပေးသွင်းထားသည့် အလုပ်သမားအရေအတွက်ကို အတိအကျပြောဆိုနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အင်အား ၃၇ သန်းအထိရှိကာ အလုပ်လက်မဲ့မှာ ၁၀ သန်းရှိသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဖူလုံရေးဥပဒေသစ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး လက်ရှိတွင် နည်းဥပဒေများအပါအ၀င် အသက်ဝင်လာသည်မှာ လေးလသာရှိသေးသည်။ ဥပဒေသစ်မှာ ၁၉၅၈ ခုနှစ် ဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်တွင် ခုံးကျော်တံတားဆောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်က စတင် ပန္နက်ရိုက်နေသည့် ဆောက်လုပ်ရေးအလုပ်သမားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်တွင် ခုံးကျော်တံတားဆောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ ဩဂုတ် လ ၁၃ ရက်က စတင် ပန္နက်ရိုက်နေသည့် ဆောက်လုပ်ရေးအလုပ်သမားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
လူမှုဖူလုံရေးဥပဒေသစ်အရ လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် ပေးသွင်းထားသည့် အလုပ်သမားများ အတွက် အိမ်ရာတည်ဆောက်ပြီး လုပ်ခလစာထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်လက်ပေးသွင်းလျှင် အိမ်ပေါ် တက် နေထိုင်နိုင်သည့် စီမံကိန်းမှာ လက်ရှိတွင် ဆောင်ရွက်နိုင်မည်မဟုတ်သေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ၎င်း၏ရုံးခန်း၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမဲသတ်ခွင့်လိုင်စင်ရ ဇီဝိတဒါနအဖွဲ့နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆက်ဆွေးနွေးမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမဲသတ်ခွင့်လိုင်စင် ရရှိထားသော ဇီဝိတဒါနအဖွဲ့၏ လုပ်ကိုင်ခွင့် များကြောင့် အခွင့် အရေး ဆုံးရှုံးမှုများဖြစ်နေသောကြောင့် အကောင်းဆုံး အစီအစဉ်တစ်ခု ချမှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တိုင်းလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ ထောက်ခံ လိုက်သည်။

လူမှုမီဒီယာများကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ဖြစ်ပေါ်နေ

Photo: လူမှုမီဒီယာများကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ဖြစ်ပေါ်နေ
Thursday, August 14, 2014

အလွန်စောလွန်းသေးသောအရွယ်တွင် ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ချိန်းဆိုသည့် လူငယ်ရွယ်အရေ အတွက် မြင့်တက် လာကြောင်း ဆွေးနွေးအကြံပေးပညာရှင်များနှင့် လူမှုဝန်ထမ်းဆောင်ရွက်နေသူများက ပြောကြား သည်။

ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုမီဒီယာဝက်ဘ်ဆိုက်များသည် လူငယ်များအကြားအွန်လိုင်းတွင် တွေ့ဆုံနိုင်ရေးအ တွက် ချိတ်ဆက်ပေး သည့် နေရာတစ်ခုဖြစ်လာပြီး လိင်ဆက်ဆံရန် ချိန်းဆိုမှုများရှိလာကြောင်း ပညာရှင်များက သတိပေးထားသည်။

Youth Guidance Outreach Services မှ အမှုဆောင် ဒါရိုက်တာ ဝေလ်ဆင်တန်က ငယ်ရွယ်သေးသော လူငယ်များအနေဖြင့် ချိန်းဆိုမှုများ လုပ်ဆောင်ခြင်း များပြားလာကြောင်း ပြောကြားသည်။

“တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့ခဲ့ရာမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံဖို့ အလွန်စိတ်ဝင်စားခဲ့ကြတယ်လို့ ဒီ လူငယ်တွေက ပြောပါတယ်” ဟု ဝေလ်ဆန်က ပြောကြားသည်။

လူမှုဝန်ထမ်းဌာနတစ်ခုဖြစ်သည့် Care Corner Singapore မှ လိုကာလောင်က ယနေ့ခေတ်လူငယ်များသည် လိင်ဆက်ဆံရန်အတွက် ပိုမိုပွင့်လင်းသော အတွေးအခေါ်များရှိလာကြောင်း ပြောကြားသည်။

အွန်လိုင်းပေါ်တွင် အပြာပုံများကို ရှာဖွေရယူနိုင်သောကြောင့် လူငယ်များအနေဖြင့် လိင်မှုကိစ္စနှင့်ပတ်သက်၍ မှားယွင်းသောအတွေးအခေါ်များ ရရှိနေပြီး ယင်းကဲ့သို့ အတုခိုးလုပ်ဆောင်ရန် စိတ်ဝင်စားလာကြကြောင်း ၎င်းက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနှင့် မိမိတို့သားသမီးများ၏ နေထိုင်သွားလာနေမှုများကို မိဘများက စောင့်ကြည့်ခြင်းသည် ကလေးများအနေဖြင့် ယင်းကိစ္စများတွင် မမှားယွင်းအောင် ကာကွယ်ရာတွင် အရေးပါကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။

Ref:Today 
Mizzima - News in Burmese
အလွန်စောလွန်းသေးသောအရွယ်တွင် ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ချိန်းဆိုသည့် လူငယ်ရွယ်အရေ အတွက် မြင့်တက်လာကြောင်း ဆွေးနွေးအကြံပေးပညာရှင်များနှင့် လူမှုဝန်ထမ်းဆောင်ရွက်နေသူများ က ပြော ကြားသည်။

မိုးတွင်းမှာပင် ရွှေတိဂုံစေတီသို့ ပြည်ပဧည့်အလာများ၊ တစ်နေ့လျှင် ဧည့်ဝင်ကြေး ကျပ်ခုနစ်သန်းကျော်ရှိ

Photo: မိုးတွင်းမှာပင် ရွှေတိဂုံစေတီသို့ ပြည်ပဧည့်အလာများ၊ တစ်နေ့လျှင် ဧည့်ဝင်ကြေး ကျပ်ခုနစ်သန်းကျော်ရှိ
Thursday, August 14, 2014

မိုးတွင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ဧည့်လာရောက်မှု များပြားလာသည့်အတွက် ဇွန်လထက် ဇူလိုင်လတွင် တစ်ရက် ကျပ်တစ်သန်းကျော် ဧည့်ဝင်ကြေး ပိုမိုရရှိခဲ့ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။

မိုးအဆက်မပြတ် ရွာသွန်းနေသော်လည်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည်လာရောက်မှု ဇူလိုင်လတွင် ယခင်လထက် လူဦးရေ ၆,၈၅၁ ဦး ပိုမိုလာရောက်ခဲ့သည့်အတွက် ကျပ် ၅၄ သန်းကျော် ပိုမိုရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ နိုင်ငံခြားသားဧည့်သည် ၂၉,၃၆၄ ဦး တစ်လအတွင်း ဧည့်ဝင်ကြေး ကျပ် ၂၃၄,၉၁၂,၀၀၀ ရရှိခဲ့၍ တစ်ရက် ပျမ်းမျှ ကျပ်ခုနစ်သန်းကျော် ရရှိခဲ့သည်။

ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမှ ၆,၇၂၄ ဦး၊ ကိုရီးယားနိုင်ငံမှ ၃,၀၀၇ ဦး၊ ဂျပန်နိုင်ငံမှ ၂၈၉၄ ဦး၊ တရုတ်နိုင်ငံမှ ၃,၀၅၀ ဦးနှင့် ဂျာမနီနိုင်ငံမှ ၁,၆၆၇ ဦး လာရောက်ခဲ့သည်။ ဇွန်လအတွင်းတွင်မူ နိုင်ငံခြားသားဧည့်သည် ၂၂,၅၁၃ ဦးသာ ရောက်ရှိခဲ့ပြီး ဧည့်ဝင်ကြေး ကျပ် ၁၈၀,၁၀၄,၀၀၀ ရရှိခဲ့၍ တစ်ရက်ပျမ်းမျှ ဧည့်ဝင်ကြေး ကျပ်ခြောက်သန်း ရရှိခဲ့သည်။

ဂျပန်ဧည့်လမ်းညွှန် မဧရာသိန်းထွန်းက “မြန်မာ့မြို့ဟောင်းသုံးခုကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စ်ကိုက သတ်မှတ်လိုက်ပြီးတဲ့နောက် နိုင်ငံခြားသားဧည့်တွေ မြန်မာကို ပိုစိတ်ဝင်စားလာပြီး လာတာများလာတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ ရောက်တာနဲ့ ရွှေတိဂုံဘုရားကို မဖြစ်မနေသွားကြတယ်။အများဆုံးကတော့ ထိုင်းတွေပေါ့။ အခုဂျပန်တွေလည်း သွားကြပါတယ်”ဟု ပြောသည်။

ရွှေတိဂုံစေတီတော်အတွက် အလှူငွေ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁၄,၈၄၃ ရရှိခဲ့ပြီး ဇွန်လတွင် အမေရိကန်ဒေါ်လာ ၇,၀၉၀ ရရှိခဲ့သည်။

ဇွန်လ ၁ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံမှ ၄,၉၉၇ ဦး၊ ကိုရီးယားနိုင်ငံမှ ၁,၉၆၉ ဦး၊ တရုတ်နိုင်ငံမှ ၁,၆၆၆ ဦး၊ ဂျပန်နိုင်ငံမှ ၁,၄၆၁ ဦးနှင့် ဂျာမနီနိုင်ငံမှ ၁,၂၄၈ ဦးတို့ လာရောက်ခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေး ကျပ် ၈,၀၀၀ ကောက်ခံနေသည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်ကို လာရောက် ဖူးမျှော်ကြသည့် ပြည်ပဧည့်သည်များကို တွေ့ရစဉ်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ဝင်ရောက်မှုများလာသဖြင့် ရွှေတိဂုံဘုရား၏ တစ်နေ့ဧည့်ဝင်ကြေး မှာလည်း လိုက်ပါတိုးတက်လာခဲ့သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်ကြသည့် ပြည်ပ ဧည့်သည်များကို တွေ့ရစဉ်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ဝင်ရောက်မှုများလာသဖြင့် ရွှေတိဂုံ ဘုရား၏ တစ်နေ့ဧည့်ဝင်ကြေးမှာလည်း လိုက်ပါတိုးတက်လာခဲ့သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မိုးတွင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ဧည့်လာရောက်မှု များပြားလာသည့်အတွက် ဇွန်လထက် ဇူလိုင်လတွင် တစ်ရက် ကျပ်တစ်သန်းကျော် ဧည့်ဝင်ကြေး ပိုမိုရရှိခဲ့ကြောင်း ရွှေတိဂုံဂေါပက အဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်မြို့တွင် ရေခွန်နှစ်ဆတိုး ကောက်ရန် စီစဉ်

စည်ပင်သာယာရေးကော်မတီက ကောက်ခံလျက်ရှိသော ရေခွန်နှုန်းထားများကို နှစ်ဆတိုးမြှင့်ကောက်ခံမည့် အကြောင်း ကြေညာထားသည်ဟု ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စီမံရေးရာဌာနဦးစီး အရာ ရှိ ဒေါ်မိုးမိုး က သြဂုတ် ၁၃ ရက်တွင် မဇ္ဈိမကို အတည်ပြု သည်။

မိန်းကလေးချစ်သူထားဖို့ အချိန်မရှိသူတွေ အတွက်

Photo: မိန်းကလေးချစ်သူထားဖို့ အချိန်မရှိသူတွေ အတွက်
Thursday, August 14, 2014

ဂျပန်နိုင်ငံမှာ စီးပွားရေး ပြိုင်ဆိုင်မှု အားကြီးမှုတွေကြောင့် လူတိုင်းနီးပါး အချိန်ပြည့် အလုပ်များနေတတ်ကြ ပါတယ်။ အချိန်ပြည့် အလုပ်များကြသူတွေအတွက် မိန်းကလေး ရည်စားတယောက်ရဖို့ ချိန်းဆိုဖို့တောင် အချိန်မပေးနိုင်အောင် ဖြစ်နေကြတာပါ။ 

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စက်မှု ဖွံ့ဖြိုးမှုနဲ့ နည်းပညာအဆင့်မြင့်မှုတွေက လူဘောင်လောကရဲ့ ကွက်လပ်တွေ ကို ဖြည့်ဆည်း ပေးနေပါတယ်။ ဒီလိုလူမျိုးတွေအတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍက တီထွင်မှုတွေကလည်း အံ့မခန်းပါဘဲ။ 

Love Doll လို့ ခေါ်တဲ့ ပုရိသတွေရဲ့ အဖော်အဖြစ် တာဝန်ထမ်းဆောင်မယ့် အရုပ် ဖန်တီးမှုဟာ ဂျပန်နိုင်ငံ က ၁၉၇၇ ခုနှစ် ကတည်းက အဆင့်ဆင့် တိုးတက်မှုတွေ ရှိလာခဲ့တာပါဘဲ။ 

အရုပ်တွေဟာ လူသားရဲ့ အသားအရေလို နူးညံ့တဲ့ထိတွေ့မှု အာရုံရစေဖို့ ရာဘာအကောင်းစားနဲ့ ပြုလုပ် ထားတာ ဖြစ်သ လို အသွင်သဏ္ဍန်ကလည်း စွဲမက်ဖွယ် လုပ်ဆောင်ထားပါတယ်။ 

စီလီကွန်နဲ့ တကယ့် လူ့အသားအရေလို ဖြစ်အောင် Love Doll တွေကို အခုနောက်ပိုင်းတီထွင်ဆန်းသစ် ခဲ့ကြပါ တယ်။ Love Doll တွေရဲ့ ကိုယ်ခန္ဓာတွေကလည်း လူသားတွေကို အလွယ်တကူ ကွေးနိုင် ဆန့်နိုင်ပြီး လိုသလို အနေအထားကို စိတ်ကြိုက်ထားလို့ ရနိုင်အောင်ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လက်ချောင်းလေးတွေကအစ လူ့စိတ်ကြိုက် လိုသလို ပုံစံ ဖန်တီးနိုင်ပါတယ်။ 

အရုပ်တွေက ၁၇၇ စင်တီမီတာကျော် အရပ်ရှိပြီး ၂၅ ကီလိုဂရမ်ပဲ အလေးချိန်ရှိပါတယ်တဲ့။ ဆန်ပင်ပုံစံကို လည်း အမျိုးမျိုး ပြင်ဆင်ပေးထားတယ်။ Love Doll အရုပ်တခုကို ဂျပန် ယမ်းငွေ ၉၄ဝဝဝ တန်ဘိုး ( အမေရိကန်ဒေါ်လာ ၉၄၀ ဝန်းကျင်၊ မြန်မာကျပ်ငွေ ၉ သိန်း ဝန်းကျင် ) ရှိပြီး၊ အလွန် နူးညံ့တဲ့ ကိုယ်ခန္ဓာ အဖြစ်ဖန်တီးထားတဲ့ အရုပ်ကတော့ ယမ်းငွေ ၂ သိန်းကျော်၊ ၃ သိန်း ဝန်းကျင်ထိ တန်ဘိုးရှိပါတယ်။ 

စီလီကွန်နဲ့ လုပ်တဲ့ Love Doll ကတော့ ယမ်းငွေ ၅ သိန်းကနေ ၇ သိန်းထိ ဈေးနှုန်း ရှိတယ်လို့ သိရပါ တယ်။ 

ဒီအပြင် နည်းပညာတိုးတက်မှုမှာတော့ ပုရိသတို့ ရင်ကို ရိုက်ခတ်စေမယ့် မိန်းကလေးတယောက်ရဲ့ အသံကိုလည်း ပီပီပြင် ပြင် ထည့်သွင်းထားတဲ့နည်းစနစ်ကို သုံးပါတယ်တဲ့။ ဒါမျိုးကတော့ ဈေးနှုန်းက ပိုတယ်လို့ ဆိုပါတယ်။ 

ဒီလို Love Doll မျိုးတွေ ဖန်တီးထုတ်လုပ်နေတာကြောင့် ချစ်သူမိန်းကလေးဆိုတာ တကယ်ပဲ လိုအပ် ပါတော့မလားဆိုတဲ့ မေးခွန်းက ကျယ်လောင်လာတယ်လို့ ဆိုပါတယ်။ ဧရာဝတီ ပရိသတ်တွေရဲ့ အမြင် ကရော ဘယ်လို ရှိပါသလဲ။ 

Love Doll တွေခေတ်စားလာတာကြောင့် မိန်းကလေး ချစ်သူ ရည်းစားဆိုတာ လိုအပ်ပါသလား၊ ဒါမှမဟုတ် လူသား ပီပီ တကယ့် ချစ်သူမိန်းကလေးကိုပဲ ရှာလေမလားဆိုတာယဉ်ယဉ်ကျေးကျေး ဆွေးနွေး
နိုင်ပါတယ်။

ဧရာဝတီ BLOG 
https://www.youtube.com/watch?v=AvKug5TgOLE
ဂျပန်နိုင်ငံမှာ စီးပွားရေး ပြိုင်ဆိုင်မှု အားကြီးမှုတွေကြောင့် လူတိုင်းနီးပါး အချိန်ပြည့် အလုပ်များနေတတ်ကြ ပါတယ်။ အချိန်ပြည့် အလုပ်များကြသူတွေအတွက် မိန်းကလေး ရည်စားတယောက်ရဖို့ ချိန်းဆိုဖို့တောင် အချိန်မပေးနိုင်အောင် ဖြစ်နေကြတာပါ။

မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ

Photo: မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ
Thursday, August 14, 2014

 မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံက ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတဲ့ အနေနဲ့ ဂျပန်ကုမ္ပဏီတွေက ဘဏ်ခွဲသုံးခုကို ဖွင့်နိုင်ဖို့ ပြီးခဲ့တဲ့လကတည်း မြန်မာအစိုးရဆီမှာ လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။

လိုင်စင်ရဖို့ ကြိုးစားနေကြတဲ့ ဂျပန် ကုမ္ပဏီတွေကတော့ Bank of Tokyo-Mitsubishi UFJ၊ Sumitomo Mitsui Banking Corp. နဲ့ Mizuho Bank တို့ ဖြစ်ပါတယ်။

နိုင်ငံခြားက ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံဖို့နဲ့ ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ မြန်မာအစိုးရက အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။

နိုင်ငံတကာနဲ့ အိမ်နီးခြင်းတွေကလည်း မြန်မာနိုင်ငံကို အာရှရဲ့ အနာဂတ် ဈေးကွက်ကောင်းနေရာ တခုအဖြစ်မြင်နေကြတဲ့အတွက် အခုဆိုရင် မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ လိုင်စင် လျှောက်ထားတဲ့ ဘဏ် ၂၅ ခု ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီထဲက ဘဏ် ၁၀ ခုလောက်ကတော့ စက်တင်ဘာလ ကုန်ပိုင်းမှာ လိုင်စင်ရနိုင်ပြီး ဂျပန်ကုမ္ပဏီက ဘဏ်တွေလည်း ပါဝင်နိုင်တယ်လို့ စက်မှု စီးပွားရေး ကဏ္ဍ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတစ်ခု (Credit: Reuters)
မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတစ်ခု (Credit: Reuters)
မြန်မာနိုင်ငံမှာ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်နိုင်ဖို့အတွက် ​ဂျပန်နိုင်ငံက ​ကြိုးစားနေကြပါတယ်။ ​မြန်မာနိုင်ငံတွင်းမှာ ​စီးပွားရေး ​ရင်းနှီးမြုပ်နှံတဲ့ ​အနေနဲ့ ​ဂျပန်ကုမ္ပဏီတွေက ​ဘဏ်ခွဲသုံးခုကို ​ဖွင့်နိုင်ဖို့ ​ပြီးခဲ့တဲ့လ ကတည်း ​မြန်မာအစိုးရဆီမှာ ​လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။

ဂါဇာမှာနောက်ထပ် ၅ရက် အပစ်ရပ်ဖို့ထပ်တိုး

Photo: ဂါဇာမှာနောက်ထပ် ၅ရက် အပစ်ရပ်ဖို့ထပ်တိုး
Thursday, August 14, 2014

  အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းမှူးတွေကြားမှာ ဂါဇာဒေသ တိုက်ပွဲတွေကို နောက်ထပ်၅ရက် အပစ်အခတ်ရပ်စဲဖို့ သဘောတူ လိုက်ကြပါတယ်။ ဂါဇာကမ်းမြောင် ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ အီဂျစ်နိုင်ငံမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေဟာ ကြားခံညှိနှိုင်းမှု ကတဆင့် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ပထမတော့ ပါလက်စတိုင်းနဲ့ အီဂျစ်အရာရှိတွေက သဘောတူညီချက် ရပြီလို့ပြောခဲ့ပါတယ်။

တချိန်ထဲမှာဘဲ အစ္စရေးဘက်ကို ဂါဇာရှိ ဟားမားစ်တို့က ရော့ကက်နဲ့ ငါးကြိမ်တိုက်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ဒါပေမယ့် အစ္စရေးဘက်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဟားမတ်စ်ကတော့ သူတို့ရော့ကက်နဲ့ ပစ်တာမဟုတ်ဘူးလို့ ငြင်းဆိုသွားပါတယ်။ အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အစ္စရေးတပ်ဖွဲ့တွေကို ရန်သူကိုပြန်တိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်

တချိန်ထဲမှာဘဲ ဂျေရုဆလမ်က လာတဲ့သတင်းတွေအရ အစ္စရေး ဘက်ကလည်းနောက်ထပ် ၅ရက်အပစ်ရပ်ဖို့ သက်တမ်းတိုးတာ သဘောတူတယ်လို့ အစ္စရေး အဆင့်မြင့် တပ်ဘက် အရာရှိတယောက်က ဘီဘီစီကိုပြောပါတယ်။

ဒေသစံတော်ချိန် ညသန်းခေါင်မှာမူလ ၃ရက်အပစ်ရပ်တာ မပြီးဆုံးမီ နောက်ထပ် အပစ်ရပ်စဲရေး ထပ်တိုးလိုက်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ အဖြေမရမဲ့ပုံ ပေါ်နေရာကနေ အခုလိုသဘောတူချက် ရလာတာလို့ ဂါဇာရှိ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နယ်လီက ပြောပါတယ်။

ဒါပေမယ့် ရှေ့ဆက် ညှိနှိုင်းရမယ့် ဆွေးနွေးပွဲတွေ အတော်လေး ခက်ခက်ခဲခဲ ဖြစ်လိမ့်မယ် လို့လည်း သူကပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းမှူးတွေကြားမှာ ဂါဇာဒေသ တိုက်ပွဲတွေကို နောက်ထပ်၅ရက် အပစ်အခတ် ရပ်စဲဖို့ သဘောတူ လိုက်ကြပါတယ်။ ဂါဇာကမ်းမြောင် ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ အီဂျစ်နိုင်ငံ မှာ အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေဟာ ကြားခံညှိနှိုင်းမှု ကတဆင့် ဆွေးနွေးနြေ က တာ ဖြစ်ပါတယ်။ ပထမတော့ ပါလက်စတိုင်းနဲ့ အီဂျစ်အရာရှိတွေက သဘောတူညီချက် ရပြီလို့ပြောခဲ့ ပါတယ်။

မိခင်အလောင်း တွေ့ရှိမှုနဲ့ သမီးဖြစ်သူ အဖမ်းခံရ

Photo: မိခင်အလောင်း တွေ့ရှိမှုနဲ့ သမီးဖြစ်သူ အဖမ်းခံရ
Thursday, August 14, 2014

 အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အထူးဈေးကြီးတဲ့ ဟိုတယ်တစ်ခုမှာ ခရီးဆောင်လက်ဆွဲ သေတ္တာထဲမှာ ထုနှက်ရိုက်ချိုးပြီးထည့်ထားတဲ့ အမေရိကန်နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည်တစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီအလောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သမီးနဲ့ သူမသမီးရဲ့ ရည်းစားတို့ကို ရဲတွေက ဖမ်းဆီး လိုက်တယ်လို့ ဆိုပါတယ်။

ခရီးဆောင်လက်ဆွဲ သေတ္တာထဲမှာ ထည့်ထားတဲ့ အသက် ၆၂နှစ်အရွယ် အမျိုးသမီးရဲ့ အလောင်းကို ဘာလီကျွန်းက five-star အဆင့်ရှိ St Regis ဟိုတယ်ရှေ့က တက္ကစီပေါ်ကို တင်ဖို့ ကြိုးစားနေချိန်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီး အလောင်းရဲ့ တ၀က်ဟာ အ၀တ်အစား မပါပဲ ခေါင်းတွေမှာ အကြိမ်ပေါင်း များစွာ ထိခိုက်ဒဏ်ရာတွေရှိနေတဲ့အတွက် သူမ မသေခင်မှာ အတော်လေး ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့မယ်လို့ ဆရာဝန်က ပြောပါတယ်။

အဲဒီအမျိုး သမီးဟာ အသက် ၁၉နှစ်အရွယ် သမီးနဲ့ အသက် ၂၁ အရွယ် သမီးရဲ့ရည်းစားတို့နဲ့အတူ အဲဒီဟိုတယ်မှာ တည်းခိုခဲ့ကြတာ ဖြစ်တယ်လို့ ရဲအရာရှိ Djoko Hari Utomo က သတင်းထောက် တွေကို ပြောပါတယ်။

ဂျာကာတာက အမေရိကန် သံရုံးက ဒီမှုနဲ့ ပတ်သက်ပြီးသိရှိထားကြောင်း ကြေညာချက် ထုတ်ပြန်ထား သလို ရဲတွေကလည်း ဒီအမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ABC Radio Australia

အလောင်းထည့်ထားတဲ့ ခရီးဆောင်လက်ဆွဲသတ္တော (Credit: AFP)
အလောင်းထည့်ထားတဲ့ ခရီးဆောင်လက်ဆွဲသတ္တော (Credit: AFP)
 အင်ဒိုနီးရှားနိုင်ငံ ​ဘာလီကျွန်းက ​အထူးဈေးကြီးတဲ့ ​ဟိုတယ်တစ်ခုမှာ ​ခရီးဆောင်လက်ဆွဲ ​သေတ္တာထဲမှာ ​ထုနှက်ရိုက်ချိုးပြီးထည့်ထားတဲ့ ​အမေရိကန်နိုင်ငံသူ ​ကမ္ဘာလှည့် ​ခရီးသည်တစ်ဦးရဲ့ အလောင်းကို ​တွေ့ရှိခဲ့ တယ်လို့ ​ရဲတွေက ​ပြောပါတယ်။

ကျောင်းသားတိုင်း ပညာသင်ထောက်ပံ့ကြေး လာမည့်နှစ်တွင် ရမည်

Photo: ကျောင်းသားတိုင်း ပညာသင်ထောက်ပံ့ကြေး လာမည့်နှစ်တွင် ရမည်
Thursday, August 14, 2014

ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၆ ၊ ၂၇ ကြား ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ရှေ့ရှိ ပန်းပျိုးသူများ လမ်းဘေးစာသင်ဝိုင်းကို ၂၀၁၄ ဩဂုတ် ၈ ရက်က မြင်တွေ့ရစဉ်။ အဆိုပါကလေးများကဲ့သို့ ပညာသင်ကြားနိုင်ခြင်း မရှိသေးသည့် ကလေးများအတွက်လည်း အကူအညီ လိုအပ်လျက်ရှိသည်။ ဓာတ်ပုံ - အောင်ကိုဦး

ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၆ ၊ ၂၇ ကြား ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ရှေ့ရှိ ပန်းပျိုးသူများ လမ်းဘေးစာသင်ဝိုင်းကို ၂၀၁၄ ဩဂုတ် ၈ ရက်က မြင်တွေ့ရစဉ်။ အဆိုပါကလေးများကဲ့သို့ ပညာသင်ကြားနိုင်ခြင်း မရှိသေးသည့် ကလေးများအတွက်လည်း အကူအညီ လိုအပ်လျက်ရှိသည်။ ဓာတ်ပုံ - အောင်ကိုဦး

မြို့နယ်ပေါင်း ၄၀ က အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ပညာသင်ထောက်ပံ့ကြေးကို လာမည့် ပညာသင်နှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်းအဖြစ် ပေးအပ်တော့မည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါထောက်ပံ့ကြေးအတွက် ကမ္ဘာ့ဘဏ် လေးနှစ်စီမံကိန်း ပထမအသုတ် ပညာရေးအသုံးစရိတ်အဖြစ် အကူအညီပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၂၅ သန်းမှ နှစ်သန်းကို သုံးစွဲမည်ဖြစ်သည်။

ထိုဒေါ်လာနှစ်သန်းတွင် ပညာရေးထောက်ပံ့ကြေးပေးအပ်ခြင်းအပြင် မြို့နယ်များရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးဆိုင်ရာ မြှင့်တင်မှုသင်တန်းများအတွက်ပါ ထောက်ပံ့မှုများပါဝင်မည်ဟု ဆိုသည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ပထမနှစ်စီမံကိန်းအဖြစ် မြို့နယ် ရှစ်ခုကိုလည်းကောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ဒုတိယနှစ်စီမံကိန်းအဖြစ် မြို့နယ် ၁၂ ခုကို လည်းကောင်း၊၂၀၁၇-၁၈ ပညာသင်နှစ်တွင် တတိယနှစ် စီမံကိန်းအဖြစ် မြို့နယ် ၂၀ ကိုလည်းကောင်း အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်စရိတ်ပေးအပ်သွားမည်ဖြစ်သည်။

ဦးကိုလေးဝင်းက “ပညာသင်ထောက်ပံ့စရိတ်က တကယ်လိုအပ်နေတဲ့ မြို့နယ် ဦးစားပေးတာ ဖြစ်ပါတယ်။ ပေးမယ့်နှုန်းထားကိုတော့ ကျောင်းသားတစ်ဦးကို တစ်လအတွက် အနည်းဆုံး ၈,၀၀၀ ကနေ အများဆုံး ၁၅,၀၀၀ အထိ ပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။

ပထမနှစ်စီမံကိန်းအတွက် လပွတ္တာမြို့၊ ဘိုကလေးမြို့၊ ကျောင်းကုန်းမြို့၊ မဟာအောင်မြေမြို့နယ်၊ စဥ့်ကိုင်မြို့၊ ကလောမြို့၊ တောင်ကြီးနှင့် ဆိတ်ကြီးခနောင်တိုမြိုတို့ကို ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်သွားမည်ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးကို ပညာသင်နှစ် နှစ်စမှစတင်ကာ ပထမရစ်အဖြစ် သုံးလပေးအပ်မည်ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့ကြေးကိုမူ ပညာသင်လအလိုက် ပေးအပ်သွားမည်ဖြစ်သည်။ ပညာသင် ထောက်ပံ့ကြေးကို သက်ဆိုင်ရာပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်များဖြင့် ထုတ်ယူခွင့်ရှိမည်ဖြစ်သည်။ ထို့ပြင် ကျောင်းအုပ်များကလည်း ထုတ်ယူပေးခွင့်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်း ၁၀၀ ကို လေးနှစ် စီမံကိန်းအဖြစ် ပေးအပ်ထားပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းထောက်ပံ့စရိတ်များနှင့် ဆရာ၊ ဆရာများ၏ အရည်အသွေးဆိုင်ရာ သင်တန်းများတွင် အသုံးပြုရန် ထောက်ပံ့ပေးခြင်းဖြစ်သည်။

Mizzima - News in Burmese
ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၆ ၊ ၂၇ ကြား ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ရှေ့ရှိ ပန်းပျိုးသူများ လမ်းဘေးစာသင်ဝိုင်းကို ၂၀၁၄ ဩဂုတ် ၈ ရက်က မြင်တွေ့ရစဉ်။ အဆိုပါကလေးများကဲ့သို့ ပညာ သင်ကြားနိုင်ခြင်း မရှိသေးသည့် ကလေးများအတွက်လည်း အကူအညီ လိုအပ်လျက်ရှိသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေးအာမခံ တောင်းဆို

Photo: ၀န်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေးအာမခံ တောင်းဆို
Thursday, August 14, 2014

 ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ၀န်ကြီးဌာန ၀န်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ကျန်းမာရေး မကောင်းတာကြောင့် အာမခံပေးဖို့ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေး အာမခံပေးဖို့ တင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးတင်ထွန်းက သူ့ရဲတင်သွင်းချက်ကို အခုလိုပြောပါတယ်။

"ဒက္ခိဏတရားရုံးမှာ ကျနော်တို့က အာမခံလျှောက်တယ်၊ အဲ့ဒီအာမခံလျှောက်တာကို ပယ်လိုက်တဲ့အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ စပြီးတော့တင်တာ အာမခံ ထပ်လျှောက်တယ်၊ ကျန်းမာရေး ကို အကြောင်းပြပြီးလျှောက်တာ အခု ကျနော်တို့ တင်ပြီးပြန် လာခဲ့ပြီ သူကမကောင်းဘူး ဖြစ်နေတယ်၊ မမာမကျန်းဖြစ်တယ်လို့ အဲ့ဒါကိုတော့ ကျနော်တို့ အာမခံ ပြောပေးရတယ် ၊ သူ့ရောဂါက နှလုံး၊ သွေးတိုးစုံနေတာပဲ၊ အတွင်းအနေအထားက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့က မပြောနိုင်ဘူး"

ဦးဆန်းဆင့်ဟာ ရမည်းသင်းအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး သွေးတိုး၊ နှလုံး၊ မျက်စိ၊ ကျီးပေါင်းစတဲ့ ရောဂါတွေ ခံစားနေရတာဖြစ်ပါတယ်။ ဒီလ ၁၀ရက်နေ့က နှလုံးရောဂါပြင်းထန် လာတဲ့အတွက် မန္တလေးတိုင်းဒေသကြီးဆေးရုံက အထူးကုဆရာဝန် ၂ ဦးက ကုသပေးခဲ့ရတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ကျန်းမာရေးအာမခံရရှိရေး တင်ပြခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။

RFA Burmese
 ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ၀န်ကြီးဌာန ၀န်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ကျန်းမာရေး မကောင်းတာကြောင့် အာမခံပေး ဖို့ မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

အဝေးသင်တက္ကသိုလ်ဝင်ခွင့် ဘာသာရပ် ၁၁ ခုကို အမှတ်ဖြင့် ကန့်သတ်

 Photo: အဝေးသင်တက္ကသိုလ်ဝင်ခွင့် ဘာသာရပ် ၁၁ ခုကို အမှတ်ဖြင့် ကန့်သတ်
Thursday, August 14, 2014

လာမည့် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်ဝင်ခွင့်အ တွက် သက်ဆိုင်ရာဘာသာရပ် အလိုက်အရည်အချင်းများသတ် မှတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို ၀င်ခွင့်လိုအပ်ချက် များအဖြစ် ထည့်သွင်းလိုက် သည်။

တက္ကသိုလ်ဝင်တန်း စာမေး ပွဲ အောင်မြင်ထားရုံဖြင့် အဝေး သင်တက္ကသိုလ်ရှိ အထူးပြုဘာ သာရပ် ၁၉ ခုလုံးကို လျှောက်ထား နိုင်ခဲ့သော်လည်း လာမည့်ပညာ သင်နှစ်တွင် ဘာသာရပ် ၁၁ ခုအတွက် အရည်အချင်းလိုအပ် ချက်များ သတ်မှတ်လိုက်ခြင်းဖြစ် သည်။

အဝေးသင်တက္ကသိုလ်ဝင် ခွင့်လျှောက်ထားလိုသူများအနေ ဖြင့် အင်္ဂလိပ်စာဘာသာရပ်အ တွက် တက္ကသိုလ်ဝင်စာမေးပွဲ တွင် အင်္ဂလိပ်စာရမှတ် အနည်း ဆုံး ၅၀ မှတ်၊ ဥပဒေပညာရပ် အတွက် အင်္ဂလိပ်စာရမှတ် ၅၀ မှတ်နှင့် စုစုပေါင်းရမှတ် အနည်း ဆုံး ၃၀၀ မှတ်ရရှိထားရန် လို အပ်တော့မည်ဖြစ်သည်။

စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာပညာ၊ အိမ်တွင်းစီးပွား ပညာ၊ စီးပွားစီမံပညာဘာသာ ရပ်များအတွက် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘောဂဗေဒဘာသာ ရပ်ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ထားပါက ဘောဂဗေဒ ဘာသာရမှတ် ၆၀ မှတ်နှင့် စုစု ပေါင်းရမှတ် အနည်းဆုံး ၃၀၀ ရရှိထားရမည်ဖြစ်သည်။ ဘောဂ ဗေဒဘာသာရပ်မပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူ များသည် စုစုပေါင်း ရမှတ် အနည်းဆုံး ၃၂၀ ရရှိထားရန် သတ်မှတ်လိုက်သည်။

ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာဘာသာရပ်အတွက် တက္က သိုလ်ဝင်စာမေးပွဲတွင် သက်ဆိုင် ရာဘာသာရပ်ရမှတ် အနည်းဆုံး ၅၀ မှတ်နှင့် သတ္တဗေဒနှင့် ရုက္ခ ဘာသာရပ်အတွက် ဇီဝဗေဒ ဘာသာရပ် ရမှတ် အနည်းဆုံး ၄၅ မှတ်ရရှိထားရန် လိုအပ်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွက် တက္က သိုလ်ဝင် စာမေးပွဲအောင်မြင်၍ အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများသည် အဝေးသင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၄ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားခြင်းဖြစ်သည်။

‘‘အင်္ဂလိပ်စာကလွဲပြီး အဲဒီ ၀င်ခွင့်သတ်မှတ်လိုက်တဲ့ ဘာသာရပ်အများစုကကျောင်းသားအ များစုမကြိုက်ကြပါဘူး။ အဝေး သင်မှာ ကျောင်းသားတွေက ဘာ သာရပ်၊ ပညာရပ်ထက် စာမေးပွဲ အောင်ဖို့ လွယ်တယ်လို့ ယူဆတဲ့ ဘာသာရပ်ကို ရွေးချယ်နေကြ တာပါ’’ဟု တက္ကသိုလ်ဆရာတစ် ဦးက သုံးသပ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် နိမ့်ကျ၍ အဝေးသင်တက္ကသိုလ်တက်ရောက်လိုသော ကျောင်းသားများအနေဖြင့် မြန် မာစာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိ ကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်း ပညာ၊ မြန်မာမှုပညာနှင့် ရသစာပေအ ရေးအသားဘာသာရပ်များကို သာရွေးချယ်သင်ယူရန် အခွင့် အလမ်းရှိမည်ဖြစ်သည်။

7Day DAILY 

ဒဂုံတက္ကသိုလ် နေ့ကျောင်းသူ ကျောင်းသားများ ကျောင်းဆင်းလာစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဒဂုံတက္ကသိုလ် နေ့ကျောင်းသူ ကျောင်းသားများ ကျောင်းဆင်းလာစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လာမည့် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည် အချင်းများသတ် မှတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို ၀င်ခွင့်လိုအပ်ချက် များအဖြစ် ထည့်သွင်းလိုက် သည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ရွေ့လျားစစ်ဆေးရေး အဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမည်

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ ငါးဖွဲ့ဖြင့် စက်သုံးဆီ အရည်အသွေး၊ အခြင်အတွယ် စံချိန်စံညွှန်းများကို သြဂုတ်လကုန်မှစ၍ လှည့်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရေနံ ထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီး ကြပ်ရေး ကော်မတီထံမှ သိရသည်။

လေ့ကျင့်ခန်း မလုပ်သင့်သည့်အချိန်

ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုံးလုံးမလုပ်ရမည့်အချိန်များရှိပါသည်။ ထိုကဲ့သို့ လေ့ ကျင့်ခန်းလုပ်ခြင်းရပ်လိုက်ရသည့်အချိန်မျိုးတွင် အပျင်းထူသည်ဟူ၍ မိမိကိုယ်ကိုယ်အပြစ် မတင်ပါနှင့်။

တောင်ကိုရီးယား ဂျူနီယာချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ တိုက်ကွမ်ဒိုအဖွဲ့ ယှဉ်ပြိုင်မည်

မြန်မာတိုက်ကွမ်ဒိုအား ကစားအဖွဲ့သည် တောင်ကိုရီး ယားနိုင်ငံလေ့ကျင့်ရေးခရီးစဉ်အ တွင်း တတိ ယမြောက် ပြိုင်ပွဲအဖြစ်  ဆောင်နမ်ဂျူနီယာပြိုင်ပွဲ(Song Nam Junior Championships) သို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်းလိုင်းကျပ်ခြင်းပြဿနာဖြေရှင်းရန် ကွန်ရက်များအဆင့်မြှင့်မည်ဟုဆို

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများတွင် မိုဘိုင်းဖုန်းများ လိုင်းကျပ်ခြင်းပြဿနာကိုဖြေ ရှင်းနိုင်ရန် ဂျပန် ဆက် သွယ်ရေး ကုမ္ပဏီ KDDIနှင့် ပူးပေါင်း၍ မိုဘိုင်းကွန်ရက်များ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို  စတင်ဆော င် ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်

Photo: လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်
Thursday, August 14, 2014

လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။

‘‘သားက ရမ်းရမ်းကားကား လူငယ်ထဲမှာမပါဘူး။ သူငယ်ချင်း တွေနဲ့တော့ အဲဒီလက်ဖက်ရည် ဆိုင်မှာ ညဘက်တွေထိုင်နေကျ ပါ။ လူငယ်သဘာဝတစ်ယောက် နဲ့တစ်ယောက် နောက်နောက် ပြောင်ပြောင်နေတတ်တာကို လူ စိမ်းတွေက မသိဘူး။ ဆူညံနေ တယ်ဆိုပြီး သားတို့သူငယ်ချင်း တွေကို ဆိုင်ရှင်နဲ့မောင်းထုတ်ခိုင်း တာ။ သားတို့က တောင်းပန်သေး တယ်။ အဲဒီလူက ခက်ရင်းနဲ့ စထိုးလို့ သားမျက်နှာက သွေးထွက်လာတာနဲ့ ဒေါသထွက်ပြီးကောက်ရတဲ့ဓားနဲ့ ထိုးလိုက်တာပါ’’ဟု ဓားဖြင့်ထိုးခဲ့သော လူငယ်၏ မိခင်က ခုခံပြောဆိုသည်။

 ဇူလိုင် ၁၈ ရက်တွင် ပြစ်မှု ကျူးလွန်သူငါးဦးကို မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ ပြစ်မှုကျူးလွန်သူ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်အရွယ် လူ ငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးမှ ကလေးသူငယ်ပြစ်မှု ဖြင့် စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ဥပဒေအကြံတောင်းတင်ပြီးရုံးထုတ်စစ်ဆေးနေတာ။ နောက်တစ်ချိန်းကိုတော့ ဩဂုတ် ၂၀ ရက်ပြန်ချိန်းလိုက်တယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရုံးထုတ်ချိန် ဩဂုတ် ၁၃ ရက် နံနက်ကတည်းက လူသတ်မှု ၃၀၂၊ နာကျင်စေမှု ၃၂၃ နှင့်အားပေးကူညီမှု ၁၁၄ ပုဒ်မများဖြင့်  တရားရင်ဆိုင်နေရသော လူငယ်သုံးဦး၏ မိသားစုဝင်များ မှာ အင်းစိန်မြို့နယ်၊ မြောက်ပိုင်း ခရိုင် အချုပ်ခန်းဘေးတွင် စောင့် ဆိုင်းနေခဲ့ကြသည်။

7Day DAILY 

လူသတ်မှု ကျူးလွန်သူများကို သြဂုတ် ၁၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သန်းဌေး)
လူသတ်မှု ကျူးလွန်သူများကို သြဂုတ် ၁၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သန်းဌေး)
လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင် တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ဆီဇာဆက်လက်ဦးဆောင်

Photo: မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ဆီဇာဆက်လက်ဦးဆောင်
Thursday, August 14, 2014

 ၂၀၁၄ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၂၀ သွင်း ယူထားသည့် ရန်ကုန်အသင်းမှ ဘရာဇီးတိုက်စစ်မှူးဆီဇာ သည် မြန်မာလိဂ်ဂိုးသွင်းအများဆုံးစာ ရင်းတွင် ဆက်လက်ဦးဆောင် နေသည်။

ဆီဇာသည် ပြီးခဲ့သည့် ပွဲစဉ် ၁၅ ပြီးသည်အထိ မြန်မာလိဂ်ဂိုး သွင်း အများဆုံးစာရင်းတွင် သွင်း ဂိုး ၁၅ ဂိုးဖြင့် တတိယနေရာ၌ ရပ် တည်နေသော်လည်း ပွဲစဉ် ၁၆ တွင် သွင်းဂိုးလေးဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံးစာရင်းတွင် ပထမနေရာသို့ ရောက်ရှိလာပြီး ပွဲစဉ် ၁၇ တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နေခြင်းဖြစ်သည်။

ဆီဇာသည် ပြီးခဲ့သည့် ဘောလုံးရာသီက သွင်းဂိုး ၂၀ ဖြင့် မြန်မာလိဂ်ဂိုးသွင်း ဘုရင်ဆုကို ရရှိထားရာ ယခုနှစ်ပြိုင်ပွဲ မပြီးဆုံးမီအဆိုပါ သွင်းဂိုးအရေအတွက်ကို ရရှိထားပြီ ဖြစ်သည်။

ရန်ကုန်အသင်းသည် ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၄၅ ဂိုးရရှိ ထားပြီး သွင်းဂိုး ၂၀ ဂိုးသွင်းယူ ထားသည့် တိုက်စစ်မှူးဆီဇာက အသင်း၏ သွင်းဂိုးအားလုံးအရေ အတွက်၏ ထက်ဝက်နီးပါး သွင်း ယူပေးထားခြင်း ဖြစ်သည်။

ရတနာပုံအသင်းမှ ကိုလံဘီ ယာတိုက်စစ်မှူးဖွန်ဆီကာက ပွဲ စဉ် ၁၇ အပြီးတွင် သွင်းဂိုး ၁၉ ဂိုး ဖြင့် ဒုတိယနေရာနှင့် သွင်းဂိုး ၁၈ ဂိုးသွင်းယူထားသည့် ချင်းယူ နိုက်တက်မှ လိုက်ဘေးရီးယား တိုက်စစ်မှူးကိတ်မာတူနာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

မြန်မာလိဂ်ပြိုင်ပွဲ ဂိုးသွင်း အများဆုံးစာရင်း ထိပ်တန်းစာ ရင်းတွင် အစဉ်အလာအတိုင်း ပြည်ပကစားသမားများကသာ လွှမ်းမိုးထားပြီး ဂိုးသွင်းအများဆုံး စာရင်း အဆင့် ၁၀ အတွင်း၌ ပြည်တွင်းကစားသမားနှစ်ဦးအဖြစ် ဧရာဝတီ တိုက်စစ်မှူး နန္ဒလင်းကျော်ချစ်နှင့် ကမ္ဘောဇတိုက်စစ်မှူး စိုးမင်းဦးတို့ နှစ်ဦးသာ ပါဝင်နေသည်။

မြန်မာလိဂ်ပွဲစဉ် ၁၇ အပြီး တွင် နန္ဒလင်းကျော်ချစ်က သွင်း ဂိုးကိုးဂိုးနှင့် စိုးမင်းဦးက သွင်းဂိုး ရှစ်ဂိုးသွင်းယူထားသည်။ ၂၀၁၄ မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲပြီး ဆုံးရန် ပွဲစဉ်ငါးပွဲကျန်ရှိနေချိန် တွင် ရတနာပုံအသင်းက ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား ကိုဦးဆောင်နေပြီး ရန်ကုန်အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဒုတိယ နေရာမှ ဖိအားပေးလျက် ရှိသည်။

7Day DAILY
၂၀၁၄ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၂၀ သွင်း ယူထားသည့် ရန်ကုန်အသင်းမှ ဘရာဇီးတိုက်စစ်မှူးဆီဇာ သည် မြန်မာလိဂ်ဂိုးသွင်းအများဆုံးစာ ရင်းတွင် ဆက်လက် ဦးဆောင် နေသည်။

မန္တလေးပဋိပက္ခတွင်တွင် စွပ်စွဲဖမ်းဆီးခံထားရသူ ထွန်းထွန်း၏ ရှေ့နေ ခြိမ်းခြောက်ခံနေရဟု ကာယကံရှင်ပြော

Photo: မန္တလေးပဋိပက္ခတွင်တွင် စွပ်စွဲဖမ်းဆီးခံထားရသူ ထွန်းထွန်း၏ ရှေ့နေ ခြိမ်းခြောက်ခံနေရဟု ကာယကံရှင်ပြော
Thursday, August 14, 2014

မန္တလေးပဋိပက္ခဖြစ်စဉ် တွင် စွပ်စွဲဖမ်းဆီးခံရသူ ထွန်း ထွန်းအတွက် အမှုလိုက်ပေးသည့် တရားလွှတ်တော်ရှေ့နေအား မို ဘိုင်းဖုန်းမှတစ်ဆင့် ခြိမ်းခြောက် ခံရသည်ဟု ကာကယံရှင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦး အောင်သူရှိန်ထွန်းက ပြောသည်။

‘‘အခု လုံခြုံရေးအတွက် စိတ်ပူနေရတာပါ။ Viber ကနေ ပြီးတော့ ရိုဟင်ဂျာဘရားသားဆို ပြီး group တစ်ခု ၀င်လာတယ်။ ပထမပိုင်းမှာ ဗမာလိုပြောတယ်။ ခင်ဗျားဘယ်သူလဲ၊ ဘယ်ကလဲ၊ ခင်ဗျားနဲ့ စကားပြောချင်တယ်။ ဘယ်မှာနေတာလဲဆိုတဲ့ ခြိမ်း ခြောက်မှုတွေ ပေါ်ပေါက်လာပါ တယ်’’ ဟု ဦးအောင်သူရှိန်ထွန်း က ပြောသည်။

ထိုဖြစ်စဉ်သည် သြဂုတ်လ ၉ ရက်က စတင်ဖြစ်ပေါ်ခဲ့ပြီး ယ ခုအချိန်ထိ ယင်းစာသားများ ၀င် ရောက်နေကြောင်း သိရသည်။ ထို့အပြင် အသံဖိုင်များတွင်လည်း အခြားဘာသာစကားများဖြင့်လည်း ၀င်ရောက်လာကြောင်း ဦးအောင်သူရှိန်ထွန်းကပြောသည်။

သို့ဖြစ်၍     မိမိလုံခြုံရေး အတွက် ပျဉ်းမနားရဲစခန်းသို့ သြ ဂုတ် ၁၂ ရက်ညပိုင်းက    သွား ရောက်အကြောင်းကြားရာ လို အပ်ပါက လုံခြုံရေးစီစဉ်ပေးမည်၊ စီအိုင်ဒီကိုလည်း တင်ပြပေးမည် ဟု စခန်းမှူးက ပြောကြောင်း ဦး အောင်သူရှိန်ထွန်းက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာ သို့ အကြောင်းကြားရုံသာ ပြုလုပ် ထားပြီး အသက်အန္တရာယ်အ တွက် စိုးရိမ်မှုရှိလာမှ အမှုဖွင့် တိုင်ကြားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

စွပ်စွဲခံရသူ ရဲထွဋ်နှင့် နုနု မြတ်တို့ လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေကို ယင်းကဲ့သို့ ဖြစ်စဉ်ကြုံတွေ့ခြင်း ရှိ၊ မရှိနှင့် ဆက်သွယ်မေးမြန်းရာ    ‘‘ကျွန် တော့်မှာတော့ ဒီလိုဖြစ်စဉ်မျိုး မရှိ သေးပါဘူး’’ ဟု ရှေ့နေ ဦးတင် ၀င်းအောင်က ပြောသည်။

ယင်းဖြစ်စဉ်တွင် စွပ်စွဲခံရ သူများနှင့် တရားလိုသက်သေများ ကို ဆက်တိုက်စစ်ဆေးမှုများ ပြု လုပ်နေပြီး အမြန်ဆုံးအမိန့်ချမှတ် နိုင်ရန် ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။

မန္တလေး ပဋိပက္ခကြောင့် စွပ်စွဲခံရသူ ကတုံးမ၊ ထွန်းထွန်း၊ ရဲထွဋ်နှင့် နုနုမြတ်တို့သည် နိုင်ငံ တော်   တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှု၊ လီဆယ်တိုင်ကြား မှုတို့ဖြင့်  အမှုဖွင့်ခံထားရသူများ ဖြစ်ကြသည်။

၎င်းတို့အထဲမှ ရဲထွဋ်အား မဲဆောက်တွင် ဖမ်းမိခြင်း၊ နုနု မြတ်သည် နယ်စပ်မှ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်းတို့ကြောင့် လ.၀.က ဥပဒေ ၆(၁)(၂) တို့ဖြင့် ထပ်မံတရားစွဲ ဆိုခံထားရသည်။

7Day DAILY 

ကတုံးမကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ−နန်းအောင်)
ကတုံးမကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ−နန်းအောင်)
မန္တလေးပဋိပက္ခဖြစ်စဉ်တွင် စွပ်စွဲဖမ်းဆီးခံရသူ ထွန်းထွန်းအတွက် အမှုလိုက်ပေးသည့် တရား လွှတ်တော်ရှေ့နေ အား မိုဘိုင်းဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ခံရသည်ဟု ကာကယံရှင်ဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦး အောင်သူရှိန်ထွန်းက ပြောသည်။

လုံခြုံရေး အဖွဲ့ဝင်များကို အသက်အန္တရာယ်ပြုပါက ပစ်မိန့်ပေးထားသည်ဟူသောသတင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ငြင်းဆို

ဝန်ကြီးချုပ်သစ်လက် ထက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကို အသက်အန္တရာယ်ပြုလုပ် ရန် ကြံစည်လာပါက အထက်အ မိန့်စောင့်ဆိုင်းရန် မလိုဘဲ တရား ၀င် ပစ်မိန့်ပေးထားပြီးဖြစ်ကြောင်း ဆိုသည့်သတင်းမှာ မှန်ကန်မှု မရှိ ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြောကြားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးထွေ/ကု ဆေးရုံကြီး ယခုနှစ်ဘတ်ဂျက်ငွေ ကျပ်သန်းထောင့်ရှစ်ရာကျော် ရရှိ

ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သည် ဘဏ္ဍာငွေ ခွဲတမ်းငွေ ကျပ် သန်းပေါင်း ၁,၈၅၀ ရရှိထား ကြောင်း သတင်းရရှိသည်။

အီဘိုလာသံသယလူနာတွေ့ပါက ကုသနိုင်ရန် ကန်တော်နဒီဆေးရုံတွင် စီစဉ်ထား

အီဘိုလာရောဂါရှိ သည့် သံသယလူနာတွေ့ရှိပါက မန္တလေးမြို့ရှိ ကန်တော်နဒီဆေး ရုံသို့ တင်ပို့ ကုသနို င်ရေး စီစဉ် ထားကြောင်း သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းပေါ်မှ သင်္ဘောပျက်ကိုတွေ့ရှိသည်မှာ မမှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့် နေရာအနီးတစ်ဝိုက် လက်ရှိရှာဖွေနေဆဲဖြစ်

Photo: ဓမ္မစေတီခေါင်းလောင်းပေါ်မှ သင်္ဘောပျက်ကိုတွေ့ရှိသည်မှာ မမှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့် နေရာအနီးတစ်ဝိုက် လက်ရှိရှာဖွေနေဆဲဖြစ်
Thursday,  August 14, 2014

နှစ်ပေါင်း ၄၀၀ ကျော် ရေအောက်တွင်နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တစ်စီးအားတွေ့ပြီဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့်အနီးတစ်ဝိုက်တွင် ရှာဖွေနေဆဲဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှဦးဝင်းမြင့်က သြဂုတ် ၁၃ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားခဲ့သည်။
    
ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ရှာဖွေရာတွင် ခေါင်းလောင်းကြီးအပေါ်ရှိ သင်္ဘောပျက်အားတွေ့ရှိပြီး နှုန်းများ စတင်ဖယ်ရှားနေပြီဟု ပြည်တွင်းထုတ် သတင်းစာဂျာနယ်အချို့တွင် ဖော်ပြခဲ့ကြသည်။
    
ယင်းခေါင်းလောင်းကြီးနစ်မြုပ်နေသည်ဟုယူဆရသည့် မြစ်ကြမ်းပြင်တစ်ဝိုက်တွင် သင်္ဘောပျက်များစွာတွေ့ရှိရကြောင်း ဦးဝင်းမြင့်က သြဂုတ် ၁၃ ရက်က ပြောကြားသည်။
    
ဦးဝင်းမြင့်က "ဒီနေ့အထိ ခေါင်းလောင်းရှာဖွေမှုက အခက်အခဲမရှိသေးပါဘူး။ အေးအေးချမ်းချမ်းပါပဲ။ ခေါင်းလောင်းပေါ်က သင်္ဘောပျက်ကြီးတွေ့တယ်ဆိုတာက သင်္ဘောပျက်တွေက မြစ်ကြမ်းပြင်မှာ အများကြီးပါပဲ။ အရင်အခေါက်တွေရှာတုန်းကလည်း တွေ့ပါတယ်။ ဒီနေ့ရှာဖွေရေးလုပ်တဲ့သင်္ဘောတွေကိုတော့ နေရာရွှေ့ထားပါတယ်။ မြစ်ကြမ်းပြင်က သဲတွေစုပ်ထုတ်တာတော့ ဒီနေ့မလုပ်သေးပါဘူး" ဟု ပြောကြားခဲ့သည်။
    
သို့ရာတွင်ခေါင်းလောင်းကြီးတွေ့ရှိခြင်း မတွေ့ရှိခြင်းနှင့်ပတ်သက်၍ ၎င်းက အတိအကျပြောကြားခြင်းမရှိသေးဘဲ မကြာမီသိရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
    
"ခေါင်းလောင်းကိုတွေ့ပြီလား မတွေ့သေးဘူးလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် အခုဘာမှမပြောနိုင်သေးပါဘူး။ မကြာခင် အားလုံးသိကြရမှာပါ။ ဒီလောက်ဆိုသဘောပေါက်ကြမှာပါ" ဟု သြဂုတ် ၁၃ ရက်က ပြောကြားသည်။
    
ခေါင်းလောင်းကြီးရှာဖွေမှုကို စိတ်ဝင်စားစောင့်ကြည့်နေသည့် တာမွေမြို့နယ်နေ ဦးကျော်စိန်က "ခေါင်းလောင်းကြီးကိုပြန်ဆယ်မယ့်အသံကြားကတည်းက ကျွန်တော်စိတ်ဝင်စားနေတာ။ သတင်းစာတွေဂျာနယ်တွေမှာလည်း အဲ့ဒီခေါင်းလောင်းသတင်းကို စောင့်ပြီးဖတ်ဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်မှာရေးထားတာက ခေါင်းလောင်းကြီးပေါ်မှာရှိတဲ့ သင်္ဘောပျက်ကြီးကိုတွေ့ပြီလို့ ရေးထားတော့ ခေါင်းလောင်းကိုတွေ့တဲ့သဘောဖြစ်နေတယ်။ ဒီတော့ပိုစိတ်ဝင်စားသွားတယ်။ လူကိုယ်တိုင်လည်း နှစ်ခေါက်သွားကြည့်ပြီးပါပြီ။ ဒီခေါင်းလောင်းကြီးအကြောင်းကို စာတွေထဲမှာပဲဖတ်ဖူးတော့ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျမြင်ဖူးချင်တယ်" ဟုဆိုသည်။
    
ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန် ပိဿာ ၁ ၈၀၀၀၀၊ တန်ချိန် ၂၉၀ ကျော်ရှိပြီး ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီအရှေ့မြောက်ထောင့်၌ ၁၂၃ နှစ်တိုင်တိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရှိရကာ အလေးချိန်နှင့်ပတ်သက်ပြီး လေ့လာသူပညာရှင်များအကြား ကွဲလွဲမှုများရှိနေသည်။
    
အဆိုပါဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ပါက ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းဖြစ်နိုင်ဖွယ်ရှိပြီး လက်ရှိကမ္ဘာ့အကြီးဆုံးခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်သော တန်ချိန် ၂၀၀ ကျော်ရှိသည့် ဇာကိုလိုကောခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

မြစ်ထဲရှိ ခေါင်းလောင်းကြီးအား ရှာဖွေနေသည့် သင်္ဘောကြီးကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
မြစ်ထဲရှိ ခေါင်းလောင်းကြီးအား ရှာဖွေနေသည့် သင်္ဘောကြီးကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
နှစ်ပေါင်း ၄၀၀ ကျော် ရေအောက်တွင်နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တစ်စီး အားတွေ့ ပြီဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့်အနီးတစ်ဝိုက်တွင် ရှာဖွေနေဆဲဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှဦးဝင်းမြင့်က သြဂုတ် ၁၃ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားခဲ့သည်။