ပညာရေးဝန်ကြီးဌာန၏ ကျောင်းထောက်ပံ့ရေး သုံးနှစ်စီမံချက်တွင် ပညာရေးဝန်ထမ်းများ စွမ်းရည် မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းစီကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်သုံးစွဲရန် လျာထားကြောင်း ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။
Thursday, 20 February 2014
ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ
ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီ ခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေ ထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။
မြန်မာ့လူမျိုးရေးပဋိပက္ခ မလေးရှားရဲ စောင့်ကြည့်
မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ တဦး အသတ်ခံရမှု နဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ ကြိုးပမ်း တာတွေ နဲ့ ဆက်နွယ်ပြီး၊ မြန်မာ့ နိုင်ငံရေး နဲ့ လူမျိုးရေး ပဋိပက္ခ တွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ် လို့ မလေးရှား ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။
Facebook က WhatsApp ကို ၁၉ ဘီလီယံဒေါ်လာဖြင့် ၀ယ်ယူ
လစဉ်အသုံးပြုသူဦးရေ ၄၅၀ သန်းတိုးပွားလျက်ရှိသော မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်သည့် WhatsApp application ကို Facebook က ငွေသားနှင့် ရှယ်ရာ စုစုပေါင်း ၁၉ ဘီလီယံဒေါ်လာနှင့် ညီမျှသော ပမာဏဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကုလစိုးရိမ်
မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ရှိနေကြောင်း ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားသည့် စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ရာ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီ မွန်းက မြောက်ကိုရီးယား၏ အခြေအနေ နှင့်ပတ်သက်၍ အလွန် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဆိုခဲ့သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် သုံးစင်း HTMS KRABURI, HTMS SAIBURI, HTMS NARATHIWAT သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။
ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ
လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်း သစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။
မွန်လူငယ် ၃ ဦး ပိတ်လောင် ခိုင်းစေခံရမှုကနေ ပြန်လွတ်
ထိုင်းနိုင်ငံငံ ဘန်ကောက်မြို့ ပသူနန်းရပ်ကွက်ရှိ FEEL pratunam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ စားသောက် ဆိုင်တခုမှာ လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့ မွန်လူငယ် ၃ ဦး ဖေဖော်ဝါရီ ၁၉ ရက်နေ့ က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဘန်ကောက် သပိတ်စခန်းများတွင် အဓိကရုဏ်း ဖြစ်ပြီးနောက် ဆန္ဒပြသူများ ယင်းလပ် ရှိရာသို့ ချီတက်၊ ရဲတပ်ဖွဲ့ စစ်ဆင်ရေး ရပ်ဆိုင်း
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အချိန်အတန်ကြာ ဖွင့်လှစ် ထားခဲ့သည့် သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပြန်လည် ရယူခဲ့မှုကြောင့် ပဋိပက္ခများနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း အပေါ် အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ယာယီရုံးထိုင်ရာ အစိုးရ အဆောက်အအုံ တစ်ခု အနီးတစ်ဝိုက်တွင် အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ဆန္ဒပြကြကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။
တောင်ငူမြို့မဈေး မီးလောင်၍ မိုင်ဒါကွင်းအတွင်း ယာယီဈေးနေရာ ချထားပေးခြင်းကို ဘော်လီဘော ကော်မတီ ကန့်ကွက်
တောင်ငူမြို့မဈေးကြီး မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဟောင်းဘေးရှိ မိုင်ဒါကွင်း အတွင်း၌ ယာယီဈေး ချထားပေးမှုကို လက်ခံနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့ ဘော်လီဘော ဆပ်ကော်မတီဝင်များက ပြောကြားသည်။
သီယာဂို၏ညီ ရာဖာကို စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက်
သီယာဂို အယ်လ်ကန်ထရာကို လက်လွတ် ခဲ့ရသည့်နောက် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ရာဖာအယ်လ်ကန်ထရာကို ဆက်လက် စိတ်ဝင်စားလာကြောင်း သတင်းများက ဆိုသည်။
သူဋ္ဌေးကြီး ဦးတေဇရဲ့ ပူတာအိုမှာ လုပ်မယ့် အလှူ
ဦးတေဇရဲ့ အလှူ တခုပါ။ ဦးတေဇဆိုလို့ နာမည်တူ လူတူတွေ ရှိတတ်တာမို့ ဒီအလှူကတော့ အခုတလော ပူတာအိုခရိုင်ဘက်မှာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတယ်လို့ နာမည်ကြီးနေတဲ့ သူဋ္ဌေးကြီး ဦးတေဇ က လုပ်မယ့် အလှူတခုပါ။
ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ
အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး M.V SILVER SHADOW သည် ယနေ့နံနက် ၆နာရီ ခန့်တွင် ဒုတိယ အကြိမ်အဖြစ် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ လာကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးသည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဆိုက်ရောက် လာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် ခရီးသည် ၃၂၆ဦးခန့်နှင့် သင်္ဘော ဝန်ထမ်း ၂၉ဝခန့် လိုက်ပါ လာကြသည်။
မော်တော်ယာဉ် တင်သွင်းရန် အထောက်အထားအတုဖြင့် လျှောက်ထားသူ များကို အရေးယူမည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ ပြုလုပ်ရာတွင် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို တည်ဆဲ ဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
အမဲလိုက်မုဆိုးတစ်ဦး သေနတ်ခလုတ်ပြုတ်၍ သေဆုံး
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ် ၊ နတ်ကြီးကုန်း ကျေးရွာ ၏ မြောက်ဘက် ၁၅ မိုင်ခန့် အကွာရှိ မိုးကောင်း ချောင်းဖျား တောတွင်း တစ်နေရာ တွင် အမဲလိုက် မုဆိုးတစ်ဦး ကိုယ့်သေနတ် ဖြင့် ကိုယ်ပစ်ခတ် မိကာ သေဆုံး ခဲ့ရသည့် အတွက် ကလေး မြို့မရဲစခန်း ရှိ တာဝန်မှူး ရဲအုပ် ၀င်းထွဋ်ရှိန် မှ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။
အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်
ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေး ကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။
အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော် ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်
အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာန ကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။
အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုကြေးရရှိရေး ဆွေးနွေးမည်
အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိနိုင်ရေး တိုင်းအစိုးရက ဆောင်ရွက်ပေးရန်အဆိုကို လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။
သမိုင်းကြောင်း အပြောင်းအလဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ဆက်လက်ကျော်ကြားနေဆဲ UWSA
အခုဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေး နွေးပွဲလှုပ်ရှားမှုများက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ပါက ဒီမိုကရေစီ လမ်းကြောင်း သည် ဖွံ့ဖြိုးတိုးတက်မှု များစွာနှင့်အတူ တဟုန်ထိုးပြောင်းလဲ လာမည်ဖြစ်ပါသည်။ သို့သော် အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောခီးလာတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ UWSA`၀´ အဖွဲ့ ပါဝင် တက်ရော က်ခြင်း မရှိခဲ့ပေ။
အလှမယ်များ ရေကြည်ရန်ပုံငွေပွဲတွင် ပါဝင်ကူညီကြမည်
ရွှေရောင်အနာဂတ်လူငယ်အဖွဲ့၏ “အခမဲ့”လူနာတင်ယာဉ် ဖြစ်မြောက်ရေးရန်ပုံ ငွေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရေကြည်မြို့ ပြည်သူ့အားကစားကွင်း၌် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် သရုပ် ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ အကယ် ဒမီကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ) နှင့်အတူ မြန်မာ နိုင်ငံမှ အလှမယ်များလည်း ပါဝင်ကြမည်ဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က မဇ္ဈိမသို့ ပြောသည်။
Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင်
The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် Mohamen Mehdi Ouazanni ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်းဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့ series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son Of God ကနေထုတ်ပယ်ခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြမည်
ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅
ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ခြင်း မပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက်
ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ နောက်ဆုံးပတ်အတွင်း
လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ
အင်အားစုကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။
အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင်
ရောက်ရှိနေသော မြန်မာလုပ် သားများအတွက် အသက်အာမခံစနစ် ပါဝင်သော
မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့
ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့်
မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းရေး ရွှေတောင်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပေးရေးနှင့်
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖျက် သိမ်းပေးရေးအတွက်
ပဲခူးတိုင်းရွှေတောင်မြို့နယ်တွင် မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၂၆ ဦးက ဖေ ဖော်ဝါရီ ၁၉ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်သည်။
ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို
မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။
ကျေးလက်လူငယ်များ အလုပ်နှင့်ပညာရေးအခွင့်အလမ်း နည်းပါး
မန္တလေးတိုင်းအတွင်းရှိ ကျေးလက်ဒေသများတွင် လူငယ်များ၏ အလုပ်အကိုင်နှင့်
ပညာရေးအခွင့်အ လမ်းများ နည်းပါးနေဆဲဖြစ်၍ ကျပန်းလုပ်ကိုင်စားသောက်နေကြရပြီး
လူငယ်များ၏အနာဂတ် ခွန်အား များ ဆုံးရှုံးနေသည်ဟု အထက်မြန်မာပြည် ကျေးလက်
အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေး စောင့် ကြည့်ရေးအဖွဲ့မှ
အတွင်းရေးမှူးဦးကျော်မိုး (သုတေသန)က မဇ္ဈိမကို ပြောသည်။
ဗြိတိန်စစ်သားများအတွက် စက်ရုပ်မျက်မှန် သို့မဟုတ် Google Glass
ဗြိတိန် စစ်သားတွေအတွက် သေချာ စီမံ ဖန်တီးထားတဲ့ မျက်မှန် ဖြစ်ပြီး Google Glass ကနေ အခြေခံထားခြင်း ဖြစ်ပါတယ်။ BAE System က ဗြိတိန် တော်ဝင်တပ် အတွက် တီထွင်အောင်မြင်သွားတဲ့ မျက်မှန် ဖြစ်ပါ တယ်။
အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး ပြန်လည်စဉ်းစားသင့်ကြောင်း IID ပြော
ညာင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ဆောက်နေသော အင်းလေးဟိုတယ်ဇုန်
တည်ဆောက်ရေး လုပ်ငန်းများအပေါ် ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း
သြစတြေးလျနိုင်ငံအခြေစိုက် နိုင်ငံတကာဖွံ့ ဖြိုးရေးသိပ္ပံအဖွဲ့ (The
Institute for International Development -IID)မှမြန်မာနိုင်ငံဆိုင်ရာ ဌာနေ
ကိုယ်စားလှယ်နှင့် ဒါရိုက်တာ မစ္စတာယိုအန်းခရစ္စတန်စန်က ပြောသည်။
ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ ရေး ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု သတိပေး ပြောဆိုလိုက်သည်။
ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှု စနစ်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိက ရည်မှန်းချက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဖြစ်ပါသည်။ ရည်မှန်းချက်အောင်မြင်ရေးအတွက် လုပ်ငန်းတာဝန်(၄)ရပ်ဖြင့် ကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ‘‘မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်’’ ဟူသော လုပ်ငန်းတာဝန်တစ်ရပ်ပါဝင်ပါသည်။ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ယခင်က မိမိနည်း မိမိဟန်ဖြင့် ယာဉ်မောင်းသင်ကြား၍ တတ်မြောက်လျှင်ဖြေဆို ခွင့်ပြုခဲ့ ပါသည်။
ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်
တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။
ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး
မန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်
မစ္စတာကင်တားနားက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည်
စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ ရေး
ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု သတိပေး ပြောဆိုလိုက်သည်။
ရန်ကုန် တက္ကသိုလ်နှင့် ထိုင်းနိုင်ငံမှ တက္ကသိုလ် တခု ပူးပေါင်းမယ့် အစီအစဉ်
ထိုင်းနိုင်ငံ Thepsatri Rajobbat တက္ကသိုလ်နဲ့ မြန်မာနိုင်ငံက သမိုင်းဝင် ရန်ကုန် တက္ကသိုလ်တို့ဟာ ပညာရေးနဲ့ သုတေသန လုပ်ငန်းတွေ အတူပူးပေါင်း လုပ်ဆောင်ဖို့တွက် နားလည်မှု စာချွန်လွှာ MoU ဧပြီလ ၉ ရက်နေ့က လက်မှတ်ရေးထိုး လိုက်ပါပြီ။
ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
နိုက်ဂျီး ရီးယား အစ္စ လာမ်မစ် သူပုန်များ ရွာသား များကို သတ်
နိုက်ဂျီး ရီးယားမှ အစ္စလာမ္မစ် စစ်သွေး ကြွသူပုန် ဘိုကို ဟာရမ်ဟု ယူဆရသည့် လူအုပ် စုသည် ကျေးရွာ တစ်ရွာကို ဝင်ရောက် တိုက်ခိုက် ကာ ဒါဇင်ပေါင်း များစွာ သော အရပ်သား များကို သတ်ဖြတ်သွား ခဲ့ကြောင်း မျက်မြင် သက်သေ များ၏ ပြန်လည် ပြောပြ ချက်အရ BBC သတင်း တစ်ရပ်က ဖော်ပြ ထားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံငွေ ကျပ်ဘီလျံ ၄၈၉၀ ကျော် ရရှိရန် လျာထားပြီး ၎င်းပမာဏထက် ကျော်လွန်အောင် ကောက်ခံမည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၄၈၉၀ ဒသမ ၅ ဘီလျံ လျာ ထားကြောင်းနှင့် အဆိုပါ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သြစတြေးလျ ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ် မြောက်ကိုရီးယားမှာ ဖမ်းဆီးခံရ
အဖမ်းခံရသူ သြစတြေးလျ ခရစ်ယာန် သာသနာပြု John Short
သြစတြေးလျက ခရစ်ယာန်သာသနာပြုတစ်ဦး မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်စဉ် အဖမ်း ခံလိုက် ရတယ်လို့ သတင်းတွေ ရရှိပါတယ်။
မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး
ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင် သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။
လူ့အခွင့်အရေး လိုအပ်ချက်တွေ ရှိနေဆဲလို့ ကင်တားနားပြော
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် တိုးတက်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တခြား လူ့အခွင့်အရေးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကပြောပါတယ်။
ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်
ပြိုင်ကား ဖမ်းဆီးရေး အဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး မချေမငံ ပြောဆို ခဲ့သည်ဟု ဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတ ရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။
ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်
ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံး တခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
၃၅ တန် ကျောက်စိမ်း အရိုင်းတုံးကြီးအတွက် လုံခြုံရေးတင်းကြပ်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိမ်မူကျေးရွာအုပ်စု ဝှေခါ-မှော်သစ်ကုန်းနားက ကျောက် စိမ်းမှော်လုပ်ကွက်မှာ ခန့်မှန်းတွက်ချက်မှုအရ အလေးချိန် ၃၅ တန်လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို တွေ့ရှိခဲ့တာကြောင့် အဲဒီတ၀ိုက်မှာ စစ်တပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်
မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေး မြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွား မည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။
လျှပ်စစ်မီတာခ အပိုကောက်ခံမှု ရွာသားတွေ ကန့်ကွက်ဆန္ဒပြ
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေက သူတို့ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ ကောက်ခံရာမှာ ကွာခြားယူနစ် ဆိုပြီး ထည့်သွင်းကောက်ခံတာကြောင့် ဒုတိယအကြိမ်မြောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ် အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင် ကား များမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက် ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/ ၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံး အကြိမ်ကျော်လွန်
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)
၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ေ ကြာင်း ကမ္ဘာ့ရွှေကောင်စီ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် ကင်တားနားတို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံ
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကင်တားနားသည် ဖေဖော် ၀ါရီ ၁၈ ရက်က နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာဖေသက်ခင်တို့ အပါအ၀င် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံငွေ ကျပ်ဘီလျံ ၄၈၉၀ ကျော် ရရှိရန် လျာထားပြီး ၎င်းပမာဏထက် ကျော်လွန်အောင် ကောက်ခံမည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၄၈၉၀ ဒသမ ၅ ဘီလျံ လျာ ထားကြောင်းနှင့် အဆိုပါ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ဘယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်မည်
မြန်မာလူငယ် ယူ-၁၆ ဘောလုံးသမားများ လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျာမန် ဘွန်ဒစ်လီဂါကလပ် ဘေယန်မြူးနစ်အသင်းမှ ကြီးမှူး ကျင်းပမည့် ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူ လက်ခံ လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ဘေယန်မြူးနစ်အသင်း တာဝန် ရှိသူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က MFF မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်း သားဒေသ များတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်း ရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်၊ ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီတို့ သုံးပွင့်ဆိုင် ဆွေးနွေး
သတင်းမီဒီယာ ဥပဒေကြမ်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မှ CPI တရုတ် ကုမ္ပဏီစီမံကိန်း နေရာအထိ လမ်းလျှောက်တောင်းဆိုမှုကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က မတ် ၁၅ ရက်တွင် ပြုလုပ်မည်
ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်တောင်းဆိုမည့်အစီအစဉ်တွင် ပြည်သူများပါဝင်စေရန် နှိုးဆော်စာ များ ဖြန့်ဝေနေစဉ်
အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် တောင်းဆို သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ စီမံကိန်းနေရာအထိ လမ်းလျှောက်မည့် အစီအစဉ်ကို မတ် ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)