Saturday, 24 August 2013

လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ်

Photo: လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ် 
Saturday, August 24, 2013

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ
ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ
မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာ စေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူ ပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့ သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန် တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ် ဖြည့်စွက်ဆေး မှီဝဲပါ
လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲ တတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်း ဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ
ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ
မိသားစုတိုင်း အတွက် နံနက်ခင်း အချိန်က အလုပ်များလှ ပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွား ချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်း ဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ် များပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန် ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန် ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျ စေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာ စေပါတယ်။

ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
မြ၀တီ
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေ ဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

ရထားမရပ်မီခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး

၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှ

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း

Photo: မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း
Saturday, August 24, 2013

ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့ Gas မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ အဆောက်အဦအား တွေ့ရစဉ်။ Photo : AFP
ဖြိုးလွင်အောင်
Yangon Media Group
ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ အဆောက်အဦအား တွေ့ရစဉ်။ Photo : AFP
ကိုရီးယားနိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက် တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။

လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်

Photo: လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ် 
Saturday, August 24, 2013

အင်တာနက် ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက် အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည် ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက် သုံးစေချင်ပါတယ်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကွန်ပျူတာနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ် ပါဘူး။ သူတို့ကို ဆိုင် တစ်ဆိုင်ကိုသွား၊ ဖုန်း တစ်လုံးဝယ်၊ အွန်လိုင်းပေါ် တက်ပြီး အင်တာနက် သုံးနိုင်စေချင်ပါတယ်” ဟု ဇူကာဘတ်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် သူက “အွန်လိုင်းပေါ်မှာ ဘယ်လို အစိုးရမျိုးကို လိုချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ ကျန်းမာရေး အတွက်လည်း ကြည့်ချင် ကြည့်မယ်။ မိုင်ရာချီ ဝေးတဲ့ နေရာက မိသားစုတွေနဲ့ နှစ်ပေါင်းများစွာ မတွေ့ရသူတွေကို ဆက်သွယ်ချင်လည်း ဆက်သွယ်ကြလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ရှိသည့်အနက် ၄ ဒသမ ၅ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။

အထူးသဖြင့် အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက် အများဆုံးမှာ Eritrea နိုင်ငံတွင် လူဦးရေ ဒသမ ၈ ရာခိုင်နှုန်း၊ Timor-Leste တွင် ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်သေးကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာ အင်တာနက် မသုံးနိုင်သေးကြောင်းကိုလည်း နှိုင်း ယှဉ် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ယနေ့အထိ လူမှုကွန်ရက် Facebook သုံးစွဲနေသူပေါင်း ၁ ဘီလီယံခန့် ရှိသည်။ ဇူကာဘတ်ကလည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး မိမိတို့ စိတ်ကူးကို ဖော်ထုတ်ခွင့် ရှိကြောင်း၊ လွတ်လပ်စွာ ပြောဆို ဖော်ထုတ် ခွင့် ရှိကြောင်း၊ ဆက်သွယ် ပြောဆိုပိုင်ခွင့်သည် လူ့အခွင့်အရေးဖြစ် ကြောင်း ပြောကြား ခဲ့သည်။ လူတိုင်း အင်တာနက် သုံးစွဲခွင့် ရရေးအတွက် မိမိအနေဖြင့် လက်ရှိ ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ထို့ထက်လည်း ပိုမို သုံးစွဲရန် ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။ 

The Voice Weekly
အင်တာနက် ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက် အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည် ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ် က CNN သတင်းသို့ ပြောကြားခဲ့သည်။

"တန်ဖိုးထားတာမရှိရင် ဘာဝဟာ စည်းကမ်းမဲ့လာတယ်"

Photo: "တန်ဖိုးထားတာမရှိရင် ဘာဝဟာ စည်းကမ်းမဲ့လာတယ်"
Saturday, August 24, 2013

လူဆိုတာ တစ်ခုခုကို အလေးထားစရာရှိမှ 
သူ့ ဘ၀ဟာ တစ်မျိုး အဓိပ္ပါယ် ရှိတယ်။
မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော်မူပြီးကာစ၊
သဗ္ဗညုတဥာဏ်တော်ကြီးကို ရပြီးတော်မူကာစမှာ
နှလုံးသွင်းဆင်ခြင်တာတွေ အများကြီးရှိတယ်နော်။
အများကြီးရှိတာထဲက တစ်ခုက ဘာလဲဆိုတော့
ငါသည် ဘယ်သူ့ ကို အလေးဂရုပြုပြီး နေရရင်ကောင်းမလဲ လို့ 
နှလုံးသွင်း ဆင်ခြင်တယ်။ ဒီအချက်က တော်တော်လေး
စဉ်းစားစရာ အံသြစရာလည်း ကောင်းတယ်နော်။
ဒီစာလေးကို ဖတ်နေတုန်းမှာ ဖတ်နေတုန်းမှာကို
စိတ်ထဲမှာ နည်းနည်းထူးခြားမှုလေးကို ခံစားမိတယ်။
နည်းနည်း အံ့သြသလိုလည်း ဖြစ်မိတယ်။

ဘာဖြစ်လို့ တုန်းဆိုတော့ သိထားတာက မြတ်စွာဘုရားဟာ
လောကမှာ အတုမရှိ အတူမရှိနော်၊ အထွဋ်အထိပ်ကို
ရောက်နေတဲ့ ပုဂ္ဂိုလ်။ သူ့ ထက်သာတဲ့သူ မရှိဘူးနော်။
အဲဒီလောက် အထွဋ်အထပ်ကို ရောက်နေတဲ့ မြတ်စွာဘုရားက
ငါသည် ဘယ်သူ့ ကို အလေးဂရုပြုပြီး နေရရင် ကောင်းမလဲ
လို့ နှလုံးသွင်းဆင်ခြင်တော့ အံ့သြစရာကြီး ဖြစ်နေတယ်။
ဘယ်သူ့ ကို အလေးထားပြီး နေရဦးမှာလဲ၊
လောက သာမန်လူများ ဖြစ်တတ်တဲ့ သဘောထားက
ကိုယ်က မြင့်မားတဲ့ နေရာဋ္ဌာန အဆင့်အတန်းကို ရထားတဲ့သူဟာ
ဘယ်သူ့ ကိုမှ သိပ်အလေးမထားချင်ဘူး။ ဖြစ်တတ်တဲ့သဘောနော်။
မာနဆိုတာ ရှိတယ်၊ သူက အဆင့်အတန်းမြင့်သွားလို့ 
အမြင့်ဆုံးနေရာ ရောက်သွားရင် ဘယ်သူ့ မှ အလေးမထားတော့ဘူး။

မြတ်စွာဘုရားက ဘယ်လိုဆင်ခြင်လည်း ဆိုတော့
မြတ်စွာဘုရားမှာ လုံးဝမာန မရှိဘူးဆိုတာ တော်တော်
ပေါ်လွင်တာပဲ။ ဒါလည်းပဲ ကြည်ညိုစရာတစ်ခု၊
နောက်တစ်ခုက သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်
အရာမှာ တူတဲ့သူ မရှိဘူး၊ သာတဲ့သူဆိုတာ ဝေးရော။
အဲသလောက်ထိအောင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က
ဘယ်သူ့ ကိုများ အလေးထားရမလဲလို့  စဉ်းစားတာဟာ
တော်တော် အံ့သြစရာပဲနော်။ သဘောက မြတ်စွာဘုရားဟာ
မြင့်မြတ်တဲ့သူ အလေးထားရမယ့်သူ ရှိသေးတယ်ဆိုရင်
အလေးထားမယ် ဆိုတဲ့စိတ် ရှိတဲ့သဘောနော်။
ကိုယ့်ထက် မြင့်မြတ်တဲ့ သာလွန်တဲ့သူကို အလေးဂရုပြုရမှာ
ဝန်မလေးတဲ့သူနော်၊ ဒီစိတ်ထားကိုက အင်မတန် ကြီးကျယ်
မြင့်မြတ်တာနော်။

ဘုရားဖြစ်ပြီးတော်မူကာစမှာ အဲသလို နှလုံးသွင်း
ဆင်ခြင်တော်မူပြီးတော့ ဘုရားဥာဏ်တော်နဲ့ ရှာကြည့်တဲ့
အခါမှာ သတ္တလောကမှာ ဘုရားက အလေးထားရလောက်အောင်
ဘုရားထက် သီလ သမာဓိ ပညာအရာမှာ သာလွန်တဲ့ပုဂ္ဂိုလ်
ရှာလို့ မတွေ့ ဘူး။ ရှာတော့ ရှာသေးတာပဲနော်။

မတွေ့ တာနဲ့ ပဲ ငါက အလေးဂရုပြုရမယ့်သူ
ငါ့ထက် သီလ သမာဓိ ပညာ အရာမှ သာလွန်တဲ့သူ
မရှိပါလား ၊ အဲတော့ ငါသည် တရားကိုပဲ အလေးဂရုပြုပြီးတော့
နေရတော့မယ် ဆိုပြီးတော့ တရားကိုပဲ အလေးဂရုပြုပြီး
နေသွားတာပဲနော်။

ဒီအချက်ကို စဉ်းစားကြည့်မယ်ဆိုရင် အလေးဂရုပြုရမယ့်သူ
အလေးဂရုပြုရမယ့် တရားဆိုတာ ရှိမှဖြစ်မယ်။
အလေးဂရုပြုရမယ့်သူ အလေးဂရုပြုရမယ့်တရား
မရှိလို့ ရှိရင် အဲဒီလူရဲ့ ဘ၀ဟာ ဦးတည်ချက် မရှိဘူး၊
စည်းကမ်းမရှိဘူး ဖြစ်သွားလိမ့်မယ်နော်။
ကိုယ်ဘာကို အလေးဂရုပြုတယ်၊ ကိုယ်ဘာကို အလေးထားတယ်
ဆိုတာ မူတည်ပြီးတော့ ကိုယ့်ဘ၀ဟာ ဦးတည်ချက်တစ်ခု
ရှိလာမယ်၊ စည်းကမ်းတစ်ခု ရှိလာမယ်။

ဘာမှ တန်ဖိုးထားတာ မရှိ၊ ဘာမှ အလေးဂရုပြုတာ မရှိဘဲ
ဒီတိုင်း စားလိုက် ၀တ်လိုက် ပျော်လိုက်ပါးလိုက် နေလိုက်နဲ့ 
ဆိုရင် ဘ၀က အလေးအနက်မရှိဘူး တန်ဖိုးမရှိဘူး။
အဲလိုလူဟာ ဘ၀ကို ကျေနပ်မှုလည်း မရနိုင်ဘူးနော်။

အခု လူတော်တော်များများ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာဟာ
ဘာလို့ တုန်းဆိုတော့ သူတို့ တန်ဖိုးထားတာ သိပ်မရှိလို့ ၊
သူတို့ အလေးဂရုပြုရမယ့် ပုဂ္ဂိုလ် သိပ်မရှိလို့ ပဲ။

ဆရာတော် ဦးဇောတိက
(သီလတန်ဖိုး တရားတော် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
လူဆိုတာ တစ်ခုခုကို အလေးထားစရာရှိမှ သူ့ ဘ၀ဟာ တစ်မျိုး အဓိပ္ပါယ် ရှိတယ်။

မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်

Photo: မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။
Saturday, August 24, 2013

ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီး ကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကို ကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

မြ၀တီ
ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုး လည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရင် ပိုလှတယ်လို့ခံစားရတယ်

Photo: သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရင် ပိုလှတယ်လို့ခံစားရတယ်
Saturday, August 24, 2013

သင်ဇာက တက်တူးထိုးရတာ ကိုကြိုက်တယ်။ ကိုယ်ကတက်တူး ထိုးရတာကိုကြိုက်တဲ့သူမို့လို့လား မသိဘူး။ သူများထိုးထားတာမြင်ရင် လည်းကြိုက်တယ်။ ကိုယ့်ဘာသာ ကိုယ်လည်းကြည့်ပြီးကြိုက်တယ်။ ဆယ်တန်းပြီးလောက်ကတည်းက အိမ်ကတက်တူးထိုးဖို့ခွင့်မပြုတော့ တက်တူးစတစ်ကာတွေကိုကပ်ဖြစ် တယ်။ ကိုယ်တက်တူးထိုးထားတာ ကိုကြည့်ပြီး ကြိုက်သလိုမြင်ကြပါ စေ။ ဒါက ကိုယ့် personal လေ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလိုလုပ်မှာပဲ။ လူ့ဘ၀ဆိုတာတိုတိုလေး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ် ချင်တာကိုလုပ်ပြီး ပျော်အောင်အေး ဆေးနေ မယ်။

လူတွေပုတ်ခတ်တာ၊ ပြောဆိုတာ၊ ဝေဖန်တာကိုအမြဲနား ထောင်နေမယ်ဆို ခေါင်းကိုက်လို့ သေရင်တောင်သေသွားမယ်။ ဒီ တက်တူးထိုးတာကို ဘယ်လိုပဲလာ ပြောပါစေ။ ကောင်းတာပဲပြောပြော၊ မကောင်းတာပဲပြောပြော အပြောခံဖို့အသင့်ပဲ။ ကိုယ်ကထိုးပြီး သားလည်းဖြစ်တယ်။ ကြိုက်လည်း ကြိုက်နေတာကိုး။ တက်တူးထိုးရင် နာတယ်လို့သင်ဇာမထင်ဘူး။ အဲဒီ ဟာကို fell လို့ထင်တယ်။ အဲဒီလောက်ကြီးလည်းမနာပါဘူး။ တက်တူးထိုးရင် ငါလှသွားမယ်ဆိုတဲ့စိတ် ထည့်ပြီးထိုး အဲဒါဆိုအဆင်ပြေတယ်။ အခုချိန်ထိ သင်ဇာထိုးထား တဲ့တက်တူးတွေကို ရိုးတာမရှိဘူး။ မကြိုက်တော့တာမရှိဘူး။ သင်ဇာ မရိုးသေးဘူး။ ကြိုက်တုန်းပဲ။

တက်တူးအရုပ်အကြီးကြီးတစ်ပုံထိုးရတာထက်၊ သေးသေးလေးတွေအများ ကြီးထိုးရတာကိုပိုကြိုက်တယ်။ နောက်ထပ်တက်တူးထိုးဖို့အစီအ စဉ်ရှိတယ်။ ဘယ်နေရာမှာထိုးရ မယ်မသိသေးဘူး။ နေရာသေချာ ရွေးပြီး ပုံသေချာရွေးပြီးမှပဲထိုးတယ်။ အခုတက်တူးထိုးကြတာ တစ်ခါသုံးအပ်တွေပဲဆိုတော့ သိပ်စိုးရိမ်စရာလည်းမရှိပါဘူး။ ဆေး တွေ လည်းကောင်းတယ်၊ ကိုယ်က လည်းကျန်းမာနေတဲ့လူတစ်ယောက်ဆိုတော့ ဘာမှစိတ်ပူစရာကိစ္စ တော့မဟုတ်ပါဘူး။ တက်တူးထိုး ထားတဲ့မိန်း ကလေးတွေကိုမြင်ရင် ပိုလှတယ်လို့ခံစားရတယ်။ တက် တူးမထိုးထား တဲ့မိန်းကလေးတွေက ရိုးရိုးရှင်းရှင်းလှရင်လှနေမယ်။

တက်တူးထိုးထားတဲ့မိန်းကလေးတွေက ပိုပြီးလှနေတယ်။ အဲဒါကိုကြိုက် တယ်။ အရင်က တက်တူးကိုလူမမြင်တဲ့နေရာမှာထိုးတယ်။ အခု တော့ လူမြင်တဲ့နေရာမှာထိုးတယ်။ သင်ဇာက တက်တူးကြိုက်တဲ့သူ တစ်ယောက် ပါ။ သင်ဇာ့ပရိသတ် တွေထဲမှာ တက်တူးထိုးတဲ့သူဘယ် နှယောက်ပါလဲ မသိဘူး။ ဒါပေမဲ့ တက်တူးထိုးချင်စိတ်ရှိရင်ထိုးပါ။ တချို့က လှတော့လှ ချင်တယ်။ နာမှာကိုကြောက်တဲ့သူတွေရှိတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ထိုးချင်တဲ့စိတ်ရှိရင်ထိုးပါလို့ သင်ဇာကတော့ပြော ချင်ပါတယ်။

8 DAYS JOURNAL
သင်ဇာက တက်တူးထိုးရတာ ကိုကြိုက်တယ်။ ကိုယ်ကတက်တူး ထိုးရတာကိုကြိုက်တဲ့ သူမို့ လို့လား မသိဘူး။

ကင်ဆာ တိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

Photo: ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
Saturday, August 24, 2013

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။

သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။

သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန် ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။

Ref: nature.com
Aung Kham (International news for myanmar)
ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေးပညာရှင်တို့ ရှာတွေ့ ပြီဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင် သတင်းပေးသူ တစ်ဦး၏ အကူအညီဖြင့် ကျောက် ကပ် မှောင် ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့

Photo: တရုတ်နိုင်ငံတွင် သတင်းပေးသူ တစ်ဦး၏ အကူအညီဖြင့် ကျောက် ကပ် မှောင် ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့
Saturday, August 24, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေး ပြည်နယ် ဝူဟမ်မြို့တွင်
ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းမှ အဖွဲ့ဝင်များဟု ယူဆရသူ ၁ဝ ဦးကျော်ကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း
အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို အမျိုးသား တစ်ဦး၏ သတင်းပေးချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လီဝေအမည်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏အကြွေးများကို ပြန် လည် ပေးဆပ် လိုသောကြောင့် ၎င်း၏ ကျောက်ကပ်ကို ရောင်းချရန် ကြံရွယ်ခဲ့ကြောင်း၊

သို့သော် ခွဲစိတ် ကုသမှု လုပ်ပြီး နောက်ပိုင်းတွင် မျှော်မှန်းထားသည့် အတိုင်း ဖြစ်မလာခဲ့ကြောင်း၊ ကျောက် ကပ်ရောင်းရ ငွေမှာ ယွမ်ငွေ ၃ဝဝဝဝ သာ ရရှိခဲ့ကြောင်း၊ အဆိုပါ ခွဲစိတ်မှုကို ယခုနှစ် ဧပြီလ အစောပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အွန်လိုင်းပေါ်တွင် ရေးသား ဖော်ပြချက်အရ သိရသည်။

အွန်လိုင်းပေါ်တွင် ရေးသားထားသော လီဝေ၏ ဖော်ပြချက်များကို မစ္စတာရှု အမည်ရှိ အမျိုးသား တစ်ဦးက တွေ့ရှိခဲ့ပြီး ၎င်းအားခေါ်ယူ၍ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊

အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တွင် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေး ပြည်နယ် ဝူဟမ်မြို့တွင် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းမှ အဖွဲ့ဝင်များဟု ယူဆရသူ ၁ဝ ဦးကျော်ကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဗြိတိန်တော်ဝင် လေတပ်တွင် ပထမဆုံး အမျိုးသမီး လေတပ် ဗိုလ်ချုပ်ခန့်အပ်

ဗြိတိန်တော်ဝင် လေတပ် (RAF) သည် ကြယ်နှစ်ပွင့် အဆင့်ရှိ ပထမဆုံး အမျိုးသမီး  လေတပ်ဗိုလ်ချုပ် အဖြစ် Elaine West ကို ခန့်အပ်ခဲ့ပြီး အဆိုပါခန့်အပ်မှုသည် ဗြိတိန်တပ်မတော်တွင် အမျိုးသမီး အရာရှိများကို ရာထူး နေရာခန့်ထားရာ၌ ကန့်သတ်ထားခြင်းမရှိသည်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဖိလစ်ဟမ်းမွန်းက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

မိသားစုပြန်လည် ပေါင်းစည်းရေး အလုပ်ရုံအဆင့် ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စတင်

Photo: မိသားစုပြန်လည် ပေါင်းစည်းရေး အလုပ်ရုံအဆင့် ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စတင် 
Saturday, August 24, 2013

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည်  ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ် ကြားတွင် ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ အတွင်း ကွဲကွာ ခဲ့ရသည့် မိသားစုဝင်များ  ပြန် လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ကြက်ခြေနီအဖွဲ့၏ အလုပ်ရုံအဆင့် ဆွေးနွေးပွဲများကို သြဂုတ် ၂၃ ရက်တွင် စတင်ခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲများကို တောင်ကိုရီးယား ဘက်ခြမ်းတွင် ရှိနေသည့် နယ်စပ်ရွာလေး ဖြစ်သော ပန်မွန်ဂျူံ ရွာအတွင်းရှိ Peace House တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများကို နံနက် ၁ဝ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဘက်မှ အဖွဲ့ဝင်သုံးဦးစီ ပါဝင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကြက်ခြေနီအဖွဲ့မှ အရာရှိများသည် မိသားစု ပြန်လည် ပေါင်းစည်းရေးတွင် ပါဝင်မည့်သူများ၊ မိသားစုပြန်လည် ပေါင်းစည်းမည့် ရက်နှင့်  ပြန်လည် ပေါင်းစည်း မည့် နေရာများ ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိသားစု ပြန်လည် ပေါင်းစည်းမည့် နေရာကို မြောက်ကိုရီးယားက တောင်းဆိုထားသည့် ကွမ်ဂန် တောင်ကြားတွင် ပြုလုပ်သွားမည် ဟု မျှော်မှန်း ထားကြောင်း၊ သို့ရာတွင် မိသားစုများ ပြန်လည် ဆုံစည်းမည့်နေ့ရက်ကိုမူ အတိအကျ မခန့်မှန်းနိုင်သေးကြောင်း ကိုရီးယားပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ  သိရသည်။

မြ၀တီ
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည်  ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ် ကြားတွင် ဖြစ်ပွားခဲ့ သည့် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့ရသည့် မိသားစုဝင်များ  ပြန်လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ကြက်ခြေနီအဖွဲ့၏ အလုပ်ရုံအဆင့် ဆွေးနွေးပွဲများကို သြဂုတ် ၂၃ ရက်တွင် စတင်ခဲ့ကြသည်ဟုသိရသည်။

ဈေးကြီးတဲ့ Memory Card နဲ့ ဈေးပေါတဲ့ Memory card တူတူပဲလား?

Photo: ဈေးကြီးတဲ့ Memory Card နဲ့ ဈေးပေါတဲ့ Memory card တူတူပဲလား?
Saturday, August 24, 2013

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောတယ် သူMemory card ၀ယ်တာ ဈေးအရမ်းသက်သာတယ်တဲ့။ကုမ္မဏီတစ်ခုက လျော့ဈေးချလို့ ၀ယ်တဲ့။အဲဒါ ဘယ်လိုကွာ သလဲ လို့မေးပါတယ်။

ဟုတ်ကဲ့ပါ အဓိက ကတော့ မမ်မိုရီကဒ် တွေရဲ့ မြန်နှုန်းနိမ့်လေလေ ဈေးပေါလေလေဖြစ်ပါတယ်။ဆိုလိုတာကတော့ 4 GB တစ်ကဒ်ကို အပြင်မှာ သောင်းကျော် ဈေးပေါက် တယ်ဆိုရင် မြန်နှုန်းနိမ့်တဲ့ 4 GB တစ်ကဒ်ရဲ့ ပေါက်ဈေးဟာ ၂၀၀၀ ကျော်ကျော်ပဲရှိပါတယ်။

မြန်နှုန်းနိမ့်တာ ဘာကွာသွားလဲ?
မြန်နှုန်းနိမ့်တာကတော့ သာမန်ဖုန်းနဲ့ အသုံးပြုရင်မသိသာပေမယ့် ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး သီချင်းတွေ သွင်းတဲ့အခါ၊အချက်အလက်တွေ ထည့်တဲ့အခါ သိသိသာသာ အချိန်ကြာတတ်ပါတယ်။
ပုံမှာဖော်ပြ ထားတာကတော့ အမျိုးအစားအလိုက် မြန်နှုန်းပြောင်းလဲ သွားပုံလေးတွေပါ

မောင်စိုင်း
(ကနောင်)
Scientist Myanmar
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောတယ် သူMemory card ၀ယ်တာ ဈေးအရမ်းသက်သာ တယ်တဲ့။ကုမ္မဏီတစ်ခုက လျော့ဈေးချလို့ ၀ယ်တဲ့။အဲဒါ ဘယ်လိုကွာ သလဲ လို့မေးပါတယ်။

ဘုမ္မရာဇာမြစ်များ ရောင်းအားကောင်း

Photo: ဘုမ္မရာဇာမြစ်များ ရောင်းအားကောင်း
Saturday, August 24, 2013

တောင်ငူမြို့နှင့် ဆက်စပ်ဒေသများ မှ ထွက်သော   ဘုမ္မရာဇာမြစ်များကို  တောင်ငူမြို့ရှိ ပွဲရုံကြီးများမှ စုစည်း ဝယ်ယူလျက်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများမှ တစ်ဆင့် ပြန်လည် ဝယ်ယူလျက် ရှိပြီး ဝယ်လိုအား မြင့်မားကြောင်း ယမန်နေ့က သိရသည်။

ဆေးဖက်ဝင် ဘုမ္မရာဇာမှာ မြေကြီး ထဲရှိ အမြစ်ဖြစ်ပြီး မိုးဦးကျစ ဇွန်လမှ စ၍ အပင်ငယ်များ ပေါက်ရောက် လာမှသာ အမြစ်ကိုလည်း တူးဖော်နိုင်ရာ မိုးရာသီ တစ်လျှောက်လုံး  တူးဖော် ရောင်းချလေ့ ရှိကြသည်။  ပွဲရုံများမှ ဝယ်ယူရာတွင်   အစိုဈေး တစ်ပိဿာ လျှင် ငွေကျပ် ၁၅ဝဝ မှ ၂ဝဝဝ အကြား အခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ်၅ဝဝဝ မှ ၇ဝဝဝ အကြားပေး၍ ဝယ်ယူလျက် ရှိသည်။

တောင်ငူဒေသ အတွင်း နေရာအနှံ့ အပြားတွင် ဘုမ္မရာဇာများ ပေါက်ရောက်လေ့ ရှိရာ အများအားဖြင့် ထန်းတပင် မြို့နယ် ကျောက်ကြီးပေါက်၊ သံတောင် မြို့နယ် မိုင် ၂ဝ  ဘောဂလိ ဒေသများ မှ အများဆုံး တူးဖော် ရောင်းချလေ့ ရှိကြောင်း သတင်းရရှိသည်။ 

Eleven Media Group
တောင်ငူမြို့နှင့် ဆက်စပ်ဒေသများ မှ ထွက်သော   ဘုမ္မရာဇာမြစ်များကို  တောင်ငူမြို့ရှိ ပွဲရုံကြီးများမှ စုစည်း ဝယ်ယူလျက်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများမှ တစ်ဆင့် ပြန်လည် ဝယ်ယူလျက် ရှိပြီး ဝယ်လိုအား မြင့်မားကြောင်း ယမန်နေ့က သိရသည်။

တောင်ကြီး မီးပုံးပျံပွဲကြောင့် စက္ကူနှင့် အခြားဆက်စပ် ပစ္စည်းများ ဈေးတက်

Photo: တောင်ကြီး မီးပုံးပျံပွဲကြောင့် စက္ကူနှင့် အခြားဆက်စပ် ပစ္စည်းများ ဈေးတက် 
Saturday, August 24, 2013

မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပသည့် အကြီးမားဆုံး မီးပုံးပျံပွဲ တစ်ခုဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၏ အထင်ကရ ပွဲတော်   တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် အသုံးပြုသည့် စက္ကူ၊ ယမ်း၊ ကန့်နှင့် အခြားဓာတု ပစ္စည်းများမှာ ယခင်ကထက် ဈေးနှုန်း မြင့်တက် သွားကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံသုံး စက္ကူများမှာ ညမီးကျည် မီးပုံးပျံတွင် အသုံးပြုသော ဆီစိမ်စက္ကူ ဖြစ်ပြီး ၂၂ လက်မ တစ်ချပ်လျှင် ယခင် ငွေကျပ် ၂ဝဝ အောက်  ပေါက်ဈေးရှိရာက  ယခုအခါ ငွေကျပ် ၂၃ဝ မှ ၂၈ဝ အထိ မြင့်တက်သွားကာ စိန်နားပန် မီးပုံးပျံတွင် အသုံးပြုသော စက္ကူပါးချပ်များမှာ ၂၂ လက်မ ပတ်လည်တစ်ချပ်လျှင် ငွေကျပ် ၁၅ဝ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၁၈ဝ မှ ၂ဝဝ အထိ   မြင့်တက်ခဲ့သည်။ ပွဲတော် နီးကပ်လာပါက အဆမတန် ဈေးမြင့်တက်မည် စိုးသဖြင့် မီးပုံးပျံ ဝါသနာရှင် များသည် ယခု လဆန်းပိုင်းမှ စတင်၍ ပစ္စည်းများ ဝယ်ယူ စုဆောင်းလျက် ရှိကြောင်း တောင်ကြီး မီးပုံးပျံ ပြုလုပ်သူ များထံက သိရသည်။

လူငယ်များပြုလုပ်သည့် တိရစ္ဆာန်ရုပ် မီးပုံးပျံ၏  ခြေချောင်းများ၌ ကပ်ရသော စက္ကူပါး ၂၅ လက်မတစ်ချပ်လျှင် ယခု ငွေကျပ် ၃ဝ အထိ ဝယ်ယူ နေရ သည်ဟု မီးပုံးပျံ ပြုလုပ်သူ လူငယ်တစ်ဦးက  ပြောကြားခဲ့သည်။

မီးပုံးပျံသုံး ဆက်စပ်ပစ္စည်း အများစုကို တရုတ် နိုင်ငံထွက် ပစ္စည်းများဖြင့် အသုံးပြုနေရပြီး  ယမ်းစိမ်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မှာယူရသဖြင့် သယ်ယူ စရိတ်များနှင့် ပေါင်းလိုက်ပါက ယခင်ဈေး များထက် နှစ်ဆခန့် များပြားနေကြောင်း သိရသည်။

''တောင်ကြီး မီးပုံးပျံပွဲကို နိုင်ငံခြား ဧည့်သည်တွေ ယခင်နှစ်ထက် ပိုလာနိုင်တယ်။  ဘာကြောင့်လဲ ဆိုတော့ မြန်မာ နိုင်ငံက မီးပုံးပျံ ပွဲတော်ဟာ  အာဆီယံ နိုင်ငံတွေထဲမှာ   အကြီးဆုံး ပွဲတော်အဖြစ် သတ်မှတ်လို့ ရတဲ့အပြင် ခရီးသွားတွေ အတွက် အမြင်ဆန်းများ  ရရှိ စေနိုင်ပါတယ်'' ဟု မီးပုံးပျံ ဝါသနာရှင် ဦးတင့်ဆန်းက ပြောကြားခဲ့သည်။

Eleven Media Group
မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပသည့် အကြီးမားဆုံး မီးပုံးပျံပွဲ တစ်ခုဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၏ အထင်ကရ ပွဲတော်   တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် အသုံးပြုသည့် စက္ကူ၊ ယမ်း၊ ကန့်နှင့် အခြားဓာတု ပစ္စည်းများမှာ ယခင်ကထက် ဈေးနှုန်း မြင့်တက် သွားကြောင်း သိရသည်။

နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ

Photo: နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ 
Saturday, August 24, 2013

မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှုထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 သြဂုတ်လ  ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ    မူဆယ် ၁ဝ၅ မိုင် နယ်စပ်စခန်း၊ ချင်းရွှေဟော် နယ်စပ်စခန်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြိတ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာတင် ပို့မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ    ဒုတိယပတ် အတွင်း နယ်စပ်စခန်း အသီးသီးမှ ရော်ဘာ တင်ပို့မှု အပိုင်းမှာ မူဆယ် ၁ဝ၅ မိုင်တွင်  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၈၃ တန်ခန့်၊ ချင်းရွှေဟော် နယ်စပ်စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်း တန်ဖိုး

ရှိ ရော်ဘာ RSS-3 ၆၅၉ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်း တန်ဖိုးရှိ RSS-5  ၈၉ တန်ခန့်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၁၄၂ တန်ခန့်နှင့် တာချီလိတ် နယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၅သန်း တန်ဖိုးရှိ ရော်ဘာသုံး တန်ကျော်၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 တန် ၁ဝဝခန့်နှင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၃ တန်ဖိုးရှိ MSR 20 တန် ၅ဝ တို့ကို  အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ
မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှု ထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဒေါ်လာဈေးနှုန်း ကျရိပ်ပြသော်လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးနှုန်းများ ဆက်လက် မြင့်တက်

Photo: ဒေါ်လာဈေးနှုန်း ကျရိပ်ပြသော်လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးနှုန်းများ ဆက်လက် မြင့်တက် 
 Saturday, August 24, 2013

ဒေါ်လာဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသော်လည်း အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ   ဆက်လက် မြင့်တက်လျက် ရှိကြောင်း  အီလက်ထရွန်နစ် ပစ္စည်း ဈေးကွက်များ အတွင်းမှ သိရသည်။

ဒေါ်လာဈေးနှုန်း အတက်အကျနှင့် အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း အတက်အကျမှာ တိုက်ရိုက် အချိုးကျပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာပါက အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများပါ မြင့်တက် လာပြီး ဒေါ်လာဈေးနှုန်း များ ကျဆင်းလာပါက  အီလက်ထရွန်နစ်ပစ္စည်း ဈေးနှုန်းများပါ ကျဆင်း လာသည်။

ယခုလက်ရှိတွင် ဒေါ်လာဈေးနှုန်းမှာ ငွေကျပ် တစ်ထောင်နီးပါးမှ ငွေကျပ်  ၉၆၇ ကျပ်အထိ ကျဆင်းလာသော်လည်း အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း များမှာ မကျဆင်းသည့် အပြင် ဆက်လက် မြင့်တက်လျက် ရှိနေသည်။

အီလက်ထရွန်နစ် ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဟန်းဆက်များ၊ Laptop များ၊TV၊ ရေခဲသေတ္တာ အစရှိသော ပစ္စည်းများ မှာ ဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်၍ ဈေးနှုန်း အတက်အကျ ရှိပြီး အီလက်ထရွန်နစ် ပစ္စည်းအရောင်းဆိုင်များမှ  ရောင်းချ သည့် ပစ္စည်းများတွင် ဒေါ်လာဈေးနှုန်း ကပ်၍ ရောင်းချပြီး ဝယ်ယူသူများ လာရောက်မှသာ မြန်မာကျပ်ငွေဖြင့် ပြန်လည် တွက်၍ ရောင်းချပေးခြင်း ဖြစ်သည်။

''အခုဒေါ်လာဈေးနှုန်းတွေ ကျတော့လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးတွေ က မကျဘူး။ အထူးသဖြင့် ဟန်းဆက်နဲ့ ကွန်ပျူတာ ဆက်စပ် ပစ္စည်းတွေပေါ့။ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ရောင်းတဲ့ ဆိုင်အတော်များများက  ဒေါ်လာဈေးနှုန်း ကပ်ပြီး ရောင်းတယ်။ အခုဒေါ်လာ ဈေး ကျတော့လည်း ဈေးအမြင့်နဲ့ပဲ တွက်ပြီး ရောင်းနေ တယ်။ဟန်းဆက်တွေ ကိုတော့ မြန်မာကျပ်ငွေ ဈေးနှုန်းနဲ့ပဲ ကပ်ရောင်းနေကြ တယ်။  ဒေါ်လာဈေး ကျရင်    ဟန်းဆက်ဈေးပါ ကျရမှာ၊ အခုတော့ ဟန်းဆက်ဈေး တွေလည်းမကျဘူး'' ဟု အီလက် ထရွန်နစ် ဈေးကွက် လေ့လာသူ တစ်ဦးက    ပြောကြား ခဲ့သည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း သြဂုတ် ၂၃ ရက် ပေါက်ဈေးနှုန်းများမှာ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ်၉၆၈ ကျပ်၊   စင်ကာပူ တစ်ဒေါ်လာ လျှင် ငွေကျပ် ၇၅၉ ကျပ်နှင့် ယူရိုတစ်ယူရိုလျှင် ငွေကျပ် ၁၂၉၇ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဒေါ်လာဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသော်လည်း အီလက်ထရွန်နစ်ပစ္စည်း ဈေးနှုန်းများမှာ ကျဆင်းခြင်း မရှိဘဲ ဆက်လက် မြင့်တက်လျက်ရှိကြောင်း  အီလက်ထရွန်နစ်ပစ္စည်း ဈေးကွက်များအတွင်းမှ သိရသည်။

ဝက်လက်မြို့နယ် ဒေသထွက် သင်္ဘောသီးများ ရန်ကုန်ပွဲစားများမှ ခြံပြတ်ဝယ်ယူ

Photo: ဝက်လက်မြို့နယ် ဒေသထွက် သင်္ဘောသီးများ ရန်ကုန်ပွဲစားများမှ ခြံပြတ်ဝယ်ယူ
Saturday, August 24, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မူးမြစ်ကမ်းဘေး ဒေ သ ရှိ သင်္ဘောခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများကို ရန်ကုန်မြို့ရှိ သစ်သီးပွဲစားများက ခြံပြတ် ဝယ်ယူ တင်သွင်းခဲ့သဖြင့် ယခုနှစ် သင်္ဘော စိုက် တောင်သူများ တွက်ခြေကိုက်၍ အမြတ်အစွန်း ပိုမိုရရှိခဲ့ကြောင်း သမရိုး ကျေးရွာနေ သင်္ဘောစိုက် တောင်သူ တစ်ဦးက ပြောပြခဲ့သည်။

''အလုံးဈေးနဲ့ ပြောရရင် မနှစ်က ရှယ်လုံးမှ ၅ဝဝ ပဲရတယ်။ ဒီနှစ်ကျတော့ ပြွမ်းကို တစ်လုံး ၄၅ဝ ပေးတယ်။ ရှယ်သီးတွေကတော့ တစ်လုံးကို ၇ဝဝ ရတယ်။ အရင်နှစ်ကထက် ပျမ်းမျှတစ်လုံးကို ၁၅ဝ၊ ၂ဝဝ လောက် ပိုပြီးဈေးရပါတယ်'' ဟု ၎င်းက ဆက်လက်၍ ရှင်းပြခဲ့သည်။

ဝက်လက်မြို့နယ်၏ အနောက်ဘက်တွင် မူးမြစ် တည်ရှိရာ နှစ်စဉ် မူးမြစ်ရေဝင်သော ဒေသများသည် နုန်းတင်မြေနု စိုက်ခင်းကြီးအဖြစ် တည်ရှိပြီး ငှက်ပျော၊ သင်္ဘော၊ သရက် စသည်ဖြင့် စားသောက်ကုန် သီးနှံများ စိုက်ပျိုး လုပ်ကိုင်သော ဥယျာဉ်ခြံကြီးများ အများအပြား ရှိကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်ခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများသည် ရန်ကုန် သီရိမင်္ဂလာ သစ်သီးဈေးရှိ သစ်သီးပွဲစားများမှ ၎င်းဒေသသို့ ဆင်း၍ သင်္ဘောခြံကြီးများကို ကြည့်ရှုကာ အလုံးရေ အထွက်နှုန်းပေါ် မူတည်၍ ခြံပြတ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ နေ့စဉ် သင်္ဘောခြံလုပ်သားပေါင်း များစွာဖြင့် လုပ်ကိုင်ရသည့် အတွက်လည်း ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိ လာကြောင်း သိရသည်။

ထိုဒေသထွက် သင်္ဘောသီး များကိုရန်ကုန်မြို့သို့ သယ်ယူ ပို့ဆောင်သည့် အခါ အနာအဆာ ကင်း၍ ပိုမိုသန့်ရှင်းလတ်ဆတ်စေရန် သင်္ဘောသီးများကို စက္ကူများဖြင့် ထုပ်ပိုး၍ သယ်ယူ ပို့ဆောင်ကြကြောင်း သိရသည်။

မြ၀တီ
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မူးမြစ်ကမ်းဘေး ဒေ သ ရှိ သင်္ဘောခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများကို ရန်ကုန်မြို့ရှိ သစ်သီးပွဲစားများက ခြံပြတ် ဝယ်ယူတင်သွင်းခဲ့သဖြင့် ယခုနှစ် သင်္ဘော စိုက် တောင်သူများ တွက်ခြေကိုက်၍ အမြတ်အစွန်း ပိုမိုရရှိခဲ့ကြောင်း သမရိုး ကျေးရွာနေ  သင်္ဘောစိုက် တောင်သူ တစ်ဦးက ပြောပြခဲ့သည်။
Photo: ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ တေးသီချင်း အယ်လ်ဘမ် ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိ 
Saturday, August 24, 2013

ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြန့်ချိခဲ့သော တစ်ကိုယ်တော်တေးသီချင်း အယ်လ်ဘမ်သည်အမေရိကန် နိုင်ငံတွင်သြဂုတ်  ၂၂ ရက်က ရောင်းအား အကောင်းဆုံး အဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

ကေတီပယ်ရီ၏ မကြာမီ ဖြန့်ချိမည့် Prism တေးအယ်လ်ဘမ်မှ တေးသီချင်း သစ် "Roar"  သည် ပထမ သီတင်းပတ်အတွင်း အင်တာနက်မှ တစ်ဆင့် download ဆွဲရောင်းချမှု ၅၅၇,ဝဝဝ ထိ ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်၏ ရက်သတ္တပတ် အတွင်း ရောင်းအား အကောင်းဆုံးနှင့် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း USA Today တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ  တေးသီချင်းသစ်သည် ၂ဝ၁ဝ ပြည့်နှစ်က အင်တာနက်မှ တစ်ဆင့် download ဆွဲ ရောင်းချမှု ၅ဝ၉,ဝဝဝ အထိ ရောင်းချမှုဖြင့် လူကြိုက် အများဆုံး တေးသီချင်း "Firework"  ကို ကျော်လွန်၍ ရောင်းအား အကောင်းဆုံး တေးသီချင်း အဖြစ် ရပ်တည်လျက် ရှိသည်။ 

မြ၀တီ
ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြန့်ချိခဲ့သော တစ်ကိုယ်တော်တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန် နိုင်ငံတွင် သြဂုတ်  ၂၂ ရက်က ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည် လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက် အအုံကြီးများတွင် သမိုင်းအချက် အလက်များ ကမ္ပည်း ရေးထိုးမည်

Photo: ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများတွင် သမိုင်းအချက် အလက်များ ကမ္ပည်း ရေးထိုးမည် 
Saturday, August 24, 2013

နိုင်ငံတကာမှ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လှည့်ပတ်ကြည့်ရှုလေ့ ရှိတတ်သော ရန်ကုန်မြို့ မြို့လယ်ပိုင်းရှိ ဆူးလေဘုရားအနီး တစ်ဝိုက်တွင် တည်ရှိသည့် ရှေးဟောင်း အဆောက်အ

အုံကြီးများတွင် ၎င်းတို့နှင့် သက်ဆိုင်သည့် သမိုင်းမှတ်တမ်း အချက်အလက် များအား ကမ္ပည်းရေးထိုးခြင်းတို့ကို လာမည့် စက်တင်ဘာလ  ဆန်းပိုင်းလောက် မှ စတင် ဆောင်ရွက်သွားရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ  တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကမ္ပည်းရေးထိုးခြင်း အတွက် ကုန်ကျစရိတ်များကို ဖီးလစ်ကုမ္ပဏီမှ   ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ သမိုင်းအထောက်အထား အချက်အလက်များကို    ရန်ကုန်မြို့ ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေးအဖွဲ့က စုစည်းပေးသွားမည် ဖြစ်သည်။ ကမ္ပည်း မှတ်တမ်းများ ရေးထိုးရာတွင်လည်း နိုင်ငံခြားသားများပါ လေ့လာသိရှိ နားလည်စေရန် အင်္ဂလိ ပ်နှင့်မြန်မာ နှစ်ဘာသာဖြင့် ရေးထိုး သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်စေရန် အတွက် ယခုအခါ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများနှင့် ပတ်သက်သော သမိုင်း အချက်အလက်များကို သက်ဆိုင်ရာမှ လိုက်လံ စုစည်းလျက်ရှိပြီး ပထမဦးဆုံး စတင် ကမ္ပည်းရေးထိုးမည့် အဆောက်အအုံမှာ ရန်ကုန်မြို့တော် ခန်းမ အဆောက်အအုံကြီး ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို မြို့လယ်ပိုင်းရှိ မြို့နယ်များဖြစ်ကြသော ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ဗိုလ်တထောင် အစရှိသည့် မြို့နယ်များတွင် အများဆုံးတွေ့ရှိရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန် ကြေညာထားချက် အရ  ရန်ကုန်မြို့တွင် အခိုင်အမာ ဆက်လက်ရပ်တည်နိုင်သော ရှေးဟောင်း အမွေအနှစ် အ ဆောက်အအုံ စုစုပေါင်း ၁၈၉ လုံးခန့် ရှိကြောင်း သိရသည်။ 

မြ၀တီ
နိုင်ငံတကာမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လှည့်ပတ်ကြည့်ရှုလေ့ရှိတတ်သော ရန်ကုန်မြို့ မြို့လယ် ပိုင်းရှိ ဆူးလေဘုရားအနီး တစ်ဝိုက်တွင် တည်ရှိသည့် ရှေးဟောင်း အဆောက်အအုံကြီးများတွင် ၎င်းတို့နှင့် သက်ဆိုင်သည့် သမိုင်းမှတ်တမ်းအချက်အလက်များအား ကမ္ပည်းရေးထိုးခြင်းတို့ကို လာမည့် စက်တင် ဘာလ  ဆန်းပိုင်းလောက်မှစတင် ဆောင်ရွက်သွားရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန် မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ  တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အစုရှယ်ယာများ မကြာမီရောင်းချပေးသွားမည်

Photo: အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အစုရှယ်ယာများ မကြာမီရောင်းချပေးသွားမည်
Saturday, August 24, 2013

ရန်ကုန်မြို့၌ ကုမ္ပဏီလုပ်ငန်း အချို့ သည် အများပိုင် ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင် ဆောင်ရွက်လာချိန်တွင်  ဗိုလ်ဆွန်ပတ် လမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ မကြာခင်က ဖွင့်လှစ် ခဲ့သော အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်းသည်လည်း အများပိုင် ကုမ္ပဏီလီမိတက် အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းရန် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိပြီး အစုရှယ်ယာများကို အများပြည်သူသို့ မကြာမီ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အစုရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းပြီး အများပိုင် ကုမ္ပဏီ လီမိတက်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော  စည်းမျဉ်း စည်းကမ်းများ အတိုင်း စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစုရှယ်ယာများကို နောက်နှစ်လ၊ သုံးလခန့် အကြာတွင် စတင် ရောင်းချသွားရန်    ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါ   အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း (IKBZ Insurance Co., Ltd.) သည် နိုင်ငံတော်မှ အာမခံလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိခဲ့သည့် ပထမဦးဆုံးသော ပုဂ္ဂလိက အာမခံ လုပ်ငန်း တစ်ခုဖြစ်ပြီး ယခုအခါ အာမခံလုပ်ငန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သော လုပ်ငန်း ဝန်ဆောင်မှုများကို ကောင်းစွာ လည်ပတ် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။

မကြာမီတွင် IKBZ ရန်ကုန်ရုံးချုပ်ကို လက်ရှိ ဖွင့်လှစ်ထားသော ရုံး၏ မျက်နှာချင်းဆိုင်တွင်ရှိသော ခြောက်ထပ်ရုံးအဆောက်အအုံသို့ ပြောင်းရွှေ့ဖွင့်လှစ်သွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားသောမြို့ကြီး တို့တွင်လည်း IKBZ ရုံးခွဲများ ဖွင့်လှစ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်း အများအပြားကိုလည်း ထပ်မံခေါ်ယူ ခန့်ထားကာ လိုအပ်သော သင်တန်းများ ပေးသွားရန်   စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့၌ ကုမ္ပဏီလုပ်ငန်း အချို့သည် အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင် ဆင် ဆောင် ရွက်လာချိန်တွင်  ဗိုလ်ဆွန်ပတ်လမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ မကြာခင်က ဖွင့်လှစ်ခဲ့သော အပြည်ပြည်

မြို့ပတ် ရထားများကို iPay ကတ်ဖြင့် စီးနိုင်ရန် စီစဉ်နေ

Photo: မြို့ပတ် ရထားများကို iPay ကတ်ဖြင့် စီးနိုင်ရန် စီစဉ်နေ
Saturday, August 24, 2013

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ရန်ကုန်မြို့ အတွင်းရှိ  မြို့ပတ်ရထားတွင် iPay ကတ်များ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း iPay ကုမ္ပဏီမှ တာဝန်ခံ
ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ အနေနဲ့ ယာဉ်လိုင်းရှစ်လိုင်းမှာ ပထမဆုံး iPay ကတ်နဲ့ စီးနိုင်အောင် လုပ်ထားပါတယ်။ အဲဒီယာဉ်လိုင်းတွေက တစ်ဆင့် ဒဂုံကျောင်းမှာရှိတဲ့ ကန်တင်းတွေမှာ ကျောင်း သား၊ ကျောင်းသူတွေ အဆင်ပြေနိုင်အောင် စီစဉ်ခဲ့ပါတယ်။ ပြည်တွင်း ရေကြောင်း တွေမှာလည်း အသုံးပြုနေကြတယ်။ အဲလိုပဲ မြို့ပတ်ရထားတွေမှာပါ iPay ကတ်ကို အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်။ ရထားဘူတာတွေမှာ iPay station တွေ ဆောက်လုပ် သွားဖို့ ရှိပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။ မြို့ပတ်ရထားများတွင် iPay ကတ် အသုံးပြုနိုင်ရန် အတွက် ကုမ္ပဏီမှ သက်ဆိုင်ရာဌာနသို့ တင်ပြပြီးဖြစ်ရာ ခွင့်ပြုချက် ရရှိပါက စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။    

မြ၀တီ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ရန်ကုန်မြို့အတွင်းရှိ  မြို့ပတ်ရထားတွင် iPayကတ်များ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း iPay ကုမ္ပဏီမှ တာဝန်ခံ ဦးသန့်ဇင် ၏ ပြောကြားချက်အရ သိရသည်။

နေမုန်တိုင်း သက်ရောက်မှု ကမ္ဘာတွင် ခံရနိုင်ကြောင်း NASA သတိပေး

Photo: နေမုန်တိုင်း သက်ရောက်မှု ကမ္ဘာတွင် ခံရနိုင်ကြောင်း NASA သတိပေး 
Saturday, August 24, 2013

နေပေါ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု တစ်ခုကြောင့် ရောင်ခြည်စက်ဝန်း ထုတ်လွှတ်မှုများ အရှိန်မြင့်ကာ ကမ္ဘာသို့ သက်ရောက်လာနိုင်ကြောင်း၊ ထိုသက်ရောက်မှု ဒဏ်ကြောင့် ဂြိုဟ်တုနှင့် အီလက်ထရွန်နစ် စနစ်များ ပျက်စီးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အာကာသ သိပ္ပံစခန်း NASA က ထုတ်ပြန် ကြေညာထားသည်။ NASA ၏ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော သတင်းများ အရ နေပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ထိုအရှိန်ကြောင့် ရောင်ခြည် များ ဖြာထွက်ကာ နေမုန်တိုင်းနှင့် သံလိုက် စက်ကွင်း ထုတ်လွှတ်မှု အာကာသအတွင်း ပိုမို မြင့်မားလာနိုင် သည်ဟု ယင်းအာကာသ အဖွဲ့က ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် အာကာသ အတွင်း အမှုန် တန်ပေါင်း ဘီလီယံနှင့် ချီကာ ထွက်ပေါ်လာနိုင်ပြီး၊ ကမ္ဘာသို့ သုံးလေးရက် အတွင်း ရောက်လာနိုင်ကြောင်း NASA က သတိပေး ထားသည်။ 

The Voice Weekly
နေပေါ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုတစ်ခုကြောင့် ရောင်ခြည်စက်ဝန်း ထုတ်လွှတ်မှုများ အရှိန်မြင့်ကာ ကမ္ဘာ သို့ သက်ရောက်လာနိုင်ကြောင်း၊ ထိုသက်ရောက်မှုဒဏ်ကြောင့် ဂြိုဟ်တုနှင့် အီလက်ထရွန်နစ်စနစ်များ ပျက် စီးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အာကာသသိပ္ပံစခန်း NASA က ထုတ်ပြန် ကြေညာထားသည်။

စပါးထက် လက်ဦးမှုယူပြီး ၀ီလျံကို မော်ရင်ဟို ခေါ်ယူမည်

စပါးထက် လက်ဦးမှုရယူပြီး ၀ီလျံကို မော်ရင်ဟို ခေါ်ယူမည်








အန်ဇီကွင်းလယ်လူ ၀ီလျံကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပြောခဲ့ ပါတယ်။

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

Photo: အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ
Saturday, August 24, 2013

နေ့ လည်၂း၁၁မိနစ်ခန့်ကနေပြည်တော်အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာတောင်ပေါ်သားအဝေးပြေးကားကလမ်းပြုပြင်မှုပြုလုပ် နေတဲ့  မော်တော် ယာဉ်ကိုဝင်တိုက်ပြီးဘေးကမြောင်းထဲကို ထိုးကျခဲ့ပါတယ်။

တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည်
၂၈ဦးခန့်ပါပါတယ်။ ယာဉ်တိုက်မှုကြောင့်ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန်ရခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။

"ရှေ့ကကားသေးလေးကိုကျော်တက်ခိုင်းတာ အဲဒါကိုကားသေးလေးက မတက်တော့ သူကတက်တော့ အရှိန်မထိန်းနိုင်တော့ဘူးလမ်းပြင်နေတဲ့ သူတွေ ထိမှာစိုးလို့လမ်းဘေးကိုဆွဲချ လိုက်ပြီ ဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချ လိုက်တာ၊ကြောက်တာတော့တော်တော်ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတဦးပြောပါတယ်။

အမြန်လမ်းရဲဝန်ထမ်းများကစစ်ဆေးလျှက်ရှိပါတယ်။

Author ချိုဇင်မာဝင့်
Posted From သတင်းမော်ကွန်း
နေ့ လည်၂း၁၁မိနစ်ခန့်ကနေပြည်တော်အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာတောင်ပေါ်သား အဝေးပြေး ကားက လမ်းပြုပြင်မှုပြုလုပ် နေတဲ့  မော်တော် ယာဉ်ကိုဝင်တိုက်ပြီးဘေးကမြောင်းထဲကို ထိုးကျခဲ့ပါတယ်။

မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက် အရွယ် လူငယ် ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

Photo: မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက် အရွယ် လူငယ် ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး
Saturday, August 24, 2013

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ)ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်

မန္တလေး ကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ညပိုင်း၌ ကျုံးဘေးတွင် လူငယ်တစ်သိုက်မှ ဆိုင်ကယ်ဖြင့်လိုက်၍ ဓားနှင့်လိုက်လံ ခုတ်ခံရမှု များလာခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် လုံခြုံရေး တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၂ ရက် ညပိုင်းအချိန်တွင် မသင်္ကာသူ နှစ်ဦးဖြစ်သည့် ဖက်တီး(ခ)ချမ်းမြေ့သူနှင့် ဇော်ထွေးဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ တပ်ဖွဲ့ဝင်များက သက်သေများရှေ့တွင် ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအရ လွန်ခဲ့သော တစ်လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉ နှစ်) (ဘ) ဦးတင်ဦး၊ မဟာအောင်မြေ မြို့နယ်နေသူသည် ၎င်းနှင့်အတူ ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈နှစ်) (ဘ)ဦးထွန်းအောင်၊ သက်ဖုန်းခိုင် (၁၅ နှစ်)(ဘ) ဦးဇော်ဝင်း၊ ချမ်းမြသာစည် မြို့နယ်၊ ဇော်ထွေးဦး(၂၀ နှစ်) (ဘ) ဦးသာဌေး ၊

မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ) မျောက်ကြီး (၁၄ နှစ်) (ဘ) ဦးသိန်းဇော် ချမ်းမြသာစည်မြို့နယ်၊ အကော(ခ) ထက်ခေါင်ထွန်း (၁၉ နှစ်) (ဘ) ဦးထွန်းအောင်၊ မဟာအောင်မြေမြို့နယ်၊ လဖီး(ခ)ကျော် သီဟထွန်း( ၁၅ နှစ်) (ဘ) ဦးမြင့်ခိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြင့်မြတ်(ခ) ဂျိုးကြီး (၁၇ နှစ်)၊(ဘ) ဦးသန်းဦး၊ မဟာအောင်မြေမြို့နယ်၊ ရဲဝင့်သူ (၁၄ နှစ်) စိန်ပန်းရပ် နေသူတို့မှာ

ကျုံးမြောက်ဘက် တိရစ္ဆာန်ရုံရှေ့တွင် စည်သူအောင် ဆိုသူအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ကျုံးအနောက်ဘက် လမ်း ၈၀ ၊ ၉x၁၀ လမ်း ကြားတွင် စိုင်းသီဟနှင့် အောင်ကိုလွင် တို့အား လည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် လမ်း ၈၀၊ ၁၄x၁၅ လမ်းကြား၌ မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ) ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်

ရှစ်လေးလုံး အခမ်းအနား သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့၍ ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမ ဖြစ်စဉ်ကို ပြန်လည် စုံစမ်းသွားမည်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအကြို စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမအား ပညာရေး ၀န်ကြီးဌာနက အသေးစိတ် ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက် စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် ၀န်ကြီးများနှင့် စာနယ်ဇင်း သမားများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြော ကြား ခဲ့သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ကြားနာရန် ဆုံးဖြတ်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော် မတီမှ လေ့လာတွေ့ရှိ ပြင်ဆင်ချက်များအား သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်း ကော်မတီ မှ ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေသည်ကို သတိပြုရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူ

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား သြဂုတ်၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ တင်သွင်းခဲ့မှုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်

8.1.1
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

ထားဝယ်-ထီးခီး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ခွဲနှင့် မေတ္တာမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ထီးခီး ကုန်သွယ်ရေး စခန်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်အချို့က တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်ဒေသခံ များက ပြောကြားသည်။

ရွှေသံလွင်မီဒီယာ၊ Forever Group တို့နှင့် ပြန်ကြားရေးတို့ ပူးပေါင်း လုပ်ကိုင်မှုမှာ ဥပဒေမရှိဘဲ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား

ရွှေသံလွင်မီဒီယာ၊ Forever Group၊ အက်ဖ်အမ်များအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ရာတွင် ယခင်ကဥပဒေမရှိဘဲ အစိုးရအဖွဲ့ အမိန့်ညွှန်ကြားချက်၊ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်နေခြင်း ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။

နှစ်ရက်ဆက် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွား

8.1.1
မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီးအတွင်း ရေလျှံနေသည်ကို သြဂုတ် ၂၃ ရက် နံနက် ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ ချောင်းရေလျှံခြင်း များကြောင့် ဘုန်းတော် ကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် ကားလမ်းများပေါ်တွင် သြဂုတ် ၂၂ ရက်နေ့မှစ၍ ၂၃ ရက် နေ့အထိ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း ကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

Photo: ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း ကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား
Saturday, August 24, 2013

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်း ကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က အတည်ပြု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြေဈေးများ အဆမတန် မြင့်တက်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ထိန်းချုပ်သွားရန် ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်း ပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာ များ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည် ဖြေကြားရာ၌ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်း ရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေ တက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝမလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ ဒါပေမဲ့ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာမှန်းမသိ၊ ညာနေရာမှန်း မသိ ဖြစ်သွားတယ်။ ဒါကြောင့် ဒလကို ကျွန်တော်တို့ မလုပ်ဘူး။ ဒလကို ကိုရီးယားနဲ့ တံတားထိုးမယ်ဆိုတာ ဆောက်လုပ်ရေးက သွားကြည့်တာနဲ့မှန်းပြီး အဲဒီနေရာမှာ တံတားထိုးမယ်ဆိုပြီး ၀ယ်ကြပြန်ရော။ ကျွန်တော်တို့လည်း အဲဒီအလုပ်တွေက လိုက်လို့ကို မနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

မြေဈေးမြင့်တက် မှုများကို နိုင်ငံတော် အနေဖြင့် အခွန်ဖြင့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်သော အခွန်ဥပဒေများကို ပြုပြင်သင့်တာ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ အရောင်းအ၀ယ်များအား Moniter လုပ်ပြီး အခွန်ဖြင့် လိုက်ထိန်းသွားရန် စီစဉ်နေကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အလိုက် မြေဈေးနှုန်းများအား သတ်မှတ်ကာ တံဆိပ်ခေါင်းခွန်အား အပြည့်အ၀ ရရန်အတွက် ဆောင်ရွက်နေသည် ဟုလည်း သိရှိရသည်။

မြို့နယ်အလိုက် တစ်စတုရန်းပေ ပတ်လည် မြေတန်ဖိုးများကို ပြုစုပြီးပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် တံဆိပ်ခေါင်း ခွန်များအား လျော့ပြကာ ယခုအချိန်တွင် လုပ်ကိုင်နေကြောင်း ကိုလည်း သိရှိရသည်။

Eleven Media Group
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်
ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင် ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က အတည်ပြု ပြောကြားခဲ့ပါသည်။

ရွှေသံလွင် မီဒီယာမှ နိုင်ငံတော်သို့ အကျိုးအမြတ် ပေးသွင်းရမည်ကို သုံးနှစ်အထိ ပေးစရာ မလိုဘဲ ခွင့်ပြုပေးထားခဲ့ပြီး ယခုနှစ်မှသာ နိုင်ငံတော်မှ အကျိုးအမြတ် စတင်ရရှိမည်

Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် မီဒီယာ အနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အကျိုးအမြတ် ခွဲဝေသည့်စနစ်ဖြင့် လုပ်ကိုင်နေသော်လည်း သုံးနှစ်အထိ အကျိုးအမြတ် ခွဲဝေပေး သွင်းခြင်းအား ပြန်ကြားရေးမှ ရွှေသံလွင်အပေါ် ဆိုင်းငံ့ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။