Friday, 27 September 2013

စီးပွားရေး လုပ်ငန်း တွေ စာရင်း ကောက်မည်

Photo: စီးပွားရေး လုပ်ငန်း တွေ စာရင်း ကောက်မည်
Friday, September 27, 2013

ရန်ကုန်မြို့ မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း စာရင်း အမှန် ကို ရဖို့ ယခု ဘဏ္ဍာနှစ် ကုန်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အင်အား သုံးပြီး သန်းခေါင် စာရင်း ကောက်ယူ တဲ့ ပုံစံ အတိုင်း စာရင်း ကောက်ယူ မယ် လို့ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က သိရပါတယ်။ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင် က “ရန်ကုန် က အခန်း တော်တော် များများ က ငှားစား ထားတယ်။ ဝင်ငွေ ရှိတယ်။ ဝင်ငွေ ခွန် မဆောင် ကြဘူး။ ဒါကို ဘယ် အခန်း ကတော့ ငှားစား ထားတယ်။ တစ်လ မှာ ဝင်ငွေ ဘယ်လောက် ရှိတယ်၊ ဒါတွေ ကို တစ်အိမ်ဝင် တစ်အိမ် ထွက် စာရင်း ကောက် သွားမယ်” လို့ ပြော ပါတယ်။

အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့မှာ ရန်ကုန်မြို့ ရဲ့ လုပ်ငန်းရှင် စာရင်း ရှိ ပေမယ့် နောက်တိုး လုပ်ငန်း တွေ နဲ့ အိမ်တွင်း လုပ်ကိုင် နေတဲ့ လုပ်ငန်း တွေ စာရင်း ကို ကောက်ခံ မှာ ဖြစ်တယ် လို့ သိရပါတယ်။ ရရှိ လာတဲ့ လုပ်ငန်း အချက် အလက် တွေ ကို အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး အဖွဲ့ က စာရင်း သွင်းပြီး အခွန် စည်းကြပ် မယ် လို့ သိရပါတယ်။

အခွန် ကောက်ခံ မှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က လုပ်ငန်း စာရင်းတွေ ကို ကောက်ယူတဲ့ အချိန်မှာ ကျောင်း ပိတ်ရက် ကြုံတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေ ကို ခေါ်ယူ နိုင်ဖို့ သက်ဆိုင်ရာ ကျောင်း ပါမောက္ခ ချုပ် တွေနဲ့ ညှိနှိုင်း နေတယ် လို့ သိရ ပါတယ်။ စီးပွားရေး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေ ကို အဓိက ခေါ်ယူ မယ် လို့ သိရပါတယ်။ မြို့နယ် တစ်ခု နဲ့ တစ်ခု ကို အကျယ်အဝန်း အနည်း အများ ပေါ် မူတည်ပြီး ကျောင်းသား ကျောင်းသူ အင်အား သုံးစွဲ မှာ ဖြစ်တယ်။ အခွန် ပိုမို စည်းကြပ် နိုင်ဖို့ အာရှ ဖွံ့ဖြိုးရေး ဘဏ် ( ADB Bank ) က အခွန် ကောက်ခံမှု စိစစ်ရေး ဘုတ် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့ သိရှိရ ပါတယ်။

မော်ဒန် ဂျာနယ်
ရန်ကုန်မြို့ မှာရှိတဲ့ စီးပွားရေးလုပ်ငန်း စာရင်းအမှန်ကိုရဖို့ ယခုဘဏ္ဍာနှစ်ကုန်မှာ တက္ကသိုလ် ကျောင်း

ကောက်ရသော ပိုက်ဆံအိတ်မှ ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ်

Photo: ကောက်ရသော ပိုက်ဆံအိတ်မှ ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ်
Friday, September 27, 2013

စပိန် နိုင်ငံ မက်ဒရစ် မြို့မှ ရဲဌာနသို့ လာရောက်အပ်နှံခဲ့သော ပိုက်ဆံအိတ်တွင် ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ် ကိုတွေ့ရှိ ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ ပိုက်ဆံအိတ်ကို မြေအောက်ရထား များပြုပြင်ထိန်းသိမ်း မူများကိုလုပ်ဆောင် နေသော ၀န်ထမ်းမှ အမှတ်မ ထင် ကောက်ရ ခဲ့ခြင်းဖြစ်သည်။

အမှတ် (၅) လိုင်း မြေအောက်ရထားမှ တံခါးပေါက်များကောင်း စွာအလုပ်မလုပ်သောကြောင့် သွားရောက် ပြင်ဆင်ရန် အသွား လယ်သာပိုက်ဆံအိတ်ကို တွေ့ရှိခဲ့ သော်လည်းရိုးသား စွာ ရဲဌာနသို့ သွားရောက် အပ်နှံခဲ့ခြင်းလည်း ဖြစ်သည်။

ပိုက်ဆံအိတ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ် ယာဉ်မောင်းလိုင်စင် တခု၊ အကြွေး ၀ယ်ကဒ် နှင့် အမေရိကန်ဒေါ်လာ (၂) သန်း ချက်လက် မှတ်တို့ပါဝင်ကြောင်း ရဲဌာနမှ ထုတ်ပြန် သော သတင်းအရသိရသည်။

ref: UPIကချင်း
MM Social Sky
စပိန်နိုင်ငံ မက်ဒရစ်မြို့မှ ရဲဌာနသို့ လာရောက်အပ်နှံခဲ့သော ပိုက်ဆံအိတ်တွင် ဒေါ်လာ ၂ သန်းတန် ချက် လက်မှတ် ကိုတွေ့ရှိ ခဲ့ကြကြောင်း သိရပါတယ်။

စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ

Photo: စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ
Friday, September 27, 2013

၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။

၂။ မျက်နှာတွင် ဝက်ခြံ၊ တင်းတိမ့် ကဲ့သို့ အရေအပြား ပြဿနာ များ ဖြစ်ပေါ်စေခြင်း။

၃။ အိပ်ရေးပျက်၊ စားအသောက်ပျက်စေခြင်း။

၎။ အရိုးအဆစ်၊ ကြွက်သားများ ကိုက်ခဲ၊ နာကျင်ခြင်း။

၅။ နှလုံးတွင် သွေးဖိအားမြင့်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း ( နှလုံးနှင့် ဆက်စပ်ရောဂါများ အဖြစ်လွယ်စေခြင်း)။

၆။ ဆီးချိုရောဂါဖြစ်ရန် အလားအလာများခြင်း။

၇။ အစာချေဖျက်သည့် လုပ်ငန်းစဉ် ပုံမှန်အလုပ်လုပ်ခြင်း မရှိသဖြင့် ဝမ်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်း။

၈။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားတို့ ဟိုမုန်းဓာတ် လျော့ကျခြင်း ။

၉။ ကိုယ်ခံအား ကျဆင်းသဖြင့် အဖျားရောဂါငယ်များက အဖျား၊ရောဂါဝေဒနာကြီးများသို့ ခံစားရစေခြင်း။
--

Via: Medicfacts
The Webshop
၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။

သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ  စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပ ဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော် အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက နေပြည်တော် ဒီနေ့ကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်

Photo: ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်
Friday, September 27, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။

ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအေ...ာင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ “အကြမ်းဖက် မှု မှာ သူတို့ ပါဝင် ပါတယ်လို့ လေးယောက်စလုံးက ဝန်ခံထားတယ်လို့ ကြားတယ်၊ အတင်းအကျပ် စစ်ဆေးတာမျိုးလည်း မရှိဘူးလို့လည်း သိရတယ်” ဟု ကန့်ဘလူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါက်တာလှိုင်မြင့်ဟန်က ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၁ ဦးကို အဆိုပါ ညတွင်ပင် ဖမ်းဆီးခဲ့ပြီး၊ တစ်ဦးမှာ ဖမ်းဆီး ထားစဉ် သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးခဲ့ကြောင်း၊ ကျန် ၁၀ ဦး အနက်ခြောက်ဦးမှာ အကြမ်းဖက်မှုများတွင် မပါဝင်သဖြင့် စက်တင်ဘာလ ၆ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဒေသခံ များက ပြောဆို သည်။ “အခုချလိုက်တဲ့ အမိန့်အပေါ်မှာ ဘာမှမပြော လို ပါဘူး၊ ကျွန်တော် တို့ သိရသလောက်တော့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေက ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ဖြစ်တယ်။ အခုဖမ်းမိတဲ့ သူတွေက လူစုကွဲသွားချိန် မနက် ၃ နာရီလောက်မှာ အဖမ်းခံရတာလို့ သိရတယ်” ဟု ဒေါက်တာမြင့်နိုင် က ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသမီး တစ်ဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကြက်ခြံ နှစ် ခြံ၊ နွားသတ်ရုံတစ်ရုံ၊ ဈေးဆိုင်ခန်း ၁၃ ခန်း အပါအဝင် နေအိမ် ၅၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ ၃၂၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း၊ အဓမ္မပြုကျင့်ရန် ကြံစည် သည့် အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

(အောင်မျိုးထက်)
The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။

Ooredoo က အလုပ်သမ ၃သောင်းခန့်မည်

Photo: Ooredoo က အလုပ်သမ ၃သောင်းခန့်မည်
Friday, September 27, 2013

အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်တဲ့အခါ အလုပ်သမ ၃ သောင်းအထိ အလုပ်ခန့်အပ် သွားမယ်လို့ ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းဖုန်းနည်းပညာ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ အမျိုးသမီးတွေ အခွင့်အရေး ရသင့်တယ်။ သူတို့နဲ့ သူတို့ကို မှီခိုနေရတဲ့ ဘ၀တွေအတွက်လည်း အခွင့်အရေး ရသင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ အမျိုးသမီးအလုပ်သမားတွေကို အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းမြှင့်တင်ရေးကဏ္ဍတွေမှာ အလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဟာ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၄ ခု လုပ်ခွင့်ပြုထားပြီး အဲဒီထဲမှာ ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီလဲ ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ၅ သန်း ခွဲကျော် တပ်ဆင်ထားပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုဟာ လူဦးရေရဲ့ ၁၀ ရာခိုင် နှုန်းအောက် ပဲ ရှိတဲ့အတွက် အနာဂတ်မိုဘိုင်းဖုန်း ဈေးကွက် အလွန်ကြီး မားမယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

by ဒီဗွီဘီ
အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်တဲ့အခါ အလုပ် သမ ၃ သောင်းအထိ အလုပ်ခန့်အပ် သွားမယ်လို့ ကာတာအခြေစိုက် အော်ရီဒူး(Ooredoo)ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆဲဆိုကြိမ်းမောင်း ၍ ဓားဖြင့် လိုက်သည့်ဖြစ်စဉ် နေပြည်တော်တွင်ဖြစ်ပေါ်


နေပြည်တော် ကော်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု ၊ မကျည်း

INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ

Photo: INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ
Friday, September 27, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 20W(TWENTY)အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။

လေဖိအားနည်းရပ်ဝန်း TD-20W(TWENTY)သည် ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၅၉ဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မင်္နလာမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၇ဝ ခန့်၊ တရုတ်(ပြည်မ)ဟောင်ကောင်မြို့၏ တောင်-အရှေ့တောင်ဘက် ၅၁ဝ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်းက မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပါသည်။

လေဖိအားနည်းရပ်ဝန်း(TD) 20W TWENTY
27 Sep 2013 0000Z
Location: 15.5 117.0
Winds: 30 knots
Central Pressure: 1000 hPa

စက်တင်ဘာလ ၂၇ ရက် – မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် JTWC မှ သတိပေးချက် အမှတ်(၂)တွင် TD-20W သည် ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် ၇၁၃ နော်တီကယ်မိုင်တွင် တည်ရှိနေပြီးအနောက်-အနောက်မြောက်ဘက်သို့ ၃ နော်တီကယ်မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကာ လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် လှိုင်းအမြင့် ၇ ပေ ရှိသည်ဟု ထုတ်ပြန်ထားပါသည်။

270300Z POSITION NEAR 15.6N 116.8E. TROPICAL DEPRESSION 20W (TWENTY), LOCATED APPROXIMATELY 713 NM EAST-SOUTHEAST OF HANOI, VIETNAM, HAS TRACKED WEST-NORTHWESTWARD AT 03 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 270000Z IS 7 FEET.

TSR မှ ခန့်မှန်းထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း 20W သည် စက်တင်ဘာလ ၂၇ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် မုန်တိုင်းအဆင့်(မုန်တိုင်းဗဟိုလေတိုက်နှုန်း 35 knots)သို့ ရောက်ရှိပြီး စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း(မုန်တိုင်းဗဟိုလေတိုက်နှုန်း 70knots)သို့ရောက်ရှိမည်ဖြစ်ကြောင်း၊ မုန်တိုင်း၏ အားအကောင်းဆုံး အခြေအနေဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားပါသည်။

လက်ရှိလမ်းကြောင်း ခန့်မှန်းချက်အရ 20W သည် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့်၊ ဗီယက်နန်နိုင်ငံ QUANG TRI ပြည်နယ် – Quang-tri မြို့အနီး(ဒါနန်းမြို့မြောက်ဘက် ၉၆ မိုင်ခန့်မှ) ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းသည် ကုန်းတွင်းဝင်ရောက်ပြီးနောက် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားရာ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်သည် အောက်တိုဘာလ ၂ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဆီသို့ ရောက်ရှိနိုင်ကြောင်း နောက်ဆုံးရ အချက်အလက်များကို ကိုးကား တင်ပြလိုက်ရပါသည်။

MMweather Page
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမိုအားကောင်း လာပြီး၊ လေဖိ အား နည်း ရပ်ဝန်း(Tropical Depression-TD) 20W(TWENTY)အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။

မြန်မာ အမျိုးသမီးများ နှင့် ဝတ်စားဆင်ယင်မှု

ပြီးခဲ့သည့်လဆန်းပိုင်းက ဇာတိရပ်ရွာ သို့ တစ်ခေါက် ပြန်ရောက်ဖြစ်သည်။ ထိုစဉ်က သတိထားမိတာ တစ်ခုရှိသည်။ မိမိတို့နယ်တွင် စက်ရက်ကန်းများ အလုပ် ဖြစ်နေခဲ့ရာမှ ယခုဘက်ပိုင်း လက်ရက်ကန်းများ ပါ ပြန် အလုပ်ဖြစ် လာခဲ့သည်ကို အံ့ဩဝမ်းသာစွာ ပြန်တွေ့လာ ခဲ့ရသည်။

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင် ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ

ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲ ကာ ကျောင်းသားမိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။

စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း

 
မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့  မြန်မာကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါ တယ်။

ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ

Photo: ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ
Friday, September 27, 2013

ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့်ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်း များတွင် ယင်းကဲ့သို့ကြည့်ရှုနိုင် ရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာ မှုရှိနေပြီ ဆိုသည်ကို အများပြည် သူသိရှိစေနိုင်ရန်အတွက် ယခုကဲ့ သို့ ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရ သည်။

ရဲမှူးကြီး အောင်ဌေးမြင့်က ''အခုလိုတပ်ဆင်တာကို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေ မှာလုပ်မှာ။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ သက်ဆိုင်ရာအမှု စစ်ရဲက မသင်္ကာတရားခံတွေ နှိပ် စက်တာတွေ၊ ရိုက်နှက်စစ်ဆေး တာတွေကို မလုပ် ဘူး ဆိုတာ အမှု နဲ့ပတ်သက်တဲ့သူတွေ သိစေချင် တဲ့ရည်ရွယ်ချက်နဲ့ အခုလိုလုပ် တာပါ။ စီစီတီဗွီကင်မရာနဲ့ မှတ် တမ်းတင်ထားပါတယ်''ဟု ပြော သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက် ပိုင်းခရိုင်ရှိရဲစခန်းများတွင် စတင် တပ်ဆင်ထားပြီဖြစ်ကြောင်း၊ ရဲ စခန်းတစ်ခုလျှင် စီစီတီဗွီလေးခု ခန့်တပ်ဆင်ထားကြောင်း၊ အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးမျိုးဝင်း က ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group
ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့် ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တခိျု့ မဖွယ်မရာ ပြသ သောင်းကျန်း


ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တခိျု့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိဒြေ္နကိုထိပါးစေသောအ ပြုအမှု များ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရ သည်။  တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။
Photo: တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တခိျု့ မဖွယ်မရာ ပြသ သောင်းကျန်း 
Friday, September 27, 2013

ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တခိျု့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိဒြေ္နကိုထိပါးစေသောအ ပြုအမှု များ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရ သည်။  တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။

ယင်းက ''ရပ်ကွက်ထဲမှာ အိမ်တော်တော်များများက ခြံတံ ခါးတွေ ပိတ်ထားကြတာများတယ်။ ကျွန်မတို့က ဆိုင်ဆိုတော့ တံခါးဖွင့်ထားရတယ်။ လမ်းပေါ်ဘယ် သူဖြတ်ဖြတ် လှမ်းကြည့်ရတာ။ သူ့ကိုကြည့် သလို ဖြစ်သွားတာ ပေါ့၊ အဲ့ဒါ လိုက်ဖမ်း ရင် ပြေးတာ ပဲ''ဟု ပြောသည်။ ယင်းလူငယ်များကို ရပ်ကွက် အတွင်းနှိမ်းနင်းမည့်သူများ မရှိ ကြောင်း၊ ဖမ်းမိသူတခိျု့ရှိကြောင်း ရပ်ကွက်လူကြီးများကို မိန်းကလေး ငယ်များမှ တိုင်ကြားထားကြောင်း နှင့် ယခုနှစ်ဧပြီလတွင် စတင်ကြုံ တွေ့ကြရခြင်းဖြစ်ကြောင်း ယင်း ရပ်ကွက်နေ အမျိုးသမီးများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ ပွင့်ဦးစံ အပ်ချုပ်ဆိုင်မှ အမျိုးသမီးတစ်ဦး က ''အစ်မတို့လဲ ဒီလိုကြုံရတယ်၊ အစ်မတို့က မိန်းကလေးတွေဆို တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ အကုန်လုံးက မိန်းကလေး တွေ ဆိုတော့ ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်တာ ပေါ့၊ တစ်ခါတစ် ခါလာတဲ့သူက မတူတော့ ရုပ်ရည် လဲသေချာ မမှတ်မိဘူး။ မိန်းကလေး တွေ အများစုဝင်ထွက်နေတဲ့ နေရာ မို့လို ဒီလိုလုပ်တာဖြစ်မယ်''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီးတောင် ဥက္ကလာပ မြို့နယ်ရဲစခန်းကို ရန်ကုန် တိုင်းမ်သတင်းစာက ဆက် သွယ် မေးမြန်း ရာ တာဝန်ရှိသူတစ်ဦးက ''ဒါနဲ့ပတ်သက်ပြီး တိုင်းကြားထား တာတွေတော့ ယနေ့ထိ မရှိသေး ပါဘူး။ ရပ်ကွက်တာဝန်ရှိသူကလဲ လာရောက် အကြောင်းကြားထားတာ မရှိသေးပါဘူး။ အခုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ထိန်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အဲဒီနေရာတွေကိုသေ ချာ စောင့် ကြည့် ဖို့တာဝန်ပေးလိုက်ပါပြီ''ဟုပြောသည်။

သော်ဇင်ထက် ၊ ဝေယံ
Yangon Media Group
၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။

NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ

Photo: NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ
Friday, September 27, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားအား မန္တလေးမြို၊ ၂၆လမ်း၊ ၈၆-၈၇လမ်းကြားတွင် ကျင်းပလျက်ရှိသည်။

အခမ်းအနားအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ(မန္တလေးတိုင်းဒေသ ကြီး) ဦးတင်ထွဋ်မှ အဖွင့် အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့ ပြီး ဒေါ်အောင် ဆန်း စုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့မှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ပါတီ ၀င်များမှ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အား ပြန်လည်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသော သူ များထံမှ သဘောထား သုံးကြိမ်မေးမြန်းခဲ့ပြီး အားလုံး ထောက်ခံခဲ့ကြ သည်။ ၄င်းနောက် NLD ပါတီ၂၅နှစ် တာဖြတ်သန်း ခဲ့သောဓာတ်ပုံ များ ဆောင်း ပါး များအား ပြသခဲ့ပြီး၂၅နှစ်ပြည့် NLD အမှတ်တရ အင်္ကျီများလည်း ရောင်းချ ခဲ့သည်။

အဆိုပါပြပွဲနှင့် အမှတ်တရအင်္ကျီရောင်းချပွဲကို ယနေ့မှစတင်ကာ ၂၉ရက်နေ့ အထိ မနက် ၉နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ခရိုင် အမှုဆောင်ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားအား မန္တလေးမြို၊ ၂၆လမ်း၊ ၈၆-၈၇လမ်း ကြားတွင် ကျင်းပလျက်ရှိသည်။

ဘာသာရေး ပဋိပက္ခများက မြန်မာ့ပြုပြင်ပြောင်းလဲရေး ခြိမ်းခြောက်ဟုဆို

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များကို လူမျိုးရေး ပဋိပက္ခများက

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေးရန် မြန်မာနိုင်ငံ လာမည်

Photo: OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေးရန် မြန်မာနိုင်ငံ လာမည် 
Friday, September 27, 2013

အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။  အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့် ပတ်သက် ၍ နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC  အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲ ရှိပါ သေးတယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။

စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC  အဖွဲ့၏ ရို ဟင်ဂျာမူဆလင်လူနည်းစုရေးရာ အစည်း အဝေးတွင် OIC  ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။ OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အခိျု့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC  လာမယ့်ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC  ကို ရခိုင်ပြည်နယ်က ရခိုင်လူမျိုး တွေက လုံးဝ လက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။ မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်းဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch  သတင်းဌာနတွင် ဖော်ပြ ထားသည်။

OIC အဖွဲ့သည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီး ယခင် က မြန်မာနိုင်ငံတွင် OIC ရုံးကို ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။

Yangon Media Group
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။ 

မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်

Photo: မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက် 
Friday, September 27, 2013

မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အိမ်အမှတ် (ခ/၈) ၌ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ အချိန်တွင် အသက် ၆၇ နှစ် အရွယ်၊ အငြိမ်းစားဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ ဦးတင်ရန့် တစ်ဦးတည်း ရှိနေချိန် လူငယ်နှစ်ဦးက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှု တစ်ရပ် ဖြစ် ပွား ခဲ့ သည်။

ဖြစ်စဉ်မှာ အဆိုပါ ဆရာဝန်၏ ဇနီးဖြစ်သူ ဒေါ်ပြုံးပြုံးရီသည် မြစ်ကြီးနား မြို့ရှိ ယောက် မဖြစ် သူ ထံ အလည် သွားရောက်နေစဉ် လူငယ်နှစ်ဦးမှာ ဖွင့်ထားသည့် ခြံဝင်းတံခါးအတွင်း ၀င်ရောက်ပြီး လူနာအသွင်ဖြင့် တံခါးခေါက်ရာ ဆရာဝန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ အပင်ညှပ်ကပ်ကြေးအား ၀က်အူရစ်ဖြုတ်၍ တစ်ဦးလျှင် တစ်ဖက်စီ ဓားပုံသဏ္ဌာန် ကိုင်ဆောင်ပြီး သေစေ ရန် ရည်ရွယ်၍ နှစ်ဖက်ညှပ် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အိမ်မှ ခွေးကဟောင်ခြင်း၊ ၀င်ရောက်ကိုက်ဆွဲခြင်းကြောင့် လူသတ် သမား နှစ်ဦး တုန့်ဆိုင်းသွားစဉ် ဆရာဝန်က ပြန်လည်ခုခံကာ …အိမ်အပြင်ထွက်၍ အကူအညီ တောင်းခံခဲ့ပြီး ရရှိသောဒဏ်ရာများကြောင့် မူဆယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းများ ယူဆောင်သွားနိုင်ခြင်း မရှိသော် လည်း တရားခံများ ထွက်ပြေး လွတ်မြောက် သွားသောကြောင့် ပုဒ်မ ၄၅၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဆရာမောင်(မူဆယ်)
Myanmartandawsint Newspaper
မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အိမ်အမှတ် (ခ/၈) ၌ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ အချိန်တွင် အသက် ၆၇ နှစ် အရွယ်၊ အငြိမ်းစားဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ ဦးတင်ရန့် တစ်ဦးတည်း ရှိနေချိန် လူငယ်နှစ်ဦးက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှု တစ်ရပ် ဖြစ် ပွားခဲ့သည်။

မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေးကြေးကောက်ခံမှု ပြုလုပ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့်မိုးကောင်းမြို့ တွင် နိုင်ငံသား မှတ်ပုံတင် လုပ်ကိုင်ရာ လ.၀.က ရုံးမှ ပိုက်ဆံ များတောင်းခံမှုများရှိကြောင်းသိရသည်။