Saturday, 13 September 2014

တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးမှုက တောင်တရုတ်ပင်လယ် တင်းမာမှုကို မီးမောင်းထိုးပြ

Photo: တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးမှုက တောင်တရုတ်ပင်လယ် တင်းမာမှုကို မီးမောင်းထိုးပြ
Saturday, September 13, 2014

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်က ကျောက်တန်းတွေ ရေပိုင်နက်တွေအပေါ် အရှေ့ တောင်အာရှနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒေသတွင်း အာဏာပိုင်တွေဟာ သူတို့ပိုင်တယ်လို့ဆိုထားတဲ့ရေပြင်မှာ ငါးခိုးဖမ်းတဲ့ တရုတ်တံငါသည်တွေ ကို မကြာခဏ ဖမ်းဆီးနေပါတယ်။

ဒီတပတ်မှာတော့ တံငါသည်အချို့ လာရောက်ပြီး အမှုရင်ဆိုင်ကြပါတယ်။ ဒီအမှုဟာ ဒေသတွင်းတင်းမာမှုတွေကို မီးမောင်းထိုးပြလိုက်တာပဲလို့ ဂျေဆန်စ ထရော့သာ ကဆိုပါတယ်။

ချီတိုဗစ်လာရင်က သူ့ငါးဖမ်းလှေလေးကို စက်နှိုးလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ သူဟာ လှေဝမ်းနင့်အောင် ငါးတွေမိမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ပါလာဝန် အနောက်ဘက် ကမ်းလွန်က တောင်တရုတ်ပင်လယ်ပြင်ကိုထွက် ငါးဖမ်းပြီး အသက်မွေးနေသူပါ။

“ကျနော်က ငါးတွေ ရေဘ၀ဲတွေ အရွယ်စုံဖမ်းတယ်။ ကျနော့်ငါးဖမ်းစက်လှေနဲ့ ပင်လယ်ထဲ ကီလိုမီတာ ၂၀ ထိ ထွက်တယ်”လို့ ချီတိုဗစ်လာရင်ကဆိုပါတယ်။

ဒါပေမယ့် ဗစ်လာရင်လို တံငါသည်တွေတင် ဒီရေပြင်ကိုထွက်ပြီး ငါးဖမ်းကြတာ မဟုတ်ပါဘူး။ ပါလာဝန်ကမ်းလွန်မှာ နိုင်ငံခြားမှောင်ခိုငါးဖမ်းသမားတွေကိုပါ တွေ့နေရပါတယ်။ ဒါကြောင့် ဒီနိုင်ငံအာဏာပိုင်တွေက ဟန့်တားဖို့ကြိုးစားနေရပါတယ်။

ရေယာဉ်အုပ် အော့စ်မွန်ဒိုဆလစ်တိုက “ကျနော်က အခု ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ အထူးရေယာဉ်တပ်ဖွဲ့ဦးစီးတဲ့ မြန်နှုန်းမြင့် ရေယာဉ်ပေါ် ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒီရဲတပ်ဖွဲ့ကို ရာဇ၀တ်မှုအမျိုးမျိုးတိုက်ဖျက်ဖို့ ရေယာဉ် ၆ စင်းထောက်ပံ့ပေးထားတယ်”လို့ ရှင်းပြ ပါတယ်။

“မူးယစ်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ ပင်လယ်ဓားပြမှု၊ တရားမ၀င်ငါးခိုးဖမ်းမှုနဲ့ အခြားရာဇ၀တ်မှုတွေပါပါတာပေါ့”လို့ ဆလစ်တိုက ဆက်လက်ပြောဆိုပါတယ်။

ခုဆိုရင် တရားမ၀င်ငါးဖမ်းတဲ့ နိုင်ငံခြားသားတံငါသည်တွေကိုဖမ်းဆီးရတာ ပိုများလာပါတယ်။ အထူးရေယာဉ်တပ်ဖွဲ့စခန်းရဲ့ ဆိပ်ကမ်းမှာ ကျောက်ချထားတာကတော့ မီတာ ၃၀ အလျားရှိတဲ့ သင်္ဘောကြီးပါ။ တရုတ်လူမျိုး ၁၁ ဦးနဲ့ ကာကွယ်ထားတဲ့ ပင်လယ်လိပ်တွေ ဖမ်းရာမှာ ကြံရာပါဖြစ်တဲ့ ဖိလစ်ပိုင်လူမျိုး ၅ ဦးကို ဖမ်းဆီးထားကြောင်း အဏ္ဏ၀ါရဲ့တပ်ဖွဲ့က ပြောပါတယ်။ သူတို့ကို တောင်တရုတ်ပင်လယ် လခြမ်းသောင်စွယ်နားက ရေပြင်မှာ တွေရှိ့ခဲ့တာဖြစ်ပြီး အဲဒီနေရာက တရုတ်နဲ့ ဖိလစ်ပိုင် ပိုင်နက်အငြင်းပွားရာ စပရက်တလီကျွန်းစုဧရိယာဖြစ်ပါတယ်။

မေလက ဖမ်းဆီးလိုက်တဲ့လုပ်ရပ်အပေါ် ပေကျင်းအစိုးရက တုံ့ပြန်တဲ့အနေနဲ့ ရေလုပ်သား တွေရော ရေယာဉ်ကိုပါ ပြန်လည်ပေးအပ်ဖို့ မနီလာအစိုးရကို ရာဇသံပေးခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်အာဏာပိုင်တွေက တရုတ်ရေလုပ်သားတွေကို တရားစွဲဆိုခဲ့ပါတယ်။ ခုဆိုရင် အမှုရင်ဆိုင် နေရပြီး စီရင်ချက်ချခဲ့ရင် မျိုးစိတ်ကာကွယ်ရေးဥပဒေကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ် ၁၂ နှစ်ကနေ အနှစ် ၂၀ ထိ ကျခံရမှာဖြစ်ပါတယ်။

ကာကွယ်ထားတဲ့သန္တာကျောက်တန်းဇုန်မှာငါးခိုးဖမ်းခဲ့တဲ့ပြစ်မှုအတွက် နောက်ထပ်တရုတ်လူမျိုး ၁၂ ဦးကို ပါလာဝန်တရားရုံးက နောက်လမှာ စီရင်ချက်ချသွားမှာပါ။ သူတို့က ထောင်ဒဏ် ၆ နှစ်ကနေ ၁၂ နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။ အရင်ကဆိုရင် သူတို့က တန်းတွေ ပိုက်တွေချပြီး ငါးဖမ်းကြတာဖြစ်ပေမယ့် အခုဆိုရင် ခေတ်မီနည်းတွေနဲ့ဖမ်းလာကြပါပြီ။

ပါလာဝန်မြို့ရဲ့ အစိုးရရှေ့နေချုပ် အယ်လန်ရော့ဒရီဂူးဇ်က “သူတို့ငါးဖမ်းလှေတွေမှာ ဂျီပီအက်စ်တွေ ဆိုနာတွေတောင် ပါတယ်။ သူတို့က ဖိလစ်ပိုင်တွေဆီက ရှားပါးမျိုးစိတ်တွေလည်း ၀ယ်ကြသေးတယ်”လို့ ဆိုပါတယ်။

အာဏာပိုင်တွေက တရုတ်တံငါသည်တွေကိုပဲ ပစ်မှတ်ထားနေတာတော့မဟုတ်ဘူးလို့ ရော့ဒရီဂူးဇ် ကဆိုပါတယ်။ ဒါပေမယ့် သူတို့အားလုံးက ဖိလစ်ပိုင်နိုင်ငံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာပါလို့ အယ်လန်ရော့ဒရီဂူးဇ်က အခိုင်အမာ ဆိုပါတယ်။
“အထောက်အထားက အရမ်းခိုင်လုံတယ်။ သူတို့ကို ပေးလွှတ်ဖို့မဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ တရားစီရင်မှုကို ခံယူရမယ်လို့ ကျနော်အခိုင်အမာယုံကြည်တယ်။”

တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေမြင့်တက်လာနေပါပြီ။ ဒီနှစ်မှာ ဗီယက်နမ်နိုင်ငံ ပိုင်နက်ပါ လို့ဆိုထားတဲ့ရေပြင်မှာ တရုတ်က ရေနံတူးစင်ဆောက်ဖို့ ကြီးစားခဲ့ပါတယ်။ ဖိလစ်ရေတပ်က သူတို့ရဲ့ထောက်ပို့ရေယာဉ်တွေကို တရုတ်တပ်ဖွဲ့တွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ မကြာခင်ကဒီရေပြင်ရဲ့လေပိုက်နက်မှာ အမေရိကန်ပိုင် လေယာဉ်တစီးကို တရုတ်တိုက်လေယာဉ် တစီးက ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ ၀ါရှင်တန် အစိုးရက ဆိုပါတယ်။ တရုတ်တံငါသည်တွေရဲ့ ရေပိုင်နက်ကျူးလွန်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေတာတွေဟာ ပေကျင်းအစိုးရရဲ့ နယ်မြေချဲ့ ထွင်ရေးစီမံကိန်းရဲ့ ပြယုဂ်ပဲလို့ မနီလာမှ လေ့လာသုံးသပ်သူအချို့က ပြောပါတယ်။

”တံငါသည်တွေက တရုတ်အစိုးရရဲ့ တပိုင်းချင်းဝါးမြိုရေး(ပါးပါလှီး)ဗျူဟာ salami slice strategy ရဲ့ တစိတ်တဒေသပဲလေ။ သူတို့က ငါးဖမ်းရေယာဉ်အုပ်တွေ၊ တံငါသည်တွေ၊ အရပ်ဘက် သင်္ဘောတွေကို အသုံးချပြီး ငါးခိုးဖမ်းဖို့ ရေပြင်ကိုမောင်ပိုင်စီးဖို့ ကြိုးစားနေတာ။ သူတို့က အရပ်ဘက်အင်အားကိုသုံးနေတာ။ တံငါသည်တွေက ရှေ့ပြေးတပ်တွေပဲလေ။ ကျနော်တို့ ကလည်း ရှေ့ဆက်ကျူးကျော်လာရင် ခြေလှမ်းလာရင် ရိုက်ချိုးပစ်မယ်ဆိုတာ တရုတ်အစိုးရ သိအောင် ပြနေတာပါ။ ဒါက အပြတ်ကြေညာလိုက်တာပဲ။”

ပေကျင်းအစိုးရကလည်း ဖိလစ်ပိုင်ဘက်က ဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတွေက တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင်ရေပြင်ထဲမှာရှိတယ်လို့ အခိုင်အမာဆိုထားပါတယ်။ လုံခြုံရေးကို ထိပါးရုံတင်မက တရုတ်တံငါသည်တွေဟာ ပါလာဝန်ရဲ့စီးပွားရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ပူအာတိုပရင်စက်ဆာက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေ စိုးမိုးရေး စင်တာမှ ဒါရိုက်တာ ဂရစ်ဇယ်လ်ဒါအန်ဒါက ဆိုပါတယ်။ မှတ်တမ်းမှတ်ရာတွေ မရှိပေမယ့် နိုင်ငံခြားသားငါးခိုးဖမ်းသူတွေ ကြောင့် ဒေသတွင်းဂေဟစနစ်ကို ဘယ်လောက် ထိခိုက်နေပြီဆိုတာ တွေးကြည့်ဖို့လွယ်ပါတယ်လို့ သူမကပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေ စိုးမိုးရေး စင်တာမှ ဒါရိုက်တာ ဂရစ်ဇယ်လ်ဒါအန်ဒါက ”ပင်လယ်လိပ်ရာပေါင်းများစွာကို သူတို့ခိုးဖမ်းတာပဲကြည့်လေ။ အခြားအဏ္ဏ၀ါသက်ရှိတွေဆိုရင် သန်းချီပြီး ရှိမှာပဲ။ သူတို့က ဂေဟစနစ်ဟန်ချက်ကို ထိန်းပေးတဲ့သတ္တ၀ါတွေ။ သူတို့ရှိနေမှ သန္တာ ကျောက်တန်းတွေမပျက်စီးမှာ။ ဒီကျောက်တန်းတွေက အဏ္ဏ၀ါသက်ရှိတွေ မှီတင်းရာနေရာတွေ ပဲ။ အဲတော့ သူတို့လုပ်ရပ်ဟာ ပါလာဝန်နဲ့တခြားဒေသတွေက ရေလုပ်သားတွေရဲ့ အသက်မွေးမှုကို ဘယ်လောက်ထိခိုက် သွားမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့”လို့ ပြောပါတယ်။

အရင်ကဆိုရင် နိုင်ငံခြားသားငါးဖမ်းသမားအချို့ဟာ ဥပဒေအရအပြစ်ပေးမခံရအောင် လာဘ်ထိုး ပြီး အလွတ်ရုန်းခဲ့ကြပေမယ့် အခုတော့ လုပ်လို့မရတော့ဘူးလို့ အန်ဒါကဆိုပါတယ်။ ခုဆိုရင် တရုတ်တံငါသည် ၉ ယောက်ကို တရားစွဲထားပြီမို့ စီရင်ချက်ချတဲ့အချိန်မှာ သမ္မတဆီ အသနားခံစာ တင်မှပဲ ထောင်ဒဏ်ကလွတ်မယ်လို့ အယ်လန်ရော့ဒရီဂူးဇ်က ပြောပါတယ်။ ဒါပေမယ့် ဒီလို့လုပ်လည်း ရမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

ရော့ဒရီဂူးဇ်က “အရင်သမ္မတအာရိုယိုလက်ထက်တုန်းကတော့ တရုတ်တံငါသည်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နေရပ်ကိုပြန်ခွင့်ပြုခဲ့ဖူးတယ်။ ဒါပေမယ့် အကွီနိုရဲ့အစိုးရ လက်ထက်မှာ ခုချိန်ထိ အဲလိုလုပ်တာ မကြားဖူးသေးဘူး”လို့ ဆိုပါတယ်။

ဒီတရားခွင်ဟာ လာမယ့်စက်တင်ဘာလကုန်လောက်မှာပြီးမယ်လို့ ရော့ဒရီဂူးဇ်က မှန်းထားပါ တယ်။

Asia Calling အစီအစဉ်အတွက် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်မြို့မှ သတင်းထောက် ဂျေဆန်စ ထရော့သာ က သတင်းပေးပို့တာပါ။

ဒီဗွီဘီ
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်က ကျောက်တန်းတွေ ရေပိုင်နက်တွေအပေါ် အရှေ့ တောင်အာရှ နိုင်ငံတွေနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒေသတွင်း အာဏာပိုင်တွေဟာ သူတို့ ပိုင်တယ် လို့ဆိုထားတဲ့ရေပြင်မှာ ငါးခိုးဖမ်းတဲ့ တရုတ်တံငါသည်တွေ ကို မကြာခဏ ဖမ်းဆီးနေပါတယ်။

ကန်ဒေါ်လာ ၄၅သန်းချေးယူကာ ကိုရီးယားနိုင်ငံလုပ် ခေတ်မီလေအေးစက်ပါ ရထားတွဲသစ်များဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်သို့ ခွင့်ပြုချက်တောင်းခံ

ကိုရီး ယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (နီင်္ဃုသမနေ) မှ အမေရိကန်ဒေါ်လာ ၄၅ သန်းချေးယူကာ ကိုရီယားနိုင်ငံထုတ် ခေတ်မီလေအေးစက်ပါ ရထားတွဲ သစ်အတွဲ ၁ဝဝကိုဝယ်ယူရန် ရထား ပို့ဆောင်ရေဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးမြင့်သိန်းက ပြည်ထောင်စုလွှတ် တော်သို့ ခွင့်ပြုချက် တောင်း ခံ ခဲ့သည်။

ကမ္ဘာမြေကိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတဲ့ နေမုန်တိုင်း

Photo: ကမ္ဘာမြေကိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတဲ့ နေမုန်တိုင်း
Saturday, September 13, 2014

နေပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် ကမ္ဘာမြေပေါ်မှာအခုရက်ပိုင်းအတွင်း မှာ သာမန်အဆင့်ကနေပြင်းထန်တဲ့အထိ သံလိုက်မုန်တိုင်းဖြစ်ပွားနိုင်
တယ်လို့ သိပ္ပံ ပညာရှင်တွေခန့်မှန်းလိုက်ပါတယ်။ ဖြစ်ပွားလာနိုင်တဲ့သံလိုက်မုန်တိုင်းကြောင့် ရေဒီယိုနဲ့ဂြိုလ်တုဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်ပွားလာနိုင်တယ်လို့သိပ္ပံပညာရှင် တွေကပြောပါတယ်။
 
နေပေါ်မှာဖြစ်ပွားနေတဲ့ မုန်တိုင်းပေါက်ကွဲမှုကြောင့် တစ်ကိုယ်ရေသုံး အီလက်ထရောနစ်ပစ္စည်းတွေမှာ စနစ်ချို့ယွင်းမှုတွေဖြစ်ပေါ်လာဖို့တော့ သိပ်မရှိနိုင်ပေမယ့် ဒီကနေ့နှောင်းပိုင်းနဲ့ စနေနေ့အစောပိုင်းတွေမှာ လှပတဲ့ရောင်စဉ်တန်းတွေကို ကမ္ဘာမြေပေါ်ကနေ တွေ့မြင်နိုင်တယ်လို့လည်း သိရပါတယ်။
 
အဲဒီနေဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ်မှာမထင်မှတ်ထားတဲ့ ထိခိုက်မှုတွေရှိ နိုင်တာကြောင့် ဒီဖြစ်စဉ်ကိုသေသေချာချာစောင့်ကြည့်နေတယ်လို့ သမုဒ္ဒရာနဲ့လေထုဆိုင်ရာ အမျိုးသားအုပ်ချုပ်ရေးအဖွဲ့ လက်အောက်ရှိအာကာသ မိုးလေ၀သ အခြေအနေခန့်မှန်းရေးဆိုင် ရာ ညွှန်ကြားရေး မှူးချုပ် "သောမတ်စ်ဘာဂါ"က ပြောပါတယ်။ဆိုလာမုန်တိုင်းဟာ တနင်္လာနေ့မှာအသေးစား ပေါက်ကွဲမှုလေးတစ်ခုနဲ့စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အကြီးစားပေါက်ကွဲမှုတစ်ခုပါ ဆက်လက်ဖြစ်ပွားခဲ့ တယ်လို့ဆိုပါတယ်။
 
MRTV-4
နေပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် ကမ္ဘာမြေပေါ်မှာအခုရက်ပိုင်းအတွင်း မှာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့ အထိ သံလိုက်မုန်တိုင်းဖြစ်ပွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေခန့်မှန်းလိုက်ပါတယ်။ ဖြစ်ပွားလာ နိုင်တဲ့ သံလိုက်မုန်တိုင်းကြောင့် ရေဒီယိုနဲ့ဂြိုလ်တုဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်ပွားလာနိုင် တယ်လို့သိပ္ပံပညာရှင် တွေကပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ ပူးပေါင်းပါဝင်ရေး NLD နှင့် ကြံ့ခိုင်ရေးပါတီထံ အကြံပြုချက် တောင်းခံမည်

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ ပူးပေါင်း ပါဝင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ထံ သဘောထား အကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။ 

မျက်စိအထူးကုဆေးရုံတွင် ဆေးကုနေသူ အမျိုးသား ဆေးရုံ တံခါးမှန်ချပ်များကို ရိုက်ခွဲ

တာမွေမြို့နယ် နတ်မောက်လမ်းရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီးတွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၅ နာရီခန့်က ဆေးရုံတက်ရောက် ကုသနေသူ အသက် ၃၈ နှစ်အရွယ် မျက်စိဝေဒနာရှင် အမျိုးသားတစ်ဦးက ဆေးရုံရှိ တံခါးမှန်ချပ်များကို ရိုက်ခွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မြစ်ဆုံအနီး တန်ဖရဲကျေးရွာ ဖျက်သိမ်းရေး၊ မသိမ်းရေး ဆန္ဒခံယူ

Photo: မြစ်ဆုံအနီး တန်ဖရဲကျေးရွာ ဖျက်သိမ်းရေး၊ မသိမ်းရေး ဆန္ဒခံယူ
Saturday, September 13, 2014

ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ တန်ဖရဲကျေးရွာအား ဖျက်သိမ်းရေး အပါအဝင် ကျေးရွာအမည် သတ်မှတ်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြးချက်အရ စက်တင်ဘာလ ၁၁ ရက်က အောင်မြင်သာကျေးရွာသားများကို ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြို့နယ်၏ ညွန်ကြားချက်ဖြင့် အောင်မြင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ဦးဆောင်ကျင်းပြီး (၁) တန်ဖရဲကျေးရွာကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ ဟူ၍ သီးသန့်ထားရန်၊ (၂) တန်ဖရဲကျေးရွာကို မူလအတိုင်းထားရှိကာ အောင်မြင်သာကျေးရွာကို တန်ဖရဲကျေးရွာအုပ်စုမှ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန်နှင့် (၃) အောင်မြင်သာကျေးရွာကို နီးစပ်ရာ ကျေးရွာအုပ်စု အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဟူ၍ ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဒေသခံ ဦးတူးခေါင်က မဇ္ဈိမကို ပြောသည်။

“မြို့နယ်ကနေ ညွန်ကြားလိုက်တဲ့ အချက်သုံးချက်ထဲက ရွာသားတွေ အားလုံး သဘောတူတာက တန်ဖရဲရွာကို ဖျက်သိမ်းတယ်ဆိုတာ သဘောမတူဘူး။ အာလမ်တိုက်နယ်မှာ ပါဝင်ဖို့ ပြောတာလဲ မကြိုက်ဘူး။ အောင်မြင်သာ စံပြကျေးရွာဆိုတာက တန်ဖရဲကျေးရွာအုပ်စု ဖြစ်ပြီး တိုးချဲ့ရွာလိုထားမယ်ဆိုတာကို သဘောတူကြတယ်” ဟု ဦးတူးခေါင်က ပြောသည်။

အောင်မြင်သာကျေးရွာကို အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဆိုသော အချက်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ သဘောထားဖြစ်သည်ဟု သိရသည်။ ၎င်းအချက် ၃ ချက်ထဲမှ အချက် (၁) နှင့် (၃) တို့ကို ကန့်ကွက်ခဲ့ကြပြီး အောင်မြင်သာ စံပြကျေးရွာကို တန်ဖရဲကျေးရွာ၏ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန် သဘောခဲ့ကြသည်ဟု သူက ပြောသည်။

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သော ဆန္ဒခံယူမှုတွင် ဒေသခံ ၂၀၀ ခန့်က နှစ်ပေါင်းများစွာ တည်ရှိခဲ့သော အဆိုပါ တန်ဖရဲကျေးရွာအား ဖျက်သိမ်းမှုကို ကန့်ကွက်ကြောင်း အောင်မြင်သာဒေသခံ ဒေါ်ဂျာခေါန်က ပြောသည်။

“ကျွန်မတို့က သဘောမတူဘူး။ တန်ဖရဲရွာက တည်ရှိနေရမယ်။ နှစ်နဲ့ချီရှိခဲ့တဲ့ ဒီနာမည်က တစ်ကမ္ဘာလုံးကလည်း သိနေတဲ့ မြစ်ဆုံဘေးက ရွာဖြစ်လို့ ဒီတန်ဖရဲရွာကို ဘယ်လိုပဲဖြစ်ဖြစ် ဖျက်သိမ်းဖို့သဘောမတူနိုင်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ တန်ဖရဲကျေးရွာသည် ယခုမှ ထွက်ပေါ်လာသော နာမည်မဟုတ်သလို၊ ရှေးယခင်က ဘိုးစဉ်ဘောင်ဆက်ကတည်းက မှည့်ခေါ်လာသော နာမည်ဖြစ်၍ ဖျက်သိမ်းမည့် အစီအစဉ်ကို သဘောမတူဘဲ ကချင်လူထု၏ ဒေသဖြစ်၍ ဝိုင်းဝန်းကာကွယ်ကြရန် ဦးတူးခေါင်က တိုက်တွန်းပြောဆိုသည်။

၂၀၀၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာ၏ အောက်ဘက် (တောင်ဘက်) ၈ မိုင်ကျော် အကွာတွင် အေးရှားဝေါလ်းကုမ္ပဏီက နေအိမ်များတည်ဆောက်ပေးကာ တန်ဖရဲကျေးကျေးရွာ အပါအဝင် ကျေးရွာအများအပြား ရွှေ့ပြောင်းခံခဲ့ရသည်။ ၎င်းကျေးရွာကို အောင်မြင်သာစံပြကျေးရွာအဖြစ် အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က စတင်၍ မဂ္ဂဝပ် ၆,၀၀၀ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများ ကန့်ကွက်ခဲ့သဖြင့် သမ္မတက ရပ်ဆိုင်းခဲ့သည်။

၂၀၁၁ ခုနှစ်ကတည်းက သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်မိုရေးရှင်း (CPI) က ကျေးရွာသားများအား စည်းရုံးခြင်းများ ပြုလုပ်ကာ အစီရင်ခံစာများ ဖြန့်ဝေခဲ့သေးသည်။

ထို့ပြင် အောင်မြင်သာကျေးရွာမှ မြစ်ဆုံရပ်ဆိုင်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ဒေါ်ဂျာခေါန်နှင့် ဒေါ်လုရာတို့ မိသားစုကို CPI ၏ ဆန်ထောက်ပံ့မှုကို ပြီးခဲ့သည့် ဇွန်လကတည်းက ရပ်ဆိုင်းခဲ့သည်။

Mizzima - News in Burmese
ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ တန်ဖရဲကျေးရွာအား ဖျက်သိမ်းရေး အပါအဝင် ကျေးရွာအမည်သတ်မှတ်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြးချက်အရ စက်တင် ဘာလ ၁၁ ရက်က အောင်မြင်သာကျေးရွာသားများကိုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်ဟုဒေသခံများကပြော သည်။

မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ

Photo: မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ
Saturday, September 13, 2014

လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မာလာလာသည် ပါကစ္စတန်တွင် မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေး ဆော်ဩလှုပ်ရှားမှုကြောင့် တာလီဘန်တို့၏ အငြှိုးထားမှုကို ခံရပြီး (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက လုပ်ကြံခြင်း ခံရသည်။ သူမသည် ဦးခေါင်းတွင် သေနတ် ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဗြိတိန်တွင် ဆေးကုသမှု ခံယူကာ အပြည့်အဝ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ဆွက်တောင်ကြား ဒေသတွင် မာလာလာကို တာလီဘန် တပ်ဖွဲ့ဝင် သေနတ်သမားတစ်ဦးက ကျောင်းကားပေါ်ထိ တက်လာကာ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်တွင် မာလာလာအပြင် နောက်ထပ် ကျောင်းသူကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တာလီဘန်တို့၏ ရက်စက်မှုအပေါ် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ပြီး မာလာလာသည်လည်း ကမ္ဘာကျော်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမည်ဟုပင် အလေးအနက် ရေပန်းစားခဲ့ဖူးသည်။

ယခုအခါ ပါကစ္စတန် စစ်တပ်က မာလာလာကို လုပ်ကြံရန် အကွက်ချ စီမံခဲ့သည့် အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့သည်။ “မာလာလာကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်လုံးကို ဖမ်းမိထားပါတယ်”ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး အေဆင်မ် ဘက်ဂ်ျဝါးက ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်သည် တာလီဘန်တို့၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ရှူရာအမည်ရှိ အဖွဲ့ငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် လူ(၁၀)ဦး ပါဝင်ပြီး မာလာလာကို လုပ်ကြံမှုတွင် အဓိက လှုပ်ရှားခဲ့ကြကြောင်း ကြေညာသည်။

ပါကစ္စတန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့များ ပူးပေါင်းကာ ရှူရာအဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မကြာမီ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတွင် စွဲချက်တင်သွားမည်ဟုလည်း သိရှိရသည်။ ပါကစ္စတန် စစ်တပ်၏ ကြေညာချက်တွင် မာလာလာကို သေနတ်ဖြင့် ပစ်ခတ်သူဟု ယခင်က စွပ်စွဲခံရသည့် အသက်(၂၃)နှစ်အရွယ် တာလီဘန် တပ်ဖွဲ့ဝင် အေတူလာခန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိခဲ့ချေ။

ဗိုလ်ချုပ် ဘက်ဂ်ျဝါးက မိမိတို့ ဖမ်းဆီးရမိထားသူများသည် ပါကစ္စတန် တာလီဘန်တပ်ဖွဲ့ အကြီးအကဲ မာလာ ဖက်ဇ်လူလာ၏ တိုက်ရိုက် အမိန့်အောက်တွင် လှုပ်ရှားနေသူများဟု ဆိုသည်။ မာလာလာသည် လုပ်ကြံမှုနှင့် ကြုံတွေ့စဉ်က အသက်(၁၅)နှစ်သာ ရှိသေးသည်။ သူမသည် တာလီဘန်တို့ ထိန်းချုပ်ခံထားရသည့် ကျေးရွာများတွင် နိမ့်ကျသော လူနေမှုဘဝများ ဖြတ်သန်း ကြုံကြိုက်ရပုံ ကိုယ်ရေးမှတ်တမ်း တစ်စောင်ကို ရေးသားခဲ့ရာမှ (၂၀၀၉)ခုနှစ်တွင် စတင် လူသိများလာခဲ့သည်။

သူမသည် လတ်တလောတွင် ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေထိုင်လျက်ရှိပြီး တာလီဘန်တို့၏ သူမနှင့် မိသားစုကို ခြိမ်းခြောက်နေခြင်းကြောင့် ပါကစ္စတန်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

BBC
လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်
Saturday, September 13, 2014

ထိုင်းစစ်အစိုးရသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် အိမ် နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

ပရာယွတ်သည် မြန်မာနိုင်ငံသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ယခုလမကုန်မီ သို့မဟုတ် အောက်တိုဘာအစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောကြားသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သဖြင့် သွားရောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒွန်ကပြောကြားသည်။ ပရာယွတ်သည် မြန်မာနိုင်ငံပြီးနောက် မလေးရှားနှင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။

စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံ အသိုင်းအ၀ိုင်း၏ ဖယ်ကြဉ်ခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ အာဏာရပြီးကတည်းက ပြုပြင်ပြောင်းလဲမှုများအတွက် ချီးကျူးခံနေရသည်။ ထိုစဉ် ထိုင်းအာဏာသိမ်းစစ်အစိုးရသည် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ယင်းက အိမ်နီးချင်းအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းစစ်အစိုးရအား စေ့ဆော်နေသည်။

ပြီးခဲ့သည့်ဇူလိုင်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘန်ကောက်သို့သွားရောက်စဉ် ထိုင်းစစ်တပ်က မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရရှိကြောင်း ကြေညာခဲ့သည်။ မေ ၂၂ ရက် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ထိုင်းစစ်အစိုးရက ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ မီဒီယာများကို ဖိနှိပ်ခြင်းနှင့် မာရှယ်လောချိုးဖောက်သူများကို စစ်ခုံရုံးတင်ရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နိုင်ငံတွင်းသဘောထားကွဲလွဲမှုများကို လျှော့ချနေသည်။

ပြီးခဲ့သည့်မေလက ပထမအကြိမ်အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်တိုင်ပြီဖြစ်သော်လည်း ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းများနှင့် ထိုစဉ်က စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမှုတို့ကြောင့် ၂၀၀၆ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

ထိုင်းတွင် ယင်လက်အစိုးရကို လအတန်ကြာ ဆန္ဒပြမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရခဲ့ပြီးနောက် ၎င်းသည် အာဏာရယူရန် ဖိအားပေးခံခဲ့ရသည်ဟု ပရာယွတ်က ပြောကြားထားသည်။ ဒီမိုကရေစီသို့ပြန်လှည့်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းပန်နေသော်လည်း ၂၀၁၅ ခုနှစ်အောက်တိုဘာမတိုင်မီ ရွေးကောက်ပွဲမပြုလုပ်ဟု ပရာယွတ်က ကြေညာထားသည်။ မြန်မာနိုင်ငံကလည်း ရှေ့နှစ်တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။

Ref:AFP
Eleven Media Group 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၄ ရက်က ဘန်ကောက်၌ တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၄ ရက်က ဘန်ကောက်၌ တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
ထိုင်းစစ်အစိုးရသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် အိမ် နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူး ရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းကို ကိုယ်တိုင်သုံးကြိမ် ရှာဖွေခဲ့သော်လည်း သင်္ဘောပျက်ကိုသာ နှစ်ကြိမ်တွေ့ရှိဟု ရေငုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူ အသက် ၆၆ နှစ်ကျော် အရွယ်ရှိသော ဓမ္မစေတီခေါင်းလောင်း ရေငုပ်အဖွဲ့ခေါင်းဆောင် အဘဦးသန်းညွန့် (ခေါ်) ဦးညွန့်အား ထိုခေါင်းလောင်းကို စတင်ရှာဖွေရန် ဦးစံလင်းက ၁၉၉၇ ခုနှစ်မှစကာ ရေငုပ်သမားအဖြစ် စတင် အသုံးပြုခဲ့ သည်မှာ ယခုအကြိမ်အပါအဝင် သုံးကြိမ်တိုင် ရှိပြီဖြစ်ပြီး ရှာဖွေစဉ် ကာလတစ်လျှောက်အတွင်း ခိုင်မာ သော အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိဘဲ သင်္ဘောပျက်ကိုသာ နှစ်ကြိမ်တွေ့ရှိခဲ့ရ ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေ သည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

Photo: သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေ သည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး
Saturday, September 13, 2014

သင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ ဇဋိလလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ ဓာတ်တိုင်အနီးတွင်ဖြစ်ပြီး ယင်းနေ့ ည ၈ နာရီခွဲခန့်က အဆိုပါဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားကာ အနီးတွင်ရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ဝ နှစ်အရွယ် ကလေးတို့ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

ဖြစ်စဉ်အနီးတွင် ရှိနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမျိုးလွင်က “ဖြစ်တဲ့အချိန်က မိုးလည်းရွာနေတယ်။ သေသွားတဲ့ကလေးမလေးတွေက အခွေငှားပြီးပြန်လာလို့ မိုးရွာနေတော့ အဲဒီဓာတ်တိုင်နားမှာရှိတဲ့ ကားမှတ်တိုင်နားမှာ မိုးခိုရင်းထိုင်နေတာ။ ဓာတ်တိုင်က မီးပန်းတွေပွင့်ပြီး တဖြောင်းဖြောင်းနဲ့ဆိုတော့ သူတို့လည်း လန့်ပြီးထွက်ပြေးရင်း လမ်းပေါ်မှာတင် ဓာတ်လိုက်သေရှာတာပါပဲ။ ဓာတ်ကြိုးက ပြတ်ကျတာဟုတ်ဘူး။ လမ်းပေါ်မှာ ရေတွေကစီးနေတော့ ဓာတ်တိုင်က လျှပ်စစ်စီးဝင်တယ်လို့ပဲ ထင်ရတယ်။ မီးပြတ်သွားလို့ တော်သေးတယ်။ နို့မို့ ဒီမှာရှိတဲ့လူတွေက ဘုမသိဘမသိနဲ့ ရေထဲဖြတ်လျှောက်မိရင် သေကုန်မှာ” ဟု The Daily Eleven သတင်းစာသို့ အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။

ထိုကဲ့သို့ ရှော့ဖြစ်ခဲ့သည့်ဓာတ်တိုင်မှာ ယခင်ကလည်း မကြာခဏဆိုသလို ရှော့ဖြစ်လေ့ရှိပြီး ထိုကဲ့သို့ လျှပ်စစ်အန္တရာယ်များ ရှိနေသဖြင့် နေထိုင်သွားလာရသည်မှာ မလုံခြုံတော့သကဲ့သို့ ခံစားရကြောင်း အဆိုပါ ရပ်ကွက်ရှိ ပြည်သူများက ပြောကြားကြသည်။

ရပ်ကွက်နေသူတစ်ဦးက “လျှပ်စစ်ဝန်ကြီးဌာနကို ပြောချင်တာက ဒီလိုစုတ်ပြတ်နေတဲ့ ဓာတ်ကြိုးတွေကို အသစ်ပြန်လဲပေးပါလို့ ပြောချင်တယ်။ အခုနောက်ပိုင်း သတင်းစာတွေထဲမှာလည်း ဖတ်နေရတယ်။ လမ်းသွားရင်း၊ ဈေးဝယ်ရင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျပြီးသေတဲ့ ဖြစ်စဉ်တွေ များလာပြီ။ ကိုယ်တွေလည်း ဒီလိုဘယ်အချိန်ဖြစ်မလဲ ဆိုတာ မပြောတတ်တော့ဘူး။ လမ်းပေါ်မှာ သွားလာရတာ အသက်အန္တရာယ် မလုံခြုံတော့ဘူး ခံစားရတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ ဓာတ်ကြိုးက ပြတ်မကျဘဲဘာလို့ လျှပ်စစ်စီးဝင်ရတာလဲဆိုတာ အခုစစ်ဆေးမှ သိရမှာပါ။ လောလောဆယ်တော့ မပြောနိုင်သေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် အသက်သေဆုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး၏ အစ်မဖြစ်သူက “ကျွန်မညီမလေးပါ။ ညနေက အခွေသွားအပ်မယ်ဆိုပြီး ထွက်သွားပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပဲ။ သူနဲ့အတူ သေဆုံးသွားတဲ့ ကလေးမလေးကလည်း အိမ်နားက။ အတူတူ အဖော်လိုက်သွားတာ။ နှစ်တန်းတက်နေတာ။ အသက်က ၁ဝ နှစ်ပဲ ရှိသေးတယ်” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများကြောင့် ဓာတ်လိုက်ကာ လူရှစ်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။

Eleven Media Group 

လူနှစ်ဦးဓာတ်လိုက် သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာကို စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လူနှစ်ဦးဓာတ်လိုက် သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာကို စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
သင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ် စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဓာတ်လိုက် သေဆုံး ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်မည်

စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိကို ပြည်ထောင်စုငြိမ်း ချမ်းရေး သတင်းပတ်အဖြစ် သတ်မှတ်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သော တိုင်း နှင့်ပြည် နယ် များမှ လူငယ်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ လက်တွဲလုပ်ဆောင်နိုင်ရေး ဆွေးနွေးပွဲမှ သိရသည်။

နိုင်ငံတော်သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ၀န်ကြီးဌာန၀န်ကြီး မစ္စတာဝမ်ကျားလွေ့တို့သည် စက်တင် ဘာ ၁၂ ရက် နံနက် ၁၁ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်း မ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက် အရ သိရသည်။

NBF မှ စီစဉ်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ရန်ကုန်မြို့၌ ယနေ့အကြိုညှိနှိုင်းဆွေးနွေးမည်

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ စီစဉ်သော နိုင်ငံရေး ဆွေးနွေး ပွဲမူဘောင်နှင့် ပတ်သက် ၍ နိုင်ငံရေးပါတီများ အကြိုညှိနှိုင်းဆွေးနွေး ပွဲအား စက်တင်ဘာ ၁၃ ရက် (ယနေ့)တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်း ရှိ GreenHill ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမန်လက်မှတ်များ တရားမ၀င် ထုတ်ပေးထားသဖြင့် အငြင်းပွားကာ နိုင်ငံသားစိစစ်မှုရပ်နားထားရ

ရခိုင်ပြည်နယ်၊ မြေပုံဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်လျက်ရှိပြီး ကမန်တိုင်း ရင်းသားများကို စစ်ဆေးမှုတွင် တရားမ၀င် ထုတ်ပေးထားသော ကတ်များတွေ့ရှိပြီး စိစစ်ခံမခံ အငြင်း ပွားကာ စိစစ်ခြင်းကို ခေတ္တရပ်နားထားသည်ဟု မြို့နယ်အဆင့် နိုင်ငံသားစိစစ်မှုအဖွဲ့ဝင် ဦးမောင်ရေချမ်းက စက်တင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

ငှားရမ်းခရရှိသူသာ ၀င်ငွေခွန်ဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက် ခံ ရန် မဟုတ်ဟု ပြည်တွင်းအခွန်ထုတ်ပြန်

Photo: ငှားရမ်းခရရှိသူသာ ၀င်ငွေခွန်ဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက် ခံ ရန် မဟုတ်ဟု ပြည်တွင်းအခွန်ထုတ်ပြန်
Saturday, September 13, 2014

 နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေရရှိသူကသာ ထမ်းဆောင်ရမည့်အခွန် ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တိုက်ခန်းများကို တွေ့ရစဉ်။ ငှားရမ်းခမှ ရရှိသော ဝင်ငွေအခွန် စည်းကြပ်ခြင်းသည် အိမ်ရှင်များထက် အိမ်ငှားများကသာ ပိုမိုဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုသည်။  

နေအိမ်၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေခွန် (တိုက်ရိုက်ခွန်) အမျိုးအစားဖြစ်ပြီး နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ ရရှိသူ(အိမ်ပိုင်ရှင်)သာလျှင် ထမ်းဆောင်ရမည့် အခွန်အမျိုးအစား ဖြစ်သည်။ 

မြေ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ၀င်ငွေအပါအ၀င် လစာဝင်ငွေ၊ လစာဖြင့် မဟုတ်ဘဲ မိမိကျွမ်းကျင် သည့် ပညာရပ်များဖြင့် ရရှိသည့်ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ၀င်ငွေ၊ ၀င်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော စည်းကြပ်မှုလွတ်ကင်းနေသော ၀င်ငွေ၊ အခြားရလမ်းမှ ၀င်ငွေတို့သည် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခံစားနိုင်ပြီး ဥပဒေပါပြဋ္ဌာန်းချက် အရ လည်း အခွန်နှုန်းထားများအတိုင်း ၀င်ငွေခွန်ထမ်း ဆောင်ရန်လိုသည်ဟု ဖော်ပြထားသည်။

အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ ကြီးမြင့်လျက်ရှိသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှုနည်းပါးလျက်ရှိပြီး အခွန်ရုံးများ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းကာ အခွန်စိစစ်စည်းကြပ်ရန် ဇူလိုင်လမှ စတင်ဆောင်ရွက်နေသည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အိမ်ခြံမြေငှားရမ်းခမှ ရရှိသည့်ဝင်ငွေကို စည်းကြပ်ကောက်ခံခြင်းသည် ငှားရမ်းခများ ပိုမိုမြင့်တက်လာနိုင် ကာ ကျသင့်မည့် အခွန်ကို ငှားရမ်းသူအား ထမ်းဆောင်စေခြင်းတို့သာ ဈေးကွက်အတွင်း၌ ဖြစ်ပေါ်လာနိုင်ပြီး ငှားရမ်းသူများကိုသာ ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ခဲ့သည် ။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အိမ်ခြံ မြေငှားရမ်းမှုများမှ ၀င်ငွေရရှိသူများကို အခွန်ရုံးများသို့ ဆက်သွယ် ရန် ဇွန်လအတွင်း စတင်နှိုးဆော်ခဲ့ပြီး မြန်မာကျပ်ငွေဖြင့် ငှားရမ်းသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံများအပြင် နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အဆောက်အအုံများလည်း ပါဝင်သည်။

Mizzima - News in Burmese
 နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေရရှိသူကသာ ထမ်းဆောင်ရမည့်အခွန် ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာထားသည်။

သတ္တုလုပ်ငန်းသုံး ကားများ အသုံးမပြုနိုင်ရန် ဘော်ဆိုင်းဒေသခံတို့ ရွာလယ်လမ်းပိတ်ထား

ခဲသတ္တု တူးဖော်ရေး ကုမ္ပဏီတို့၏ လုပ်ငန်းသုံးကားများ သွားလာခြင်းကြောင့် ဘော်ဆိုင်းကျေးရွာအုပ်စု တံတားကန် ကျေးရွာအတွင်းရှိ သောက်သုံးရေကန် ပျက်စီးစေသဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ဒေသခံ တို့က လမ်းကိုပိတ်ဆို့ထားလိုက်သည်ဟု ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

ကျင့်ဝတ် မလိုက်နာသည့် အင်ဂျင်နီယာများကို အရေးယူမည်

အင်ဂျင်နီယာကောင်စီ ဥပဒေအရ အဆောက်အအုံများ တာဝန်ယူဆောက်လုပ် ရသည့် အင်ဂျင်နီယာများ ကျင့်ဝတ် မလိုက်နာလျှင် အင်ဂျင်နီယာကောင်စီမှ ထိထိရောက်ရောက် အရေးယူမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားလိုက်သည်။

စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင်သုံးသော ဆေးဝါးများနှင့် အယ်လ်ဇိုင်မားရောဂါကြားဆက်နွယ်မှုရှိ

မွန်ထရီယယ်လ်−ဇရာကြိုရောဂါ (အယ်လ်ဇိုင်းမား) ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများခြင်းနှင့် စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင်သုံးသော လူသိများသည့် ဆေးဝါးတစ်မျိုးဖြစ်သည့် ဘန်ဇိုဒီယာဇီဖိန်း ဆေးကြား ဆက်သွယ်မှုရှိကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်များအရေး အစိုးရဆောင်ရွက်မှု လက်တွေ့နှင့် ကင်းကွာဟု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

Photo: ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်များအရေး အစိုးရဆောင်ရွက်မှု လက်တွေ့နှင့် ကင်းကွာဟု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်
Saturday, September 13, 2014

မြန်မာနိုင်ငံမှ ထွက်ခွာ သွားသည့် ရွှေ့ပြောင်းလုပ်သား များနှင့် ဒုက္ခသည်များ အရေးအ တွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အ လုပ်သမားဝန်ကြီးဌာနနှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့၏ ဆောင် ရွက်ချက်များသည် လက်တွေ့နှင့် ကင်းကွာနေပြီး လုံလောက်မှု မရှိ ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်း နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း များ၌ ရောက်ရှိနေသော မြန်မာ တိုင်းရင်းသားများအား ပြည်တွင်း ၌ ပြန်လည်နေရာချထားရန် ဆောင်ရွက်နေသော အခြေအနေ များကို အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့က လာရောက် ရှင်းလင်းခဲ့ရာတွင် ယခင်ထက် တိုးတက်မှု အနည်းငယ်ရှိနေ သော်လည်း လုံလောက်မှုမရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ပြည်ပရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်နေပြီး ထားဝယ်စီးပွားရေးဇုန်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်များ တည်ဆောက်တော့မည်ဖြစ်သောကြောင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ပြည်ပကုမ္ပဏီများနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ စီစဉ်ထားပြီးဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့်လည်း ထိုင်းနိုင်ငံတွင် တ ရားမ၀င် မြန်မာရွှေ့ပြောင်းလုပ် သား ၁၈ သိန်းကျော်အား နိုင်ငံကူး လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီး မ လေးရှားနိုင်ငံတွင် ရွှေ့ပြောင်း လုပ်သား တစ်သိန်းခွဲခန့်အား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနိုင် ခဲ့သည်ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ် ကျော်ဇံမြင့်က ပြောကြား သွားသည်။

သို့သော် ‘‘၀န်ကြီးဌာနသုံးခု ရဲ့ ဆောင်ရွက်ချက်တွေက လက် တွေ့မှာ အများကြီးအားနည်းနေ တာကို တွေ့ရပါတယ်’’ ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

‘‘ဒီနိုင်ငံမှာ အလုပ်လုံ လောက်စွာ မရှိဘူး။ နောက် လုံ ခြုံရေး လုံလောက်စွာမရှိဘူး။ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူး။ လူမှု ရေး ဖူလုံမှုမရှိဘူး။ အဲဒါကြောင့်မို့ နိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ များတယ်။ ဒုက္ခသည်တွေများ တယ်။ အဲဒါတွေအားလုံး ဖြေရှင်း ဖို့ ဆိုတာကတော့ ခပ်တိုတိုနဲ့ လည်း ရမှာမဟုတ်ဘူး။ အစိုးရ တစ်ဖက်တည်းကလည်း လုပ်လို့ ရမှာမဟုတ်ဘူး။ တစ်တိုင်းပြည် လုံးက ပါဝင်ဖို့ဆိုတာက ပါဝင်ပိုင် ခွင့်လည်း ရှိရမှာပဲ’’ ဟု ရွှေ့ ပြောင်းလုပ်သားများအရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။

ဒုက္ခသည်စခန်းများမှ သိရှိရ သော စာရင်းများနှင့် နိုင်ငံတကာ အဖွဲ့များ၏ ခန့်မှန်းချက်များအရ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခ သည်များ ၁၀ သန်းခန့်အထိ ရှိနေ နိုင်သည်ဟု ရှမ်းပြည်နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းဝါနုက ဆိုသည်။

နိုင်ငံမှ ထွက်ခွာသွားသူများ သည် ပြည်တွင်းစစ်နှင့် ဖြတ်လေး ဖြတ်စနစ်ကြောင့် လယ်မြေများ၊ အိမ်များကို စွန့်ပစ်သွားရသူများ ပါဝင်သဖြင့် ရွာများ ပြန်လည် တည်ဆောက်ရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်ရန် ဖန်တီးပေးခြင်းနှင့် တ ရားဥပဒေအရ အကာအကွယ်ရှိမှ သာ ပြန်လာနိုင်မည်ဖြစ်ကြောင်း ဒေါ်နန်းဝါနုက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းသည် အကောင်အ ထည်မပေါ်သေးသော စီမံကိန်း ဖြစ်သည့်အတွက် ၀န်ကြီးဌာနများ ၏ တင်ပြချက်များသည် လက် တွေ့နှင့် အလွန်ကွာခြားနေသည် ဟု လောင်းလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်စိုးကလည်း ပြောသည်။

ဝန်ကြီးဌာနသုံးခု၏ တင်ပြ ချက်များကို လွှတ်တော်ကိုယ်စား လှယ်များက ဝေဖန်ခဲ့ကြသော် လည်း လာရောက်ရှင်းလင်းသည့် အစီအစဉ်သာဖြစ်သည့်အတွက် ၀န်ကြီးများ၏ တင်ပြချက်များနှင့် ကိုယ်စားလှယ်များ၏ ဝေဖန်ချက် များကို လွှတ်တော်က မှတ်တမ်း တင်ထားရှိရန်သာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ဆုံးဖြတ်လိုက်သည်။

7Day DAILY 

ထိုင်းစစ်အစိုးရလက်ထက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား များကို ၎င်းတို့၏မူဝါဒနှင့်လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းပြနေစဉ်
ထိုင်းစစ်အစိုးရလက်ထက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား များကို ၎င်းတို့၏ မူဝါဒနှင့်လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းပြနေစဉ်
မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ရွှေ့ပြောင်းလုပ်သား များနှင့် ဒုက္ခသည်များ အရေးအ တွက် ပြည်ထဲရေး ၀န်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့၏ ဆောင်ရွက်ချက်များသည် လက်တွေ့နှင့် ကင်းကွာနေပြီး လုံလောက်မှု မရှိ ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

Pinocchio ဇာတ်လမ်းတွဲမှာပတ်ရှင်ဟီးနဲ့ ပူးတွဲသရုပ်ဆောင်မယ့် လီဂျောင်ဆော့

Photo: Pinocchio ဇာတ်လမ်းတွဲမှာပတ်ရှင်ဟီးနဲ့ ပူးတွဲသရုပ်ဆောင်မယ့် လီဂျောင်ဆော့
Saturday, September 13, 2014

တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဂျောင်ဆော့ သည် SBS ရုပ်သံ လိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲသစ် Pinocchio ၌ ပါဝင်သရုပ်ဆောင် မည်ဟု  အ တည်ပြုလိုက်သည်။

လီဂျောင်ဆော့သည် ယခု နှစ် နိုဝင်ဘာတွင် ထုတ်လွှင့်ပြသ မည့် Pinocchio ဇာတ်လမ်းတွဲ၌ ချွဲဒယ်ပိုအမည်ရ လူငယ်သတင်း ထောက်တစ်ဦးအဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။ လူငယ်သ တင်းထောက်များ၏ ဇာတ်လမ်း ကို ရိုက်ကူးတင်ဆက်မည့် Pin-occhio ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်မင်းသမီးပတ်ရှင်ဟီးလည်းပါဝင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြုထားသည်။

Pinocchio ဇာတ်လမ်းတွဲ၌ လီဂျောင်ဆော့ပါဝင်မည့်သတင်း ကို SBS ရုပ်သံလိုင်းမှ တာဝန်ရှိ သူတစ်ဦးနှင့် လီဂျောင်ဆော့၏ အေဂျင်စီတို့က စက်တင်ဘာ ၁၂ ရက်တွင် အတည်ပြုပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် နာမည် ကျော်ကြားလူကြိုက်များခဲ့သော I Can Hear Your Voice ဒရာ မာဇာတ်လမ်းတွဲကို တင်ဆက်ခဲ့ သည့် ဒါရိုက်တာနှင့် စာရေးဆရာ တို့က Pinocchio ဇာတ်လမ်းတွဲ ကို ပူးပေါင်းတင်ဆက်မည်ဖြစ် သည်။

လီဂျောင်ဆော့သည် I Can Hear Your Voice ဇာတ်လမ်းတွဲ ဖြင့် သရုပ်ဆောင် ထူးချွန်ဆု ကိုးဆု ရရှိပြီး အလွန်နာမည် ကျော်ကြားလာသူဖြစ်သည်။

Ref: Soompi
7Day DAILY
တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဂျောင်ဆော့ သည် SBS ရုပ်သံ လိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲ သစ် Pinocchio ၌ ပါဝင်သရုပ်ဆောင် မည်ဟု  အ တည်ပြုလိုက်သည်။

ဒဏ်ရာရကစားသမားများ ရှိသော်လည်း နေပြည်တော်ကို အနိုင်ကစားမည်ဟု ရတနာပုံနည်းပြချုပ်ပြော

 နေပြည်တော်အသင်းနှင့်ပွဲတွင် အသင်း၏အဓိက ကစားသမားများ ဒဏ်ရာရရှိနေ သော်လည်း အနိုင်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရတနာပုံအသင်းနည်းပြချုပ် ဦးခင်မောင်တင့်က ပြောသည်။

အိမ်ရှင်ပရိသတ်များ၏ အားပေးမှုကို အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာနည်းပြများဆို

Photo: အိမ်ရှင်ပရိသတ်များ၏ အားပေးမှုကို အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာနည်းပြများဆို
Saturday, September 13, 2014

အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြ သည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာ အသင်းနည်းပြများက ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ရှိ ပရိသတ်လေးသောင်းဝင်သည့် မိုင်းဒင်းအားကစားကွင်း၌ စက်တင်ဘာ ၁၁ ရက်ညပိုင်းက ကျင်းပခဲ့သည့် ယင်းပွဲတွင် အိမ်ရှင်ဗီယက်နမ်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး မိနစ် ၉၀ ကြာမရပ်မနား အားပေးမှုများက ၎င်းကို အံ့သြစေခဲ့ရကြောင်း ဗီယက်နမ်ယူ-၁၉ အသင်းနည်းပြ ဂွီလမ်မီဂရေချမ် က ပြောသည်။

ပြင်သစ်နိုင်ငံသား နည်းပြက ပြင်သစ်နိုင်ငံရှိ လူငယ်ဘောလုံးပွဲစဉ်များတွင်ပင် အဆိုပါပရိ သတ်အရေအတွက်ကို မမြင်ဖူး ကြောင်းဆိုခဲ့ပြီး ရရှိသည့် အခွင့် အရေးများကို ဂိုးအဖြစ် ပြောင်း လဲနိုင်ခဲ့သည့် ဗီယက်နမ်ကစား သမားများကိုလည်း ချီးကျူးခဲ့ သည်။

အဆိုပါပွဲတွင် အိမ်ရှင် ဗီယက်နမ်ယူ-၁၉ အသင်းသည် မြန်မာယူ-၁၉ အသင်းကို (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ လွန်ခဲ့သော ရက်ပေါင်း ၂၀ သြ ဂုတ် ၂၃ ရက်က ဘရူနိုင်းဘုရင့် ဖလားဗိုလ်လုပွဲတွင် မြန်မာအ သင်းကို ရှုံးနိမ့်ခဲ့သော ရှုံးကြွေး အား အိမ်ကွင်း၌ ပြန်ဆပ်ခဲ့သည်။မြန်မာယူ-၁၉ နည်းပြ ဂတ် ဖရိုင်းဒရစ်ကလည်း ပရိသတ်များ ၏ အားပေးမှုကို ချီးကျူးခဲ့ပြီး ကွင်းလုံးပြည့်တစ်ခဲနက်လာရောက် အားပေးခဲ့ကြသည့် အိမ်ရှင်ပရိ သတ်များ၏ ဖိအားအောက်တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသ မားများကို လေးစားကြောင်းဆို သည်။

ပြိုင်ပွဲ၏ တတိယလုပွဲအ ဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ သည် စက်တင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်အ သင်းတို့သည် မြန်မာစံတော်ချိန် ၆ နာရီခွဲတွင်လည်းကောင်း ယှဉ် ပြိုင်ကစားကြမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် တွေ့ဆုံစဉ်က မြန် မာအသင်းက ထိုင်းအသင်းကို (၂-၁) ဂိုးဖြင့်လည်းကောင်း၊ ဂျပန်အသင်းက ဗီယက်နမ်အ သင်းကို (၃-၂)ဂိုးဖြင့် လည်း ကောင်း အနိုင်ရရှိထားသည်။

7Day DAILY 

ဗီယက်နမ် ယူ-၁၉ အသင်းကို အားပေးနေသော ဗီယက်နမ်ပရိသတ်များ (ဓာတ်ပုံ - LUONG THAI LINH/EPA)
ဗီယက်နမ် ယူ-၁၉ အသင်းကို အားပေးနေသော ဗီယက်နမ်ပရိသတ်များ (ဓာတ်ပုံ - LUONG THAI LINH/EPA)
အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဗီယက်နမ်နှင့် မြန်မာ အသင်းနည်းပြများက ပြောကြား ခဲ့သည်။

Video Call ခေါ်ဆိုနိုင်သော Viber မိုဘိုင်း ဗားရှင်းသစ်စတင်အသုံးပြုနိုင်

Photo: Video Call ခေါ်ဆိုနိုင်သော Viber မိုဘိုင်း ဗားရှင်းသစ်စတင်အသုံးပြုနိုင်
Saturday, September 13, 2014

 Viber မိုဘိုင်းအက်ပလီကေးရှင်းတွင် Video Call ခေါ်ဆိုမှုကို အသစ်ထုတ်လုပ် လိုက်သည့် Viber ဗားရှင်း 5.0 တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘အခုဆိုရင် Viber ကိုသုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့မိုဘိုင်းဖုန်းမှာသာမကဘဲ PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်းသုံးနိုင်ပြီဖြစ်တာကြောင့် သုံးစွဲသူတွေ အတွက် အဆင်ပြေဆုံးဖြစ်စေမှာပါ’’ဟု Viber ၏ CEO ဖြစ်သူ Talmon Marco က ပြောကြားခဲ့သည်။

အင်တာနက် ကွန်နက်ရှင်ရှိရုံဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့်SMS ပေးပို့ခြင်းတို့ကို အခမဲ့ပြုလုပ်နိုင်သည့် Viber မိုဘိုင်းအက်ပလီကေးရှင်း၏ ဗားရှင်းအသစ် 5.0 တွင် ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက မိတ်ဆွေများ၏ Viber နံပါတ်ကိုရိုက်ထည့်ခြင်း QR code နှင့် Scan ဖတ်ခြင်းတို့ပြုလုပ်ပြီး Contacts များကို အလွယ်တကူစီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်းပါဝင်သည်။

အသစ်ထုတ်လုပ်လိုက်သည့် ဗားရှင်းအသစ်တွင် iOSသုံးစွဲသူများအနေဖြင့် sticker packs လေးများကို on/offလုပ်နိုင်ကာ reorder လည်းလုပ်နိုင်ပြီး photo message များကို အလွယ်တကူ forward လုပ်နိုင်သည့် လုပ်ဆောင်ချက်အသစ်များထည့်သွင်းပေးထားကြောင်း သိရသည်။

ထို့အပြင် Android အသုံးပြုသူများအတွက် အသုံးပြုရလွယ်ကူစေရန် ဒီဇိုင်းပိုင်းကို အသစ်ပြန်လည်ရေးဆွဲထားကြောင်း သိရသည်။

Viber သည် မြန်မာနိုင်ငံ၌ လူသုံးအများဆုံးအွန်လိုင်းမှတစ် ဆင့် Message ပို့ပေးနိုင်သည့် အက်ပလီကေးရှင်း တစ်ခုဖြစ် ပြီး အသုံးပြုသူပေါင်း ငါးသန်းကျော်ရှိကြောင်း သတင်းထုတ် ပြန်ထားသည်။

လက်ရှိတွင် Viber မိုဘိုင်း အက်ပလီကေးရှင်းကို နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှမှတ်ပုံတင်ထားသူ သန်း ၆၈၀ ရှိပြီး ပုံမှန်အသုံးပြုသူသန်းလေးရာကျော် ရှိကြောင်း သတင်းရရှိသည်။

7Day DAILY
 Viber မိုဘိုင်းအက်ပလီကေးရှင်းတွင် Video Call ခေါ်ဆိုမှုကို အသစ်ထုတ်လုပ် လိုက်သည့် Viber ဗားရှင်း 5.0 တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူမှုအဖွဲ့အစည်းများက အချက်ငါးချက်ပါ ကြေညာချက်ထုတ်မည်

Photo: အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူမှုအဖွဲ့အစည်းများက အချက်ငါးချက် ပါ ကြေညာချက်ထုတ်မည်
Saturday, September 13, 2014

 လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ရန် ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်သွားရန် အပါ အဝင် အချက်ငါးချက်ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံးမှ လူမှုအဖွဲ့အစည်း များ၊ လူငယ်ကွန်ရက်များက ပူး ပေါင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော တိုင်းနှင့် ပြည်နယ် အသီးသီးမှ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ လူ ငယ်ကွန်ရက်များ ပါဝင်သော အ ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ (စက်တင်ဘာ ၂၁ ရက်)အထိကို ပြည်ထောင်စုငြိမ်း ချမ်းရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ လှုပ်ရှားမှုများကို နိုင်ငံတစ် ဝန်း ပြုလုပ်သွားကြမည်ဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အ စိုးရက တာဝန်ယူဖြေရှင်းဆောင် ရွက်ရန်၊ ပင်လုံစိတ်ဓာတ်ကို အ ခြေခံ၍ အင်အားစုအားလုံးပါဝင် သော နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရန်၊ ဒီမိုကရက်တစ် ဖက် ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အပါအဝင် အချက် ငါးချက်ကိုလည်း အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၁၂ ရက် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုများ ပြု လုပ်ရာတွင် ‘‘တစ်နိုင်ငံလုံး အ မုန်းများရပ်’’၊ ‘‘အားလုံးတန်းတူ လက်တွဲလို့ ဖက်ဒရယ် ပြည် ထောင်စုစနစ် တည်ဆောက်စို့’’ ဟူသည့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားဆောင်ရွက်သွားကြမည် ဟု အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်များက ပြော သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ငြိမ်းချမ်းရေးသီချင်း သီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လက်ကမ်းစာ စောင် ဖြန့်ဝေခြင်း၊ သရုပ်ဖော် ကကွက်များကပြခြင်း၊ လမ်းလျှောက်ချီတက်ခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အ တွင်းမှစ၍ ငြိမ်းချမ်းရေးလှုပ်ရှား မှုများကို ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ နှစ်စဉ် ဆောင်ရွက်ခဲ့ကြသည်။

7Day DAILY

၂၀၁၃တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေး ချစ်မြတ်နိုးသောပြည်သူများက စစ်ပွဲများ အမြန်ရပ်ရန် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
၂၀၁၃တွင်ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးချစ်မြတ်နိုးသော ပြည်သူ များက စစ်ပွဲများ အမြန်ရပ်ရန် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 လူမျိုးရေး၊ ဘာသာရေးအခြေခံသော ပဋိပက္ခများကို အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ကိုင်တွယ်ဆောင် ရွက်ရန် ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်သွားရန် အပါ အဝင် အချက်ငါးချက်ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံးမှ လူမှုအဖွဲ့အစည်း များ၊ လူငယ်ကွန်ရက်များက ပူး ပေါင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လူငယ်များစုပေါင်း၍ ပရဟိတ ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခုပြုလုပ်မည်

မန္တလေးမြို့မှ တက္က သိုလ်ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် ပရဟိတဖျော်ဖြေ ပွဲတစ်ခုကို စက်တင် ဘာ ၂၈ ရက် တွင် ဟိုတယ်မန္တလေး၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထာဝရငြိမ်းချမ်းရေးအတွက် မူဘောင်တစ်ရပ် ယခုလအတွင်း UNA ရေးဆွဲမည်ဟုဆို

နိုင်ငံရေးတွေ့ဆုံပွဲတွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တင်ပြမည့်မူဘောင်တစ်ရပ်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ယခုလအတွင်း ပြီးစီးအောင် ရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားဝယ်လက်နည်း၍ ပဲဈေးနှုန်း ဆက်တိုက်ကျဆင်း

 နိုင်ငံခြား ဝယ်လိုအား နည်း၍ သင်္ဘောတင်နည်းသဖြင့် ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းနေ ကြောင်း ဘုရင့်နောင်ဈေးကွက်မှ သတင်းရရှိသည်။

All We Had ဇာတ်ကားနဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ပထမဆုံးပွဲထွက်မယ့် ကေတီဟုမ်း

Photo: All We Had ဇာတ်ကားနဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ပထမဆုံးပွဲထွက်မယ့် ကေတီဟုမ်း
Saturday, September 13, 2014

အမေရိကန် သရုပ်ဆောင်မင်းသမီး ကေတီ ဟုမ်းသည် စာရေးဆရာမ အန် နီဝယ်သာဝက်စ်ရေးသားသော All We had ၀တ္ထုကို အခြေခံရိုက်ကူးမည့်   ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုပြောကြားသည်။

 ကေတီဟုမ်းသည် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ဒါရိုက် တာတစ်ဦးအဖြစ် ပထမဆုံးအ ကြိမ် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။

 ဟောလိဝုဒ်မင်းသမီး ကေ တီဟုမ်းသည် ယင်းရုပ်ရှင်ဇာတ် ကားတွင် ဆယ်ကျော်သက်သမီး ဖြစ်သူနှင့်အတူ ဆင်းရဲမှုကို အ ပြင်းအထန်ရင်ဆိုင်နေရသော မိခင်တစ်ဦးအဖြစ်  သရုပ်ဆောင်မည်ဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဂျို့ရှ်ဘွန်းက ဇာတ်ညွှန်းရေးသား၍ ဂျိန်းရိုဆန်သယ်က ထုတ်လုပ်ပေးမည်ဖြစ်သည်။

‘‘ဂျိန်း၊ ဂျို့ရှ်တို့နဲ့အတူ ဒီ ဇာတ်ကားကို ပူးပေါင်းရိုက်ကူးခွင့် ရလို့ အရမ်းစိတ်လှုပ်ရှားပြီး ဂုဏ် ယူမိပါတယ်’’ ဟု ကေတီဟုမ်းက ပြောသည်။

  ကေတီဟုမ်းပါဝင်သရုပ် ဆောင်ထားသော The Give ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် သြ ဂုတ်လတွင် ရုံတင်ပြသခဲ့ပြီး Ma-nia Days ရုပ်ရှင်ကို ယခုနှစ်ကုန်ပိုင်းတွင် ရုံတင်ပြသမည်ဖြစ်သည်။

7Day DAILY
အမေရိကန် သရုပ်ဆောင်မင်းသမီး ကေတီ ဟုမ်းသည် စာရေးဆရာမ အန် နီဝယ်သာဝက်စ်ရေးသားသော All We had ၀တ္ထုကို အခြေခံရိုက်ကူးမည့်   ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာ အဖြစ် လည်း ဆောင်ရွက်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း နောက်ဆုံးနေ့အထိ ရှာမတွေ့ ခေါင်းလောင်း ရှာဖွေမှုနှင့်ပတ်သက်၍ နတ်စင်တစ်ရာဆရာတော် ရှင်းလင်းမည်ဟုဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်ဖြစ်သည့် နတ်စင်တစ်ရာ ဆရာတော် က စက်တင်ဘာ ၁၄ ရက်တွင် ရှင်းလင်းမည်ဟု သတင်းရရှိသည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် တစ်ပါတီလျှင် ကိုယ်စားလှယ် နှစ်ဦးနှုန်းပါဝင်ရန် ပါတီအချို့သဘောတူ

Photo: နိုင်ငံရေးဆွေးနွေးပွဲတွင် တစ်ပါတီလျှင် ကိုယ်စားလှယ် နှစ်ဦးနှုန်းပါဝင်ရန် ပါတီအချို့သဘောတူ
Saturday, September 13, 2014

 နိုင်ငံရေးဆွေးနွေးပွဲ တွင် နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် အနည်းဆုံး နှစ် ဦးစီ ပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီအချို့က သဘောတူထား ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီများ ကိုယ်စား ပြုသည့်အဖွဲ့တွင် တစ်ပါတီလျှင် အနည်းဆုံးကိုယ်စားလှယ် နှစ်ဦး စီပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီ ဆယ်ပါတီဖြင့် ဖွဲ့စည်းထား သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA) အဖွဲ့ဝင်ပါတီ များက သဘောတူခဲ့ခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့ တောင်းထား တာက နိုင်ငံရေးပါတီအဖွဲ့မှာ ကိုယ်စားလှယ် ၁၅၀ လောက်ပါ ဖို့လုပ်ထားတာ တစ်ပါတီကို အ နည်းဆုံးတစ်ယောက်တော့ ပါရ မယ်။ ဘယ်သူပါမလဲဆိုတာ တော့ ပါတီတွင်းမှာ ပြန်ဆွေးနွေး ရမှာပေါ့’’ ဟု ဖက်ဒရယ်ဒီမိုကရေ စီ မဟာမိတ်ပါတီအဖွဲ့ဝင် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဗဟိုအလုပ်အမှုဆောင် ဦးတိုးတိုးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီသည် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အများဆုံး ကိုယ် စားလှယ်ဦးရေ ၄၅၀ ဖြင့်သာ ကျင်းပရန် သဘောထားထုတ် ပြန်ထားသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့ကို အုပ်စုတစ်စု၊ လက် နက်ကိုင် အဖွဲ့အစည်းများကို အုပ်စုတစ်စုနှင့် နိုင်ငံရေးပါတီများ ကို အုပ်စုတစ်စု သတ်မှတ်ပြီး အုပ်စုတစ်စုလျှင် ကိုယ်စားလှယ် ၁၅၀ ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၄၅၀ ဖြင့် နိုင်ငံရေးဆွေး နွေးပွဲကို ဆွေးနွေးညှိနှိုင်းရန်  ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါ တီက ၎င်း၏ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သဘောထားဦးတည်ချက်တွင် ထည့်သွင်းထား သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ တွင် နိုင်ငံရေးပါတီများဘက်မှ ပါတီအားလုံးပါဝင်သည်ထက် ကိုယ်စားပြုနိုင်သော အဖွဲ့အ စည်းများ၊ ပုဂ္ဂိုလ်များအနေဖြင့် သာ ဆွေးနွေးသင့်သည်ဟု ပါတီ ကြီးများမှ ခေါင်းဆောင်အချို့နှင့် ပုဂ္ဂိုလ်များက ပြောကြားထားသည်။

မဲခွဲဆုံးဖြတ်ရန် လိုအပ်သည့် အစည်းအဝေးမျိုးတွင်သာ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်ရေးကို ပြောကြားသင့်ပြီး သဘောတူညီမှုရရှိရန် ကြိုးစားသော အစည်းအဝေးမျိုးတွင် လူအမြောက်အမြား  ပါဝင်နေပါက ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေးပါတီကြီးများက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံ ရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ များ မဖြစ်မနေပါဝင်ကြရမည် ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် တူညီသော သဘောထားရပ် တည်ချက်တစ်ခုရှိရန် လိုအပ် ကြောင်း တိုင်းရင်းသား နိုင်ငံရေး ပါတီအများစုဖြင့် ဖွဲ့စည်းထား သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနှင့် ဖက်ဒ ရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ တို့က ထုတ်ဖော်ပြောကြားထား သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ရက် ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေး နွေးပွဲမူဘောင်များရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်သဘောတူညီထားခဲ့သည်။

7Day DAILY 

နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီတစ်ပါတီလျှင် ကိုယ်စားလှယ် အနည်းဆုံး နှစ် ဦးစီ ပါဝင်သင့်ကြောင်း နိုင်ငံရေး ပါတီအချို့က သဘောတူထား ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီအားလုံး ကိုယ်စားပြုသည့် အဖွဲ့ဖွဲ့ရန် ဆွေးနွေးမည်

နိုင်ငံရေးပါတီအားလုံး ဘက်မှနေ၍ ရပ်တည်ဆွေးနွေး သွားနိုင်မည့် ပါတီအားလုံးကိုယ် စားပြုအဖွဲ့တစ်ဖွဲ့ကို ယနေ့  (စက် တင်ဘာ ၁၃ ) တွင် စတင်ပြုလုပ်မည့် မြန်မာ့နိုင်ငံရေးပါတီများအကြို တွေ့ဆုံဆွေးနွေးပွဲ မှတစ်ဆင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားပညာရေးဥပဒေကြမ်းတွင် သမ္မတ၏ သဘောထားမှတ်ချက်များ အနက် သုံးချက်ကို မူလအတိုင်းထားရှိရန် ဆုံးဖြတ်

သမ္မတ၏ သဘောထားမှတ်ချက် ၂၅ ချက်ဖြင့် ပြန်လည် ပေးပို့ထားသည့် အမျိုးသားပညာ ရေးဥပဒေကြမ်း တွင် သဘောထားမှတ်ချက်များအနက် သုံးချက်ကိုမူလအတည်ပြုထားသည့်အတိုင်း ထားရှိသွားမည်ဟု သတင်းရရှိ သည်။

တောင်တက်သမားနှစ်ဦး ရှာဖွေကယ်ဆယ်ရန် တရုတ်မှ အကြီးဆုံး ကယ် ဆယ်ရေး အဖွဲ့ လာရောက်ကူညီမည်

Photo: တောင်တက်သမားနှစ်ဦး ရှာဖွေကယ်ဆယ်ရန် တရုတ်မှ အကြီးဆုံး ကယ် ဆယ်ရေး အဖွဲ့ လာရောက်ကူညီမည်
Saturday, September 13, 2014

၁၂ ရက်ကြာ အဆက် အသွယ် ပြတ်တောက်နေခဲ့သော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် မြန်မာဘက်က အကူအညီတောင်း သည့်အတွက် တရုတ်နိုင်ငံ၏ အ ကြီးဆုံး အရပ်သား ကယ်ဆယ် ရေးအဖွဲ့ဖြစ်သည့် ဘလူးစကိုင်း ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ပူတာအိုသို့ ဆက်လက်ထွက်ခွာမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ယင်းမြန်မာ တောင်တက် သမားနှစ်ဦးကို ဘလူးစကိုင်း ကယ်ဆယ်ရေးအဖွဲ့ လာရောက် ရှာဖွေကယ်ဆယ်မည့် အကြောင်း မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူ တစ်ဦးနှင့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ အမှု ဆောင်တစ်ဦးက 7Day Daily အား အတည်ပြုပြောကြားခဲ့သည်။

‘‘တရုတ်-မြန်မာ ချစ်ကြည် ရေး အဖွဲ့ကနေတစ်ဆင့် ထူး ဖောင်ဒေးရှင်းကို ကယ်ဆယ်ရေး လုပ်ဖို့ ဆက်သွယ်လာတယ်။ သူ တို့မှာ တောင်တက်ပစ္စည်းကိရိ ယာ အပြည့်အစုံ ပါတဲ့အတွက် အမြန်ဆုံးတွေ့ဖို့ ပေါင်းပြီး ရှာ ဖွေကယ်ဆယ်ရေး လုပ်ဆောင် သွားမယ်’’ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 အဆက်အသွယ်  ပြတ် တောက်နေသည့် ၎င်းတို့နှစ်ဦးကို ပြည်ပနိုင်ငံများမှ နိုင်ငံတကာအ ဆင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ငှားရမ်းရှာဖွေမည်ဟု ထူး ဖောင်ဒေးရှင်းက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ ပြီးနောက် ၎င်းတို့အဖွဲ့ ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။ ဘလူး စကိုင်းကယ်ဆယ်ရေးအဖွဲ့အနေ ဖြင့် ကယ်ဆယ်ရေးစစ်ဆင်ရေး အတွက် Panel နှစ်ခုကို ဖွဲ့စည်းခဲ့ ပြီး အသင့်ပြင်ဆင်ထားပြီးပြီဟု တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြထားသည်။

တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက် ညနေ ၀၅း၀၁ နာရီကျော်က ခါကာဘိုရာဇီ တောင်ထိပ်သို့ ရောက်ရှိကာ အလံစိုက်နိုင်ပြီးကတည်းက တောင်ခြေစခန်းရှိ ကျန်အဖွဲ့သားများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၁ ရက် မွန်း လွဲပိုင်းမှစတင်၍ ခါကာဘိုရာဇီ တောင်ထိပ်သို့ လွန်ခဲ့သည့်(၁၈) နှစ်က ပထမဆုံး တက်ရောက်နိုင် ခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ဦးနမားဂျွန်ဆင်၊ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) နှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်နှစ်စီးဖြင့် သွားရောက်ရှာဖွေမှု ပြုလုပ်နေခဲ့ပြီး စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းအထိ တွေ့ရှိမှု မရှိသေးပေ။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် တပ်မတော် (လေ)မှ ရဟတ်ယာဉ်တစ်စီးဖြင့် ရှာဖွေမှု ပြုလုပ်နေသည်ဟု ဆိုသည်။

‘‘မတွေ့သေးပါဘူး။ ရာသီ ဥတုကြောင့် ရဟတ်ယာဉ်က ဆက်တက်လို့ မရသေးဘူး။ မနက်ဖြန်ဆက်ရှာကြမယ်။ အခု စောင့်ကြည့်နေကြပါတယ်’’ဟု တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောသည်။

 အဆက်အသွယ် ပြတ် တောက်နေသူများကို ကယ်ဆယ် ရန်အတွက် စကိုင်းဘလူးအပြင် အခြားအဖွဲ့များကိုလည်း ကမ်း လှမ်းထားပြီး မကြာမီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိလာဦးမည်ဟု ထူးဖောင်ဒေးရှင်းက ဆိုသည်။

ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိ အိုဇာကီနှင့် တိဗက် လူမျိုး မြန်မာနိုင်ငံသား နမားဂျွန်ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ ပြီးနောက် ယခုတောင်တက်အ ဖွဲ့မှာ ပထမဆုံး အကြိမ်အဖြစ် တက်ရောက်နေခြင်း ဖြစ်သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်တွင်တည်ရှိသည်။

၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထ၀ီလေ့လာမှု စစ်တမ်းတစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ(၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထား သည်။

7Day DAILY

တောင်ခြေအထိ တက်ရောက်ခဲ့သော တောင်တက်အဖွဲ့ဝင်အချိ့ကို တွေ့ရစဉ်
(ဓာတ်ပုံ − သဘာဝခေါ်သံဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ခ်)
တောင်ခြေအထိ တက်ရောက်ခဲ့သော တောင်တက်အဖွဲ့ဝင်အချိ့ကို တွေ့ရစဉ်
(ဓာတ်ပုံ − သဘာဝခေါ်သံဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ခ်) 
၁၂ ရက်ကြာ အဆက် အသွယ် ပြတ်တောက်နေခဲ့သော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် မြန်မာဘက်က အကူအညီတောင်း သည့်အတွက် တရုတ်နိုင်ငံ၏ အ ကြီးဆုံး အရပ်သား ကယ်ဆယ် ရေးအဖွဲ့ဖြစ်သည့် ဘလူးစကိုင်း ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ပူတာ အိုသို့ ဆက် လက်ထွက်ခွာမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အထက်တန်းပြ ဆရာ၊ ဆရာမ ၃,၆၀၀ ကျော် အောက်တိုဘာ ၁ ရက်အမီ ခန့်ထားမည်

အမှတ် (၁)အခြေခံ ပညာဦးစီးဌာန လက်အောက်ရှိ တိုင်းနှင့်ပြည်နယ် ၆ခုတွင် အခြေခံပညာ အထက် တန်းပြ ဆရာ၊ ဆရာမဦးရေ ၃၆၀၀ ကျော်ကို အောက် တိုဘာ ၁ ရက်နေ့အမီ ခန့်ထားမည်ဖြစ် ကြောင်း သတင်းရရှိသည်။