နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ဦးတည်နေမည်ဆိုပါက ဒေသခံ ရခိုင် တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။
Sunday, 10 August 2014
မြန်မာ့လက်ရွေးစင်ဟောင်းတွေနဲ့ အနုပညာရှင်တွေ ဘာ့ကြောင့် ဘောလုံးကန်ကြတာလဲ
မြန်မာ့လက်ရွေးစင်
ဘောလုံးသမားဟောင်းတွေနဲ့ ရုပ်ရှင်အစည်းအရုံး လက်ရွေးစင်အသင်းတို့ သြဂုတ်
၉ရက်နေ့ က သုဝဏ္ဏကွင်းမှာ MFF Ooredoo Charity Cup 2014 ရန်ပုံငွေဖလားအဖြစ်
ခြေစမ်း ယှဉ်ပြိုင် ခဲ့ ပါတယ်။ ဘာအတွက် သူတို့ဘောလုံးကန်ကြတာလဲ။
ကနေဒါ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံနှစ်ဆယ်စာရင်းတွင် မြန်မာပါဝင်
မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။
ဆုကြေးငွေ ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့်မည့် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်
ဆုကြေးငွေစုစုပေါင်း ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့် မည့် အမျိုးသားတံခွန်စိုက် ဘတ် စကက်ဘောပြိုင်ပွဲ ကို သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အီရန်လေယာဉ်တစင်းပျက်ကျရာ ၄၈ ဦး သေဆုံး
ပျက်ကျသွားတဲ့ အီရန် လေယာဉ် အပိုင်းအစတခု၊ ဓာတ်ပုံ- ဂျပန်တိုင်းမ်
Sepahan Air Iran-140 plane Sepahan Air Iran-140 plane Sepahan Air Iran-140 plane
လေယာဉ်စီးခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၈ ဦးတင်ဆောင်လာတဲ့ အီရန်နိုင်ငံက Sepahan Air Iran-140 လေယာဉ်ဟာ အီရန်နိုင်ငံ Mehrabad လေဆိပ်က ယနေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ထွက်ခွာလာရာ နိုင်ငံ မြောက်ပိုင်း Tabas ဒေသနားမှာ ပျက်ကျသွားခဲ့ပါတယ်။
ဆိပ်ကမ်းများတွင် သံသယဖြစ်ဖွယ်ရာ တွေ့ရှိပါက ဂိုထောင်တစ်ခုထားရှိပြီး အသေးစိတ်စစ်ဆေးမည်
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်သည့် ဆိပ်ကမ်းငါးခုတွင် တရားမဝင်ကုန်သွယ်မှု ပညာပေးဖမ်းဆီးမှု ကာလ ပြီးမြောက်ပါက သံသယ ဖြစ်ဖွယ်ရာများတွေ့ရှိလျှင် ကုန်သေတ္တာများကို မိုးလုံလေလုံ ဂိုထောင်တစ်ခု ထားရှိ၍ အသေးစိတ် ဖွင့်ဖောက် စစ်ဆေးသွားမည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့မှ ညွန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။
ဟဲဗီးဝိတ်ချန်ပီယံလူးဝစ်၏ မန်နေဂျာ ဖရင့်မယ်လိုနေက ကယ်လီဟူသော မိန်းမသားဘ၀သို့ပြောင်းလဲတော့ မည်ဖြစ်ကြောင်းကြေညာလိုက်ရာ အံသြတုန်လှုပ်ကြရ
ဖရင့်မယ်လိုနေကို လင်းနော့ခ်လူးဝစ်ဆိုတဲ့ ဗြိတိန်နိုင်ငံသား နာမည်ကျော် ဟဲဗီးဝိတ်လက် ဝှေ့ချန်ပီယံ နဲ့ အတူတွဲသိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ လူးဝစ်စ်ကို ဗြိတိန်ရဲ့ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် ဆယ်စုတစ်စုကြာရှိနေအောင်လုပ်ပေးခဲ့တဲ့ သူ့ရဲ့မန်နေဂျာ (မြှင့်တင်ရေးမှူး)ဖြစ်နေလို့ပါ။ဖရင့်ကို ခပ်ရင့်ရင့် စကား ပြော တတ်သူအဖြစ်လဲ သိကြပါတယ်။အသက် ၆၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖရင့်က သူ့အနေဲ့ ကယ်လီ ဆို တဲ့အမည်သစ်နဲ့ အမျိုးသမီးဘ၀ကိုပြောင်းလဲခံယူလိုက်ပြီလို့ကြေညာလိုက်တော့ အားလုံး အထိတ် တလန့်ဖြစ် ကုန်ပါ တယ်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
ယမန်နေ့ မြန်မာစံတော်ချိန်(၁၁း၃၀)အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေ ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေရာမှ အားအလွန်ကောင်းနေပါတယ်။
မြန်မာနိုင်ငံတွင် အီဘိုလာအတွက် ပြင်ဆင်ထား
မြန်မာနိုင်ငံ၌
အီဘိုလာဗိုင်းရပ်စ် ပိုးတွေ့ရှိလျှင် ဆေးကုသနိုင်ရန်အတွက် ပြည်နယ်နှင့်
တိုင်းများရှိ ဗဟို ဆေးရုံကြီး လေးခုနှင့် ခရိုင်ဆေးရုံ ၁၅ ခုတို့ကို
ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။
မြို့နယ် ၅၀ ကျော်၏ မြို့ပြစီမံကိန်းများ ၂၀၁၅ အပြီးဆောင်ရွက်မည်
မြန်မာနိုင်ငံတွင် လူဦး ရေတစ်သိန်းနှင့်အထက်ရှိသော မြို့ပေါင်း ၅၆ မြို့နယ်၏ မြို့ပြစီ မံကိန်း ရေးဆွဲခြင်းကို ၂၀၁၅ တွင် အပြီးသတ် ဆောင်ရွက် သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်အေးအေးမြင့်က ပြောသည်။
အီရန်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ
အီရန်နိုင်ငံ မြို့တော်တီဟီရန်၏ မီရဘက် လေဆိပ်အနီးတွင် သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံ
နက် ၉ နာရီ ၄၅ မိနစ်က ခရီးသည် တင် လေယာဉ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ၅၀ ဦး သေဆုံးဖွယ်ရှိကြောင်း အီရန်သတင်း ဌာနကများက ဖော်ပြခဲ့သည်။
မိုင်ချက်အမည်ရှိ ပြည်တွင်းအပလီကေးရှင်းထွက်မည်
မြန်မာ့ရိုးရာဇာတ်ကောင်၊ ရုပ်ပုံများပါဝင်မည့် My Chat အမည်ဖြင့် စာပို့အပလီကေးရှင်းတစ်ခုကို မကြာမီကာလအတွင်းအများပြည်သူသုံးနိုင်စွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ရန် ဂျပန်အစိုးရ ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးမည်
Myanmar Telecomတယ်လီဖုန်းနဲ့ အင်တာနက် အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက် အအုံ တွေ ပြုပြင်တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၁၀ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ချေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ခီရှီဒက မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။
ကျိုင်းတုံ၌ မှောင်ခိုစစ်ဆေးနေသည့် Mobile Team အဖွဲ့တစ်ဖွဲ့ ရုပ်သိမ်း
နယ်စပ်ကုန်သွယ်ရေး
စခန်းတစ်ခု ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း
ကျိုင်းတုံမြို့ ဝင်၊ ထွက်ပေါက်များ၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်မှ စတင်ကာ
မှောင်ခိုကုန်ပစ္စည်းများ စစ်ဆေးလျက်ရှိသည့် Mobile Team အဖွဲ့များကို
သြဂုတ်လ ၇ ရက်နေ့က ရုပ်သိမ်းပေးလိုက်ကြောင်း ယင်းမြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့နှင့် ကုန်သည်ကြီးများထံမှ
သိရှိရသည်။
ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်
ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။
မန္တလေး ပဋိပက္ခတွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်
မန္တလေးမြို့တော်၌ ဇူလိုင်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဆူပူမှုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူ ၁၁ ဦးကို ကျူးလွန်သည့် ပုဒ်မအရ သြဂုတ်လ ၈ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
မန္တလေး ပဋိပက္ခတွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်
မန္တလေးမြို့တော်၌ ဇူလိုင်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဆူပူမှုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူ ၁၁ ဦးကို ကျူးလွန်သည့် ပုဒ်မအရ သြဂုတ်လ ၈ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်
အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ် လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့် အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ် လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။
Ebola ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဂီနီနိုင်ငံ နယ်စပ်တွေ ပိတ်
အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။
မြန်မာ့ပြုပြင်ရေး John Kerry ချီးကျူး
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက် ပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ အတူ ဒေါ်အောင် ဆန်း စုကြည်ပါဝင်တဲ့ လွှတ်တော်နဲ့ အတူတကွ လုပ်ကိုင်နေကြတာဟာ အလားအလာကောင်းဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကို အသိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်တော့မယ်
ဓမ္မစေတီမင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ခေါင်းလောင်းကြီး လှူခဲ့စဉ်
ရန်ကုန်မြစ်ထဲက ချောင်း ၃ ခွဆုံမှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ရတပ် သင်္ဘောတွေ၊ ရေငုပ် သမားတွေ နဲ့ လူအင်အား (၈ဝ)လောက် ထွက်ခွာ သွားပါတယ်။
တောင်တရုတ် ပင်လယ်ပြင်ပဋိပက္ခ အာဆီယံနဲ့အမေရိကန်မှာ တာဝန်ရှိ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ နေပြည်တော် အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၄)
တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားတာပါ။ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးတွေအတွင်း စနေနေ့မှာ တောင်တရုတ် ပင်လယ်ပြင်အရေး ထုတ်ဖော်ပြောဆိုမှုတွေကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။
ဦးဆန်းဆင့်အမှု ရုပ်သိမ်းပေးဖို့ ဒေးဒရဲပြည်သူတွေ ဆန္ဒပြတောင်းဆို
မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲ ဆိုထားတာကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့မှာ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − အေပီ)
ကိုးကား − အေပီ
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိ အမှတ် ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေး ၀န်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)