Sunday, 3 February 2013

ဦးသိန်းစိန် နော်ဝေး လည်ပတ်မည်



သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နော်ဝေးနိုင်ငံကို လာမယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် မာလာလာ ပါဝင်

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် မာလာလာ ပါဝင်  
Sunday, 03 February 2013

တာလီဘန်ကို ဖီဆန်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ပါကစ္စတန်
ကျောင်းသူ မာလာလာယူဆွတ်ဖ်ဇိုင်နှင့် ဥရောပအရှေ့ပိုင်း နိုင်ငံတို့မှ လှုပ်ရှားတက်ကြွသူများသည် ၂၀၁၃ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

ယခုနှစ် နိုဗယ်ဆုကို အောက်တိုဘာ အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး ခန့်မှန်းတွက်ဆမှုများလည်း ထွက်ပေါ်နေသည်။ ဆန်ခါတင် စာရင်းအတွက်
ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရန် သတ်မှတ်ထားသည်။

အမျိုးသမီးများ၏ ပညာရေးအတွက် လှုံ့ဆော်ခဲ့သည့် အသက် ၁၅ နှစ် အရွယ်ရှိ မာလာလာကို ကျောင်းသို့သွားရာ ဘတ်(စ်)ကားပေါ်တွင် တာလီဘန် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မာလာလာသည် ထိုက်တန်သော နိုဗယ်ဆုရှင်တစ်ဦး ဖြစ်ရန်အတွက် အကြောင်းအရင်းများစွာ ရှိသည်ဟု နော်ဝေရှိ လွှတ်တော်အမတ်များက
ပြောကြားခဲ့သည်။ မာလာလာသည် ဒီမိုကရေစီ၊ သာတူညီမျှ ရရှိမှုနှင့် လူ့အခွင့်အရေးတို့အတွက် တာလီဘန်တို့ကို ဆန့်ကျင်ခဲ့သည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

လတ်တလောတွင် အကျဉ်းကျခံနေရသည့် ဘီလာရုဇ်မှ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ Ales Belyatskiှနှင့် ရရုရှားမှ Lyudmila Alexeyeva 
တို့ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများသည် ဆန်ခါတင်
စာရင်းတွင် ပါဝင်ခဲ့သည်။

နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းသည် ရှုပ်ထွေးသောကြောင့် နိုဗယ်ဆု ရရှိမည့်သူကို ခန့်မှန်းရန် ကြိုးစားခြင်းသည် ခက်ခဲသည့် လုပ်ငန်းစဉ်
တစ်ခု ဖြစ်သည်။

စာပေပညာရှင်၊ ကမ္ဘာတစ်ဝန်းရှိ အစိုးရနှင့် လွှတ်တော်အဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခများနှင့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းများသည်
နိုဗယ်ဆုအတွက် အမည်စာရင်းပေးရန် အရည်အချင်း ပြည့်မီသူများ
ဖြစ်ကြသည်။ ပြင်သစ်၊ ကနေဒါနှင့် နော်ဝေမှ လွှတ်တော်အမတ်များသည် မာလာလာကို ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် သီးခြားစီ အဆိုပြုခဲ့ခြင်း
ဖြစ်သည်။

သို့သော် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံရသော်လည်း ဆုရရှိမည်ဟု တစ်ထစ်ချ မပြောနိုင်ကြောင်း နော်ဝေနိုဗယ် ကော်မတီက ထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း ဆန်ခါတင်စာရင်းတွင် အာဏာရှင်များဖြစ်သည့် အဒေါ့ဟစ်တလာ၊ ဂျိုးဇက်စတာလင်၊ ဘင်နစ်တိုမူဆိုလီနီတို့လည်း ပါဝင်ခဲ့သလို ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်လည်း ပါဝင်ခဲ့ဖူးကြောင်း သိရသည်။

Ref:AFP 
 တာလီဘန်ကို ဖီဆန်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ပါကစ္စတန်ကျောင်းသူ မာလာလာယူဆွတ်ဖ်ဇိုင်နှင့် ဥရောပ အရှေ့ ပိုင်း နိုင်ငံတို့မှ လှုပ်ရှားတက်ကြွသူများသည် ၂၀၁၃ ခုနှစ်၊ ငြိမ်း ချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ

Photo: လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ
Sunday, February 03, 2013 

မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇)  ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီး ဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။

ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသော လက်စွပ်အား သေချာ  အောင်စစ်ဆေးကြည့်သောအခါ တွင်
ရွှေအတုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်
ပြောပြ၍ သိရှိရသည်။

အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့် အချိန်တွင် ဒုတိယအကြိမ်  ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေစဉ် ပထမအကြိမ်ပေါင်နှံသွားသော  မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန်တွင် လှည့်ကင်းတာဝန်ထမ်းဆောင်   နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော်သူဇင်နှင့် အောင်ဟိန်းတို့ 
ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။
ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ  အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး  သည့်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန်   အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်း မယုယုဇင်အား ရဲစခန်းမှခြေချုပ်  
ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း  သိရှိရသည်။


အရိန္ဒမာ (ဘိုကလေး)
The Hot Newsမြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီး ဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံ ခဲ့ကြောင်း သိရှိရသည်။

ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်” နှစ်(၂၅၀)ပြည့်ပွဲတော် ကျင်းပမည်

Photo: ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်”
နှစ်(၂၅၀)ပြည့်ပွဲတော် ကျင်းပမည်
Sunday, February 03, 2013 

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်” နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို
မတ်လ(၂၄)ရက်မှမတ်လ(၂၈)ရက်နေ့အထိစည်ကားသိုက်မြိုက်စွာ 
ကျင်းပမည်ဖြစ် ကြောင်းသိရသည်။

သက္ကရာဇ်၁၁၂၄ ခုနှစ်(ခရစ်သက္ကရာဇ်၁၇၆၂) တွင် မင်းရှင်ဇော်
(ရွှေတောင်စားမင်း)ကယခင် စေတီပျက်ကိုငုံပြီးတည်ထားခဲ့သည့်
ရွှေတောင်စားစေတီကိုတည်ထားခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ရွှေတောင်စားစေတီသည် နှစ်(၂၅၀)ပြည့်ပြီဖြစ်ရာ အထိမ်းအမှတ်ပွဲတော်ကြီးကို ခမ်းနားစည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

ရွှေတောင်စားစေတီ ဗုဒ္ဒပူဇနိယပွဲတော်အကြို ဓမ္မပူဇာတရားပွဲကို မတ်လ
(၁၀)ရက်မှ (၂၂)ရက်နေ့အထိ (၁၃)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး၊
ရွှေတောင်စားစေတီတော်နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ခြင်္သေ့ညီနောင်
မုခ်ဦးကိုဖွင့်လှစ်မည်ဖြစ်သည်။

ထို့အပြင်မြို့သူမြို့သားများကပန်း၊ဆီမီး၊ရေချမ်းများစုပေါင်းကပ်လှူ
ပူဇော်ခြင်း၊ တပေါင်းလပြည့်နေ့ နံနက်တွင် သံဃာတော်အပါး(၂၅၀)ဖြင့်
အနေကဇာတင်ပူဇော်ခြင်း၊မြို့လုံးကျွတ်သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူ
ပူဇော်ခြင်း၊ ရေစက်ချမင်္ဂလာကျင်းပခြင်း၊မြို့လုံးကျွတ်နိဗာန်ဈေးအလှူပွဲကြီး
ကျင်းပခြင်းတို့ကိုပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတော် ကြီးတွင် ထိုင်း(ရနောင်း)ကုန်စည်ပြပွဲ၊ပန်းချီ၊ဓာတ်ပုံ၊
ကာတွန်းပြပွဲ၊ထားဝယ်ရိုးရာယဉ်ကျေးမှုအဆို၊အက၊အတီးအမှုတ်ဖျော်ဖြေပွဲ၊ 
ဇာတ်သဘင်ပွဲတို့ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ကျက်သရေဆောင်  “ရွှေတောင် စားစေတီတော်” နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို
မတ်လ(၂၄)ရက်မှမတ်လ(၂၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ် ကြောင်းသိရသည်။

Twitter ၀က်ဘ်ဆိုက် ဝင်ရောက်တိုက်ခိုက်ခံရ

Photo: Twitter ၀က်ဘ်ဆိုက် ဝင်ရောက်တိုက်ခိုက်ခံရ 
Sunday, February 03, 2013 

အင်တာနက်ပေါ်က Twitter လူမှုရေးကွန်ယက်ဟာ ဒီသီတင်းပတ်ထဲမှာ အဆင့်မြင့်နည်းပညာ သုံးပြီး ထိုးဖောက်ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက်အလက်တွေ ပေါက်ကြားသွားရတယ်လို့ Twitter က
ပြောပါတယ်။ တရားမဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစားထားတာ
တွေကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေတာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီးလိုက်နိုင်တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူးBob Lord ကပြောပါတယ်။

Twitter က ကိုယ့်စာမျက်နှာ ထိုးဖောက်ခံရသူတွေရဲ့ passwords
တွေကို ပြန်ပြင်ဆင်ပြီင်္း သက်ဆိုင်သူတွေကို အကြောင်းကြားပေးခဲ့
တယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ internet တိုက်ခိုက်မှုနဲ့ ကြုံရတယ်ဆိုတဲ့ New York Times  နဲ့ Wall Street Journal သတင်းစာတွေလို twitter ကတော့ သူတို့ကိုဘယ်က တိုက်ခိုက်တယ် ဆိုတာ မပြောပါဘူး။
ဒါပေမဲ့ တိုက်ခိုက်ပုံက တကယ့်တတ်ကျွမ်းသူရဲ့ လက်ရာမျိုးဖြစ်ပြီး အဲဒီဖြစ်ရပ်က တခုတည်းဖြစ်ရပ်မဟုတ်ဘူးလို့လည်း Bob Lord ပြောပါတယ်။

အခုတော့ Twitter ဟာ အစိုးရ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ လက်တွဲပြီး အင်တာနက်လုံခြုံရေးအတွက် လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ 

ဗွီအိုအေအင်တာနက်ပေါ်က Twitter လူမှုရေးကွန်ယက်ဟာ ဒီသီတင်းပတ် ထဲမှာ အဆင့်မြင့်နည်းပညာ သုံးပြီး ထိုးဖောက်ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက်အလက်တွေ ပေါက်ကြားသွားရ တယ်လို့ Twitter ကပြောပါတယ်။ တရားမဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစားထားတာတွေကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေတာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီး လိုက်နိုင်တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူးBob Lord ကပြောပါတယ်။

ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရုံတစ်ခုတည်းဖြင့် ယာဉ်ကြောရှုပ်ထွေးမှု အတွက် အဖြေမဟုတ် ယာဉ်စီးရေ အဆမတန် များပြားနေခြင်းနှင့် လမ်းစနစ်ကို ဖြေရှင်းရန် လိုအပ်

Photo: ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရုံတစ်ခုတည်းဖြင့် ယာဉ်ကြောရှုပ်ထွေးမှု
အတွက် အဖြေမဟုတ် ယာဉ်စီးရေ အဆမတန် များပြားနေခြင်းနှင့် လမ်းစနစ်ကို ဖြေရှင်းရန် လိုအပ်
Sunday, February 03, 2013 

ရန်ကုန်မြို့ ယာဉ်ကြောရှုပ်ထွေးမှု ဖြေရှင်းရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဇွဲ့စည်းပုံ တိုးချဲ့ခြင်းက အဖြေမဟုတ်ကြောင်း၊ ယာဉ်စီးရေ များပြားလာခြင်းနှင့် လမ်းအား အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေသူ ခရီးသွားပြည်သူနှင့် တာဝန်ရှိသူ
များက သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ရှုပ်ထွေးနေမှုအား ရှင်းလင်းရန်အတွက် စီမံချက်တစ်ခု အနေဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ကာ ပညာပေးကာလ တစ်ပတ် သတ်မှတ်ပြီး စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများကို ရှင်းလင်း ဆောင်ရွက်ခဲ့သော်လည်း ယာဉ်ကြော
ပိတ်ဆို့မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း
ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးသာဌေးက “ယာဉ်ကြောတွေအရမ်းကို ရှုပ်ထွေးပြီး ကျပ်နေတဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားတွေ အများကြီး သုံးပြီးတော့ ရန်ကုန်မြို့ထဲမှာ အဓိက ရှုပ်ထွေးနေတဲ့ နေရာတွေမှာ ယာဉ်ကြောတွေ ရှင်းခဲ့တယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူနေတယ်။ ဒီလုပ်ငန်းတွေကို စီမံချက်အနေနဲ့ လုပ်ခဲ့တယ်။ လုပ်နေသေးတယ်။ လုပ်ခဲ့တဲ့ စီမံချက်ကို
အောင်မြင်မှုရှိ၊ မရှိ သုံးသပ်ပေးရမယ် ဆိုရင်တော့ အောင်မြင်တယ်လို့
ပြောလို့မရဘူး။ ဒါပေမယ့် အနည်းငယ်တော့ အဆင်ပြေသွားတယ်လို့
ပြောတာပိုပြီးတော့ မှန်ပါလိမ့်မယ်။ အဓိက ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ကားအစီးရေက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီး တိုးလာတယ်။ လမ်းတွေက လမ်းရှိတဲ့အတိုင်း အပြည့်အ၀ အသုံးပြုလို့ မရတာတွေကြောင့် အခုလို ယာဉ်ကြောတွေ ရှုပ်ထွေးပြီး ကျပ်နေရတာပါ” ဟု သုံးသပ်
ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အကျယ်ဆုံး လမ်းမမှာ ၇၂ ပေ၊ ခြောက်လမ်းသွားသာရှိပြီး ၇၂ ပေ လမ်းမကြီးများမှာလည်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဗားကရာလမ်း စသည်တို့လောက်သာရှိပြီး ကျန်ရှိသည့် လမ်းမများမှာမူ ၆၆ ပေ၊ ၆၀ ပေနှင့် ၅၀ ပေ၊ လေးလမ်းသွား လမ်းများဖြစ်သည်။ ခြောက်လမ်းသွား လမ်းများဖြစ်သော်လည်း ယာဉ်များရပ်ထားခြင်း၊ လမ်းပျက်စီးမှု အချို့ကြောင့် လေးလမ်းသွားသာ အသုံးပြုနိုင်ပြီး လမ်းစွမ်းရည်ကို အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသည့် အနေအထား ဖြစ်နေသည်။

ထို့အတွက် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများကို တာဝန်ယူ
ဖြေရှင်းရန်အတွက် သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြောင်း၊ သို့သော် လက်ရှိ ယာဉ်ကြောပိတ်ဆို့မှု
များမှာ ယာဉ်ကြောကျပ်တည်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ လမ်းအခြေအနေနှင့် ဆောက်လုပ်ရေး စီမံကိန်းအချို့ကြောင့်လည်း
ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

“ယာဉ်ထိန်းရဲတွေပို တိုးချဲ့လာတယ်။ ဒါပေမယ့် နေရာစုံမှာထားပြီး အရေးယူဖို့ဆိုတာ ခဲယဉ်းတယ်။ အဲဒီအတွက် ကျွန်တော်တို့ မထသ အဖွဲ့အစည်းပိုင်တဲ့ ယာဉ်တွေကို သီးခြား စောင့်ကြပ် အရေးယူသွားဖို့လည်း ရှိတယ်။ အခုဖွဲ့စည်းထားတဲ့ အာဏာပိုင် အဖွဲ့စည်းက အဓိက အရေးယူ
နေတဲ့ လူစည်ကားရာနေရာ ခုနစ်နေရာကနေ ၁၀ နေရာထိ တိုးချဲ့ အရေးယူ
သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၉၆၈ ခုနှစ်က မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၃၄၀၀၀ ခန့်သာ ရှိသော်လည်း ၂၀၁၁ ခုနှစ်အတွင်းက ယာဉ်အစီးရေ နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီး လက်ရှိကာလတွင် ယာဉ်အစီးရေ လေးသိန်းကျော်အထိ များပြားလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့သို့ယာဉ်အစီးရေ တိုးပွားလာမှုနှင့်အတူ ပိုမိုပိတ်ဆို့လာသော ယာဉ်ကြောများအား ယာဉ်ထိန်းဖွဲ့စည်းပုံ တိုးချဲ့ခြင်းက ထိရောက်သော အဖြေမဟုတ်ဘဲ လမ်းမကြီးများကို ပိတ်ဆို့စေသော ကိစ္စများနှင့် အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသေးသော လမ်းသားအား အပြည့်အ၀ အသုံးပြု
နိုင်အောင် ပြုလုပ်ပေးခြင်းက ထိရောက်စေမည်ဟု ရန်ကုန်မြို့နေ
ပြည်သူများက ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းမှ အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်က “ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လက်ရှိအနေထားက ပြီးပြည့်စုံနေပြီလို့တော့ မရှိသေးပါဘူး။ ကျွန်တော်တို့ စစ်ဆေးတော့
အောက်ခြေမှာ တွေ့ရှိနေတဲ့ အနေထားတွေက ကားများလို့လည်း ပါတယ်။ လမ်းအသုံးပြုသူတွေရဲ့ စနစ်မကျမှုတွေ၊ လမ်းစနစ်တွေရဲ့ လိုအပ်ချက်တွေနဲ့ လက်ရှိ ရန်ကုန်မြို့မှာ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်က အားနည်းမှုတွေ ရှိနေပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ”ဦးက ရုံးကို မှန်မှန်တက်နေတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကားတော့ မရှိဘူး။ နေ့တိုင်းတက္ကစီနဲ့ပဲ သွားနေတယ်။ လမ်းမှာယာဉ်တွေ ကြပ်တည်းနေတဲ့ အခြေအနေတွေ အများကြီး တွေ့ရတယ်။ တစ်ခါတလေကျရင် အန္တရာယ်မကင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေရတယ်။ ယာဉ်တွေက စည်းကမ်းမရှိတာတွေ များတယ်။ အထူးသဖြင့် လိုင်းကားတွေအပြင် ကိုယ်ပိုင်ကားတွေလည်း ပါတယ်။ ကားတွေက အရမ်းကျပ်တည်းလာတယ်။ ယာဉ်ထိန်းရဲတွေကို အင်အားတိုးချဲ့ထားတယ် ဆိုပေမယ့် သိပ်မတွေ့ရဘူး။ အရေးကြီးတဲ့ နေရာတွေ ယာဉ်အများဆုံး ကျပ်တဲ့အချိန်၊ ရုံးဆင်း၊ ရုံးတက်ချိန်တို့မှာ ယာဉ်ထိန်းရဲတွေဟာ များများရှိနေဖို့ ကောင်းတယ်။ ကမ်းနားလမ်းမှာဆိုရင် ကားတွေက အရမ်းကျပ်နေတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိပြီးတော့ နည်းလမ်း မှန်ကန်စွာနဲ့ လုပ်ဆောင်ဖို့လိုတယ်” ဟု ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းရန် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ရာ တံတားတည်ဆောက်ရေး လုပ်ငန်းများကြောင့် ယင်းအနီး ပတ်ဝန်းကျင်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဆိုးရွားခဲ့သည်။

“အခု ယာဉ်ကြောပိတ်ဆို့တာတွေက အရင်ကထက်စာရင် တော်တော်
လေးကိုဆိုးရွားလာတယ်။ ပိတ်တော့လည်း အဓိက လမ်းဆုံတွေဖြစ်နေတယ် လူအများကတော့ အလုပ်လုပ်ကြရင် အဓိက လမ်းဆုံတွေပဲ ဖြတ်ကြရတာ။ အန်တီအထင်နဲ့ ဆိုရင်တော့ အစိုးရပိုင်းတွေ အနေနဲ့ မြို့နယ်တိုင်းမှာ အတွင်းလမ်းလေးတွေ ရှိတယ်။ အဲဒီလမ်းတွေကို နည်းနည်းလေးဖြစ်ဖြစ် အရင်ချဲ့တာမျိုး လုပ်ပြီးမှ လမ်းဆုံတွေမှာ ခုံးကျော်တံတား ဆောက်တာတွေ လုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီလို ဆောက်တာတွေရှိရင် အဲဒီလမ်းတွေက နေသွားလို့ရမယ်လေ။ ယာဉ်ထိန်းတွေ လုပ်ဆောင်မှုတွေ ရှိပေမယ့် ထိရောက်တဲ့ အထိတော့ မရှိသေးပါဘူး။ ဒီနှစ်အတွင်း သွားရလာရ အခက်ခဲဆုံး ကာလတွေပါပဲ” ဟု လှိုင်သာယာ မြို့နယ်(၁)ရပ်ကွက်တွင်
နေထိုင်သူ ပညာရေးဝန်ထမ်း (ငြိမ်း) ဆရာမ ဒေါ်မြင့်မြင့်ခိုင်က
ပြောပြခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးက “ခုရက်ပိုင်းကားက ပိုပြီးကျပ်လာတယ်။ ရန်ကုန်မှာ ကားကျပ်တာက မထူးဆန်းတော့ပေမယ့် ဒီထက်ပိုပို ကျပ်လာတာတော့ လုပ်ငန်းထိခိုက်တယ်။ စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေ အတွက်တော့ ပိုပြီး ခက်ခဲလာတာပေါ့ဗျာ” ဟု ပြောပြခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ လမ်းအပြည့်အ၀ အသုံးမပြုနိုင်ခြင်းအပြင် လမ်းပေါ်တွင် ပါကင်ထိုးရပ်ထားသော ယာဉ်များကြောင့်လည်း ပါဝင်နေကြောင်း၊ အဆိုပါ ယာဉ်များအတွက် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ ပြုလုပ်ရန်အတွက် ရန်ကုန်မြို့ရှိ လမ်းအချို့ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဦးချစ်မောင်လမ်း၊ ဝေဇယန္တာလမ်း၊ ဦးဖိုးစိန်လမ်း စသည်တို့ကို ချဲ့ထွင်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပေးခြင်း အားဖြင့် ယာဉ်ရပ်နားနိုင်သည့် နေရာအနည်းငယ် အဆင်ပြေလာသော်လည်း လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကိုမူ အများအပြား ပြေလည်စေခြင်း မရှိသေးကြောင်း သိရသည်။

“ကားအစီးရေ တိုးလာတယ်ဆိုပေမယ့် ရန်ကုန်လူဦးရေ အရေအတွက်နဲ့ဆို ကားက မလုံလောက် သေးပါဘူး၊ စည်းကမ်းမရှိ မောင်းတဲ့ကားတွေ အများကြီး တိုးလာသလို၊ လမ်းဘေးဈေးသည်တွေကလည်း လမ်းမပေါ်ဈေး ရောင်းနဲ့ဆိုတော့ လမ်းပိတ်ပြီးကား ကျပ်တော့တာပေါ့။ Taxi တွေကလည်း စည်းကမ်းမရှိ ရပ်ချင်တဲ့နေရာ ရပ်ကြတယ်၊ ကားရပ်နားကွင်းတွေ ရှိလာရင်တော့ လိုင်းကားတွေလည်း သူ့နေရာသူ ရပ်ကြရင် အဆင်ပြေသွားမှာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်းကြောင့် အငှားယာဉ်မောင်းနှင်သူများ
အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် နေရာများသို့ ခရီးသည် ငှားပါက လိုက်ပါမှု နည်းပါးကြောင်း၊ လိုက်ပါပါကလည်း ယာဉ်ကြော
ပိတ်ဆို့မှုကြောင့်ပင် ဆီဖိုးကုန်ကျမှု များပြားခြင်းကြောင့် တွက်ချေ
မကိုက်တော့ဘဲ တစ်ခါတစ်ရံ ကားကျပ်သည့် နေရာများသို့သာ ငှားသူများပြားခြင်းကြောင့် မလိုက်ဖြစ်တော့ဘဲ အုံနာခပင် မပြည့်မီသည့် ရက်များပင် ရှိသည်ဟု အငှားယာဉ်မောင်းများထံမှ သိရသည်။

“ညီမက ယုဇနဥယျာဉ်မြို့တော်ကနေ မြို့ထဲကို ရုံးလာတက်ရတယ်။ ကားကျပ်တဲ့အတွက် မနက်ဆို စောစောကြိုပြီး ထွက်လာရတယ်။ လမ်းမှာ ယာဉ်ကြောကျပ်ပြီး ကားပိတ်တာကြောင့် ခါတိုင်း တစ်နာရီလောက်ကြာရင် ခုဆိုရင် နှစ်နာရီလောက် ကြာတယ်၊ အရင်ထက် စောစောထွက်မှ ရုံးမှီတယ်။ အပြန်ဆိုရင်လည်း ခါတိုင်းအနောက်ကျဆုံးက ၆ နာရီခွဲပဲ။ ခုဆိုကားတွေ ပိတ်၊ ယာဉ်ကြောတွေ ကျပ်နေတာ ကြောင့် ည ၈ နာရီကျော်လောက်မှ
ပြန်ရောက်တယ်” ဟု ယုဇနဥယျာဉ်မြို့တော်မှ ရန်ကုန်မြို့ထဲသို့ အလုပ်လာတက်ရသူ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

“ရန်ကုန်မှာ အရင်ထက် ယာဉ်စီးရေ သိန်းဂဏန်း တိုးလာတယ်။ လက်ရှိလမ်းတွေက ကျဉ်းနေတယ်။ ခြောက်လမ်းသွား စစ်စစ်မရှိဘူး။ အပြည့်သုံး နိုင်တာ မတွေ့ရဘူး။ အခုယာဉ်ကြော ပိတ်ဆို့တာတွေက
တော်တော်ဆိုးလာပြီ။ တချို့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ မရှိပါဘူး။ ယာဉ်ထိန်းရဲကင်းထဲမှာပဲ ထိုင်နေတဲ့ သူတွေလည်း ရှိနေဆဲပါ။ အရေးပေါ် လူနာတင်ယာဉ်လို ကားမျိုးတွေအတွက် တော်တော် အန္တရာယ်ကြီးတယ်။ မဖြစ်သေးလို့ သာပါ။ အိမ်နီးချင်း နိုင်ငံတွေမှာလို Fly Over လည်း ရှိတာမဟုတ်ဘူး။ ဒီကိစ္စကို တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ အချင်းချင်း ချိတ်ဆက်ဖြေရှင်းမှ ရမယ်ထင်တယ်။ နောက်ပြီး ယာဉ်ကြောပိတ်လို့ ဒါကို ဖြေရှင်းပေးနိုင်တယ် ဆိုပြီး ဆောက်နေတဲ့ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်တံတား စီမံကိန်းရှိတဲ့ နေရာတွေမှာ လမ်းပိတ်တာ ပိုဆိုးတယ်။ ဒါတွေ မြန်မြန်ပြီးမှ ဖြစ်မယ်။ လောလောဆယ် ရန်ကုန်မှာ ကားစီးရေ ထပ်တိုးဖို့အတွက် သေချာ စိစစ်သင့်နေပြီ။ ဒီအတိုင်းဆို မလွယ်တော့ဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုမြင့်ထွေးက သုံးသပ်သည်။

Eleven Media Group ရန်ကုန်မြို့ ယာဉ်ကြောရှုပ်ထွေးမှု ဖြေရှင်းရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဇွဲ့စည်းပုံ တိုးချဲ့ခြင်းက အဖြေမဟုတ်ကြောင်း၊ ယာဉ်စီးရေ များပြားလာခြင်းနှင့် လမ်းအားအပြည့်အ၀ အသုံးချနိုင်ခြင်း မရှိ ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေသူ ခရီးသွားပြည်သူနှင့် တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင်သည့် မြေနေရာ တိုးချဲ့မည့် စီမံကိန်း စင်ကာပူ အစိုးရ ရေးဆွဲ လျက်ရှိ လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင် သည့် မြေနေရာ တိုးချဲ့မည့် စီမံကိန်း စင်ကာပူ အစိုးရ ရေးဆွဲ လျက်ရှိ

Photo: လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင်သည့် မြေနေရာ တိုးချဲ့မည့် စီမံကိန်း စင်ကာပူ အစိုးရ ရေးဆွဲ လျက်ရှိ လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင်
သည့် မြေနေရာ တိုးချဲ့မည့် စီမံကိန်း စင်ကာပူ အစိုးရ ရေးဆွဲ လျက်ရှိ
Sunday, February 03, 2013 

စင်ကာပူ နိုင်ငံ၌ ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင်ရန် အတွက် မြေနေရာ များတိုးချဲ့မည့် စီမံကိန်းကို အစိုးရက ရေးဆွဲလျက် ရှိသည်ဟု မြေယာ အသုံးချမှု စီမံကိန်း ဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအခါ စင်ကာပူ နိုင်ငံ၏ အကျယ်အဝန်းမှာ ၇၁၄ဝဝ ဟတ်တာခန့် ရှိရာမှ ၇၆၆ဝဝ ဟတ်တာ အထိ ရှစ်ရာခိုင်နှုန်း တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် နိုင်ငံအတွင်း အိမ်ရာအသစ် စုစုပေါင်း ၇ဝဝဝဝဝ ခန့်ကို တိုးချဲ့ တည်ဆောက်၍ ရထားလမ်းများ ကိုလည်း နှစ်ဆ ခန့်ချဲ့ ထွင်သွားပြီး ဂေါက်ကွင်း များနှင့် လေ့ကျင့်ရေး ကွင်းများကို
ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

မြေနေရာ တိုးချဲ့မည့် အစီအစဉ်တွင် မရီနာ အရှေ့ပိုင်း၊ ချန်ဂျီ အရှေ့ပိုင်းနှင့် ပါဆာရစ် ဒေသများ အပါအဝင် နိုင်ငံအရှေ့ မြောက်ပိုင်း ကမ်းလွန် ဒေသရှိ တီကောင်းကျွန်းနှင့် အနောက် တောင်ပိုင်းရှိ တက်ရှ်ကျွန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


http://www.myawady.net.mm/allnews/global/item/6015-2013-02-03-09-17-41#.UQ3TXfJafro

ဲမြဝတီစင်ကာပူ နိုင်ငံ၌ ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် လူဦးရေ ၆ ဒသမ ၉ သန်း နေထိုင်နိုင်ရန် အတွက် မြေနေရာ များတိုးချဲ့မည့် စီမံကိန်းကို အစိုးရက ရေးဆွဲလျက်ရှိသည်ဟု မြေယာအသုံးချမှု စီမံကိန်းဌာန က ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအခါ စင်ကာပူ နိုင်ငံ၏ အကျယ်အဝန်းမှာ ၇၁၄ဝဝ ဟတ်တာခန့် ရှိရာမှ ၇၆၆ဝဝ ဟတ်တာအထိ ရှစ်ရာခိုင်နှုန်း တိုးချဲ့သွား မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် နိုင်ငံအတွင်း အိမ်ရာအသစ် စုစုပေါင်း ၇ဝဝဝဝဝ ခန့်ကို တိုးချဲ့ တည်ဆောက်၍ ရထားလမ်းများ ကိုလည်း နှစ်ဆခန့်ချဲ့ ထွင်သွားပြီး ဂေါက်ကွင်းများနှင့် လေ့ကျင့်ရေး ကွင်းများကို ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

မြေနေရာ တိုးချဲ့မည့် အစီအစဉ်တွင် မရီနာအရှေ့ပိုင်း၊ ချန်ဂျီအရှေ့ပိုင်းနှင့် ပါဆာရစ် ဒေသများ အပါအဝင် နိုင်ငံအရှေ့ မြောက်ပိုင်းကမ်းလွန်ဒေသရှိ တီကောင်းကျွန်းနှင့် အနောက်တောင်ပိုင်းရှိ တက်ရှ်ကျွန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6015-2013-02-03-09-17-41#.UQ3TXfJafro

From : မြဝတီ

အိန္ဒိယနာမည်ကျော် အဓမ္မမှု ကနဦးကြားနားမှု စတင်

Photo: အိန္ဒိယနံမည်ကျော် အဓမ္မမှု ကနဦးကြားနားမှု စတင်
Sunday, February 03, 2013 

အိန္ဒိယနိုင်ငံမှာ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးကို ဝိုင်းပြီး အဓမ္မကျင့်ခဲ့လို့ တနိုင်ငံလုံး အကြီးအကျယ် အမျက်ဒေါသထွက်စေ ခဲ့တဲ့အမှုကို ကျူးလွန်တယ်ဆိုတဲ့ အမျိုးသား ၅ ယောက်က သူတို့ အဲဒီအမှုကို မကျူးလွန်ကြောင်း ထွက်ဆိုသွားပါတယ်။ 

အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့အမှုတွေနဲ့ ပတ်သတ်တဲ့ နယူးဒေလီ မြို့က တရားရုံးမှာ သူတို့က အပြစ်မရှိကြောင်း ထွက်ဆိုသွားတာလို့ တရားခံဘက်က ရှေ့နေတွေက ပြောပါတယ်။

တရားရုံးက မျက်မြင်သက်သေတွေကို ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်ကြားနာမှာဖြစ်ပါတယ်။ တရားရုံးကသာ သူတို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သေဒဏ်ကျကြမှာ ဖြစ်ပါတယ်။ အဲဒီသူတွေ အပြစ်ရှိပါတယ်လို့ ထွက်ဆိုအောင် ရဲက နှိပ်စက်ညှင်းပမ်းတယ်လို့ တရားခံရှေ့နေတွေ က ပြောပါတယ်။ နောက်တရားခံ တဦးကိုတော့ အသက်မပြည့်တဲ့ အတွက် နောက်တရားခွင်နဲ့ သပ်သပ် စစ်ဆေးပါတယ်။

ဒီ ၆ ယောက်က သေဆုံးသူအမျိုးသမီးနဲ့ သူ့ရဲ့အဖော် အမျိုးသားကို သံဒုတ်နဲ့ ဝိုင်းရိုက်ကြပြီး အဓမ္မကျင့်ကြတော့လည်း သံချေးတက်နေတဲ့ ဒုတ်ကို အသုံးပြုခဲ့ကြတယ်လို့ စွပ်စွဲခံထားရတာပါ။ တိုက်ခိုက်ခံရပြီးနောက်  ၂ ပတ်အကြာမှာပဲ အမျိုးသမီးလေးဟာ စင်္ကာပူနိုင်ငံက ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ 


ဓာတ်ပုံ - အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ သံသယဖြစ်ဖွယ် ၅ ဦးကို အမှုစစ်ဆေးနေတဲ့ နယူးဒေလီမြို့က ခရိုင်တရားရုံးရှေ့ မြင်ကွင်း။ (ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၁၃)။

ဗွီအိုအေအိန္ဒိယနိုင်ငံမှာ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးကို ဝိုင်းပြီး အဓမ္မကျင့်ခဲ့လို့ တနိုင်ငံလုံး အကြီးအကျယ် အမျက်ဒေါသထွက်စေ ခဲ့တဲ့အမှုကို ကျူးလွန်တယ်ဆိုတဲ့ အမျိုးသား ၅ ယောက်က သူတို့ အဲဒီအမှုကို မကျူးလွန်ကြောင်း ထွက်ဆိုသွားပါတယ်။

တက္ကသိုလ်ကျောင်းသား သမဂ္ဂ တရားဝင် ရပ်တည်နိင်ရေး ကြေညာချက် ထုတ်ပြန်

Photo: တက္ကသိုလ်ကျောင်းသားသမဂ္ဂ တရားဝင်ရပ်တည်နိင်ရေး
ကြေညာချက်ထုတ်ပြန်
Sunday, February 03, 2013 

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ-က-သ)များ တရားဝင်ရပ်တည်နိင်ရေး
ဆိုင်ရာသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။ 

t
Popular Myanmar News Journal


တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ-က-သ)များ တရားဝင်ရပ်တည်နိင်ရေး
ဆိုင်ရာသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

From : Popular Myanmar News Journal

အပြန်အလှန် ထိန်းကျောင်းပေးမှု Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများက လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

Photo: အပြန်အလှန် ထိန်းကျောင်းပေးမှု Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများက လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ်
ဖော်ဆောင်ရာတွင် အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
ပြောကြား 
Sunday, February 03, 2013  

လွှတ်တော်ကော်မတီများ၏ Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများ အနေဖြင့် လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အခက်အခဲ ရှိနေသည်ဟု
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၁ ရက်က
ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ
တွင် ဒီမိုကရေစီစနစ် ရင့်သန်လာရန် အဖွဲ့အစည်းများ အနေဖြင့် မည်သည့် လိုအပ်ချက်များ ရှိပါသလဲဟူသော မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းက "မြန်မာနိုင်ငံမှာ ပါလီမန်က ဖွဲ့စည်းထားတဲ့
ကော်မတီတွေက ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံတွေလိုမဟုတ်ဘဲ
လောလောဆယ် လုပ်ကိုင်ခွင့်နည်းတဲ့သဘော ရှိတယ်။ Check & Balance လုပ်ဖို့က ဒီကော်မတီတွေမှာ အဓိက တာဝန်ရှိတဲ့အတွက် Check & Balance အလုပ်ခံမယ့် အဖွဲ့အစည်းတွေ အနေနဲ့ ဒီလိုအလုပ်ခံရမှာကို နည်းနည်းလေး လိုလားတဲ့သူ မရှိသေးတဲ့အတွက် ဒီပေါ်မှာတော့ အခက်အခဲလေးတွေ ရှိတယ်" ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ စနစ်တွင် အဓိကလိုအပ်ချက်မှာ စိတ်ရှည်သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ တစ်ဖက်ကိုတစ်ဖက် နားလည်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသာမက
ပြည်သူများကပါ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကိုင်ကြရန် လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော်ကိုလည်း ပြည်သူများ၊ သတင်းမီဒီယာများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များက စစ်ဆေးနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်
များသည် ပြည်သူ့အကျိုးကို မလုပ်ဘဲ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာများ
ကိုသာ လုပ်နေပါက ပြည်သူများအနေဖြင့် ကိုယ်စားလှယ်အဖြစ် မတန်ဘူးဟု ယူဆပါက စစ်ဆေးထိန်းညှိနိုင်သည့် အခွင့်အရေးရှိကြောင်း၊ လွှတ်တော်တစ်ရပ်လုံး အနေဖြင့် ဆောင်ရွက်မှုသည် ဥပဒေနှင့် မညီဘူးဆိုပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြနိုင်ပြီး လိုအပ်ပါက အဆိုတင်သွင်းနိုင်ကြောင်းလည်း အခြားမေးခွန်းများကို
ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကိုရီးယားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်က ၎င်းတို့နိုင်ငံ၏ လွှတ်တော်တွင်
လွှတ်တော်ကိုယ်စားလှယ် သုံးရာနှင့် လွှတ်တော်ရုံးဝန်ထမ်း သုံးထောင်
ရှိသည်ဟု ပြောကြောင်း၊ ရုံးအဖွဲ့များတွင် ပညာရှင်များ ရှိကြောင်း၊ အမေရိကန်နိုင်ငံ လွှတ်တော်တွင် ဘတ်ဂျက်ပညာရှင်၊ စီမံကိန်းပညာရှင်များ ရုံးအဖွဲ့တွင် ပါဝင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်မူ စီမံကိန်း၊ ဘတ်ဂျက်များကို ကိုယ်စားလှယ်များကိုယ်တိုင် ရေးဆွဲနေရကြောင်း၊ ဘဏ္ဍာရေးအ ခြေအနေပေါ် မူတည်ကာ လွှတ်တော်ရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်း သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

လွှတ်တော်၏ တာဝန်သည် ဥပဒေပြုရေး ဖြစ်သည့်အတွက် ဥပဒေပြုရေး
ကိစ္စတွင် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်သာ အဓိကဖြစ်ကြောင်း၊
ဥပဒေ ပညာရှင်များအနေဖြင့် ၀င်ရောက်အကြံပြုခြင်းသာ ပြုလုပ်နိုင်ပြီး ဥပဒေပြုသည့် ကိစ္စများတွင် ပါဝင်ဆောင်ရွက်လိုပါက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင် အရင်ကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မီဒီယာများ၏
မေးခွန်းများကို ဖြေကြားနေစဉ် (ဓာတ်ပုံ - ငြိမ်းဇော်လင်း)
Eleven Media Group လွှတ်တော်ကော်မတီများ ၏ Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများ အနေဖြင့် လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အခက်အခဲ ရှိနေသည် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၁ ရက် က ပြောကြားခဲ့သည်။

ရန်ကုန် -မြိတ် ကမ်းရိုးတန်း အထူးအမြန်ယာဉ်ပြေးဆွဲမည်

Photo: ရန်ကုန်-မြိတ် ကမ်းရိုးတန်းအထူးအမြန်ယာဉ်ပြေးဆွဲမည်
Sunday, February 03, 2013 

Jade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက် လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်
ဖြစ်သည်။ 

Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များ
ဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ 

ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီ
ခန့်ဖြင့်သက်သောင့် သက်သာ သွားလာနိုင်မည် ဖြစ်သည်။ ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့်မုန့်၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်း အတွက် အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည်
ဖြစ်ကြောင်း သိရသည်။ 

လက်မှတ်ခ နှုန်းထားမှာ ငွေကျပ်လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်း
ရန်ကုန်-ထားဝယ် ခရီးစဉ်နှင့် ရန်ကုန်-ကော့သောင်း ခရီးစဉ်တို့အား တိုးချဲ့
ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6009-2013-02-03-08-59-43#.UQ3b1PJafro

မြ၀တီJade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲ မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ


Photo: ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ
Sunday, February 03, 2013 

အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6017-2013-02-03-09-24-51#.UQ3jMfJafro

မြ၀တီအီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher- 313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ရန်သူ့အမြင်အာရုံကို အံသြဖွယ်ရာ လှည့်စားနိုင်မည့် တစ္ဆေခြုံလွှာ

Photo: ရန်သူ့အမြင်အာရုံကို အံသြဖွယ်ရာ လှည့်စားနိုင်မည့် တစ္ဆေခြုံလွှာ
Sunday, February 03, 2013 

တစ္ဆေခြုံလွှာဟု အမည်ပေးထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့ အမြင်အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေမျိုးသို့ ဦးတည်လာကြောင်း သိရှိရသည်။

လက်ရှိ စမ်းသပ်ဆဲ အခြေအနေသာ ရှိသေးသော အဆိုပါ နည်းပညာ
အောင်မြင်လာချိန်တွင် ဝေဟင်၌ ပျံသန်းနေသော တိုက်လေယာဉ်များကို
ခရီးသည်တင် လေယာဉ်အဖြစ်သာ ထောက်လှမ်းနိုင်ပြီး စစ်သား တစ်ဦးကိုလည်း သစ်ပင်တစ်ပင် အနေဖြင့်သာ တွေ့မြင်နိုင်မည် ဖြစ်သည်။

Planet Myanmar Networkတစ္ဆေခြုံလွှာဟု အမည်ပေးထားသော စစ်ဘက်သုံး နည်းပညာ တစ်ခု သည် ရန်သူ့အမြင်အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့ ဦးတည်လာကြောင်း သိရှိရသည်။

ဧရာဝတီလူငယ်တွေ စာဖတ်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

Photo: စာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ
Sunday, February 03, 2013 

လူငယ်တွေ စာဖတ်ကြပါလို့ စနေနေ့က ရန်ကုန်မြို့ ဧရာဝတီစာပေ
ပွဲတော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"လူငယ်များဟာ စာဖတ်မှ ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ် ကောင်းမယ်" လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"စာဖတ်တယ် ဆိုတာဟာ စာအုပ်ထဲက ပါတဲ့ကိစ္စတွေကို အလွတ်ကျက်တာ မဟုတ်ဘူး။ စာအုပ်ထဲမှာပါတဲ့အရာတွေကို စဉ်းစားတတ်ဖို့ပဲ။ စာဖတ်တယ် ဆိုတာ စဉ်းစားတတ်အောင် သင်ပေးတာ" လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ အင်းလျားကန်ဘေးက Inya Lake ဟိုတယ်မှာ ကျင်းပနေတဲ့ ဒီပွဲတော်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာ စာပေပွဲတော်
ဖြစ်ပြီး ပြည်တွင်း နဲ့ နိုင်ငံတကာက ကလောင်ရှင်တွေ တက်ရောက်
နေကြတာပါ။ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက် တွေ့ရမယ့် ပွဲတော်ပါ။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နဲ့ တောင်ကိုရီးယား ခရီးစဉ်ကနေ ရန်ကုန်ကို ပြန်ရောက်ပြီးနောက်တနေ့မှာ ဒီပွဲကိုတက်ရောက် ခဲ့တာ
ဖြစ်ပါတယ်။

အေဂျင်စီသတင်းတချို့မှာ ဒီပွဲတော်အကြောင်း ရေးသားဖော်ပြထားပြီး တပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဟယ်ရီပေါ်တာစာအုပ်တွေကို အကုန်လုံး ဖတ်ဖြစ်ကြောင်း ရေးထားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့
ဆောင်းပါးပေါင်းချုပ်တွေကို ပင်ဂွင်းစာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အကြိမ်ကြိမ် ရိုက်နှိပ်ဖြန့်ဝေနေတဲ့အတွက် ကမ္ဘာအရပ်ရပ် စာအုပ်ဆိုင်ကြီးများမှာ သူ့စာအုပ်တွေကို တင်ထားတာ တွေ့ရမှာ
ဖြစ်ပါတယ်။

Irrawaddy Literary Festival လို့ အမည်ပေးထားတဲ့ ဒီစာပေပွဲတော်ကို
မြန်မာပြည်ဆိုင်ရာ  ဗြိတိသျှ သံအမတ်ရဲ့ ဇနီး Jane Heyn က စီစဉ်တာလို့ သိရပါတယ်။

ဧရာဝတီလူငယ်တွေ စာဖတ်ကြပါလို့ စနေနေ့က ရန်ကုန်မြို့ ဧရာဝတီစာပေ ပွဲတော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါ တယ်။

အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်

Photo: အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည် 
Sunday, February 03, 2013 

အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် 
KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေး
ထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။
 
နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ်
တွေ့ဆုံခဲ့ဖူးပါတယ်။

အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ 
KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။

ဗွီအိုအေအစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင်
KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရ နဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။