Tuesday, 7 May 2013

သမ္မတမိန့်ခွန်းအပေါ် နှစ်ဘက်ဝေဖန်မှုများရှိနေ


Photo: သမ္မတမိန့်ခွန်းအပေါ် နှစ်ဘက်ဝေဖန်မှုများရှိနေ
Tuesday, May 07 ,2013


နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

 

“သမ္မတကြီးပြောတာကို လက်ခံပါတယ်၊ ခက်တာက အောက်ခြေက လူတွေက သမ္မတပြောတာကို လိုက်နာ၊ မနာက ရှိသေးတယ်။ အထက်ကသာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ အောက်ခြေကလူတွေက တစ်မျိုး ဖြစ်နေတယ်။ သမ္မတမိန့်ခွန်းက အလယ်အလတ် ကျတယ် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အစ္စလာမ်ကိုလည်း အသိအမှတ်ပြုတယ် ၊ ရခိုင်တိုင်းရင်းသားတွေကိုလည်း လစ်လျူမရှု့ဘူးလို့ပြောတယ်” ဟု အစ္စလာမ်သာသနာ ရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဦးဝဏ္ဍရွှေက ပြောသည်။

 

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဥပဒေပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိနေခြင်း ကြောင့် အလွယ်တကူ ပြသာနာဖြစ်ပေါ်ရခြင်းဖြစ်ပြီး သမ္မတအနေဖြင့် ပဋိပက္ခဖန်တီးသူကို ဥပဒေအရ အရေးယူမည့် အစီအစဉ်အား ထောက်ခံကြောင်း ၄င်းက ဆက်ပြောသည်။

 

နိုင်ငံတော်သမ္မတအနေဖြင့် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းစေရေးအတွက် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ထောက်ခံသော်လည်း ထာဝစဉ် တည်ငြိမ်အေးချမ်းရေးကိုသာ ပို၍ လိုလာကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ဆိုသည်။

 

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးမှုက အရမ်းနည်းနေတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်ဆုံး ပဋိပက္ခကို ထာဝစဉ် ငြိမ်းချမ်းအောင်လုပ်ဖို့ လိုတယ်။ သမ္မတရဲ့ တည်ငြိမ်အေးချမ်းမှု လိုလားမှု ကိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် ထာဝစဉ်ဖြစ်ဖို့ကို ကျွန်တော်တို့က ပိုလိုလားတယ်။ ပြသာနာဖန်တီးတဲ့ မွတ်ဆလင်တွေကို ဥပဒေအရ အရေးယူမယ်ဆိုတာကိုလည်း လိုလားတယ်။ မွတ်ဆလင်ဖြစ်လို့တော့ မဟုတ်ဘူး ၊ ပြည်နယ်ထဲကို ခိုးဝင်လာပြီး ဆူပူလှုံ့ဆော်နေသူတွေရှိနေလို့ သူတို့ကို အချိန်မီ ဥပဒေအရ အရေးယူသင့်တယ်” ဟု ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ပြောသည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းကို မေလ(၆)ရက်နေ့ ညပိုင်း သတင်းအစီအစဉ်၌ ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့် ၊ အာဏာများဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၊ လုံခြုံရေးအဖွဲ့ အစည်းများသည် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာရန် သမ္မတအနေဖြင့် ညွှန်ကြားအမိန့်ပေးပြီးဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် လက်ရှိအခြေအနေပေါ်မူတည်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ကာ အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးတို့ကို ပြုလုပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 7 May, 2013

http://www.myitmakhamediagroup.com/detail.php?newid=4548&catid=26

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
 နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက်

၁။ ယနေ့ မေလ ၇ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ချက် (Press Release) တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်တွင် မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေသော The Daily Eleven သတင်းစာပါ "၀" သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း မဟုတ် မှန်ကြောင်း "၀" ငြင်းဆို ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါသည်။

“Windows 8 OS သုံး Tablet ကွန်ပျူတာအသေးစား Amazon ထုတ်ဖော်ပြသ”


Photo: “Windows 8 OS သုံး Tablet ကွန်ပျူတာအသေးစား Amazon ထုတ်ဖော်ပြသ”

အသေးစား Tablet ကွန်ပျူတာ လောကသို့ Windows 8အသုံးပြု ဝင်ရောက်လာမည့် ပထမဆုံး ကိရိယာလေးဟု ယူဆရသော Acer Iconia W3၏ ပုံကို Amazon ဝက်ဘ်ဆိုက်က မတော်တဆ ဖော်ပြမိခဲ့ကြောင်း သိရှိရသည်။ 

Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယင်းသည် အသေးစား Tabletငယ် တစ်ခုတွင် Windows 8ကို အသုံးပြုလျှက်သား ပထမဆုံးအကြိမ် တွေ့မြင်လာရခြင်း ဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21483
အသေးစား Tablet ကွန်ပျူတာ လောကသို့ Windows 8အသုံးပြု ဝင်ရောက်လာမည့် ပထမဆုံး ကိရိယာလေးဟု ယူဆရသော Acer Iconia W3၏ ပုံကို Amazon ဝက်ဘ်ဆိုက်က မတော် တဆ ဖော်ပြမိ ခဲ့ကြောင်း သိရှိရသည်။


Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယင်းသည် အသေးစား Tabletငယ် တစ်ခုတွင် Windows 8ကို အသုံးပြုလျှက်သား ပထမဆုံး အကြိမ် တွေ့မြင် လာရခြင်း ဖြစ် သည်။
 
From...Planet Myanmar Network

အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး”

အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး”
Tuesday, May 7, 2013

အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူး
ပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင်ကို တွဲချည်ထားသည့် ကြိုးတန်းအတိုင်း
မြစ်ပေါ်မှ ကျော်ဖြတ်စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်
သည်။

စတန့်ပြကွက်အတွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက်သ်ရွိုင်း အသက်ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။

အေးချမ်းမွန် Credit & Copy From >Planet Myanmar Network <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။
အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက် တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမားဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူး ပြရန် ကြိုးစားရင်း လမ်း တစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ် ရောင်း

ရခိုင်တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကို လုံးဝလျစ်လျူရှုမည် မဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကို လုံးဝလျစ်လျူရှုထားမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခ အစီအရင်ခံစာနှင့် ပတ်သက်၍ ပြည်သူလူ ထုထံ မေလ ၆ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် ပြောကြားလိုက်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခ

ကန်စွန်းရွက်စား၍ လူ ၁၆ ဦး အစာအဆိပ်သင့်

တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဖျန်းထားသည့် ကန်စွန်းရွက်ကို စားသုံးခဲ့သူ ၁၆ ဦး အစာ အဆိပ်သင့်မှု မေလ ၅ ရက် ညနေ ၄ နာရီက ရန်ကုန် တိုင်း ဒေသကြီး ကျောက်တန်း မြို့နယ် သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရ သည်။

ဂျီဟာဒ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားထုတ်ပြန်ချက်

Photo: ဂျီဟာဒ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားထုတ်ပြန်ချက် 





နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး

Hefajat-e-Islam-Horror-Dhaka
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး  မတည်ငြိမ်မူတွေနဲ့အတူ လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့အတွက် လွန်ခဲ့တဲ့ (တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့)  ၂ ရက်တာ အတွင်း လူပေါင်း  (၃၀) နီးပါးခန့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

တရုတ်နယ်စပ် လွန်ဆွဲ မှုများကြား ဝ ပါဝင် လာခြင်း

Photo: တရုတ်နယ်စပ် လွန်ဆွဲမှုများကြား ဝ ပါဝင်လာခြင်း
Tuesday, May 07 ,2013

မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ Jane’s Intelligence Review က ဆိုသော်လည်း ၀ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ်မှန်ကြောင်း အခိုင်အမာ ပြောကြားသည်။

သို့သော်လည်း မြန်မာအစိုးရတပ်များက ရှမ်းပြည်နယ်တွင်းရှိ လက်နက်ကိုင်များကို ထိုးစစ်မြှင့်တင်နေခဲ့ခြင်းကဲ့သို့ ရွှေတြိဂံ ဒေသမှ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်လာသော တိုက်ပွဲများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး အတွက် စမ်းသပ်ချက်တခု ဖြစ်လာဖွယ်ရှိသည်။

Jane’s Intelligence Review က TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမြောက်အများကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းအတွင်းတွင် ၀ သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သို့ တရုတ်တို့က ပေးအပ်ခဲ့ကြောင်း ရေးသားခဲ့သည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မြန်မာအစိုးရတပ်များနှင့် တားဆီးရာတွင် (UWSA)က အသုံးချရန်ဖြစ်သည်ဟုလည်း ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော ၀ အဖွဲ့တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်သား ၂၀၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

သို့သော်လည်း ၀ သတင်းရင်းမြစ်နှစ်ခုက တရုတ်ထံမှ ရဟတ်ယာဉ်များဝယ်ယူခဲ့သည့် သတင်းကို ငြင်းဆိုကြသည်။ “ဒီသတင်းက မမှန်ဘူးလို့ ကျနော်တို့ယူဆပါတယ်၊ ဒါက လုပ်ကြံထားတာသက်သက်ပါ၊ ဒီ ရဟတ်ယာဉ်တွေကို ကျနော်တို့ထဲမှာ ဘယ်သူကမောင်းနိုင်မှာလဲ” ဟု (UWSA) မှပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က တရုတ်မြန်မာနယ်စပ် ၀ အမာခံ တပ်စခန်းမှနေ၍ ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့်ပြောပြသည်။ ရှမ်းပြည်နယ် အတွင်းမှ ၀ အဆင့်မြင့်အရာရှိများကလည်း ထိုသတင်းကို ငြင်းဆိုကြသည်။

ထို့အတူပင် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးကလည်း Jane’s Intelligence Review ၏ သတင်းကို နောက်တရက်တွင် ချေပ ပြောဆိုခဲ့သည်။ သံရုံး၏ ထုတ်ပြန်ချက်တွင် “တာဝန်ရှိနိုင်ငံတနိုင်ငံ အနေနဲ့ရော လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ ၀င် အနေနဲ့ပါ ကုလသမဂ္ဂရဲ့ လက်နက်ရောင်းချမှုဆိုင်ရာ ဥပဒေတွေကို တိတိကျကျ လိုက်နာပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့လည်း အလွန်တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်” ဟုဖေါ်ပြထားသည်။ “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း၊ စစ်မှန်တဲ့ မိတ်ဆွေအယောက်အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက ပါတီများ၊ အဖွဲ့အစည်းများနဲ့ ဘယ်လို တရားမ၀င် ဆက်သွယ်ခြင်းမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး” ဟု တရုတ်သံရုံးကဆိုသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းသည် အစိုးရဖက်က နယ်မြေကို အပြည့်အ၀ ထိန်းချုပ်လိုပြီး အနာဂတ်ကာလတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းဟု ခန့်မှန်းပြော ဆိုမှုများလည်း ရှိနေသည်။

(UWSA) မှဦးအောင်မြင့်က ယခုလို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေချိန်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေစဉ်တွင် ရှမ်းပြည်နယ်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ကြောင်း ပြောသည်။

“ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေချိန်မှာ တိုက်တဲ့ခိုက်တဲ့ အသံတွေထွက်လာတော့ မကောင်းဘူးပေါ့ဗျာ” ဟု သူကဆိုသည်။

ဝ သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြန်မာအစိုးရနှင့် ၁၉၈၉ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော လများအတွင်းတွင် ၎င်းတို့ အိမ်နီးချင်း ကချင်နှင့် ရှမ်းလက်နက် ကိုင်တပ်ဖွဲ့များနှင့် အစိုးရကြားတွင် ပဋိပက္ခများ သိသိသာသာဖြစ်ပေါ်လာနေခဲ့သည်။

ငြင်းပယ်မှုများ ရှိနေသော်လည်း မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်သည့် Bertil Lintner ကမူ ရဟတ်ယာဉ် အရောင်း အ၀ယ်ကိစ္စသည် အမှန်တကယ်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ အစိုးရတပ်ဖွဲ့များက သံလွင်မြစ် အနောက်ဖက်ကမ်းရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA –North) ၏ တောင်ကုန်းထူထပ်သော နေရာမှ စစ်စခန်းများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းသည် နောက်ဆုံးတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်ရန်ဖြစ်ကြောင်း သူကပြောသည်။

အခြားသော ကျွမ်းကျင်သူတယောက်ကလည်း (UWSA) ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရတပ်ဖွဲ့များ နေရာ ယူနေသည် ဆိုခြင်းကို ထောက်ခံပြောဆိုသည်။

“မြန်မာ အစိုးရက ရှမ်းအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးကတည်းက သူ့တပ်တွေကို တခုမှ ဖယ်မသွားဘူး။ အင်အားဖြည့်တင်းတာတွေကိုတောင် ပိုလုပ်လာတယ်၊ ဒါကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒီတော့ ၀ ဖက်ကလည်း ဖြစ်လာနိုင်စရာရှိတဲ့ စစ်ပွဲအတွက် ပြင်ဆင်ရတော့တာပေါ့” ဟု တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး လေ့လာသူ တဦးဖြစ်သော ဦးအောင်ကျော်ဇောက ဆိုသည်။

Yale Global အွန်လိုင်း မဂ္ဂဇင်းတွင် Bertil Lintner က“ တရုတ်က နောက်ထပ်စစ်ပွဲတခုကို မလိုလားပါဘူး။ (UWSA) ဆီမှာ လက်နက်ကောင်းတွေ ပိုင်ဆိုင်နိုင်အောင် ကူညီပေးတာဟာ ငါတို့ကို မညစ်နဲ့လို့ နေပြည်တော် အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးနေခြင်းတမျိုးပါပဲ” ဟု မတ်လ အတွင်းက ရေးသားခဲ့သည်။

ဧပြီလ တလလုံး မြန်မာအစိုးရတပ်များသည် ဗျူဟာမြောက် အရေးပါသည့် သံလွင်မြစ် အနောက်ဖက်ကမ်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။ သံလွင်မြစ်သည် တိဘက် ကုန်းမြေမြင့်တွင် မြစ်ဖျားခံကာ ကပ္ပလီပင်လယ် အတွင်းသို့စီးဝင်သည်။ ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်၏ အရှေ့ဖက် ကမ်းတွင် ၀ တပ်ဖွဲ့များ ထိန်းချုပ်နေရာ ယူထားသည်။

ဧပြီလဆန်းပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မိမိတို့တပ်စွဲထားသည့်နေရာများမှ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက နောက်ဆက်တွဲအဖြစ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အစိုးရစစ်တပ်က ရာဇသံတရပ် ပေးပို့ခဲ့သည်။ ရှမ်းတပ်ဖွဲ့ များက ရာဇသံကို ပယ်ချလိုက်ကြသည့်အခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာတော့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်နယ်အတွင်းမှ အစိုးရ စစ်စခန်းများသို့ စစ်ကူများပေးပို့ကာ အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အကြီးဆုံးမြို့ဖြစ်သော လားရှိုးမြို့ အပါအ၀င်ဖြစ်သည်။ တင်းမာမှုများ မြင့်တက်လာနေကြောင်း သူ၏ အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သော သတင်း ရင်းမြစ်တခုက ပြောသည်။ ရှေ့တန်းရှိ ခြေမြန်တပ်ရင်းများအတွက် အရံအဖြစ် ထောက်ပံ့ရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ လည်း ရောက်ရှိနေကြောင်း သူကဆိုသည်။

ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော လေ့လာဆန်းစစ်သူ အမြောက်အများကလည်း အစိုးရတပ်များ သံလွင်မြစ် အနောက်ဖက်ကမ်းရှိ အချက်အချာကျသော စခန်း ၄ ခုကို သိမ်းပိုက်လို၍ဖြစ်ကြောင်း ပြောသည်။ ထိုစခန်းများ သည် UWSA ၏ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် အရေးပါသောနေရာများ ဖြစ်ကြသည်။ အထိအခိုက်မခံနိုင်သော အခြေအနေဖြစ်နေသည့် အတွက် ၎င်းတို့၏ အမည်များကို ထုတ်ဖေါ်ရေးသားခြင်း မပြုရန်သူတို့ဆန္ဒ ရှိကြောင်းလည်း ပြောသည်။

ရှမ်းပြည်နယ်မှ သံလွင်မြစ်ကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် စသည့် မဟာမိတ်အဖွဲ့ များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ရှိနေသည်။ ထိုအဖွဲ့အားလုံးသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များဖြစ်ကြသည်။

UNFC မဟာမိတ်များက သံလွင်မြစ် အနောက်ဖက်ခြမ်းကို ထိန်းချုပ်ထားသလို အရှေ့ဖက်ကမ်းကိုလည်း ၀ အဖွဲ့က ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်သည်။ သံလွင်မြစ်ကမ်းဘေးမှ SSA (North) ၏ တပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်လျှင် ၀ နယ်မြေကို ၀င်ရောက်တိုက်ခိုက်ရန်အတွက် ခြေကုပ်စခန်းများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် နည်းဗျူဟာအရ အလွန်အရေးပါသော ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံပိုက်လိုင်းနှင့် သံလွင်မြစ်ပေါ်တွင် တရုတ် ကျောထောက်နောက်ခံဖြင့် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ကာကွယ်ပေးပြီးသား ဖြစ်သွားနိုင်သည်။ ယခု စစ်ပွဲသည် တရုတ်နိုင်ငံအတွက် လောင်းကြေးတခုဖြစ်သည်။

“UWSA က ရဟတ်ယာဉ်တွေ သုံးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာလည်း နားလည်မှု လွဲမှားတာတွေကြောင့်ပါ၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသားလူမျိုးစု အုပ်စုတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အရမ်းစိတ်ဝင်စားကြပါတယ်” ဟု KIA ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဒေါက်တာတူးဂျာက ပြောသည်။

ယမန်နှစ်ကလည်း UWSA သို့ တရုတ်နိုင်ငံက ဝေဟင်ပစ်ဒုံးကျည်များနှင့် တင့်ကား၁၂စီး အပါအ၀င် လက်နက်များ ရောင်းချပေးပို့ခဲ့ကြောင်း Jane’s Intelligence Review က စွပ်စွဲခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံက မဟုတ်မှန်ကြောင်း ဇန်န၀ါရီ လတွင်ငြင်းဆန်ခဲ့သည်။ Jane’s Intelligence Review ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၁၂ နှစ်လယ်ပိုင်းတွင် ၎င်းနိုင်ငံထုတ် PTL02 ဘီးတပ်တင့်ကားများ UWSA သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဧပရယ်လဆန်းပိုင်းက အစိုးရတပ်ဖွဲ့များနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကိုချိုးဖောက်ကာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည့် တန့်ယန်းမြို့နယ်တွင် နောက်ထပ်တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက ယုံကြည်နေကြသည်။

KIA တပ်မ (၄) နှင့် တပ်မ(၈) တို့နှင့် မြန်မာအစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများက အရှိန်မြင့်တက်လာနေ ကြောင်း သတင်းများက ဆိုသည်။ တိုက်ပွဲများကြောင့် မိမိတို့နေရပ်ကို စွန့်ခွာရှောင်တိမ်းနေကြရသည့် အရပ်သားများ အတွက် စိုးရိမ်စရာ အခြေအနေများလည်း ရှိနေကြာင်း ဒေသခံ သတင်းရင်းမြစ်များက ဧရာဝတီကို ပြောပြသည်။

ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်မှာ ဧပြီ လဆန်းအထိ တထောင်ကျော်ရှိပြီး အခုအခါတွင် ယောက်ျား ဒါဇင် အနည်းငယ်ခန့် နေရပ်သို့ ပြန်သွားကြပြီဟု သိရသည်။ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ရှမ်းစာနယ်ဇင်းများက ၎င်းတို့၏ ယာမြေနှင့် စိုက်ခင်းများ လုပ်ကိုင်နိုင်ရန်အတွက် စွန့်စားပြီး ပြန်သွားကြခြင်းဖြစ်သည်ဟု ပြောပြသည်။

မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးခြင်းများလည်း ယခုလအတွင်းတွင် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း တရုတ်နိုင်ငံက ကမကထပြုပေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှင့် ကွာခြားချက်များ ရှိလာနိုင်သည်။ ဆွေးနွေးပွဲများသို့ နိုင်ငံတကာမှ လေ့လာသူများ တက်ရောက်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားခဲ့ရခြင်းကြောင့် အစိုးရနှင့် KIA ကို တရုတ်နိုင်ငံနှင့် ကွဲလွဲမှုများဖြစ်ပေါ်စေခဲ့သည်။

မြန်မာအစိုးရဖက်မှ ဦးဆောင်ညှိနှိုင်းသူ ဦးအောင်မင်းနှင့် ၎င်းဖွဲ့စည်းထားသော နိုင်ငံတကာအဆင့် အကြံပေးများ ပါဝင်သော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တို့သည် ကချင်နှင့် မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရသည့် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ KIA နှင့် ဆွေးနွေးမှု အကြိမ် တဒါဇင်ကျော်ကျော်ပြုလုပ်ခဲ့ရာတွင် တိုးတက်မှု အနည်းငယ်တော့ရှိခဲ့သည်။

“ကချင်ဖက်ကတော့ နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ဦးအောင်မင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်၊ ဒါပေမယ့် အခု လကုန်အထိတော့ ဘာသံမှ မကြားရသေးဘူး။ အားလုံးက တရုတ်အပေါ်မှာပဲ မူတည်ပါတယ်။ ကချင်ဖက်က နောက်လာ မယ့်ဆွေးနွေးပွဲတွေမှာ နိုင်ငံခြားလေ့လာသူတွေ ရှိစေချင်တယ်။ ဒါမှလည်း မှန်မှန်ကန်ကန် ဆွေးနွေးလို့ ရမယ်လေ၊ ဒါပေမယ့် တရုတ်က အဲဒါကိုပိတ်ပင်တယ်” ဟု KIA ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ပြောသည်။

“ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မတီက နိုင်ငံတကာ လေ့လာသူတွေ လာဖို့ သဘောတူပါတယ် ပြောနေပေမယ့် အရင်က သူတို့လုပ်ခဲ့တာတွေကြောင့် မြန်မာအစိုးရကို ယုံကြည်နိုင်ဖို့ ခက်နေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျနော် အရမ်းမျှော်လင့်ထားပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကချင်နဲ့ အစိုးရအကြား နိုင်ငံရေးနည်းနဲ့ ပြောဆိုညှိနှိုင်းနိုင်ဖို့ ကျနော်တို့ ရှေ့ကိုထပ်တိုးနိုင်ပါလိမ့်မယ်” ဟု သူက ဆိုသည်။

ဦးအောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကာလရှည်ကြာ ငြိမ်းချမ်းရေးကို ရရှိနိုင်ရန် အမှန်တကယ် လုပ်ကိုင်နေသည် ဆိုသော်လည်း အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေက ခြားနားသော ဇာတ်လမ်းတပုဒ်ကို ပြောပြနေသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

သူရရှိခဲ့သော အပြင်ကို ပေါက်ကြားလာသည့် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်းများ အရ မြန်မာစစ်တပ်၏ ထိပ်တန်း ဦးစားပေးကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရှင်းလင်းဖယ်ရှားရေးဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

နေပြည်တော်မှ စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်၏ အဆိုအရလည်း ဗိုလ်ချုပ်မှူးကြီးရာထူးကို မကြာသေးခင်ကမှ ရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အစီအစဉ်မှာ UWSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ချေမှုန်းရှင်းလင်းပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ရေး ဖြစ်သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်အရေးကား အကိုင်အတွယ် မညက်လျှင် အချိန်မရွေး သေနတ် ပေါက်ကာ ပြည်တွင်းစစ်မီး ပြန်တောက်နိုင်သော လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ဟုပင် ဆိုရပေတော့မည်။

(Daniel Pye နှင့် Saw Yan Naing တို့ ရေးသားသော Wa Rebels Caught Up in Regional Chess Match ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ Jane’s Intelligence Review က ဆိုသော်လည်း ၀ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ်မှန်ကြောင်း အခိုင်အမာ ပြောကြားသည်။

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


Photo: အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ
Tuesday, May 07 ,2013

အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။
၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။
၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင်နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။

1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)

1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)

1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )

1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml

1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

မွန်းသက်ပန် (ဆေး-၁)

သတင်းစုံလင်ဖေ့ဘုတ်တခွင်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

အရက်နာကျခြင်းကိုကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင် မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်

Photo: သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်
Tuesday, May 07 ,2013

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

မြန်မာသမ္မတ ဦးသိန်းစိန်မှာ အမေရိကန်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ မေလ ၁၉ ရက်နေ့ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ ဦးသိန်းစိန်၏ ယခု အမေရိကခရီးစဉ်မှာ အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦး အနေဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ပြန်လည်သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။ 

“သမ္မတအိုဘားမားနဲ့ တွေ့ပြီးရင် အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုပါ အမေရိက ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ 

ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်သည့် အမေရိကန်သမ္မတနှင့် ကာလတိုအတွင်း နှစ်ကြိမ် သီးသန့် တွေ့ဆုံနိုင်ခြင်းမှာ ထူးခြားကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ အကြား ဒီမိုကရေစီမိတ်ဖက်အဖြစ် ဖော်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

KhitLuNge

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာ သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

Photo: ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်
Tuesday, May 07 ,2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။

၎င်းက “ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံးတပြိုင်ထဲ
ဆောက်ခိုင်းမလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော်တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါက ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။ 
mizzima burmese

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရားရုံးတင်၍ ရွာသား ၆၀၀ ခန့် တရားရုံးသို့ ချီတက်

Photo: မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရားရုံးတင်၍ ရွာသား ၆၀၀ ခန့် တရားရုံးသို့ ချီတက်
Tuesday, May 07 ,2013

မဒေးကျွန်း (လက်ရှိ အခေါ် မြဒေးကျွန်း) မှ ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို ယမန်နေ့က ကျောက်ဖြူ မြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့ မှ ရုံးတင် တရားစွဲဆိုရာ  ကျွန်းပေါ်မှ ရွာသား ၆၀၀ ခန့်သည် စက်လှေများဖြင့် လိုက်ပါလာပြီး ကျောက်ဖြူမြို့နယ် တရားရုံးထိ ချီတက်ပြီး သူတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

မဒေကျွန်းမှ ရွာသား အများအပြားသည်  ကျောက်ဖြူမြို့သို့ အရေးဆိုရန် လိုက်ပါလာကြသည် ဆိုသော သတင်း ကျောက်ဖြူမြို့တွင် ပျံ့နှံ့သွားပြီးနောက် အာဏာပိုင်များသည် တရားစွဲဆိုခံရသူ ရွာသား (၁၀) ဦးအား ခံဝန် လက်မှတ် အမြန် ရေးထိုးခိုင်းကာ လွှတ်ပေးလိုက်သည်ဟု တရား  စွဲဆိုခံရရာတွင် ပါဝင်သူ ကိုထွန်းကြည်က ပြောသည်။

“ ကျွန်တော်တို့ကို သူတို့က အစပိုင်းမှာ ခံဝန်လက်မှတ်ထိုးဖို့ လူရှာခိုင်းတယ်။ ပြင်ပလူတွေက ခံဝန် လက်မှတ်ရေးထိုးမှ လွှတ်ပေးနိုင်မယ်လို့ ဆိုတယ်။ ရွာသားတွေ စုစုပေါင်း ၆၀၀ ခန့် လိုက်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတော့ ချက်ချင်းဘဲ ကျွန်တော်တို့ကို ကိုယ်ခံဝန် ကိုယ်လက်မှတ် ထိုးခိုင်ပြီး ချက်ချင်း လွှတ်ပေးလိုက်ပါတယ်” ဟု ဆိုသည်။

ထိုသို့ လွှတ်ပေးလိုက်သော်လည်း ကျေးရွာသား ၆၀၀ ခန့် ကျောက်ဖြူမြို့ ရုံးတက်လမ်းမှ မြို့နယ် တရားရုံးထိ ချီတက်လာခဲ့ကြကြောင်း၊ ဗိုလ်ငမောက်လမ်းသို့ အရောက်တွင် သက်ဆိုင်ရာ ခရိုင်ရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်များက ရှေ့ဆက် မသွားနိုင်အောင် တားမြစ်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း ခံဝန်ဖြင့် လွှတ်ပေးလိုက်သူ ၁၀ ဦးအား ခေါ်ယူလာပြီး သူတို့အား လွှတ်ပေးလိုက်ပြီ ဖြစ်သဖြင့် အိမ်ပြန်ကြရန် မေတ္တာရပ်ခံ ပြောကြားသဖြင့် ရွာသားများသည် ဗိုလ်ငမောက်လမ်းမှ မိမိနေရာသို့ ပြန်ခဲ့ကြသည်ဟု ကိုထွန်းကြည်က ပြောသည်။

“ ရွာသားတွေကလည်း လွှတ်ပေးလိုက်ပြီဆိုတော့ ရှေ့ဆက် မသွားတော့ဘဲ အိမ်ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ရုံးချိန်းပေးလိုက်တာကတော့ မေလ ၁၆ ရက်နေ့ ဖြစ်ပါတယ်” ဟု ကိုထွန်းကြည်က ဆိုသည်။

တရားစွဲခံရသူများမှာ မြဒေးကျွန်းပေါ်ရှိ  ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦး ထွန်းကြည်တို့ ဖြစ်ကြသည်။

သူတို့အား ဧပြီလ ၁၈ ရက်နေ့က မဒေကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ တရားလို လုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က လုံးဝ အပြစ် မရှိဘူးလို့ ခံယူတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ဟာ တရားဥဒေနဲ့ အညီ ဆန္ဒပြခွင့် ရရှိရေး အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးဆီမှာ အကြိမ်ကြိမ် တောင်းဆို ခဲ့တယ်။ ဒါပေမယ့် ခွင့်မပြုခဲ့ဘူး။ ပြည်နယ်ကို တင်ပြန်တော့လည်း ခွင့်ပြုချက် မပေးဘူး။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ကျွန်းသူ ကျွန်းသားတွေ နစ်နာနေတာတွေကို မတင်ပြ မတောင်းဆိုရင် မရတဲ့ အခြေအနေဆိုတော့ ဆန္ဒပြပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ခွင့်ပြုချက် မပေးတဲ့ အတွက် ကျွန်တော်တို့မှာ အပြစ် မရှိဘူး။ ကျွန်းသူ ကျွန်းသားတွေကတော့ လိုလားချက်တွေ မရတဲ့ အပြင် ခုလို တရားစွဲတဲ့ အပေါ်မှာ အထူး မကျေနပ်မူတွေ ဖြစ်နေကြပါတယ်” ဟု ကိုထွန်းကြည်က ဆိုသည်။

ဧပြီလ ၁၈ ရက်နေ့က မြဒေးကျွန်းမှ  ရွာသား ၈၀၀ ခန့်သည် ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရေး၊ ရွာဆက် လမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ပေးရေး၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူတွေကို အလုပ်အကိုင် ခန့်အပ်ပေးရေးနဲ့ နိုင်ငံတကာ လစာအတိုင်း ပေးရေး၊  မဒေးကျွန်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ အဆောက်အဦးတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ကျွန်းပေါ်မှာ ရာဇ၀တ်မူတွေ မပေါ်ပေါက်ရေး အတွက် ပြင်ပက အလုပ်လာလုပ်တဲ့ လူတွေကို သေချာစွာစိစစ်ရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ ကျွန်းပေါ်မှာရှိတဲ့ မြေတွေကို ရွာသူ ရွာသားတွေကို အသိမပေးဘဲ သိမ်းယူနေတာကို ရှောင်ရှားရေး၊ ပျက်စီးသွားတဲ့ ကျွန်းပေါ်က တာတမံကြီးကိုပြန်လည် တည်ဆောက်ပေးရေးနဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေကိ လျော်ကြေးတွေ ထုတ်ပေးရေးတို့ အတွက် တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မဒေးကျွန်း (လက်ရှိ အခေါ် မြဒေးကျွန်း) မှ ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို ယမန်နေ့က ကျောက်ဖြူ မြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့မှ ရုံးတင်တရားစွဲဆိုရာ ကျွန်းပေါ်မှရွာသား ၆၀၀ ခန့်သည် စက်လှေများဖြင့် လိုက်ပါလာပြီး ကျောက်ဖြူမြို့နယ် တရားရုံးထိ ချီတက်ပြီး သူတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

လူလိမ်တွေ သုံးနေကျ Rohypnol အိပ်ဆေး/သတိလွတ်ဆေး

Photo: လူလိမ်တွေ သုံးနေကျ Rohypnol အိပ်ဆေး/သတိလွတ်ဆေး

မန္တလေး နန်းတွင်းထောင်မှာ နေရစဉ် 1992 လောက်တုန်းက လိမ်လည်မှု လုယက်မှု စတဲ့ ရာဇဝတ်ပုဒ်မတွေနဲ့ကျလာတဲ့ နာမည်ကျော် (မြန်မာမဟုတ်သူ) လူဆိုးတယောက်ကို ဘယ်နည်းနဲ့ ခရီးသွားတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို အလစ်သုတ်သလဲ လို့ မေးကြည့်ဖူးတယ် ... ပထမတော့ သူက မဖြေချင်ဘူး။ 

တိုးတိုးတိတ်တိတ် ၃-၄ ကြိမ်လောက် မေးကြည့်တော့မှ ခရီးသွားဖော်တွေကို ဒီ Rohypnol ဆေးပြားတိုက်ပြီး ခရီးသည် အိပ်ပျော်သွားတဲ့အခါ ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေကို ဆွဲပြီးဆင်းသွားတာ ဖြစ်ကြောင်း ရှင်းပြတယ်။ ဆေးပြားဝင်အောင် အရည်တခုခုထဲ ထည့်တိုက်ပါတယ် ... တဲ့။ ဆေးက အနံ့မရှိဘူးလို့ဆိုပါတယ်။

 သောက်စရာ အအေးခွက်တို့ ကော်ဖီခွက်တို့ကို မသိမသာ လက်ဝဲလိုက်ရုံနဲ့ ဆေးခပ်ပြီးသားဖြစ်သွားလောက်အောင် လက်မြန်ရပါတယ် တဲ့။ အချိန်တိုတိုအတွင်း ခင်မင်သွားအောင်ပေါင်းတာကတော့ ပထမဆုံးအဆင့်ပေါ့။

တကယ့်သေချာပေါက် ငွေ/ပစ္စည်း သယ်ဆောင်သွားမယ့်လူမျိုးကို အချီကြီးကြံနိုင်အောင် ကြှိုတင်စုံစမ်းပြီး ခုံချင်းကပ် နေရာရအောင် စီစဉ်ယူရတယ် လို့လည်းဆိုပါတယ်။

ဒီဆေးဝင်သွားရင်တော့ သားကောင်ဟာ အိပ်ပျော်သွားပြီး ဘာမှကို မသိလိုက်တော့ဘူး လို့ပြောတယ်။ နောင် ဘယ်လောက်ပဲကြာ သွားပါစေ သတိလွတ်သွားချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်လိုမှ ပြန်မမှတ်မိတော့ဘူး လို့ ဆိုပါတယ်။ 

ထူးခြားတာက မြန်မာပြည်တုန်းက ဒီဆေးကို ဈေးကွက်ထဲမှာ တခါမှ မမြင်ဖူးတာပါပဲ။ ဒီတော့ သူတို့တတွေ နိုင်ငံခြားက ကွင်းဆက်နဲ့ ဆေးကို လျှို့ဝှက်တင်သွင်းပြီး သုံးကြတယ် လို့ယူဆရပါတယ်။ 

ငွေကြေးဥစ္စာတွေကို ခိုးယူဖို့ကြံစည်ရာမှာသုံးကြသလို မိန်းကလေးတွေကို ယုတ်မာချင်သူတွေလည်း သုံးကောင်းသုံးနေကြမယ်ထင်ပါတယ်။ 

လမ်းကြှုံတုန်းရလိုက်တဲ့ ခရီးသွားဖော်အသစ်နဲ့ တွေ့တဲ့အခါမျိုးမှာ ကောင်းကောင်းသတိထားပါ။ 

လူတိုင်းကို မသင်္ကာစိတ်ထားဖို့ အကြံမပေးလိုပေမယ့် အစားအသောက်စားတဲ့အခါ ကိုယ့်အမြင်ရှင်းအောင်လုပ်ထားမှသာ စားသောက်ဖို့ အကြံပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ အစားအသောက်ကို တချက်ကလေးမှ မျက်နှာလွှဲမထားပါနဲ့ ... 

သူများလက်နဲ့ သယ်လာပေးတဲ့အစားအစာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ ... လို့ အကြံပေးလိုပါတယ်။

04.05.2013
(အဟောင်းကို ပြန်ဖြည့်စွက်ပြီး တင်ပေးထားတာပါ။)

Credit Post From Win Maung
မန္တလေး နန်းတွင်းထောင်မှာ နေရစဉ် 1992 လောက်တုန်းက လိမ်လည်မှု လုယက်မှု စတဲ့ ရာဇဝတ် ပုဒ်မတွေနဲ့ကျလာတဲ့ နာမည်ကျော် (မြန်မာမဟုတ်သူ) လူဆိုးတယောက်ကို ဘယ်နည်းနဲ့ ခရီးသွားတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို အလစ်သုတ်သလဲ လို့ မေးကြည့်ဖူးတယ် ... ပထမတော့ သူက မဖြေချင်ဘူး။

ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်

ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
Tuesday, May 07 ,2013

ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။

Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။

အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် နိုင်ငံတကာ ကားကုမ္ပဏီများ၊ ယာဉ်အပိုပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ယခုဒုတိယ လေးလပတ်အတွင်း အမေရိကန်အခြေစိုက် Ford ကားကုမ္ပဏီနှင့် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီတို့၏ တရားဝင် ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ကြမည်ဖြစ်သည်။

ထို့ပြင် ဂျပန်အခြေစိုက် Toyota၊ Nissan၊ Honda၊ Suzuki ကုမ္ပဏီ တို့ကလည်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်ကာ Mitsubishi ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဂျာမနီအခြေစိုက် Bosch ကုမ္ပဏီကလည်း ယခုလအတွင်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာ ဖွင့်လှစ်မည်ဖြစ်သည်။ BMW ကားကုမ္ပဏီသည် မြန်မာဈေးကွက်တွင် လူကြိုက်များသော ထိပ်တန်းအမှတ်တံဆိပ် ဖြစ်သည်။ BMW ကို ၁၉၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြူးနစ်မြို့တွင် အခြေစိုက်ထားသည်။ BMW သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ အဓိကထုတ်လုပ်ပြီး Rolls-Royce နှင့် Mini ကဲ့သို့ ကမ္ဘာကျော် ကားကုမ္ပဏီ အချို့ကိုလည်း ပိုင်ဆိုင်သည်။

BMW ကားကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၎င်း၏ ကားမော်ဒယ် အချို့မှာ 1 - 7 စီးရီး မော်ဒယ်များ၊ X1၊ X3၊ X5၊ X6၊ Z4၊ M3၊ M5၊ M6၊ X5M၊ X6M တို့ဖြစ်သည်။

Singapore Feel
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

အကောင်းဆုံးအလုပ်

 
Photo: အကောင်းဆုံးအလုပ်
.......................
(မိုးညွန့်လုလင်)

ကမ္ဘာပေါ်တွင် အကောင်းဆုံးအလုပ်ကို လုပ်လိုလျှင် သုံးမျိုးစပ် အလုပ်ကို ရွေးရတော့မည်။
လုပ်ချင်သောအလုပ်၊ လုပ်သင့်သော အလုပ်နှင့် လုပ်တတ်သော/လုပ်နေသော အလုပ်တို့ တစ်ခုတည်းတွင် ပေါင်းစပ်ထားသော အလုပ်သည် သုံးမျိုးစပ် အလုပ် ဖြစ်သည်။ မိမိလုပ်ချင်သော အလုပ်သည် မိမိလုပ်တတ်သော လုပ်သင့်သည့် အလုပ် ဖြစ်နေခြင်းမျိုးသည် သုံးမျိုးစပ်အလုပ် ဖြစ်သည်။

လုပ်သင့်သော အလုပ်က တစ်ဝိုင်း၊ လုပ်ချင်သောအလုပ်က တစ်ဝိုင်း၊ လုပ် တတ်သော/လုပ်နေသော အလုပ်က တစ်ဝိုင်း စက်ဝိုင်းသုံးဝိုင်း ဝိုင်းလိုက်ပြီး ထို သုံးဝိုင်း တစ်ဝိုင်းတည်း၊ တစ်ထပ်တည်း ဖြစ်နေလျှင် သုံးမျိုးစပ်အလုပ် ဖြစ်သည်။ သို့သော် ထိုသို့ သုံးဝိုင်းတစ်ဝိုင်းတည်း ဖြစ်ရန်မှာ အလွန်ခက် သည့်အတွက် ထပ်နေသည့် နေရာများနေလျှင်ပင် သုံးမျိုးစပ်ဟု ခေါ်နိုင်သည်။ စက်ဝိုင်းသုံးဝိုင်း ထပ်နေသည့် နေရာများလေလေ သုံးမျိုးစပ်နှင့် နီးစပ် လေလေဖြစ်သည်။ စက်ဝိုင်းသုံးဝိုင်း ထိမနေလျှင် မိမိလုပ်တတ်သော အလုပ် သည် မိမိလုပ်ချင်စိတ် လုံးဝမရှိသော အလုပ်မျိုးဖြစ်ပြီး လုပ်လည်း မလုပ်သင့်သည့် အလုပ်မျိုး ဖြစ်သောကြောင့် ဝေးဝေး ရှောင်သင့်သည်။

လုပ်ချင်သော

လုပ်ချင်သော အလုပ်သည် မိမိ စိတ်ထဲက တိမ်းညွတ်နေသော အလုပ်မျိုး၊ မိမိဝါသနာပါသော အလုပ်မျိုး ဖြစ်သည်။ မီးသတ်သမား လုပ်လိုသည်၊ လယ်စိုက်လိုသည်၊ စစ်တိုက်လိုသည်၊ ရုပ်ရှင်ရိုက်လိုသည် စသည် စသည်ဖြင့် လူတစ်ကိုယ် စိတ်တစ် မျိုး ရှိကြသည့်အတိုင်း လူအမျိုးမျိုး၊ အကြိုက် အထွေထွေ ဖြစ်သည်။ မိမိဝါသနာပါရာ ကိုလုပ်လျှင် အကောင်းဆုံးဖြစ်အောင် လုပ်ချင်စိတ် စေတနာပါမည်။ မည်သည့်အလုပ် တွင်မဆို ကြုံတွေ့ရမည့် အခက်အခဲ ပင်ပန်း ဆင်းရဲခြင်းများကို ခံနိုင်ရည် “အနစ်နာ” ဖြင့်  ကျော်ဖြတ်နိုင်မည်။ လုပ်ချင်သောအလုပ်ကို လုပ်ရလျှင် ဆိုင်ရာ နယ်ပယ်တွင် ထိပ်ဆုံးသို့ ပေါက်မြောက်နိုင်ခြေ မြင့်မားသည်။

လုပ်ချင်သည်ဟု မိမိထင်နေသော အလုပ်မျိုးကို မိမိတကယ်ရော လုပ်ချင်ရဲ့ လားဟု ဆန်းစစ်နိုင်ရန်မှာ အရေးကြီးသည်။ မိမိပတ်ဝန်းကျင်က လုပ်စေချင်သော အလုပ်မျိုးကို မိမိက လုပ်ချင်သလိုလို ဖြစ်နေ တတ်သည်။ မိမိဝါသနာပါသည်ထင်ပြီး လမ်း ကြောင်းတစ်ကြောင်းနောက် လိုက်ပြီးမှ တကယ်လက်တွေ့ လုပ်ကိုင်ကြည့်သည့် အခါတွင် ဝါသနာမပါမှန်းသိပြီး နောက်ထပ် လိုင်းတစ်လိုင်းပြောင်းရလျှင် ထိုလိုင်းတွင် တစ်က ပြန်စရသောကြောင့် အချိန်ကုန် လူပန်းပြီး ရောက်သင့်လောက် မရောက် ကြ။ မိမိဆန္ဒလား၊ ဖခင်ဆန္ဒလား၊ သူငယ်ချင်းဆန္ဒလား ကို သေချာစဉ်းစားပြီး မှ လိုင်းရွေးသင့်သည်။

နောက်တစ်မျိုးရှိသေးသည်။ မိမိ ရင်ခုန်သည့် လိုင်းနှင့် ဘွဲ့ရပြီး တကယ် အလုပ်လုပ်ကြပြီ ဆိုတော့မှ ထိုအလုပ် သဘောသဘာဝကို နားလည်လာသည့်အခါ လုပ်ရင်းလုပ်ရင်း တဖြည်းဖြည်း မကြိုက်၊ မနှစ်မြို့တော့။ နောက်ဆုံး လိုင်းပြောင်း လိုက်ပြီးမှ  အောင်မြင်သွားကြသူများ အများအပြားရှိသည်။ အင်ဂျင်နီယာ အဆိုတော်များ၊ စိုက်ပျိုးရေးသမား တစ်ဖြစ်လဲ ဆရာဝန်များသည် ထိုသို့သော အမျိုးအစားထဲတွင် ပါဝင်ကြသည်။

ကိုယ်ဘာလုပ်ချင်မှန်း မသိလျှင် ရော။ ကိုယ်ဘာလုပ်ချင်မှန်း မသိသူများ အများအပြား ရှိသောကြောင့် ထိုစာရင်းတွင် ပါနေလျှင် လူထူးဆန်းမဟုတ်ပါ။ သေသာ သွားသည်၊ ကိုယ်ဘာလုပ်ချင်မှန်း သိမသွား သူများလည်း ရှိသည်။ ဤနေရာတွင် မေးစရာ မေးခွန်းတစ်ခု ဝင်လာသည်။ ကိုယ်ဘာလုပ်ချင်မှန်း မသိသည်နှင့် ဘာမျှ မလုပ်ရတော့ဘဲ ဒီအတိုင်း ထိုင်နေရမည် လား။ ထိုအတိုင်းတော့ မဖြစ်။ ထိုအခါ “လုပ်သင့်သော အလုပ်” ၏ အခန်းကဏ္ဍ ဝင်လာသည်။

လုပ်သင့်သော

လုပ်သင့်သော အလုပ်သည် ယေဘုယျအားဖြင့် စားဝတ်နေရေးကို ဖြည့်ဆည်းပေးသည့် အလုပ်မျိုး ဖြစ်သည်။ မိမိနေထိုင် အသက်ရှင်ရေး၊ မိမိချစ်သော သူများ နေရေးထိုင်ရေးကို ထောက်ပံ့ပေး သည့် အလုပ်မျိုး ဖြစ်သည်။ ငွေ၊ နေရာထိုင်ခင်း တစ်ခုခုကို ပေးသော အလုပ်ဖြစ်သည်။ သို့သော် ငွေကြေးပြည့်စုံသော သူတို့ အတွက်လည်း အလုပ်သည် လိုအပ်သည်။ အလုပ်ရှိမှ မိမိဦးနှောက်၊ ကိုယ်ကာယတို့ကို အသုံးချနိုင်သည်။ လူ၏ ခြေလက်၊ ဦးနှောက် ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးသည် သွေးမှ ထက်သည့်အတွက် အလုပ်ရှိနေမှ သွေးဖြစ်သည်။ မိမိကိုယ်၊ နှုတ်၊ နှလုံးတို့ကို အသုံးချနိုင်သော အလုပ်မှန်သမျှသည် လုပ်သင့်သော အလုပ်ဖြစ်သည်။

လုပ်သင့်သော အလုပ်သည် မိမိ စရိုက်နှင့် ညီသော အလုပ်လည်း ဖြစ်နိုင် သည်။ လူအများနှင့် စကားပြောနေရတာ ကြိုက်သလား၊ တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားအလုပ်လုပ်လို သလား မိမိစရိုက်နှင့် ကိုက်သောအလုပ်ကို လုပ်လျှင် စိတ်ချမ်းသာ အောင်မြင်နိုင်သည်။ 

လုပ်တတ်သော/လုပ်နေသော

လုပ်တတ်သောအလုပ်သည် မိမိ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ပညာရေးတို့နှင့်  သက်ဆိုင်သည်။ ဘွဲ့လက်မှတ်၊ တက်ခဲ့သော  အတန်းပညာတို့ ပါသလို ဘဝတစ်လျှောက် ဆည်းပူးခဲ့သည့် အသိအမြင်များ၊ အတုခိုးခဲ့ ရသည့် အတတ်တို့လည်း ပါသည်။ သင်ဆရာ တစ်ဦးတည်းနှင့်မပြီး မြင်ဆရာ၊ ကြားဆရာ တို့ထံမှ ရရှိခဲ့သည့် ပညာတို့ပါသည်။ တက္ကသိုလ်ကြီးတစ်ခုမှ ဘွဲ့ရထားသော ကြောင့် ဆိုင်ရာပညာရပ်တွင် လုပ်တတ်ကိုင် တတ်သလို ထောင်တွင်းတွင် ဆရာပေါင်းစုံထံ ကပ်ရပ် ရသမျှ ပညာဆည်းပူးခဲ့သော ကြောင့် ကျောင်းတော်ကြီးမှအထွက် ပညာစုံလာသူတို့လည်း ရှိနိုင်သည်။ လုပ်နေသော အလုပ်သည် လုပ်တတ်သော အလုပ်လည်း ဖြစ်သည်။ လက်ရှိအလုပ်ကို မကျွမ်းကျင်သေးလျှင်ပင် မလုပ်ဖူးသော အလုပ်များ၊ အစိမ်းသက်သက် အလုပ်များ ထက်တော့ တီးမိခေါက်မိ ရှိသည်။ မည်သူ့ထံ ချဉ်းကပ်မေးမြန်းရမည်၊ မည်သည့်အထာ ဆိုသည်ကို သဘောပေါက်သည်။ 

သုံးမျိုး ဘယ်လိုပေါင်း

သုံးမျိုးစပ် အလုပ်ရအောင် ဘယ်လို လုပ်ကြမလဲက စိန်ခေါ်မှုကြီး ဖြစ်သည်။ အပြောလွယ်သလောက် အလုပ်ခက်သည်။ အလုပ်လုပ်နေသည့် လူအားလုံး၊ အလုပ် လုပ်ကြမည့်လူ အားလုံး သုံးမျိုးစပ် အလုပ်ကို လိုချင်သူများချည်း။ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများ၊ အလုပ်ရှာ အင်တာနက် ဝက်ဘ်ဆိုဒ်များ ထောင်းထောင်းထနေသည့် ခေတ်ကာလကြီး တွင်ပင် ထိုသုံးမျိုးစပ်အလုပ်ကို မည်သူ မည်ဝါက ရှာဖွေပေးနိုင်မည်နည်း။ ရှာပေးနိုင်သော သူကို မြင်ချင်လျှင် ကြည့်မှန်ကို အနီးကပ်ကြည့်ရမည်။ အထဲမှ မိမိကိုကြည့် နေသော ပုဂ္ဂိုလ်ကသာ မိမိအတွက် သုံးမျိုးစပ်အလုပ်ကို ရှာပေးနိုင်မည်။

သုံးမျိုးစပ် အလုပ်ရရန် တစ်မျိုးချင်းစီ ပေါင်းရမည်။ သုံးမျိုးသော အလုပ်တို့တွင် ကြိုက်ရာက စနိုင်သည်။ လုပ်ချင်သော အလုပ်က စကြည့်ကြမည်။ မိမိဘာလုပ် ချင်သလဲ။ မိမိဘဝအတွက် အရေးကြီးသည့် ထိုမေးခွန်းကို အချိန်ယူ စဉ်းစားပြီးဖြေဖို့ အရေးကြီးသည်။  မိမိဘာလုပ်ချင်လဲ စဉ်းစားရကျပ်နေလျှင် မိမိ ဘာမလုပ်ချင်ဘူးလဲ စဉ်းစားကြည့်နိုင်သည်။ မလုပ်ချင် သောအလုပ်များကို ဖယ်လိုက်ပါ။ ကျန်သော အရာများသည် မိမိလုပ်ချင်သော အလုပ်များချည်း။ ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုသူများလည်း ရှိနိုင်သည်။ ထိုသူများ ကတော့ သိပ်ဦးနှောက်ခြောက်ရန် မလို။
လုပ်နေရလျှင် ပျော်သောအလုပ် များသည်လည်း မိမိသည်းခြေကြိုက် အလုပ်များ ဖြစ်နိုင်သည်။ စာရေးနေရတာ ပျော်သလား၊ ပန်းပင်စိုက်ရလျှင် ပျော်သလား၊ အိမ်လှလှလေးတွေ လိုက်ကြည့်ရတာ ပျော်သလား၊ အလှပြင်နေရင် သဘောကျလား၊ သီချင်းဆိုနေရလျှင် ထမင်းမေ့ ဟင်းမေ့လား အများကြီး အများကြီး။ 

မိမိဘာသာ အဖြေခက်နေလျှင် အနီးလူများကို အကူအညီ တောင်းနိုင်သည်။ ကိုယ်ဘာလုပ်ချင် သည်ကို ကိုယ်မသိသလို ဖြစ်နေသော်လည်း အနီးကပ်ဘေးလူက မြင်နိုင်သည့်အတွက်  မိမိမိဘ ညီအစ်ကို မောင်နှမ အပေါင်းအသင်း ရောင်းရင်းများ ကို မိမိအကြောင်းကို ပြန်မေးကြည့်နိုင်သည်။ 
လုပ်ချင်သော အလုပ်ကို ရှာတွေ့ပြီဆိုလျှင် လုပ်တတ်အောင် လုပ်နိုင်သည်။ သို့မဟုတ် လုပ်သင့်သလားနှင့် ချိန်ဆကြည့် နိုင်သည်။ လုပ်ချင်သောအလုပ် လုပ်တတ် အောင် မည်သည့်အရည်အချင်းများ ဖြည့်ဆည်း ထားရမည်နည်း။ ထိုအရည်အချင်း အချို့ မိမိထံတွင် ရှိနှင့်ပြီးသားဆိုလျှင် ဖြည့်ရမည့် အရာများကို ချရေးထားရမည်။ နိုင်ငံခြားတွင် အင်ဂျင်နီယာ အလုပ်လုပ် လိုသည် ဆိုပါစို့။ လိုအပ်ချက်များမှာ အင်ဂျင်နီယာဘွဲ့၊ အတွေ့အကြုံ၊ နိုင်ငံတကာ သုံး ဘာသာစကားဟု အကြမ်းဖျင်း ချရေးနိုင်သည်။ အင်ဂျင်နီယာဘွဲ့ ရထားပြီးသား ဆိုလျှင် အတွေ့အကြုံရော ရှိပြီလား။ အတွေ့ အကြုံတွင်လည်း နိုင်ငံတကာကုမ္ပဏီ အတွေ့အကြုံဆို ပိုဦးစားပေးခံရမည်။ အင်္ဂလိပ်လို ပြောနိုင်ဆိုနိုင်ရမည်။ သူတို့ နိုင်ငံက အင်ဂျင်နီယာဘွဲ့ရမှ ဆိုလျှင် လိုအပ်ချက်တွင် သူတို့နိုင်ငံတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ တိုးလာမည်။ ကွပ်ကဲရမည့် လုပ်သား များက ထိုင်းမှဆိုလျှင် ထိုင်းစကား အလုပ် ဖြစ်လောက်ရုံ ပြောတတ်ဖို့ လိုနိုင်သည်။ မိမိဖြည့်ရမည့် အချက်များ ပေါ်လာလျှင် ထိုအရာများကို ဘယ်လိုဖြည့်ရမလဲ အစီ အစဉ် ဆွဲပြီး အချိန်သတ်မှတ် ဖြည့်ဆည်းရမည်။ 

လုပ်သင့်သလား မေးခွန်းသည် နိုင်ငံ့ အခြေအနေနှင့်လည်း ဆိုင်သည်။ သိပ္ပံ ရုပ်ရှင် ဇာတ်လမ်းများကြည့်ပြီး အာကာသ ယာဉ်မှူး ဖြစ်ချင်လျှင် မြန်မာနိုင်ငံ၏ အာကာသသိပ္ပံ၊ စက်မှုဖွံ့ဖြိုးမှု အခြေအနေနှင့် ဆိုပါက အလှမ်းဝေးသည်။ မြန်မာနိုင်ငံ အနေဖြင့် နီးစပ်သည့် အလုပ်အကိုင်၊ လုပ်သင့်သည့် အလုပ်အကိုင်မှာ လေယာဉ်မှူး ဖြစ်သည်။ 

“လုပ်သင့်သလား” ကို မိသားစုအခြေ အနေနှင့်လည်း အဖြေထုတ်နိုင်သည်။ မိသားစုကို ထောက်ပံ့နေရသူသည် မိမိ လုပ်လိုသော အလုပ် မဟုတ်သည့်တိုင် လုပ်သင့်သောကြောင့် ဝင်ငွေရရာရ ကြောင်း အလုပ်တစ်ခုကို လုပ်နေရဦးမည်။ သို့သော် မိသားစုအတွက် တစ်သက်လုံး ထိုအလုပ် နှင့် အရိုးထုတ်ရမည်ဟု မဆိုလိုပါ။ လုပ်သင့် သည့်အလုပ်ကိုလုပ်ရင်း မိမိ စိတ်ကြိုက် အလုပ်ဘက်သို့ ကူးနိုင်မည့် အခွင့်အလမ်း များကို ရှာကြံနေရမည်။ လက်ရှိအလုပ်ကို လုပ်ရင်း မိမိကြိုက်သည့် အလုပ်ကို တစ်ဖက်တစ်လမ်းက တတ်မြောက်အောင် သင်ယူနေခြင်းဖြင့် အခွင့်အလမ်းပေါ် လာသည့်အခါ မိမိစိတ်ကြိုက်အလုပ်ကို လုပ်ရန်အသင့် ဖြစ်နေပေလိမ့်မည်။
တစ်မျိုးကစခြင်းဖြင့် သုံးမျိုးစပ် အလုပ်ကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင် ပါလိမ့်မည်။
ကမ္ဘာပေါ်တွင် အကောင်းဆုံးအလုပ်ကို လုပ်လိုလျှင် သုံးမျိုးစပ် အလုပ်ကို ရွေးရတော့မည်။
လုပ်ချင်သောအလုပ်၊ လုပ်သင့်သော အလုပ်နှင့် လုပ်တတ်သော/လုပ်နေသော အလုပ်တို့ တစ်ခုတည်း တွင် ပေါင်းစပ်ထားသော အလုပ်သည် သုံးမျိုးစပ် အလုပ် ဖြစ်သည်။ မိမိလုပ်ချင်သော အလုပ်သည် မိမိလုပ် တတ်သော လုပ်သင့်သည့် အလုပ် ဖြစ်နေခြင်းမျိုးသည် သုံးမျိုးစပ်အလုပ် ဖြစ်သည်။

KIA အဖွဲ့များ တပ်အင်အားတိုးချဲ့လျက်ရှိ

KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညှိနှိုင်းနေစဉ် KIA တပ်များတိုးချဲ့ လျက်ရှိကြောင်း ကချင်ပြည်နယ် မှဒေသခံများ၏ ပြောဆိုမှုအရ သိရှိရပါသည်။ အစိုးရဘက်က မည်သို့သော လိုက်လျောမှု

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်
Tuesday,May 07,2013

ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရသည်။

“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။

ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။

အောင်သိုက်
့မြန်မာ့ခေတ်

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေ အပါ အဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုးခတ်လိုက်သောကြောင့် ရွာသား များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။

တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ

တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ
Tuesday,May 07,2013

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာ အကြောင်း တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီတို့က သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်မှာ တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက သမ္မတ ဦးသိန်းစိန်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာအကြောင်းတွေကို ပါတီတစ်ခုချင်းအလိုက် ၅ မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ရေဒီယို သြစတေးလျ သတင်းဌာနကို အခုလို ပြောပြပါတယ်။

 “၁၈ ပါတီဆိုတော့ ၁၈ မျိုးပေါ့၊ တိုင်းရင်းသား နယ်မြေတွေမှာ အေးချမ်းမှု မရှိတာတွေ တင်ပြတာပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ သူတို့ နယ်မြေတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့၊ အခု လက်ရှိ တိုက်ပွဲတွေ အဓိက ရှင်းပြတာပေါ့၊ ပြည်နယ် တစ်ချို့ကလည်း ပြောတယ် သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချူပ်ရေးရ ဒေသတွေက အမတော်ကြေးရတယ်ပေါ့၊ နောက်ပြီးတော့ ရေခမ်းခြောက်ကုန်ပြီး ဆည်တွေ များများ ဆောက်ပေးဖို့  အဲ့ဒါတွေတော့ ပါတာပေါ့ဗျား။”  

သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတာတွေကို အမြန်ဆုံးရပ်စဲအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ထွန်းဦးက ဆက်ပြောပြပါတယ်။

“တင်ပြတာအားလုံးတော့ သူကတော့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ တိုက်ပွဲတွေ ဘာတွေဖြစ်တာ သူက ရပ်စဲအောင်တော့ သူအမြန်ဆုံး လုပ်ပေးမယ်လို့ သူပြောတာပဲ။ ဘယ်တော့လုပ်မလဲတော့ မသိဘူး၊ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ တချို့မှာ မြို့နယ်မှာ အားနည်းချက် ရှိတာတွေပေါ့၊ တိုင်းရင်းသား ကိစ္စကလည်း မပြီးဘူးဖြစ်နေတာကိုး၊”

ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ သိရတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေ နဲ့ နိုင်ငံရေးပါတီတွေ ကို နေပြည်တော် မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာအကြောင်း တွေကိုဆွေးနွေးခဲ့ကြ တယ် လို့သိရပါတယ်။

ကလေး မွေးဖွားပြီးနောက် မူလ ကိုယ်ခန္ဓာ အလှ ပြန်မရတော့ မည်ကို ရှကီရာ စိုးရိမ်ပူပန် လျက်ရှိ

ကလေး မွေးဖွားပြီးနောက် မူလ ကိုယ်ခန္ဓာ အလှ ပြန်မရတော့ မည်ကို ရှကီရာ စိုးရိမ်ပူပန် လျက်ရှိ

““၀ါကာ ၀ါကာ”” တေးသီချင်း အဆိုတော် ရှကီရာသည် ဇန်န၀ါရီ လက မီလန်မြို့တွင် သူမ၏ သားလေးကို မွေးဖွားခဲ့ ပြီးနောက် သူမ၏ မူလ ကိုယ်ခန္ဓာ အလှ ပြန်လည် မရရှိ မည်ကို စိုးရိမ်လျက် ရှိသည်။

ရှကီရာသည် သူမ၏ ချစ်သူ ကမ္ဘာကျော် ဘောလုံးသမား ဂျရတ် ပီကေးနှင့် ရရှိသည့် ရင်သွေးလေးကို မွေးဖွားပြီးနောက် မိခင် တစ်ဦး၏ ဘ၀ကို နှစ်ခြိုက်သော်လည်း သူမ၏ လှပ ကြော့ရှင်းသည့် ကိုယ်ခန္ဓာ ပြန်မဖြစ် တော့မည်ကို စိတ်ပူလျက် ရှိကြောင်း ၀န်ခံ ပြောကြား ခဲ့သည်။ ၎င်း၏ ပင်ကို ကိုယ်ခန္ဓာ အလှကို ထိန်းသိမ်း ထားနိုင်ပါက အလွန် အံ့သြဖွယ် ကောင်းမည်ဖြစ်ကြောင်း၊ ယခုအခါ ၎င်းသည် ကိုယ်အလေးချိန် အနည်းငယ် တိုးလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် ကတည်းက Zumba အားကစားကို မှန်မှန်ပြုလုပ် ခဲ့သော်လည်း The Voice ၏ နည်းပြ ဖြစ်လာသော အခါ အားကစား လုပ်ရန် အချိန် မရှိတော့ကြောင်း ရှကီရာက ဆိုသည်။

သို့သော် ရှကီရာ၏ သားငယ်သည် သူမအား ပျော်ရွှင်စရာ များကို ပေးစွမ်းကြောင်း သားငယ် ရှိနေသည့် အတွက် အထီးကျန်ခြင်းကို မခံစား ရကြောင်း ရှကီရာက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/15uQWZj

““၀ါကာ ၀ါကာ”” တေးသီချင်း အဆိုတော်ရှကီရာသည် ဇန်န၀ါရီလက မီလန်မြို့တွင် သူမ၏ သားလေး ကို မွေးဖွားခဲ့ ပြီးနောက် သူမ၏ မူလကိုယ်ခန္ဓာအလှ ပြန်လည်မရရှိမည်ကို စိုးရိမ်လျက်ရှိသည်။

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်


Photo: ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်
Tuesday,May 07,2013

ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။
 
မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
 
“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”
 
ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။
 
လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။
 
“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”
 
သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။
 
အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။
 
“အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”
 
သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။
 
ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။
 
ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။

ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
VOA

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်း ဆုံး ၁၈ ဦးထိရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပေမဲ့ တကယ်တမ်းသေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက် သူတွေကို ရွှေတူးဖော်ရာလုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျသတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

မွတ်စလင်အခွင့်အရေးအတွက် လုပ်ပေးမယ်လို့သမ္မတပြော

Photo: မွတ်စလင်အခွင့်အရေးအတွက် လုပ်ပေးမယ်လို့သမ္မတပြော
Tuesday,May 07,2013

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးကို စောင့်ရှောက်သွားမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်က ကတိကဝတ်ပြုလိုက်တယ်လို့ သိရပါတယ်။
Myanmar Rohingya
ရခိုင်ပြည်နယ်မှာတွေ့ရတဲ့ဒုက္ခသည်စခန်း 

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကပဲ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီးနောက် မနေ့က မိန့်ခွန်းပြောရာမှာ ခုလို ပြောလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးတွေကို စောင့်ရှောက်သွားဖို့ဟာ အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ဒေသခံရခိုင်လူမျိုးတွေကိုလည်း လစ်လျူရှုထားမှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီးမှာ အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ပါဝင်ပတ်သက်နေသလို ရဲအဖွဲ့တွေကလည်း အကြမ်းဖက်မှုတချို့ကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာကို လက်ခံတဲ့အကြောင်း ဒီလိုဖြစ်ရတာဟာ အရင်ကသုံးခဲ့တဲ့ မူဝါဒတွေအရ ဖြစ်ခဲ့ရတဲ့အကြောင်း ပြောခဲ့ပေမယ့် ဘယ်လိုမူဝါဒမျိုးဆိုတာကိုတော့ အတိအလင်းပြောတာမရှိဘူးလို့လည်း သိရပါတယ်။

ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရှိဖို့အတွက် လုံခြုံရေးအဖွဲ့တွေက လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ဖို့ကိုလည်း သူ့အနေနဲ့ တာဝန်ယူသွားဖို့လည်း ကတိပြုခဲ့ပါတယ်။

ရခိုင်အရေးအခင်းတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားခဲ့တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ကို အထောက်အပံ့တွေ တိုးမြှင့်ပေးဖို့နဲ့ မုတ်သုန်ဝင်ရောက်ဖို့ နီးလာတာနဲ့အမျှ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် ဒုက္ခပိုစရာဖြစ်လာမယ်လို့လည်း ပါရှိကြောင်း သိရပါတယ်။

ABC radio Australia

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
Myanmar Rohingya ရခိုင်ပြည်နယ်မှာတွေ့ရတဲ့ဒုက္ခသည်စခန်း 
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေး ကို စောင့်ရှောက်သွား မှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်က ကတိကဝတ်ပြုလိုက်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်က

မြေငလျင်သတင်း

Photo: မြေငလျင်သတင်း

မေလ ၇ရက်၊ ၂၀၁၃ခုနှစ်
( မြန်မာစံတော်ချိန် ၀၃း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ် မေလ (၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၂)နာရီ (၄၈)မိနစ် (၀၃)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၅၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် (၃၅)မိုင်ခန့်အကွာ)ကို ဗဟိုပြှု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးဇလ

မေလ ၇ရက်၊ ၂၀၁၃ခုနှစ်
( မြန်မာစံတော်ချိန် ၀၃း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

တာချီလိတ်မြို့တွင် ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး

တာချီလိတ်မြို့တွင် ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး

မေလ ၆ရက်၊ ၂၀၁၃ခုနှစ်

ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃) ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေး သွားခဲ့ပြီးနောက်

 စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေ သည်ကို တွေ့ရှိရသည်။

သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်း ကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ 

သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲ မှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။

အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာ က တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ 

ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာ သို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။

လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ 

သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေး ထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာ ကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့ လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြား လာသည်။

ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက် အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။

See More Photo & News Click Here
http://www.tachileik.net/2013/05/santa.html

Posted From Tachileik Online News
မေလ ၆ရက်၊ ၂၀၁၃ခုနှစ်
 ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟု လည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃) ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။