တောင်ကိုရီးယားနိုင်ငံသည် စစ်ပြီးကာလတွင်ယင်းတို့ ၏သံချပ်ကာတပ်ဖွဲ့ များကို အဆင့်မြှင့်တင်ပြီးအင်အား တောင့်တင်းစေရန်ကြံဆောင်ကြိုးစားခဲ့ကြသည်။၁၉၇၀ခုနှစ်များတွင်တောင်ကိုရီးယားနိုင်ငံသည်စစ်ပြီးခေတ်ကျန် ရှားမင်းတင့်မိသားစု၏မျိုးကွဲဖြစ်သောM4A3E8 များကို အနားပေးခဲ့ရသည်။ထိုအခါယင်းတို့ ၏တင့်တပ်ဖွဲ့ တွင်အမာခံပင်မကျောရိုးများအဖြစ် M47နဲ့  M48 panton တင့်ကားများသာကျန်ရှိ တော့သည်။ ယင်းအခြေအနေတွင်ငြှိုးသူ့ ရန်ဘက် မြောက်ကိုရီးယားနိုင်ငံတွင်T62ကဲ့သို့ တင့်ကားများကို နည်းပညာအကူ အညီကြီးမားစွာဖြင့် ထုတ်လုပ်နိုင်သည့်အခြေအနေဖြစ်ပြီးတင့်ကားနည်းပညာမှာလည်းကောင်းမွန်နေသောအချိန်ဖြစ်သည်။
ထို့ ကြောင့် ထိုအခြေအနေများကိုလိုက်မှီရန်အတွက်ကိုရီးယားတပ်ဖွဲ့ အကြီးအကဲများမှာကြံေ ဆာင်ခဲ့ကြသည်။အမေရိကန်မှ M60A1အမျိုးအစားတိုက်ပွဲဝင်တင့်များကိုပထမဦးစွာမှာယူခဲ့သော်လဲ အရေအတွက် လုံလောက်စွာမရခြင်း။နည်းပညာပိုင်းအရယှဉ်ပြိုင်ဖို့  အနည်းငယ်အားနည်းနေခြင်းများကြောင့် အစီအစဉ်ပျက် သွားခဲ့တော့သည်။