Sunday, 16 December 2012

သစ်သားနှင့်ပြုလုပ်သော ကား

ပုံမှာ တွေ့မြင်ရတဲ့ကားကို ယူကရိန်းနိုင်ငံမှ အင်ဂျင်နေယာ တစ်ဦးက

လာမည့်နွေရာသီ် စက်မှုဇုန်များကိုသာ မီးဖြတ်တောက် သွားမည်ဟုဆို


Photo: လာမည့်နွေရာသီ် စက်မှုဇုန်များကိုသာ မီးဖြတ်တောက် သွားမည်ဟုဆို 
Sunday, December 16, 2012

လာမည့်နွေရာသီ ရန်ကုန် မြို့ မီးလုံလောက်စွာရရှိရန် စက်မှုဇုန်များကိုသာ မီးဖြတ်တောက် သွားမည်ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၆ လာမည့်နွေရာသီ၌ ရန်ကုန် မြို့ မီးလုံလောက်စွာရရှိရေးအတွက် စက်မှုဇုန်များကိုသာ မီးဖြတ်တောက် သွားမည်ဟု ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦး အောင်ခိုင်က ယနေ့ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော သည်။

 ''နွေရာသီမှာ ရန်ကုန်လျှပ် စစ်ပေးဖို့အတွက် ၁၈ဝဝ မဂ္ဂါဝပ် လိုပါတယ်။ ကျွန်တော်တို့အခု ပေး နိုင်တဲ့အမြင့်ဆုံး ဓာတ်အားက ၁၅ဝဝ ကျော်ရှိတယ်။ ဒါကြောင့် ၁၈ဝဝ နီးပါးပေးနိုင်အောင် အသစ် တည်ဆောက်လျက်ရှိနေတဲ့ ဓာတ် အားပေးစက်ရုံများမှ ဓာတ်အား ထပ်တိုးယူသွားမှာပါ။ လိုအပ်ချက် အနည်းငယ်ရှိနေရင်တောင် စက်မှု ဇုန်တွေကိုပဲ မီးဖြတ်ပြီး နေအိမ်တွေ ကိုလုံလောက်အောင်ပေးသွားမှာ ပါ''ဟု ပြောသည်။

az
Popular Myanmar News Journalလာမည့်နွေရာသီ ရန်ကုန် မြို့ မီးလုံလောက်စွာရရှိရန် စက်မှုဇုန်များ ကိုသာ မီးဖြတ်တောက် သွားမည်ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၆ လာမည့်နွေ ရာသီ၌ ရန်ကုန် မြို့ မီးလုံလောက်စွာရရှိရေးအတွက် စက်မှုဇုန်များကိုသာ မီးဖြတ်တောက် သွားမည်ဟု ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦး အောင်ခိုင်က ယနေ့ကျင်းပသည့်

မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဝယ်ယူသူများ အနေဖြင့် မူလဆင်းကတ် အိမ်အား သိမ်းထားသင့်

Photo: မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဝယ်ယူသူများ အနေဖြင့် မူလဆင်းကတ် 
အိမ်အား သိမ်းထားသင့်
Sunday, 16 December 2012

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း သုံးစွဲခွင့် ပေးခဲ့သည့် မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲ သူများအနေဖြင့် စာချုပ်ရရှိ ရေးအတွက်သာ ကြိုးစား အားထုတ်ကြ သော်လည်း မူလဆင်း ကတ်အပြားလေးကို သိမ်းဆည်း ထားသင့်ကြောင်း သိရသည်။

''ဆင်းကတ်ပြား လေးရဲ့အောက်မှာ နံပါတ်လေးတွေ နှိပ်ပေးထားတာ ရှိပါတယ်။ အဲ့ဒါကို လူတချို့က မသိနား မလည်ကြတော့ စနစ်တကျ 
သိမ်းထား တာမတွေ့ရဘူး။ ဖုန်းတွေ အကြောင်း အမျိုးမျိုးကြောင့် Lock ကျသွားတာ၊ အဝင်အထွက် ခေါ်လို့မရတော့ဘဲ ပြန်ဖွင့်ဖို့ Lock နံပါတ် တောင်းခဲ့ရင် ဆင်းကတ် မှာပါတဲ့ Lock နံပါတ် လေးတွေကို ရိုက်ထည့်ပေး လိုက်ရပါတယ်'' ဟု မိုဘိုင်းလ် ဖုန်းများ Service ဝန်ဆောင်မှု ပြုလုပ်နေသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။

အချို့မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲသူ အများစုမှာ ဖုန်း Lock ကျသွားပါက
ပြင်ဆင်တတ်ခြင်း မရှိဘဲ မိုဘိုင်းလ်ဖုန်း Service ပေးသော ဆိုင်များ၊
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများသို့ အချိန်ပေးကာ သွားရောက်
ပြင်ဆင်မှု ပြုလုပ် ရကြောင်း သိရသည်။

မြ၀တီ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှငှားရမ်း သုံးစွဲခွင့် ပေးခဲ့သည့် မို ဘိုင်းလ် ဖုန်း ဝယ်ယူသုံးစွဲ သူများအနေဖြင့် စာချုပ်ရရှိ ရေးအတွက် သာ ကြိုးစားအားထုတ်ကြ သော်လည်း မူလဆင်း ကတ် အပြားလေးကို

တွ့မရှောင်ထိုးလို့ ၁ မိနစ် ၄၀ sec မှာ မှောက်သွားတဲ့ အီရန်နိုင်ငံသား


ယနေ့(၁၆-၁၂-၁၂ )မှာပြုလုပ်တဲ့ အီရန်နိုင်ငံသား ကမ္ဘာ့မွေထိုင်းချန်ပီယံ မာဆွတ် နဲ့ တွေ့မရှောင်တို့ မြန်မာ့လက်ဝှေ့ပွဲမှာ တွေ့မရှောင်က ၁မိနစ် ၄၀sec ခန့်မှာ အလဲထိုးပြီး အနိုင်ရသွားပါတယ်။

____________________________________
Reference and Credit to -ဆရာဖေမြင့်ဦး
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
ယနေ့(၁၆-၁၂-၁၂ )မှာပြုလုပ်တဲ့ အီရန်နိုင်ငံသား ကမ္ဘာ့မွေထိုင်း

ကမ္ဘာပျက်မည့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရောက်တော့မည်


ကိုယ်တိုင် မကြုံလိုမတွေ့လို သော်လည်း လူ့ဘောင်လောက ပျက် စီးနိုင် သည် ဟူသော သတင်းများသည် လူအများ၏ စိတ်ဝင်စား မှုကို ခံရပြီး လျင်မြန်လွယ်ကူစွာ ပျံ့နှံ့လေ့ရှိကြသည်။ ဥပမာ-၂ဝဝဝ ခုနှစ်ရောက်လျှင် ကမ္ဘာတွင် ဧရာမဘေးကြီး ကျရောက်လိမ့်မည်ဟု လွန်ခဲ့သည့် ၁၂နှစ်ကျော် က ပေါ်ခဲ့သည့် ဝိုင်တူးကေ Y2K ကောလာဟလသည် ပညာတတ် အချို့ကြား၌ပင် စိုးရိမ်စိတ်များ ဖြစ်ခဲ့သည်အထိ ‘အောင်မြင်’ခဲ့သည်။ ဝိုင်တူးကေနှင့်

တောင်ဒဂုံမှာမီးလောင်

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂နာရီ ၀န်းကျင်က တောင်ဒဂုံမြို့နယ်၊(၁၈) ရပ်ကွက် သရဖီလမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် (၁၂) လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့  ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂နာရီ ၀န်းကျင်က တောင်ဒဂုံ မြို့နယ်၊ (၁၈) ရပ်ကွက် သရဖီလမ်းတွင် မီးလောင်

12.12.2012 မှ 18.12.2012 အထိ ( ၇ ) ရက်သားသမီးများအတွက်ဟောစာတမ်း

တနင်္ဂနွေနေ့
 ကံကောင်းသောကာလဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကိုပိုင်ပိုင်နင်းနင်းချနိုင်ဖို့အရေးကြီးပါတယ်။
စာမေးပွဲဖြေဆိုလျှင်လည်းအောင်မြင်မည်။အချစ်ရေးဆိုလျှင်လည်းလက်ထပ်ဖြစ်မည်။စီးပွားရေးလုပ်ငန်း
သစ်တခုလုပ်ဖြစ်မည်။အလုပ်နှင့်ပတ်သက်ပြီးခရီးဝေးတွေသွားရလိမ့်မည်။ခရီးသွားနေစဉ်အချစ်ရေးကြုံ
လိမ့်မည်။ဝင်ငွေကောင်းမည်။ရစရာငွေလည်းရလိမ့်မည်။ကျန်းမာရေး လည်းကောင်းမည်။ကား/စက်

ပူတာအိုက တောင်ပေါ်သူလေးများရဲ့ မျှော်လင့်ချက်





ပူတာအိုဟု အသံကြားလိုက်ရင် မြန်မာနိုင်ငံမြောက်ပိုင်းအကျဆုံး၊ ရေခဲတောင်ရှိသည့် နေရာဒေသ တစ်ခုမှန်း အားလုံးအသိပင်။ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝပေးသည့် နယ်မြေ

အမေရိကန်မှာ လက်နက်ကိုင်မှု ဥပဒေပြောင်းဖို့လိုပြီ

အမေရိကန် ပြည်ထောင်စု မှာတော့  ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်သတ်ဖြတ် မှုမျိုးတွေထပ်မဖြစ်ဖို့ ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်ဆောင် နိုင်မှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက် လို့ ပြောင်းလဲမှုတွေလုပ်ဖို့ကို ဝါရင့်နိုင်ငံရေးသမား တွေက တောင်းဆို

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နှင့် ဒုတိယဝန်ကြီးချုပ်ဟောင်းတို့ လူသတ်မှု စွဲချက် တင်ခံရ

Photo: ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် ၄င်း၏ ဒုတိယ ဝန်ကြီးချုပ်ဟောင်းတို့သည် လူသတ်မှု စွပ်စွဲချက်ဖြင့် စွဲချက် တင်ခံရ
Saturday, 15 December 2012

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် ၄င်း၏ ဒုတိယ ဝန်ကြီးချုပ်ဟောင်းတို့သည် လူသတ်မှု စွပ်စွဲချက်ဖြင့် စွဲချက်
တင်ခံ ရလျက် ရှိပါသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့ အထူးစုံစမ်း စစ်ဆေးရေး ဌာန DSI တွင် တရားဝင် သွားရောက် စစ်ဆေးခံစဉ် ထိုကဲ့သို့ စွဲချက်တင် ခံရခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် ၂ နှစ်က ဖြစ်ပွားခဲ့သော ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံး
ဖြစ်သည့် ရှပ်နီဝတ် အစိုးရ ဆန့်ကျင်ရေး သမားများက ပြုလုပ်သော
နိုင်ငံရေး အုံကြွမှုတွင် အရပ်သား တစ်ဦး သေဆုံး ခဲ့ရမှုနှင့် ပတ်သက်ပြီး ထိုကဲ့သို့ စွဲချက် တင်ခဲ့ခြင်း ဖြစ်ပါသည်။ 

စစ်တပ်က နှိမ်နင်းခဲ့ရသော အဆိုပါ ဆန္ဒပြမှုတွင် ဆန္ဒပြသူနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ ၉ဝ ခန့်
သေဆုံးကာ ၁,၉ဝဝ နီးပါး ဒဏ်ရာ ရခဲ့ကြ ပါသည်။

မြ၀တီထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် ၄င်း၏ ဒုတိယဝန်ကြီး ချုပ်ဟောင်း တို့သည် လူသတ်မှု စွပ်စွဲချက်ဖြင့် စွဲချက်တင်ခံရလျက် ရှိပါသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့ အထူးစုံစမ်း စစ်ဆေးရေး

ကေအိုင်အေတို့ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

Photo: ကေအိုင်အေတို့ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ
Saturday, 15 December 2012

၁၄-၁၂-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာနေ မငြိမ်းငြိမ်းအေး (၂၉)နှစ်နှင့် တစ်ရွာတည်းနေ ဦးလတောင် (၅၆)နှစ်နှင့်တို့သည် မြောက်ဖြူကျေးရွာမှ ဆိုင်းဂျာဘွမ်
ကျေးရွာရှိနေအိမ်သို့ ပြန်လာစဉ် စဗျစ်ခူးကျေးရွာအ၀င်သို့အရောက် ဦးလတောင်မှာ ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့်
မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ 

မိုင်းနင်းမိပေါက်ကွဲ မှုကြောင့် ဦးလတောင်တွင် ယာဘက်ခြေခလယ်၊ ၀မ်းဗိုက်ယာဘက်ဘေး၊ ရင်အုံယာဘက်ဘေးနှင့် နှုတ်ခမ်း ယာဘက်
ဘေးတို့တွင်လည်းကောင်း၊ မငြိမ်းငြိမ်းအေးတွင် ယာပေါင်၊ ၀ဲခြေမျက်စေ့၊ ယာလက်မောင်းတို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး
ရရှိခဲ့သဖြင့် ဖားကန့်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသ လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်၁၄-၁၂-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာနေ မငြိမ်းငြိမ်းအေး (၂၉)နှစ်နှင့် တစ်ရွာတည်းနေ ဦးလတောင်(၅၆)နှစ်တို့သည်မြောက်ဖြူကျေးရွာမှဆိုင်းဂျာဘွမ်ေ ကျးရွာ ရှိနေအိမ်သို့ ပြန်လာစဉ် စဗျစ်ခူးကျေးရွာ အ၀င်သို့အရောက် ဦးလတောင်မှာ ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့်

နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင်

နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင် က ပြုလုပ် တဲ့ လေ့လာမှုအရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ

လင်းပိုင်စက်ရုပ် (သို့မဟုတ်) ရေငုပ်သင်္ဘော

တီထွင်သူကတော့ Doc နဲ့ Dusty လို့လူသိများတဲ့ အင်ဂျင်နေ ယာ  နှစ်ယောက် ဖြစ်ပါတယ်။ သာမန်စက်လှေတစ်စီးကို ရေငုပ် သဘောင်္ဖြစ်အောင် ပြောင်းလဲခင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်ကတည်း က ဖြစ်ပါ တယ်။ သို့ပေမယ့် ၂၀၀၆ ခုနှစ်နာက်ပိုင်းက နာမည်ကြီးလာတဲ့ တစ်ကိုယ်ရေသုံး ရေငုပ်သင်္ဘော ဖြစ် ပါတယ်။

ဗားရှင်းသုံးမျိုးထုတ်လုပ်ထားပါတယ်။ Searbreacehr X, J, Y ဆိုပြီး သုံးမျိုး ထုတ်လုပ်ထားပြီး တစ်ယောက်စီး၊ နှစ်ယောက်စီး ဆိုပြီး ထုတ်လုပ် ထားပါ တယ်။ အင်ဂျင်ပါဝါ ၁၆၀၀ စီစီ ရှိတဲ့ လေးလုံးပူး ပစ်စတင်ကို အခြေခံ လို့ မြင်းကောင်ရေ ၂၇၀ ထုတ်နိုင်တဲ့ အားပြင်း အင်ဂျင်တွေ ချည်း ဖြစ်ပါ တယ်။ တစ်မျိုးနဲ့တစ်မျိုး အနည်းငယ်ပဲ ကွာခြား ပါတယ်။ ရေအောက်မှာ တစ်နာရီ ၂၅ မိုင်၊ ရေပေါ်မှာ မိုင် ၅၀ မောင်းနှင် နိုင်ပါတယ်။

ရေမဝင်နိုင်အောင် အလုံပိတ်တည်ဆောက်ပြီး အလူမီနီယမ်၊ ကာဘွန် ဖိုက်ဘာတို့လို သံချေးမတက် သတ္တုတို့ကို အသုံးပြု ပါတယ်။ တစ်ယောက် စီး၊ နှစ်ယောက်စီးအလိုက် သက်ကယ်ပစ္စည်းလည်း စုံလင်စွာ ပါရှိပါ တယ်။ ရေအောက်လည်း မောင်းနှင်နိုင်သလို၊ရေပေါ်လည်း သွားနိုင်ပါတယ် ပင်လယ် ကြမ်းပြင်တွေတော့ မဟုတ်ပဲ ကမ်းဆပ် အနက် သိပ်မရှိတဲ့ နေ ရာတွေမှာ မောင်းနှင်နိုင်ပါတယ်။ အဓိက ကတော့ သန္တာကျောက်တန်း များ လေ့လာလို့ ရအောင် ဖြစ်ပါတယ်။

လင်းပိုင်တို့လို ရေပေါ် ခုံတက်အလှပြနိုင်စွမ်း ရှိပါတယ်။ ၁၉၈၇ ခုနှစ် စတင် စမ်းသပ်စဉ်ကထက် ၂၀၀၆ မှာ ပိုမို အဆင့်မြင့်သွားပါတယ်။ အမေရိကန် Innespace မရိမ်းအင်ဂျင်နှင့် သင်္ဘောထုတ် ကုမ္မဏီက တာဝန်ယူလို့ အများအပြား ထုတ်လုပ်ပါတယ်။ သို့ပေမယ့် မှာယူသူ ရှိမှ ထုတ်လုပ် တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကြီးလို့ ဖြစ်ပါတယ်။ တစ်ကောင်ကို အနည်း ဆုံး အမေရိကန်ဒေါ်လာ ၁ သိန်း ကာလတန်ဖိုး ရှိပါတယ်။

Seabreacher အမည်ရတဲ့ လင်းပိုင်ရေငုပ်သင်္ဘောများကို ယခုလို မြင်တွေ့ ရပါတယ်။
  
From : Myanmar Online News 

စည်ပင်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ အမှုဖွင့်ထား

စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ  ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း  အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင်

သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များကို အရေးယူရန် အင်အားအပြည့်ချထားပြီး စောင့်ကြည့်အရေးယူနေ

ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား ထိရောက်စွာ  အရေးယူနိုင်ရန် ပိတောက်ချောင်းရဲစခန်းကို အင်အား