အောင်မြင်သော ယောက်ျားတယောက်နောက်မှာ ထက်မြတ်တဲ့  မိန်းမရှိတယ်တဲ့ ။ဒါငဘ
ပြောတာမဟုတ်ဘူးနော်။စာရေးဆရာတွေပြောတာ ။ထက်မြတ်တဲ့  မိန်းမတယောက်ဆိုရင်လည်း ရိုးရိုး
သားသားနဲ့  မာနကို သိုဝှက်နိုင်မှ မိန်းမကောင်းတဲ့  ။မြန်မာနိုင်ငံမှာ ဒီလိုမိန်းကလေးမျိုးတွေ ရှားပါးနေ
ပြီဆိုတာ ကို မနိုးနိုး(ခေါ်) မနွဲ့ နှင်းရည် နဲ့  အင်တာဗျူးမှာ ထင်ထင်ရှားရှားကို တွေ့ နိုင်သဗျ။
ဘယ်နဲ့ ဗျာ။ထောင်ကျတာကို ဂုဏ်ယူပြနေတယ် ဆိုတာကတော့  ငဘထင်တယ် စိတ်ရော
မှန်သေးရဲ့ လားပေါ့။ထောင်ကျတာကို ဘိုးစင်ဘောင်ဆက် လိုလို ၊ဆွေစဉ်မျိုးဆက်လိုလို ။၊ပြောလိုက်
သေးတယ် ။ဘာတဲ့ ။ကိုယ်ဘာသာအတွက်တဲ့  မှတ်တောင်ထားရမဲ့ ကိန်းဆိုက်နေပြီ။ထောင်ကျတာကို
ဘာသာရေးနဲ့  လာနှောတာကတော့  အဖေနေမကောင်းတာနဲ့  ခြေညောင်းတာ မဆိုင်ဘူးတော့ ထင်
တာပါပဲ။
နိုင်ငံရေးဆိုတာ ကိုယ်ပိုင်ခံစားချက်နဲ့ ယုံကြည်ချက်ရှိမှ လို့  ကိုဇာဂနာက ပြောခဲ့ ပေမဲ့  ခု
မနိုးနိုးကတော့  ရှေ့ ကလုပ်မှာ ။ရှေ့ ကဦးဆောင်မဲ့ သူမရှိရင် နောက်လိုက်ဆိုတာ မရှိနိုင်ဘူးဆိုတော့ 
နိုင်ငံရေးသမား တွေ အချင်ချင်းတောင် ကွဲပြားနေပုံထောက်ရင် တနိုင်ငံလုံးကို စည်းရုံးဖို့  ဆိုတာ နည်း
နည်း ပုံပြင်ဆန်သွားသလားလို့ ပါ။ပြီးရင် ကိုဇာဂနာတို့ က တပည့် သားချင်းတောင် လူသိရှင်ကြားအမွေ
တွေ ဖြတ်မယ် တကဲကဲ လုပ်နေတာကတော့  အင်း စကတည်းက ယဉ်တကိုးတော့  ဖြစ်နေပြန်ပါပြီ။
ငဘထင်တာပေါ့လေ။သမ္မတဆိုတာ သူ့ ရဲ့ သက်တမ်းအတွင်းမှာ ဘာလုပ်ပါမယ်လို့ ကတိပေး
ပြီး ပြည်သူဆန္ဒရယူပြီးကာမှ ဖြစ်ခွင့် ရှိတာလို့ ပေါ့။အတိုက်အခံတွေ အားကျတဲ့  (ဒေါ်လာများများ
တောင်းလို့ ရတဲ့ )အမေရိကန်တောင် မဲဆွယ်ပြီး ပြည်သူတွေကို ဘာလုပ်ပေးပါ့ မယ်လို့  ပြောဆိုရတာ
မလား။ခုတော့  မြန်မာနိုင်ငံမှာတော့  တခြားဆီဗျာ။အစိုးရ လား။အင်းလုပ်လေ။ကြိုက်တာလုပ်။ကန့် ကွက်
ပြီးသားပဲ။ဆည်ဆောက်မှာလား။ဟင်အင့်  ဒီဆည်ကြီးပေါက်သွားရင် ဘယ်လိုလုပ်မလဲ။ကန့် ကွက်ပါတယ်
ဗျာလို့ ပြောကျတာကများသား။မီးမလာ ဘူးလေ ဒိုနိုင်ငံက။ဂုဏ်ယူသလိုလို ပြောနေကျ၊ဂျာနယ်တွေမှာ
ရေးနေကျလိုက်တာများ။မီးလာအောင် လုပ်ပေးတော့ လည်း ဟင့် အင် လက်မှတ်လေးတွေလိုက်စုလိုက်ဦး
မယ်ဖြစ်ပြန်ရော။ကျောက်ပန်းတောင်လို နေရာမျိုးမှာ ဆိုင်းပုဒ်ထောင်ပြီး ကန့် ကွက်လေ။လေးဘက်ကုန်း
ပြီးမပြန်လာရရင် ငဘကိုကြိုက်သလောက်ပြော။