Monday, 2 December 2013

WY ဆေးပြား သုံးစွဲသည်ဆိုခြင်းကိစ္စ ရုပ်ရှင်ဥက္ကဋ္ဌ လူမင်း စတင်ရှင်းပြီ


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ သရုပ်ဆောင်လူမင်း အပါအ၀င်ရုပ်ရှင် လောကအတွင်းမူးယစ်ဆေး သုံးစွဲသူများ အဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့် အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦးစာရင်းတို့ ကို (၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါ အစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ် အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့် အမူမှတ်တမ်း တစ်စောင် အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်

Photo: အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည် 
Monday, December 2, 2013

ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည်ပါဝင်နေ ခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese
ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏ အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည် ပါဝင်နေ ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ကျပ် ၆,၅၉,၀၀၀ ဖြင့် ယခုနှစ် အနိမ့်ဆုံး ရွှေဈေးဖြစ်လာ

 
 ပြည်တွင်းရွှေပေါက်ဈေး တစ်ကျပ်သားလျှင် ၆၅၉,၀၀၀ ကျပ်သည် ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည် ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်

Photo: အမေရိကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက် 
Monday, December 2, 2013

လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများမှာ ငွေလဲ ကောင်တာများနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရားဝင် ငွေလဲကောင်တာ များတွင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ် ဝန်းကျင်တွင် ရှိနေရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝယ်ဈေး ၉၇၉ ကျပ်မှ ရောင်းဈေး ၉၈၉ ကျပ်အထိ မြင့်တက်သွားကြောင်း ငွေလဲကောင်တာ လဲလှယ် နှုန်းထားများအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုဝင်ဘာလ ၂၁ ရက်နေ့ တစ်ဒေါ်လာ သတ်မှတ်နှုန်းထားမှာ ၉၇၃ ကျပ်သာ ဖြစ်သော်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ၉၈၃ ကျပ်ဟု ပြောင်းလဲ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ကြေညာသည်။

တရားဝင် ငွေလဲကောင်တာများ သာမက ပြင်ပဈေးကွက်တွင်ပါ ဒေါ်လာဈေး အပြောင်းအလဲ ရှိပြီး ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၄ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ပြင်ပ ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပဈေးကွက်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ဝယ်ဈေး တစ်ဒေါ်လာလျှင် ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဝယ်ဈေး ၉၇၄ ကျပ်၊ ရောင်းဈေး ၉၈၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

ဒေါ်လာလဲနှုန်း တက်သော်လည်း ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ ဈေးနှုန်းများမှာမူ အပြောင်းအလဲ မရှိသေးကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများ မှာ ငွေလဲ ကောင်တာများနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

ကန်အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီမြန်မာတွင် စက်ရုံတည်ဆောက်ရန် စီစဉ်

Photo: ကန်အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီမြန်မာတွင် စက်ရုံတည်ဆောက်ရန် စီစဉ် 
Monday, December 2, 2013

အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter company က မြန်မာနိုင်ငံ တွင် လေယာဉ်စက်ရုံတည်ဆောက်ရန် ရှိကြောင်း ယင်းကုမ္ပဏီအား ပြည် တွင်းတွင် ဝင်ရောက်လုပ် ကိုင်ခွင့်ရရှိရန် အကူအညီပေးနေသည့် ဦးထိန်လင်းက ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် ရှေး ဦးစွာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ် ပြီး ယင်းနောက်မိတ်ဆက်အနေ ဖြင့် ပြပွဲပြုလုပ် မည်ဖြစ် ကြောင်း၊ စက်ရုံမတည်ဆောက်နိုင်မီ အ ရောင်းပြခန်းထားရှိနိုင်ရန် ကုမ္ပ ဏီအနေဖြင့် စီစဉ်ထားကြောင်း ဦးထိန်လင်းက ပြောဆိုသည်။

ယင်းက ''ကုမ္ပဏီအနေနဲ့ အရင်ဆုံး မြန်မာပြည်ကိုလာပြီး မိတ်ဆက်ပွဲလုပ်ဖို့ရှိတယ်။ ပြီးရင် Show Room ဖွင့်မယ်။ နောက် ထပ် စက်ရုံဆောက်ဖို့ပါအစီအစဉ် တွေရှိတယ်''ဟု ပြောဆိုသည်။ ယင်းကုမ္ပဏီမှ တာဝန်ရှိသူ များမှာ ဒီဇင်ဘာ ပထမ ပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မိတ်ဆက်အခမ်းအနားပြု လုပ်ရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

''အရင်ဆုံး နှစ်ယောက်စီး တွေကိုပြသသွားဖို့ စီစဉ်ထား တယ်'' ဟု ယင်းက ပြောသည်။ နှစ် ယောက်စီးရဟတ်ယာဉ်တစ်စီး အား တန်ဖိုးဒေါ်လာ နှစ်သိန်း ခုနစ်သောင်း သတ်မှတ်ထား ကြောင်း သိရသည်။ ဦးထိန်လင်းက ''ဝယ်မယ့် လူရှိရင်လဲရောင်းသွားမယ်။ ဌာန ဆိုင်ရာဘက်က Tax (အခွန်)ကို ဘယ်လိုယူမလဲမသိဘူး။ တခိျု့ နိုင်ငံတွေမှာတော့ မဖောင်းပွ အောင်လို့ တန်ဖိုးရဲ့နောက်တစ် ဆလောက်ကို  Tax  (အခွန်) ကောက်တယ်လို့ သိရတယ်''ဟု ပြောသည်။

ယင်းပြပွဲတွင် အစိုးရဌာန များဖြစ်သည့် ပြည်ထဲရေး၊ ကျန်း မာရေး၊ မီးသတ်ဌာနများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စက်ရုံဖွင့် လှစ်ပြီးထုတ်လုပ်မည့် ရဟတ် ယာဉ်များကို ဝယ်ယူလိုသူများ အနေဖြင့် ရဟတ်ယာဉ် ကိုမောင်း နှင်နိုင်သည့် လေယာဉ်မှူးများ ရရှိရေးကိုလည်း ဆောင်ရွက်ပေး သွားမည်သာမက ရဟတ်ယာဉ် နှင့် ပတ်သက်သည့် အကူအညီ များ အားလုံးကို ယင်းကုမ္ပဏီက ဆောင်ရွက်ပေးသွားမည် ဖြစ်  ကြောင်း သိရသည်။

Robinson helicopter company အနေဖြင့် အရှေ့တောင် အာရှတွင် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် အရောင်းပြခန်းများ ရှိပြီး ထိုင်းနိုင်ငံတွင်တည်ဆောက် ထားသည့်စက်ရုံမှ ရဟတ်ယာဉ် များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကုမ္ပဏီအနေဖြင့် စက်ရုံတည်ဆောက်မှုကို ရန်ကုန် တိုင်းဒေသကြီး သန်လျင်၊ မှော် ဘီမြို့နယ်များတွင် တည်ဆောက် ရန်စီစဉ်ထားကြောင်း သိရသည်။

လင်းအောင်
Yangon Media Group
အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter company က မြန်မာနိုင်ငံ တွင် လေယာဉ်စက်ရုံတည်ဆောက်ရန် ရှိကြောင်း ယင်းကုမ္ပဏီအား ပြည် တွင်းတွင် ဝင်ရောက်လုပ် ကိုင်ခွင့်ရရှိရန် အကူအညီပေးနေသည့် ဦးထိန်လင်းက ပြောသည်။

သရေခေတ္တရာ ရှေးဟောင်းဇုန်တွင် နွားလှည်းယာဉ်ဂိတ် ဖွင့်ပြီ

Photo: သရေခေတ္တရာ ရှေးဟောင်းဇုန်တွင် နွားလှည်းယာဉ်ဂိတ် ဖွင့်ပြီ 
Monday, December 2, 2013

ပဲခူးတိုင်း၊ ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက် လည်ပတ်ကြမည့် ခရီးသည်များ အတွက် ဇုန်အတွင်း နွားလှည်းယာဉ်ဖြင့် သွားလာနိုင်ရန် ဒီဇင်ဘာ ၂ ရက်တွင် ဂိတ်ဖွင့်လှစ် ပြေးဆွဲသွား မည်ဟု အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ပေးသည့် ပြည်မြို့၊ မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေး ထွန်းက ပြောသည်။

ဒီဇင်ဘာ ၁ ရက်က မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ပြီး နွား လှည်းယာဉ် ဂိတ်ကို မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် သီရိခေတ္တရာ ပြတိုက်ကြား မြေကွက်လပ် တွင် ပြုလုပ်ကာလှည်းအစီး ၃၀ ထားရှိမည် ဖြစ်သည်။

“ကမ္ဘာလှည့်ခရီးသွားများ အလွယ်တကူ လှည်းငှားနိုင်အောင်နဲ့ ဒေသခံများ တစ်ဖက်တစ်လမ်းက ၀င်ငွေ ရရှိစေရန် ရည်ရွယ်ပြီး နွားလှည်းယာဉ်ဂိတ် ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ဦးအေးထွန်းက ဆိုသည်။

ယခင်က သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက်ရာတွင် နွားလှည်းငှားနိုင်ရန် သတ်မှတ်နေရာ မရှိ ဘဲ စုံစမ်း ငှားရမ်းရခြင်းဖြစ်ကာ တစ်ရက်လျှင် သုံးစီးမှ အစီးရေ ၂၀ ခန့်အထိ ငှားရမ်းရသည် များရှိသည် ဟု ၎င်းကပြောသည်။

အဆိုပါ ဂိတ်တွင် လှည်းမောင်းကျွမ်းကျင်သည့် ဒေသခံလယ်သမားများက လယ်ယာသုံး သံဘီးတပ် လှည်းများဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး လေးနာရီကြာ လှည်းမောင်းပို့ရသည့် ရှေးဟောင်းဇုန် တစ်ပတ် ခရီးကို အခကြေးငွေ ကျပ် ၅,၀၀၀ သတ်မှတ်ထားသည်။

သရေခေတ္တရာ ပျူမြို့ဟောင်းတွင် မြို့တံခါးပေါက်ကိုးခု ဘုရားစေတီ ၉၀ အပါအ၀င် သိမ်၊ ဂူဘုရား၊ ဘုန်းကြီးကျောင်း၊ အရိုးအိုးကုန်း၊ အုတ်ကုန်း၊ ကျုံး စုစုပေါင်း ရှေးဟောင်း အဆောက်အအုံ ၂၇၀ ခန့် ထိန်းသိမ်းထားပြီး ကမ္ဘာ့ယာဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသည်။

ရေခဲ (ပြည်) - Mizzima - News in Burmese
ပဲခူးတိုင်း၊ ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက် လည်ပတ်ကြမည့် ခရီးသည်များ အတွက် ဇုန်အတွင်း နွားလှည်းယာဉ်ဖြင့် သွားလာနိုင်ရန် ဒီဇင်ဘာ ၂ ရက်တွင် ဂိတ်ဖွင့်လှစ် ပြေးဆွဲသွား မည်ဟု အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ပေးသည့် ပြည်မြို့၊ မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေး ထွန်းက ပြောသည်။

မန်းရှိ သီရိမန္တလာအဝေးပြေးဝင်း မဟာအောင်မြေသို့ ပြောင်းရွှေ့မည်

Photo: မန်းရှိ သီရိမန္တလာအဝေးပြေးဝင်း မဟာအောင်မြေသို့ ပြောင်းရွှေ့မည် 
Monday, December 2, 2013

မန္တလေးမြို့၊ သီရိမန္တလာ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းကို မဟာအောင်မြေမြို့နယ် သံလျက်မော်ရှေ့ရပ်ကွက်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။

“သီရိမန္တလာကားကြီးကွင်းက မြို့ရဲ့Downtown(မြို့လယ်) ဧရိယာထဲမှာ ပါဝင်ပါတယ်။ ခရီးသည်တင် ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေကြောင့် မြို့တွင်းမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်လာနိုင်ပါတယ် ဘယ် တော့ပြောင်းရွှေ့မလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အခုက လျာထားဆောင်ရွက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဆိုသည်။

သီရိမန္တလာ အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်း၏ အကျယ်အ၀န်း မှာ ၂ ဒသမ ၅၉ဧကသာ ရှိသော်လည်း ယခုပြောင်းရွှေ့မည့် သံလျက်မော်ရှေ့ ရပ်ကွက်ပတ္တာကွင်းအကွက် ၄၀၇၊ ၄၀၈ သည် အကျယ်အ၀န်း ၉ ဒသမ ၆၂ ဧက ရှိသည်။

သီရိမန္တလာယာဉ်ရပ်နားစခန်းအတွင်းရှိ ဂိတ်ခန်းပေါင်း ၁၁၈ ခန်း၊ ယာဉ် အသင်းပေါင်း ၁၄၁ သင်း ပိုင်ရှင်များနှင့် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည်ဟုလည်း ဦးမောင်မောင်မြင့်က ပြောသည်။

“ကန့်ကွက်မှုလည်း ယခုအချိန်ထိ မရှိပါဘူး။ ပြောင်းလဲ ဖွင့်လှစ်ရင်လည်း အဲဒီမှာ ဂိတ်ခန်းပိုင်တဲ့သူရော၊ ငှားရမ်း ဖွင့်လှစ်နေတဲ့သူပါ အခန်းတွေကို ပြန်လည်ချထားပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင် မြင့်က ပြောသည်။

သီရိမန္တလာကားကြီးကွင်းမှ မန္တလေးမှ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကျောက်ပန်းတောင်း၊ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းမြို့များသို့ ပြေးဆွဲလျက်ရှိကာ တစ်နေ့လျှင် အသွားအပြန် မော်တော်ယာဉ်စီးရေ ၄၀၀ ကျော်ခန့်ရှိသည်။ တစ်နေ့လျှင် ခရီးသွားလူဦးရေ ၅,၀၀၀ ၀န်းကျင်ခန့် ၀င်ထွက် သွားလာလျက်ရှိ သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီစာရင်းများတွင် ဖော်ပြသည်။

မျိုးသန့် - Mizzima - News in Burmese
မန္တလေးမြို့၊ သီရိမန္တလာ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းကို မဟာအောင်မြေမြို့နယ် သံလျက်မော်ရှေ့ရပ်ကွက်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ကလပ်မှအပြန် နိုင်ငံခြားသား မောင်းလာသည့် ပို့ဆောင်ရေးဝန်ကြီး၏ ကားဖြင့် တိုက်မိ၍ လူနှစ်ဦး သေဆုံး

ဒဂုံမြို့နယ် မြို့မကျောင်းလမ်းပေါ် သာသနရံသီ သိမ်ကျောင်း အနီးတွင် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပိုင်အိုးနီးယား ကလပ်မှ ပြန်လာသည့် စင်ကာပူနိုင်ငံသား မောင်းနှင်လာသော ပို့ဆောင်ရေးဝန်ကြီး၏ ဌာနပိုင် ဝန်ကြီးနေအိမ်သုံး မော်တော်ယာဉ် (ပါဂျဲရိုးယာဉ်) နှင့် စက်ဘီးတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ စက်ဘီး စီးနင်းလာသော အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဆီဆိုင် ဖွဲ့ စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ

Photo: ဆီဆိုင် ဖွဲ့ စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ 
Monday, December 2, 2013

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော၊ ဆီဆိုင်မြို့ တွင်၊ ယနေ့ နံနက် ၉း၀၀ နာရီမှ၊ ညနေ ၃း၀၀ နာရီအထိ ဖွဲ့ စည်းပုံ ဆိုင်ရာပြည်သူ့ဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ ကြောင်း ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့ ကွန်ယက်(ရှမ်းပြည်နယ်)၏ အဖွဲ့ ဝင်တစ်ဦး ဖြစ်သူ ကိုလေးကြီး မှပြောပြပါသည်။

ထိုဆွေးနွေးပွဲတွင် ဒေသခံ တိုင်းရင်းသား(၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ သည်။ အဓိက ခေါင်းစဉ်ကြီး-၅ ခုဖြင့်ဆွေးနွေးခဲ့ ပြီး၊ ပြည်သူတို့ ၏ သဘောထား ကြေညာချက် တစ်စောင်ကိုလဲ ထုတ်ပြန်ခဲ့ သည်ဟု ပြောပါသည်။

“ဆီဆိုင်မြို့ နယ် အတွင်းက ဒေသခံ တိုင်းရင်းသားတွေက မိမိတို့ တိုင်းရင်းသားများရဲ့ ဖက်ဒရယ် ပြည်ထောင်စု အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု ဘာသာစကား၊ ထိန်းသိမ်းရန်ကိစ္စ စသည်တို့ ကို
အကျယ်တဝင့် ဆွေးနွေးခဲ့ ကြပါတယ်` လို့ ပြောပါသည်။

ယခုဆီဆိုင်မြို့ တွင် ကျင်းပပြုလုပ်ခြင်းသည်၊ ဒုတိယအကြိမ်မြှောက် ဖြစ်တယ်၊ တောင်ကြီးမြို့ တွင် ပထမဆုံးပြုလုပ်ခဲ့ ပြီးဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့ ကွန်ယက် (ရှမ်းပြည်နယ်)ကိုဖွဲ့ စည်းခဲ့ ပြီး၊ ကျန်မြို့များဖြစ်သော အောင်ပန်း၊ ညောင်ရွှေ၊ ဖယ်ခုံ နှင့် လားရှိုးမြို့ များတွင်လဲ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထွက်ပေါ်လာသော ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့ သဘောထားများကို လွှတ်တော်ထဲထိ ရောက်အောင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောပါသည်။

ဦးစီးကျင်းပသူ တစ်ဦးဖြစ်သော ကိုအောင်ဇေမှလည်း``ဒီကွန်ယက်ကိုရေရှည် ဖွဲ့ စည်းသွားပြီး၊ ဖွဲ့ စည်းပုံ ဆိုင်ရာ ဥပဒေများကို အမြဲတမ်း၊ စောင့်ကြည့် ထိန်းညှိသွားရန်နှင့် နောင်တချိန်တွင် ပင်လုံကဲ့သို့ သော
ညီလာခံတစ်ခု ခေါ်ယူ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါတယ်``ဟုပြောပါသည်။

ဈာန်လင်းလက်(မောဌာနီ)
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော၊ ဆီဆိုင်မြို့ တွင်၊ ယနေ့ နံနက် ၉း၀၀ နာရီမှ၊ ညနေ ၃း၀၀ နာရီအထိ ဖွဲ့ စည်းပုံ ဆိုင်ရာပြည်သူ့ဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ ကြောင်း ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့  ကွန်ယက်(ရှမ်းပြည်နယ်)၏ အဖွဲ့ ဝင်တစ်ဦး ဖြစ်သူ ကိုလေးကြီး မှပြောပြပါသည်။

"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်

Photo: "လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင် 
Monday, December 2, 2013

တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။ ရည်မှန်းချက်ကြီးစွာနဲ့ အခု နောက်ဆုံး စမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ ကျော်ကြားမှုအရှိန်အဟုန်ကို ထင်ဟပ်စေပါတယ်။

Jade Rabbit ကျောက်စိမ်းယုန်ကလေးလို့ နာမည်ပေးထားတဲ့ ဘီးတပ်ယာဉ်ငယ် တင်ဆောင်ထားတဲ့ Chang’e-3 Lunar စူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့် ရော့ကက်ပေါ်တင်ပြီး တရုတ်နိုင်ငံအနောက် တောင်ပိုင်း Sichuan ပြည်နယ်၊ Xichang ဂြိုဟ်တုလွှတ်တင်စခန်းကနေ Greenwich စံတော်ချိန် 1730 - တရုတ်ဒေသစံတော်ချိန် တနင်္လာနေ့ မနက်စောစောမှာ လွှတ်တင်ခဲ့တာပါ။

အဲဒီရော့ကက်လွှတ်တင်တာကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီ Chang’e-3 Lunar ယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ဒီဇင်ဘာလလယ်ပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး သဘာဝအရင်းအမြစ်တွေကို စူးစမ်းလေ့လာ မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားက လပေါ်ကို အလားတူ စူးစမ်းရေးယာဉ်တွေလွှတ်တင်ခဲ့ပြီးဖြစ်လို့ ဒီတရုတ်ရဲ့ လ စူးစမ်းရေးယာဉ်ဟာ တတိယ မြောက်ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကတကြိမ် တရုတ်ရဲ့” လ” စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်ခဲ့ဖူးပေမဲ့ မာကြောတဲ့ လမျက်နှာပြင် ပေါ်ဆင်းသက်ခဲ့တဲ့အတွက် ပျက်ကျခဲ့ပါတယ်။  ၁၉၇၆ ခုနှစ်က ရုရှားကလွှတ်တင်ခဲ့တဲ့ “လ” စူးစမ်းရေးယာဉ်ကတော့ ပျော့ပြောင်းတဲ့မျက်နှာပြင်ပေါ်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။ ရည်မှန်းချက်ကြီးစွာနဲ့ အခု နောက်ဆုံး စမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ ကျော်ကြားမှုအရှိန်အဟုန် ကို ထင်ဟပ်စေပါတယ်။

မြန်မာအချင်းချင်း ညီညွတ်ကြဖို့ ဒေါ်စုတိုက်တွန်း

Photo: မြန်မာအချင်းချင်း ညီညွတ်ကြဖို့ ဒေါ်စုတိုက်တွန်း 
Monday, December 2, 2013

ဒီဇင်ဘာလ တစ်ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မဲလ်ဘုန်းမြို့ မြန်မာ မိသားစုတိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံမှုအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စည်းလုံးညီညွတ်မှု ရှိဖို့နဲ့ တစ်ဦးပေါ် တစ်ဦး မုဒိတာပွား မေတ္တာထားဖို့ အဓိက ပြောကြားခဲ့ပါတယ်။

အဲဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းတွေ၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး သူက ဦးဆောင်လုပ်ကိုင်မှာထက် တိုင်းရင်းသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ နေရာမှာ အတတ်နိုင်ဆုံး ပံ့ပိုးသွားတာမျိုး လုပ်လိုကြောင်းလည်း ပြောသွားခဲ့ပါတယ်။

မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးနောက် ၂၅ နှစ်ကြိမ်မြောက် ကမ္ဘာ့ HIV/AIDS နေ့မှာ အမှာစကားပြောကြားခဲ့ပြီး ရောဂါခံစားရသူတွေအပေါ် ခွဲခြားဆက်ဆံတာမလုပ်ပဲ လူ့လောကမှာ ကိုယ်နဲ့မတူတဲ့ လူတွေရှိတယ်ဆိုတာကို အမှတ်ရပြီး ဒီလို မတူညီမှုတွေပေါ် အခွင့်ကောင်းယူပြီး ပိုမိုကောင်းမွန်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

HIV/AIDS ရောဂါကြောင့် သေဆုံးသူအယောက်ပေါင်း ၃၈ သန်းရှိခဲ့ပြီး ခုအခါမှာ လူပေါင်း ၃၄ သန်းက အဲဒီရောဂါ ခံစားနေရကြောင်း သိရပါတယ်။

စနေနေ့တုန်းကလည်း သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပြီး တရားဥပဒေစိုးမိုးရေးဟာ မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့အရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက လူများစုတွေအတွက် ဥပဒေဟာ သူတို့ကို ကာကွယ်ဖို့ထက် နှိပ်ကွပ်ဖို့ ကန့်သတ်ဖို့ ဖြစ်နေတဲ့အကြောင်း ဒီလို ကန့်သတ်နှိပ်ကွပ်မှုတွေလုပ်တဲ့အတွက် လူတွေရဲ့ အစပျိုးမှုတွေ၊ စွမ်းရည်တွေမှာ ထိခိုက်နေရတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကနေ့မှာပဲ သြစတြေးလျနိုင်ငံကနေ ထွက်ခွာပြီး မြန်မာနိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။

သောတရှင်များရှင် သတင်းအပြီးမှာလည်း တနင်္ဂနွေနေ့က ကျရောက်တဲ့ HIV/AIDS နေ့နဲ့  ပတ်သက်တဲ့ အထူးအစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ ရှိပါတယ်။

ABC Radio Australia
ဒီဇင်ဘာလ ​တစ်ရက်နေ့မှာ ​ကျင်းပပြုလုပ်တဲ့ ​မဲလ်ဘုန်းမြို့ ​မြန်မာ ​မိသားစုတိုင်းရင်းသားပေါင်းစုံ နဲ့ ​တွေ့ဆုံမှုအတွင်း ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​စည်းလုံးညီညွတ်မှု ​ရှိဖို့နဲ့ ​တစ်ဦးပေါ် ​တစ်ဦး ​မုဒိတာပွား ​မေတ္တာထားဖို့ ​အဓိက ​ပြောကြားခဲ့ပါတယ်။

ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး

Photo: ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး 
Monday, December 2, 2013

ထိုင်းနိုင်ငံက အစိုးရရုံးတွေနဲ့ ရဲဌာနချုပ်ကို ၀င်ရောက်စီးနင်းခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြတဲ့သူထဲက လေးဦးသေဆုံးခဲ့ပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့ လူထုအုံကြွမှု အဖွဲ့ခေါင်းဆောင်က Suthep Thaugsuban ကလည်း ၀န်ကြီးချုပ်ကို ရာထူးကနေ ဆင်းပေးဖို့ မြို့တော် ဘန်ကောက်မြို့ လူထုဆန္ဒပြပွဲကြီးမှာ မိန့်ခွန်းပြောကြားစဉ် တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရရုံး ၁၀ခုကို ၀င်ရောက် စီးနင်းခဲ့သလို အစိုးရသတင်းဌာန PBS ရုံးကိုလည်း ၀င်ရောက် ဆီးနှင်းခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဆန္ဒပြသူတွေနဲ့ အစိုးရကြားမှာ အခြေအနေတွေ အတော်တင်းမာနေသလို ဆန္ဒပြတဲ့လူအုပ်ကြီးကိုလည်း အစိုးရဖက်က မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေဖက်ကတော့ ၀န်ကြီးချုပ် Yingluck Shinawartra နဲ့ သူမရဲ့ အစိုးရ ရာထူးကနေ ဆင်းပေးတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြတဲ့အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်သားအယောက်ပေါင်း ၂၇၀၀ ကိုလည်း ဘန်ကောက်မြို့မှာ လုံခြုံရေးချထားတယ်လို့သိရပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြမှု (Credit: AFP)
ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြမှု (Credit: AFP)
ထိုင်းနိုင်ငံက ​အစိုးရရုံးတွေနဲ့ ​ရဲဌာနချုပ်ကို ​၀င်ရောက်စီးနင်းခဲ့တဲ့ ​အစိုးရဆန့်ကျင်ဆန္ဒပြတဲ့ သူထဲက ​လေး ဦးသေဆုံးခဲ့ ပါတယ်။

အီဂျစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူ

Photo: အီဂျစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူ 
Monday, December 2, 2013

အီဂျစ် နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူခဲ့ပြီး လာမယ့်နှစ်မှာ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ရေးဆွဲရေး အဖွဲ့က နောက်ဆုံးအဆင့် ပြောင်းလဲ ပြင်ဆင်မှုတွေကို ဆွေးနွေးနေချိန်မှာ ကိုင်ရိုမြို့ တာရီရာ ရင်ပြင်မှာတော့ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေက ဆန္ဒပြခဲ့ကြပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းခဲ့ပါတယ်။

ဖွဲ့စည်းပုံသစ်မှာ တခိျု့ ကိစ္စမှာ အရပ်သားတွေကို တရားစွဲဆိုနိုင်တာ အပါအဝင် စစ်တပ်ကို ကျယ်ပြန့်တဲ့ အာဏာ တခိျု့ ဆက်လက် ပေးထားတာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံသစ်ကို အတည်ပြု လက်မှတ်ထိုးပြီးရင် ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အီဂျစ် နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူခဲ့ပြီး လာမယ့်နှစ်မှာ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဘင်္ဂလားနိုင်ငံရေးကြောင့် ကုန်သွယ်ရေးထိခိုက်

Photo: ဘင်္ဂလားနိုင်ငံရေးကြောင့် ကုန်သွယ်ရေးထိခိုက် 
Monday, December 2, 2013

 ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ အတိုက်အခံ ဘီအန်ပီ ပါတီကနေ အစိုးရကို ဖြုတ်ချဖို့ ခေါ်ယူတဲ့ သပိတ်တိုက်ပွဲကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်နေတာ ၁၀ ရက်ခန့် ရှိနေပြီး မြန်မာက ဝင်လာတဲ့ ကုန်တင် သင်္ဘောတွေနဲ့ မော်တော်ဘုတ်တွေပေါ်က ကုန်ပစ္စည်းတွေလည်း ကုန်းပေါ်ကို မတင်နိုင်ဘဲ ဖြစ်နေပါတယ်။

အခုအခါ အချိန်တွေ ကြန့်ကြာလာတဲ့ အတွက် ထိခိုက် နစ်နာမူတွေ ရှိလာတယ်လို့ မြန်မာဘက်က ငါးတွေတင်လာတဲ့ မော်တော်ဘုတ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

သူတို့ ရောက်ရှိနေတဲ့ တက်ကနက် ဆိပ်ကမ်းဟာ မြန်မာနိုင်ငံ မောင်တောမြို့နဲ့ မျက်နာချင်းဆိုင်မှာ တည်ရှိပြီး မြန်မာနဲ့ ဘင်္ဂလာဒေ့ခ်ျ ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ ဆိပ်ကမ်း ဖြစ်ပါတယ်။

တစ်နေ့ တစ်နေ့ကို မြန်မာဘက်က မော်တော်ဘုတ်တွေ ဆယ်နဲ့ချီပြီး ဝင်ထွက်သွားလာနေကာ မြန်မာက တင်ပို့တဲ့ ငါး၊ သစ်၊ ဝါး၊ ဆန်စတဲ့ ကုန်ပစ္စည်းတွေကို အဲဒီဆိပ်ကမ်းက တဆင့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံဘက်ကို ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

အခု သပိတ်ကြောင့် မြန်မာဘက်က မော်တော်ဘုတ်တွေဟာ ကိုယ့်တိုင်းပြည်ကိုလည်း မပြန်နိုင်သလို ပါလာတဲ့ ပစ္စည်းတွေကိုလည်း ကုန်းပေါ်ကို မတင်နိုင်ဘဲ ဖြစ်နေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ အတိုက်အခံ ဘီအန်ပီ ပါတီကနေ အစိုးရကို ဖြုတ်ချဖို့ ခေါ်ယူတဲ့ သပိတ်တိုက်ပွဲကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်နေတာ ၁၀ ရက်ခန့် ရှိနေပြီး မြန်မာက ဝင်လာတဲ့ ကုန်တင် သင်္ဘောတွေနဲ့ မော်တော်ဘုတ်တွေပေါ်က ကုန်ပစ္စည်းတွေလည်း ကုန်းပေါ်ကို မတင်နိုင်ဘဲ ဖြစ်နေပါတယ်။

OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ

Photo: OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ 
Monday, December 2, 2013

အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို သူတစ်ပါး ကိုးကွယ်တဲ့ ဘာသာ၊ သာသာနာ စော်ကားမှုနဲ့ အမှုဖွင့် ထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းမှာ OIC အဖွဲ့ ရဲ့ ခရီးစဉ်အပေါ် သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူတွေဟာ ကန့်ကွက်ဆန္ဒပြမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုမှာ တစ်ခြား ဘာသာအပေါ် စော်ကားတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြခဲ့တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တွေကို ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့အမှုဖွင့်ထားတာပါ။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ရှိပေမယ့် အခြား ဘာသာတစ်ခုကို စော်ကားရာရောက်နေတဲ့အတွက် အမှုဖွင့် အရေးယူ တာဖြစ်တဲ့အကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလည်း တစ်ခြား လူမျိုးဘာသာကို ကျွန်တော်တို့ မထိပုတ်ခတ်စော်ကားတာမျိုး ထိခိုက်နစ်နာအောင် မလုပ်ရဘူးဆိုတဲ့ ဥပဒေလည်း ရှိပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က OIC ကို ဆန္ဒပြတုန်းက ဆိုရင် ကြေညာစာသားတစ်ခုက အခြား လူများ ကိုးကွယ်တဲ့ ဘာသာကို စော်ကားရာရောက်တဲ့ အသုံးအနှုန်းတွေပါတဲ့အတွက် ကြောင့်မို့လို့ ရာဇသတ်ကြီး ဥပဒေမှာအခြား သူများ ကိုးကွယ်တဲ့ဘာသာ တွေကို စော်ကားတဲ့ကိစ္စတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တစ်ခုပါတယ်။ အဲတော့ အဲဒီပုဒ်မအရ အရေးယူနိုင်ဖို့အတွက် အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ဆန္ဒထုတ်ဖော်ထုတ်လို့ရတယ်။ သို့သော် စော်ကားတဲ့ ဟာမျိုး၊ ခွဲခြား ဆက်ဆံတဲ့ ဟာမျိုး အကြမ်းဖက်တဲ့ဟာမျိုး ကျွန်တော်တို့လက်မခံပါဘူး။”

ဆက်လက်ပြီး အစိုးရအနေနဲ့ လူမျိုးရေး ၊ ဘာသာရေး နဲ့ ဆက်နွယ်ပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင် အရင်ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေမှာ ကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်အောင် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုလို အစိုးရဘက်က တရားစွဲဆိုမှာနဲ့ ပါက်သက်ပြီး OIC ကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ ဦးဆောင် ဆန္ဒပြခဲ့တဲ့ တစ်ဦး ဖြစ်တဲ့ မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက အခုလိုမိန့်ပါတယ်။

“ဘုန်းကြီးတို့ အဲကိစ္စနဲ့ ပါက်သက်ပြီးတော့ အဲဒီအထဲမှာ ၁၅ ရက်နေ့တုန်းက ပါသွားတဲ့ သားဖေါက်နှုန်းမြန် အစ္စလာမ် မိစ္ဆာ ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ဗီနိုင်းတစ်ခု ပါသွားတယ်ပေါ့နော်။ အဲဒီ ဗီနိုင်းအပေါ်မှာ ဘုန်းကြီးတို့က ဒီ့အပြင်က ၄ ခုလည်း ထိမ်းသိန်းပြီး တော့ ဖျတ်ဆီးပစ်လိုက်တယ်။ အဲဒီတစ်ခုက ဘယ်က ပါလာမှန်းမသိလိုက်ဘူးပေါ့နော်။ အဲဒီအပေါ်မှာ တရားစွဲမယ်ဆိုတဲ့ သဘောမျိုးကို မြန်မာနိုင်ငံမှာ မည်သည့်ဘာသာမှ ထွန်းကားမှု မရှိဘူးဆိုတဲ့ စကားတစ်လုံးဟာ အစ္စလာမ် ဘာသာဝင်ပြော သွားတာလေ။ ဘုန်းကြီးတို့ကလည်း ဘာသာရေး အရ ၂၉၅ နဲ့ ပြန်တရားစွဲမှာပေါ့”

ဗဟန်းမြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပေမယ့် အခုချိန်ထိတော့ ဆင့်ခေါ်စာတွေ ရောက်ရှိမလာသေးဘူးလို့လည်း မိန့်ဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီဆန္ဒပြမှုဟာ ခွင့်ပြုမိန့်ကြိုတင်တောင်းခံထားတာ မရှိဘဲ ဆန္ဒပြခဲ့တာ ဖြစ်တဲ့အတွက် ပုဒ်မ ၁၈ နဲ့လည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆန္ဒပြခဲ့သူတွေက ပြောဆိုခဲ့ပါတယ်။

ဒီသတင်းကို ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia
အစ္စလာမ်မစ် ​နိုင်ငံများ ​ပူးပေါင်းဆောင်ရွက်ရေး ​အဖွဲ့ ​OIC ​ရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အပေါ် ​ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို ​သူတစ်ပါး ​ကိုးကွယ်တဲ့ ​ဘာသာ၊ ​သာသာနာ ​စော်ကားမှုနဲ့ ​အမှုဖွင့် ​ထားတယ်လို့ ​ပြန်ကြားရေးဝန်ကြီး ​ဌာနက ​ပြောဆိုလိုက်ပါတယ်။

လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ

Photo: လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ 
Monday, December 2, 2013

ထိုင်ဝမ်နိုင်ငံမှာ လိင်တူခြင်း လက်ထပ်ထိမ်းမြားတဲ့ ဥပဒေကြမ်းကို ပါလီမာန်က အတည်ပြုမှာကို မလိုလားတဲ့အတွက် သောင်းနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပါတယ်။

လိင်တူခြင်း တရားဝင်လက်ထပ် ထိမ်းမြားခွင့်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ထိုင်ဝမ်လွှတ်တော်မှာ ဆွေးနွေးနေကြတာဖြစ်ပြီး အကယ်လို့ အဲဒီဥပဒေကြမ်းကို အတည်ပြုဖြစ်မယ်ဆိုရင် အာရှတိုက်မှာ ထိုင်ဝမ်နိုင်ငံက လိင်တူလက်ထက်ထိမ်းမြားတာကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးသော နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ကောက်တမ်းတွေမှာ ပြသချက်အရ လိင်တူခြင်းလက်ထပ် ထိမ်းမြားတာကို လိုလားသူတွေ များပြားသလို ဆန့်ကျင်သူတွေလည်း ရှိကြောင်း ပြသထားပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ လိင်တူခြင်းလက်ထပ် ထိမ်းမြားခွင့်ပေးဖို့အရေး ဆွေးနွေးနေချိန်မှာပဲ Croatia နိုင်ငံမှာတော့ လိင်တူခြင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့် ပြုတဲ့ဥပဒေကို ပြန်ပြောင်းဖို့အတွက် လူထုဆန္ဒခံယူပွဲတွေ ပြုလုပ်နေပြီး အစောပိုင်း ရလဒ်တွေအရ မဲပေးသူ သုံးပုံ နှစ်ပုံက လက်ထပ်ခွင့်မပေးတော့ဖို့  ဆန္ဒရှိနေပါတယ်။

လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို ဆန့်ကျင်သူတွေများပြားရင်း Croatia နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး လိင်တူခြင်း လက်ထပ်ထိမ်းမြားမှုကို တရားမဝင် အဖြစ် သတ်မှတ်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကတော့ လိင်တူလက်ထပ်ထိမ်မြားခွင့်ကို ဆက်လက် ထားရှိဖို့ တိုက်တွန်းနေပေမယ့် အဲဒီအဆိုကို ထောက်ခံသူ ၃၀ % ကျော်သာ ရှိကြောင်း သိရပါတယ်။

ABC Radio Australia
ထိုင်ဝမ်နိုင်ငံမှာ ​လိင်တူခြင်း ​လက်ထပ်ထိမ်းမြားတဲ့ ​ဥပဒေကြမ်းကို ​ပါလီမာန်က ​အတည်ပြုမှာကို ​မလိုလားတဲ့အတွက် ​သောင်းနဲ့ချီတဲ့လူတွေ ​ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ

Photo: ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ 
Monday, December 2, 2013

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမိုထိရောက်တဲ့ အကူအညီတွေပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ပြုစုစောင့်ရှောက်ရေးစင်တာ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေးအဆင့်အထိမြှင့်တင်ပြီး နိုင်ငံတော်အနေနဲ့ တိကျသေချာစွာ လုပ်ဆောင်ပေးမယ်လို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပေးခဲ့ပေမယ့် အခုချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနက စီမံချက်ချမှတ်ဆောင်ရွက်တာ မရှိကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီနေ့ အခမ်းအနားကို NLD သဘာပတိအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ခုခံအားကျဆင်းမှု ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအား ကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမို ထိရောက် တဲ့ အကူအညီတွေပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

" ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ်"

 ဒီဇင်ဘာလ (၁) ရက်နေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ မြန်မာမိသားစု များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်း။ 

             
(ဓာတ်ပုံ - NLD)

ဒီလှိုင်းဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်။

"မြန်မာ့နိုင်ငံရေးအတွက် အထူးအရေးပါသည့် မိန့်ခွန်း" လို့ ဒီလှိုင်းက ညွှန်းထားပါတယ်။
  • ပထမပိုင်း

အပြောတွေပဲ ဖြစ်နေသလား၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း

M-2-12 
သမ္မတ ဦးသိန်းစိန်အား လူထုမိန့်ခွန်းနှင့် လူထုတွေ့ဆုံ ပွဲများ၌ တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်က စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို စတင်တာဝန် ယူခဲ့သည်။ ထိုသို့ တာဝန်ယူခဲ့ပြီး နှစ်နှစ်ကျော်-သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်အထိ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်) ပြည်သူလူထုနှင့် သက်ဆိုင်သော မိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

29.11.2013 မှ 5.12.2013 အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
တွေးမနေနှင့် ငေးမနေနှင့် ကိုယ့်လူရေ ဒီတစ်ပတ်မှာ တနင်္ဂနွေသား သမီးတွေ နောက်ကောက်ကြ တတ်တယ်။ ရည်ရွယ်ချက်ကြီးကြီးနှင့် လုံ့လ၊ ဝီရိယနှင့် ပူးပေါင်းပါမှ အဆင်ပြေရုံရှိမယ့် ကာလဖြစ်တယ်။ အချစ်ရေးမှာ စိတ်ဆင်းရဲတတ်သလို အလုပ်ကိစ္စတွေမှာလဲ စိတ်တိုင်းမကျဖြစ် တတ်တယ်။ လောလို့မရသလို၊ လိုလို့လဲမရ နိုင်တတ်ပါ။ ကသိကအောင့်ဖြစ်မည်။ ရုတ်တရက်ခိုက်မိ တတ်နိုင်၍ နိုင်လျှင် အသွားအလာ၊ အနေအထိုင် ဆင်ခြင်ပါ။ မလိုသူရှိတယ်။ လူယုံမထားနှင့်။ တိုင်ပင်စရာရှိရင်လည်း ကြည့်တိုင်ပင်ပါ။ သူ့လူကိုယ့်ဘက်သား ဖြစ်နေတတ်တယ်။ စကားပြောဆင်ခြင်ပါ။ အထင်လွဲစရာတွေ ဖြစ်လာတတ်ပါတယ်။
အကျိုးပေးဂဏန်း   ၁၊၅၊၆
အထူးဟော     သတိတော့ထားပါ။
ယတြာ           တနင်္ဂနွေနံနက်မှာ အရှေ့ရပ်က လမ်းကို လမ်းသန့်ရှင်းရေး လုပ်လိုက်ပါ။

နေရပ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ





Photo: နေရပ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ
͋Monday, December 2, 2013

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာအစိုးရက မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာနဲ့ တသဘောတည်း ရပ်တည်ကြမယ် စသဖြင့် ညှိနှိုင်းဆွေးနွေးနေကြပေမယ့် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကတော့ အလှမ်းဝေးနေသေးတယ်လို့ ကချင်နှစ်ချင်းအဖွဲ့ချုပ်က သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာသတင်းဌာနမှ ကိုသားညွှန့်ဦး က ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Samson Hkalam ကို တွေ့ဆုံမေးမြန်းထားပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ဆရာဆမ်ဆန် အခုလို VOA လာပြီး အခုလို မေးမြန်းချက်တွေ ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ဆရာတို့အနေနဲ့ ကချင်ဒုက္ခသည်အရေးကိစ္စကို အဓိကလုပ်နေတဲ့ ကချင်နှစ်ချင်းအဖွဲ့ချုပ်အနေနဲ့က အဓိကလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်နေတော့ အခုအနေအထားမှာ ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးစကားတွေလည်း ပြောနေကြတယ်၊ အပစ်အခတ်ရပ်စဲရေးတွေလည်း ပြောနေတယ်။ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအလားအလာက ဘယ်လိုရှိပါသလဲ။
 
Samson Hkalam ။ ။ ကျေးဇူးတင်ပါတယ်။ အခု ဒုက္ခသည် တစ်သိန်းနီးပါး ရှိတဲ့အထဲမှာ။ ကျနော်တို့ နှစ်ချင်းအသင်းတော်အဖွဲ့ဝင်တွေက ရှစ်သောင်းနီးပါး ရှိပါတယ်။ ကျနော်တို့က အမြဲတမ်း သူတို့နဲ့ ထိတွေ့သွားလာနေတော့ သူ့ရဲ့  စိတ်နေသဘောထားတွေကို သိရှိနားလည်းပါတယ်။ အခု နေရပ်ပြန်ရေးကိစ္စမှာ ကျနော် ရာခိုင်နှုန်းအပြည့် ယုံကြည်တာကတော့ စစ်တပ်တွေရဲ့  ရှေ့ တန်းကို အင်အားဖြည့်တင်းမှုတွေ၊ ပြီးရင် ဒီတပတ်အတွင်း နှစ်ရက်သုံးရက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ။ ဒါတွေက ကျနော်တို့ နေရပ်ပြန်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ယုံကြည်တယ်။ နောက် သူတို့ကလည်း ဒီလိုအခြေအနေမှာ ပြန်ဖို့ဆိုတာ လုံးဝစဉ်းစားမှာ မဟုတ်ဘူးဆိုတာကို လုံးဝယုံကြည်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ဒုက္ခသည်တွေဖက်က ဘယ်လိုအခြေအနေမျိုး ရှိတော့မှ သူတို့နေရပ်ကို ပြန်နိုင်မယ့် အနေအထားရှိပါသလဲ။

Samson Hkalam ။ ။ ကျနော်အနေနဲ့ကတော့ နှစ်ဖက်သော စစ်တပ်တွေ ရွာတွေမှာ မရှိရင်တော့ သူတို့ပြန်ဖို့၊ လုံခြုံမှု သူတို့ရရှိမယ်လို့ ထင်တယ်။ အခုတော့ စစ်တပ်တွေ ရှိနေသရွေ့ တော့ တချိန်ချိန်မှာ တဖတ်ဖတ်က လာတိုက်မယ်ဆိုတာကို သိနေတယ်ဆိုတော့ ဒါက သူတို့အတွက် လုံခြုံမှုကို လျော့နည်းစေတယ်။ ဒါကြောင့်မို့ နှစ်ဖက်သောတပ်တွေ ဆုတ်သွားမှပဲ သူတို့ရပ်ရွာ၊ နေရပ်ဒေသကို လုံလုံခြုံခြုံ ပြန်ကြလိမ့်မယ်လို့ အဲဒီလို ယုံကြည်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ အဲဒါကရော ဖြစ်နိုင်တယ့် အလားအလာ ရှိသလား။ အခုက အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ဆွေးနွေးနေကြတာ။

Samson Hkalam ။ ။ ဟုတ်တယ်။ အဲဒါ ကျနော်အနေနဲ့ ဒီ process ကတော့ နည်းနည်းကြာမယ်လို့ ခံစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေး၊ ဆွေးနွေးမှုတွေကလည်း တော်တော့်ကိုကြာနေပြီ။ အခုကျနော်တို့ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ လူထုတွေကလည်း (၂) နှစ်ကျော်ရှိပြီဆိုတော့ လူမှုဒုက္ခပြဿနာတွေလည်း အများကြီးခံစားနေရတယ်။ အများကြီး ရင်ဆိုင်နေရတယ်။ နောက်ပြီးတော့ တဖတ်ကနေ ကြည့်မယ်ဆိုရင်လည်း တပ်မတော်ရဲ့  ထိုးစစ်ကလည်း နေ့တိုင်းလိုလို သွားနေတယ်ဆိုတော့ ကေအိုင်အေဖက်ကလည်း ခံစစ်ဆိုပြီး သူတို့နယ်မြေကို ကျော်လာတယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်နေရတော့ ကြားမှာရှိတဲ့ ကျနော်တို့ ရွာသူရွာသားတွေ၊ ပြည်သူလူထုတွေက ဒီနေရာမှာ ဒုက္ခတွေရောက်ရှိနေခြင်း ဖြစ်တယ်။ အဲဒါကြောင့် ဒီလို စစ်ရဲ့  အနိဌာရုံ လုံးဝပျောက်ကွယ်သွားမှပဲ ဒီလူတွေက မိမိရဲ့  နေရပ်ဒေသကို စိတ်ချလုံခြုံစွာနဲ့ ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ အခုလတ်တလော စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံရွာသူရွာသား ဘယ်လောက်ရှိပါသလဲ။

Samson Hkalam ။ ။ ငါးရာပတ်ဝန်းကျင် ရှိပါတယ်။ မုန်းတင်ပါရွာကနေ ဗန်းမော်ဖက်ကို ထွက်ပြေးလာကြပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ အခု မကြာခင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့်ပေါ့။

Samson Hkalam ။ ။ နှစ်ရက်လောက်ပဲ ရှိပါသေးတယ်။
 
ဦးသားညွှန့်ဦး ။ ။ အားလုံး ဒုက္ခသည်စုစုပေါင်း ဘယ်လောက်ရှိပါသလဲ။

Samson Hkalam ။ ။ တစ်သိန်းကျော်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ဒါက ပြည်တွင်းမှာ၊ ပြည်ပမှာ ဘယ်လိုရှိသလဲ။

Samson Hkalam ။ ။ အခု (၂) နှစ်အတောအတွင်းမှာ ပြည်တွင်းမှာပဲ။ ပြည်ပ - မလေးရှားဖက်ရောက်နေတဲ့ လူတွေမပါဘူး။ ပြည်တွင်းမှာ အစိုးရ control ဧရိယာနဲ့ နယ်စပ်ဒေသမှာ ရှိနေတဲ့ ဒုက္ခသည်စာရင်းဖြစ်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ဒီ ဒုက္ခသည်တွေ အကူအညီကို ဘယ်ဖက်က အဓိက ထောက်ပံ့ပေးနေသလဲ။

Samson Hkalam ။ ။ အဓိကတော့ UN အဖွဲ့အစည်း ဖြစ်ပါတယ်။ UN Ocha, UNICEF တို့ UNHCR တို့က အဓိက funding တွေ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ Japn Nippon Foundation တို့၊ နောက်ပြီးတော့ British အစိုးရကပေးတဲ့ ပိုက်ဆံတွေ၊ US Government က ပေးတဲ့ ပိုက်ဆံတွေကလည်း အခုနပြောသလိုပဲ UN, INGO တွေက ကျနော်တို့ဆီလာပြီး ဒီပိုက်ဆံတွေကို manage လုပ်ပြီး ထောက်ပံ့နေတာကို ခံစားရပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကုလသမဂ္ဂကနေ သူတို့အကူအညီတွေကို ထိထိရောက်ရောက် ကူညီမပေးနိုင်ဘူးဆိုတဲ့ အသံမျိုးတွေ ကြားရပါတယ်။ အခု အနေအထားမှာကော တကယ်တမ်း အကူအညီတွေပေးတဲ့အခါမှာ အခက်အခဲမျိုးတွေ ကြုံရပါသေးသလား။

Samson Hkalam ။ ။ အရင် (၂) နှစ် ဟိုဘက် ၂၀၁၂ အထိတော့ UN ရဲ့  အထောက်အပံ့မှုက တကြိမ်၊ နှစ်ကြိမ်ပဲ သူတို့သွားလို့ရတယ်။ အဲဒါလည်း ခက်ခက်ခဲခဲ။ ဒါပေမဲ့ အခု ၂၀၁၃ ဒီဖက်ရောက်လာချိန်မှာတော့ (၃) ခေါက်၊ (၄) ခေါက်လောက် ရှိပါပြီ။ UN C onvoy တွေ သွားပြီးမှ ထောက်ပံ့မှုပစ္စည်းတွေ ပေးနေတာ၊ လွတ်လွတ်လပ်လပ် သူတို့ သွားနေကြပါတယ်။

ဦးသားညွှန့်ဦး ။ ။ နှစ်ဖက်လုံးက ကချင် နဲ့ မြန်မာအစိုးရဖက်က ခွင့်ပြုလား။

Samson Hkalam ။ ။ ဟုတ်ကဲ့ ခွင့်ပြုပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ တခြား လူမှုအဖွဲ့အစည်းတွေ သွားပြီးတော့ ကူညီတဲ့လုပ်ငန်းတွေမှာကော အနှောက်အယှက်ရှိလား။ လွတ်လွတ်လပ်လပ် လုပ်နိုင်ရဲ့ လား။

Samson Hkalam ။ ။ အခု နယ်စပ်ဒေသမှာနဲ့ အစိုးရ control ဒေသမှာကြတော့ ဒီလောက်မရှိတော့ဘူး။ ဒါပေမဲ့ ဒုက္ခသည်အုပ်စုတခုက တောမှာရှိတဲ့ ဒုက္ခသည်တွေရှိတယ်။ တောမှာဆိုတာက ဂျဖွေးရဲ့  ဟိုဖက်ကမ်း၊ ဆမ်နော်တို့ တောတောင်ထဲမှာ။ ဒီဖက်လည်း မထွက်ရဲ၊ တရုတ်ပြည်နယ်စပ်လည်း ဝေးဆိုတော့။ တောမှာပဲ နေတဲ့အဖွဲ့။ အဲဒီမှာ တဖွဲ့ရှိတယ်။ နောက်ပြီးတော့ ဧရာဝတီမြစ်နဲ့ မီးရထားလမ်းကြားမှာရှိတဲ့ ကော်ကွေးပါဆိုတဲ့ နေရာတွေမှာလည်း နှစ်ထောင်နီးပါးရှိတယ်။ ဂျဖွေးရဲ့  ဟိုဖက်ကမ်းမှာ တစ်ထောင်နီးပါးရှိတယ်။ အဲဒီလို ရှိနေတဲ့ ဒုက္ခသည်တွေကို သွားပို့တဲ့နေရာတွေမှာတော့ ခက်ခဲမှုတွေရှိပါတယ်။ တပ်မတော်ရဲ့  ထောက်ခံစာတွေ၊ အစိုးရရဲ့  ထောက်ခံစာတွေကို အဆင့်ဆင့်ယူရပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ အဲဒါက ဘယ်သူထိန်းချုပ်ထားတဲ့ ဒေသလဲ။

Samson Hkalam ။ ။ အဲဒါက ကေအိုင်အေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ ကေအိုင်အေ က အဲဒါကို အကူအညီပေးလား။

Samson Hkalam ။ ။ ကေအိုင်အေ က သူတို့နဲ့ အတူရှိနေတယ်ဆိုတော့ သူတို့ကတော့ သိပ်ပြဿနာ မရှိဘူး။
 
ဦးသားညွှန့်ဦး ။ ။ နောက်တခုက အကူအညီတွေ ပေးတဲ့နေရာမှာ အခုက မြန်မာနိုင်ငံကပဲ ကုလသမဂ္ဂအေဂျင်စီတွေကလည်း မြန်မာနိုင်ငံဖက်ကပဲ သွားနေတာပေါ့။ တရုတ်နိုင်ငံဖက်ခြမ်းက တခြားကချင် လူမှုအသိုင်းအဝိုင်းတွေဖြစ်ဖြစ်၊ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ဖြစ် အကူအညီပေးတာ ရှိသလား။

Samson Hkalam ။ ။ ယူနန်မှာရှိတဲ့ ကျနော်တို့ ကချင်အမျိုးသားတွေရဲ့  ထောက်ပံ့မှုတွေကတော့ အများကြီးရရှိပါတယ်။ တရုတ်အစိုးရကတော့ ကူညီတယ်ဆိုတာတော့ မကြားမိသေးပါဘူး။ ဒါပေမဲ့ တရုတ်မှာရှိတဲ့ ယူနန် province ဖက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေကတော့ အနီးစပ်နေတော့ သူတို့ဖက်က ကူညီမှုတွေကတော့ စစ်စဖြစ်တဲ့အချိန်မှာ အတော်များများ သူတို့ကူညီမှုကြောင့် ကျနော်တို့ ဒီလို အသက်ရှင်နေရခြင်း ဖြစ်ပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ တရုတ်အစိုးရ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိသလဲ။

Samson Hkalam ။ ။ သူတို့ မကြိုက်ဘူး။ သူတို့မကြိုက်တော့ ၂၀၁၁ မှာ မူဆယ်၊ နမ့်ခန်နားက စစ်ဒုက္ခသည်စခန်းက လူ (၅) ထောင်ကျော်ကို ဗမာပြည်ဖက်ကို မောင်းထုတ်လိုက်တယ်။ အခုလည်း မှတ်တိုင်အမှတ် (၆) မှာရှိတဲ့ ဒုက္ခသည်စခန်းကို သူတို့က ဗမာပြည်ဖက်ကို ပြန်ဝင်ဖို့ force လုပ်နေပြီဆိုတော့ ကျနော်တို့ IDP camp မှာလည်း လေးရာကျော်၊ ငါးရာလောက် ရှိတယ်။ အဲဒီ့ ဒုက္ခသည်စခန်းကလည်း ဗမာပြည်ဖက်ကို ရွှေ့ ဖို့လုပ်နေတယ်ဆိုတာကို သိရတယ်။
 
ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ တရုတ်ဖက်ခြမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို လတ်တလော ဘယ်သူက အကူအညီပေးသလဲ။

Samson Hkalam ။ ။ ကျနော်တို့ local NGO တွေ အကူအညီပေးပါတယ်။
 
ဦးသားညွှန့်ဦး ။ ။ Local NGO ဆိုတာ တရုတ်ဖက်က NGO လား။ ဒီဖက်ကလား။

Samson Hkalam ။ ။ မဟုတ်ဘူး။ ဗမာပြည်ဖက်က NGO တွေ၊ ဥပမာ KBC, KMSS Catholics Based လူမှုအဖွဲ့အစည်း၊ နောက်ပြီးမှ မေတ္တာ၊ Shalom တို့ Local NGO တွေက နယ်စပ်နဲ့ တရုတ်ပြည်ဖက်မှာ ကျန်နေတဲ့ နေရာတွေမှာ ပံ့ပိုးနေပါတယ်။

ဦးသားညွှန့်ဦး ။ ။ သွားပြီးတော့ အကူအညီပေးခွင့်တော့ ရတယ်ပေါ့။ အဲဒီလိုမျိုး တရုတ်ဖက်က ခွင့်ပြုပါသလား။

Samson Hkalam ။ ။ အဲဒါကြတော့ တရားဝင်တော့ မဟုတ်ဘူး။ ကျနော်တို့လည်း အဲဒီလို ခက်ခက်ခဲခဲ သွားပြီးမှ အဲဒီနေရာတွေကို သွားရပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အို ဦးဆောင်ပြီးတော့ ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်။ အဓိကတော့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာ အကြိမ်ပေါင်းများစွာလည်း ရှိနေပါပြီ။ ဆွေးနွေးနေပြီဆိုတော့ ဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကချင်ဒုက္ခသည်တွေ၊ ကချင်အရပ်သားဒုက္ခသည်တွေက ဘယ်လောက်အထိ မျှော်မှန်းချက်ရှိသလဲ။ သူတို့နေရပ် ပြန်ရေး၊ သူတို့ဘဝ ပြန်လည်ထူထောင်နိုင်ရေးကိစ္စတွေအတွက်။

Samson Hkalam ။ ။ ကျနော်တို့ ပြည်သူဖက်ကနေ ပြောရမယ်ဆိုရင်တော့ သိပ်မျှော်လင့်ချက်တော့ ရှိတယ်လို့ ကျနော် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေ သိနေတဲ့ကိစ္စက ရှင်းရှင်းလင်းလင်းပဲ သိမြင်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက မြန်မာအစိုးရက ငြိမ်းချမ်းရေး ceasefire ကို အရင်လုပ်ရမယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးမှုက နောက်ကနေသွားရမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ကေအိုင်အေ ကတော့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးက သူ့အလိုလို ဖြစ်သွားမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ပန်းတိုင်နှစ်ခုက ဆုံဖို့ခက်တယ်ဆိုတာကို ကျနော်တို့ကမြင်တော့ ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်ရှိရှိ၊ သိပ်ပြီးတော့ မျှော်လင့်ချက် အားနည်းတာပေါ့။ အဲဒီဖြစ်စဉ် ဖြစ်နေတာကို ကျနော်တို့ သိနေတော့ အဲဒီလို ခံစားရတယ်။

ဦးသားညွှန့်ဦး ။ ။ ဒီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြတဲ့အခါမှာ သူတို့ ဒုက္ခသည်တွေကိစ္စကော ဆွေးနွေးကြရဲ့ လား။

Samson Hkalam ။ ။ ပါတယ်။ ဥပမာ ဒုက္ခသည်ကိစ္စကို နှစ်ဖက်ညှိနှိုင်းပြီးမှ ဆောင်ရွက်သွားရန်ဆိုတာပါတယ်။ အခုနောက်ဆုံး အောက်တိုဘာလမှာတွေ့တယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရွာလေးရွာကို စံပြအနေနဲ့ထားပြီးမှ ပြန်ပို့ရေးဆိုတာကို ဆွေးနွေးကြတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာသွားမယ့်လူတွေက ရှိမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလို စစ်ဖြစ်နေတယ်။ ပြန်ဖြစ်တယ်။ ပြန်ပြေးတယ်ဆိုတာ ကြားနေရတော့ ကြောက်စိတ်တွေက တော်တော်နဲ့ ကုန်နိုင်မယ်မထင်ဘူး။

ဦးသားညွှန့်ဦး ။ ။ သူတို့အချင်းချင်း ဆွေးနွေးပွဲမတိုင်ခင်မှာ ကေအိုင်အိုကဖြစ်စေ၊ မြန်မာအာဏာပိုင်များကဖြစ်စေ ကချင်ဒုက္ခသည်တွေကို လာပြီးတော့ မေးမြန်းတာ၊ ညှိနှိုင်းတာ၊ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆရာတို့လို အဖွဲ့အစည်းတွေကို ညှိနှိုင်းတာမျိုးတွေ လုပ်ပါသလား။

Samson Hkalam ။ ။ မရှိပါဘူး။

ဦးသားညွှန့်ဦး ။ ။ သူတို့ဖက်က ဘာမှ မဆွေးနွေးဘူးလား။

Samson Hkalam ။ ။ မဆွေးနွေးပါဘူး။

ဦးသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက ကေအိုင်အို က ကမကထလုပ်ပြီးတော့ လိုင်းဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညီလာခံလုပ်ကြတယ်။ ဒီ ညီလာခံနဲ့ ပတ်သက်လို့ ကချင်ဒုက္ခသည်အရေး လုပ်နေတဲ့ ဆရာတို့အနေနဲ့၊ ကချင်ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ကြလဲ။

Samson Hkalam ။ ။ လိုင်းဇာမှာ လုပ်တဲ့အစည်းအဝေးကတော့ တိုင်းရင်းသားများအတွက်တော့ အခွင့်အရေးတခု အောင်မြင်မှုလမ်းစတခုလို့ မြင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုပေါ့။ အဲဒီကနေ ထွက်လာမယ့် အဖြေကတော့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီးမှ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ အဖြေထွက်လာမယ်လို့တော့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ အားလုံးမျှော်လင့်တာကတော့ လိုင်းဇာလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့  ဆွေးနွေးမှုတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်၊ အနာဂတ်အတွက် ငြိမ်းချမ်းသော၊ တရားမျှတာသော ပြည်ထောင်စုဖယ်ဒရယ်ကြီး ပေါ်ပေါက်လာဖို့အတွက်တော့ ပထမခြေလှမ်းလို့ ပြည်သူတွေ၊ ဒုက္ခသည်တွေဖက်က ဒါတွေကို မြင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

Samson Hkalam ။ ။ ကျေးဇူးတင်ပါတယ်။

လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်
VOA 
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်
 
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာအစိုးရက မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာနဲ့ တသဘောတည်း ရပ်တည်ကြမယ် စသဖြင့် ညှိနှိုင်းဆွေးနွေးနေကြပေမယ့် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကတော့ အလှမ်းဝေးနေသေးတယ်လို့ ကချင်နှစ်ချင်းအဖွဲ့ချုပ်က သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာသတင်းဌာနမှ ကိုသားညွှန့်ဦး က ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Samson Hkalam ကို တွေ့ဆုံမေးမြန်းထားပါတယ်။