Tuesday, 24 September 2013

သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေး

Photo: သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေး
Tuesday, September 24, 2013

ထိုင်းနိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးရောက်နေတဲ့ ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဟာ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နဲ့ တွေ့ ဆုံပြီး ထားဝယ်အထူး စီးပွားရေးဇုံကိစ္စ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ထိုင်း နိုင်ငံ အစိုးရ အိမ်တော်မှာ တွေ့ဆုံမှုမှာ ထားဝယ်စီးပွားရေးဇုံ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ် တို့ သဘောတူကြတဲ့အကြောင်း ယနေ့ နေ့စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ် က ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်က ထားဝယ်အထူးစီးပွားရေးဇုံမှာ အခြေခံ အဆောက်အအုံကဏ္ဍ၊ စွမ်းအင် နဲ့ ရေ ကဏ္ဍ အစရှိတာတွေနဲ့ပတ်
သက်ပြီး ပြောကြားတယ်လို့လည်း ဆိုပါတယ်။

“ဒီစီမံကိန်း ရှေ့ဆက် တိုးပြီး ဆောင်ရွက်ဖို့ မြန်မာ- ထိုင်း ၂ နိုင်ငံ အတူလက်တွဲ လုပ်ဆောင်သွားကြမယ်။ ပြီးတော့ ထားဝယ် ရေနက် ဆိပ်ကမ်းက ပေါ်ထွက်လာမယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီးလည်း လူထုတွေကို အသိပေးသွားရမှာပါ” လို့ မစ္စယင်လတ်က ဘန်ကောက်ပို့စ်
ကို ပြောထားပါတယ်။

မနေ့က ဘန်ကောက်ပို့စ်မှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စင်ကာပူက ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ အမှတ်မထင်တွေ့တာကို သတင်းတပုဒ်အဖြစ် ဖော်ပြခဲ့ပါသေးတယ်။

ဧရာဝတီblog
ထိုင်းနိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်နဲ့ တွေ့ ဆုံပြီး ထားဝယ်အထူး စီးပွားရေးဇုံကိစ္စ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

လစာ ၁ ဒေါ်လာစား Tesla Motors စီအီးအို Elon Musk

Photo: လစာ ၁ ဒေါ်လာစား Tesla Motors စီအီးအို Elon Musk
Tuesday, September 24, 2013

Tesla Motors ဆိုတာ အမေရိကန်အခြေဆိုက်လျှပ်စစ် ကား နဲ့ နည်းပညာ ထုတ်လုပ် ကုမ္မဏီကြီး တစ်ခုဖြစ်ပြီး စီအီးအိုကတော့ Elon Musk ဖြစ်ပါ တယ်။ Telsa Motors တည်ထောင်သူထဲမှာလည်း ပါဝင်တဲ့ Elon Musk ဟာ ကမ္မဏီစီအီးအိုအဖြစ် အခန့်အပ်ခံရပေမယ့် သူ့လစာက ၁ ဒေါ်လာပဲ ရှိပါတယ်။

သို့ပေမယ့် အံ့သြစရာ မရှိပါဘူး။ ကုမ္မဏီရဲ့  ၃၂ ရာခိုင်နှုန်းသော ရှယ်ယာကို ဝယ်ယူ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ် လို့လည်း သိထားကြပါတယ်။ သူ့ကိုချမ်းသာစေတဲ့ လုပ်ငန်းက အခြား ၂ခုမှ ပါ။ Paypal အမည်ရ အွန်လိုင်းငွေချေ စနစ်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး Space X အမည်ရ အာကာသ ပို့ဆောင်ဆက်သွယ်ရေး စနစ်ကိုလည်း တည်ထောင် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေ အင်မ တန် ကောင်း တဲ့ Elon Musk ဟာ Telsa Motors ကို ကိုယ်ကျိုးအတွက် မဟုတ်ပဲ အနာဂတ်မှာ လျှပ်စစ် ဓာတ်အားသုံး နည်းပညာသစ် ယာဉ်များ ထွက်ပေါ်လာဖို့အတွက် ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ သူဟာ အသက် ၄၂ နှစ်သာ ရှိပါသေးတယ်။

စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ နည်းပညာရှင် တစ်ဦးလည်း ဖြစ်တဲ့ Elon Musk ဟာ တိုယိုတာနဲ့ Diamler AG ကို ရှယ်ယာ ခွဲဝေရောင်းချထားပေးပြီး လက်ရှိ စီအီးအိုရာထူးကတော့ သူကိုယ်တိုင် ယူထားပါတယ်။ Telsa Motors မှ ကမ္ဘာ့ပထမဆုံး စွမ်းအင်ခြွေတာ နည်းပညာများ ပေါ်ထွန်းရန် ကြိုးပမ်းမှုများဟာ Elon Musk ရဲ့ အိုင်ဒီယာများ ဖြစ်ပြီး ကမ္ဘာမှ လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ကြောင်း သိရပါတယ်။

Ref: autoblog
အောင်ခမ်း (ရိုးရာလေး)
Tesla Motors ဆိုတာ အမေရိကန်အခြေဆိုက်လျှပ်စစ် ကားနဲ့ နည်းပညာ ထုတ်လုပ် ကုမ္မဏီကြီး တစ်ခုဖြစ်ပြီး စီအီးအိုကတော့ Elon Musk ဖြစ်ပါ တယ်။ Telsa Motors တည်ထောင်သူထဲမှာလည်း ပါဝင်တဲ့ Elon Musk ဟာ ကမ္မဏီစီအီးအိုအဖြစ် အခန့်အပ်ခံရပေမယ့် သူ့လစာက ၁ ဒေါ်လာပဲ ရှိပါတယ်။

အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်

Photo: အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်
Tuesday, September 24, 2013

မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင်
ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ပိန္နဲတောင်ကျေးရွာမှ အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း စိုးလတ်ဦး ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင်
လာသည့် ကင်တာအမျိုးအစား ယာဉ်အမှတ် (၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ (၁၄) ဦးသည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မောင်နေလင်းနိုင် အသက် (၁၉)နှစ်၊ (ဘ) ဦးစိုးမြင့် (ဦးခေါင်းကွဲဒဏ်ရာ) နှင့် မဖြိုးသူဇာ အသက် (၂၂)နှစ်၊ (ဘ) ဦးမောင်သန်း(လက်ကျိုးဒဏ်ရာ)တို့မှာအတွင်းလူနာ
အဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ
မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင် လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

နန့်ဆန်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အပါအ၀င် လူသုံးဦး ကားနှင့် အတူ ချောက် အတွင်း ပြုတ်ကျခြင်းကို ခရီးသွားများ က တွေ့ရှိကယ် ဆယ်နိုင်ခဲ့

Photo: နန့်ဆန်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အပါအ၀င် လူသုံးဦး ကားနှင့် အတူ ချောက် အတွင်း ပြုတ်ကျခြင်းကို ခရီးသွားများ က တွေ့ရှိကယ် ဆယ်နိုင်ခဲ့
Tuesday, September 24, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း နန့်ဆန်ဒေသတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၊ အမျိုးသားနှစ်ဦး ကားနှင့်အတူ ချောက်အတွင်း ပြုတ်ကျသော်လည်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်က နန့်ဆန်မြို့ မန်ကန်း ရွာနှင့် စခန်းသာ ကျေးရွာကြား မိုင်တိုင် ၃၉ ရှိ ကိုး မိုင်ကွေ့တွင် ကျောက် သယ် ထော်လာဂျီကားတစ်စီး အရှိန်လွန်ကာ ချောက် အတွင်း ပြုတ် ကျမှု ဖြစ်ပွားခဲ့ပြီး ကားနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ဦးအပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး တို့မှာ လည်း ချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

''ကိုယ်ဝန်ဆောင် အမျိုးသမီးက စခန်းသာရွာကနေ ထွေလာဂျီကားကို လမ်းကြုံ တားစီးခဲ့တာ။ အကွေ့မှာ အရှိန်လွန်ပြီး ချောက်ထဲကျသွားတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ချောက်ထဲကနေ သူတို့ဘာသာ ပြန်တက်လာကြတာ။ အမျိုးသမီးတစ်ဦး ပါသွားတယ် ဆိုတာသိလို့ ဆင်းကယ်ခဲ့ကြတာ'' ဟု စခန်းသာရွာမှ ပလောင်တိုင်းရင်းသား ကိုထွန်းကျော်က ပြောကြားခဲ့သည်။

''နန့်ဆန်မြို့ ဇယန်းကြီး ကျေးရွာမှာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်သွားစိုက်ရင်း အပြန်မှာ ချောက်ထဲ ကားကျတယ်ဆိုတာ သိရလို့ ဒေသခံတွေနဲ့ အဖွဲ့သားတွေ ဆင်းကယ်ဖြစ်ခဲ့တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ချောက်ထဲကနေ အဖွဲ့လိုက် ထမ်းခေါ်လာပြီး နန့်ဆန်ဆေးရုံကို ပို့ပေးခဲ့ရတယ်'' ဟု မန္တလေးမြို့ စိမ်းရောင်စို အရိပ်ရသစ်ပင် စိုက်ပျိုးရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချောက်အတွင်းမှ ကယ်ဆယ်ခဲ့သော အမျိုးသမီးသည် ကိုယ်ဝန်ရှစ်လ ရှိနေသူဖြစ်ပြီး ကားလမ်းပေါ်သို့ ပြန်အရောက်တွင် စကားပြောဆို နိုင်သော် လည်း တစ်ကိုယ်လုံး အထိမခံနိုင်အောင် အတွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ချောက်အတွင်း ကျသွားသည့် ထော်လာဂျီယာဉ်မှာ စခန်းသာ ဆောက်လုပ်ရေးလမ်း အထူးအဖွဲ့(၁)မှ ကျောက်သည်ယာဉ် တစ်စီးဖြစ်ကြောင်း သိရသည်။

Eleven Media Group

(ချောက်အတွင်း ကျသွားသော ကိုယ်ဝန်ဆောင်မိခင်အား ပြန်လည် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အောင်သူ))
(ချောက်အတွင်း ကျသွားသော ကိုယ်ဝန်ဆောင်မိခင်အား ပြန်လည် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အောင်သူ))
ရှမ်းပြည်နယ် မြောက်ပိုင်း နန့်ဆန်ဒေသတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၊ အမျိုးသားနှစ်ဦး ကားနှင့် အတူ ချောက်အတွင်း ပြုတ်ကျသော်လည်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကြက်ဥအများကြီးစားသုံးသင့်သလား


ကြက်ဥကို စားသုံးခြင်းဖြင့် ကိုလက်စထရောတက်သည်မှာ မှန် သော်လည်း အရက်နှင့်အခြား အကြောင်း များကြောင့် ဝိတ်တက် ခြင်းက ပို၍အရေးကြီးသည်။ ယခု ခေတ်မူ အစားအသောက်နှင့် ဝိတ် ချသူများအဖို့

ဘာလော့တယ်လီ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရမည်

Photo: ဘာလော့တယ်လီ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရမည်
Tuesday, September 24, 2013

နာပိုလီကို အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ ကွင်းလယ်ဒိုင်ကို ရန်စောင်ခဲ့သည့်အတွက် ပွဲစဉ်ပြီးဆုံးချိန်တွင်ဒုတိယအ၀ါကတ် ပြသခံရသည့် ဘာလော့တယ်လီမှာ (၃)ပွဲပယ်ခံရတော့မည် ဖြစ်သောကြောင့် ဂျူဗင်တပ်နှင့်ပွဲစဉ်တွင် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ ဘာလော့တယ်လီမှာ ဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် ဒုတိယမြောက် ပင်နယ်တီပေးရန် စောဒကတက်ခဲ့ရာတွင် အချင်းများခဲ့ပြီး ပွဲပြီးဆုံးချိန်၌ ကွင်းလယ်ဒိုင်ကို ရန်စောင်ခဲ့သည့်အတွက် ဒုတိယ အ၀ါကတ်
ပြခံရခြင်းဖြစ်သည်။

ဘာလော့တယ်လီသည် အဆိုပါပွဲစဉ် ပြီးဆုံးရန် (၁)မိနစ်အလိုတွင်
ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ကစားသမားဘ၀တစ်လျှောက် ပထမဆုံး ပင်နယ်တီ မ၀င်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါပွဲစဉ်မှ ၎င်း၏ အပြုအမူများကြောင့် စီးရီးအေဘောလုံးအဖွဲ့ချုပ်မှ (၃)ပွဲပယ် ပြစ်ဒဏ်
ချမှတ်ခဲ့ပြီး ဘာလော့တယ်လီအနေဖြင့် ဆမ်ဒိုးရီးယား၊ဘိုလော့နာတို့၏
ပွဲစဉ်များကိုလည်း လွဲချော်ရတော့မည်ဖြစ်သည်။

YoYarLay
နာပိုလီကို အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ ကွင်းလယ်ဒိုင်ကို ရန်စောင်ခဲ့သည့်အတွက်

ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည်

Photo: ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည်
Tuesday, September 24, 2013

ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် စစ်ဆေးတွေ့ရှိခဲ့သော နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ နီးပါးနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည် ဖြစ်ကြောင်း Mobile Team မှ သိရသည်။

GMG ကုမ္ပဏီကို စက်တင်ဘာ ၁၈ ရက်မှစ၍ ၂၁ ရက်အထိ လေးရက်ကြာ ရှာဖွေစစ်ဆေးခဲ့စဉ် ဒုတိယရက်တွင် စစ်ဆေးခဲ့သော ဂိုဒေါင်များ၏ ခြောက်လုံးမြောက်တွင် Tiger တံဆပ်ပါ ပုလင်းအလုံး ၆၀၊ ပုလင်းပြားမှာ ၃၈၂၉၆ ပြားနှင့် Bonus Weseky အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့်တို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ တတိယရက်တွင်လည်း ကားပစ္စည်း ထားရှိသော ဂိုဒေါင်အတွင်း Tiger တံဆပ်ပါ ပုလင်းအလုံး ၅၁၀၀၀ နီးပါး ထပ်မံတွေ့ရှိ ခဲ့ရကြောင်း သိရသည်။

ယင်းသို့ ရှာဖွေခဲ့ရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန် ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်းဖြန့်ဖြူး နေသည်ဟု ဆိုထားသော ဦးလင်အင်ဟုတ် ပိုင်ဆိုင်ထားသည့် GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီး နောက်တွင် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ယင်းစက်ရုံသို့ သွားရောက် ခဲ့ကြောင်းလည်း သိရသည်။

ရှာဖွေတွေ့ရှိခဲ့သည့် အရက်ပုလင်းများနှင့် ပတ်သက်ကာ ကုမ္ပဏီအား အထောက်အထားများ တောင်းခံထားပြီး ဖြစ်ကြောင်း၊ ယင်းအပြင် ရှာဖွေတွေ့ရှိခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး ၂၄ နာရီအတွင်း နေပြည်တော်ရှိ Mobile Team အဖွဲ့ရုံးချုပ်မှ အကြီးအကဲများထံသို့ တင်ပြပေးရမည် ဖြစ်ကြောင်း စစ်ဆေးရှာဖွေမှုတွင် ဦးဆောင်သူ တစ်ဦးက ဆိုသည်။

ယင်းစစ်ဆေးမှုကို ဦးဆောင်ခဲ့သည့် ဦးတင်ရဲဝင်းက ''ကျွန်တော်တို့ ဆီမှာတော့ ဒီစစ်ဆေးချက်တွေကို အကြာကြီးထားလို့ မရဘူး။ ၂၄ နာရီအတွင်း အထက် အကြီးအကဲတွေကို တင်ပြပေးသွားရမှာပါ။ ပြီးမှ သူတို့ဆီကလာတဲ့ အဖြေပေါ်ကိုစောင့်ပြီး ဆက်လုပ်စရာတွေကို လုပ်ရမှာပါ။ ဒီစစ်ဆေးချက်မှာဆိုလည်း ကျွန်တော်တို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ သုံးသပ်ချက်တွေကိုပါ ထည့်ပေးသွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

GMG ကုမ္ပဏီသို့ ၀င်ရောက်စစ်ဆေး ခွင့်ရရန် ကြန့်ကြာမှုများ ရှိခဲ့သည့်အပြင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ၀င်ရောက် ရှာဖွေခွင့်ရရန်အထိ လျှောက်
ထားခဲ့ရမှုများ ရှိခဲ့သည်။

ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သောနှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

Eleven Media Group
ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် စစ်ဆေးတွေ့ရှိခဲ့သော နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ နီးပါးနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည် ဖြစ်ကြောင်း Mobile Team မှ သိရသည်။

NLD ထက် ပိုထိရောက်အောင် လုပ်နိုင်တဲ့ ပါတီ မရှိလို့ ဒေါ်စုပြော

Photo: NLD ထက် ပိုထိရောက်အောင် လုပ်နိုင်တဲ့ ပါတီ မရှိလို့ ဒေါ်စုပြော
Tuesday, September 24 , 2013

အန်အယ်ဒီ ပါတီဟာ မြန်မာနိုင်ငံမှာ အထိရောက်ဆုံး ပါတီ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စင်ကာပူ နိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်း စာ ရှင်း လင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး အကြောင်း သတင်းထောက်တွေက မေးကြတဲ့အခါ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့ လိုတယ်၊ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံကို မပြင်နိုင်ရင်၊ ဖွဲ့စည်းပုံကို ပြင်လိုက်တာ ထက် ပြဿနာတွေ ပိုကြုံလာ ရနိုင်တယ်လို့ ပြောပါတယ်။

တစ်ခါ NLD ပါတီမှာ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိတာမို့ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ် ဆိုရင်တောင် မြန်မာနိုင်ငံကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်မှာ အန်အယ် ဒီလောက် လုပ်ရည်ကိုင်ရည် ရှိတဲ့ နောက်ထပ် ပါတီ ရှိရင် ပြပါလို့ ပြန်လည် စိန်ခေါ်သွားကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြန်မာနိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ မေးရာ မှာလည်း ဘယ်နိုင်ငံမှ အဂတိ လိုက်စားမှု လုံးဝ ကင်းစင်တယ်ဆိုတာ မရှိဘူး၊ မြန်မာနိုင်ငံမှာ ဒီလိုပြဿနာ ရှိပေမယ့် လူတွေက အဂတိ လိုက်စား တယ် ဆိုတာကို လက်ခံနိုင်စရာ လုပ်ရပ်အဖြစ် မမြင်ကြဘူးလို့ ဖြေ သွား ပါတယ်။

မြန်မာ့ တပ်မတော်နဲ့ ပတ်သက်လို့တော့ တစ်ချိန်မှာ လူတွေ ချစ်ခင်လေး စားပြီး ဂုဏ်ယူစရာ အဖွဲ့အစည်းမျိုး ပြန်ဖြစ်လာဖို့ မျှော်လင့် ယုံကြည်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ စစ်တပ်ရဲ့ အလုပ်ကိုပဲ ထိထိရောက်ရောက် လုပ်ဖို့နဲ့ အရပ်ဘက် အလုပ်ကို အရပ်သား အစိုးရကပဲ လုပ်တာမျိုးကို လိုလားသူတွေ အများကြီး ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာပြည်မှာ တရုတ် စီးပွားရေး လုပ်ငန်းတွေ နည်းလာတာနဲ့ ပတ်သက်ပြီး တရုတ် သတင်းထောက်က မေးရာမှာ ပြီးခဲ့တဲ့နှစ် ၂၀ လောက်အတွင်း တရုတ် စီးပွားရေး လုပ်ငန်းတွေဟာ စစ်အစိုးရ အာဏာခိုင်မြဲအောင် အထောက်အကူ ဖြစ်စေခဲ့တယ်လို့ မြင်ကြသူတွေ အများကြီး ရှိကြောင်းနဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေက ပိုပြီး တာဝန်ရှိရှိ လုပ်ဆောင်ရင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို အဆင်ပြေလာလိမ့်မယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ မနက်ပိုင်းက စင်ကာပူ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဘာတွေ ဆွေးနွေးတယ် ဆိုတာ ထုတ်ဖော် ပြောဆိုဖို့ ငြင်းခဲ ပါတယ်။

အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အန်အယ်ဒီ ပါတီဟာ မြန်မာနိုင်ငံမှာ အထိရောက်ဆုံး ပါတီ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော ပါ တယ်။

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဟုန်ရှင်း အလုပ်သမားများ သပိတ်စခန်း ဖွင့် ဆန္ဒပြမှု အချက် (၅) ချက်ဖြင့် ပြေလည်မှုရရှိ


Photo: ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဟုန်ရှင်း အလုပ်သမားများ သပိတ်စခန်း ဖွင့် ဆန္ဒပြမှု အချက် (၅) ချက်ဖြင့် ပြေလည်မှုရရှိ
Tuesday, September 24 , 2013

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ် သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြေလည်မှု ရရှိစေရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်၊ ဟုန်ရှင်းအအေးခန်း စက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဟုန်ရှင်း အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူညီခဲ့ပြီး သပိတ်စခန်းကိုလည်း ဖျက်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များမှာ (၁) ဟုန်ရှင်း ငါးအအေးစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းကို တောင်းဆိုသူ ဦးမင်းမင်းပါ ၁၀၃ ဦးတို့မှ သိရှိသဘောတူရန်၊ (၂) စက်ရုံ ပိတ်သိမ်းခြင်း အတွက် ဥပဒေအရ အလုပ်ရပ်စဲဖို့ နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း ကနောင်ခန်းမ၌ ပေးချေရယူရန်၊ (၃) အလုပ်ရပ်စဲ နစ်နာကြေးများကို အလုပ်သမားများမှ လက်ခံ ရရှိပြီးနောက် ဟုန်ရှင်း ငါးအအေးခန်း စက်ရုံနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊ (၄) တောင်းဆိုမှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ် ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့ အတွက် ဒါရိုက်တာ အဖွဲ့သို့တင်ပြ၍ အကောင်းဆုံး ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊ (၅) စက်ရုံ အဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲ မဖြစ်နေစေရန် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအထိ နောက်ဆုံးထား ၍ ပြောင်းရွှေ့ပေးရန်နှင့် အဆောင်နေသူများ နေထိုင်စဉ် ကာလအတွင်း စက်ရုံ၊ စက်ပစ္စည်း၊ အဆောက်အအုံ၊ စက်ရုံနှင့် ဆက်စပ် ပစ္စည်းများ ပျောက်ဆုံး ပျက်စီး ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူရန်စသည့် အချက်(၅) ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

''အလုပ်ရှင်အနေနဲ့ လူအင်အား၊ ငွေအင်အား ဆုံးရှုံးမှုတွေ ဖြစ်သွားတဲ့ အတွက် စက်ရုံကို လုံးဝလည်ပတ်နိုင်မှု မရှိတော့တဲ့ အတွက် ပိတ်သိမ်းလိုက်ပြီလို့ ပြောတယ်။ အကယ်၍ အခြားနာမည် ကုမ္ပဏီနဲ့ ဆက်ဖွင့်လှစ် နေဦးမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်'' ဟု ဟုန်ရှင်း အလုပ်သမား သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ကိုမင်းမင်းက ပြောကြားသည်။

''နစ်နာကြေးတွေကိုလည်း မနက်ဖြန် ကနောင်ခန်းမမှာ လာရောက် ထုတ်ယူနိုင်ပါပြီ။ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ စက်မှုဇုန်တွေ အနေနဲ့ အလုပ်သမား ခေါ်ဖို့ရှိတယ်ဆိုရင် လက်ရှိ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဆန္ဒဖော်ထုတ်ကြတဲ့ အလုပ်သမားတွေကို ဦးစားပေး ခေါ်ယူဖို့ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အကြောင်းကြား မေတ္တာရပ်ခံ တာမျိုးတွေ ပြုလုပ်ထားပါတယ်'' ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များအား နှစ်ဦးနှစ်ဖက်မှ ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များအရ အရေးယူခံရမည်ကို သိရှိကြောင်း မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်၌ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် လက်မှတ်ရေးထိုး ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရသည့် အတွက်ဟု ဆိုကာ သြဂုတ် ၁၀ ရက်တွင် စက်ရုံ အလုပ်ရှင်များကို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှု ပြုလုပ် ခဲ့ကြကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် သဘောတူညီမှု အပြည့်အ၀ မရသောကြောင့် ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြကြောင်းနှင့် လက်ရှိတွင် အလုပ်ရှင်က စက်ရုံပိတ်သိမ်းသည် ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ဆိုကာ သပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖွင့်လှစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အလုပ်သမားဝန်ကြီးမှ ဆန္ဒပြ အလုပ်သမားများကို လာရောက်ညှိနှိုင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ် သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ကျင်းပနေ ချိန်တွင် နမ္မတူမြို့နယ်ဘက်၌ တပ်မတော်နှင့် SSPP/SSA တပ်များ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် ပွဲကျင်းပရေး ကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့များနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာ၌ တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း သိရသည်။

နိုင်ငံရေး အင်အားစု အဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား (၅) ချက် ထုတ်ပြန်

နိုင်ငံရေး အင်အားစုအဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့ပြီး သုံးရက်ကြာ ပြု လုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ မှ သဘောထား ကြေညာချက် (၅) ချက် ထုတ်ပြန်ခဲ့သည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ တ္တုတူးဖော်ရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်း တင်သွင်းမှုကဏ္ဍ ဆက်လက် မြင့်တက်ဦးမည်ဟု ခန့်မှန်းထား

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေ ၅ ဒသမ ၇ ဘီလျံ ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အဓိက ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍ များဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ သတ္တု တူးဖော်ရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုများ မြင့် တက်လာ သည့်အတွက် ၂၀၁၄ မှ ၂၀၁၇ ခုနှစ် ကာလ အတွင်း မြန် မာနိုင်ငံ၏ ပို့ကုန်ပစ္စည်း တင်သွင်းမှု ကဏ္ဍ မြင့်တက်လာဦး မည်ဟု ခန့်မှန်းထားကြောင်း IMF မှ ထုတ်ပြန်သော အချက်အလက်များကို အခြေခံလျက် Enhancing India - Myanmar Trade and Investment Relation: A Brief Analysis တွင် ဖော်ပြထားချက်များအရ သိရသည်။

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရ သူများက အိန္ဒိယနှင့် မြန်မာအစိုးရထံ နစ်နာကြေးများ တောင်းခံမည်


ဟုမ္မလင်းမြို့နယ် အနောက်ဘက် ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်းအတွက် ရွှေ့ပြောင်းခံ ရသော ကျေးရွာသားများက မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရထံ လျော်ကြေး များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

8.1.1
စက်တင်ဘာ ၂၃ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတ တိုနီတန်တို့ သမ္မတ နန်းတော်တွင် တွေ့ဆုံစဉ် (Photo:AFP)
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက်ပိုင်းတွင် စင်ကာပူသမ္မတ တိုနီတန်၊ ၀န်ကြီးချုပ် လီရှန်လွန်း တို့နှင့် မြန်မာ့ အရေး တွေ့ ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။