ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။
Thursday, 29 May 2014
မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ကွယ်လွန်
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အပူချိန်မြင့်တက်မှုကြောင့် ငါးအသေများ၍ ငါးဈေးတက်
မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက် လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ
တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
အခြေခံပညာကျောင်းများရှိ စားသုံးရန်မသင့်သည့် မုန့်များကို အမြန်ဆုံး ဖျက်ဆီးရန် တိုင်းအစိုးရ ညွှန်ကြား
ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သည့် အသင့်စားမုန့်များ တွေ့ရှိခဲ့သောကြောင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသား များကြားတွင်ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများသမဂ္ဂဝင်များက ပြောကြားသည်။
“ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။
ယခင်ရန်ငြိုးများမေ့ပစ်လိုက်ပါဟု မအူပင် ကရင်လူထုကို KNU ဆို
မအူပင်၊ လက်ရှိနိုင်ငံတော်အစိုးရနှင့် စစ် မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကရင်တိုင်းရင်းသားနှင့် ယခင်အစိုးရအ ကြားဖြစ်တည်ခဲ့သည့် အာဃာတများ၊ ရန်ငြိုးများကို မေ့ပျောက်ထားရန်လိုအပ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး များအား နိုင်ငံရေးနည်းအရ စကားဝိုင်း ၌ အေးအေးချမ်းချမ်း ဖြေရှင်းရန် အခွင့် အရေးမရခဲ့သည့်အတွက် မငြိမ်းချမ်းမှု များနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ¤င်း ကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။
ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)
Yangon Media Group
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။
ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)
Yangon Media Group
ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ
လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့
၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့  လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်းတရပ်ရှိပြီး၊ တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့်အလားအလာရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို
တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုေ နသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေသည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်က သတိပေး ခဲ့ခြင်းဖြစ်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြားလိုက်သည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့  ၀န်ကြီးဌာနကို အလိုမရှိပါဘူး” ဟု ပြောသည်။
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို ယခင်နှစ်များတွင် တက္ကသိုလ်များ ပိတ်ချိန် အောက်တိုဘာ၌ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယခု မေလ ရောက်သည်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးကြောင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်းလျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရကြောင်း၊ နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ်စောင့်ဆိုင်း ရကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ
၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး
ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား
အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာ- ဂျပန် နှစ် နိုင် ငံ အ စိုး ရ အ ချင်း ချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အငြင်းပွားဖွယ်များကြောင့် လယ်/ဆည် ဝန်ကြီးဌာန၏ ပြည်ပချေးငွေ ကန်ဒေါ်လာ ၁၃၆ သန်း လွှတ်တော် အတည်မပြု
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေအဖွဲ့ (IFAD) တို့ထံမှ စိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် အဆိုပြုမှုကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင် များက ပြောကြားသည်။
အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ်အသတ်နိုင်
အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲ ဘားအံမြို့တွင် ပြုလုပ်
၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေကြသူများကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကျင်းပပြု လုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာစက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ခြင်းအား ရှင်းလင်း
စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်ရှိ တိုက်အမှတ် ၁၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခဲ့ပြီး အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေး အချက်များကိုလည်း ချိုးဖောက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက ပြောကြားသည်။

အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်
တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုး သားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေ ၂၈ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
RSO ဟု ယူဆရသည့် တစ်ဖက်နိုင်ငံအခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွား
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ် ဖက်နိုင်ငံ အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည်တစ်ဦးမှ ကန့်ကွက်
အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်။
စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်
အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို
အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာ တိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတဘရက်ခ်အိုဘားမားက ပြောလိုက် ပါ တယ်။
အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော်အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု
ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားနှင့် ထိုင်းနာမည်ကြီးအဆိုတော် အက်ခရားပေါင်း (ဓါတ်ပုံ- www.manager.co.th)
ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံတာ် သူရဲကောင်းအဖြစ်ဂုဏ်ပြုသည့် တေးသီချင်းတပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။
Subscribe to:
Posts (Atom)