ပြည်ပနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းတင်ပို့မှုမှ ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁၆၈ သန်း ကျော် လျော့ ကျသွားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
Tuesday, 24 February 2015
မန္တလေးရွှေနန်းတော်ကျောင်း ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းမှု လုပ်ငန်းများ ယခုလကုန်ပိုင်းတွင် စတင်ဆောင်ရွက်တော့မည်
ပြည်တွင်း ပြည်ပခရီးသွားများ အမြဲမပြတ် လာရောက်လေ့လာရာ နေရာဖြစ်သည့် မန္တလေးရွှေနန်းတော် ကျောင်း ရေရှည် တည်တံ့စေရေးအတွက် ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း World Monuments Fund အဖွဲ့အစည်းမှ သိရသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပါ ပြစ်မှုများကို ရဲအရေးပိုင်ပြစ်မှုများဟု ကော်မတီဖြည့်စွက်
မြန်မာဗုဒ္ဒဘာသာဝင် မိန်းမများအထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဥပဒေပါပြစ်မှုများကို ရဲအရေး ပိုင်ပြစ်မှုများအဖြစ် မှတ်ယူရမည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဖြည်စွက်လိုက်သည်။
ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
ထိုင်းနိုင်ငံ၊ ကော့စမွီကျွန်းတွင် အသက်(၁၈)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရကြောင်း သတင်းရရှိသည်။
ကင်ဆာရောဂါသည် ဘဝမှသည် ကာယဗလမောင် ဘဝသို့
ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်ဟာ Zach Zeiler လို့ အမည်ရပြီး အမေရိကန်နိုင်ငံမှ မစ်ချီဂန်ပြည်နယ်က မြို့တစ်ခုမှာနေထိုင်ပါတယ်။ အသက် ၁၅ နှစ်သား ဘဝတုန်းက ကင်ဆာရောဂါရဲ့ ဆိုးရွားမှုကြောင့် ဆေးရုံ တက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါဟာ အသက် အန္တရာယ်ပေးတဲ့အထိ ဆိုးရွားခဲ့ပြီး ယနေ့မှာသူ ကာယဗလမောင် ဖြစ်လာတယ် ဆိုတာ သူကိုယ်တိုင်တောင် ထင်မှတ်ထားတဲ့ အရာ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၈ ဦးကို ဖမ်းဆီး
ထိုင်းနိုင်ငံနယ်စပ်မှ ဘန်ကောက်သို့ပွဲစားဖြင့် အလုပ်သွားရောက်လုပ်ကိုင် မည့်မြန်မာရွှေ့ပြောင်း အလုပ် သမား ၆၈ဦးကို ထိုင်းနိုင်ငံသားယာဉ်မောင်း နှစ်ဦးနှင့်အတူ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ညအချိန် တက္ကစီငှားရင် သတိထား၊ တက္ကစီငှားစီးသူကို ယာဉ်မောင်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် လုယက်ကြသဖြင့် အသက် လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွား
ညပိုင်း တက္ကစီငှားစီးသူကို ယာဉ်မောင်း နှင့် အပေါင်းအပါများက ဝိုင်းဝန်း လုယက်ကြသဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၂နာရီ ခန့်တွင် ဖြစ် ပွားခဲ့ကြောင်းသိရသည်။
တန်တစ်ရာကျော်လေးသည့် ပစ္စည်းများသယ်ရန်ရှိသဖြင့် အမြန်လမ်းရှိ တံတားများကို ဒေါက်တိုင်များဖြည့်သွင်း
အစိုးရက တန်တစ်ရာအလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်မည်ဖြစ်သောကြောင့် ရန်ကုန်-မန္တလေး အမြန် လမ်းရှိ တံတားများ ကွေးညွတ်မသွားစေရန် ဒေါက်တိုင်များ ထောက်ပေးနေကြောင်း အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့က ဖေဖော်ဝါ ရီ တတိယပတ်တွင် ကြေညာထားသည်။
ပြည်ပချေးငွေကြောင့် မြန်မာ့အကြွေး ၀န်ထုတ်ဝန်ပိုး ပိုများလာ
နိုင်ငံတကာအကူအညီတွေနဲ့ ချေးငွေတွေကို သုံးစွဲရာမှာ လေလွင့်မှုတွေရှိနေသလို ပြည်ပချေးငွေတွေ ရယူ တာဟာ နိုင်ငံမှာ အကြွေးဝန်ထုတ်ဝန်ပိုးများလာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
လောက်ကိုင်ဒေသခံ ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲကို ရောက်ရှိရာဒေသတွင် ဖြေဆိုနိုင်မည်
လောက်ကိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုရန် စာရင်းသွင်းထားသော ကျောင်းသား ၁၁၆ ဦး အနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ စာစစ်ဌာနများ၌ ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ပညာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများ တပ်မတော် သိမ်းပိုက် --- ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲများတွင် တပ်မတော်မှ သုံးဦးကျ၊ ခုနစ်ဦး ဒဏ်ရာရ၊ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ ခြောက်ဦးသေ
ကိုးကန့်ဒေသတွင် လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေး တာဝန်ထမ်းဆောင် နေသော တပ်မတော်သား အချို့ ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အောင်သစ်လွင်)
လောက်ကိုင်−ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီးတစ်ဝိုက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ခြေကုပ်ယူထားသော စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းများကို တပ်မတော်က သိမ်းပိုက် နိုင်ပြီး နောက်တစ်နေ့တွင် အခြားနေရာ၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားရာ နှစ်ဖက်ကျဆုံး မှုများရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
စက်ရုံပိတ်ဆို့ ဆန္ဒပြနေသည့် လုပ်သားများကို အရေးယူမည်ဟု အစိုးရ ထပ်မံသတိပေး
လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့မှ အလုပ်သမားအချို့က စက်ရုံ ကို ပိတ်ဆို့ကာ ဆန္ဒပြနေကြသည့်အပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့က ဖေဖော်ရီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ
အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသားပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ယူကရိန်းအရှေ့ပိုင်းမှာ သူပုန်တွေ အောင်ပွဲဆင်နွှဲ
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Debaltseve မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေကို အနိုင်ရလိုက်တဲ့အတွက် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အနီးနားက Donetsk မြို့မှာ တနင်္လာနေ့က အောင်ပွဲခံတဲ့ ချီတက်ပွဲတွေ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။
လောက်ကိုင်နောက်ဆုံးအခြေအနေ
ဖုန်ကြားရှင်ရဲ့ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့မှာလည်း လောက်ကိုင်ဒေသ တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်ဘက်ကတော့ ရှေ့တန်း ရောက်တပ်မတော်သားတွေအတွက် နိုင်ငံတဝန်းမှာ အလှူငွေကောက်ခံမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာပါတယ်။ အခြေအနေအသေးစိတ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။
ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် အကြံပြုစာများသောကြောင့် ကျောင်းသား များနှင့် တွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးဟုဆို
ကျောင်းသားများ၏ သပိတ်မှောက် စစ်ကြောင်းများအား ထောက်ခံကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ရတနာပုံ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအချို့ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒထုတ်ဖော်နေစဉ်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကြမ်းပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြုစာ များပြားနေသည့်အတွက် သပိတ်မှောက် ကျောင်းသားများနှင့် ယခုအပတ်တွင် တွေ့ဆုံမည်ဖြစ်သော်လည်း ရက်အတိအကျ မသတ် မှတ်ရသေးဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
အစိုးရကတိများ အချိန်မီ ပြီးစီးရန်သာမက စံမီရန်ပါ ကြီးကြပ်ဆောင်ရွက် သင့် ဟု လွှတ်တော် ကော်မတီပြော
လွှတ်တော်သက်တမ်း လေးနှစ်တာအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်ပါမည်ဟု လွှတ်တော် တွင် ကတိပြုထားသည့် ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိလုပ်ငန်း ၇၂၉ ခု ရှိရာ ၂ဝ၁၅ မတ်လ ၃၁ ရက်အတွင်း (ယခုအစိုးရ လက်ထက်၊ လက်ရှိလွှတ်တော် သက်တမ်းအတွင်း) ပြီး စီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ကြပ်မတ်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပလောင်အဖွဲ့ ကမ်းလှမ်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေ ရပ်ဆိုင်းပြီး အစိုးရနဲ့ တွေ့ ဆုံ ဆွေးနွေးလိုကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ကြေညာချက် ထုတ်ပြန်ပါတယ်။
မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကွမ်းလုံဒေသ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်အထိ ရှိနေ၊ ကြက်ခြေနီယာဉ်တန်းများ ပစ်ခတ်ခံရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား
စစ်ဘေးဒုက္ခသည်များအတွက် ရည်ရွယ်ပြုလုပ်ပေးထားသော ကွဲကွာ မိသားစုများ သတင်းစကားချန် ထားရန် ကြေညာသင်ပုန်းကို ကြည့်ရှု နေသူတစ်ဦး (ဓာတ်ပုံ-ထွန်းနေလှိုင်)
မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံဒေသများတွင် တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၂၃ ရက်အထိ စစ်ဘေးဒုက္ခသည် အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ပြီး လောက်ကိုင်မြို့ တွင် ကယ်ဆယ်ရေး လုပ်ငန်းတွေများကို လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း လောက်ကိုင်ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ သိရသည်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ရေးထိုးမည် မဟုတ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိက၀တ် ပြုထားခဲ့ပြီးဖြစ်တဲ့အတွက် တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (NCA)မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)အဖွဲ့ လက်မှတ် ရေးထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
လက်ရှိအစိုးရလက်ထက်၌ နိုင်ငံတကာထောက်ပံ့ငွေ ဒေါ်လာသန်း ၁၄၀၀ ကျော် ရရှိပြီးဖြစ်ကြောင်းနှင့် နိုင်ငံခြားချေးငွေ ဒေါ်လာသန်း ၃၈၀၀ ကျော် ချေးယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း စီမံ/စီးပွားဒုဝန်ကြီး ပြောကြား
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော် ၌ ဖြေကြားစဉ်
လက်ရှိ အစိုးရလက်ထက်တွင် စီမံချက် ၂၆ ခုအတွက် နိုင်ငံခြားချေးငွေ ဒေါ်လာ သန်း ၃၈၀၀ ကျော် ချေး ယူရန် ညှိနှိုင်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်၌ ပြောကြားသည်။
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟုဆို
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့၌ တရုတ်နိုင်ငံအလံ၊ စတစ်ကာနှင့် နံပါတ် တပ်ကားများ မောင်းနှင်မှုကို Facebook စာမျက်နှာတစ်ခုတွင် တွေ့ရစဉ်
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟု တာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။
လောက်ကိုင်မှ နေရပ်ပြန်များနှင့် ပရဟိတစိတ်
ကျော်သူ(မန်း)
မန္တလေးမြို့၏ ဆောင်းဟေမာန် အအေးဓာတ်တို့ လျော့နည်းစပြုလာ သည့် ဖေဖော်ဝါရီ ၁၃ရက် ညနေခင်း တွင် ချမ်းမြရွှေပြည်အဝေးပြေးခရီး သည်တင်ယာဉ်ရပ်နားစခန်းသို့ ဖုန်မှုန့် အလူးလူးနှင့် ၁၂ ဘီးကား သုံးစီးဝင်လာသည်။
မုဒိမ်းပြုကျင့်သူအား တွန်းလှန် တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး အသတ် ခံလိုက် ရခြင်း အတွက် အမျိုးသားများ စကတ်တိုဝတ်ကာ ဆန့်ကျင်ဆန္ဒပြ
ဓားဖြင့်ထိုး၊ သံချောင်းဖြင့် ရိုက်ကာ အသတ်ခံခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် တူရကီကျောင်းသူလေး Ozgecan Aslan သေဆုံးခြင်းကြောင့် နိုင်ငံတကာမှာ အမြတ်ဒေါသမီး ပွင့်ထွက်လာခဲ့ပါတယ်။ အမျိုး သမီးတွေရဲ့ အခွင့်အရေး ထောက်ခံအားပေးတဲ့ သင်္ကေတတစ်ခု အနေနဲ့ အမျိုးသားတွေက “wear a miniskirt for Ozgecan” အိုစ်ဂျီကန်အတွက် စကတ်အတိုဝတ်ကြ ဆိုတဲ့ အမှတ်အသား သင်္ကေတ စာသားပါ စကတ်အတိုတွေ ဝတ်ပြီး သူတို့ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ကြောင်း သိရပါတယ်။
ဖားကန့်တွင် နယ်မြေတည်ငြိမ်အေးချမ်း လာသည့်အတွက် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုအခါ တည်ငြိမ်အေးချမ်းလာပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ များမှ လုပ်ငန်းရှင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြကြောင်း သိရသည်။
Subscribe to:
Posts (Atom)