ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့ ဦးရေ နှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်ကိုင်နေမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေမှုကို ထင်ဟပ်စေပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီကတည်းက ဖြစ်ပေါ်နေခဲ့သည့် အဆိုပါပြဿနာသည် အစိုးရသက်တမ်းငါးနှစ်ကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် အချိန်အထိ ဖြေရှင်းနိုင်မှု မရှိသေးပေ။ ထို့ကြောင့်ယင်းပြဿနာကို ဖြေရှင်းရန် နောက်အစိုးရသက်တမ်း ၀င်ရောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပါတီ လုပ်ငန်းစဉ်မူဝါဒများ၌ အသီးသီး ရေးဆွဲထည့်သွင်းလာခဲ့ကြသည်။နှစ်ကာလတာရှည် သက်ဆိုးရှည်နေခဲ့သည့် မြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဖြစ်စဉ်က ချက်ချင်း ဖြေရှင်းအကောင်အထည်ဖော်ရန် ခက်ခဲနိုင်မည်ဖြစ်သော်လည်း အမတ်လောင်းအချို့ကမူ ယင်းပြဿနာကို ဖြေရှင်းရန် စိတ်အားထက်သန် နေကြသည်။