၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ် ပွဲတွင် ပြည်သူများအား လက်မှတ် ရောင်းချတော့မည် မဟုတ်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။
Tuesday, 23 September 2014
မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင်တည် ထောင်စဉ် ကတည်း က တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ် အင်္ဂါ ချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
ဘယ်သူလဲ ဗိုလ်တိုက်ဂါး
KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC)
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေနဲ့ ခရီး သွားတွေ ကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာ လို့ ဆိုပါ တယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ် သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။ မီဒီယာတွေမှာ ဗိုလ်တိုက်ဂါး အတော်လေး ကို ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်တိုက်ဂါး ဘယ်လိုလူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဗိုလ်တိုက်ဂါး ဖြစ်ပြီးမှ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားနည်းနေ ပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် ချင်းပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးပါမယ်။
Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်
အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက် တွဲဖော် လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲ ပထမ ရက် တွင် တပ်နေရာချထားရေးအခန်းမှ အချက်တစ်ချို့နှင့် ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲ ပထမနေ့တွင် တပ်နေရာ ချထားရေးအခန်းမှ အချက်တစ်ချို့ အား နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက် သွားရန်ဆိုသည့်အချက်ကို သဘော တူညီခဲ့ကြောင်း သိရသည်။
ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ
ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှု ကို ထောင်ပေါင်း များစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေနှင့်အညီ စောင့်ဆိုင်းရန် မာစတာစပေါ့ဖိနပ်စက်ရုံ လုပ်သားများက စက်ရုံရှေ့၌ တောင်းဆိုနေမှုကို ရုပ်သိမ်း
မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများ စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေ နှင့် အညီစောင့်ဆိုင်းရန် စက်ရုံရှေ့ တွင် တောင်းဆိုသည့်အစီအစဉ်ကို အလုပ်သမားများက ရုပ်သိမ်းခဲ့ ကြောင်း အလုပ်သမားများထံမှ သိရသည်။
အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်
ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတ သစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်း ဌာန က ရေးသားဖော်ပြသည်။
ဝန်ကြီးနှစ်ဦး ရက်ပေါင်း ၅၀ ခန့် တာဝန်ယူအပြီး လွှတ်တော်တွင် ကျမ်းသစ္စာဆို
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်တို့သည် ပြည်ထောင်စုဝန်ကြီး တာဝန်အသီးသီး ရယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် လွှတ်တော်၌ လာရောက် ကျမ်းသစ္စာ ဆိုခဲ့သည်။
အိမ်ဖြူတော်ကို ၀င်ရောက်ရန် ကြိုးစားသူ၏ကားထဲ ကျည်ဆန်အတောင့် ၈၀၀ တွေ့ရှိ
စက်တင်ဘာ ၁၉ ရက်နေ့ အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ပြီး သော့မပိတ် ထားတဲ့ အတွင်းဘက် ၀င်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသား ဟာ တပ်ကြပ်ကြီးဟောင်း တယောက် ဖြစ်ပြီး သူ့ကားထဲမှာ ကျည်ဆန် အတောင့် ၈၀၀ ရှိနေတယ်လို့ ပြည်ထောင်စု တရားရုံး ရှေ့နေတွေ က ပြော ပါတယ်။
ဝန်ကြီးနာမည်များ အသုံးပြုပြီး ဖုန်းဖြင့် ငွေ ၂၂သိန်း လိမ်လည် ရယူသွားသူများအား အမှုဖွင့်တိုင်ကြား
နိုင်ငံ တော် သမ္မတကြီးမှ ပေးအပ်သည့် ထောက်ပံ့ငွေ သုံးဆုအနက် တတိယဆု သိန်း ၂၁ဝဝ ရရှိပြီး ယင်းငွေများ အမြန်ထုတ်ယူနိုင်ရေးအတွက် အခွန်ဆောင်ခ အဖြစ် ၂၂ သိန်းကို ဘဏ်သို့ လွှဲပြောင်း ပို့ရန် ညွှန်ကြားသဖြင့် လွှဲပြောင်းပေးပို့ သည့် ၂၂ သိန်းကို လိမ်လည်ရယူသွားသူ ဝန်ကြီးအမည်ခံ သုံးဦး အား အရေးယူ ပေးပါရန် စက်တင်ဘာ ၁၈ ရက် က မမိုးမိုးမှ တရားလိုပြု တိုင်တန်း မှုတစ်ခုဖြစ်ပွား ရာ တောင်တွင်းကြီး မြို့မရဲစခန်းမှ (ပ)၂၃ဝ/၂ဝ၁၄ ပြစ် မှုကြီးဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီအမျိုးသမီးအချို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။
ကန်ဒေါ်လာ ဝယ်လိုအားများမှု၊ ရွှေဈေးကျမှုကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း ရက်ပိုင်းအတွင်း ခုန်တက်
ကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံတကာတွင် ကန်ဒေါ်လာ ဝယ်လိုအားမြင့်တက်မှုနှင့် ရွှေဈေးကျဆင်း မှုကြောင့် နိုင်ငံခြားငွေ လဲနှုန်း သည် ရက်ပိုင်းအတွင်း ၁၀ ကျပ်ကျော် ခုန်တက် ခဲ့သည်ဟု တရားဝင်ငွေလဲကောင်တာများနှင့် ပြင်ပငွေဈေး ကွက် အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄,၀၀၀ ကျော် ဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံကျော်အထိ ရှိလာ
မိုဘိုင်းအဖွဲ့မှ စစ်ဆေးနေပြီဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(မိုဘိုင်းအဖွဲ့)က တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီး စစ် ဆေးလျက်ရှိရာ စတင်ဖွဲ့စည်းသည့်နေ့မှ စက်တင်ဘာ ၁၈ ရက်အထိ အမှုတွဲပေါင်း ၄,၀၀၀ ကျော် (၄,၂၇၉) မှုနှင့် ဖမ်းဆီးရရှိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၆၈၈ ဘီလီယံရရှိပြီဖြစ်သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော
အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံ သားများ သြစတြေးလျသို့ ပြန်လာမည်ဆိုပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူသတ်မှု၊ လက်နက်ကိုင်ရမ်းကားမှုများကို ထိရောက်စွာနှိမ်နင်းရန် ရန်ကုန်အစိုးရ ကို တောင်းဆို
ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုနှင့် လက်နက်ကိုင် ရမ်းကားမှုတို့ကို တိုင်းအစိုးရက ထိရောက်စွာ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်တွင်းစစ်ကို ထင်ဟပ်စေဖို့ အနက်ရောင် ထိုင်မသိမ်းနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်း
နယ်သာလန်နိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲ၌ မြန်မာပြည်တွင်း တွင်ဖြစ်ပွားနေ သော စစ်ပွဲများကို ထင်ဟပ်စေလိုသဖြင့် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ဖျော်ဖြေ ခဲ့ကြောင်း ဖြူဖြူ ကျော်သိန်းက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားထားသည်။
ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား
ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန် တိုက်ခိုက် မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
မြန်မာ့အရေး ကုလမှာ ဒီတပတ် ဆွေးနွေးမည်
ဒီကနေ့ စတင်ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းေ ဆာင်တွေ နယူးယောက်မြို့ကို ဆိုက်ရောက်နေကြပါပြီ။ ဒီအထွေထွေညီလာခံကြီး ကျင်းပနေချိန်မှာပဲ ကုလသမဂ္ဂနဲ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အကဲစမ်းမှုတွေကို ဒီညီလာခံရဲ့ဘေး ပန်းမှာ ဆွေးနွေးဖို့ ရှိရာမှာ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
အိမ်ဖြူတော်ဝင်းထဲ ကျူးကျော်သူရဲ့ယာဉ်ပေါ် လက်နက်နဲ့ကျည်ဆံတွေမိ
ပြီးခဲ့တဲ့ သောကြာညပိုင်းတုန်းက အမေရိကန်သမ္မတအိမ်ဖြူတော် ခြံဝင်းကို ကျော်ဝင်ခဲ့သူရဲ့ကားအတွင်းမှာ ကျည်ဆံတွေ၊ ဓါးတွေ တွေ့ရတယ်လို့ ၀ါရှင်တန်ဒီစီက ဖယ်ဒရယ်အစိုးရရှေ့နေက ပြောပါတယ်။ သူဟာ ဓါးငယ်တလက်ကိုင်ပြီး သောကြာနေ့တုန်းက သမ္မတအိမ်ဖြူတော်ခြံဝင်းကို ကျော်ဝင်ပြီး အိမ်ဖြူတော် အဆောက် အဦးထဲ ၀င်ရောက်ဖို့ ကြိုးစားရင်း အ၀င်ဝမှာ ဖမ်းဆီးခံခဲ့ရတာပါ။
မန္တလေးတွင် အိမ်ပိုင်ဆိုင်မှုအခြေအနေ စစ်တမ်းကောက်ယူမည်
မန္တလေးမြို့လယ်တစ်နေရာ(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတော်အဆင့် အိမ် ရာစီမံကိန်းများအတွက် မန္တလေး မြို့တွင် နေထိုင်သူ များ၏ အိမ်ပိုင် ဆိုင်မှုအခြေ အနေစစ်တမ်းများ ကို အောက်တိုဘာလမတိုင် မီ ကောက် ခံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာများအကြား ရန်သူ ဆန်သည့် ဆက်ဆံရေးရှိနေမှု မှန်၊ မမှန် လွှတ်တော်ကိုယ်စားလှယ် က မေးခွန်းထုတ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာများအကြား ရန်သူ ဆန်သည့် ဆက်ဆံရေးမျိုး ရှိနေမှုမှာ မှန်၊ မမှန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က မေးခွန်း ထုတ်ခဲ့သည်။
အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေနှစ်ခုဆွတ်ခူး
မြန်မာနိုင်ငံအတွက် အာရှရွှေတံဆိပ်ရယူပေးခဲ့သော အမျိုးသားပိုက်ကျော်ခြင်းအဖွဲ့(ဓာတ်ပုံ - အေအက်ဖ်ပီ)
တောင်ကိုရီးယား နိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက် အင်ချွန်း အာရှအားကစားပြိုင်ပွဲ တွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ်နှစ် ခုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။
မင်းမဲ့စရိုက်ဆန်ဆန် မှုခင်းများ ထိရောက်စွာနှိမ်နင်းရန် အဖြေရှာမည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပေါ်နေသော မင်းမဲ့စ ရိုက်ဆန်ဆန်လူသတ်မှု၊ အုပ်စု ဖွဲ့တိုက်ခိုက်မှု များအား တိုင်း ဒေသကြီးအစိုးရအနေဖြင့် ပိုမိုထိ ရောက်စွာ နှိမ်နင်းဆောင်ရွက် ရန်တိုင်းဒေသကြီး လွှတ်တော် တွင် ယနေ့ ဆွေးနွေးသွားမည် ဖြစ်သည်။
နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး
စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ အပါအ၀င် နာမည်ကျော်အနုပညာရှင်များ၏ မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ်သည့် ဖြူစင်နှင့် မငယ်တို့သည် စက်တင်ဘာလ ၂၂ ရက် ညနေက ငွေဆောင်ကမ်းခြေတွင် ရေကစားရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကို ပစ်မှတ်ထားသည့် အယ်လ်ကိုင်ဒါအစီအစဉ် အောင်မြင်နိုင်ရဲ့လား
အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟီရီ (ဓာတ်ပုံ - အီးပီအေ)
အိုင်အက်စ်အိုင်အက်စ် ဟု အတိုကောက်ခေါ် ကြ သည့် အစ္စလာမ် မစ်ကိုယ်ပိုင်နိုင်ငံအဖွဲ့သည် လ အနည်းငယ် အချိန်တိုအတွင်း ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို ထူထောင်သည်။ ထို့နောက်ဆိုရှယ် မီဒီယာ စာမျက်နှာတွေကနေ စည်း ရုံးရေးဆင်းကာ ဥရောပနှင့် အနောက်အာဖရိကမှ လူငယ် နိုင်ငံခြားသား တိုက်ခိုက် သူများ ဈေးကွက်ကို တစ်ဦးတည်းအပိုင်စီးရယူလာနေပါသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ခွင့်ပြုရန် တိုင်းအစိုးရ လွှတ်တော်သို့ အဆိုတင်
ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် ဝေဖန် မှုများစွာ ကြုံတွေ့နေသော ရန်ကုန်မြို့သစ် စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော်မှ ခွင့် ပြုပေးနိုင်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့က လွှတ်တော်သို့ အဆို တစ်ရပ်ကို စက်တင်ဘာ ၂၂ ရက် တွင် တင်သွင်းလိုက်သည်။
ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီး များ အား တွေ့ဆုံအမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက် အရာရှိများကို ထပ်မံတက်ရောက် ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။
ဗွီဒီယိုဇာတ်ကားများ ပြန်လည်စစ်ဆေးတော့မည်
ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေး တော့မယ်လို့ သိရပါတယ်။
သမ္မတနှင့်ဌာန ဂုဏ်သိသမ္မတနှင့်ဌာန ဂုဏ်သိက္ခာကာကွယ်ရန် ဂျာနယ် နှစ်စောင် ကို တရားစွဲမည်ဟုဆိုက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆို
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
ပြည်တွင်းထုတ်မြန်မာ
သံတော်ဆင့်ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊
စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့် ပတ်သက်၍ ရေးသားမှုများကို
စာနယ်ဇင်းကောင်စီသို့ တိုင်ကြား ထားရာညှိ
နှိုင်းဖြေရှင်းမှုမအောင်မြင်သည့်အတွက် သမ္မတနှင့်ဌာန၏ ဂုဏ်သိ
က္ခာကာကွယ်ရန်တရားဥပဒေအရ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးရဲထွဋ်ကပြောကြားသည်။
ဓာတ်ငွေ့ဈေးတိုး၍ ကားခဈေးတက်မည့်အရေး ပြည်သူများပူပန်
ရန်ကုန်ရှိ ပြည်သူအများစုသည် သွားလာရေးအတွက် ခရီးသည်တင် ဘတ်စ်ကားများကို အားကိုးနေရသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံတော်အစိုးရက စီအင်န်ဂျီဈေး နှုန်းများကို နှစ်ဆခန့်တိုးမြှင့်လိုက် ခြင်းကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခတက်လာမည်ကို အခြေခံလူတန်းစားများ စိုးရိမ်ပူပန် နေကြသည်။
မယ်ဆိုင်တွင် ကျင်းပမည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ၌ ဟံသာဝတီအသင်း ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်
မြန်မာနေရှင်နယ်လိဂ် -၂ ချန်ပီယံဟံသာဝတီယူနိုက် တက်အသင်းမှာ စက်တင်ဘာလ ကုန်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ၌ ကျင်းပမည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ပြည်တွင်းကစားသမား များဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ကားများအတွက် ဆိပ်ကမ်းအရောက်တန်ဖိုး အောက်တိုဘာတွင် ထုတ်ပြန်မည်
ဆိပ်ကမ်းရောက်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဆိပ်ကမ်းအရောက် ကားတန်ဖိုး(CIF) နှုန်းထားအသစ် များကို အောက်တိုဘာလတွင် ထုတ်ပြန်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ပြောကြား သည်။
လုံခြုံရေးအဆင့်မြှင့်ထားသည့် ကျပ်၅,၀၀၀ တန် ထွက်မည်ကြေညာပြီးနောက် ရွှေဝယ်လိုအား သုံးဆခန့်တက်
အတုအပမပြုလုပ်နိုင်ရန် လုံခြုံရေးအဆင့်မြှင့်ထားသော ကျပ်ငါးထောင်တန်ငွေစက္ကူသစ်များကို အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်မည်ဟု ကြေညာပြီးနောက် ပြည်တွင်း၌ ရွှေအရောင်း အ၀ယ်သုံးဆခန့် မြင့်တက်လာကာ အမေရိကန် ဒေါ်လာဈေးနှုန်းများလည်း မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
Subscribe to:
Posts (Atom)