ကမ္ဘာ့ အကြီးဆုံး ဖြစ်လာမည့် ဟိုတယ်ကြီးကို ဆော်ဒီ အာရေဗျနိုင်ငံတွင် စတင် တည်ဆောက် တော့ မည် ဖြစ်ပြီး အခန်းပေါင်း တစ်သောင်း ပါဝင်မည်ဟု သိရသည်။ အဘရက်ဂ်ျကူဒိုင် ဟိုတယ်ဟု နာမည်ပေး ထားပြီး ဒေါ်လာ သန်း (၃၅၀၀) ကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်သည်။ ဆော်ဒီသို့နှစ်စဉ် ဟက်ဂ်ျ ဘုရားဖူး ခရီးသည် နှစ်သန်း လာရောက်လျက်ရှိ သော မက္ကာနှင့် နှစ်ကီလိုမီတာသာ ဝေးသောနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ ၂၀၁၇ တွင် ဖွင့်လှစ်မည်ဟု သိရသည်။
Saturday, 23 May 2015
ကမ္ဘာ့ အကြီးဆုံး ဟိုတယ် ဆော်ဒီတွင် တည်ဆောက်မည်
ကမ္ဘာ့ အကြီးဆုံး ဖြစ်လာမည့် ဟိုတယ်ကြီးကို ဆော်ဒီ အာရေဗျနိုင်ငံတွင် စတင် တည်ဆောက် တော့ မည် ဖြစ်ပြီး အခန်းပေါင်း တစ်သောင်း ပါဝင်မည်ဟု သိရသည်။ အဘရက်ဂ်ျကူဒိုင် ဟိုတယ်ဟု နာမည်ပေး ထားပြီး ဒေါ်လာ သန်း (၃၅၀၀) ကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်သည်။ ဆော်ဒီသို့နှစ်စဉ် ဟက်ဂ်ျ ဘုရားဖူး ခရီးသည် နှစ်သန်း လာရောက်လျက်ရှိ သော မက္ကာနှင့် နှစ်ကီလိုမီတာသာ ဝေးသောနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ ၂၀၁၇ တွင် ဖွင့်လှစ်မည်ဟု သိရသည်။
ကမ္ဘာ့ နိုင်ငံ (၃၀) လောက် ကျန်းမာရေး စောင့်ရှောက်မှု စနစ် စိုးရိမ်စရာ အားနည်းနေ
ကမ္ဘာ့နိုင်ငံ (၃၀) လောက်နီးပါးသည် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆိုးဆိုးဝါးဝါး အားနည်းလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတိပေး ပြောကြား လိုက်သည်။ ထိုသို့ အားနည်းခဲ့ မှုကြောင့်လည်း ဂီနီ၊ လိုင်ဘေးရီး ယား၊ ဆီရာရာလီယွန် တို့ကဲ့သို့ နိုင်ငံ များသည် အီဘိုလာ ဒုက္ခပေးခြင်း ကို ခံခဲ့ ရသည်။
ကန်ထရိုက်တိုက်များ သတ်မှတ်ကာလအတွင်း မဆောက်နိုင်ပါက မြေပိုင်ရှင်များ တိုင်ကြားနိုင်ဟုဆို
ကန်ထရိုက်တိုက်များကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သတ်မှတ် ကာလအတွင်း ဆက်လက် မဆောက် လုပ်ဘဲ ရပ်နားထားသည်ကို မြေပိုင်ရှင်က ဌာနသို့ တိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
ရန်ကုန်မြို့တော်တွင် အငှားယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းမိ
ရန်ကုန်မြို့တော် အလုံမြို့နယ်တွင် မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်းက လမ်းလျှောက် သွား လာနေသော လူငယ် သုံးဦးထံမှ ငွေသား၊ လက်ကိုင်ဖုန်း အခြား တန်ဖိုးကြီးပစ္စည်းများ အငှား ယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်ခဲ့သူများကို လုယက်မှုဖြစ်ပွားပြီး ၂၂နာရီအကြာတွင် ဖမ်းဆီးခဲ့ကြောင်း အလုံမြို့မရဲစခန်း မှူး ဒုရဲမှူးတင်လှက ပြောကြားသည်။
မက္ကစီကိုတွင် ဒုစရိုက်ဂိုဏ်းတစ်ခုနှင့် ရဲများ တိုက်ပွဲဖြစ်ပွားပြီး လူ ၄၀ ကျော်သေဆုံး
မက္ကစီကိုတွင် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် လုံခြုံရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်တွင် အငှားယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းမိ
ရန်ကုန်မြို့တော် အလုံမြို့နယ်တွင် မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်းက လမ်းလျှောက် သွားလာနေ သော လူငယ်သုံးဦးထံမှ ငွေသား၊ လက်ကိုင်ဖုန်း အခြား တန်ဖိုးကြီးပစ္စည်းများ အငှား ယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်ခဲ့သူများကို လုယက်မှုဖြစ်ပွားပြီး ၂၂နာရီအကြာတွင် ဖမ်းဆီးခဲ့ကြောင်း အလုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင်လှက ပြောကြားသည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေး ဆက်ကူညီမည်ဟု အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ပြော
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများအပေါ် ဆက်လက် အားပေးကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်က ပြောဆိုလိုက်သည်။
CNG ကုဗပေတစ်သန်း ရန်ကုန်တိုင်းတွင် ထပ်တိုးဖြန့်မည်
ပြည်တွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် အငှားယာဉ်အချို့ မောင်းနှင်ရာတွင် အသုံးပြုလျက်ရှိသော CNG (မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့) ကို ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ရက်လျှင် ကုဗပေ တစ်သန်းခန့် ထပ်တိုးဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
လုပ်ခတိုးရေး အလုပ်သမားသပိတ်နှင့် အရောင်းကျမှုကြောင့် အမေရိကန် McDonald's ကော်ပိုရေးရှင်း ဖိအားဝင်
အမေရိကန် အမြန်စာ fast food ကော်ပိုရေးရှင်း McDonald's သည် လုပ်ခတိုးမြှင့်ရေး အလုပ်သမားများ သပိတ်မှောက်မှုနှင့် အရောင်းကျဆင်းမှုကြောင့် ရှယ်ယာရှင်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရလျက် ရှိကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။ ရာပေါင်းများစွာသော ဆိုင်များ၏ အလုပ် သမားများနှင့် ထောက်ခံသူများသည် McDonald's ရုံးချုပ်ရှေ့တွင် တစ်နာရီလျှင် အနည်းဆုံး လုပ်ခလစာ ၁၅ ဒေါ်လာရရှိရေး တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဒေါ်လာသန်း ၁၇၀ ကုန်ကျမည့် ရန်ကုန်-ဒလ တံတားအတွက် ကိုရီးယားမှ ၁၃၉ သန်းခန့် ချေးမည်
မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအဖြစ် ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်မည့် ရန်ကုန်-ဒလ တံတားအတွက် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) မှ အမေရိကန်ဒေါ်လာ သန်း ၁၃၇ ဒသမ ၈၃၃ ချေးယူခွင့်ရရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်လွင်က ယနေ့ (မေ၂၂)ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့ သည်။
မလေးရှားသို့ သွားရန် မဖြစ်တော့၍ နေရပ် ပြန်ပို့မည်ဟု ဆိုကာ ဘင်္ဂလီများကို မောင်တောအနီးတွင် ချထားခဲ့ဟုဆို
မလေးရှားနိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂလီများတင်ဆောင်သည့် သင်္ဘောသည် မလေးရှားသို့ သွားရောက်ရန် မဖြစ်တော့သည့် အတွက် နေရပ်သို့ပြန်ပို့မည် ဆိုကာ မောင်တောဒေသ အနီးတစ်ဝိုက်တွင် ချထားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူးဦးခင်စိုးက မဇ္ဈိမကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ လိုက်ပါလာသည့် စက်လှေဖမ်းမိ၍ နိုင်ငံတကာ စွပ်စွဲချက်များကို ဖြေရှင်းရန် အထောက်အကူပြုဟုဆို
မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေး ရွာအနောက်ဘက် ရေမိုင် လေးမိုင်ခန့်အကွာရှိ မြန်မာ့ ပင် လယ်ပြင်ရေပိုင်နက်အတွင်း တပ်မတော်(ရေ)က မေလ ၂၁ ရက်ညနေတွင် ဖမ်းဆီးရမိပြီးနော က် တွေ့ရစဉ် (ဓာတ်ပုံ − MOI/EPA)
မြန်မာ့ပင်လယ်ရေပြင် ပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာကျော်လိုက်ပါ လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းမိခဲ့ပြီး ယင်းဖြစ်စဉ်မှာ လှေစီးဒုက္ခသည် များနှင့်ပတ်သက်၍ နိုင်ငံတကာ မှ စွပ်စွဲမှုများကိုဖြေရှင်းရန် အ ထောက်အကူပြုသည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က 7Day Daily အား ပြောသည်။
မြန်မာ့ပင်လယ်ရေပြင် ပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာကျော်လိုက်ပါ လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းမိခဲ့ပြီး ယင်းဖြစ်စဉ်မှာ လှေစီးဒုက္ခသည် များနှင့်ပတ်သက်၍ နိုင်ငံတကာ မှ စွပ်စွဲမှုများကိုဖြေရှင်းရန် အ ထောက်အကူပြုသည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က 7Day Daily အား ပြောသည်။
Subscribe to:
Posts (Atom)