တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ခန့်ထားခြင်းအပေါ် ဆရာဝန်လောက အတွင်း ဝေဖန် ပြောဆိုမှုများ မြင့်တက်နေ ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရှစ်ဦးအား ကျန်းမာရေးဝန် ကြီးဌာနရှိ ကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန် ဇူလိုင် ၂၈ နှင့် ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးဝန် ကြီးဌာန၊ ကုသရေးဦးစီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခန့်အပ်ခဲ့သည်။ ထိုသို့ခန့်ထားမှုအပေါ် ယခုရက်ပိုင်းအတွင်း ဝေဖန်မှု များ မြင့်တက်လာခြင်းဖြစ်သည်။
‘‘ဗိုလ်မှူးအဆင့်တို့၊ ဗိုလ်ကြီးအဆင့်တို့လောက်ဆို ဒီဘက်ပြောင်းလာရင် လက်ထောက်ညွှန်မှူးတို့၊ ဦးစီး အရာရှိတို့၊ အဲ့ဒီလိုမျိုးတွေ ခန့်လိုက်တော့ ရှိနေတဲ့ဆရာဝန်တွေက အများကြီးနစ်နာတာပေါ့။ ဘာလို့ဆို သူတို့မှာ ဒီလိုရာထူးရဖို့အတွက်ကို နှစ်ချီပြီးတော့ ဖြတ်သန်းရတာ။ ကျွန်တော်တောင် ၃၆ နှစ်လောက် လုပ် သက်ရမှ တိုင်းအဆင့်နဲ့ ပင်စင်ယူခဲ့ရတာ။ ဒါမျိုးက မဖြစ်သင့်ပါ ဘူး’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး တစ်ဦးက ဝေဖန်သည်။