Tuesday, 30 October 2012
မျက်လုံးထဲ တက်တူးထိုးခြင်း
မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာ လို့ လေ့လာရ ပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက်
ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁
ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့
ဖြစ်ပါတယ်။
မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာ လို့ လေ့လာရ ပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။
ကေအိုင်အိုနှင့် နိုင်ငံရေး အရ ဆက်လက်ဆွေးနွေးရန် သဘောတူ
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို
(ကချင်လွတ်လပ်ရေး အဖွဲ့)တို့ သည် ရွှေလီမြို့ တွင် ယနေ့ တွေ့ဆုံ
ဆွေးနွေးရာတွင် စစ်ပွဲ ရပ်တန့်ရေး ကို အပြီးသတ် ဆွေးနွေး နိုင်ခြင်း မရှိဘဲ
နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ သဘောတူညီခဲ့ပြီး ဆွေးနွေးပွဲပြီးဆုံး သွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့ မည်ဖြစ်ေ ကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ ခရစ်စတော့ ဘာဂနာ (Christoph Burgener) က ပြောသည်။ခရစ်စတော့ ဘာဂနာသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ ဆိုင်ရာသံ အမတ်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ရုံးထိုင်သည်။
ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန်
ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ
ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
မနန်းဝိုးဖန်၏ခင်ပွန်း အာမခံ ငြင်းပယ်ခံရ -
အမှုရင်ဆိုင်နေရသည့် မနန်းဝိုးဖန်၏ ခင်ပွန်းကို မနန်းဝိုးဖန်၏ ဖခင်က နှစ်သိမ့်နေစဉ်
|
တရားမ၀င်
အိမ်ခြံမြေ အရောင်းအ၀ယ်ဖြင့် တရားရုံးတင် ဖမ်းဆီးစစ်ဆေးခံနေရသော
မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr. Namase Motohikoသည်
စိတ်ကျရောဂါ၊ ဆီးချို၊ သွေးချိုရောဂါခံစားနေပြီး ကျန်းမာရေး
ချို့ယွင်းလာသောကြောင့် အာမခံ လျှောက်ထားသည်ကို တရားရုံးက
ငြင်းပယ်လိုက်ကြောင်း သတင်း ရရှိသည်။
KIO နှင့် ဆွေးနွေးချက်များ
"အစိုးရနဲ့
KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေမှာတော့ KIO ဒုတိယ
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက
အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဆွေးနွေးပွဲကို
မတက်ရောက်တဲ့ ကိစ္စက အရေးပါနေတဲ့ အခြေအနေ ရှိပါတယ်။ အစိုးရ ငြိမ်းချမ်းရေး
ကိုယ်စားလှယ်တွေ က ဗိုလ်ချုပ် ဂွမ်မော်သာ ပါလာမယ်ဆိုရင် တပ်ကိစ္စတွေကို
ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ် ဂွမ်မော် မလာလို့
ဗိုလ်ချုပ်ကြီး မြင့်စိုး မတက်တဲ့အတွက် တပ်ကိစ္စ ပြောဖို့ အခက်အခဲ
ရှိတယ်လို့ ဆိုပါ တယ်။
ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ
မိန်းကလေးများ
တန်းတူပညာ သင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေး အယူ အဆကို
လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ
မိန်း ကလေး တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ်
လုပ်ကြံ တိုက်ခိုက်ခဲ့ မှုကြောင့် ကမ္ဘာ့ နေရာ အနှံ့က ဝေဖန် ရှုတ်ချမှုများ
များပြားနေစဉ် ပညာသင်ခွင့်တက်ကြွ လှုပ်ရှားသည့် အဆို ပါ တောင်ကြားသူ နောက်ထပ်
မိန်းကလေးတစ်ဦးကို တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ
ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ဆွေးနွေးနေ
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ခဲ့ပြီး KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ ပါသည်။ ဆွေးနွေးပွဲသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး မြင့်စိုး တက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIO/KIA အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိပေ။
Subscribe to:
Posts (Atom)