Saturday, 11 August 2012
ရန်ကင်းစင်တာအနီး ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွား
ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်က ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းထောင့် ရန်ကင်းစင်တာအနီး ဆရာစံလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသော ကင်တာယာဉ်အမျိုးအစား ယာဉ်အမှတ် (၈စ/........) ယာဉ်သည် ရန်ကင်းစင်တာအနီးသို့ အရောက် ၄င်းရှေ့ရှိ ယာဉ်အား ကျော်တက်စဉ် ရန်ကင်းလမ်းမှ ဆရာစံလမ်းအတိုင်း မောင်းနှင်လာသော မထသ (၂၅၅) ယာဉ်လိုင်းမှအမှတ် (ည/
ထိုယာဉ်တိုက်မှုကြောင့် ကင်တာယာဉ်မှာ ယာဉ်ခေါင်းခန်း ပျက်စီးသွားပြီး ကားခေါင်းခန်းအတွင်း လိုက်ပါလာသော ယာဉ်မောင်းဖြစ်သူမှအပ ကျန်ဝန်ထမ်းများဖြစ်သော ကိုဝင်းထွဋ်ဝင်း (၁၈) နှစ် ကိုအောင်စိုး (၂၄)၊ ကိုကျော်မင်းသူ (၁၉) နှစ်တို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ၄င်းတို့အနက် ကျော်မင်းသူမှာ ကားဒတ်ဘွတ်နှင့် ညက်နေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယင်းအား ကားအတွင်းမှ မိနစ် ၂၀ ခန့်ထုတ်ယူခဲ့ရကြောင်း သိရသည်။ ထိုယာဉ်တိုက်မှုနှင့်ပတ်သက်၍ ရန်ကင်းရဲစခန်းမှ ပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ref:popular
“ရွှေကျင် ဆရာတော်ဘုရားကြီး၏ သိကောဝါဒစကားပုံ မှ ..”
ဘရာဇီးကို အနိုင်ယူပြီး အိုလံပစ်ချန်ပီယံ ဖြစ်ခဲ့သည့် မက္ကဆီကို # ဘရာဇီး ၁-၂ မက္ကဆီကို
အိုလံပစ် ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ၏ ဗိုလ်လုပွဲ အဖြစ် ဂျပန် အား အနိုင်ရယူခဲ့သည့် မက္ကဆီကို နှင့် ကိုးရီးယားအား ကျော်ဖြတ် လာခဲ့သည့် ဘရာဇီး အသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင် ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ ဝင်ဘလေ ကွင်းတွင် ကစားသွား ခဲ့သော ဗိုလ်လုပွဲတွင် မက္ကဆီကို သည် တိုက်စစ်မှုး ပါရယ်လ်တာ ၏ ဂိုးနှစ်ဂိုးနှင့် အတူ ဘရာဇီးအား ၂-၁ ဖြင့် အနိုင်ရယူ ခဲ့ကာ ချန်ပီယံ ဖြစ်ခဲ့သည်။ ယခု ပွဲစဉ်၌ မက္ကဆီကို အသင်းသည် အဓိက ကစားသမား ဒေါ့ဆန်းတို့စ် ဒဏ်ရာ ရရှိနေသောကြောင့် ၄-၅-၁ ကစားကွက်ကို ပုံဖော် ခဲ့ပြီး ပါရယ်လ်တာ ကို အထောင် ထားခဲ့ပြီး အင်းနရစ်၊ အကီနို၊ ဖေဘီယံ တို့ဖြင့် ကွင်းလယ်မှ ဝန်းရံ တိုက်စစ် ဆင်စေ ခဲ့သည်။ ဘရာဇီး အသင်းတွင်တော့ တိုက်စစ်မှုး နေးမာ၊ ဒါမီရို အစရှိသူတို့ ပါဝင် ခဲ့ပြီး ၎င်းတို့ ပွဲစဉ်တစ်လျှောက် အသုံးပြုခဲ့သော လူစာရင်း ဖြင့်သာ ပွဲထွက် ခဲ့ပြီး ၄-၂-၂-၂ ကစားကွက် ကို အခြေခံ ပုံဖော် ခဲ့သည်။
တနင်္လာနေ့မှာစပြီး AGD ညောင်ရွှေ ဘဏ်ခွဲတွင် နိုင်ငံခြားငွေ လဲလှယ်နိုင်မည်
၁၃-၈-၂၀၁၂ ရက်နေ့ (တနင်္လာနေ့)မှ စတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ၏ ညောင်ရွှေဘဏ်ခွဲ တွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အလုပ်အမှုဆောင် ဖွဲ့ စည်းပြီး
ဥက္ကဌ - မောင်ဝံသ
ဒု ဥက္ကဌ ( ၁ ) - ဦးကိုကို
ဒု ဥက္ကဌ ( ၂ ) - ဦးသီဟစော
ဒု ဥက္ကဌ ( ၃ ) - ဦးဝင်းငြိမ်း
အတွင်းရေးမှူး - ဦးဖိုးနိုင်လင်း
တွဲဖက်အတွင်းရေးမှူး ( ၁ ) - ဒေါက်တာမျိုးမင်းထိုက်
တွဲဖက်အတွင်းရေးမှူး ( ၂ ) - ကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး ( ၃ ) - မေသင်္ကြန်ဟိန်
ဘဏ္ဍာရေးမှူး - ဒေါ်ဆင့်ဆင့်အောင်
စာရင်းစစ်မှူး - ဦးအောင်သူမြိုင်
ပြန်ကြားရေးမှူး - ဦးမြတ်ခိုင်
နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း
အတွင်းရေးမှူး - ဦးဖိုးနိုင်လင်း
တွဲဖက်အတွင်းရေးမှူး ( ၁ ) - ဒေါက်တာမျိုးမင်းထိုက်
တွဲဖက်အတွင်းရေးမှူး ( ၂ ) - ကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး ( ၃ ) - မေသင်္ကြန်ဟိန်
ဘဏ္ဍာရေးမှူး - ဒေါ်ဆင့်ဆင့်အောင်
စာရင်းစစ်မှူး - ဦးအောင်သူမြိုင်
ပြန်ကြားရေးမှူး - ဦးမြတ်ခိုင်
နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း
နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။
လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပို င်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မောင်တောမြို့တွင် (၈.၄၆)လက်မ၊ ကျောက်ဖြူမြို့တွင် (၅.၀၇)လက်မ၊ မော်လမြိုင်မြို့တွင် (၅.၀၃)လက်မ၊ ကော့ကရိတ်မြို့တွင် (၄.၂၅)လက်မ၊ ကျိုက်မရောမြို့တွင် (၄.၀၁)လက်မ၊ ကြို့ပင်ကောက်မြို့တွင် (၃.၆၆)လက်မနှင့် ပေါင်မြို့တွင် (၃.၆၂)လက်မတို့ ဖြစ်ကြပါသည်။
လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပို
ရင်းနှီးမြှုနှံမှု ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ပြည်မကြီးနှင့် ထိုင်ဝမ် လက်မှတ် ရေးထိုး
တရုတ်ပြည်မကြီးကို လိုလားသော ထိုင်ဝမ် သမ္မတ မာရင်ဂျိုး လက်ထက်တွင် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို မြှင့်တင်သည့် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ် နှစ်နိုင်ငံတို့ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပန်းချီပန်းပုဆရာများက ၈၅သိန်းကျော်ဖိုးရှိ ပစ္စည်းများလှူဒါန်း
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေရရှိရန် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်း အရုံး(ဗဟို)မှ ကြီးမှူ်း၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပန်းချီ ပန်းပုပညာရှင်များအား စုစည်းပြီး (၁၃.၇.၂၀၁၂)မှ (၂၁.၇.၂၀၁၂) နေ့အထိ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေးအရှေ့ဘက်တန်း ရှိ အစည်းအရုံး(ဗဟို) ပြခန်း တွင် ကျင်းပခဲ့ရာ ပန်းချီကား (၅၅)ကား နှင့် ပန်းပုရုပ် (၁၃)ရုပ်ကို ၈၅၆၉၉၅၀ ကျပ်ဖြင့် ရောင်းချခဲ့ ရသည်။
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (အဆုံး)
သဲအိတ်များကို ရေတိုက်စားခြင်း လှိုင်းပုတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ရလေအောင် ရေတိုးရာ ရေဦးတိုက် နေရာများတွင် အောက်ဖော်ပြပါ ပုံကဲ့သို့ သေသေချာချာ ကာကွယ်နိုင်သော အကာအရံများ ထပ်မံဖြည့်သွင်း တည်ဆောက် ထားသင့်ပါသေးသည်။ ထိုသို့ တည်ဆောက်ရာတွင် ခိုင်ခံသော သစ်သားများကို အသုံးပြုပြီး အခြေကိုလဲ ရေတိုက်စားခြင်း မရှိရလေအောင် သေသေချာချာ စီမံပြုလုပ် အသုံးပြုသင့်ပါသည်။
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃)
တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေတိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။
ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ
ယူကေနိုင်ငံ University of Portsmouth မှ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လွန် ဒီပလိုမာ သင်တန်း မုံရွာတွင် ဖွင့်မည်
ယူကေနိုင်ငံ University of Portsmouth မှ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လွန် ဒီပလိုမာ၊ ဘွဲ့သင်တန်းနှင့် အသိအမှတ်ပြုလက်မှတ်(Certificate ) များကို မြုံရွာမြို့တွင်ပင် တက်ရောက်သင်ကြားနိုင်မည့် နိုင်ငံတကာ အသိအမှတ်ပြု e-learning center တစ်ခုကို မကြာမီ ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာန အသီးသီး၏ website စာရင်းများ
၁။ စီးပွား ကူးသန်း
၂။ Myanmar Trade
၃။ စက်မှု (၁)
၎။ စက်မှု (၂)
၅။ သာသနာရေး
၆။ သိပ္ပံနှင့်နည်းပညာ
၇။ နိုင်ငံခြားရေး
၈။ ဆက်၊စာ၊ကြေး
၉။ Domestic Express Mail Service
၁၀။ ပို့ဆောင်ရေး
၁၁။ ပြည်တွင်းရေကြောင်း
၁၂။ မိုးလေ၀သ နှင့် ဇလဗေဒ
၁၃။ ဆောက်လုပ်ရေး
၁၄။ အလုပ်သမား
၁၅။ စွမ်းအင်
၁၆။ သစ်တော
၂။ Myanmar Trade
၃။ စက်မှု (၁)
၎။ စက်မှု (၂)
၅။ သာသနာရေး
၆။ သိပ္ပံနှင့်နည်းပညာ
၇။ နိုင်ငံခြားရေး
၈။ ဆက်၊စာ၊ကြေး
၉။ Domestic Express Mail Service
၁၀။ ပို့ဆောင်ရေး
၁၁။ ပြည်တွင်းရေကြောင်း
၁၂။ မိုးလေ၀သ နှင့် ဇလဗေဒ
၁၃။ ဆောက်လုပ်ရေး
၁၄။ အလုပ်သမား
၁၅။ စွမ်းအင်
၁၆။ သစ်တော
မြောင်းထဲရောက်နေသည့် မြန်မာအသင်းကို သူတို့ ဆွဲတင်ပေးနိုင်မလား
ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးစွာ ရှင်းလင်း လိုပါသည်။ ယခုခေါင်းစဉ်သည် ကြမ်းကောင်းကြမ်းမည်၊ ရိုင်းကောင်းလည်း ရိုင်းနေပေမည်။ သို့သော် မှန်သင့်သလောက်လည်း မှန်ပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစွမ်းနှင့် အဆင့်အတန်း၊ ရလဒ်များနှင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များက သက်သေတည် ပေလိ့မ်မည်။ ယခုခေါင်းစဉ်သည် မြန်မာ့ဘောလုံး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အားကြိုးမာန်တက် ကြိုးပမ်း အားထုတ်နေသူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကား ပုတ်ခတ်လို၍ မဟုတ်၊ နိမ့်ကျနေသည့် မြန်မာ့ဘောလုံး အဆင့်အတန်းအား ပြန်လည် ဆွဲတင်ပေးနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသည့် အချိန်တွင် အမှန်တကယ် ဆွဲတင် ပေးနိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်၊ ဆွဲတင် ပေးကြစေလိုသည့် ဆန္ဒ၊ ဆွဲတင် ပေးနိုင်ကြပါစေ ဆိုသည့် ဆုတောင်း အစရှိသည်တို့အား အခြေခံ၍ ဖြစ်ပေါ်လာသည့် ခေါင်းစဉ် တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။။
ကင်တားနား နေရာ အစားထိုးပေးရန် တောင်းဆို
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရခိုင်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် နှစ်နာရီလျော့
ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့ဖြစ်သော မောင်တော၊ဘူးသီးတောင်၊စစ်တွေ၊ကျောက်ဖြူ၊သံတွဲ နှင့် ရမ်းဗြဲမြို့များတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရာ ယခုလ ၉ ရက်နေ့က ယင်းအမိန့်အား နှစ်နာရီလျော့ချလိုက်သည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများ၏ ကြေငြာချက်အရသိရသည်။
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၂)
ရှေ့အပိုင်းက အဆက်ဖြစ်တဲ့ တာပုံစီနည်းမှာ သဲအိတ်တာရဲ့အခြေကို သဲအိတ်တာရဲ့ အမြင့်ရဲ့ နှစ်ဆနဲ့ စီတဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
ပုံ (၄) တာပုံစီနည်း (၂)
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၁)
ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။
ဒီလိုအချိန်မှာ အရင်တုန်းက NGO တစ်ခုမှာ လုပ်တုန်းက ရေကြီးရင် အရေးပေါ် သဲအိတ်တွေ နဲ့ကာကွယ်ရမယ့် နည်းစနစ်လေးတွေ ပြင်ဆင်ခဲ့ဖူးတာလေးကို ပြန်ပြီးတော့ သတိရမိတယ်။ အတိအကျ အရင်ကလုပ်ခဲ့တာမျိုး ပြင်ဆင်ပေးခဲ့တာမျိုးတော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အဆင်ပြေမယ့် ပုံစံလေးတွေနဲ့ ဘယ်လိုဘယ်ပုံဆိုတဲ့ နည်းလမ်းလေးတွေကို စနစ်တကျဖြစ်အောင် ပြန်ရေးပြချင်ပါတယ်။ တယောက်တလေလောက် ဖတ်မိလို့ သုံးဖြစ်မယ် အသုံးဝင်ခဲ့မယ်ဆိုရင် ရေးရကျိုးနပ်တယ်လို့ ခံယူပါတယ်။
ပြည်ပအဖွဲ့အစည်းများ ရခိုင်ပြည်နယ်တွင် ကူညီထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်ရန် ခက်ခဲနေ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုတွင် ထိခိုက် နစ်နာခဲ့သည့် ဒုက္ခသည်များအ တွက်ပြည်ပအဖွဲ့အ စည်းများထံမှ ကူညီထောက်ပံ့မှုများကို လက်ခံရန် ဒေသခံများ ကိုယ်တိုင်ငြင်းဆန် ထားသည်မှာ တစ်လတာခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
(No UN) (No INGO)INGO Get Out စသည့်စာတန်းများကို ယနေ့တိုင်ကပ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ ကင်တားနားနှင့်အဖွဲ့ လာရောက်လေ့လာသည့်နေ့က ဒုက္ခသည်စခန်းများတွင် ကပ်ထားသည့်ယင်းစာတန်းများကို အာဏာပိုင်တို့က ဖြုတ်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော် မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များတွင်မူ ကပ်ထားဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
ထူးကဲဒီရေ တက်မည့်အကြောင်း သတိပေးချက်ထုတ်ပြန်
၂ဝ၁၂ ခုနှစ် သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်ထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ် မျဉ်းအထက် အမြင့်ပေ(၂ဝ ဒသမ ၄) ပေခန့်မှ (၂၁ ဒသမ ၁)ပေခန့်အထိ ထူးကဲဒီရေ တက်ရောက် ဖွယ်ရှိကြောင်း၊ ယခင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ် မျဉ်းအထက် အမြင့်ပေ(၂၁ ဒသမ၇) ပေခန့် ထိတက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း၊ အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ(၂ဝ)ကျော်လွန် သဖြင့်သာ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ သတိပေးအကြောင်းကြားထားသည်။
Subscribe to:
Posts (Atom)