Friday, 22 May 2015

ပရိသတ်တွေကြား ခုန်ချပြီးပွဲခံတဲ့ Steve Aoki ပရိသတ်တစ်ယောက် ကို နာကျင်စေခဲ့တဲ့အတွက် တရားစွဲဆိုခံရ

တစ်ကယ်တော့ EDM ပညာရှင် Steve Aoki ဟာ ပရိသတ်တွေကြား ခုန်ချပြီးပွဲခံတဲ့ သူ့ရဲ့ Crowdsurfing တင်ဆက်မှုတွေကြောင့် အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ပါ။

KIA နဲ့ အစိုးရ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ အရေးပေါ်တွေ့

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အခုရက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကချင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ကြာသပတေးနေ့က အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အသားအရေနဲ့ ဆံသားကောင်းဖို့ ထောက်ကူပေးတဲ့ သရက်သီး

အခုချိန်က သရက်သီးတွေ စပေါ်ချိန်ဖြစ်တာမို့ အချိန်အခါနဲ့ ကိုက်ညီအောင် အလှအပစိတ်ဝင်စားတဲ့ ပျိုမေ တို့ အတွက် သရက်သီးရဲ့ ကောင်းကျိုးလေးတွေ မျှဝေ ပေးလိုက်ပါတယ်။

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား

ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများလိုက်ပါ လာသည် ဆိုသော ပင်လယ်ပြင်တွင် မျောပါ နေသည့်လှေကို အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းရိုးတန်း၌ မေလ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများ ပြုလုပ်မည်ဖြစ်သော်လည်း ယင်းလှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဖြစ်ကြောင်း ပြောကြားချက်ကို လက်မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက်သည်။

ရွှေ့ပြောင်းလှေစီးဒုက္ခသည်များအရေး သုံးနိုင်ငံ ဆွေးနွေးပွဲသို့ မြန်မာ တက်ရောက်မည်

ရွှေ့ပြောင်းဝင်ရောက် လာသူများနှင့် လှေစီးဒုက္ခသည် များအရေး ဆွေးနွေးရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဖိတ်ခေါ်ထားသည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ သို့ မြန်မာအစိုးရ တက်ရောက် ဆွေးနွေးမည်ဟု သတင်းရရှိ သည်။

ဖုန်းဘီလ်ခွန်ကို ယခုဘဏ္ဍာနှစ်တွင် ကင်းလွတ်ခွင့်ပြုရေး ယနေ့ဆွေးနွေးမည်

အခြေခံပြည်သူများအပါအ၀င် ပြည်သူ ၂၁ သန်းအသုံးပြုနေသော ဖုန်းများ ကို ဖုန်းဘီလ်ခွန်ကောက်ခံရန် အစီအစဉ်အား ပြင်းထန်စွာဝေဖန် နေကြ သည်။(ဓာတ်ပုံ - နစ်ကီ)
ဖုန်းဘီလ်ဖြည့် သွင်းရာတွင် အခွန် ၅ရာခိုင်နှုန်း ပေးဆောင်ရန် ဆောင်ရွက်ခြင်း သည်လတ်တလော အခြေအနေအရ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး ပြည်သူများကကန့်ကွက်နေသဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန်အစိုးရနှင့်လွှတ်တော်က အမြန်ဆုံးဆောင်ရွက်ပေးရန်  ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ် လိုက်သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်၍ စောင့်ကြည့်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော် တွင် မိုးတိမ်တောင်တိမ်တိုက်ကြီးမှတစ်ဆင့် မုန်တိုင်းတစ်လုံးဖြစ် လာနိုင် သောကြောင့် စောင့်ကြည့် အဆင့်သတ်မှတ်ထားကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ ကောင်စစ်လုပ်ငန်းများနှင့်အညီ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ပြီး ဟုတ်မှန်လျှင် ပြန်ခေါ်မည်ဟု ဒုသမ္မတပြော

တပ်မတော်ကမြန်မာ့ပိုင်နက်အတွင်း ကင်းလှည့်ခြင်း၊ ဒုက္ခသည်များအား ရှာဖွေကယ်ဆယ်ခြင်းများ ဆောင် ရွက်နေ။
မြန်မာနိုင်ငံမှလာရောက်သူအရေအတွက် အနည်းငယ်ပါနိုင်သော်လည်း အများစုမှာမြန်မာမှ မဟုတ် ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုဟု ဒုသမ္မတပြော။
မလေးနှင့် အင်ဒိုရောက် မြန်မာဟုပြောသူများကို နိုင်ငံတကာကောင်စစ်လုပ်ငန်းနှင့်အညီ ဟုတ်၊ မဟုတ် စိစစ်ပြီး ဟုတ်မှန်လျှင် စောင့်ရှောက်ခြင်း၊ ပြန်ခေါ်ခြင်းများ ပြုလုပ်မည်။

RCSS/SSA အဖွဲ့မှ ကျေးရွာနာရေးတစ်ခုတွင် ရွာသား ၆၅ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်

RCSS/SSA အဖွဲ့မှ မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ သို့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ဒေသခံရွာသား များထံမှ သိရသည်။