Wednesday, 27 August 2014
တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့
တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။
“ မီဒီယာသမား ဘာမှားနေသလဲ ”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ
ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အမေရိကန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။ အဲဒီ အထဲမှာ ယူနတီ
ဂျာနယ် သတင်းထောက်တွေကို ထောင်(၁၀) နှစ်စီ ချလိုက်တဲ့ ကိစ္စ အပါအ၀င်
ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အစိုးရရဲ့ သတင်းမီဒီယာ အပေါ် ဖိနှိပ်နေမှု
ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေ အပေါ်
ဘယ်လို ဖိနှိပ်နေတယ် ဆိုတာနဲ့ ပါတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ
ရေးကြ၊သားကြ ဖော်ပြကြတာမို့ သိပ် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒါပေမယ့်
မြန်မာ့သတင်းမီဒီယာ လောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။
မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင်
မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင်
ပြန်ဖော်ပြတာမျိုးကလည်း ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။ မီဒီယာ သမား ဘာတွေ
မှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး
စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက ပြန်လည်ဖြေကြားသည်။
ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်
ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့်
အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက်
အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
နှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး
ခရီးရောက်နေကြပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်
ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ
အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့်
ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု
ပိုမိုရရှိမှာ ဖြစ်ပါတယ်။
ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါတယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။
အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါ ပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည်ခွဲထွက်ခြင်း၊လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံးညီညွတ်မှုရှိမှသာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။နယ်မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေလိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ်ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက်လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။
Credit:ထွန်းနိုင်ဝင်း

ငြိမ်းချမ်းရေးရဖို့လို
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြော က်များစွာဖြင့်
ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည်
ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း
နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။ တကယ်တော့ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ
မလွယ်ပါဘူး။ မလွယ်ရတဲ့အကြောင်းအရင်းက တစ်ဖက်နဲ့တစ်ဖက်
သူသေကိုယ်သေတိုက်ခဲ့ကြတော့ နာကျည်းမှုဆိုတာတွေ ရှိနေလို့ပါ။
နာကျည်းမှုကိုအရင်းခံတဲ့ မယုံ သင်္ကာမှုတွေဖိစီးတာကြောင့် ဘယ်ဆွေးနွေးပွဲမဆို
သံသယဆိုတာ ရှိစမြဲပါပဲ။ ဒီသံသယတွေကြောင့် ဆွေးနွေးပွဲတိုင်းမှာ
အထစ်အငေါ့ဆိုတာတွေရှိနေပါတယ်။ ဒီ့ထက်ပိုပြီး ယခုအချိန်မှာ
နိုင်ငံရေးပါတီတွေနဲ့ MPC တို့ဆွေးနွေးနေကြတာဟာ တဘက်ကကြည့်ရင်တော့ ကောင်းပါ
တယ်၊ ကျန်တစ်ဖက်ကကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့  ဆွေးနွေးမှု မှာတောင် မပြီးပြတ်နိုင်တဲ့ ငြင်းခုံစရာတွေရှိခဲ့တာဆိုတော့ နိုင်ငံရေးပါတီများပါလာချိန်တွင်
အတ္တတွေဆန္ဒတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြာရှည်သွားရင်တော့
နိုင်ငံအတွက်မကောင်းပါ။ ဒါတွေကိုပါဝင်ဆွေးနွေးသူတွေက စေတနာနဲ့
ရိုးသားမှုရှိစွာဆွေးနွေးကြပြီး ငြိမ်းချမ်းရေးကြီးတကယ်ဖြစ်မြော က်ရင်တော့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လမ်းစတစ်ခု ဖြစ်သွားပါလိမ့်မယ်။
Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။
" ရုရှား နိုင်ငံ က အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့ အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။
ချင်းတွင်းမြစ်ရေစိုးရိမ်မှတ် ရောက်နေ၍ ကုန်းမြင့်ဒေသများမြေပြိုနိုင်
ရန်ကုန်- မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက် သို့ ရောက်ရှိနေသော ကြောင့် ကုန်းမြင့်ဒေသများမြေပြို မည့်သဘာဝဘေးကို သတိပြုရန် လိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ထားသည်။
ဇနီးလေးယောက်ရှိသော ခင်ပွန်းယောင်္ကျား
အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူတစ်ချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။ သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်းတွေ ပေး တယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်းမခွဲနိုင်ပါဘူး။ သူ့ရဲ့ပထမ ဇနီး(မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမဇနီးကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ် လို့တောင် အမျိုး သားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။
လေဆိပ်များတွင် ခန္ဓာကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက အီဘိုလာ ကူးစက်မှု ရှိမရှိ စစ်မည်
နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အပါ အဝင် လေဆိပ်သုံးခုတွင် ခရီးသည်များ၏ ခန္ဓာကိုယ် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်လွန်ပါက အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိစစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက် တာမြင့်သိန်း ကိုယ် စား ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။
iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple blog တစ်ခုမှ ဖော်ပြခဲ့
Apple ၏ မျိုးဆက်သစ်စမတ်ဖုန်းကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု အတည်ပြု ဖော်ပြထားသော ဖုန်းဘူးခွံသည် ပြင်သစ် Apple blog ဖြစ်သည့် nowherrelse.fr မှ ပေါက် ကြားထွက်ပေါ်လာခဲ့သည်။
အမျိုးသားပညာရေး ဥပဒေမူကြမ်း အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို လက်ခံရန် သမ္မတ မှတ်ချက်ပြုထားဟု ဆို
ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းမှ ကျောင်းသူ/သားများအား တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် သမ္မတက အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ အကြံပြုချက် များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားသည်ဟု ပညာရေးမြှင့် တင်မှု ကော်မတီ အကြီးတန်းအရာရှိ (အမည်မဖော်လိုသူ)က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု
ဟိန္ဒားသတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းအတွင်း စွန့်ပစ် မြေစာများ ၀င်ရောက်ပြီး တိမ်ကော သွား သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသော ချောင်းတွင် ကလေးငယ် တစ်ဦး ဖြတ်သန်း သွားလာနေစဉ် ။ ယခင် အစိုးရ လက်ထက် ခွင့်ပြုခဲ့သော စီမံကိန်းအများစုမှာ EIA, SIA လုပ်ကိုင်လေ့ မရှိပေ။ (ဓာတ်ပုံ- မောင်ဖြိုး (Dawei Development Association))
အစ္စရေးနှင့် ပါလက်စတိုင်း အပစ်အခတ်စဲရေး သဘောတူညီချက် ရရှိ
အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရက် ၅၀ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအဆုံးသတ်ရေး အတွက် သဘောတူညီချက်ကို သြဂုတ် ၂၆ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။
သစ်နှင့် သဘာဝရင်းမြစ်တူး ဖော်သည့်လုပ်ငန်း အပါအ၀င် လုပ်ငန်းကိုးခုကို အခွန်ကင်းလွတ် သက်သာခွင့် မပြုတော့
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများ စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၄ ဖြင့် သြဂုတ်လ ၁၉ ရက်စွဲဖြင့် သြဂုတ်လ ၂၅ရက်က ထုတ်ပြန်ကြေ ညာသည်။
မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်းအများအပြား နုတ်ထွက်
ခြောက်လအတွင်း လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်း ၂၀၀ ခန့်က မိမိတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် စိုးရိမ်လာသောကြောင့် အလုပ်မှ နုတ် ထွက် သွားကြောင်း လေကြောင်း လိုင်း က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဘိန်းစိုက်ပျိုးမှု တရားဝင်ခွင့်ပြုရန် လုံးဝမဖြစ်နိုင်ဟု ဦးရဲထွဋ်ပြော
မြန်မာနိုင်ငံတွင် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်တောင်းဆိုသူများအား ခွင့်ပြုရန်ကိစ္စမှာ လုံးဝမဖြစ်နိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားလိုက်သည်။
ဆိုင်ခန်း ၄၀၀ ကျော်ရှိသော ငါးဈေးသစ်ကြီး ဖွင့်ပြီးလေးလအကြာတွင် ဆိုင်တစ်ဆိုင်သာဖွင့်
ငါးဈေးသစ်ကြီးအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသော ရွှေပိတောက်ငါး ဈေးသစ်ကြီးဖွင့်ပြီး လေးလကြာချိန်တွင် ငါးဒိုင်ပိုင်ရှင် တစ်ဦးသာ လာရောက်ရောင်းချနေကြောင်း သတင်းရရှိသည်။
နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေး တိုက်ဖျက် ရာတွင် တိုးတက်မှုရှိ
မူယစ်ဆေးဝါရောင်းဝယ်သုံးစွဲသူများအားဖမ်ဆီးထားသည်ကိုတွေ့ ရစဉ် (ဓာတ်ပုံ- ကံသာ)
လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင် အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင် အမျိုးသမီး အသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။
ကနေဒါအစိုးရက မြန်မာနိုင်ငံကို စီးပွားရေးအထူးအခွင့်အလမ်းများ ရှိသော ဈေးကွက်အဖြစ် သတ်မှတ်
ကနေဒါအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ကနေဒါဈေးကွက်လှုပ်ရှားမှုအစီအစဉ် (GMAP) တွင် မြန်မာနိုင်ငံကို ကနေဒါ စီးပွားရေး လုပ်ငန်းများအတွက် အထူးအခွင့် အလမ်းများရှိသော ဈေးကွက်အ ဖြစ် သတ်မှတ် လိုက်ကြောင်း ကနေဒါ သံရုံးမှ သတင်းရရှိသည်။
ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်
ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ် (ဓာတ်ပုံ − ခန့်ထက်)
ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ် တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ချင်းတွင်းမြစ်ရေစိုးရိမ်မှတ် ရောက်နေ၍ ကုန်းမြင့်ဒေသများမြေပြိုနိုင်
ရန်ကုန်- မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက် သို့ ရောက်ရှိနေသော ကြောင့် ကုန်းမြင့်ဒေသများမြေပြို မည့်သဘာဝဘေးကို သတိပြုရန် လိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ထားသည်။
မြန်မာကို စီးပွားရေးအရ ဂျပန်မျက်စိကျဟု UMFCCI ဥက္ကဋ္ဌပြော
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံကို စီးပွားရေးအရ မျက်စိအ ကျဆုံးဖြစ်နေပြီး အထူး အလေး ထားနေခြင်းကြောင့် ပထမအ ကြိမ် အာဆီယံ-ဂျပန်အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက် မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြော ကြားသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို၊ ခေါင်းလောင်းကြီး ရှာတွေ့ပါက လက်တွေ့ပြသနိုင်ရန်လိုအပ်ပြီး ပြည်သူများ အညာမခံရစေရန် အစိုးရတွင်တာဝန်ရှိဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးပြော
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု သတင်းများထွက်ပေါ်နေ၍ ကမ်းစပ်တွင်စောင့်ကြည့်နေသူများကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
ဓမ္မစေတီခေါင်းလောင်းကိုဆယ်ယူရန် သတ်မှတ်ထား သော နောက်ဆုံးနေ့ တွင် ခေါင်း လောင်းကြီးတွေ့ ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်း က ပြောကြားလိုက်သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် လုပ်ငန်းရှင်အချို့ပါဝင်ပတ်သက်
မူးယစ်ဆေးဝါးကုန် သွယ်ရောင်းဝယ်၍ ငွေကြေးခ၀ါ ချမှုတွင် ပါဝင်ပတ်သက်နေ သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့ကို စစ်ဆေးတွေ့ရှိထားပြီး ပြည်သူများကြား ထင်ရှားကျော်ကြားသူ နာမည်ကျော် သူဌေးကြီး များ ပါဝင်မှုမရှိသေးကြောင်း မြန်မာနိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရဲမှူး ချုပ်စိုးမြိုင် က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အီဘိုလာဗိုင်းရပ်စ် သံသယလူနာ တွေ့ရှိပါက အရေးပေါ်အခြေအနေအဖြစ် ပြောင်းလဲကာ တုံ့ပြန်မှုများ ဆောင်ရွက်မည်
ရန်ကုန်တိုင်းဒေသကြီးတွင် အီဘိုလာဗိုင်းရပ်စ် သံသယလူနာတစ်ဦး တွေ့ရှိပါက သတိပေးအခြေအနေမှ အရေးပေါ်အခြေအနေသို့ ပြောင်းလဲသတ်မှတ်ကာ အရေးပေါ်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း သြဂုတ် ၂၆ ရက်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။
ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများအား ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေအဖြစ် ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေခြင်းမှာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆန့်ကျင်နေပြီး ကြီးမားသည့်ပြဿနာဟု တာဝန်ရှိသူ ပြောကြား
ငွေကြေးခဝါချမှုများအား တိုက်ဖျက်ရန် ကြိုးပမ်းလာချိန်တွင် ငွေမည်းခဝါချမှုများ၏ အဓိကခဝါချရာနေ ရာဖြစ်လာနေ သည့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုများ၌ ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ဝင်ငွေများအား စည်းကြပ် မှုမှ လွတ်ကင်းနေသော ဝင်ငွေအဖြစ် ၃ဝ ရာခိုင်နှုန်း အခွန်ကောက်ခံနေခြင်းမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ကွဲလွဲနေပြီး နိုင်ငံတကာဥပဒေပညာရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ကြီးမားသည့်ပြဿနာအဖြစ် ထောက်ပြနေကြောင်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော်ဝင်းသိန်းက Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။
မြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အသေးစားငွေချေးလုပ်ငန်းအတွက် အကျိုးတူပူးပေါင်းရန် စာချုပ် ချုပ်ဆို
မြန်မာအပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလီမိတက် (Myanmar Investments International Ltd) ၏ လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ ရင်းနှီးမြှုပ်နှံမှုလီမိတက် (Myanmar Investments Ltd) က ရန်ကုန်၊ ပဲခူးနှင့် မြို့ပြဒေသများအပါအဝင် ကျေးရွာများ၌ပါ အသေးစားလုပ်ငန်းရှင်များအား အဓိကငွေချေးပေးနေ သည့် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော မြန်မာငွေကြေး ကုမ္ပဏီလီမိတက် (Myanmar Finance Company Ltd, MFC) နှင့် အကျိုးတူ ပူးပေါင်းခြင်းစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။
ပျဉ်းမနားပေါင်းလောင်းကွင်း ပြည်သူ့ကွင်းအဖြစ် ပြန်ဖွင့်
အသစ်ပြန်လည်ဖွင့်လှစ်လိုက်သော ပေါင်းလောင်းကွင်း (ဓာတ်ပုံ−နန်းအောင်)
နေပြည်တော် ဘောလုံးအသင်းက အိမ်ကွင်းအ ဖြစ်အသုံးပြုလျက်ရှိသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း အားကစားကွင်းကို ပြည်သူ့ပေါင်းလောင်း အားကစားပြိုင်ပွဲကွင်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ် ပေးလိုက် ပြီဖြစ်သည်။
မြေယာသိမ်းပြဿနာ လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းအစိုးရပြော
ရန်ကုန်တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံထားရသည့် မြေများအရေးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပထမအကြိမ်အဖြစ် တိုင်းဒေသ ကြီး လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဖြေရှင်းပေးရန် လက်ရှိ ကျင်းပနေသည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သောကြောင့် နစ်နာသူများအနေဖြင့် တိကျခိုင် မာသည့် အထောက်အထားများ ပေးပို့နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
လက်ဖက်စိုကို စားသောက်ကုန်အမည်သစ်အဖြစ် ဂျပန်နိုင်ငံသို့ တင်သွင်းရောင်းချရန် ကမ်းလှမ်း
လက်ဖက်ခူးနေသည့် တိုင်းရင်းသူတစ်ဦး - ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံတွင် စားသုံးသည့် လက်ဖက်စိုကို ဂျပန် နိုင်ငံတွင် စားသောက်ကုန် အမည်သစ်အဖြစ် တင်သွင်း ရောင်းချရန် မြန်မာ့လက်ဖက်လုပ်ငန်းရှင်များ ထံသို့ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လက်ဖက်ခြောက် ထုတ်လုပ် သည့် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလိုက် သည်။
ဦးဆန်းဆင့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ဒုဝန်ကြီးနှစ်ဦးနှင့် ညွှန်ချုပ်တစ်ဦးကို ထပ်ခေါ်မည်
ဦးဆန်းဆင့်အမှု အမှန်တရားပေါ်ပေါက်ရေးအတွက် တရားလိုပြရုံးခေါ် သက်သေအဖြစ် ဒုဝန်ကြီးနှစ်ဦးနှင့် ညွှန်ချုပ်တစ်ဦး တို့ကို ထပ်မံခေါ်ယူရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)