သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။
သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြ သည်။ သတင်းဆိုသည်ကို
တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ
ယင်းကဲ့သို့တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော
သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။
Wednesday, 4 December 2013
မြန်မာ့တရားစီရင်ရေးစနစ်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ
ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ICJ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် တွေ့ရသည့် ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီနှင့် အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) |
မြန်မာ့ တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများက ခိုင်မြဲစွာ အခြေကျနေ ပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေ ဆဲဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ ရေး သားခဲ့သည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ၂၀၁၃ ခုနှစ် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင် မြန်မာနိုင်ငံ၏ အကျင့်ပျက် ခြစားမှု အခြေအနေ အဆင့် ၁၇၂ မှ ၁၅၇ သို့ ၁၅ ဆင့်မြင့်လာ
ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို နှစ်စဉ်ထုတ်ပြန် ပေးလျက်ရှိသော ပွင့်လင်းမြင် သာ မှု အဖွဲ့အစည်း (Transparency International) က ၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ပြီး ယမန်နှစ်ကထက် အခြေအနေ တိုးတက်လာခဲ့သည်။
၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနားကို အရေးတော်ပုံ ချီတက်သည့် လမ်းကြောင်းရှိ မြို့များတွင် ကျင်းပမည်
၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီး (၇၅) နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးတော်ပုံ ချီတက်ရာ လမ်းကြောင်းရှိ မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ ၀င်များထံမှ သိရသည်။
သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်
ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာ တို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။
အန္တရာယ်ရှိ အဆောက်အအုံများ အသစ်ပြန်ဆောက်ရာတွင် ကားပါကင် ကင်းလွတ်ခွင့် ပေးထား၍ အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေဟု ထောက်ပြ
အန္တရာယ်ရှိ အဆောက်အအုံများကို အသစ်ပြန်လည် ဆောက်လုပ်ခြင်းအတွက် ကားပါကင် ထည့်သွင်းရန် ကင်းလွတ်ခွင့် ပေးထားသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင် ကာ ပြန်လည်လျှောက်ထား လာကြကြောင်း ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်သည့် "ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ" တွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့
စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက်
ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ၀ါအရင့်ဆုံး
အနုပညာရှင် အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့
ကျင်းပခဲ့ပါတယ်။
OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသောပိုစတာပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်
OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက်စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူစုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။
Subscribe to:
Posts (Atom)