မုံရွာတစ်ဖက်ကမ်း
လက်ပန်းတောင်း တောင်ကိစ္စ နဲ.ပတ်သက်ပြီး သူများတွေ ပြောနေဆိုနေကြတာတွေကို
ဖတ်နေတွေ.နေရပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ဘာတစ်ခုမှ
ဝင်မပြောဖြစ်ခဲ့ပါဘူး…။ ခုတော့ လယ်တွေ ပျက်စီးကုန်ပြီ…အက်စစ်တွေကြောင့်
ကန်တွေ ပျက်စီးပြီး အဆိပ်သင့်ကုန်ပြီ…ဘာညာဆိုပြီး ဓါတ်ပုံေ တွ နဲ. တက်လာလို.
မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျနော်သိထားတာလေး ကို ရေးပြ မှ ဖြစ်တော့မယ်လို.
စဉ်းစားမိလို. ဒီစာစုကိုရေးဖြစ်တာပါ…။ဒါကလဲ အခု လက် ပန်းတောင်းေ တာင် ကိစ္စ
လှုပ်ရှားနေကြတဲ့ အဖွဲ.အစည်း တွေကို ကန်.ကွက်ပိတ်ပင်တဲ့ သဘောမဟုတ် ပဲ….တွေးဆ
ဆင်ခြင်နိုင် ဖို.ရာအတွက် အခြားတဖက်က အကြောင်းအရာကို
တင်ပြခြင်းသက်သက်ပဲဖြစ်ပါတယ်…။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ် မှာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကပြောသည်။
ယခင်က အတိုက်အခံများ ဖြစ်ခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦးမှာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများအတွက်အမေရိကန်ခရီးစဉ်တွင်တစ်ဦးကိုတစ်ဦးအလေးအနက်ချီးကျူးအသိအမှတ်ပြု ပြော ကြားခဲ့ကြသည်။ ထို့အပြင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှား ရန် နှစ်ဦးစလုံးက တူညီစွာ တိုက်တွန်းခဲ့သည်။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုေ ကြာင်း ပြော ကြားခဲ့ သည့်အပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ဆယ်စုနှစ်များစွာအတွင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ကမ္ဘာ့စင်မြင့်ထက်မှ ချီးကျူး ဂုဏ်ပြုမှု ကိုလည်း ပြုလုပ်ခဲ့သည်။