အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေ ချပေးတာနဲ့ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက် ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
Thursday, 19 December 2013
အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စ KNU ရှင်းလင်း
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေ ချပေးတာနဲ့ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက် ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
နယူးယောက်မြို့မှာ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦး တကိုယ်လုံးချွတ် အရှာခံခဲ့ရ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါ တယ်။
မလေးရှား ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်
မလေးရှားနိုင်ငံ
ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am
အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း
စကိုင်းလိုင်း ကားတစ်စီး မှာမော်တော် ယာဉ် ဘယ်နှင့်ညာ
ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး
မီးလောင်ကျွမ်း သဖြင့် သေဆုံး သွားကြောင်း New Straits Times သတင်း
အရသိရပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့ကြတဲ့ တရုတ်စစ်သား ၄၀၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တောင်ကိုရီးယားက တရုတ်လက် ပြန်အပ်ပါတော့မယ်
တရုတ်လက် ပြန်မအပ်မီ ရုပ်ကြွင်းတွေကို ပြန်ဖော် သုတ်သင် ရှင်းလင်းပြီး ခေါင်းတလားတွေနဲ့ ထည့် သွင်းပေးအပ်မှာ ဖြစ်တဲ့အတွက် အဲဒီဆောင်ရွက်ချက်တွေ ပြုလုပ်ရမယ့် ဖြစ်စဉ်ဟာ လအနည်းငယ် ကြာမြင့် ဖွယ် ရှိပါတယ်။
ဂျုံ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့
ကွတ်ကီး
မုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊
ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။
အခွံချွတ် ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာ တွေမှာတော့ ဒီအာဟာရ
ဓာတ်တွေရဲ့ တစ်ဝက် ကျော်က ဆုံးရှုံး သွားတာကို တွေ့ရ ပါတယ်။ ဒါကြောင့်
သင့်ကျန်းမာရေး အတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ် မထားတဲ့) ဂျုံစေ့နဲ့
လုပ်ထားတဲ့ အစားအစာ မျိုးကို စားပေး သင့်ပါတယ်။
ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်း မွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ
လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။
အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ
မနက်အိပ်ရာနိုထပြီးချိန်တွင် ချက်ချင်းရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိပြည်သူများစွာ အတွက် နေ့စဉ် ပြု မူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။
အကြော် များများ စားရင် အသည်း အတွက် မကောင်း
အဆင်သင့်
အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး
အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ
အစီစဉ် တစ်ခုမှာ ထုတ် လွင့်သွားပါတယ်။ fast food ကို တစ်လလောက်
စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲ မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကွမ်းရွက်မှာပါဝင်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင် ၊
နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော
လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေပါဝင်
နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကော ဆိုတဲ့ ဖီနောဓာတ်ဟာ
အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင်
အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။
ကွမ်ကျို့အသင်းအား ၃ ဂိုး-ဂိုးမရှိဖြင့် အလွယ်တကူ အနိုင်ရပြီးနောက FIFA Club World Cup ဖိုင်နယ်ပွဲသို့ ဘေယန်မြူးနစ် တက်ရောက်
မော်ရိုကိုနိုင်ငံ
အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup
ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး
ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃
ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ
ဖြစ်သည်။
ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည် နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်
ရန်ကုန်နှင့်
မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ ၁၉
နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း
နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး
တာဝန်ရှိသူ ထံမှ သိရသည်။
အရှိန်မထိန်းနိုင်သောယာဉ် တံတားအားဝင်ရောက်တိုက်မိ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊ ပန်းတင်
လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ်လေးတစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီး ကုန်း/ အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက် င်္ကျားလေးလိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေး ကို မွေးဖွား ခဲ့သည်။
အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ်
အခွင့်အရေး
ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန်
ထိုင်းနိုင်ငံ မဟာချိုင်ဒေသ ရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန်
ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း
ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး
ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြော ကြားသည်။
စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်
စင်ကာပူနိုင်ငံရှိ
အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်
ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း
စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်း တွင် ဖော်ပြ ထားသည်။
ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ
မွန်ပြည်နယ်၊
ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက်
တည်းခိုခနှုန်း ထား များသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု
ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။
မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာမလိုဘဲ သွားလာနိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရအဖွဲ့တို့အကြား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဌာန မှ သိရသည်။
ရန်ကုန်တိုင်း အင်န်အယ်လ်ဒီအမှုဆောင်များ အမတ်ရောဂါထနေ ပါတီတွင်းသွေးကွဲအောင် မလုပ်သင့်ဟု တိုင်းဥက္ကဋ္ဌပြောကြား
ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅ ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြောကြားလိုက်သည်။
မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင် ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ် ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ABSDF ၂၅ နှစ်ပြည့် ငွေရတု မဂ္ဂဇင်းနှင့် ပြက္ခဒိန် ပြည်တွင်း၌ ထုတ်ဝေမည်
ကာလကြာရှည် စွာဖြစ်ပွား နေသော ပြည်တွင်း စစ်ရပ် တန့်ပြီး ငြိမ်းချမ်းရေးအား အထောက်အကူဖြစ်စေ ရန်နှင့် ABSDF ၏ဖြတ် သန်းမှုအားသိရှိစေရန်ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး) ၂၅နှစ်ပြည့် ငွေရတုမဂ္ဂဇင်းနှင့် ပြက္ခဒိန်တို့အား ပြည်တွင်း၌ထုတ် ဝေဖြန့်ချိသွားမည်ဖြစ် သည်။
လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ် တဦးအား ခိုင်းစားနေသည့် အမျိုးသမီးတဦးကို ယမန်နှစ် ဧပြီလ အတွင်းက လူကုန်ကူးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိစဉ် (ဓာတ်ပုံ – mgr.manager.co.th) |
အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးများ ထွက်ပေါ်လာတော့မည်
သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးထွက် ပေါ်လာတော့ မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင် များက လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က သုက်ပိုးများထိန်းသိမ်းထားသည့်နေရာမှသုက်ပို့ပြွန်သို့ ရွေ့လျားမှု အား လေ့လာခဲ့ကြသည်။
သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသား ၁၃၅ မျိုးပြည့်မီရေး တိုင်းရင်းသားပါတီများနှင့် လဝက ဆွေးနွေးမည်
၂၀၁၄
ခုနှစ် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင်
မြန်မာနိုင်ငံတွင်း နေထိုင်သော တိုင်းရင်းသား မျိုးနွယ် ၁၃၅ မျိုး
ပြည့်မီအောင် ကောက်ယူနိုင်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေး ပါတီများက
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်
တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင် တိုင်းရင်းသားများ
ဖက်ဒရေးရှင်း (NBF) က ထုတ်ပြန် ကြေညာလိုက်သည်။
အမျိုးသမီးအသင်းနည်းပြ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ် အာရှဘောလုံးအဖွဲ့ချုပ်သို့
မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ဆီးဂိမ်း အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၁၃ မိနစ်တွင် မြန်မာအသင်းရရှိသည့် ပွဲဦးထွက်ဂိုးကို လူကျွံ သည့်အကြောင်းပြချက်ဖြင့် ဂိုးမပေးမှု၊ ပွဲချိန် ၂၅ မိနစ်တွင် ထိုင်းအသင်းက မြန်မာအသင်းဘက်သို့ ဂိုး သွင်းယူရာတွင် လူကျွံသော်လည်း ဂိုးပေးခဲ့ခြင်းတို့ကြောင့် အိနိ္ဒယဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ အာ ရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားစာပေးပို့မည်ဟု မြန်မာအသင်းနည်းပြ ဂျပန်လူမျိုး Kumda Yoshinori က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
အမေရိကန်အရေးယူမှု ကို မြန်မာ အစိုးရ တုံ့ပြန်
မြန်မာနိုင်ငံက
စစ်ဘက်ဆိုင်ရာ အရာရှိ တယောက်နဲ့ စီးပွားရေး လုပ်ငန်း ၃ ခုကို
အမေရိကန်ပြည်ထောင်စု ဘဏ္ဍရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တရပ်
အင်္ဂါနေ့က ပြုလုပ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု
ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။
မြန်မာမွေ ကစားသမားလေးဦး ဗိုလ်လုပွဲတက်
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်
ပါဝင်သည့် မွေ (အာဆီယံမွေ) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ယှဉ်ပြိုင်
ခဲ့ကြရာ လက်ရှိ အချိန်တွင် စောငမန်း၊ စောမိုက်ရိုင်း၊ လှယဉ်မေနှင့်
ဂရေ့စ်တို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
မန္တလေးလေဆိပ်တွင် ဂရိတ်ဖရုသီးထဲ ဝှက်ထည့်ထားသည့် ကျောက်စိမ်းတုံးများတွေ့
မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခန္တီးလေဆိပ်မှ ဆိုက်ရောက်လာ သည့် လေယာဉ်ဖြင့် ပါရှိလာသည့် ခရီးသည်များ၏ အိတ်များကို စစ်ဆေးရာမှ ပိုင်ရှင်မဲ့ ဂရိတ်ဖရုသီး (Great Fruit) ထဲတွင် ဝှက်၍ထည့် ထားသည့် ကျောက်စိမ်းတုံးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။
နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံသြ
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
မန္တလေး နန်းတော် သီပေါမင်း အနွယ်တော်များ ပြန်ပြုပြင်ချင်
နန်းတော် ပရ၀ုဏ်ကို ၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ပြန်လည် တည်ဆောက်ခဲ့ပြီး “မြနန်းစံကျော် ရွှေနန်းတော်” ဟု ယနေ့ အများက သိကြသည် (ဓာတ်ပုံ – nationmultimedia.com) |
မြန်မာတပ်မတော်သားများ စိတ်ထားပြောင်းရန် ဗြိတိန် သင်တန်းပေးမည်
မြန်မာ့တပ်မတော်မှ
ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဗြိတိန်တပ်မတော်မှ သင်တန်းပေးရန်ရှိပြီး
တိုက်နည်း ခိုက်နည်းကို သင်ကြားပေး မည် မဟုတ်ဘဲ ထိုသူတို့၏ စိတ်နေစိတ်ထား
ပြောင်းလဲရေးအတွက် ဦးတည် သင်ကြားပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ
ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်က ပြောသည်။
မြ၀တီတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်တွင် အမှတ် (၃၂) မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြ၀တီ) မှ တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့် အတူ မြ၀တီမြို့၊ ရပ်ကွက် (၁)၊ သောင်း ရင်း မြစ် ကမ်းဘေး ရေဆိပ် (မိုးကုန်ကင်းစခန်း) တွင် မြ၀တီမြို့၊ ရပ်ကွက် (၄) နေ ကျော်လှမောင် (၃၈) နှစ်မောင်းနှင်ပြီး မြ၀ တီမြို့၊ ရပ်ကွက် (၁)နေ အေးလိ(ခ) သီရိ (၃၀) နှစ် လိုက်ပါသည့် ဆိုင်ကယ်အား ရပ်တန့် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်လှမောင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အိုက်(စ်) ၁၉၀ ဂရမ်၊ တန်ဘိုးငွေကျပ် (၂၈.၅) သိန်း၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွယ်ဆေးပြား ၁၉၂ ပြား၊ တန်ဘိုးငွေကျပ်(၅.၇၆) သိန်းအားလည်းကောင်း၊ အေးလိ (ခ)သီရိ၏ လက်ဆွဲ အိတ်အတွင်းမှ မြန်မာကျပ်ငွေ(၁.၆၆)သိန်းနှင့် ထိုင်းဖုန်းတစ်လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား
(မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်အနီး ကုန်အတင်အချ လုပ်နေသော ကုန်တင်ယာဉ်တစ်စီး) |
တရုတ်သို့ ရာသီချိန် သွားရောက်သော လုပ်သားများ လူကုန်ကူးခံရဟုဆို
တရုတ် နိုင်ငံသို့ မြန်မာနိုင်ငံမှ
သွားရောက် လုပ်ကိုင်သော ရာသီချိန်လုပ်သား များမှာ လူကုန်ကူးခံရခြင်း၊ လူ
မှောင်ခိုလုပ်ခြင်းများခံကြရကြောင်း ရတနာမြေဖွံ့ဖြိုးရေးအသင်းမှ
ဦးဇော်မြင့်ထွန်းက ပြောသည်။
ရွာသား၂၀ ကျော် ကေအိုင်အေထံက ပြန်လည်လွတ်မြောက်
ကချင်ပြည်နယ် ဗန်မော်းခရိုင် မန်စီမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံ ၅၀ ကျော်ထဲက ၂၂ ယောက် မနေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးက RFA ကို ဒီနေ့ အတည်ပြု ပြောကြားပါတယ်။
Subscribe to:
Posts (Atom)