ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးရပြီး၊ ယာယီနေထိုင်ဖို့ စခန်းနေရာတွေ ကို ရှာဖွေ နေကြရ တဲ့ အရေအတွက် ဟာ၊ တစ်ရက် အတွင်းမှာကို၊ ၂သောင်း ၂ ထောင် ကနေ ၄ သောင်းကျော်၊ ၂ ဆ မြင့်တက်ခဲ့ရတယ် ဆိုပြီး၊ ဂါဇာမှာရှိ တဲ့ ကုလသမဂ္ဂ အရာရှိ တွေက ပြောပါတယ်။
Saturday, 19 July 2014
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မောင်တောမြို့ကို သွားရောက်
ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လ အတွင်းက မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်းအချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
(၆၇) နှစ်မြောက် အာဇာနည်နေ့နှင့် ကျွန်ုပ်၏ အတွေး သူ့အမြင်
ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြပါရှိသော ရွှေတိဂုံ အလယ်ပစ္စယံတွင်ဟောသော ဝံသာနု ရက္ခိတ တရားနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမ များမှာ ပြောခဲ့သော လွတ်လပ်ရေးရဲ့ အဓိပွါယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်းဆန်းရဲ့ မိန်းခွန်းတွေကို ဖတ်ပြီးနောက် ကျွန်ုပ် နားလည်သလို ပြောဆို ပါတော့ မည်။
ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားပေးပါ
ယင်းလေ့လာမှုကို JAMA Pediatric ဂျာနယ်တွင် ဖော်ပြထား သည်။-Internet
မိခင်လောင်းများ အခွံမာသီးများ စားပေးခြင်းဖြင့် မွေးဖွားလာမည့်သားသမီးများတွင် ဓာတ်မတည့်ခြင်း အန္တရာယ်ကို လျော့ကျစေနိုင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲစားခြင်းကို စိုးရိမ်စရာမလိုကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။
ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း ပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ
ရခိုင်ရိုးမ ချောင်းရေလျှံသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့အတွင်းရှိ ဇလွန်ရွာ နှင့် မဲနယ်ကွင်းကျေးရွာ ကြားရှိ တံတားပျက်စီးကာ သံတွဲ -ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ကားနှင့် ကုန်ကား အစီးနှစ်ဆယ်ခန့် ပိတ်မိနေသည်ဟု သံတွဲမြို့ မထသ ဥက္ကဋ္ဌ ဦးကျော်ကျော်က ဇူလိုင် ၁၉ တွင် မဇ္ဈိမကိုပြောသည်။
ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ
ဗိုလ်ချုပ်ရောက်လာ
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ် သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ် သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။
စစ်တွေမြို့၌ ထူးကဲဒီရေ တက်ခြင်းကြောင့် ရပ်ကွက်တချို့၌ သုံးရက် ဆက်တိုက် ရေ လွှမ်း
စစ်တွေ၊ ဇူလိုင် ၁၈- ရခိုင်ပြည်နယ်
စစ်တွေမြို့တွင် ထူးကဲဒီရေတက်ခြင်း များကြောင့် ရပ်ကွက်တချို့၌သုံးရက်
ဆက်တိုက်ရေလွှမ်းမိုးမှု များဖြစ်ပေါ် လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ
များထံမှ သိရသည်။
လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ... (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)
ဂဠုန်ဦးစော၏မြေး ဒေါ်မွန်မွန်ရင် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ် အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ် သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ် အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ် သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး
ရင်ခုန်သံအသစ်နဲ့ ချိန်းတွေ့ခြင်း မပြုလုပ်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်များ
ချစ်သူနဲ့လမ်းခွဲပြီး သို့မဟုတ် ကွားရှင်းပြီးမှာ အချစ်သစ်နဲ့ချိန်းတွေ့တယ် ဆိုတာဟာ ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ စိတ်ကူးအသစ်နဲ့ ဘဝသစ်ကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးမို့လို့ သင့်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့အချက် (၁၁)ချက်ကို စုစည်းပေးထားပါတယ်။
လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ
အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူ လိုက်ကြောင်း မျက်မြင်တွေ့သူ ကမာရွက်မြို့နယ် လှည်း တန်း မီးပွိုင့်တွင် ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္ဈိမကိုပြောသည်။
MH17 နောက်ဆုံးရသတင်းအချက်အလက်အချို့
ယူကရိန်းလုံခြုံရေးကောင်စီက မလေးရှားခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာမှ ရုပ်အလောင်း ၁၈၆ ခုကို တွေ့ရှိခဲ့ပြီးဖြစ်ကြော င်း ပြော ကြားသည်။
ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန်
မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီနိုင်းအနီ ကြီးများကို လမ်းမတော်မြို့နယ် အနော်ရထာ လမ်းမပေါ်တွင် ဖတ်ရှုရသည်ဟု လမ်းသွား လမ်းလာ တစ်ဦးမှ ဆိုသည်။
ကျောင်းကားနှင့် ကုန်တင်ကားတိုက်
ဇူလိုင်
၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း
သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင် တီအီး ဟီးနိုးယာဉ်တို့
တိုက်မှုဖြစ်ပွားခဲ့သည်။
အိမ်ခြံမြေငှားရမ်းမှု အခွန်ကောက်မည့်အစီအစဉ်ကြောင့် ငှားရမ်း ခများ ဈေးကျနိုင်ဟုဆို
အိမ်ခြံမြေရောင်းဝယ် ခြင်းများသာမက
ငှားရမ်းမှုများကို ပါအခွန်ကောက်ခံမည်ဖြစ်၍ ဈေး
ကွက်ထိန်းချုပ်လိုက်သကဲ့သို့ဖြစ် သောကြောင့် အိမ်ခြံမြေဈေးနှုန်း
များကျဆင်းသွားနိုင်ကြောင်းအိမ်ခြံမြေဈေးကွက်မှလုပ်ငန်းရှင်များကခန့်မှန်းပြောကြားသည်။
MH-17 ပေါက်ကွဲမှုကို ခရီးသည်များ သိပင်သိလိုက်ဟန် မတူကြောင်း လက်နက်ပါရဂူတစ်ဦး သုံးသပ်
MH-17 လေယာဉ်သည် ဒုံးကျည်ထိမှန်သဖြင့် ပေါက်ကွဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လောက်စရာ အခြေအနေများ မြင့်တက်လာချိန်၌ လက်နက်ပါရဂူ တစ်ဦးက ဒုံးကျည်ထိမှန်ချိန်၌ ခရီးသည်များ ကြုံလိုက်ရမည့် အကျိုးဆက်များကို ခန့်မှန်း အဖြေရှာခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏အခွင့်အရေးနှင့် နိုင်ငံ့ဝန်ထမ်း များ ထိုက် သင့်သည့်လစာနှင့်အခွင့်အရေးရရှိရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား
လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဝင် များအား လစဉ်ချီးမြှင့်ငွေအသီးသီးတိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေး ကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့် သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ်လာကြောင်း နိုင်ငံတော်သမ္မတထံမှ ပြည်သူ့ လွှ တ်ေ တာ် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော် ကိုယ်စား လှယ်များနှင့်နိုင်ငံ့ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေး အတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယနေ့ပြောကြားသည်။
ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြု
၆၇ နှစ်မြောက် အာဇာနည်နေ့ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြုခဲ့ ကြ ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်ဆွမ်းကပ်အမျှဝေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊တက်ရောက်
(၆၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။
ကြေးမုံသတင်းစာတွင် အာဇာနည် ခေါင်းဆောင်ကြီးများပုံ မျက်နှာဖုံးအပြည့် ဖော်ပြ
ယနေ့ တွင် ကြရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ သတင်းစာ တစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင် အာဇာ နည်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံဖြင့် မျက်နှာဖုံး အပြည့်ဖော်ပြထားတာကို ထူးခြားချက်အနေဖြင့် တွေ့ရှိရပါတယ်။
တွံတေး ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူသုံးဦး သေဒဏ်ချမှတ်
တွံတေးမြို့နယ်တွင် လွန်ခဲ့သော
တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှုမှ ကျူးလွန်သူ
အမျိုးသားသုံးဦးကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက သေဒဏ်
အမိန့်ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး
ဦးစော်ကော်နေမှူးက ပြောကြားသည်။
ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ
ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
တိုက်ဂါးဘီယာချက်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Tiger Beer တိုက်ဂါး ဘီယာစက်ရုံက အလုပ်သမား ၁၀၀ ကျော်လောက်ဟာ တစ်နေ့လုပ် အားခ ကျပ် ၂၃၀၀ တိုးပေးဖို့ ၃ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆို နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် တစ်နေ့လျှင်ယာဉ်မောင်း ၄၀ ခန့်အား လိုင်စင်ပိတ်သိမ်း အရေးယူနေရပြီး ခရီးသည်တင်ယာဉ်မောင်း အများဆုံးပါဝင်
တာမွေမြို့နယ်အတွင်း တစ်နေရာ၌ လမ်းပြောင်းပြန်မောင်းနေသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ယခုလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ -အောင် မျိုး သန့်)
ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်မောင်းများအား စောင့်ကြည့်ဖမ်းဆီးရာတွင် တစ်ရက်လျှင် ပျမ်းမျှ ယာဉ်မောင်း ၄၀ ၀န်းကျင်အား စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် လိုင်စင်ပိတ်သိမ်း အရေးယူနေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် သိရသည်။
ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့သော ဒဂုံတောင်မြို့နယ်ရှိ ဘီအမ်ယာဉ် တိမ်းမှောက်မှု တွင် ယာဉ်မောင်းမှာ လိုင်စင်မရှိဘဲ မောင်းနှင်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
ဒဂုံတောင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်က
ဖြစ်ပွားခဲ့သော ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့သည့်
ဘီအမ်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ် သူမှာ လိုင်စင်မရှိဘဲ
မောင်းနှင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အဆိုပါအမှုအား
စစ်ဆေးဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ ပြည်ပရောင်းချမှု တစ်မျိုးတည်းမှ ဒေါ်လာ ၁၀ ဘီလျံကျော် အစိုးရသစ်လက်ထက်တွင် ရရှိထား
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်နှင့် သဘာဝဓာတ်ငွေ့ထပ်တွန်းစက်ရုံအား တွေ့ရစဉ်
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ရောင်းချမှု တစ်မျိုးတည်းမှ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်အထိ ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
လာဘ်စားမှုများဖြင့် မကြာခဏ အရေးယူခံရသော အကောက်ခွန်ဦးစီးဌာနရှိ ၀န်ထမ်းအဆင့်မှ ညွှန်ကြားရေးမှူး အဆင့်အထိ ဌာနတွင်း အပြောင်းအလဲ ပြုလုပ်
အကျင့်ပျက်လာဘ်စားမှုများဖြင့် မကြာခဏ အရေးယူခံရလေ့ရှိသည့် အကောက်ခွန်ဦးစီးဌာန၏ ဝန်ထမ်းများအား ဌာနတွင်း အပြောင်း အလဲ ပြုလုပ် ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံတစ်ခုမှ စိမ့်ထွက်သည့် အမိုးနီး ယား ဓာတ်ငွေ့အား ရူရှိုက်မိသောကြောင့် မူလတန်းကလေးငယ် ၂၃ ဦး ဆေးရုံတက် ကုသမှုခံယူနေရ
အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့သည့် ငါးအအေးခန်း စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းခန့်)
မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံတစ်ခုမှ စိမ့်ထွက်သည့် အမိုးနီးယားဓာတ်ငွေ့အား ရှုရှိုက်မိသောကြောင့် မူလတန်းကလေးငယ် ၂၃ ဦး ဆေးကုသမှုခံယူနေရကြောင်း မြောက်ဥက္ကလာပ ဆေးရုံကြီးမှ စုံစမ်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံတစ်ခုမှ စိမ့်ထွက်သည့် အမိုးနီးယားဓာတ်ငွေ့အား ရှုရှိုက်မိသောကြောင့် မူလတန်းကလေးငယ် ၂၃ ဦး ဆေးကုသမှုခံယူနေရကြောင်း မြောက်ဥက္ကလာပ ဆေးရုံကြီးမှ စုံစမ်းသိရသည်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြန်မာဒုက္ခသည်များအား ပြန်ပို့မည့်အစီအစဉ်ကို ထိုင်း စစ်အစိုးရ ကာကွယ်ပြောဆို
ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရက မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များအား ပြန်ပို့မည့်အစီအစဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်က ကာကွယ်ပြောကြားရာတွင် အဆိုပါ နေရပ်ပြန်ပို့မည့် အစီအစဉ်သည် အချိန်သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နေးရှင်းသတင်းဌာနက ဖော်ပြသည်။
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ (၅၂) နှစ်မြောက်မွေးနေ့ ရန်ကုန်မြို့၌ကျင်းပ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (D.K.B.A) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ (၅၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်း အနားကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်၌ ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့သည်။
Subscribe to:
Posts (Atom)