မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျ
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ
ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာ
ထားငွေကျပ် သန်း ၁၂၆၉၄ ဒသမ ၅၂၆ အနက် ကျပ်သန်း ၁၀၂၄ ကို ဖြတ်တောက်ရန်
ပြည်သူ့ လွှတ်ေ တာ် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု
စိစစ်ရေးကော်မတီက ပြည်ထောင်စု လွှတ်ေ တာ် ၌ အဆို တင်သွင်းခဲ့သည်။
Sunday, 23 February 2014
ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်
UWSA
ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး
ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ်
တွေ့ဆုံဖို့ ရှိပါတယ်။
ကံပေါက်ရွာတဝိုက် ပတ်ဝန်းကျင်ထိန်းသိမ်းပေးဖို့ တောင်းဆို
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ရွာနဲ့ အနီးတဝိုက် ရွာတွေက ရွာသား တစ်ထောင်လောက် ဟာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အသုံးပြုနေတဲ့ ရွာလမ်းကို ကတ္တရာ လမ်းခင်းပေးဖို့ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပေးဖို့ နိုင်ငံခြားကုမ္ပဏီ (၃)ခုကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့် အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန် အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်
ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊
၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက် အခံတွေ က ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင်လုပ်မယ် လို့ ကြွေးေ ကြာ် ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေး ပါဘူး။

MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း
MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့
စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။
ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား
လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံး ညီ ညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြော လိုက်ပါ တယ်။
ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ
ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေး ချမ်းေ ရး
ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရ စဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိ လာေ သာငွေ များအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန် လွှတ်တော်ေ ကာ် မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ
ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်
ကမ္ဘာပေါ်မှာ
အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့
အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က
ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေ သဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ် စတင်
ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်
နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြု ထားသော်လည်း ကျန်း မာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများ ကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေးကင်းလွတ် ခွင့်ပေးရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏
လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ
ဗီဇာသက်တမ်းလွန် (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင်
ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက်
မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက်
ထုတ်ပြန်ခဲ့သည်။
ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)၏ ဘတ်ဂျက်တောင်းခံမှုအား ထက်ဝက်လျှော့ရန် ဆွေးနွေး
ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့်
လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် သာဂရအကြီးစားစက်ရုံ၏
ဘတ်ဂျက်တောင်းခံထားသည့်ငွေမှ ထက်ဝက်လျှော့ချရန် ပြည်သူ့လွှတ်တော်
ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက် မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေး ကင်း လွတ်ခွင့်ပေး ရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏
လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ
ဗီဇာသက်တမ်းလွန် (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင်
ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက်
မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက်
ထုတ်ပြန်ခဲ့သည်။
အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်
ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။
အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်
Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်)
ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်း မကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ မှ သိရသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌
သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူ များကြောင့်
လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဖေဖော်ဝါရီ ၂၂ ရက်က
မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အလုံးစုံ
မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်း ကသာ
ပေးလျော်မည့် စနစ်ဖြစ်သော knock for knock agreement ကို
ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက
အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က
မြန်မာ့အာမခံ ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
Subscribe to:
Posts (Atom)