Thursday, 26 September 2013

၂၀၁၄ ဆက်သွယ်ရေး ဈေးကွက်လုပွဲ

Photo: ၂၀၁၄ ဆက်သွယ်ရေး ဈေးကွက်လုပွဲ 
Thursday, September 26, 2013

ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ်ပျက်နေပြီ ဖြစ်သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။

နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ တင်ဒါ အောင်မြင်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီများက မိမိတို့လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင် ကြေညာထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများ မပေးမီမှာပင် မဆွတ်ခင် ညွတ်နေကြသည့် သဘောရှိသည်။

ယင်းအနေအထားသည် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ဘဲ အော်ပရေတာ လုပ်ကိုင်ခွင့် တစ်နေရာစီ ရရှိနေသော ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်းလဲမည့် မြန်မာ့ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီ (Myanmar Telecom) နှင့် ရတနာပုံ တယ်လီပို့ကို အသွင်ပြောင်းလဲမည့် ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ (Yatanarpon Telecom) တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေနှင့် ပြည်ပကုမ္ပဏီများကဲ့သို့ နည်းပညာမြင့် ဝန်ဆောင်မှုများကို ဈေးနှုန်း ချိုသာစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးပမ်းရန် ပိုမိုလိုအပ်လာသည်။ ဈေးကွက်၏ လိုအပ်ချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသော ကုမ္ပဏီများသည် ပြိုင်ဆိုင်မှု ပြင်းထန်မည့် မြန်မာ့ဆက်သွယ်ရေး ဈေးကွက် လုပွဲကြီးမှ ဘေးထွက်ရမည် ဖြစ်သည်။

၂၀၁၆ နှင့် ၈၀ ရာခိုင်နှုန်း

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီ လေးခုမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ရောင်းချ တပ်ဆင်ပေးရမည် ဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅ - ၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီ လေးခုစလုံးက ဆောင်ရွက်ရမှာပါ။ အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ်” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ အင်တာနက် အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် ရတနာသိုက်ကြီး ဖြစ်နေသည်။

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခံထားခဲ့ရသော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ ဆက်သွယ်ရေး ဥပဒေသစ်အရ အခြေခံ အဆောက်အဦး တည်ဆောက်မှုများနှင့် ကွန်ရက် ချိတ်ဆက်မှုများကို အမြန်ဆုံး စတင်ရမည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီးနောက် ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်မည်ဟု ကြေညာထားပြီး အော်ရီဒူးက ခြောက်လအတွင်း စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

“ရတနာပုံ တယ်လီပို့အနေနဲ့ စတင်ဝန်ဆောင်မှု ပေးမယ့်အချိန်ကို တိတိကျကျ သတ်မှတ်ထားတာမျိုးတော့ မရှိသေးဘူး။ ကျွန်တော်တို့က နောက်ကျရင် ကျွန်တော်တို့ပဲ ပြန်ပြီးတော့ထိမယ်။ နိုင်ငံခြား အော်ပရေတာတွေ စတင်မယ်ဆိုတဲ့ ကာလထက်ကို ကျွန်တော်တို့က တစ်လနှစ်လလောက် ထပ်ပိုပြီး ကွာလို့မရဘူး။ စောပြီး စနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ” ဟု ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။

ထို့အပြင် ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုက 4G LTE စနစ်ကို စတင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး မကြာမီ ကာလအတွင်း စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားကြသည်။

“ကျွန်တော်တို့ ရည်မှန်းချက်က 4G LTE ပေါ့။ ဒါကို ရည်မှန်းထားပေမယ့် 2G လည်းဆက်သွားမယ်။ 3G လည်း ထည့်ပေးမယ်။ ဒီကြားထဲမှာ LTE မသွားခင် 3G နဲ့ LTE ကြား 3.75G လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ 4G ကတော့ ဂျပန်အကူအညီနဲ့ တပ်ဆင်နေတာ SEA Games မတိုင်မီ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ဆိုသည်။

ပြောင်းရန်ပြင်ခြင်း

ယခုအခါ ပြည်တွင်းမှ ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲတော့မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့က ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာနှင့် အရင်းအနှီးများ လာရောက် ရင်းနှီးမြှုပ်နှံကြရန် အဆိုပါ လုပ်ငန်းနှစ်ခုစလုံးက နေပြည်တော်တွင် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သော Myanmar Connect 2013 အခမ်းအနားတွင် ပြောကြားခဲ့သည်။

“လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြိုဆိုပါတယ်။ Investment တင်မကဘူး။ နည်းပညာနဲ့ ကျွမ်းကျင်မှု၊ ဈေးကွက်ကို ဘယ်လို သယ်ဆောင်မလဲ ဆိုတာတွေ နားလည်ပြီး ရေရှည် အကျိုးရှိအောင် ဆောင်ရွက်မယ့်သူတွေ ဖြစ်ဖို့လိုတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက ပြောကြားသည်။

ရတနာပုံ တယ်လီပို့က ရေရှည် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပြီး နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ဈေးကွက်အကြောင်း နားလည်သော အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၎င်းကပြောဆိုသည်။

ထို့အပြင် MPT ကို အသွင်ပြောင်းလဲရန်အတွက် ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အခြားဥရောပ နိုင်ငံများမှ အတွေ့အကြုံရှိ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“လက်ရှိ MPT နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ လာဆွေးနွေးနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ စတင်ဆွေးနွေးနေပါပြီ။ ဒီထဲကနေ အကောင်းဆုံး ကုမ္ပဏီတစ်ခုကို ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အခုကုမ္ပဏီ ငါးခုလောက်နဲ့ ဆွေးနွေးနေပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများအတွက် ရှယ်ယာပမာဏ အချိုးနှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို မသတ်မှတ် ရသေးသော်လည်း MPT ၏ ရှယ်ယာပမာဏမှာ အများဆုံးဖြစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သုံးပွင့်ဆိုင် အခက်အခဲ

“ပြည်တွင်းကုမ္ပဏီနှစ်ခု အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက နည်းပညာ၊ အရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သား မရှိတာ။ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တောင်မှ ခပ်မြန်မြန်လုပ်ဖို့ လိုမယ်။ နောက်ကျလေ သူတို့နစ်နာလေပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ လက်ရှိအချိန်တွင် ကျွမ်းကျင်လုပ်သား အလုံအလောက် မရှိမှု၊ နည်းပညာ နိမ့်ပါးမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်သော ပမာဏနည်းပါးခြင်းစသည့် အခက်အခဲများ ရှိနေကြောင်း ဦးအောင်မော်က ပြောကြားသည်။
“နည်းပညာပိုင်းက ရတနာပုံ တယ်လီပို့နဲ့ ပူးပေါင်းမယ့် International Partner ရွေးချယ်တဲ့ လုပ်ငန်းစတင် ဆောင်ရွက်နေပါပြီ။ အဲဒါပြီးသွားရင်တော့ နည်းပညာပိုင်း အနေနဲ့ကတော့ ပြည်ပ ကုမ္ပဏီတွေနဲ့ အတူတူလောက် ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်းသည် အရင်းအနှီးပမာဏ များပြားပြီး ရေရှည် ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းဖြစ်သောကြောင့် နည်းပညာ အရသာမက အရင်းအနှီး ပမာဏများများ ရင်းနှီးမြှုပ်နှံနိုင်သော ကုမ္ပဏီများကိုသာ ရွေးချယ်သင့်ကြောင်း ဦးသန်းဦးက အကြံပြုသည်။

“ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်တဲ့သူ နည်းတယ်။ နည်းတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့မှာ အဲဒါမျိုးတွေမှာ ကျွမ်းကျင်တဲ့ မြန်မာနိုင်ငံသား ပြည်ပမှာ လုပ်နေတဲ့သူတွေ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် ဒီလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ ပြည်ပ နိုင်ငံသားတွေကို ယူပြီသုံးရမယ့် သဘောရှိတယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
ဒုတိယအဆင့် ရာထူးများတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်၍ အတွေ့အကြုံ ယူစေကာ နောင်တွင် ထိုသူများကို တာဝန်ပေးအပ် လုပ်ကိုင်စေရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

အမှန်တကယ် ပြောင်းရမည်၊ အမြန်ပြောင်းရမည် ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း နှစ်ခုက ဈေးကွက်ဝေစု အခိုင်အမာ ရရှိရန် ဝန်ဆောင်မှုနှင့် ဈေးနှုန်း ပိုင်းပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထား သင့်သည်ဟု ဦးသန်းဦးက ပြောကြားသည်။
“ပြည်တွင်းက အော်ပရေတာတွေ အဓိကထား လုပ်ရမှာက ဝန်ဆောင်မှု ပုံစံတွေ ပြောင်းလဲဖို့ပါ။ အခုပေးနေတဲ့ ဝန်ဆောင်မှုနဲ့တော့ ရှိတဲ့ ၁၁ ရာခိုင်နှုန်းလေးပါ ပျောက်သွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ပြည်ပကုမ္ပဏီများက ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းများ ကြိုတင် ကြေညာထားသလို ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက် အလျင်အမြန် ကြိုးပမ်းနေကြချိန်တွင် ပြည်တွင်း အော်ပရေတာ နှစ်ခု၏ လုပ်ကိုင်ပုံမှာ နှေးကွေးလွန်းနေကြောင်း ပြည်တွင်း ဆက်သွယ်ရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် အပြောင်းအလဲများ စတင်နေပြီဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုလည်း လျှော့ချသွားရန် ရှိကြောင်း ဦးအောင်မော်က ဆိုသည်။
“အချိန်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ ဒီနှစ်ထဲလည်း ဖြစ်ရင်ဖြစ်မယ်။ နောက်နှစ်မှလည်း ဖြစ်ရင်ဖြစ်မယ်” ဟု ဦးအောင်မော်က ပြောကြားသည်။

လက်ရှိပြည်တွင်းမှ ဒုတိယအော်ပရေတာ တစ်ခုဖြစ်သော ရတနာပုံ တယ်လီပို့မှာလည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် များများစားစား ပြင်ဆင်ရသေးခြင်း မရှိဘဲ အများပိုင်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းမှု ပြုလုပ်ဆဲ အခြေအနေတွင်သာ ရှိနေသေးသည်။

“ရတနာပုံ တယ်လီပို့က Telecom Operator (ဆက်သွယ်ရေး အော်ပရေတာ) လုပ်ငန်းကို ဆောင်ရွက်ဖို့ အများပိုင်ကုမ္ပဏီကို ကူးပြောင်းတဲ့ဟာတွေ လုပ်နေတယ်။ အများပိုင်ကုမ္ပဏီ လျှောက်ထားပြီးပြီ။ လုပ်ကိုင်ခွင့် ကျတော့မယ်။ ဒါပြီးရင် Yadanarpon Teleport Public ကုမ္ပဏီနာမည်နဲ့ ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမည့် သူများကို ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နည်းပညာ မြင့်မား၍ ရေရှည် ရင်းနှီးမြှုပ်နှံမည့် သူများဖြစ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
“ဒီလို Speed မျိုးနဲ့ဆိုရင် ပြည်ပကုမ္ပဏီတွေပဲ စားသွားလိမ့်မယ်။ ကိုယ်ဘာလုပ်မယ် ဆိုတာတောင် သေချာ မကြေညာနိုင်သေးဘဲနဲ့ အခုမှ ပြည်ပကုမ္ပဏီတွေနဲ့ အသည်းအသန် ပူးပေါင်းဖို့ ကြိုးစားနေကြ တုန်း။ ကိုယ်က ဒေသခံ ကိုယ့်မှာ အားသာချက်တွေ အများကြီး။ အားနည်းချက်တွေလည်း ရှိနေတာ သူတို့လည်း သိနေတာပဲ။ စောစောစီးစီး စနိုင်အောင် ပြင်ဆင်ထားရမှာကို အခုတော့ ပြည်ပကုမ္ပဏီတွေကတောင် အရင်စမယ်နဲ့ တူတယ်” ဟု ဦးသန်းဦးက ဆိုသည်။

ဘယ်သူဘာလဲ သိကြရမည့် ၂၀၁၄

ဆက်သွယ်ရေး ဥပဒေကြမ်းသည် လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်သမ္မတ အတည်ပြုပြီးပါက ဥပဒေ အတည်ဖြစ်လာမည် ဖြစ်ပြီး နောက်ရက်ကိုးဆယ် အကြာတွင် နည်းဥပဒေ ထွက်ရှိမည်ဖြစ်ကာ အော်ပရေတာများကို လိုင်စင်များ ချထားပေးမည် ဖြစ်သည်။

လိုင်စင်ရရှိပြီးပါက အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အကောင်အထည် ဖော်ကြရမည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီများ၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည်ဟု ဆိုထားသည်။ ထို့အပြင် အော်ရီဒူး ကုမ္ပဏီကလည်း လိုင်စင်ရရှိပြီး ခြောက်လ အကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်ဖြင့် 3G စနစ် ပါဝင်သော မိုဘိုင်းလ် ဝန်ဆောင်မှုကို စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ကြိုတင် ကြေညာထားသည်။

ပြည်တွင်း အော်ပရေတာနှစ်ခု အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် ပိုမိုလိုအပ်နေပြီး လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးသန်းဦးက ဆိုသည်။

ထို့အပြင် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများသည် အနာဂတ်ကာလတွင် စိန်ခေါ်မှုများ ပိုမိုများပြားလာမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ပြည်တွင်း အော်ပရေတာများ သေချာစနစ်တကျ အစီအစဉ် ရေးဆွဲပြီး ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆိုသည်။
“အရင်ကလို ကိုယ်ကလက်ဝါးကြီး အုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ အရင်ကလို စဉ်းစားနေလို့လည်း မရတော့ဘူး။ ပြည်သူက အဓိက ဖြစ်လာနေပြီ။ ကိုယ်နောက်ကျရင် ကိုယ်ပဲခံသွားရမှာ။ ဒါကိုနားလည်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်သူများမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ထိတွေ့ရတော့မည် ဖြစ်သည်။ ဈေးနှုန်း၊ ဝန်ဆောင်မှုနှင့် နည်းပညာပေါ် မူတည်၍ ဈေးကွက်ဝေစုကို ခွဲဝေရယူကြ ရတော့မည် ဖြစ်သည်။ လက်ရှိသုံးစွဲသူ ငါးသန်းခွဲခန့်ရှိ၍ အားသာသည်ဟု ထင်ရသော MPT ပင်လျှင် အဆိုပါ အချိန်တွင် လက်ရှိ အသုံးပြုသူများကို ထိန်းသိမ်း၍ သုံးစွဲသူ ပိုမိုများပြားလာရန် ကြိုးပမ်းရမည် ဖြစ်သည်။

တကယ့် ပြိုင်ပွဲကွင်းတွင် အားလုံးသည် လက်ရည်တူ မဖြစ်နိုင်ပေ။ အားနည်းသူ ဘေးထွက်သွားမည် ဖြစ်သည်။ ၂၀၁၄ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်ဝေစု လုပွဲတွင် ပြည်တွင်း အော်ပရေတာ ကုမ္ပဏီများ အသာရနိုင် မရနိုင်ကတော့ စောင့်ကြည့်ရဦးမည်။ ပြည်တွင်းကုမ္ပဏီ လက်ရှိအနေအထားကို အားမရသူ အများအပြားရှိပြီး ဈေးနှုန်းနှင့် အချိန်ကို ကြိုတင် ကြေညာထားသည့် ကုမ္ပဏီများကို ပိုစိတ်ဝင်စားကြောင်း ပြောဆိုကြသည်။

ယင်းတွင် တာမွေမြို့နယ် အတွင်းရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တစ်ခုမှ တာဝန်ခံ ဒေါ်သူဇာဝင်းလည်း ပါဝင်သည်။ ယခုအချိန်တွင် ကြိုတင်ကာ သတင်းအချက်အလက် ထုတ်ပြန်ထားသော ပြည်ပကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ကိုယ့်အတွက် ကိုက်ညီချက်ကို တွက်ချက်နေနိုင်ပြီး ပြည်တွင်း ကုမ္ပဏီများကို လှည့်မကြည့်ချင်တော့။
“သူတို့ကို ထည့်ကို မတွက်တော့တာ” ဟု ဒေါ်သူဇာဝင်းက ဆိုလေသည်။

ရဲဇွန်အောင်
The Voice Weekly
ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ်ပျက်နေပြီ ဖြစ် သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်မှ ယာဉ်တန်းအဆင်း နေ့တိုင်း ဒေါ်လာတစ်သန်းကျော် ဖိုး ကုန်သွယ်လျက်ရှိ

(မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းသို့ တင်ပို့ရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များ)
နယ်စပ် ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော ထိုင်း-မြန်မာနယ်စပ် မြ၀တီ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ယာဉ်တန်းအဆင်း နေ့တိုင်း ပြည်တွင်းဈေးကွက် သို့  ဒေါ်လာ တစ် သန်းကျော်ဖိုး ကုန်သွယ် လျှက်ရှိကြောင်း သိရသည်။

ဒေါ်လာသန်း ၂၀၀ တန် မူးယစ်ဆေးမှုန့် တွေ့မှုနဲ့ လူ ၄ဦးဖမ်းဆီးခံရ

Photo: ဒေါ်လာသန်း ၂၀၀ တန် မူးယစ်ဆေးမှုန့် တွေ့မှုနဲ့ လူ ၄ဦးဖမ်းဆီးခံရ
Thursday, September 26, 2013

သြစတြေးလျနိုင်ငံမှာ ဒေါ်လာသန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေး
ဝါးအမှုန့်တစ်မျိုး ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း ဒီကိစ္စနဲ့ ဆက်ဆပ်တဲ့ အမျိုးသားလေးဦးကိုလည်း ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မနေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အိန္ဒိယနိုင်ငံကနေတင်ပို့လာတဲ့ ဆန်အိတ်တွေကြားထဲမှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ အမှုန့်တမျိုးဖြစ်တဲ့ ephedrine မှုန့် ကီလို နှစ်ရာကျော် ကို ဇီဝလုံခြုံမှုဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား လေးဦးထဲက နှစ်ဦးဟာ Canadian နိုင်ငံသား
ဖြစ်ပြီး တစ်ဦးကတော့ သြစတြေးလျ နိုင်ငံသား ဖြစ်ပါတယ်။ ကျန်နောက်
တစ်ဦးကတော့ နိုင်ငံသားဖော်ပြထားခြင်းမရှိပဲ အခုလောလောဆယ်ဆယ် သူကရဲတွေကို ကူညီပေးနေတယ်လို့သိရပါတယ်။ သူတို့ကို မူးယစ်ဆေးဝါး
တင်ပို့မှုနဲ့ တရားစွဲဆိုထားတယ်လို့ ရဲတွေကဆိုပါတယ်။

အခုသြစတြေးလျနိုင်ငံမှာ တွေ့ရှိဖမ်းဆီးရမိတဲ့ ephedrine မူးယစ်ဆေးဝါး အမှုန့်တွေကို ပို့ဆောင်သူလို့ ထင်ရတဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦး
ကိုလည်း အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Ephedrine မူးယစ်ဆေးဝါးမှုန့်ဟာ မေ့ဆေးတွေ ထုတ်လုပ်တဲ့နေရာမှာ ထည့်သွင်း အသုံးပြုသလို ရင်ကြပ်ရောဂါဆေးမှာလည်း ထည့်သွင်း
ထုတ်လုပ်တဲ့ မူးယစ်ဆေးမှုန့်တမျိုးဖြစ်တယ်လို့ သိရပါတယ်။

ABC
သြစတြေးလျနိုင်ငံမှာ ဒေါ်လာသန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေး ၀ါးအမှုန့်တစ်မျိုး ရှာဖွေတွေ့ ရှိ ပြီးနောက် ပိုင်း ဒီကိစ္စနဲ့ ဆက်ဆပ်တဲ့ အမျိုးသားလေးဦးကိုလည်း ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန်မှ ရပ်နား

ကု လသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာ ထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည် မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတွေအတွက် ဂျပန်ဗီဇာလိုအပ်ချက် ဖြေလျော့ပေးမည်

Photo: မြန်မာတွေအတွက် ဂျပန်ဗီဇာလိုအပ်ချက် ဖြေလျော့ပေးမည်
Thursday, September 26, 2013

ဂျပန်နိုင်ငံဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ အတွက် ဗီဇာလိုအပ် ချက်တွေ ကို ဖြေလျော့ပေးဖို့ စီစဉ်နေတယ်လို့  ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို မြှင့်တင်ပေးနိုင်မယ့် ကြိုးပမ်းချက် အဖြစ်  ခရီးသွားကဏ္ဍ တိုးမြင့်လုပ်ဆောင်ဖို့  လုပ်ဆောင်တာလို့ ဂျပန်အစိုးရ တာဝန်ရှိ သူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မစ္စတာအာဘေးရဲ့အစိုးရအဖွဲ့ဟာ  ဂျပန်နိုင်ငံကို နိုင်ငံခြားသား ဧည့်သည်တွေ ပိုပြီး လာရောက်နိုင်စေဖို့ ဗီဇာတင်းကျပ်မှုတွေကို ဖြေလျော့ပေးဖို့ စီမံကိန်းကို ချမှတ်ခဲ့တာဖြစ်ပြီး  ဇူလိုင်လ မှာတော့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ကာလတို နေထိုင်မယ့်ဧည့်သည်တွေအတွက် ဗီဇာကင်းလွတ် ခွင့် ပေးခဲ့ပါတယ်။

ခုဆို မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေနေ လာရောက်မယ့်သူတွေကို  “multiple-entry visas” အကြိမ်ကြိမ် ၀င်ထွက်ခွင့်ဗီဇာထုတ်ပေးခွင့်ပြုဖို့ ဂျပန်အစိုးရက စဉ်းစားနေတယ်လို့ လည်း သတင်း ရင်းမြစ်တွေ က ဆိုပါတယ်။

တိုကျိုမှာ ကျင်းပဖို့ရှိတဲ့  ၂၀၂၀ အိုလံပစ်ပွဲတော်အကြိုအနေနဲ့  ဂျပန်နိုင်ငံဟာ အာရှခရီးသွား အရေအတွက် တိုးမြင့်လာစေဖို့ ရည်ရွယ်ထားပြီး နိုင်ငံရဲ့  ခရီးသွား လုပ်ငန်း ပွင့်လန်းလာစေဖို့ ရည်ရွယ်ထားတယ်လို့လဲ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နိုင်ငံရဲ့ အရောင်းခွန်နှုန်းထားတွေကို နောက်လာမယ့် ဧပြီလကနေစပြီး လက်ရှိ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ဖြေ လျော့ပေးဖို့ ဆုံးဖြတ်ချက်ကိုလဲ ကြေညာလိုက်ပြီး တချိန်ထဲမှာပဲ ဒီ ဗီဇာကန့်သတ်ချက် ဖြေလျော့တဲ့အစီအစဉ်ကို စလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

by ဒီဗွီဘီ
ဂျပန်နိုင်ငံဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ အတွက် ဗီဇာလိုအပ် ချက်တွေ ကို ဖြေလျော့ပေးဖို့ စီစဉ်နေတယ်လို့  ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်

Photo: ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် 
Thursday, September 26, 2013

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် ထိုင်းနိုင်ငံတွင် ရေကြီးမှု များ နေရာ အများ အပြားတွင် ဖြစ်ပေါ်လျက် ရှိရာ ဒေသ ၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံ ရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်က တည်းက စတင်ဖြစ်ပေါ် ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့ ကြုံတွေ့နေရ သည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊ လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း ပရွန်လတ်က ပြောကြား သည်။

ထို့အပြင် လယ်မြေဧရိယာအများအပြားလည်း ရေလွှမ်းမိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ထိုင်းမြောက်ပိုင်း တွင် ရေကြီးမှုကြုံနေရသည့် ဒေသများမှာ Pitsanulok, Phichit, Petchabun, Kamphaengphet, Nakhon Sawan နှင့် Uthai Thani တို့ဖြစ်ကြပြီး အရှေ့မြောက်ဘက်ရှိ Surin, Si Sa Ket, Ubon Ratchathani, Buriram, Nakhon Ratchasima, Amnatcharoen, Kalasin, Chaiyaphum, Yasothon နှင့် Mukdahan တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် Lopburi, Saraburi, Prachuap Khiri Khan, Kanchanaburi, Ayutthaya, Angthong, Suphanburi နှင့် Chainat၊ အရှေ့ပိုင်းရှိ Prachinburi, Sakaeo, Nakhon Nayok နှင့် Chachoengsao တို့တွင်လည်း ရေကြီးမှုများ ကြုံတွေ့နေရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ Chumphon ဒေသတွင်သာ ရေကြီး မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေကြီးမှု ကြုံတွေ့ခဲ့သည့် ဒေသများအ နက် Kanchanaburi, Chumphon, Prachuap Khiri Khan, Nakhon Ratchasima နှင့် Kalasin တို့တွင် လက်ရှိအချိန်၌ ပုံမှန်အခြေ အနေ ပြန်ဖြစ်လာပြီဟုဆိုသည်။ ထိုင်းနိုင်ငံ တစ်ဝန်း ရေကြီးမှုများ အတွင်း လူ ၉ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ် တားဆီးရေး ဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

Planet Myanmar Network
ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် ထိုင်းနိုင်ငံတွင် ရေကြီးမှု များ နေရာ အများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ ၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံ ရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

နေပြည်တော်တွင်ဆည်တစ်ခုကျိုးပေါက်

Photo: နေပြည်တော်တွင်ဆည်တစ်ခုကျိုးပေါက် 
Thursday, September 26, 2013

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဒေသခံရွာသားများ တည်ဆောက်ထားသော လျှိုပိတ်ဆည်တစ်ခု ယမန်နေ့ညက ကျိုးပေါက်သွားကြောင်း သတင်းရရှိသည်။

အဆိုပါဆည်သည် ထန်းတပင်ကျေးရွာမှ ဒေသခံရွာသား များက တောင် ကျ လျှိုကိုပိတ်ကာ တည်ဆောက်ထားသော လျှိုပိတ်ဆည်ဖြစ်ပြီး ဆည်ကျိုးပေါက် သွားသည်မှာ မှန်ကန်ကြောင်း ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးတင့်က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။

နေပြည်တော်ဒေသနေ ပြည်သူများ စိုးရိမ်ကာ ပြောဆိုလျှက်ရှိသော ငလိုက်ဆည်ကျိုးပေါက်တော့မည်ဆိုသည်မှာမူ မဟုတ်မှန်ပါကြောင်း  ငလိုက်ဆည်အတွက် အမြဲစောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ထပ်မံ ရှင်းလင်းပြောကြားသည်။ ထန်းတပင်ရွာအနီးမှ ကျိုးပေါက်လျက် ရှိကာ လျှိုပိတ်ဆည်မှာလည်း အရွယ်အစားသေးငယ်သည့်အတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ အချိန်တိုအတွင်း ရေအားနည်းသွား မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ငလိုက်ဆည်အနီးပတ်ဝန်းကျင်တွင်နေထိုင်သော ပြည်သူအများကမူ ဆည်ကျိုးတော့မည်ဟုသော သတင်းများကြောင့် စိုးရိမ်ထိတ်လန့်လျက် ရှိသည်။

““ငလိုက်ဆည် ကျိုးတော့မယ်လို့ ကြားနေရတာပြည်သူတွေက စိုးရိမ်နေကြ တယ်။ သက်ဆိုင်ရာက အတည်ပြုသတင်းအမြန်ထုတ်ပေးရင် ပိုကောင်းမှာပဲ”” ဟူ၍ တောင်ညိုကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

ငလိုက်ဆည် ကျိုးပေါက်မည်ကို ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ပျဉ်းမနားမြို့နယ် တို့ အတွင်းရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ပိုမိုစိုးရိမ်နေကြ သည်။ အကယ်၍ ဆည်ကျိုးပေါက်ခဲ့ပါက အဆိုပါ မြေနိမ့် ပိုင်းတွင် ရေလွှမ်းမိုးနိုင်သည်ဟု ဒေသခံများ ထင်နေကြသည်။

၂၀၁၁ ကလည်း ငလိုက်ဆည်ကျိုးသည်ဟုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်က ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာတွင် မဟုတ် မှန်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

7Day Daily
နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဒေသခံရွာသားများ တည်ဆောက်ထားသော လျှိုပိတ်ဆည်တစ်ခု ယမန်နေ့ညက ကျိုးပေါက်သွားကြောင်း သတင်းရရှိသည်။

နမ့်ဖက်ကာ ကျေးရွာအုပ်စု ရဲစခန်းကို ၀င်တိုက်ရာမှ အစိုးရတပ်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဆက်ဖြစ်




ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာအုပ်စုရှိ ရဲစခန်းကို ၀င်တိုက်ရာမှ အစိုးရ တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စက်တင်ဘာ ၂၄ ရက်က တိုက်ပွဲဆက် ဖြစ်ခဲ့ကြောင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က စက်တင်ဘာ ၂၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

လူကုန်ကူး ခံရသည့် အမျိုးသမီး လေးဦးအား မိဘများ ထံ ပြန်လည်အပ်နှံပေး

Photo: လူကုန်ကူး ခံရသည့် အမျိုးသမီး လေးဦးအား မိဘများ ထံ ပြန်လည်အပ်နှံပေး 
Thursday, September 26, 2013

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းဝေးခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးလေးဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့၏ မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေး သည့် အခမ်းနား တစ်ရပ် ကျင်းပပြုလုပ်ခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းမှ ပြောကြားသည်။

အဆိုပါ အခမ်းနား၌ လူကုန်ကူးခြင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက် ၍ ပြောကြားတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထိုစဉ်က မုံရွာခရိုင်၊ ယခု ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သမင်သတ် ကျေးရွာအုပ်စု၊ ချင်ပုံးကျေးရွာနေ ဦးလှဌေး ဆိုသူနှင့် ၎င်း၏သမီးဖြစ်သူ မခင်ယုလှိုင် ဆိုသူ သားအဖနှစ်ယောက် တို့မှ အဆိုပါကျေးရွာနေ ဒေသခံ မြန်မာအမျိုးသမီးလေးဦးတို့ကို ပြည်ပအလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း ၊ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် သွားရောက်လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် လူတစ်ဦးလျှင် ငွေကျပ်လေး သိန်း ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အကယ်၍ ပြည်ပနိုင်ငံ၌ အလုပ်မရရှိခဲ့ပါက ၀န်ဆောင်စရိတ် ကုန်ကျငွေ၏ ငွေနှစ်ဆ အား ပြန်လည်ပေးလျော်မည်ဖြစ်ကြောင်း ယုံကြည်အောင် ကတိက၀ှက်များပြုကာ ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ မြန်မာအမျိုးသမီးငယ် လေးယောက်တို့သည် ဦးလှဌေးတို့၏ သားအဖနှစ်ယောက်ခေါ်ဆောင် ရာနောက်သို့ လိုက်ပါသွားခဲ့ရာ နယ်စပ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ တရားမ၀င်းနည်း လမ်းများဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်း မြန်မာအမျိုးသမီးငယ် လေးဦးတို့မှ ပြောပြသည်။

တရားနည်းလမ်းမကျသော အလုပ်အကိုင် အခွင့်အလမ်းနှင့် ဥပဒေမဲ့ပြု့သော ကိစ္စ ရပ်များကို အညာ ကျေး လက် ဒေသ၌ နေထိုင်ကျသူ များပီပီ မဟုတ်မခံ ဆန့်ကျင်နိုင်ရန်အတွက် နေ့စဉ်ကြံစည်အား ထုတ်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အဆိုပါ မြန်မာအမျိုးသမီးလေးဦးအနက်မှ တစ်ဦးဖြစ်သူ မ...ဆိုသူက ဖုန်းနံပါတ် 0066835423587 ဖုန်းမှနေ၍ မိဘများထံ ဆက်သွယ်ပြောဆိုရာတွင် “ အဖေရေ ..သမီးတို့လေး ယောက်ကို အမြန်ပြန်လာခေါ်လဲ့ပါ..။ ဘန်ကောက်မြို့က အခန်းတစ်ခုထဲမှာ သမီးတို့ကို လှောင်ပိတ်ထားပါတယ်.။ ဒီဖုန်းနံပါတ်ကိုမှတ်ထားပြီး ဒီဖုန်းနဲ့ပဲဆက်သွယ်လိုက်ပါ..။ အခု သမီးတို့ရှိနေတဲ့ နေရာက ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့၊ ဘန်ပွန်(၁၄)လမ်း၊ ပလဆောင်(၆)ထပ်မှာဖြစ်ပါတယ်..။ အဖေ ..မြန်မြန် လာခေါ်လဲ့ပါနော်..” ဟု ပြောဆိုဆက်သွယ်ခဲ့ရာ သူမ၏ ဖခင်ဖြစ်သူမှ အဆိုပါ သတင်းအချက်အလက်များကို မှတ် သား၍ နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့သို့ လိပ်မူ၍ အ ကြောင်းကြားစာ တစ်စောင် ရေး သားပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်၌ မုံရွာမြို့သို့ သုံးရက်ကြာ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံး ရဲချုပ် ဦးဇော်ဝင်း ထံသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့မှ ဆက်လက်၍ တင်ပြအကြောင်း ကြားခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် မှလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့များထံ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီး ငယ်လေးဦးတို့ကို အချိန်မီကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကယ် တင်ပေး ခဲ့ပြီးနောက် ယခုလ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ မြန်မာ - ထိုင်း နယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမုခ်ဦးတွင် အဆိုပါ မြန်မာ အမျိုးသမီးငယ် လေးဦးတို့အား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ M.A.T. အဖွဲ့တာဝန်ခံ ကိုစိုင်းအေးနှင့် အဖွဲ့မှ လွှဲပြောင်းပေးအပ်ခဲ့ ရာ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး မြ၀တီနယ်မြေ တာဝန်ခံ ရဲမှူး အောင်ဌေး နှင့်အဖွဲ့မှ လက်ခံရယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့နောက် ရဲမှူး အောင်ဌေးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ အနီးကပ်ကြီးကြပ်ကွက်ကဲမှု လမ်းညွှန်ချက် များကိုရယူ၍ အဆိုပါ လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီး လေးဦးအား ၎င်းတို့၏ မိဘဆွေမျိုးများထံ အမြန် ဆုံးလွှဲပြောင်းအပ်နှံပေးရေး ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် စစ် ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ လွှဲပြောင်းပို့ဆောင်ရာတွင် ရဲတပ်ကြပ်ကြီး အောင်မြင့်ထွန်း ဆိုသူမှ အနီးကပ် လုံခြုံရေး တာဝန်များကို ရယူထမ်းဆောင်၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်ပြီး ညီရင်းအစ်မကဲသို့ နေထိုင်ခဲ့ သူများ၏ စကားကို ယုံကြည်လက္ခံမိ၍ ပြည်ပနိုင်ငံ၌ အတိဒုက္ခရောက် ခဲ့ကျသူ မြန်မာအမျိုးသမီးလေးများအား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ မိခင်ရင်းပမာ ရင်ဝယ်ပိုက်လျက် နွေးထွေး စွာကြိုဆိုခဲ့ကြပြီး ၎င်းတို့၏ လူမှုဘ၀ရပ်တည်နိုင်ရန်အတွက် လည်း ဘက်စုံထောင်စုံမှနေ၍ ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း အဆိုပါ အခမ်းအနားတွင် တိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌမှ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီး ငယ် လေးယောက်တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ကိုယ်စား စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းမှ ၎င်းတို့၏ မိဘဆွေမျိုးများ ထံ၌ လွှဲပြောင်း အပ်နှံပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပြီးဆုံးခဲ့ ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း) (facebook)
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းဝေးခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၅