Wednesday, 26 December 2012

တရုတ်တွင် အလုပ်ရှား ဘွဲ့ရများ အမှိုက်သိမ်းမည်

Photo: တရုတ်တွင် အလုပ်ရှား ဘွဲ့ရများ အမှိုက်သိမ်းမည်
Wednesday, 26 December 2012

တရုတ်အရှေ့မြောက်ပိုင်းတွင် ယဉ်မောင်းနှင့် သန့်ရှင်းရေးအလုပ်များခေါ်ရာ အရည်အချင်းပြည့် လျှောက်ထားသူပေါင်း ၇၀၀၀ ကျော်ရှိကြောင်း၊ ထိုလျှောက်ထားသူများအနက် ၂၉ ဦးသည် မာစတာ ဘွဲ့ရထား
သူများဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဟာဘင်းမြို့တွင် သန့်ရှင်းရေး လုပ်သား ၁၂၀ ၊ယာဉ်မောင်း ၃၀၇ ဦးနှင့် စက်ပြင် ၃၀ ကို အလုပ်ခန့်ရန်ရှိသဖြင့် မြို့တော်လူသားရင်းမြစ်ဌာနမှ အလုပ်လျှောက်လွှာများခေါ်ခဲ့ကြောင်း၊ စက်တင်ဘာလမှ စတင်ခေါ်ခဲ့သည့် ထိုအလုပ်များကို စုစုပေါင်း ၁၁၅၀၀ ဦးလာလျှောက်ကြကြောင်း၊ ထိုအထဲမှ အရည်အချင်းပြည့်မီသူအဖြစ်
ရွေးထုတ်ရာတွင် ၇၂၀၀ ဦးခန့်ရရှိခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ အစိုးရဌာနများတွင် အလုပ် လုပ်ကိုင်ခြင်းက ဘ၀အာမခံချက်
ရှိနိုင်သည်ဆိုသည့် အတွေးများဖြင့် ထိုသို့ အလုပ်လျှောက်ထားသူ
များပြားခြင်းဖြစ်မည်ဟု ဆိုကြသည်။

တရုတ်ပြည်တွင် အစိုးရ၀န်ထမ်းများသည် မိမိတို့လုပ်ခလစာမှ
ဖြတ်တောက်မှုများ မရှိသည့်အပြင် လူမှုဖူလုံရေး ခံစားခွင့်များကိုလည်း ရရှိခံစားနိုင်ကြသည်။ ထို့ပြင် သူတို့ ပင်စင်ယူသည့်အခါတွင်လည်း ပင်စင်ခံစားခွင့်များသည် မက်လောက်သည့် အနေအထားဖြစ်သဖြင့် အစိုးရအလုပ်ကို စိတ်ဝင်စားကြသည်ဟုဆိုသည်။

ထို့ပြင် အစိုးရအလုပ်ရပါက တစ်ခြားမြို့များမှ ပြောင်းလာသည့်သူများသည့် မြို့တော် ဟာဘင်းတွင် တရားဝင် နေထိုင်ခွင့်ပါမစ်ကိုပါ ရရှိကြသည်။ ထို့ပြင် ၀န်ထမ်းဆိုပါက ကလေးများ ကျောင်းတက်ခွင့်၊ နေထိုင်ရန် အခန်းခ ကို အစိုးရမှ ထောက်ပံ့ကြေးပေးခြင်းအပြင် အခြား ခံစားခွင့်များပါရရှိ
သောကြောင့် ၀န်ထမ်းဘ၀ကို လူတိုင်း မက်မောစွာဖြင့် တိုးဝင်
လာကြခြင်းလည်းဖြစ်သည်။

ယခု သန့်ရှင်းရေးနှင့် ယာဉ်မောင်းလျှောက်ထားသူများမှ ရွေးချယ်ထားသည့် အရည်အချင်းပြည့်မီသူ ၇၀၀၀ ကျော်တွင် ရိုးရိုးဘွဲ့ရထားသူပေါင်း ၃၀၀၀ ခန့်ရှိပြီး၊ မာစတာဘွဲ့ရထားသူ ၂၉ ဦးပါဝင်သည်ဟုဆိုသည်။

ထိုဘွဲ့ရထားသူများသည် အလုပ်မခန့်အပ်မီ နောက်တစ်ကြိမ် လူတွေ့
စစ်ဆေးသည့် အင်တာဗျူးများကို ရင်ဆိုင် ကြရဦးမည်ဖြစ်ကြောင်း ၂၀၀၇ ခုနှစ်ကတည်းက ကွန်ပျူတာသိပ္ပံဘွဲ့ရထားသည့် အသက် ၂၉ အရွယ် လဲ့ယုဆိုသူက ပြောကြားခဲ့သည်။


ရွှေမောင်
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Languageတရုတ်အရှေ့မြောက်ပိုင်းတွင် ယဉ်မောင်းနှင့် သန့်ရှင်းရေး အလုပ် များခေါ်ရာ အရည်အချင်းပြည့် လျှောက်ထားသူပေါင်း ၇၀၀၀ ကျော် ရှိကြောင်း၊ ထိုလျှောက်ထားသူများအနက် ၂၉ ဦးသည် မာစတာ ဘွဲ့ရ ထားသူများဖြစ်ကြောင်း သတင်း ရရှိသည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က ဟာဘင်းမြို့တွင် သန့်ရှင်းရေး လုပ်သား ၁၂၀ ၊ယာဉ်မောင်း ၃၀၇ ဦးနှင့် စက်ပြင် ၃၀ ကို အလုပ်ခန့်ရန်ရှိသဖြင့် မြို့တော် လူသား ရင်းမြစ်ဌာနမှ အလုပ်လျှောက်လွှာများခေါ်ခဲ့ကြောင်း၊ စက်တင်ဘာလမှ စတင်ခေါ်ခဲ့သည့် ထိုအလုပ်များကို

မလေးရှား အရှေ့ပိုင်း ရေကြီး

Photo: မလေးရှား အရှေ့ပိုင်း ရေကြီး 
Wednesday, 26 December 2012

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ်
ကယ်ဆယ်ခဲ့ရပါတယ်။ မုတ်သုန်မိုးကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ အိမ်တွေနဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ရပြီးတဲ့နောက် အရှေ့ပိုင်း ပြည်နယ် အများအပြားမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

အခုဆိုရင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ပြင်းထန်စွာ ခံလိုက်ရတဲ့
ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပါတယ်။ အခြေအနေဟာ ပိုပြီးတော့မှ ဆိုးဝါးလာနိုင်ခြေရှိတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ မုတ်သုန်ရာသီဟာဖေဖော်ဝါရီလ
အထိဖြစ်ပါတယ်။ 

ဗွီအိုအေမလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။ မုတ်သုန်မိုးကြောင့် မြေနိမ့် ပိုင်းဒေ သတွေမှာ အိမ်တွေနဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ရပြီး တဲ့နောက် အရှေ့ပိုင်း ပြည်နယ်အများအပြားမှာကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။အခုဆိုရင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ပြင်း ထန်စွာခံလိုက်ရတဲ့ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည် စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပါတယ်။ အခြေအနေဟာ

သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ

Photo: သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ  
Wednesday, 26 December 2012

သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက
ပြောကြားခဲ့သည်။

သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသားတို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်ရဲများက သီရိလင်္ကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး မြို့တော်ကိုလံဘိုဝန်းကျင်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က စီးနင်းရှာဖွေရာ၌ ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအတွက် ကိုလံဘိုရှိ တရုတ်သံရုံးကို မေးမြန်းရာတွင်
ဖြေကြားခဲ့ခြင်း မရှိပေ။

သီရိလင်္ကာတွင် တည်ထောင်ထားသော တရုတ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်အလုပ်လုပ်နေကြသည်။ အများစုမှာ ခရီးသွားဗီဇာများဖြင့် ၀င်လာကြပြီး ၀န်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြသည်။

အရှေ့တောင်အာရှတွင် တရုတ်သြဇာကြီးမားလာသည်နှင့်အမျှ သီရိလင်္ကာတွင်လည်း တရုတ်နိုင်ငံသားများသည် အလုံးအရင်းနှင့်
မြှုပ်နှံလျက်ရှိကြသည်။ ပြီးခဲ့သည့် ဇွန်လကပင် အပူပိုင်းဇုန်ထဲရှိ ကျွန်းတစ်ကျွန်းဖြစ်သော သီရိလင်္ကာတွင် တရုတ်တို့၏ချေးငွေဖြင့် တည်ဆောက်ထားသော ပထမဆုံးဆိပ်ကမ်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

Ref,Reuters, AFP
Eleven Media Groupသီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံ သား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦး က ပြော ကြားခဲ့သည်။သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသား တို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ် လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိ သူတစ်ဦး

တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ ဒုံးကျည်များ ဖြန့်ချ ဆီးရီးယားနှင့် အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်

တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ ဒုံးကျည်များ ဖြန့်ချ ဆီးရီးယားနှင့် အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်

နေတိုး တပ်ဖွဲ့၏ အဆင့်မြင့် နည်းပညာသုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးခွင်းဒုံးများ ဖြန့်ချမှုသည် ဆီးရီးယား နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ် များကိုသာမက အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ် များကို တန်ပြန် တိုက်ခိုက်ရန် အတွက် ရည်ရွယ်ကြောင်း ရုရှား နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား နိုင်ငံ နယ်စပ် တစ်ဝန်းမှ ဒုံးကျည်များဖြင့် တိုက်ခိုက် လာမှုကို ကာကွယ်ရန် နည်းလမ်းတစ်ရပ် အဖြစ် တူရကီ နိုင်ငံ အတွင်း ပက်ထရီယော့ လေကြောင်း ကာကွယ်ရေး စနစ်များ ဖြန့်ချမှုကို နေတိုးတပ်ဖွဲ့က ယခုလ အစောပိုင်းတွင် ထောက်ခံ မှု ပေးခဲ့သည်။ နေတိုး တပ်ဖွဲ့က ထိန်းချုပ်သည့် ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ် ခြောက်ခုကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လကုန်တွင် စတင် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တူရကီ နိုင်ငံသည် ဆီးရီးယား နိုင်ငံနှင့် ထိစပ်နေသည့် ကီလိုမီတာ ၉ဝဝ ရှိ နယ်စပ် တစ်လျှောက်အား လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ရန် နေတိုး မဟာမိတ် တပ်ဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး  ရက်သတ္တပတ် များစွာ အကြာတွင် နေတိုးတပ်ဖွဲ့များ ထံမှ ပက်ထရီယော့  ဒုံးကျည်များ ဖြန့်ချမှုကို တရားဝင် တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ 

http://www.myawady.net.mm/allnews/global/item/2824-2012-12-26-10-13-17နေတိုးတပ်ဖွဲ့၏ အဆင့်မြင့်နည်းပညာသုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ဒုံးခွင်းဒုံးများ ဖြန့်ချမှုသည် ဆီးရီးယား နိုင်ငံမှ ခြိမ်းခြောက်မှုအန္တရာယ်များကိုသာမက အီရန် နိုင်ငံမှ ခြိမ်းခြောက်မှု အန္တရာယ်များကို တန်ပြန်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ကြောင်း ရုရှား နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်ကဒီဇင်ဘာ ၂၄ ရက်

၂၀၁၃ ဆီးဂိမ်းအတွက် တရုတ်နည်းပြ ၂၁ ဦး ရောက်ရှိမည်

၂၀၁၃ ဆီးဂိမ်းအတွက် တရုတ်နည်းပြ ၂၁ ဦး ရောက်ရှိမည်
Wednesday, 26 December 2012

မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ အတွက် ရေကူး၊ လက်ဝှေ့ ၊ စက်ဘီး ဘက်စကက်ဘော ၊ ဝူရှူး ၊ အလေးမ၊ သေနတ်ပစ်၊ ကြံ့ခိုင်ရေး၊ အနောက်တိုင်းလှေလှော်၊ ပြေးခုန်ပစ် စသည့် အားကစားများ အတွက် အကူအညီပေးမည့် တရုတ်နည်းပြ ၂၁ ဦး အပါ အဝင် စကားပြန် (၁) ဦး ၊ အုပ်ချုပ်ရေးမှူး (၁) ဦး ယနေ့ ရောက်ရှိမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ နည်းပြများကို အားကစား ဝန်ကြီးဌာန ၏အစီအစဉ်ဖြင်
့ခေါ်ယူထားပြီး ၂၀၁၃ ဆီးဂိမ်း အထိ နည်းပြများက အကူအညီ
ပေးသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အားကစားနည်း အလိုက် နည်းပြ ထပ်မံငှားရမ်းရန် ရှိကြောင်းလည်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦး ခွန်ဂျာအောင်ထံမှ သိရသည်။

The Voice Weeklyမြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ အတွက်ရေကူး၊ လက်ဝှေ့ ၊ စက်ဘီး ဘက်စကက်ဘော ၊ ဝူရှူး ၊ အလေးမ၊ သေနတ်ပစ်၊ ကြံ့ခိုင်ရေး၊ အနောက်တိုင်းလှေလှော် ၊ ပြေးခုန် ပစ်စသည့် အားကစားများအတွက် အကူအညီပေးမည့် တရုတ်နည်းပြ ၂၁ ဦး အပါအဝင်စကားပြန် (၁)ဦး ၊ အုပ်ချုပ်ရေးမှူး (၁) ဦး ယနေ့ ရောက်ရှိမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံမှသိရ

၂၀၁၃ ခုနှစ်တွင်အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု ချောမွေ့စွာ ဆောင် ရွက်သွားနိုင်မည်ဟုခန့်မှန်းထားပြီးအမေရိကန်ကလည်းမျိုးဗီဇနည်းဖြင့် ပြုပြင်ထားသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့်အဖျော်ယမကာ များ ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စား

၂၀၁၃ ခုနှစ်တွင်အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု ချောမွေ့စွာ ဆောင် ရွက်သွားနိုင်မည်ဟုခန့်မှန်းထားပြီးအမေရိကန်ကလည်းမျိုးဗီဇနည်းဖြင့်  ပြုပြင်ထားသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့်အဖျော်ယမကာ များ ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စား 


လာမည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာနှစ်ဖက် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေ၏  CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားသည့် စာတမ်းတွင် အထက်ပါအတိုင်း ဖော်ပြပါရှိသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုမူ ၀ါဒများအရ အမေရိကန်နှင့် ဥရောပတို့က စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးခြင်း၊ ရုပ်သိမ်းပေးခြင်းများ ရှိလာချိန်တွင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ ဈေးကွက်ကြီးများသို့ တရားဝင်ကုန်သွယ်တင်ပို့မှု အခွင့်အရေးများ ဆုံးရှုံးခဲ့သော မြန်မာ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်ပြန်လည် ရရှိရေးမှာ အရေးကြီးလာကြောင်းနှင့် ယင်းနိုင်ငံများသို့ မြန်မာ့ပို့ကုန်များ အမှန်တကယ် တင်ပို့ရောင်းချ၍ ရ/မရကိုလည်း မြန်မာပို့ကုန် လုပ်ငန်းရှင်များ သိလိုကြောင်း ၎င်းကစာတမ်းဖတ်ကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး မြန်မာပို့ကုန်များ အမေရိကန်သို့ တင်ပို့နိုင်ရန် လိုအပ်သော ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရေး၊ အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကိုယ်တာနှင့် အကောက်ခွန် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့် ပေးရာတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ် အတည်ပြုရေးများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား သီးခြားကုန်သွယ်မှုဆိုင်ရာ သက်သာသော အခွင့်အလမ်းများ ပေးအပ်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ညှိနှိုင်းဖြေရှင်းရေးကိုလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ပို့ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ရာတွင် အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ မြန်မာ့ပို့ကုန်များကို အမေရိကန်သို့ တင်ပို့ခွင့် ပိတ်ပင်ထားခြင်း ရုပ်သိမ်းသည်မှာ မှန်သော်လည်း လက်တွေ့အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ၎င်းတို့ကွန်ဂရက်အတွင်း အတည်ပြုချက် ရရှိရန်လိုအပ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင်မှ အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံသို့ မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေးထွက်ကုန်များ၊  အေးခဲအသားများ၊ ၀ိုင်နှင့် အဖျော်ယမကာများ တင်သွင်းရန် စိတ်ဝင်စားလျက်ရှိပြီး အခြားဝန်ဆောင်မှု၊ ကုန်သွယ်ရေးလုပ်ငန်း အများအပြားကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

အီးယူနိုင်ငံများသို့ တင်ပို့နေသည့် မြန်မာ ငါးနှင့် ပုစွန် အအေးခန်းစက်ရုံ တစ်ရုံကို တွေ့ရစဉ်


အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
လာမည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာနှစ်ဖက် ကုန်သွယ်မှု လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများ

စေတနာ အကျိုးပေးသူ ဆရာမလေး

စေတနာ အကျိုးပေးသူ ဆရာမလေး 

အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။ 

ကော်လိပ်ကျောင်း assignment အတွက် နီပေါအမျိုးသမီးထောင်ကို အလည် ရောက်ပါတယ်။ ထောင်တွင်းက အမျိုးသမီးများနဲ့အတူ အသက် ရှင် နေထိုင်နေရတဲ့ ကလေးငယ်များကို မြင်တွေ့လို့ ကိုယ်ချင်းစာ သနားစိတ် ဝင်သွားပါတယ်။ မိဘက ထောင်ကျနေတော့ အကူအညီမဲ့ ကလေးများဟာ မိဘနဲ့အတူနေရပါတယ်။ သူတို့လေးတွေသာ ပညာ မတတ်ပဲ အသက်ကြီး သွားရင် ဒီရာဇဝတ်မှုများ၊ လူ့ဆင်းရဲလောကသား များကြားမှာသာ အသက် ရှင်ရမှာကို တွေးမိတော့ သူမ မနေနိုင်တော့ပါဘူး။

ဒါကြောင့်ပဲ သူ့ဆီမှာရှိတဲ့ ၈၈၅ ဒေါ်လာ ဝန်းကျင် စုဆောင်းငွေလေးနဲ့ ကလေးငယ်များကို ကူညီဖို့ စဉ်းစားပါတယ်။ ငွေဒီတိုင်းလှူရင် ကုန်ရုံပဲရှိ တာမို့ ပညာလှူဖို့ စိတ်ကူးပြီး ကလေးငယ်များ အတွက် နေ့မူကြိုကျောင်း စလုပ်ပေးပါတယ်။ မူကြိုကျောင်းဆိုပေမယ့် မူကြိုအရွယ်ကို ကျော်လွန်ပြီးတဲ့ ကလေးများလည်း ပါဝင်နေပြန်ပါတယ်။ ဒါကြောင့် ကလေးပြုစုစောင့်ရှောင့်၊ ပညာသင်ကြားရေး ကျောင်း အဖြစ် ဒေသခံ အစိုးရဆီမှာ မှတ်ပုံတင် လို့ ထောင်မှာ စလုပ်ပါတယ်။ 

နေ့ပိုင်းမှာ ကလေးများကို ခေါ်ယူ စာသင်ပေးပြီး ညကျတော့ မိဘဆီ ပြန်တဲ့ Day Care ပုံစံ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်ဟာ လူသိများလာပြီး အလှူရှင်အချို့  ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် အပြင်မှာ ကလေးပြု စုစောင့်ရှောင့်ရေး ကျောင်းငယ်လေး တစ်ခုထောင်ဖို့အတွက် အလှူငွေတွေ ရရှိပါတယ်။ ဒါနဲ့ ကလေးပြုစုရေးကျောင်းလုပ်ပြီး အနေ၊အစား အားလုံး တာဝန်ယူပေးပါတယ်။ အားလပ်ရပ်ကျတော့ ထောင် ထဲက မိဘဆီ ပြန် လည်ဖို့ ခွင့်ပေးပြီး စည်းစနစ်နဲ့ လုပ်ပါတယ်။ 

နောက်တော့ ထောင်ကျမိဘရဲ့  ကလေးများအတွက်တင်မကတော့ပဲ နီပေါ ရဲ့ ဆင်းရဲသား ရပ်ကွက်များက ကလေးငယ်များ၊ အလေအလွင့် ကလေးငယ် များကိုပါ စုစည်းလို့ ကျောင်းမှာ ပညာသင်ကြားပေးပါတယ်။ ကျန်းမာရေး အတွက် ထောက်ပံ့ပေးပါတယ်။ စားဝတ်နေရေး အားလုံး တာဝန် ယူပါ တယ်။ အလှူရှင်တွေလည်း ပြည်တွင်းကတင် မကတော့ပဲ ပြည်ပ အလှူရှင် များပါ လာရောက် လေ့လာလှူဒါန်းပါတယ်။ လူမှုရေး လုပ်ငန်းလုပ်တဲ့ Pushpa Basnet ဟာ ဘွဲ့ကြီးကြီးမားမား ရရှိသူ မဟုတ်ပေမယ့် နိုင်ငံ တကာရဲ့ အာရုံစိုက်မှုကို ခံရလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးငယ် များဟာလည်း ထူးချွန်သူများ ဖြစ်လာပြီး နီပေါနိုင်ငံရဲ့  အစိုးရပညာရေး စနစ်မှာ ထူးချွန်ကျောင်းသားများ ဖြစ် လာပါတယ်။ 

Pushpa Basnet ဒီမှာတင် မရပ်တန့်ပါဘူး။ ကလေးတွေကို တစ်သက်လုံး သူ ကျွေးမထားနိုင်ဘူးဆိုတာကိုလည်း သိနေပါတယ်။ ယနေ့ ၂၀၀၇ခုနှစ် အထိ သူ့လက်အောင်ကနေ ကလေးပေါင်း၁၀၀ မကေ မွေးထုတ်ပြီး ဖြစ်ပါ တယ်။ ဒီလို တစ်ရာမက ကလေးငယ်များကို တစ်သက်လုံး သူကျွေး မထားနိုင်တော့ အစီအစဉ် သစ်တစ်ခုအနေ နဲ့ ထောင်ကျ မိဘများကို အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေး တဲ့ ဖောင်ဒေးရှင်းတစ်ခု စပြန်ပါတယ်။ ဒါကြောင့် ထောင်ကထွက်လာတဲ့ မိဘများဟာ ကျောင်း တက်နေတဲ့ သားသမီးများအတွက် သမာအာဇီဝနည်း လမ်းနဲ့ လုပ်ကိုင်ကျွေးမွေး စောင့်ရှောင့် နိုင်စေဖို့ ဖြစ်ပါတယ်။ သူမ ဖောင်ဒေးရှင်း အောင်မြင်ပြီး နီပေါဆင်းရဲသားများအတွက် အလုပ်အကိုင် အခွင့်အလှမ်းများ ပိုမိုတိုးတက်လာပါတယ်။ 

ဒါကြောင့် သူမရဲ့  လုပ်ဆောင်ချက်ကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာက မီဒီယာများ လာရောက် အင်တာဗျူးပါတယ်။ လေ့လာပါတယ်။ CNN မှလည်း ၂၀၁၂ ခုနှစ်၏ တစ်နှစ်တာ စံပြ လူစွမ်းကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ နီပေါနိုင်ငံ ကရော၊ တောင်ကိုရီးယားနိုင်ငံကရော ဆုတံဆိပ်များ ချီးမြင့် ပါတယ်။ အမေရိကန်ပြည်ထောင်စု ဂျော့ဝါရှင်တန် တက္ကသိုလ်မှ Basnet ကို တက္ကသိုလ်ကျောင်းသားများအတွက် မိန့်ခွန်းပြောကြားဖို့အတွက် သီးသန့် ဖိတ်ကြားပါတယ်။

လက်ရှိချိန်မှာ အသက် ၃၀ ဝန်းကျင်ရှိပြီ ဖြစ်တဲ့ ကမ္ဘာ့စံပြပုဂ္ဂိုလ်/ နီပေါနိုင်ငံ ဂုဏ်ဆောင် Pushpa Basnet ဟာ ကလေးတွေကြား မှာ ပျော်ရွှင်ရင်း စာသင်လျက် ရှိပါတယ်။
-
Ref: wiki,CNN
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_5353.html


အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။ ကော်လိပ်ကျောင်း assignment အတွက် နီပေါအမျိုးသမီးထောင်ကို အလည် ရောက်ပါတယ်။ ထောင်တွင်းက အမျိုးသမီးများနဲ့အတူ အသက်ရှင် နေထိုင်နေရတဲ့ ကလေးငယ် များကို မြင်တွေ့လို့ ကိုယ်ချင်းစာသနားစိတ် ဝင်သွားပါတယ်။ မိဘက ထောင်ကျနေတော့ အကူအညီမဲ့ ကလေးများဟာ မိဘနဲ့အတူနေရပါတယ်။ သူတို့လေးတွေသာ

ရုရှားနှင့် အမေရိကန် နိုင်ငံ ဒုံးကျည် ကာကွယ်ရေး တပ်ဖြန့်ချထားမှုနှင့် ပတ်သက်သော ဆွေးနွေး ညှိနှိုင်းမှုများ ရပ်တန့် Shared by စကားဝါ

ဒုံးကျည် ကာကွယ်ရေးတပ်ဖြန့်ချထားမှုနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန် နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်း မှုများ ရပ်တန့်နေကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Anatoly Antonov က ဒီဇင်ဘာလ

နော်ခမ်းရဲ့ နောက်လိုက်ဟု ယူဆခံရသူ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ


တရုတ်နိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရသူ မူးယစ်ရာဇာ စိုင်းနော် ခမ်း၏ နောက်လိုက်ဟု ယူဆရသူထိုင်း တဦး ကို ဘတ်ငွေ ၂၅ သန်းခန့် ရှိသည့် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များက ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီး

ခွင့်ပြုချက်အထောက်အထားမပါရှိတဲ့ ကျပ်သိန်း၃၀၀ တန်ဖိုးရှိ ပလက်တီနမ်ပစ္စည်း ခ၇ီးသည်တစ်ဦးထံမှ တွေ့ရှိ

ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင် ငံကနေ ပြန်လာတဲ့ ပြည်တွင်းခရီး သွားတစ်ဦးရဲ့ အိတ်ထဲကနေ ငွေ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပလက် တီနမ်လို့ ယူဆရတဲ့ လက်ကောက်၊ ဟန်းချိန်း၊ ဆွဲကြိုး

ပေါက်တောမြို့နယ်တွင် ရခိုင်နှစ်ဦးတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး(အရေးပေါ်သတင်း)

ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ  မောင်တင်အောင်မြင့် (ဘ)ဦးစံရွှေလှ၊ ၂၅ နှစ် နှင့် မောင်ကျော်သန်းစိုး

ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသည့် ဝန်ကြီးချုပ်ဟောင်း တာရိုအဆို

Photo: ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသည့် ဝန်ကြီးချုပ်ဟောင်း တာရိုအဆို
Wednesday, 26 December 2012 

ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအဘီ၏ အစိုးရဝန်ကြီးအဖွဲ့ အမည်စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ရာ ယခင် ဝန်ကြီးချုပ်ဟောင်း တာရိုအဆိုအား ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်သည်။

ဂျပန်လွှတ်တော်က ရှင်ဇိုအဘီအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး မကြာမီပင် အစိုးရဝန်ကြီးအဖွဲ့အမည်စာရင်းကို ကြေညာလိုက်ခြင်း
ဖြစ်ကြောင်း AFP သတင်းက ဖော်ပြသည်။

Planet Myanmar Networkဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအဘီ၏ အစိုးရဝန်ကြီးအဖွဲ့ အမည်စာရင်းကို

ကလေးများအား ဗိုက်ကြီးသည် ဘိုမရုပ် ပေးမဆော့ရ

Photo: ကလေးများအား ဗိုက်ကြီးသည် ဘိုမရုပ် ပေးမဆော့ရ
Wednesday, 26 December 2012

ဗိုက်ကြီးသည် ဘိုမရုပ်များ တစ်ချိန်က နိုင်ငံတကာမှ ခေတ်စားခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းကစလို့ နိုင်ငံအတော်များများက တားမြစ်ချက်နဲ့ လိုက်လံ ပိတ်ပင်ခဲ့တာကြောင့် ယခုတော့ ရှားသွားပြီ ဖြစ်ပါ တယ်။

အမေရိကန်မှာ စတင်ပိတ်ပင်တာ ဖြစ်ပါတယ်။ ဆေးပညာ တွေ့ရှိချက်အရ ဗိုက်ကြီးသည် ဘိုမရုပ်ခေါ် Pregnant doll များကို ဆော့ကစားခြင်းဖြင့် ကလေးငယ်များရဲ့  စိတ်မှာ စွဲကျန်ပြီး တကယ့်အပြင်လောကမှာ ပြန်လည် အသုံးချတတ်တယ်လို့ ဆိုပါတယ်။ အရှင်းဆုံး ဥပမာ ကတော့ ဗိုက်ကြီးသည် ဘိုမရုပ်ဆော့ကစားတဲ့ ကလေးငယ်များဟာ တစ်ချိန်ကျ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခြေအနေအထိ ဖြစ်ရန်လွယ်ကူလို့ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက ဘိုမရုပ်မှာ ကိုယ်ဝန်ဆောင်မိခင်ပမာ ဆော့ကစားတဲ့အခါ ယင်းအချိန်ကစလို့ နောက်နောင် အရွယ်များမှာ ကိုယ်ဝန်ဆောင်တယ် ဆိုတာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ဖွယ်ရာ ကစားစရာလိုပဲ ထင်မှတ်လာ တတ်လို့ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ်အထိ ကလေးများဟာ ငယ်ငယ်က ဖြစ်ရပ်များ၊ သိရှိမှုများကို မှတ်ယူပြီး အပြင်မှာ လက်တွေ့ တကယ် အသုံးချတတ်ပါတယ်။ ယင်းမှတ်ယူထားမှုကိုလည်း တစ်သက်လုံး စွဲနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကစားအရုပ်နည်းတူ လက်တွေ့ဘဝမှာ ပြန်လည် ကျင့်သုံးတတ်ကြပါတယ်။

အမေရိကန် ဆေးပညာနဲ့ စိတ်ပညာရှင်များက အကြောင်းပြချက်နဲ့ တကွ ဖြေရှင်းထားမှု ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်တင်မကပဲ ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ် ရောင်းချမှုလျော့ကျသွားပြီး တရားဝင်ကနေ တရားမဝင်ရောင်းချတဲ့အဆင့်အထိကို ရှိလာခဲ့ပါတယ်။ အရုပ်များနဲ့ ဆော့ကစားမှုဟာ ကလေးများအတွက် စိတ်လည်းအပန်းဖြေပြီး ဥာဏ်ရည်လည်း ကွန့်မြူးစေပါတယ်။ သို့ပေမယ့် ယင်းနေရာမှာ ကိုယ်ဝန် ဆောင်ဘိုမရုပ်များနဲ့ ဆော့ကစားမမိစေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယင်းအတွက် မိဘများအနေနဲ့ လိုက်လံ သွန်သင်ပြီး ကောင်းမွန်မှန် ကန်သော ဆော့ကစားနည်းကို လမ်းညွန်သင့်ကြောင်း ဆိုထားပါတယ်။ သို့သော် လက်ရှိ အချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုယ်ဝန်ဆောင် ဘိုမရုပ်များနဲ့ ဆော့ကစားတဲ့ ကလေးငယ် ပေါင်းများစွာ ရှိနေသေးကြောင်း သိရပါတယ်။
--
Ref:rare-facts
International news for myanmarဗိုက်ကြီးသည် ဘိုမရုပ်များ တစ်ချိန်က နိုင်ငံတကာမှ ခေတ်စားခဲ့ ပါ တယ်။ သို့ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းကစလို့ နိုင်ငံအတော်များ

တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအား ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း ပြောကြား

Photo: တော်ဝင်စက်ရုံ တာဝန်ရှိသူများက ဒဏ်ရာရအလုပ်သမားများအား ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း ပြောကြား
Wednesday, 26 December 2012 

တော်ဝင်သစ်အချောထည်စက်ရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စက်ရုံ ၀င်းအတွင်း ၀ါးရင်းတုတ်များ၊ သံတုတ်များနှင့် ရိုက်နှက်ခဲ့ကြောင်း ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသော အလုပ်သမားများမှ အခိုင်အမာပြောဆို ခဲ့သော်လည်း စက်ရုံတာဝန်ရှိများဘက်မှ တစုံတရာ ရိုက် နှက်အကြမ်းဖက်မှု မပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

စက်ရုံ နေ့လည်စာစားနားနေချိန်တွင် ယခင်ကဆန္ဒပြခဲ့သော အလုပ်သမား များက စက်ရုံဝင်းအတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးမှုများ ပြုလုပ်ခြင်းသာ
ဖြစ်ကြောင်း၊ မိမိတို့က ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ အင်းစိန်ဆေးရုံ တွင် ဆေးကုသမှုခံယူနရသော အလုပ်သမားများမှာ လည်း ၎င်းတို့ဘာသာ အချင်းချင်းပြန်လည် ထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆေးကုသမှုခံယူနရခြင်း
ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''စက်ရုံက အလုပ်သမားတွေ ထမင်းစားနားချိန်မှာ တံခါးကို အတင်းတွန်း ဖွင့်ပြီး ဝင်လာတယ်၊အထဲက အခန်းတွေကို ရိုက်နှက်ဖျက်ဆီးတယ်။ ပြီး
တော့ သူတို့က ဒီဘက်ကအလုပ်သမားတွေမဟုတ်ဘူး။ သံချည်သံကွေးက အလုပ်သမားတွေ၊ စက်ရုံမှ အင်အားနည်းနေတဲ့အချိန်မှာ ခုလို ဖြစ်တာ၊ စက်ရုံကသူတို့ကို အလုပ်ပြန်ပေးပြီးသားပါ။ လုပ်ငန်းခွင်လည်း ဝင်နေကြပြီ။ သူတို့အချင်းချင်းပြန်ပြီး ထိခိုက်မိတာပဲဖြစ်နိုင်တယ်။ စက်ရုံဘက်ကတော့ ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး''ဟု အဆိုပါစက်ရုံမှ စက်ရုံမှူး ဦးလှကြည်က
ပြောကြားသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ဆန္ဒပြခဲ့သောအလုပ်သမားများ၏ စက်ရုံတွင်းဝင်ရောက်ရိုက်နှက်မှုကြောင့် စက်ရုံရှိ စီမံရုံးခန်း၊ ကွန်ပျူတာ ရုံးခန်း၊ ဒါရိုက်တာရုံးခန်း၊ ကျန်းမာရေးဌာနနှင့် အစည်းအဝေးခန်းတို့မှ ကွန်ပျူတာများ၊ စက်ပစ္စည်းများအပါအဝင် ရုံးခန်းများအတွင်းမှ အသုံး အဆောင်များအပြင် စက်ရုံမှ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း၊ စက်ရုံအလုပ် သမားများမှ ဖျက်ဆီးမှု မပြုလုပ်ကြရန် တောင်းပန်ခဲ့ကြ ကြောင်း၊ တစုံတရာ လက်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းတို့၏ အလုပ်သမားအခွင့်အရေးအတွက် ကာလအတော်ကြာသည်အထိ ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ပြီး အလုပ်သမားရေးရာကော်မရှင်၏ ညှိနှိုင်းပေး မှုကြောင့် အလုပ်ခွင်ပြန်လည်ဝင်ရောက် လုပ်ကိုင်ခဲ့သည်မှာ တစ်ပတ်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''ကျွန်မ ရှေ့မှာတင် ဝါးရင်းတုတ်စည်းကို ချပေးပြီးရိုက်ခိုင်းတာ၊ အဲဒီအချိန်မှာ တံခါးကိုလည်း ပိတ်လိုက် ကြတယ်။ ခုတောင် သစ်လုံးပုံဘေး မှာ တွေ့လာ တာ” ကိုနေလင်းဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ဆက်လက်၍ ကိုဇင်မျိုးကိုကို၏ မိခင်ဖြစ်သူက ''နဲနဲမဟုတ်ဘူး၊ မသေမချင်း ရိုက်သတ်တာ၊ ကံကောင်းလို့မသေတာ၊ လုံးဝမကျေနပ်နိုင် ဘူး''ဟု ပြော ကြားသည်။

ဆန္ဒပြခဲ့သော အလုပ်သမားများဘက်မှ ၃၀ ခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၅ ဦးမှာဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံတွင် တက်ရောက် ကု သနေရသည်။အလုပ်သမားများဘက်မှ ၄င်းတို့၏ နစ်နာမှုအတွက် ဥပဒေအရအရေးယူရန်စီစဉ်လျက်ရှိကြောင်းနှင့် အလုပ်ရှင်ဘက်မှ ယခုချိန် ထိ ဒဏ်ရာရအလုပ်သမားများကို လာရောက်ကြည့်ရှုမှုမရှိသေးကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်မင်းကပြောကြားသည်။

အခြေအနေများမှာ ယခုချိန်ထိရှုပ်ထွေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများမှာ အခြေအနေမစိုးရိမ်ရတော့သော်လည်း ၎င်းတို့ ၏ နစ်နာမှုအတွက် တရားစွဲဆိုနိုင်ရန်စီစဉ်လျက်ရှိကြောင်းနှင့် စက်ရုံတာဝန်ရှိသူများဘက်မှလည်း စက်ရုံတွင်း ထိခိုက်နစ်နာမှုများအတွက် ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ခေတ်သို့
ပြောကြားသည်။


ဆေးရုံတွင် တက်ရောက် ကုသနေကြသည့် အလုပ်သမားများနှင့် အလုပ်သမားများကို ကူညီဆောင်ရွက်ပေးခဲ့သူ ကိုကျော်မင်းတို့အား မရမ်း ကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်တို့မှ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းသို့ တရားစွဲဆိုရာတွင် မရမ်းကုန်းမြို့နယ်တွင် ငါးဦး၊
ရွှေပြည်သာမြို့နယ်တွင် ခုနစ်ဦး၊ အင်းစိန်မြို့နယ်တွင် ငါးဦး တရားစွဲထားကြောင်း ကိုကျော်မင်း၏ ပြောကြားချက်အရ သိရသည်။

ဝေယံ
The Myanma Age တော်ဝင်သစ်အချောထည်စက်ရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စက်ရုံ ၀င်းအတွင်း ၀ါးရင်းတုတ်များ၊ သံတုတ်များနှင့် ရိုက်နှက်

ရန်ကုန်ရှိ အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းရန် GIS နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း ဂျာမနီကူညီ

Photo: ရန်ကုန်ရှိ အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းရန် GIS နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း ဂျာမနီကူညီ 
Wednesday, 26 December 2012

ရန်ကုန်မြို့ရှိ  မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရာတွင် ယင်းတို့၏ တည်နေရာ၊ အဆောက်အအုံ၏ အနေအထား၊ မြင်ကွင်းပုံစံ အစရှိသည်တို့ကို GIS နည်းပညာဖြင့် မှတ်တမ်းတင်နိုင်ရန် ဂျာမနီနိုင်ငံက အကူအညီပေးနေကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့ပေါ်ရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများစာရင်း (Heritage Inventory of Downtown Yangon,HIDY) သည် အရှေ့အနောက်အနေဖြင့် လမ်းမတော်လမ်းမှ သိမ်ဖြူလမ်းအကြား၊ တောင်၊ မြောက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ကမ်းနားလမ်းအကြားရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများကို စာရင်းပြုစုလျက်ရှိကြောင်းလည်း ဂျာမနီနိုင်ငံ Cologne တက္ကသိုလ်မှ သုတေသနပညာရှင် Dr.Regine Spohner က ပြောကြားခဲ့သည်။

GIS နည်းပညာဆိုသည်မှာ ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံများရိုက်ယူ၍ ပထ၀ီမြေပြင် အချက်အလက်များကို မှတ်တမ်းတင်သော စနစ်ဖြစ်သည်။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မြို့က ရှေးဟောင်းအဆောက်အအုံနေရာတွေကို GIS နည်းပညာနဲ့ မှတ်တမ်းတင်ဖို့ လုပ်နေပါတယ်၊၊ အခု GIS နဲ့ မှတ်တမ်းတင်
ထားတာတွေကိုလည်း Map တစ်ခုထုတ်သွားဖို့ ရှိပါတယ်။ 
ဒီနည်းပညာကို အသုံးပြုပြီး ဆွဲထားတဲ့ မြေပုံတွေအပေါ်မှာ ကိုယ်သိချင်တဲ့ အဆောက်အအုံကို အလွယ်တကူရှာနိုင်သလို အဆောက်အအုံရဲ့ ပုံစံဒီဇိုင်း၊ အရွယ်အစား၊ မြင်ကွင်း စတာတွေကို သိနိုင်မှာပါ။ ဒါတွေကို ဂျာမနီနိုင်ငံ University of Cologne က ပညာရှင်တွေရဲ့ အကူအညီနဲ့
ဆောင်ရွက်နေတာပါ” ဟု ပြောကြားခဲ့သည်။

“မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့စီစဉ်ထားပါတယ်။ လတ်တလော ရန်ကုန်မှာရှိတဲ့ ရှေးဟောင်း
အဆောက်အအုံတွေနဲ့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။ မြို့ပြအမွေအနှစ်ဆိုတာ ရှေးဟောင်း
အဆောက်အအုံတွေအပြင် သမိုင်းအရ တန်ဖိုးရှိတဲ့ အဆောက်အအုံတွေ၊ ကန်တော်ကြီးတို့၊ အင်းလျားကန်တို့လို သဘာဝအမွေအနှစ်တွေ ပါဝင်တယ်။ Man-made Building တွေ၊ ဆိုလိုတာက လူတွေဖန်တီးထားတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေ ပါဝင်တယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဆိုသည်။ စာရင်းကောက်ယူခြင်းများကို ၂၀၁၀ ပြည့်နှစ်ကတည်းက ကွင်းဆင်းလေ့လာမှုများ ပြုခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Groupရန်ကုန်မြို့ရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရာတွင် ယင်းတို့၏ တည်နေရာ၊ အဆောက်အအုံ၏ အနေအထား၊ မြင်ကွင်းပုံစံ

ဘန်ကောက် Dusit ဆေးပညာ ၀န်ဆောင် မှုမှ မြန် မာနိုင် ငံတွင် လာ မည့်နှစ် အတွင်း ဆေးရုံ တည်ဆောက် ရန် စီစဉ်

Photo: ဘန်ကောက် Dusit ဆေးပညာဝန်ဆောင်မှုမှ မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ဆေးရုံတည်ဆောက်ရန် စီစဉ် 
Wednesday, 26 December 2012 

Bangkok Dusit Medical Services Plc(BGH) က လာမည့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆေးရုံလာရောက်တည်ဆောက်ရန် အစီအစဉ်ရှိနေသည်ဟု ထိုင်းနိုင်ငံ သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆေးရုံအုပ်စုတွင် ပါဝင်ပြီး ၄င်းတို့၏ စီးပွားရေးကို ချဲ့ထွင်ရန်ယခုလို မြန်မာနိုင်ငံတွင် ဆေးရုံလာရောက်
ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်သည်။

ကုမ္ပဏီ၏ အမှုဆောင်ချုပ်က မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်၊
ငွေကြေးလွှဲပြောင်းမှုနှင့် စီးပွားရေးပိုင်ဆိုင်ခွင့် အခြေအနေများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများ ပိုမိုရှင်းလင်းမှုရှိလာရန် လိုအပ်သည်ဟု ဆိုသည်။

BGHအဖွဲ့က မြန်မာနိုင်ငံအတွင်း ဈေးကွက်အခြေအနေများကို လေ့လာပြီးဖြစ်ကာ မြေယာအပိုင်  ၀ယ်ယူလိုသော်လည်း မြေယာဆိုင်ရာ စည်းမျဉ်းများ မသေချာမှုကြောင့် နှောင့်နှေးနေရသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက
ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံက ကျွန်တော်တို့ဟိုတယ်တွေကို
ဆေးလာရောက်ကုသတဲ့ လူနာဦးရေဟာ ယူအေအီးနိုင်ငံပြီးရင် 
အများဆုံးဖြစ်နေပါတယ်။ဒါကြောင့် မြန်မာနိုင်ငံဟာ ဈေးကွက်အလား
အလာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်” ဟု BGH အဖွဲ့၏ အမှုဆောင်ချုပ် မစ္စတာချတ်ထရီးက ပြောသည်။

BGH အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်လည်း ဆေးရုံသုံးရုံ တည်ဆောက်ထားပြီး ဖြစ်သည်။ ၄င်းတို့က လက်ရှိတွင် ဆေးရုံ ၃၁ ရုံ ပိုင်ဆိုင်ထားရာမှ ၂၀၁၅ ခုနှစ်တွင် ၅၀ ရုံအထိ တိုးမြှင့်တည်ဆောက်ရန် ရည်ရွယ်ထားသည်။

မြန်မာလူမျိုးများ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုမှာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ခန့်တွင် လာရောက်ဆေးကုသမှု အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လာခဲ့သည်။

မြန်မာလူမျိုးများ သွားရောက်ဆေးကုသမှုများသော အခြားနိုင်ငံများတွင် စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်နေသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း  ပြည်ပဆေးရုံများနှင့် ချိတ်ဆက်ဝန်ဆောင်မှု
ပေးနေသော လုပ်ငန်းများ များပြားလာနေပြီး ပြည်တွင်း၌ ကျန်းမာရေး
စောင့်ရှောက်မှုအတွက် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း
ပြည်ပနိုင်ငံများတွင် ဆေးကုသမှု ခံယူနေကြသူများက ဆိုသည်။

Eleven Media Group Bangkok Dusit Medical Services Plc(BGH) က လာမည့် ၂၀၁၃

အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံ ကူးလက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ

အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံ
ကူးလက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ  
Wednesday, 26 December 2012

အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံ
ကူးလက်မှတ်များ ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless ဖြစ်နေသည့် ကလေးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။

“အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်
သမား ၁ ဒသမ ၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ကျန်ရှိနေသေးတဲ့ လုပ်သားနှစ်သန်းခန့်ကိုလည်း ဆက်လက်ထုတ်
ပေးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ Stateless ဖြစ်နေတဲ့အတွက် အဲဒီကလေးတွေကိုလည်း မြန်မာနိုင်ငံ
သားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးဖို့နဲ့ ကလေးတွေ ပညာသင်နိုင်ဖို့ကိစ္စတွေကို အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ရှိပြီး မလေးရှားနိုင်ငံတွင်
ရောက်ရှိနေသည့် အထောက်အထားမဲ့ လုပ်သား ၁၀၁၀၀၀ ကျော်ကို
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အထောက်
အထားမဲ့လုပ်သား တစ်သိန်းခန့်ကို ဆက်လက်ထုတ်ပေးနိုင်ရန်
ဆောင်ရွက်နေသည်။

“အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ အခက်အခဲတွေ
ဖြေရှင်းပေးနိုင်ဖို့ ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သမား သံအရာရှိတွေ ခန့်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်
ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်
နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားကိစ္စများကို IOM နှင့်ပူးပေါင်းဆောင်ရွက်နေပြီး
ပြည်ပရောက်အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်
နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ
စ၍ ပြည်ပနိုင်ငံများသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို စေလွှတ်ခဲ့ပြီး အလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံများမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း သိရပါသည်။

Eleven Media Group
အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံ ကူးလက်မှတ်များ ဆက်လက် ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး Stateless ဖြစ်နေသည့် ကလေးများကို မြန်မာနိုင်ငံ သားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန် ဆောင် ရွက်နေကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး

Mercedes Benz CLA ကားသစ် ဒီဇိုင်း

Mercedes Benz CLA ကားသစ် ဒီဇိုင်း
Wednesday, 26 December 2012

ဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ်မယ့်ကား
ဖြစ်ပါတယ်။

A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေမှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကို ယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဈေးနှုန်းကလည်း သက်သက် သာသာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ ၁၆၀၀ စီစီ၊ ၂၀၀၀ စီစီ အင်ဂျင်တွေချည်း ဖြစ်ပြီး တာဘို ဒီဇယ် ဗားရှင်းလည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ တံခါး လေးပေါက် ခေတ်မှီ လှပတဲ့ ဆလွန်း ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ယခု စတင်နေပြီ ဖြစ်ပါတယ်။

ကာလတန်ဖိုအားဖြင့် အမေရိကန်ဒေါ်လာ ၃ သောင်း ဝန်းကျင်နဲ့သာ ရောင်း ချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobileဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ် မယ့် ကား ဖြစ်ပါတယ်။A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေ မှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကိုယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါ

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ
Wednesday, 26 December 2012

အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ် အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ
နေရာတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ်
သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

အဆိုပါ မီးသတ်သမား များသည် မီးလောင်မှု ဖြစ်ပွားရာ မြို့ငယ်
တစ်ခု ဖြစ်သော ဝက်ဘ်စတား မြို့သို့ မီးငြှိမ်းသတ်ရန် သွားရောက်စဉ်
သေနတ် သမား တစ်ဦး၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရခြင်း ဖြစ်ကြောင်း ဝက်ဘ်စတား ရဲတပ်ဖွဲ့ အကြီးအကဲ ဂျရတ် ပစ်ကာရင်းက ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် အခင်း ဖြစ်ပွားရာ နေရာသို့ ဝက်ဘ်စတား ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး ရောက်ရှိ လာပြီးနောက် သေနတ်သမား တစ်ဦးနှင့် အပြန်အလှန် ပစ်ခတ် ခဲ့ကြရာ သေနတ်သမားမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။ 

မြ၀တီအမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ်အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ် ပွားခဲ့ရာနေ ရာတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ် သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်
Wednesday, 26 December 2012

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် 
(၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ 
အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း
သိရသည်။ 

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်
အသင်းမှကြီးမှုး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအား
ပြောကြားပေးသွားမည်ဖြစ်သည်။ 

အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာ
နေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ 

အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

Myanmar ICT၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် (၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်
Wednesday, 26 December 2012

ဂျပန် ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ ကား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဆိုတာ အများစု သိထားတဲ့အတိုင်း လမ်းကျဉ်း၊ အိမ်ကျဉ်း တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ကြီးကြီး၊ ခါးရှည်ရှည်ကား ဆို တော် ရုံလူ ဝယ်မစီး ပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါကို ဖြေရှင်း ဖို့ ဈေးသက်သာ ကား တစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ် တီထွင် ထားပါတယ်။

တစ်နာရီ ၅၀ ကီလိုမီတာ သာ မောင်းနှင်နိုင်သေးတဲ့ အစမ်းမော်ဒယ် ဖြစ် ပါတယ်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့ သုံးဘီးကား ဖြစ်ပါတယ်။ ပတ် ပတ်လည်ကို လေအိတ်တွေချည်းနဲ့သာ ဖုံးအုပ် ထားပြီး တစ်ခုခုကို တိုက်တော့မယ်ဆို အလိုအလျောက် ရပ်ပါတယ်။ ဒီအတွက် ကြားမှ အရှိန် ယူစဉ် ပတ်ပတ်လည် လေအိတ်က အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူကို ဝင်တိုက်ရင်တောင် လေအိတ်က အလုပ်လုပ်တဲ့အတွက် ဘာမှ မထိ ခိုက်ပါဘူး။

ပါကင်ထိုးမယ်ဆိုရင်လည်း လေအိတ်တွေချည်းနဲ့သာ ပွတ်တိုက်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေသလို တောင် ပါကင်ထိုးနိုင်ပါတယ်။ ယင်းကားကို iSAVE-SC1 လို့ အမည်ပေးထားပါတယ်။ အောက်ပါ ဗီဒီယိုကို လေ့လာဖို့ ကား ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မြင်တွေ့ နိုင်ပါတယ်။

http://youtu.be/WO0QKXb8lq8

http://www.colayonline.com.mm/automobile

ColayOnline:Automobileဂျပန်ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ကား ဖြစ်ပါတယ်။ဂျပန်နိုင်ငံဆိုတာ အများစုသိထားတဲ့ အတိုင်းလမ်းကျဉ်း၊ အိမ်ကျဉ်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ် ကြီးကြီး၊ ခါးရှည်ရှည်ကားဆို တော် ရုံလူဝယ်မစီးပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေ တစ်ခုဖြစ် ပါတယ်။ ဒါကို ဖြေရှင်းဖို့ ဈေးသက်သာ ကားတစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ်တီထွင်ထားပါ

အင်ဒိုနီးရှား နိုင်ငံ အတွင်း H5N1 ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသော ဘဲကောင်ရေ တစ်သိန်းကျော်အား ရှင်းလင်းခဲ့

အင်ဒိုနီးရှား နိုင်ငံ အတွင်း H5N1 ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသော ဘဲကောင်ရေ တစ်သိန်းကျော်အား ရှင်းလင်းခဲ့

အင်ဒိုနီးရှား လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဌာနသည် နိုင်ငံအတွင်း ကြက် ငှက် တုပ်ကွေး ရောဂါ ဖြစ်စေသည့် H5N1 ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်ခံရသော ဘဲအကောင်ရေ ၁၁၂ဝဝဝ ခန့်အား သုတ်သင်ရှင်း လင်း ခဲ့ကြောင်း အာဏာပိုင် များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်ပိုး အမျိုးအစားမှာ Clad of 2.1 ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ တိရစ္ဆာန် ကျန်းမာရေး ဌာနက ညွှန်ကြားရေးမှူး ပူဒ်ဂျတ် မိုကိုက ပြောကြား ခဲ့သည်။ 

အင်ဒိုနီးရှား အစိုးရသည် ၎င်း H5 N1 ရောဂါပိုးအား တားဆီး ကာကွယ်ရန် နည်းလမ်းများအား လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

သို့သော် ဘဲများတွင် ကူးစက်သော ၎င်း H5N1 ရောဂါပိုးသည် ယခုတိုင် လူများအား အန္တရာယ် မပေးနိုင် သေးကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ 

http://www.myawady.net.mm/allnews/global/item/2819-2012-12-26-10-04-05
အင်ဒိုနီးရှားလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း ကြက် ငှက်တုပ်ကွေး ရောဂါ ဖြစ်စေသည့် H5N1 ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်ခံရသော ဘဲအကောင်ရေ ၁၁၂ဝဝဝ ခန့်အား သုတ်သင်ရှင်း လင်းခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြား

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team ဖြင့်ဆောင်ရွက်မည်


တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team
ဖြင့်ဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆။
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ်မှုပြုရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်ရွက်တော့မည့်ဖြစ်ကြောင်း သိရသည်။

ကန့်သက်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ တင်ပို့ခြင်း၊ တင် သွင်းခြင်း၊ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ပါ စည်းကမ်းချက်များ ဖောက်ဖျတ်ခြင်း တို့ကို အရေးယူဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mobile Team အဖွဲ့သည် နယ်စပ်ကုန်သွယ်ရေးစခန်း ပတ်ဝန်းကျင်ရှိ ရှောင်ကွင်း လမ်းများ၊ နယ်စပ်ဒေသများမှ ပြည်တွင်းသို့ ၀င်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း များ၊ မြစ်ချောင်းများ၊ ပင်လယ်ရေကြောင်းမှ ၀င်ရောက်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လိုအပ်ပါက ဈေးကွက်အတွင်းထိ နေရာအားလုံး စစ်ဆေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး စစ်ဆေးမှုများကြောင့် ကုန်သွယ်မှု အတားအဆီး မဖြစ်စေရန်အတွက် Spot Check စနစ်ကို ကြည့်သုံး သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ပညာပေးကာလအတွင်း တရားမ၀င်ကုန်သွယ်မှုဆောင်ရွက်နေသူများ ကုန်သွယ်မှု လမ်း
ကြောင်းပေါ် ရောက်ရှိလာစေရန် လျော့ပေါ့အရေးယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ကာလကျော်လွန်ပါက တည်ဆဲဥပဒေများအပြင် သက်ဆိုင်ရာမှန်သမျှအား Black List စာရင်းထည့် သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။



____________________________________
Reference and Credit to -စူးရှ(မြန်မာ့ခေတ်)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ် မှုပြု ရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်

ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး


ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး
Wednesday, 26 December 2012 

PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်
မျိုးဖြစ်သည်

CAMP (Certified Associate in Project Management)
အနိမ့်ဆုံးလစာ ၁၀၁၁၀၃ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL (IT Infrastructure Library)
အနိမ့်ဆုံးလစာ ၉၅၄၁၅ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CISSP (Certified Information System Security Professional)
အနိမ့်ဆုံးလစာ ၉၄၀၁၈ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCIE ( Certified Cisco Routing and Switching)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCVP (Certified Cisco Voice Professional)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL Master (IT Infrastructure Library Master)
အနိမ့်ဆုံးလစာ ၈၆၆၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCSD (Microsoft Certified Solution Developer)
အနိမ့်ဆုံးလစာ ၈၄၅၂၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCNP (Cisco Certified Network Professional)
အနိမ့်ဆုံးလစာ ၈၄၁၆၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

RHCE (Red Hat Certified Engineer)
အနိမ့်ဆုံးလစာ ၈၃၆၉၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Microsoft Certified IT Professional)
အနိမျ့ဆုံးလစာ ၈၂၉၄၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCSP (Cisco Certified Security Professional)
အနိမ့်ဆုံးလစာ ၈၀၀၀၀ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်


MCAD (Microsoft Certified Application Developer)
အနိမ့်ဆုံးလစာ ၇၉၄၄၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Database)
အနိမ့်ဆုံးလစာ ၇၇၀၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCDBA (Microsoft Certified Database Administrator)
အနိမ့်ဆုံးလစာ ၇၆၉၆၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CNetအယ်ဒီတာအဖွဲ့ ၏ရွေးချယ်မှုဖြစ်ပါသည်..
လစာမှာ တစ်နှစ်ပျမ်းမျှလစာဖြစ်ပါသည်
U Cloud Bank
Admin Of MyanmarITgroup
ITgroup
PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

http://www.myawady.net.mm/allnews/global/item/2805-2012-12-26-09-58-27
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံအပါအဝင် ဒေသကိုးခုမှ ရဲအရာရှိများသည် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရန်အတွက် ပူးပေါင်းစစ်ဆင်ရေး

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင် ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်းရာသီ ငါးဖမ်း ပွဲတော်တွင် ငါးဖမ်း သမား အများအပြားက
တပျော်တပါး ပါဝင် ဆင်နွှဲခဲ့ကြပြီး ၎င်းတို့ ဖမ်းဆီးရမိ ခဲ့သော ငါးများကို ပြသခဲ့ကြောင်း သိရသည်။ ချန်လင် ရေကန်သည် နှစ်စဉ် ဈေးကွက်ဝင် ငါး  ကီလို ဂရမ် ၁ဝဝဝဝဝ ထွက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2802-2012-12-26-09-56-02တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင်ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းရာသီ ငါးဖမ်းပွဲတော်တွင် ငါးဖမ်းသမား အများအပြား

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည်   မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း ကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။ 

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံး ဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည် မကြာမီ နှစ်များ အတွင်း ပျောက်ကွယ် တော့မည် ဖြစ်ကြောင်းဖြင့် လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။

အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီး တိုက်စားမှုကို ဖြစ်စေသော ပျော်ဝင် ပစ္စည်းများ ပါဝင်သည့် ရေတိုက်စား မှုကြောင့် အဆိုပါ ကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင် အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။

ဘူမိဗေဒ ပညာရှင် များသည် အဆိုပါ ကျွန်းများ၏ မြေပမာဏ ပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး လေ့လာချက် များအရ သိရသည်။

http://www.myawady.net.mm/allnews/global/item/2801-2012-12-26-09-55-02
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီကျွန်းများမှ အချို့အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော်လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။ယခုအခါ ဟာဝိုင်အီကျွန်းများသည် မြေပြိုမှုများ သိသိ သာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ် များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ

Photo: ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ်
များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ 
Wednesday, 26 December 2012

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေ ထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားကာ နိုင်ငံတကာ စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါဒေသ၏ လူဦးရေသိပ်သည်းဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊
ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေသိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၁၂၁၇ ဦး ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည်။

မောင်တောခရိုင်၏ ထူးခြားသော အခြေအနေအရ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲမှုဌာနချုပ် အနေဖြင့် အဓိကတာဝန်ကြီးသုံးရပ်တွင် ပါဝင်သော လူဦးရေထိန်းချုပ်ရေးတာဝန်ကို အကောင်အထည်ဖော်ရာတွင် နယ်မြေကိုးခု စခန်း၂၆ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်နိုင်ငံမှ တရားမ၀င်ခိုးဝင်မှုများ၊ မိမိနိုင်ငံအတွင်းမှ ခိုးထွက်မှုများကိုစောင့်ကြည့်
ဖော်ထုတ်ပြီး ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်း၊ပင်လယ်ပြင်နှင့် နတ်မြစ်ကမ်းခြေမှ ပိတ်ဆို့တားဆီးခြင်း၊ တောင်ကျော်လမ်းများမှ စစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဒေသသည် သမိုင်းကြောင်းဆိုင်ရာ လူမျိုးရေးအနေအထားကြောင့် လူဦးရေထိန်းသိမ်းရေး လုပ်ငန်းအား ဆောင်ရွက်ရာတွင် ထူးခြားသည့်
ဖြစ်စဉ်များ တွေ့ရှိရကြောင်းနှင့် တရားမ၀င်ကလေးကိစ္စများ ပါဝင်ကြောင်း၊ တရားမ၀င်ကလေးဟု သတ်မှတ်ရာတွင် တရားဝင် လက်ထပ်ခြင်း
မပြုဘဲ မွေးဖွားသော ကလေးများ၊တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသည့် ဖခင်ဖြစ်သူအား အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ထားသော်လည်း ကျန်ရစ်ခဲ့သော မိခင်မှမွေးဖွားလာသော ကလေး၊ ဖခင်ပြေးပြီးနောက် တစ်ဖက်နိုင်ငံမှ တရားမ၀င် ပြန်လည်ဝင်ရောက်လာပြီး တရားမ၀င်
ပေါင်းသင်းမှုမှ မွေးဖွားလာသော ကလေးများ၊ မုဆိုးမ၊ တစ်ခုလပ်၊ အပျိုတို့မှ ဖခင်မပေါ်ဘဲ မွေးဖွားလာသော ကလေးများနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုတွဲအား စိစစ်နေဆဲကာလတွင် ပေါင်းသင်းနေထိုင်သဖြင့်
မွေးဖွားလာသော ကလေးများဟု သီးခြားစာရင်းပြုစုထားကြောင်း သိရသည်။

တရားမ၀င် ကလေးအရေအတွက်မှာ ၂၀၀၉ခုနှစ် လူဦးရေစစ်ဆေး
ပြီးသည့်စာရင်းအရ ရ၂၈၉ ဦးအထိ ရှိခဲ့ပြီး ထိုကလေးများသည် အရွယ် ရောက်လာသည့်အခါ စာရင်းမဲ့ဖြစ်နေခြင်း၊ ဒေသန္တရအမိန့်များ၊ ဥပဒေများကို ထပ်မံချိုးဖောက်ခြင်း တရားမ၀င် အိမ်ထောင်ပြုခြင်း၊
ကလေးမွေးဖွားခြင်း၊ မွေးဖွားသည့် ကလေးအား စာရင်းမသွင်းနိုင်ခြင်း စသည့် ပြဿနာများ ပိုမိုတိုးပွားလျက် ရှုပ်ထွေး သည့် အခြေအနေများ
ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် တရားဝင် စာရင်းဇယားများအရ တိုင်းရင်းသား ၂၅၅၅၃ ဦးရှိပြီး ဘင်္ဂါလီ ၄၄၃၃၉၀ ဦးရှိနေကာ ဘူးသီးတောင်တွင် တိုင်းရင်းသား ၄၆၁၉၂ ဦးရှိကာ ဘင်္ဂါလီ နှစ်သိန်းသုံးသောင်း ရှိပြီဖြစ်သဖြင့် ယင်းဒေသတွင် နေထိုင်သောတိုင်းရင်းသားများ၏ လုံခြုံရေး၊ ပထ၀ီနိုင်ငံရေးကို စဉ်းစားရန်လိုလာပြီဖြစ်ကြောင်း လေ့လာသူများက
ပြောဆိုလျက်ရှိသည်။

Eleven Media Groupရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆ မတန်တိုးပွားကာ နိုင်ငံတကာစံချိန်စံညွှန်း ထက် ကျော် လွန်နေကြောင်း သိရသည်။ အဆိုပါဒေသ၏ လူဦးရေသိပ်သည်း ဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊ ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေ သိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသ များသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ

Photo: အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ
Wednesday, 26 December 2012

ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး
လေယာဉ်ရှေ့ဘက်ပိုင်းကရော နောက်ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး။ နောက်တော့ လေယာဉ်ပျက် အရှေ့ပိုင်းကနေ ထွက်လို့ ရလိုက်တယ်။ တောအုပ်ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ
ဖြစ်လိမ့်မယ်။ တောင်ပံသာကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့
ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ်ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့
ပြောပြခဲ့ပါတယ်။

(ဓာတ်ပုံ- လေယာဉ်ပျက်ရာမှာ ပါခဲ့တဲ့ အန်နာ ဘာ့ခ်ျ)
ABC သတင်းကို ကိုးကားထားပါတယ်။
MZ (Burmese-Newselite)
Burma-Newseliteဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။
".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ ဘာ အန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ် ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန် ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

Photo: Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်  
Wednesday, 26 December 2012

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ 
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကို
နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်
တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်
အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
အနှံ့အပြားသို့ သွားရောက်ဟောပြောမှုများ ပြုလုပ်ခြင်း၊ ငွေကြေး
လှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Groupကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈

လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့် လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်

Photo: လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့်
လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်
Wednesday, 26 December 2012

ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့တပ်ဆင်ရန်အတွက်
နေရာသုံးနေရာ၌ လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့်
မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များ
အတွက် အထောက်အကူများစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်တဆထိခိုက်မှုများမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

မြန်မာ့လေပိုင်နက်အတွင်း ပုံမှန်ဖြတ်သန်းသည့် လေယာဉ်များမှာ ယခင်က နေ့စဉ်အစင်း ၂၅၀ မှ ၃၀၀ ကြားရှိရာမှ ယခုအခါ အစင်း ၅၀၀ ကျော်အထိရှိပြီး ပုံမှန်ဖြတ်သန်းမှုမဟုတ်သော လေယာဉ်အစင်း
ငါးစင်းခန့်မှ ၃၀ စင်းအထိ ရှိလာသည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ်နိုင်ငံပိုင်
သတင်းစာ၌ ဖော်ပြသည်။

အဆိုပါလေကြောင်း အထောက်အကူပြုစနစ်အား ဖြစ်နိုင်ပါက
မြန်မာနိုင်ငံ၏ လေယာဉ်ကွင်းတိုင်းတွင် ထားရှိသင့်ပြီး အဆိုပါ စနစ်ကြောင့် မိုးတွင်းနှင့် ဆောင်းတွင်းတို့တွင် လေယာဉ်မောင်းနှင်ရသည်မှာ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ဦးသန်းထွေးက ပြောသည်။

တိုးချဲ့တပ်ဆင်ရန် လျာထားချက်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကလည်း အကူအညီများ
ပေးအပ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သတင်းရရှိသည်။

“ကျွန်တော်တို့က လေကြောင်းနဲ့ ပတ်သက်ရင် လုံခြုံရေးနဲ့ အန္တရာယ်
ကင်းရှင်းရေးတို့အတွက် အဓိကထောက်ပံ့ပေးဖို့ ရှိပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ လေကြောင်းကဏ္ဍ ထောက်ပံ့ရေး၏ တာဝန်ရှိသူ ကိုကျော်ဇောအောင်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါလမ်းညွှန်ဆက်သွယ်ရေး စက်များအား ချမ်းမြသာစည်(မန္တ လေး)၊ တံတားဦး(မန္တလေး)၊ လားရှိုး၊ ပဲခူး၊ လှည်းကူး၊ ပုသိမ်၊ ထားဝယ်နှင့် နေပြည်တော်တို့တွင် တပ်ဆင်ထားပြီး တိုးချဲ့မှုအဖြစ် ဟဲဟိုး၊ ညောင်ဦး၊ သံတွဲဒေသများတွင် လျာထားသည်ဟုလေကြောင်း
ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောသည်။

7Day News Journalပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့ တပ်ဆင်ရန် အတွက်နေရာသုံးနေရာ၌လျာထားသည်ဟု လေကြောင်း ပို့ ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိ သည်။ လေကြောင်း လမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့် မြန်မာ့လေပိုင်နက် အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များအတွက် အထောက်အကူ များစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ China North Industries Corporation ဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ

Photo: ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ China North Industries Corporation ဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ 
Wednesday, December 26, 2012


(နေပြည်တော် ဒီဇင်ဘာ ၂၅)
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် China North Industries Corporation ဥက္ကဋ္ဌ Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင် မောင်သိမ်း၊ သူရ ဦးအောင်ကို၊ ဦးလွန်းသီ၊ ဦးဝင်းစိန်၊ ဦးမောင်တိုးနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာလည်း တက်ရောက် ခဲ့သည်။    

မြ၀တီပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် China North Industries Corporation ဥက္ကဋ္ဌ Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်

USAID fun ဖြင့် Winrock International မှ မြန်မာ နိုင်ငံတွင် စတင် အကူအညီပေး

Photo: USAID fun ဖြင့် Winrock International မှ မြန်မာ နိုင်ငံတွင် စတင် အကူအညီပေး 
Wednesday, December 26, 2012

 အမေရိကန် USAID fun  ဖြင့် Winrock International အဖွဲ့အစည်းမှ မြန်မာ နိုင်ငံသို့ လာရောက် ဆွေးနွေး ခဲ့ပြီး ဆွေးနွေးမှု၏ သဘော တူညီချက် အရ မြန်မာ နိုင်ငံတွင် နည်းပညာ လွှဲပြောင်းမှုကို စတင် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သားငါး ကဏ္ဍသည် ယင်းအမေရိကန် အဖွဲ့အစည်းနှင့် ချိတ်ဆက်မိပြီး ပူးပေါင်း ဆောင်ရွက်နိုင် မည့် ပရောဂျက် များကို တင်ပြ ဆောင်ရွက် သွားမည်ဟု သိရသည်။

Winrock International အဖွဲ့သည် မြန်မာ နိုင်ငံတွင် ငွေကြေး အကူအညီ မပါသည့် နည်းပညာ လွှဲပြောင်းမှု အတွက် Farmer to farmer program အရ ပညာရှင် များမှ ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် Winrock International အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ပရောဂျက် လုပ်ငန်း အသေးစား (၄-၅)ခုကို အဆိုပြု ထားခဲ့ရာ ယခုအခါ ပရောဂျက် သုံးခုကို လက်ခံ ဆောင်ရွက်ရန် Winrock International အဖွဲ့က လက်ခံကြောင်း သိရသည်။ ယင်းအဖွဲ့ အစည်းမှ နည်းပညာ ဆိုင်ရာ အထောက်အပံ့ များတွင် မြန်မာ နိုင်ငံမှ သက်ဆိုင်ရာ ကဏ္ဍများ၏ အဆိုပြုလွှာ များအရ မြန်မာ နိုင်ငံနှင့် သင့်လျော်သည့် မွေးမြူ ထုတ်လုပ်မှု၊ တန်ဖိုးမြင့် ထုတ်ကုန်များ ဈေးကွက်အတွင်း ရောက်ရှိရန်   ဆောင်ရွက်ခြင်း စသည်များကို ပံ့ပိုးကူညီ ပေး သွားမည် ဖြစ်ကြောင်း သိ ရသည်။

Winrock International အဖွဲ့ လက်ခံ ဆောင်ရွက်သည့် အဆိုပြုလွှာ များကို ပရောဂျက် တစ်ခုခြင်းစီ စတင် ဆောင်ရွက်ရန် အမေရိကန် နိုင်ငံ၏ ပထမဆုံး နည်းပညာ ဆိုင်ရာ  ထောက်ပံ့ ကူညီမှုလည်း ဖြစ်ကြောင်း သိရသည်။

မြ၀တီအမေရိကန် USAID fun ဖြင့် Winrock International အဖွဲ့အစည်း မှ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှု၏ သဘော တူညီချက်အရ မြန်မာ နိုင်ငံတွင် နည်းပညာလွှဲပြောင်းမှုကို စတင်အကူ အညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ သားငါးကဏ္ဍသည် ယင်းအမေရိကန်အဖွဲ့အစည်းနှင့် ချိတ်ဆက်မိပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် ပရောဂျက်များကို

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ
Wednesday, December 26, 2012

အပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်းချနေရသဖြင့်
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်
ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်း ၁၀ ခုကျော်မှ
ပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်းအ၀ယ်အေးနေပြီး
နေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်ယာဉ်များပြား
နေခြင်းတို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ စီးပွားကူးသန်းဝန်ကြီးဌာနသို့ စပေါ်ငွေထပ်မံပေးသွင်းရန်ပင်မလုံလောက်ခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်း
ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှု များပြားခြင်း၊ကားအရောင်း
ပြခန်းများ ပိုမိုဖွင့်လှစ်လာခြင်း၊ ကားအရောင်းပြခန်းများ၏ နေရာငှားရမ်းခန
နှုန်းထားကြီးမြင့်လာခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမမျှတခြင်းတို့ကြောင့်
ယခုကဲ့သို့ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကားအရောင်းပြခန်းတွေ ရောင်းအားက နောက်ပိုင်းပိုပိုကျလာတော့ တချို့ဆို သတင်းစာထဲမှာ ဈေးတွေလျှော့ရောင်းပြီး ကြော်ငြာတွေ ထည့်နေရတယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးက ပြောသည်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သော ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ပြောင်းလဲမှုကြောင့် ကားဈေးအနည်းငယ်ကျလာနိုင်သော်လည်း ၀ယ်လိုအားနည်းနေပြီး စီးပွားရေးလုပ်ငန်းများ မကောင်းသဖြင့် အရောင်းအ၀ယ်များ ပြန်ကောင်းမလာနိုင်ကြောင်း ဆာကူရာ ကားအရောင်းပြခန်း မန်နေဂျာ ဦးဇော်ဇော်အောင်က သုံးသပ်သည်။

CIF တန်ဖိုးမှာ ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းကိုလည်း ၀ယ်သူအချို့မှ
စောင့်ကြည့်နေခြင်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် CIF တန်ဖိုးများ
ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးပါက အရောင်းအ၀ယ် ပြန်သွက်
လာနိုင်ကြောင်း အရောင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်ပြန်သော CIF တန်ဖိုးများတွင် အမေရိကနှင့် ဥရောပမှ တင်သွင်းလာသော ကားများအတွက် ၅၀ ရာခိုင်နှုန်းသက်သာလာပြီး
၁၃၀၀ စီစီကားများမှာမူ အပြောင်းအလဲမရှိဘဲ ပုံမှန်ကားများမှာမူ ၁၀ ရာခိုင်နှုန်းခန့် ဈေးသက်သာသွားကြောင်း Farmer Auto ကားအရောင်းပြခန်းမှအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ လုပ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ရာ အရောင်းပြခန်း ၅၀ ကျော်ထိဖွင့်လှစ်ပြီးဖြစ်သည်။

7Day News Journalအပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်း ချနေ ရသဖြင့်ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကား အရောင်းပြ ခန်း ၁၀ ခုကျော်မှပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်း အ၀ယ်အေးနေပြီးနေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်


ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်း များကို  ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့ လာ မှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက် တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2792-2012-12-26-09-35-42
ဘီယာတွင် ပါဝင်သော အဓိကပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ်များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့်ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်းများကို ကာကွယ်ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့လာမှုတစ်ရပ်ကို

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်


နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး  စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။

ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။  ခုခေတ် ကလေးတွေက  အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/2772-2012-12-26-08-37-35နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင်အမည်ရှိ စကိတ်စီးကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနားမြို့ပေါ်မှ လူငယ်လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာစကိတ်စီးလျက် ရှိကြောင်းသိရသည်။ အဆိုပါ အစိမ်းရောင်လွင်ပြင်စကိတ် အားကစားကွင်းသည် ပေ (၆ဝx၁ဝဝ)

ဒီဇင်ဘာ ၂၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း


ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ်

လာမည့် နွေရာသီတွင် မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ရော်နယ်ဒို ဆန္ဒရှိ


မန်ယူ ကစားသမားဟောင်း ဖြစ်သူ စီရော်နယ်ဒိုသည် လာမည့် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွါ၍ မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိနေကြောင်း သိရသည်။ နည်းပြ ဖာဂူဆန်သည် ရော်နယ်ဒို အားပြန်

စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်သို့ ထပ်မံ သွားမည်



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ပက်သက်၍ နောက်ဆုံး အစီရင်ခံစာတင်သွင်းနိုင်ရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း

နိုင်ငံတော်သမ္မတကြီး၏ အုပ်ချုပ်ရေးဆိုင်ရာ လမ်းညွှန်မိန့်ကြားချက်


အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ် တိုးတက် ကောင်း

Air Bagan လေယာဉ် ထိခိုက်မှု စုံစမ်းစစ်ဆေးရေး ဖွဲ့

ခရီးသည် ၁ ဦးနဲ့ လမ်းပေါ် ဆိုင်ကယ်စီးလာသူ ၁ ဦးသေဆုံးပြီး ၁၂

“ မသေအရာအမှန် လမ်းစဉ် ”

Photo: “ မသေအရာအမှန် လမ်းစဉ် ”
~~~~~~~~~~~~~~~~

" သတိနဲ့နေခြင်းသည် မသေရာအမှန် နိဗ္ဗာန်ကို သွားတဲ့လမ်းပဲ။
- သတိ လက်လွတ်ဖြစ်ကြမယ်ဆိုရင်တော့ ၊ သေလမ်းကိုလျှောက်
နေကြတာနဲ့ အတူတူပဲ။
- သတိကောင်းတဲ့ ပုဂ္ဂိုလ်တွေ မသေကြဘူး။
- သတိလက်လွှတ်ဖြစ်သွားရင်တော့ အသက်ရှင်ပေမယ့်လို့
လူသေနဲ့တူတယ်။
- တရားသဖြင့် ဆိုဆုံးမတဲ့ ဘုရားရှင်သာသနာတော်မှာ - အပ္ပမာဒဆိုတဲ့
သတိတရားလက်ကိုင်ထားပြီးတော့ အလုံးစုံသောကိစ္စမှန်သမျှတွေကို
ကိုယ်စီပြည့်စုံအောင် အားထုတ်တော်မူရာ၏။ "

( သီတဂူဆရာတော်ကြီး )
Young Buddhist's Association" သတိနဲ့နေခြင်းသည် မသေရာအမှန် နိဗ္ဗာန်ကို သွားတဲ့လမ်းပဲ။
- သတိ လက်လွတ်ဖြစ်ကြမယ်ဆိုရင်တော့ ၊ သေလမ်းကိုလျှောက်