မြို့နယ်အလိုက် အမှန်တကယ် မြေမဲ့ယာမဲ့များစာရင်းကို တိတိကျကျကောက်ပြီး မြေနေရာများရှာထား ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားသည်ဟု ခရိုင်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မဇ္ဈိမကို ပြောသည်။
Friday, 28 February 2014
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့
ပြည်တွင်းခရီးစဉ်များ သွားလာမည့် လေယာဉ်စီး ခရီးသည်များ အတွက် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ပြောင်းရွှေခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည်
သီရိလင်္ကာ နိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်း မီဒီယာ အချို့တွင် ဖော်ပြထားသည်။
တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်
မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့ တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့ တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ် သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ ဖေဖော် ၀ါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။
နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။
YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆို ဆန္ဒပြနေကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ကြားနာမှု ရှေ့နေတွေ စေလွှတ်
ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်
ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban
ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။
သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ
ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)
နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံ ကုန်း၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံစီမံကိန်းသည် အစိုးရ၏ ခွင့်ပြုချက်မရပါက တည်ဆောက်မည် မဟုတ် ဟု ဆို
ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်း လျာထားမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက် မရပါက တည်ဆောက်မည် မဟုတ်ကြောင်း စီမံကိန်းအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဖေဖော်ဝါရီ ၂၇ ရက် ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ပြုလုပ်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် Eleven Media Group သို့ပြောကြားသည်။
ဆော်ဒီအာရေဗျရောက် မြန်မာမွတ်စလင်တစ်ဦး ဇနီးနှင့် သားသမီး လေးဦးကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်
ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏ ဇနီးနှင့် သားသမီးလေးဦးကို မီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြော င့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
Subscribe to:
Posts (Atom)