အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင် စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို ရွေးချယ်လိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။
Tuesday, 12 August 2014
နိုင်ငံတကာ အမြန်ချောပို့ လုပ်ကိုင်ခွင့် ပုဂ္ဂလိက ကုမ္ပဏီငါးခု ဆောင်ရွက်မည်
အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင် စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို ရွေးချယ်လိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။
နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ နှစ်ဆန်းတွင် စတင်လိုကြောင်း ဦးအောင်မင်းပြောကြား
သြဂုတ် ၁၁ ရက် ဆွေးနွေးပွဲတွင်တွေ့ရသည့် ဦးအောင်မင်း(ဓာတ်ပုံ − နစ်ကီ)
အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းတွင် စတင်ပြုလုပ် လိုကြောင်း ၀န်ကြီးဦးအောင်မင်း က ပြောသည်။
သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။
ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေး အစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်
Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံ ကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေ တဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..
B.Tech နှင့် HND အင်ဂျင်နီယာ ကျောင်းသား များအတွက် စင်ကာပူ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်
မြန်မာနိုင်ငံမှ B.Techနှင့် HND Ele-ctrical/Mechanical ပြီးဆုံးထားသော ကျောင်း သား၊ ကျောင်းသူ များအနေဖြင့် စင်ကာပူနိုင်ငံ၌ တက်ရောက်၍ အင်္ဂလန် မှ ပေးအပ်မည့် B.Eng (Hons;) Electro-nics and Communication Engineer- ing (Top Up) နှင့် B.Eng (Hons;) Mechatronics (Top Up ) ကို တစ်စိတ် တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း CROWN Education ပညာရေး တာဝန်ခံ ဦးအောင်ကျော်သန်း ထံမှ သိရသည်။ ယနေ့ ခေတ်တွင် ရေဒီယို၊ တယ်လီဖုန်းမှ Internet, Wi-Fi, Bluetooth, Satellite TV, 3G, 4G အစရှိသည့် ဆက်သွယ်ရေး နည်းပညာသစ်များ ပြောင်းလဲ တိုးတက်လျက်ရှိ ရာ အဆိုပါ နယ်ပယ်များတွင် တီထွင် ဖန်တီးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းတို့ကို စိတ်ဝင်စားသူများအနေဖြင့် B.Eng (Hons;) in Electronics and Communications Engineering (Top Up) အား လျှောက် ထားနိုင်ကြောင်း သိရသည်။
အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား
၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည် ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန် ပါတယ်။
ဒဂုံဆိပ်ကမ်းမှ လုယက်ခံရသည် ဆိုသော ငွေနှင့် ရွှေထည်များ သားဖြစ်သူ ယူသွားကြောင်း ပေါ်ပေါက်
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသားသုံးဦးက လုယက်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားသော ငွေကျပ် ၇ သိန်းနှင့် သိန်း ၈၀ ကျော် တန်ဖိုးရှိ ရွှေထည်များ ပျောက်ဆုံးမှုမှာ တိုင်တန်းသူ၏ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ်ရှိ ၁၀ တန်း ကျောင်းသားက ယူဆောင်သွားခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတကာစိုးရိမ်မှုများအကြောင်း ဆွေးနွေး
အာဆီယံအစည်းအဝေးတက်ရောက်နေသည့် မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ−ရိုက်တာ)
မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေများနှင့် မြောက်ကိုရီးယား ၏ နျူလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကြောင့် နိုင်ငံတကာ စိုးရိမ်မှုများကို မြင့်တက်စေသည့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းမှုရှိရန် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို သမ္မတ ဦးသိန်းစိန်နှင့် မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီ ယောင်ဆူတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
အီဘိုလာ ကုသသည့် စမ်းသပ်ဆဲအဆင့် ဆေးဝါးများကို အာဖရိကသို့ တင်ပို့
အမေရိကန် ကုမ္ပဏီတစ်ခုသည် အီဘိုလာရောဂါကို ကုသနိုင်ရန် ရည်ရွယ် ထုတ်လုပ်နေသည့် စမ်းသပ်ဆဲ အဆင့် ဆေးဝါးကို အနောက်အာဖရိက နိုင်ငံတစ်ခုသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများဟု သံသယရှိသူ ၄၀ ကို ကိုဆိုဗိုရဲတပ်ဖွဲ့ ဖမ်းဆီး
ကိုဆိုဗိုရဲတပ်ဖွဲ့က အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူ ၄၀ ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ဂါဇာဒေသအတွက် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးရန် အီဂျစ်၏ ကမ်းလှမ်းချက်ကို အစ္စရေး သဘောတူ
ဂါဇာဒေသ စစ်မက်ပဋိပက္ခ အတွက် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးစဉ် အဆိုပြုထားသည့် နောက် ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ဘက်က လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများ အားလုံး ပါဝင်သော ထိပ်သီးဆွေးနွေးပွဲ Myanmar Connect 2014 ကို နေပြည်တော်တွင် စက်တင်ဘာလ၌ ကျင်းပမည်
မြန်မာနိုင်ငံ ၏ မိုဘိုင်းဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအားလုံးပါဝင်သော ထိပ် သီးဆွေးနွေးပွဲ Myanmar Connect ကို နေပြည်တော်တွင် စက် တင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများ၏ အမှုဆောင်အရာ ရှိများကိုယ်တိုင် တက်ရောက် ဆွေးနွေး မည့် ထိပ်သီးဆွေးနွေးပွဲ တစ်ခု ကို စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက် တို့တွင် နေပြည်တော်ရှိ MICC ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ မလှမြတ်မွန်က ပြောသည်။
မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများ၏ အမှုဆောင်အရာ ရှိများကိုယ်တိုင် တက်ရောက် ဆွေးနွေး မည့် ထိပ်သီးဆွေးနွေးပွဲ တစ်ခု ကို စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက် တို့တွင် နေပြည်တော်ရှိ MICC ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ မလှမြတ်မွန်က ပြောသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အမြန်ဆုံး လက်မှတ်ထိုးရန် နိုင်ငံရေးပါတီများတောင်းဆို
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ သြဂုတ်လ ၁၁ ရက် က MPC တွင် တွေ့ဆုံခဲ့ကြသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးပါတီ ၆၆ ပါတီက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် နိုင်ငံလုံး ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အမြန်ဆုံးလက်မှတ် ရေး ထိုးကြ ရန် သက်ဆိုင်သူ အား လုံးကို အလေးအနက်တိုက်တွန်း လိုက်သည်ဟု သြဂုတ် ၁၁ ရက် တွင် ထုတ်ပြန်ကြေညာလိုက် သည်။
ရွှေပြည်သာတွင် အနုကြမ်းစီး
ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်တွင် သြဂုတ်လ ၉ ရက် နံနက် ၁ နာရီခန့်က အိပ်ပျော်နေသော ဇနီးမောင်နှံ နှစ်ဦးကို အမျိုးသားသုံးဦးက ဓားနှင့်ထောက်ကာ အနုကြမ်း ဝင်စီးခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်နိုင်က ပြောကြားသည်။
ရခိုင်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းမည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်သစ်လက်ထက် မြို့နယ်အချို့တွင် အချိန်ထပ်တိုး
ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြည်သူများနှင့်တွေ့ ဆုံပြီး ပြန် လည်ရုပ်သိမ်းပေးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုခဲ့သော်လည်း ရခိုင်မြို့ကြီးတချို့တွင် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးမြှင့်လိုက်သည်။
ချစ်သူရဲ့အိမ်အပြန်ကို ဖယောင်းတိုင်ထွန်းပြီး ကဗျာဆန်ဆန် ကြိုဆိုရာက အိမ်မီးလောင်ရတဲ့ဖြစ်ရပ်
Amanj Lessen ဆိုသူအမျိုးသားဟာ တစ်လကြာနိုင်ငံရပ်ခြားရောက်နေတဲ့ သူ့ချစ်သူပြန်အလာကို ကဗျာ ဆန်ဆန် ကြိုဆိုတဲ့အနေနဲ့ အင်္ဂလန်နိုင်ငံ Kent ဒေသ Chantham မြို့ကသူ့နေအိမ် အိပ်ခန်းထဲမှာ သူ့ချစ် သူရဲ့နာမည်နဲ့အသည်းပုံစံကို အလှဆင်ဖယောင်းတိုင်တွေနဲ့ ထွန်းညှိခဲ့ပြီး ရှန်ပိန်တွေ ပန်းတွေနဲ့ အသင့်စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်
ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေ စာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေ စာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်
ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင် ငံခြားငွေ လွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ
ဒိုင်နမို ဇာဂရက်ဘ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
မှတ်ဥာဏ်စွမ်းရည်အတွက် သဘာဝ အားဆေးများ
မှတ်ဥာဏ်စွမ်းရည်ကျဆင်းခြင်းဟာ အသက်အရွယ်ရလာရင် ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုနြဲ့ ပသနာတစ်ခုဖြစ် ပါ တယ်။ ဘ၀ကသာ တရားမျှတတယ်ဆိုရင် အတွေ့အကြုံများလေလေ မှတ်ဥာဏ်ကလည်း ကြွယ် ၀လေလေ ဖြစ်ရမှာဖြစ်တယ်။ ဒီလိုမဖြစ်နိုင်ရင်တောင် ဦးနှောက်စွမ်းရည်မြင့်အောင် ထိန်းသိမ်းတဲ့ သဘာဝ နည်းလမ်းကောင်းတွေရှိပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ဦးအောင်မင်း ပြောကြား
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီး နောက်တွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြောကြားသည်။
ပြည်ထောင်စုအစိုးရ ခွင့်ပြုငွေနှင့် မွန်ပြည်နယ်အစိုးရ အသုံးစရိတ် ကျပ်သန်းတစ်ထောင် စာရင်းကွာ
ပြည်ထောင်စုအစိုးရက မွန်ပြည်နယ်အစိုးရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးအတွင်း အသုံးပြုရန် ထောက်ပံ့ပေး ထားသော ရသုံးမှန်းခြေ ငွေစာရင်းသည် ကျပ်သန်း တစ်ထောင်နီးပါး ကွာဟနေကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မန္တလေးတွင် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်သော်လည်း အလင်းဖွင့်ဆိုင်များကို ဖွင့်ခွင့်မပြုသေး
မန္တလေးတွင် ညမထွက် ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းလိုက်သော်လည်း မိုးအလင်း ဖွင့်သည့် ဈေးဆိုင်များအား ညလုံးပေါက်ဖွင့် ခွင့်ပြုမည် မဟုတ်သေးကြောင်း မန္တလေးခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။
ရော်ဘင်ဝီလျံမ် သေဆုံးနေတာကို တွေ့လိုက်ရ
Good Morning Vietnam ထဲက ရော်ဘင် ဝီလျံမ်စ်
နာမည် ကျော် အမေရိကန် ရုပ်ရှင် သရုပ်ဆောင်နဲ့ ဟာသပညာရှင် ဖြစ်သူ ကွယ်လွန် သွားပြီ ဖြစ်ပါ တယ်။
အီရပ် ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ်အဘာဒီ
ဝန်ကြီးချုပ်သစ် ထောက်ခံမှုရတဲ့ မစ္စတာ အဘာဒီ
အီရပ်နိုင်ငံ မှာ ISIL တွေ ရဲ့ စစ်ဆင်မှု တွေ ရင်ဆိုင်နေရ ချိန်မှာ ဝန်ကြီးချုပ်ရာထူး လုမှု ကလည်းပေါ်ပေါက် နေပါတယ်။ ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီ ကလည်း ရာထူးက မဖယ်ချင်။ သုံးနှစ်သက်တမ်း အနေနဲ့ ဆက်ပြီး အုပ်ချုပ်လိုတာပါ။ ဒါပေမဲ့ အီရပ်သမ္မတ ဖူအတ်မာဆူးမ် ကိုယ်တိုင် ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီ နေရာမှာ ဒေါက်တာ ဟိုင်ဒါ အယ်လ် အဘာဒီ ကို ရွေးချယ်လိုက်ပါတယ်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့် ရမှတ်များ လျှော့ချသတ်မှတ်
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အ တွက် တက္ကသိုလ်ဝင်တန်းစာမေး ပွဲရမှတ် သတ်မှတ်ချက်များကို လျှော့ချလိုက်ပြီး အနိမ့်ဆုံးရမှတ် ၃၈၀ ရရှိသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်တွင် ဖော်ပြထား သည်။
ကိုယ်ဝန်ဆောင်မိခင်များ ပိုးသတ်ဆေးပါသည့် ဆပ်ပြာ မသုံးသင့်
ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (Antibacterial Soap) သုံးခြင်းသည် သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာများကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေး ထားသည်။
အိန္ဒိယအရှေ့ပိုင်းတွင် ရေကြီးမှုကြောင့် ၄၅ ဦး သေဆုံး
အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရိသျှပြည်တွင် ရေကြီးမှုဖြစ်ပွားရာ ၄၅ ဦး သေဆုံးပြီး ဒေသခံ သုံးသိန်း အား နေရာရွှေ့ပြောင်း မှုများ ပြုလုပ်ထားရသည်။
မြန်မာစီးပွားရေးနဲ့ စိုက်ပျိုးရေး အတွက် တရုတ်အနေနဲ့ ကူညီဖို့ သမ္မတတောင်းဆို
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်း၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းနဲ့ စီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တရုတ်ဆီက အကူအညီတွေကို လိုလာကြောင်း သမ္မတ ဦးသိန်းစိန် က ပြော လိုက်ပါတယ်။
အီရတ်က ဆူနီ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ သြစီနဲ့ ကန်ဆွေးနွေးကြမယ်
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop (Credit: ABC licensed)
သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး David Johnston နဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ ဒီကနေ့ တွေ့ဆုံ စကားပြောကြမှာ ဖြစ်ပြီး အီရတ်နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်စဲနိုင်ဖို့အတွက် သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရေးထောက်ပံ့မှု တွေကို ဘယ်လို တိုးချဲ့လုပ်ဆောင်သွားရမလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည့် နေရာမှ နုန်းများဆယ်ယူ ရေငုပ်သမား ဆယ်ဦးသုံးထားပြီး သုံးရက်အတွင်း ပြီးနိုင်ဟုဆို
ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့်
ဆယ်ယူရန်အတည်ပြုထား သည့် နေ ရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ -
ဟိန်းထက် ( မဇ္ဈိမ)
ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆထားသည့်နေရာတွင် ဆောင်ရွက်နေသည့် နုန်းဆယ်ယူခြင်း လုပ်ငန်းများ သုံးရက်အတွင်း ပြီးစီးနိုင်မည်ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ဦးဝင်းမြင့်က သြဂုတ် ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆထားသည့်နေရာတွင် ဆောင်ရွက်နေသည့် နုန်းဆယ်ယူခြင်း လုပ်ငန်းများ သုံးရက်အတွင်း ပြီးစီးနိုင်မည်ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ဦးဝင်းမြင့်က သြဂုတ် ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။
မြန်မာ့ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ္ထဇနီး ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
မြို့နယ်ပညာရေးမှူး(ငြိမ်း) ဒေါ်မြ၀င်းကို မကွယ်လွန်မီက တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ်္တမြောက်ဇနီး၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဒေါ်မြ၀င်း သည် အသက် (၉၆)နှစ်အရွယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲနာရီခွဲခန့်က တောင်ကြီးမြို့၊ ရေအေး ကွင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သမီးဖြစ်သူ ဒေါ်စ၀်ဟေမာ သိုက် က မဇ္ဈိမကို အတည်ပြုသည်။
၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်း ထိုက်သင့်သည့် အကျိုးရမည်ဟု ဦးရွှေမန်းပြော
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က နေပြည်တော် လွှတ်တော်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်
အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကောက် ယူ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ငါးသန်းခန့်သည် ထိုက်သင့် သည့် အကျိုးသက်ရောက်မှု ရရှိနိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက်္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။
ရေဘေးကြောင့် လယ်ဧက နှစ်သိန်းကျော် ပျက်စီးဆုံးရှုံး လူဦးရေခြောက်သောင်း ခန့် ကယ်ဆယ်ရေးစခန်းရောက်
ယခုရက်ပိုင်းရင်ဆိုင်ခဲ့ ရသော ရေဘေးကြောင့် လယ် မြေဧက နှစ်သိန်းကျော်ရေလွှမ်း နေပြီး လူ ဦးရေခြောက်သောင်း ခန့် ကယ်ဆယ်ရေးစခန်းများ တွင် ခိုလှုံခဲ့ရကြောင်း သတင်းရရှိ သည်။
မြောက်ကိုရီယားတိုက်ခိုက်ရေးသမားများရဲ့ အစွမ်းပြချက်များ
အခု ဖော်ပြထားတဲ့ ဗီဒီယို မှတ်တမ်းဟာ ကြည့်ရသူတို့အဖို့ အလွန်အံ့သြတုန်လှုပ်သွားပါလိမ့်မယ်။ ဒီရုပ်/သံ မှတ်တမ်းဟာ ကမ္ဘာ့အထီးကျန်သီးခြားကမ္ဘာတခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ က ပေါ်ထွက် လာတာ ဆိုရင် ပိုအံ့သြသွားကြမယ်ထင်ပါတယ်။
Oscar ဆုရ ဟာသသရုပ်ဆောင် Robin Williams (၆၃) ကွယ်လွန်
အော်စကာဆုရ ဟာသသရုပ်ဆောင် Robin Williams (ဗဟို) အာဖဂန်ရောက်
အမေရိကန်စစ်သည်တွေ ဆီ ဖျော်ဖြေရေးသွားရာလမ်းမှာ ပြက်လုံးထုတ်နေစဉ်။ (၂၀၀၂၊
အောက်တိုဘာ ၁၇)
အော်စကာဆုရှင် အမေရိကန် ဟောလိဝုဒ် ဟာသသရုပ်ဆောင် Robin Williams ဟာ မြောက်ပိုင်း ကယ် လီဖိုးနီးယားမှာရှိတဲ့ သူ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန် အသက် ၆၃ နှစ်ရှိတဲ့ Robin Williams ရုပ်အလောင်းကို တနင်္လာနေ့က နေအိမ်မှာ တွေ့လိုက်ရပြီး သူဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပုံ ယူဆကြပါတယ်။
အော်စကာဆုရှင် အမေရိကန် ဟောလိဝုဒ် ဟာသသရုပ်ဆောင် Robin Williams ဟာ မြောက်ပိုင်း ကယ် လီဖိုးနီးယားမှာရှိတဲ့ သူ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန် အသက် ၆၃ နှစ်ရှိတဲ့ Robin Williams ရုပ်အလောင်းကို တနင်္လာနေ့က နေအိမ်မှာ တွေ့လိုက်ရပြီး သူဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပုံ ယူဆကြပါတယ်။
တောင်တရုတ်ပင်လယ် ရန်စမဲ့လုပ်ရပ်အခြေအနေ အမေရိကန် စောင့်ကြည့်မည်
သြစတြေးလျကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
တောင်တရုတ်ပင်လယ်ပြင်ထဲ အငြင်းပွားနေတဲ့ Spratlys နဲ့ Paracel ကျွန်းစုနေရာတွေမှာ အငြင်းပွားနေတဲ့ ပိုင်နက်နယ်မြေတွေ အပြောင်းအလဲဖြစ်စေတဲ့ လုပ်ရပ် လက္ခဏာတွေ ရှိသလားဆိုတာကို စောင့်ကြည့် သွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။
အမေရိကန် ပိတ်ဆို့မှုစာရင်းဝင်သူပိုင် ဟော်တယ် နိုင်ငံခြားရေးဝန်ကြီး Kerry တည်းခို
အာဆီယံဒေသတွင်း အစည်းအဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံရောက်လာခဲ့တဲ့ အမေရိ ကန်နိုင် ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ် အရေးယူထားသူတစ်ဦး ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြော များတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုဖို့ စီစဉ်ဆောင်ရွက်ပေးသူဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာန ကတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။
အစ္စလာမ် အစွန်းရောက်အန္တရာယ် ညီညွတ်စွာ တိုက်ဖျက်ဖို့ အီရတ်ကို အိုဘားမားတိုက်တွန်း
အမေရိကန်သမ္မတ Barack Obama
အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်းဒေသတွေမှာ ခြိမ်းခြော်ကလာတဲ့ အစ္စလာမ်မစ်သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့တွေမှာ အီရတ်ပြည်သူတွေ ၀င်ရောက်ပူးပေါင်းဖို့ အရေးကြီးတယ်လို့ အမေရိကန်သမတ အိုဘားမားက ပြောလိုက်ပါတယ်။
ငွေစက္ကူရိုက်ထုတ်နေခြင်းကို ဗဟိုဘဏ်၏ညွှန်ကြားချက်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ဘတ်ဂျက်လိုငွေကိုလည်း ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက်မကျော်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့်စည်းမျဉ်းဖြင့် ပြောကြားထား ဟု နိုင်ငံတော်သမ္မတ အကြံပေးပြောကြား
ငွေစက္ကူရိုက်ထုတ်နေခြင်းများအား ဗဟိုဘဏ်၏ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်နေပြီး ဘတ်ဂျက်လိုငွေ ကို လည်း ဂျီ ဒီပီ၏ ငါးရာခိုင်နှုန်းထက် မကျော်လွန်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့်စည်း မျဉ်းဖြင့် ပြောကြားထားသည်ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး က ပြောကြား သည်။
အထက်ပေါင်းလောင်းဆည် ရေကာတာပိတ်လိုက်သည့်အတွက် ကျေးရွာ ၁၅ ရွာနှင့် ဆည်မြေဧက ၁၅၀၀ ကျော် ရေနစ်မြုပ်
အထက်ပေါင်းလောင်းဆည် ရေတံခါးပိတ်ထားသည်ကို သြဂုတ် ၉ရက် ကတွေ့ရစဉ် (ဓာတ်ပုံ - မခိုင်)
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အထက်ပေါင်းလောင်း ဆည် ရေကာတာအား ပိတ်လိုက်သည့်အတွက် ရေမြုပ်ဧရိယာအဖြစ်သတ်မှတ်ထားသော ရွာဟောင်း ၁၅ ရွာမှာ ရေအောက်တွင် လုံးဝနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးနေဆဲဆည်မြေဧက ၁၅၀၀ ကျော် ရေအောက်သို့ နစ်မြုပ်ဆုံးရှုံးသွားကြောင်း သိရသည်။
ပထုမ်ထာနီတွင် ဆောက်လက်စတိုက်ပြို မြန်မာနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမားများအားပိမိ ဒဏ်ရာရ သေဆုံး
ဓါတ်ပုံ - ၆ ထပ် ယူကွန်ဒို ပြိုကျပျက်စီးထားသည်ကိုတွေ့ရစဉ်
ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်မြို့အနီးရှိ ပထုမ်ထာနီ ခရိုင်တွင် ဩဂတ်စ်လ ၁၁ ရက် ယနေ့ညနေ ပိုင်း ၃ နာရီခန့်က ဆောက်လက်စ ၆ ထပ်တိုက်ပြိုကျသဖြင့် ဆောက်လုပ်ရေးအလုပ်သမား ၃၀ ခန့် တိုက်ပြိုအောက် တွင် ပိမိနေကြောင်း ထိုင်း သတင်းဌာနများ ကထုတ်ပြန်ပါသည်။
Subscribe to:
Posts (Atom)