ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။
Wednesday, 9 October 2013
ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား
ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။
ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိ ယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား
မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
ဟိုတစ်မျိုးဒီတစ်မျိုး အမျိုးမျိုး ပြောနေကြတဲ့ မြန်မာ့နိုင်ငံရေး
မြန်မာ့နိုင်ငံရေးဟာ လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့နက် ဆိုရိုးစ ကားလိုဖြစ်လာပြီလို့ ထင်မြင်မိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေနှင့် အတူ ပေါ်ပေါက်လာသော ဦးသိန်းစိန် အစိုးရအဖွဲ့ကလည်း သတ္တမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးကို ပြန်လည် ကျင်းပနေပါပြီ။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဦးရွှေမန်းဦးဆောင်ပြီး ပြည်သူ့ကိုယ်စားပြု ဆောင်ရွက်နေကြတဲ့လွှတ်တော် ကိုယ်စားလှယ်တွေ ရှိသလို ဘေးထိုင်ဘုတော ပြောနေကြသူတွေကလည်း ရှိနေပြန်ပါတယ်။
အမျိုးသမီးများ ဆန္ဒဖြေဖျောက်ခြင်း၏ အကျိုး အသက် (ကျမ္မာရေးရှု့ထောင့်) ၁၈ နှစ်ပြည့်မှ ဖတ်ပါ
ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊ ရင်ဖွင့်တာပါရှင့်။ ကျမအသက် က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။
မြန်မာဟန်းဆန်းအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင် သဘောတူ
ရန်ကုန်တိုင်းအတွင်းက ဒဂုံအရှေ့စက်မူဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် မြန်မာဟန်းဆန်း အထည် ချုပ် လုပ်သားတွေရဲ့ တောင်းဆိုချက် ၁၇ ချက်ကို အလုပ်ရှင်ဘက်က ဒီနေ့သဘောတူညီလိုက်ပါတယ်။
အာ ဆီယံ ဥက္ကဋ္ဌရာထူး လက်ခံယူမည့် သမ္မတ ဦးသိန်းစိန်၏ ပြည်ပ ခရီးစဉ်တွင် ဇနီးဖြစ်သူ ပထမဆုံးအကြိမ် အဖြစ်လိုက်ပါ
နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ အာဆီယံ ဥက္ကဋ္ဌရာထူးလွှဲပြောင်းရယူမည့် အာဆီယံထိပ်သီးအစည်း အဝေးခရီးစဉ်တွင် သမ္မတ၏ ပြည်ပ ခရီးစဉ်များတစ်လျှောက် လိုက်ပါ ခြင်းမရှိခဲ့သော ဇနီးဖြစ်သူ ဒေါ်ခင် ခင်ဝင်းသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်သမ္မတ၏ အာ ဆီယံထိပ်သီးအစည်းအဝေး ခရီး စဉ်တွင် လိုက်ပါသွားကြောင်း သိရသည်။
Mobile Team အဖွဲ့မှ တင်သွင်းခွင့်မပြုထားသောကုန်ပစ္စည်းများအား သိုလှောင်ထားရှိသဖြင့် အရေးယူ
၁၈.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team
လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး
၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏
လသာမြို့နယ်၌ မီးရှုး၊ မီးပန်း၊ ဗျောက်အိုးများ ဖမ်းဆီးရမိ
၈.၁၀.၂၀၁၃ရက်နေ့ ၁၉၂၀အချိန်လသာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လသာမြို့နယ်၊ (၈)ရပ်ကွက်၊
ထိုင်းနိုင်ငံ ရနောင်းတွင် ငါးသယ်စက်လှေပေါ် ဂက်(စ်)အိုးပေါက်ကွဲ မြန်မာတစ်ဦး သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ ရနောင်းမြို့နယ်၊ ပါနံဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်ထားသည့် မြိတ်မြို့နယ် မှ မြတ်ဝင်းသိန်း ၁ (လှိုင်းဖြူ)အမည်ရှိ မြန်မာငါးကဲ့စက်လှေ (ငါးဖမ်းလှေများမှငါးများကို သယ်ယူပြီး ဈေးကွက် ပို့သည့်လှေ) ပေါ်တွင် အောက်တိုဘာလ ၆ ရက်က မီးဖိုခန်းမှ ဂက်(စ်)အိုး တစ်လုံး ပေါက်ကွဲမှုဖြစ်သည့်အတွက် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရနောင်းမြို့နယ် ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစား သတင်းထောက်များ နှင့် ဓာတ်ပုံသမားများ အလိုရှိသည်
၁။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မြို့များ၌ ကျင်းပမည့် အားကစားပွဲများအတွက် သတင်း ရယူနိုင်သူ ဖြစ်ရမည်။
ဆီးရီးယားရှိဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ဝင်များအန္တရာယ်များနှင့်ကြုံတွေ့နိုင်ဟု ကုလသတိပေး
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဘန်ကီမွန်းက ဆီးရီးယားတွင် ဓာတုလက်နက်များ ဖျက်သိမ်းဖယ်ရှားရန် အတွက် ရောက်ရှိနေ ကြသော ဓာတုလက်နက် ကျွမ်း ကျင်ပညာရှင်များအနေဖြင့် ဘေး အန္တရာယ်များဖြင့် ကြုံတွေ့နိုင်ရ သည်ဟု သတိပေးပြောသည်။
ဆင်ကတ်နှစ်ခု ထည့်သုံးနိုင်တဲ့ HTC စမတ်ဖုန်းအသစ်
မြန်မာစာ စနစ်ပါဝင်တဲ့ ဖုန်းမော်ဒယ်တွေ ဖြန့်နေတဲ့ HTC က သူ့ရဲ့ ပစ္စည်းသစ်တခုကို ရန်ကုန်မှာ ဒီကနေ့ မိတ်ဆက် လိုက်ပါတယ်။
အငြိမ်းစား ကျောင်းဆရာမတစ်ဦး၏ ၁၄၄ သိန်းကျော်တန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူခံရ
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် အငြိမ်းစားကျောင်းဆရာမ တစဦး၏ ၁၄၄သိန်းကျော် တန်ဘိုး ရှိ လက်ဝတ် ရတနာပစ္စည်းများ အော်တိုဘာ ၇ ရက်က ခိုးယူခံလိုက်ရသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က ဆိုထားသည်။
ဝ”ထိန်းချုပ်ဒေသတွင် ၂၀၁၄ ဧပြီလဆန်း သန်းခေါင်စာရင်း ကောက်ဖို့ သဘောတူ
“၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ထိန်းချုပ်ဒေသများ၌ နေထိုင်နေကြသည့် “၀” ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စကို လာမည့် ၂၀၁၄ ခုနှစ် ဧပြီလဆန်း၌ စတင်ကောက်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားခဲ့သည်။
လှည်းကူးမြို့နယ် စိမ်းလန်းမြေပရဟိတကျောင်းက မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းမယ့် ခင်ဝင့်ဝါ
Belarus နိုင်ငံမှာ ကျင်း ပတဲ့ Miss Supranational 2013 ပြိုင်ပွဲမှာဝင်ရောက် ယှဉ် ပြိုင်ပြီးဆုလေး ဆုဆွတ်ခူးရ ရှိခဲ့တဲ့မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကသူ မြန် မာနိုင် ငံကို ပြန် ရောက်တဲ့ အချိန်မှာ ပရဟိ တတွေကို လုပ် ဆောင်သွားမှာပါလို့ ကတိပြုခဲ့ပါတယ်။
သံတွဲတွင် သီတဂူ ဆရာတော်နှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တွေ့
ဘာသာမတူသည့် လူအုပ်စု နှစ်စုကြား ပဋိပက္ခများဖြစ်ပွားရာ သံတွဲမြို့တွင် အောက်တိုဘာ ၈ ရက်က သီတဂူဆရာတော် အရှင် ဥာဏိဿရနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး လူအုပ်စု နှစ်စုကြား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန်အတွက် ဘာသာရေးခေါင်းဆောင်များ အချင်းချင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းပြောခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်သူ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က မဇ္ဈိမကို ပြောသည်။
စစ်ရေးစောင့်ကြည့် ကော်မတီဖွဲ့ဖို့ ကေအိုင်အိုနဲ့အစိုးရ ဆွေးနွေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းေ ရးေ ဆွးနွေးပွဲ ပထမနေ့မှာ နှစ်ဖက်တပ်စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ နှစ်ဖက်တိုးတက်မှုများ ကိုဆွေးနွေး
အစိုးရနဲ့ KIO ဆွေးနွေးပွဲ ကျင်းပတဲ့ Majoi Gawknu ခမ်းမ၊ မြစ်ကြီးနား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည် နယ် လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များကြား အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းတွေ့ ဆုံဆွေးနွေးမှုကို စတင်ခဲ့ရာ ပထမနေ့တွင် နှစ်ဖက်သဘော တူညီခဲ့သော အချက်များ၏ ရလဒ်များ ကိုဆွေးနွေး တင်ပြခဲ့ကြသည်။
ဖိုးလပြည့်နဲ့ မိုးစက်ဝိုင်တို့ကြောင့် လူသိများလာတဲ့ UCL ဖွင့်ပွဲ
ဖိုးလပြည့်နဲ့ မိုးစက်ဝိုင်တို့ကြောင့် လူသိများလာတဲ့ တက္ကသိုလ်များ ချံပီယံလိဂ် ဘောလုံးပွဲ ဖွင့်ပွဲကို MNTV က သတင်း တင်ဆက် တာကို Universities Champions League ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ဖော်ပြထား တာပါ။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
ကချင် ငြိမ်းချမ်းရေးပွဲတွင် တပ်နေရာ ချထားရေး အလေးပေး ဆွေးနွေးမည်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၉ ကြိမ်မြောက် တွေ့ဆုံသည့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့မှ စ၍ ၃ ရက်ကြာ ဆွေးနွေးမည်ဖြစ်ပြီး အစောပိုင်း ရက်များတွင် တပ်နေရာ ချထားရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားတွေ့ဆုံပွဲ ပထမနေ့၌ မတရားအသင်းပုဒ်မဖြင့်ကေအိုင်အို ဘက်မှ အရေးယူခံထားသူများ လွတ်မြောက်လာ
KIOနှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲ သုံးရက်တာကာလအတွင်း၌ ခေါင်းစဉ်ငါးခုဖြင့် ဆွေးနွေးမှုများပြုလုပ် သွားမည် ဖြစ်သော်လည်း အောက်တိုဘာ(၈)ရက် ပထမနေ့၌ ခေါင်းစဉ်တစ်ခုသာ ဆွေးနွေးနိုင် သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရှိရသည်။
ပခုက္ကူလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုရန် ဒေသခံများက လိုလား
မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၌ ပခုက္ကူလေယာဉ် ကွင်းသစ်ကို ထပ်မံပြုပြင်၍ အပြည်ပြည်ဆိုင် ရာ လေဆိပ်အဖြစ် အသုံးပြုရန် ရည်မှန်းချက်များ ထွက်ပေါ်လာ၍ပခုက္ကူဒေသခံ အများစုမှာ စိတ်ဝင် စားနေကြောင်း သိရသည်။
အမိန့်မချနိုင်သေးသည့် နေပြည်တော်အသင်းပြစ်ဒဏ်ကို အယူခံကော်မတီက ထပ်မံဆုံးဖြတ်မည်
မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ အပေါ် ဩဂုတ် ၁၃ရက်က အမိန့် ချမှတ်ခဲ့ပြီး ယင်းနောက်တွင် နေ ပြည်တော်အသင်းက အယူခံဝင် ခဲ့ပြီး ယခုအခါ ယင်းအယူခံကို အယူခံကော်မတီက ဆုံးဖြတ်သွား မည်ဟု သိရသည်။
အမေရိကန်ရောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ၀န်ကြီးဦးဌေးအောင်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း
မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ မကြာသေးခင်က လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ဖွံ့ဖြိုးလာတဲ့ ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှု မရှိတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်း ဟိုတယ်တွေမှာ ခရီးသွားဧည့်သည်တွေအတွက် တည်းခိုခနဲ့ကိုက် ညီတဲ့ ၀န်ဆောင်မှု ပေးနိုင်အောင်လည်း အမြဲတစေ သတိပေးနေတယ်လို့ ဆိုပါတယ်။ ၀ါရှင်တန်မြို့တော် ကို ရောက် လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်
အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေ ဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။
ကလေးများ၏အခွင့်အရေး နစ်နာဆုံးရှုံးမှုများကြောင့် သံတွဲပဋိပက္ခများ အဆုံးသတ်ပေးရန် ယူနီဆက်တောင်းဆို
သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှု များနှင့် တွေ့ကြုံနေ ရသဖြင့် ပဋိပက္ခမျာ အဆုံးသတ်ပေးရန် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်-ဖ်)က အောက်တို ဘာ ၇ ရက်စွဲဖြင့် သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက်ရှိရေးအတွက် ရန်ပုံငွေများ လိုအပ်နေသေး
မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက် ရှိရေး အတွက်ကိုမူ ရန်ပုံငွေများ လိုအပ်နေသေးကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယမှ သယ်ဆောင်ကာ ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး၊ ကျန်ရှိ အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့တွင် ဆက်လက် ရေမျှောသွားမည်
ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို ရန်ကုန်မြစ်အတွင်း ရေမျှောနေစဉ်(ဓာတ်ပုံ - ကြည်နိုင်) |
ကမ္ဘာကျော် ၀ိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယနိုင်ငံမှ သယ်ဆောင်ကာ အောက်တိုဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က အရိုးပြာအချို့ကို ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး ကျန်ရှိနေသေးသော အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့ရှိ ဧရာဝတီမြစ်အတွင်း ရေမျှောခြင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဓမ္မဇောတိရိပ်သာမှ သိရသည်။
ပြည်လမ်းရှိ မြန်မာ့အသံဝင်းအား ငှားရမ်းခဖြင့်မဟုတ်ဘဲ SkyNet နှင့် Forever တို့အား လုပ်ကိုင်ခွင့် ပေးထားခြင်းဟု ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူပြောကြား
ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံဝင်း (ဟံသာဝတီဝင်း)အား မြေနှင့်ငှားရမ်းခကို တိကျစွာသတ်မှတ်၍ လုပ်ကိုင်ခွင့် ပေးထားခြင်း မဟုတ်ကြောင်း အောက်တိုဘာ ၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီး ဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြား သည်။ အောက်တိုဘာ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် The Daily Eleven သတင်း စာ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှု အမေရိကန်ကြိုဆို
အမေရိက န်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကနေ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး မနေ့က ပြန် လွှတ်ပေး လိုက်တဲ့အပေါ် ကြိုဆိုလိုက်ပေမဲ့လို့၊ လွှတ်ဖို့ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆက်လက် ဖမ်းဆီး ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်တာမို့ ဒီအပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံးဖြစ်သည့် ကိုဝင်းဇော်ဦးကို အသက်အာမခံ ထားရှိနိုင်ရန် ငွေသိန်းငါးဆယ် လှူဒါန်း
မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်ပြီး အခရိုမယ်လီရောဂါ ခံစားနေရသော ကိုဝင်းဇော်ဦးကို အသက် အာမခံ ထားနိုင်ရန်အတွက် Global world Insurance ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းသန်းက အသက်အာမခံ ငွေသိန်းငါးဆယ် အောက်တိုဘာ ၈ ရက်တွင် ပေးအပ်သည်။
ကိုယ့်အားကိုယ်ကိုးစိတ် မွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်တွေ များလာဖို့လိုကြောင်းနဲ့ အမြင်မတူတဲ့သဘောထားတွေကိုလည်း ညှိယူတတ်တဲ့အလေ့အကျင့်တွေ ရှိဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေရရှိ
ရူပဗေဒနိုဘယ်လ်ဆုရရှိသွားတဲ့ Francois Englert နဲ့ Peter Higgs (Credit: AFP) |
၂၀၁၃ ခုနှစ်အတွက် ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နိုင်ငံသား Peter Higgs နဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Francois Englert တို့နှစ်ဦး ရရှိသွားပါတယ်။
မူဆယ်တွင် တရားမဝင် ငွေလဲလှယ်သူ တစ်ဦး ကျပ်သန်း ၇၀၀၀ ခန့်လိမ်၍ ထိုင်းသို့ထွက်ပြေး
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င်ငွေကြေးလဲလှယ်သူ အမျိုးသမီးတစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ် လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
သံတွဲတွင် သီတဂူ ဆရာတော်နှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တွေ့
ဘာသာမတူသည့် လူအုပ်စု နှစ်စုကြား ပဋိပက္ခများဖြစ်ပွားရာ သံတွဲမြို့တွင် အောက်တိုဘာ ၈ ရက်က သီတဂူဆရာတော် အရှင် ဥာဏိဿရနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး လူအုပ်စု နှစ်စုကြား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန်အတွက် ဘာသာရေးခေါင်းဆောင်များ အချင်းချင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းေ ပြာခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်သူ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က မဇ္ဈိမကို ပြောသည်။
Subscribe to:
Posts (Atom)