ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ၃ွ ဆက်သွယ်ရေးကွန် ရက်အား ၂ဝ၁၅မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော သတင်း အချက်လက်များ အရ သိရသည်။
Monday, 24 November 2014
3G ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ တွင် သုံးဆ ပိုမိုကောင်းမည်ဟု MPT ဆို
ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ၃ွ ဆက်သွယ်ရေးကွန် ရက်အား ၂ဝ၁၅မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော သတင်း အချက်လက်များ အရ သိရသည်။
ရက်ပေါင်း ၄၀ ပင်လယ်ထဲ မျောနေသည့် မြန်မာတံငါသည် ၃ ဦး နေရပ်ပြန်နိုင်ပြီ
ဓာတ်ပုံ - thehindu.com
ပင်လယ်ထဲမှာ ၀ါးဖောင်ငယ်လေးနဲ့ ရက်ပေါင်း ၄၀ ကြာ အသက်ရှင်သန် နေခဲ့တဲ့ မြန်မာ ရေလုပ်သမား ၃ ဦး မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နေရပ်ကို ပြန်နိုင်ပြီ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံထုတ် သည်ဟိန္ဒူ သတင်း မှာ ဖော်ပြပါတယ်။
ကလေးငယ်များအား စစ်သင်တန်းပေးနေသည့်ဗီဒီယို IS အဖွဲ့ ထုတ်ပြန်
ငယ်ရွယ်သော ကလေးများအား လက်နက်များ အသုံးပြုနည်း လေ့ကျင့်သင်တန်းပေးနေပုံကို ၀ါဒဖြန့်သည့် အနေဖြင့် IS အစွန်းရောက်များက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်
အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးပမ်း
သိပ္ပံပညာရှင်များသည် အနာဂတ်ကာလတွင် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ်၌ ကောက်ပဲသီးနှံများ ထွန်ယက် စိုက်ပျိုးနိုင်ရေး အတွက် ရည်ရွယ်သည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ပုဒ်တွင် နိုဝင်ဘာ ၂၂ ရက်က ရေးသား ဖော်ပြထားသည်။
ကိုပါကြီးဇနီး၏ထွက်ဆိုချက်များ စာဖြင့်ရေးသားပေးပို့ရန် လူ့အခွင့်အရေး ကော်မရှင် အကြောင်းကြား
ကိုပါကြီးအတွက် ရည်စူးဆွမ်းကပ်စဉ် ဒေါ်သန္တာ ရှင်းလင်းပြောကြားနေခိုက် (ဓာတ်ပုံ − နစ်ကီ)
သေဆုံးသွားသည့် ကိုပါကြီး၏ ဇနီးဒေါ်သန္တာ၏ ထွက်ဆိုချက်များကို စာဖြင့်ရေးသားပြီးနိုဝင်ဘာ ၂၅ ရက် အရောက်ပေး ပို့ရန် မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်က အကြောင်းကြားလာခဲ့ ကြောင်း ဒေါ်သန္တာ၏ ရှေ့နေကပြောသည်။
တပ်မတော်သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် နောက်ကြောင်းပြန်မလှည့် ၂ဝ၁၅တွင် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ဥပဒေနှင့်အညီ ပူးပေါင်းလက်တွဲသွားမည်ဟု ကာချုပ်ပြောကြား
မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် နောက်ပြန် လှည့်မည်မဟုတ် သကဲ့သို့ ၂ဝ၁၅ရွေးကောက်ပွဲတွင် အနိုင်ရသည့်အစိုးရနှင့် ဥပဒေနှင့်အညီ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားလိုက်သည်။
ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှု
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တစ်ခု ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုအနီးမှာ နိုဝင်ဘာလ (၂၂) ရက်နေ့တုန်းက ဖြစ်ပွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း (၃၉) ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
သံဖြူဇရပ်ရှိ ရော်ဘာခြံပိုင်ရှင်းများ ခြိမ်းခြောက်ဆက်ကြေးတောင်းခံရ
အမေရိကန် ပြန်ကြားရေးဌာနသစ် ၂၀၁၆ မှာ ဖွင့်မည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ OBO ခေါ် ပြည်ပအဆောက်အအုံ များ ဆောင်ရွက်ရေးဌာနက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ American Center ခေါ် အမေရိကန်ပြန်ကြားရေးဌာန အဆောက်အဦးသစ် တည်ဆောက်ရေး အတွက် ဗာဂျီးနီးယားပြည်နယ်၊ စပရင်းဖီးလ်မြို့အခြေစိုက် Enviro-Management & Research ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဗိုလ်ချုပ်၏ နောက်ဆုံးနေ့ရက်များ” ရုပ်ရှင်ကို ရာပြည့်အမီ ပြသနိုင်ဖို့ ရိုက်ကူးနေ
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗိုလ်ချုပ်ရာပြည့်နေ့ အမီ “ဗိုလ်ချုပ်၏ နောက်ဆုံးနေ့ရက်များ” ရုပ်ရှင်ကို ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ (မြေနီသစ္စာ)က ရိုက်ကူးနေပါတယ်။
ပန်းခြံတွင်း သေနတ်အတုကိုင်ဆောင်လာသူ ဆယ်ကျော်သက်တစ်ဦးကို အမေရိကန်ရဲက ပစ်သတ်
Cleaveland ပြည်နယ်ရဲ့ ပန်းခြံထဲမှာသေနတ်ကိုခါးကြားထဲကဆွဲထုတ်ဖို့  ကြိုးစားလိုက်တဲ့ ၁၂ နှစ်အရွယ် ကောင်လေးကိုလက်မြှောက်ဖို့ အမိန့် မနာခံလို့ ဆိုပြီးရဲအရာရှိတစ်ယောက်ကသေနတ်နဲ့  နှစ်ချက်ဆင့် ပစ်လိုက်တယ်လို့ ရဲတပ်ဖွဲ့  က ပြောပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ပြည်သူလူထု၏ အဆုံးအဖြတ်ကို လက်ခံမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော
မြောက်ကိုရီးယားအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်အား ထောက်ခံသူများ အန္တရာယ်များသောအကျိုးဆက်ရမည်ဟု မြောက်ကိုရီးယားက သတိပေး
မြောက်ကိုရီးယား၏ လူ့အခွင့် အရေးမှတ်တမ်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နောက်ဆုံးပြင်းထန်စွာ အပြစ်တင်ဝေဖန်ခြင်းကို ထောက်ခံ သူများသည် အန္တရာယ်များသော အ ကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု မြောက် ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အ ဖွဲ့အစည်းတစ်ရပ်က သတိပေးလိုက် ကြောင်း သိရသည်။
တပ်မတော်မှ ကလေး စစ်သား (၈၃) ဦးကို မိဘများထံ ယနေ့ ပြန်အပ်မည်
ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သည့် ကိစ္စ တပ်မတော်မှ ရည်ရွယ်ချက်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ဟု ကာချုပ်ပြော
ချစ်သူ မိန်းကလေး ထံက အဖြေမရ၍ အဝေးသင် ကျောင်းသား တစ်ဦး ကြိုးတံတားပေါ်မှ ခုန်ချ
စည်းကမ်း ရှိကြောင်း ပြသသည့် အနေဖြင့် စင်ကာပူရောက် မြန်မာပရိသတ်များ ပွဲကြည့်စင်မှ အမှိုက်ကောက်ခဲ့
မန္တလေး စက်မှုဇုံ အလုပ်သမားများ စုပေါင်း ဆန္ဒ ထုတ်ဖော်၍ တောင်းဆိုချက် ရှစ်ချက် ထုတ်ပြန်
အမေရိကန်တွင် အထောက် အထားမရှိ နေထိုင်သူ ကိုရီယား နိုင်ငံသား ၁၈၀,၀၀၀ ခန့်ရှိ
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်းခန်း (အပြည့်အစုံ)
မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြင်ဆင်မှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာမှ ဖွဲ့စည်းမယ့် လွှတ်တော် အသစ်မှာ အတည်ပြုပေးရမယ်ဆိုတဲ့အကြောင်း ဗွီအိုအေကို သီးသန့် ထပ်မံ ရှင်းလင်းခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်ရန် တောင်းဆိုလိုက်
မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှ ခေါင်းဆောင်များနှင့် ထိုင်း နယ်စပ် အခြေစိုက် လူမှုအဖွဲ့အစည်းများ နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ ဆွေးနွေးစဉ်။ (ဓာတ်ပုံ - ဖနိဒါ၊ မဇ္ဈိမ)
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဘဲ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ လူထုအကျိုးပြု အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍတစ်ခုက ပါဝင်နိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် ထိုင်းနယ်စပ် အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများ ထိုင်းနိုင်ငံ၌ နှစ်ရက်တာ ဆွေးနွေးခဲ့သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္ဈိမကို ပြောသည်။
နှစ်နိုင်ငံအစိုးရသဘောတူညီမှုဖြင့် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အထောက်အထားပြုလုပ်နေသည့်အစီအစဉ်မပြီးမီ အရေးယူမှုကို ခြောက်လခန့်ရပ်ဆိုင်းပေးရန် မြန်မာအစိုးရ တောင်းဆို
မလေးရှား ရောက်အထောက် အထားမဲ့မြန်မာ လုပ်သားများအတွက် နှစ်နိုင်ငံအစိုး ရသဘောတူညီမှုဖြင့် အထောက်အ ထားပြုလုပ်သည့် အစီအစဉ်မပြီးမီအဆိုပါမြန်မာလုပ်သားများအားအ ရေးယူမှုကို ခြောက်လ ခန့် ရပ်ဆိုင်း ပေးရန်မလေးရှား အစိုးရထံမေတ္တာ ရပ်ခံစာပေးပို့ထားကြောင်း အလုပ် သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။
ဖိလစ်ပိုင် ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ငါးနှစ် ကြာသော်လည်း တရားခံ များကို စီရင်ချက် မချနိုင်သေး
ဂျာနယ်လစ် ၃၂ဦးအပါအ၀င် လူ၅၈ဦးသည် ၂၀၀၉ခုနှစ် နိုဝင်ဘာ၂၃ရက်နေ့က ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအို ကျွန်းတွင် သတ်ဖြတ် ခံ ခဲ့ရသည်။ အဆိုပါ သတ်ဖြတ် မှုသည့် ဖိလစ်ပိုင် သမိုင်းတွင် ရွေးကောက် ပွဲနှင့် ဆက်နွှယ် အကြမ်းဖက် တိုက်ခိုက် တစ်ခုဖြစ် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ငါးနှစ်ပြည့် မြောက် ခဲ့သော်လည်း သေဆုံး မှုများနှင့် ပတ်သက်၍ တရားစီရင် နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။
ဒေါ်စု အပါအ၀င် ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်များ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံတွင် ဆွေးနွေးမည်
၂၀၁၅ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ အထိ လန်ဒန်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ ထိပ်သီး ညီလာခံ GLS မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပညာရပ် နယ်ပယ် အသီးသီးက ကမ္ဘာ့ထိပ်သီး နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံအဖွဲ့က ကြေညာထားပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများထိခိုက်မှုအတွက် ပထမဆုံး အကြိမ် အာမခံစနစ်ထားရှိနိုင်တော့မည်
ဦးထင်လင်းဦးကိုယ်စား အင်န်အယ်လ်ဒီမှ တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ဟု ဦးဝီရသူ ကြေညာချက်ထုတ်
ဂျပန်တွင် ငလျင်ကြောင့် ပြိုကျနေသည့် အိမ်များကို စတင် ရှင်းလင်း
နိုဝင်ဘာလ ၂၂ ရက်နေ့ ငလျင်ကြောင့် ပြိုကျနေသည့် အိမ်များကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဂျပန်နိုင်ငံအလယ်ပိုင်း ဟခုဘရွာခံတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က အင်အား ရစ်ချတ်တာစကေး ၆.၈ ရှိတဲ့ ငလျင်အပြီး ပြိုကျနေတဲ့အိမ်တွေနဲ့ မြေပြိုမှုတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး ရှင်းလင်း နေပါ တယ်။
စစ်သတင်းထောက် ထားရန် ကာချုပ်နှင့် စာနယ်ဇင်း ဆွေးနွေး
၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။
ပုဒ်မ ၄၃၆ ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရန်ကုန်မြို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာ ၅ ရက်က မီဒီယာများနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အခက်အခဲများ ရှိနေသော် လည်းရအောင် ညှိနှိုင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက် ဗီအိုအေ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။
မြို့ပြစီမံကိန်းများရေးဆွဲရန် တစ်နှစ်လျှင် ဒေါ်လာ ၇ ဘီလီယံကျော် အသုံးပြုရန် သမ္မတညွှန်ကြားထားဟု ဆို
လိင်ကျွန်ပြုမှု ပြဿနာ ဖြေရှင်းရေး ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် ဂျပန်ပြန်စမည်
ဒုတိယ ကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြု ခံခဲ့ရမှု အတွက် အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသမီးကြီးများ ဆန္ဒပြ နေကြစဉ်
ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယား အမျိုးသမီးများကို ဂျပန်က လိင်ကျွန်ပြုမှု ပြဿနာ ကိုဖြေရှင်းရန် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတစ်ရပ်ကို လာမည့်သီတင်းပတ်တွင် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာလူငယ်ငါးရာအား တရုတ်နိုင်ငံတွင် သက်မွေးလုပ်ငန်းခွင် သင်တန်းပေးလိုကြောင်း ကမ်းလှမ်း
စည်ပင်ရွေးကောက်ပွဲတွင် အမျိုးသမီး ၃၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်
အခြေခံဥပဒေကိစ္စ တပ်မတော်သား အမတ်များအား လွတ်လပ်စွာ ဆွေးနွေးခွင့် ပေးထားဟု ကာချုပ်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အခြေခံဥပဒေပြင် ဆင်ရေးလွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ် များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တရားမဝင်လုပ်သားများကို ဒီဇင်ဘာ ၃၁ ရက်အလွန် ဖမ်းမိလျှင်ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမည်ဟုဆို
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာ နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပြန်ခြင်းမရှိ ၍ ဖမ်းဆီးခံရပါက (3+1)စီမံ ချက်အရ ထောင်သုံးလနှင့် ကြိမ် ဒဏ်တစ်ချက်ချမှတ်ခံရမည်ဟု မလေးရှားအစိုးရက ကြေညာ လိုက်ကြောင်း မလေးရှားနိုင်ငံ ရောက် မြန်မာလုပ်သားများက ပြောသည်။
ကုလ၏ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်သည် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ဟု မြောက်ကိုရီးယား သတိပေး
စစ်တပ်က ပါတီထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန်မရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ဝန်ကြီးချုပ် ပရာယွတ်၏ စစ်တပ်တင်မြှောက်သည့် အစိုးရအားဆန္ဒပြနေသူများကို ရဲများကဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - EPA
ဘန်ကောက်၊ နိုဝင်ဘာ၂၃။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မိမိ၏အစိုးရအဖွဲ့သည် ရာနှုန်းပြည့် ဒီမိုကရေစီအစိုးရ မဟုတ်သော်လည်း အာဏာရှင် အစိုးရမဟုတ်ကြောင်းနှင့် မိမိတို့အနေဖြင့် စစ်တပ် လိုလားသည့် နိုင်ငံရေးပါတီ တစ်ရပ်ထူထောင်ရန် အစီအစဉ် မရှိကြောင်းနိုဝင်ဘာ ၂၂ ရက်က ပြောကြား လိုက်သည်။
နိုင်ငံရေးကို အခြေအနေအချိန်အခါပေါ် မူတည်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား တရားဝင် အထောက် အထားများ လုပ်ဆောင်ပေးနိုင်ရန် ခြောက်လထပ်မံ အချိန် တိုးမြှင့်ပေးဖို့ မေတ္တာရပ်ခံစာ မလေးရှားပြည်ထဲရေးဝန်ကြီးထံ ပေးပို့ ထားသော်လည်း တုံ့ပြန်မှုမရှိသေး
အရက်နှင့်ဝိုင် တင်သွင်းခွင့်ကို ခွင့်ပြုပေးမည်ဆိုသော်လည်း နှောင့်နှေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း ပြောကြား
ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်ပေးရန် အီးယူက ကုလသို့တင်သွင်း၊ မြန်မာအစိုးရ ပယ်ချ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးဆိုင်ရာလိုအပ်ချက်၊ မြစ်ဆုံဆည်နဲ့ လက်ပန်းတောင်းတောင် စီမံကိန်းဆိုင်ရာ သဘောထားအမြင် စတာတွေအပြင် လက်ရှိ ကျောင်းသားတချို့ဆန္ဒပြနေမှု အခြေ အနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို တင်ပြပေးထားပါတယ်။
Subscribe to:
Posts (Atom)