အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစား အသောက်မလျှော့ဘဲ ၀ိတ်ကျချင်သူတွေအတွက် ဘ၀နေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေ သွားစေ မယ့် နည်းလမ်းကောင်းတွေပါ။
Monday, 7 October 2013
အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေရန်
အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစား အသောက်မလျှော့ဘဲ ၀ိတ်ကျချင်သူတွေအတွက် ဘ၀နေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေ သွားစေ မယ့် နည်းလမ်းကောင်းတွေပါ။
အသေးစားချေးငွေလုပ်ငန်းများ ဗဟိုဘဏ်နှင့်သက်ဆိုင်တော့မည်မဟုတ်
ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်နှင့်မသက် ဆိုင်သောအသေးစားဆိုင်ရာချေးငွေ လုပ်ငန်းများကို လက်အော က် တွင် သာ ထားရှိတော့မည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့်ကေအိုင်အို ကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားရောက်မည်
အစိုးရနှင့် ကေအိုင်အိုတို့ မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ မနောကွင်းသို့ ရောက် ရှိလာစဉ် ဓာတ်ပုံ - အေးမြကျော် |
အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် စစ်ဘက် ထိပ် ပိုင်းခေါင်းဆောင်များပါဝင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီးနား မြို့ သို့ ရောက်ရှိမည်ဖြစ်သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ် |
ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ်
ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် စိန်မထွက်ဟု ဘူမိဗေဒပညာရှင်ပြော
လက် ရှိမြန်မာပြည်တွင် စိန်ထွက်ရှိနိုင် သည့် ဘူမိအနေအထား လုံးဝမရှိ ကြောင်း စိန်ကျောက်မျက်ပညာ သင်တန်း ဓာတ်ခွဲခန်းကော်မတီမှ ပါမောက္ခ ဦးဉာဏ်သင်းကပြော သည်။
ယခု ရွှေဈေး ကျဆင်းမှု ကြောင့် ဗဟိုဘဏ်များ ဒေါ်လာ ၅၄၅ ဘီလီယံ အရှုံးပေါ်နေ
Fed ဘဏ်ဥက္ကဋ္ဌ Bernanke က သူဟာ ရွှေဈေးအကြောင်း နားမလည်ပါဟု့ပြောကြားလိုက်ပါတယ်။
KIA မှ ခရီးသွား ပြည်သူများနှင့် ရွှေကျင်လုပ်သားများအား ဖမ်းဆီးခေါ် ဆောင်ပြီး ငွေကြေးတောင်းယူမှု ၀ိုင်းမော် - ချီဖွေ ကားလမ်းပေါ်တွင် ဖြစ်ပွား
ကချင်ပြည်နယ် ၀ိုင်းမော် - ချီဖွေသွား ကားလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနှင့် မန်ဒေါင်းကျေးရွာကြား
ဆွပ်မရာ ကန် နေရာ၌ အောက်တိုဘာ ၅ ရ က် ညနေ ၄ နာရီခန့်တွင်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ တစ်ဖွဲ့မှ ခရီး သည်တင်ကားများအား
ရပ်တန့်၍ ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ် သားများအား အတင်းအဓမ္မ
ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ် စဉ်ကြုံတွေ့ခဲ့သော
ကားသမားများထံမှ သိရှိရပါသည်။
ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းများအတွက် တစ်နှစ်အတွင်း ကန်ဒေါ်လာ ၃၇ သန်းကျော်ရရှိထားပြီးဖြစ်ဟု သိပံ္ပနှင့်နည်းပညာဝန်ကြီးပြော
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များတွင် ပညာရေးအဆင့် မြှင့်တင်မှု စီမံကိန်းများ ပြုလုပ်နိုင်ရန်အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရရှိ ထားပြီဟု သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာကိုကိုဦးက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။
ခရီးသည် ပို့ဆောင်ရေးယာဉ်များ သတ်မှတ်ဈေးထက် ပိုကောက်ပါက အရေးယူမည်ဟုဆို
ရန်ကုန်-ထားဝယ်-မြိတ် ပြေးဆွဲလျက်ရှိသော ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လက် မှတ် ဈေးနှုန်းထက်ပို၍ ကောက်ခံပါကအရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (မ.ထ.သ) ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောကြားသည်။
ပွင့်လင်းရာသီရောက်၍ ရွှေဈေး ပြန်တက်နိုင်ဟုဆို
အမေရိကန်အစိုးရ လုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းသည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန် မာ့ရွှေဈေး မှာ တစ်လအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားရာမှ ပွင့်လင်းရာသီ ရောက်လာသည့် အတွက် ပြန်လည် မြင့်တက်လာဖွယ် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
အားကစားကွင်းနေရာ ဟိုတယ်ဆောက်လုပ်မှု ဒေသခံများ ဆန္ဒထုတ်ဖော်
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော
မြေယာသိမ်း ဆန္ဒပြပွဲ ရန်ကုန်မြို့လယ်တွင် ထပ်မံဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ရပ်ကွက်သူနဲ့ ရပ်ကွက်သားတွေအပြင် မူလတန်းကျောင်းသူနဲ့ ကျောင်းသားလေးတွေဟာ မိမိတို့ လက်ရှိ နေထိုင်ရာကနေ ပြောင်းရွှေ့မှု အမိန့် ကြေညာစာတွေကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန ကို အောက်တိုဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
နေရောင်ခြည်မရတဲ့ဘက်မှာ သီးရတဲ့ပန်းသီးတွေ
ဒီကနေ့ကမ္ဘာမှာ
လူဦးရေသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့အနက် သန်းပေါင်း ၁၃၀၀ ဟာ ဆင်းရဲမွဲတွေမှု
ဒဏ်အလူးအလဲ ခံစားနေကြရတယ်လို့ ဆိုပါတယ်။ တစ်ခါ စိတ်ကျရောဂါရှင်က သန်းပေါင်း
၃၄၀ ကျော် ရှိပါတယ်။ အလုပ်လက်မဲ့ ဦးရေက သန်း ၅၀၀ ကျော် ရှိပါတယ်။
ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး သံတွဲမြို့အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်
စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ဖြစ်ပွားခဲ့သော သံတွဲမြို့နယ် ပဋိပက္ခအတွက် မီးဘေးသင့်ပြည်သူများ ကယ်ဆယ် စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းကာ ကယ် ဆယ်စောင့် ရှော က်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အရွယ်မရောက်သေးသူ မိန်းကလေးငယ် အဓမ္မကျင့်ခံရ၍ ကျောင်းကုန်းတွင် ပဋိပက္ခဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။
သံတွဲမြို့ အိမ်မီးရှို့မှုများ အတွက် လူ ၄၄ ဦး ဖမ်းဆီး စစ်ဆေး
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှု တွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။
အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး
အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမိုဟာမက်မော်စီကို ထောက်ခံသူတွေနဲ့ ရဲတွေအကြားအပြန် အလှန် တိုက်ခိုက်မှုတွေဖြစ်တာကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ အီဂျစ်တာဝန်ရှိ သူတွေက ပြောပါတယ်။
၂၀၁၃ခုနှစ် နိုဘယ်ဆုအမည်စာရင်းများ ထုတ်ပြန်ကြေညာတော့မည်
နိုဘယ်ဆုများကို
၁၉၀၁ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက်
နိုဘယ် ဆုအမည်စာရင်းများကို အောက်တိုဘာ ၇ ရက်တွင်
စတင်ထုတ်ပြန်ကြေညာမည်ဖြစ် သည်။ နိုဘယ် ဆုများကို အယ်ဖရက်ဒ် နိုဘယ် (၁၈၃၃-
၁၈၉၆) က ၎င်း၏ နောက်ဆုံးသေတမ်းစာနှင့်အတူ စတင် တည်ထောင်ပေးအပ်ခဲ့ပြီး
ဆုအမျိုးအစား ငါးမျိုး သတ်မှတ်ပေးခဲ့သည်။ ယင်းဆုငါးမျိုးမှာ ရူပဗေဒ၊
ဓာတုဗေဒ၊ဇီဝကမ္မ သို့မဟုတ် ဆေးပညာ၊စာပေနှင့် ငြိမ်းချမ်းရေး ဆုတို့ ဖြစ်သည်။
၁၉၆၈ ခုနှစ်တွင် စီးပွားရေးသိပ္ပံဆုကို ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်မှစ၍ မြစ်ကြီးနားမြို့၌ ပြုလုပ်မည်
နှစ်ဖက်ခေါင်းဆောင်များ ပါဝင်ကြမည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပ
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)