Friday, 5 December 2014

မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ကောင်းကျိုးအဖြာဖြာ

Photo: မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ကောင်းကျိုးအဖြာဖြာ
Friday, December 5, 2014
 
ယခုလက်ရှိ ကျန်းမာရေးလိုက်စားတဲ့ အပိုင်းမှာ ခေတ်စားနေတာက အိပ်ယာထထချင်း ရေသောက်တာပါပဲ။ ဒီအလေ့အကျင့်လုပ်ခြင်းရဲ့ ကုသမှုပိုင်းဆိုင်ရာကနေ ရရှိတဲ့ တန်ဖိုး၊ အကျိုးကျေးဇူးဟာ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးနဲ့ လုံးဝ ကိုက်ညီမှုရှိလှကြောင်း သိပ္ပံနည်းအရ အတည်ပြုထားပါတယ်။

အိပ်ယာထတဲ့အချိန် ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ နှလုံးပြဿနာများ၊ ဝက်ရူးပြန်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အဆစ်ရောဂါများ၊ ဆီးချိုသွေးချိုရောဂါ၊ ဝမ်းချုပ်ခြင်း၊ အဝလွန်ခြင်း၊ အဆုတ်နာရောဂါ၊ ဦးနှောက်အမြှေးပါးယောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အော့အန်ခြင်း၊ သားအိမ်ပိုင်းဆိုင်ရောဂါ၊ အူယောင်တာ၊ နားနဲ့ လည်ချောင်းနာရောဂါ စတာတွေ နေထိုင်မကောင်းဖြစ်ခြင်းနဲ့ အနာရောဂါဖြစ်ခြင်းတွေကို ကာကွယ်ကုသရာ ရောက်ပါတယ်။

နည်းလမ်း…

(၁) အိပ်ယာထထချင်း တခြားဘာမှ မလုပ်သေးပဲ ၆ အောင်စ ရေပမာဏကို  (၄) ခွက်သောက်ပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီရေပမာဏကို တစ်ခါတည်းကုန်အောင် မအသောက်နိုင်ဘူးဆိုရင် အစပိုင်း သောက်နေကျပုံမှန်အတိုင်းသာ သောက်ပြီး နောက်ပိုင်း တစ်ဖြေးဖြေးနဲ့ ပမဏ တိုးတိုးပြီးသောက်သင့်ကြောင်း သိထားရပါမယ်။

Trend Myanmar
ယခုလက်ရှိ ကျန်းမာရေးလိုက်စားတဲ့ အပိုင်းမှာ ခေတ်စားနေတာက အိပ်ယာထထချင်း ရေသောက် တာပါပဲ။ ဒီအလေ့အကျင့်လုပ်ခြင်းရဲ့ ကုသမှုပိုင်းဆိုင်ရာကနေ ရရှိတဲ့တန်ဖိုး၊ အကျိုးကျေးဇူးဟာ ကျွန်ုပ် တို့ရဲ့ကျန်းမာရေးနဲ့ လုံးဝ ကိုက်ညီမှုရှိလှကြောင်း သိပ္ပံနည်းအရ အတည်ပြုထားပါတယ်။

ပညာရေး ဥပဒေ လိုအပ်ချက် ပညာရှင်တွေ ထောက်ပြ

Photo: ပညာရေး ဥပဒေ လိုအပ်ချက် ပညာရှင်တွေ ထောက်ပြ
Friday, December 5, 2014

အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ လိုအပ်ချက်၊ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပညာရေးဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ပညာရှင်တွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပြောဆိုလိုက် တာပါ။ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဒီကနေ့ ကျင်းပပြုလုပ်တဲ့ “ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ” စာတမ်းဖတ်ပွဲမှာ ပညာရပ်ဆိုင်ရာ ပါရဂူ ပညာရှင်တွေက အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်တဲ့ သူတို့ ပြုစုထားတဲ့ စာတမ်းတွေကို ဖတ်ကြားဆွေးနွေး တင်ပြနေကြတာဖြစ်ပါတယ်။

" အမျိုးသားပညာရေးဥပဒေကြမ်း နည်းဥပဒေကော်မတီအနေနဲ့ မကြာခင်မှာ အမြန်ဆုံးဆောင်ရွက်ဖို့လိုပါတယ်။ ကျောင်းသားတွေ၊ ကျောင်းသား သမဂ္ဂတွေ ဆောင်ရွက်နေတယ်။ အားလုံး ဆောင်ရွက်နေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်တယ်။ အားလုံးကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) "

ဒါကတော့ ပညာရှင်တွေ ဆွေးနွေးနေကြတဲ့ အသံပါ။

“ဒီမိုကရေစီ ပညာရေးစနစ် ဘယ်လို တည်ဆောက်မလဲ၊ ကျောင်းသား အခွင့်အရေးနဲ့ အနာဂတ် မြန်မာပြည်၊ ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေး” စတဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ အားနည်းချက်၊ လိုအပ်ချက်တွေ ကို ဝေဖန် ထောက်ပြဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဒေါက်တာသိန်းလွင်က အခုလိုပြောပါတယ်။

"ပညာရှင်တွေက ဒီအမျိုးသားပညာရေး ဥပဒေကို ဘယ်လိုသုံးသပ်သလဲ ဆိုတာကို ကျောင်းသားတွေ စီစဉ်တဲ့ပွဲပါ။ ဒီပွဲမှာ ဆရာကြီးတွေ လာတယ်။ ဒေါက်တာတွေ၊ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ ဒေါက်တာတင်အောင်တို့ ဒေါက်တာ တင်လှိုင်တို့ လာကြတယ်။ ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်လည်း လာတယ်။ နောက် ဥပဒေပညာရှင်တွေလည်း လာကြတယ်။ ဆရာကြီးတွေက ကျောင်းသားသမဂ္ဂ ရှိရမယ်ဆိုတဲ့ ဘက်ကနေ ပြောတယ်။ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရမယ်။ စကားလုံးကိုက အစ သမဂ္ဂလို့ပဲ သုံးရမယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီတွေမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ပါရမယ်။ နောက် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှိရမယ် အဲ့တာတွေကို ပြောသွားပါတယ်။

နောက် ဆရာများသမဂ္ဂ ကလည်း ဆွေးနွေးတယ်။ ဆရာများသမဂ္ဂက သူတို့ လုပ်ထားတဲ့ သုတေသနပေါ့။ တက္ကသိုလ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့အပေါ်မှာ ကျောင်းသားတွေ၊ ဆရာတွေ မိဘတွေ ဘယ်လိုမြင်သလဲဆိုတာ သူတို့ သုတေသန လုပ်ထားတဲ့ စာတမ်း လာပြီးတော့ ရှင်းပြပါတယ်။ သူတို့ စာရင်းကောက်ယူခဲ့တဲ့ အများစုက တက္ကသိုလ်တွေရဲ့ လွတ်လပ်ခွင့် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂ ရှိဖို့လိုတယ်။ ဆရာတွေ လွတ်လပ်ခွင့် ရှိဖို့လိုတယ်ဆိုတဲ့ ဘက်က အားလုံးက ဆန္ဒရှိတယ် ဆိုတာ သူတို့သုတေသန ပြုချက်ကိုပြောပါတယ်။ နောက် ၈၈ကလည်း ကိုစိုးထွန်းတို့ လာပြောပါတယ်။ NNER (National Network for Educational Renewal) ကလည်း ကျနော့်အနေနဲ့ပြောပါတယ်။ ဒီဥပဒေအပေါ် သုံးသပ်ချက် ကျနော်တို့ တင်ပြပါတယ်။"

“အမျိုးသားပညာရေး ဥပဒေကို လေ့လာ ဆန်းစစ်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုမှာ လွတ်လပ်မှုနဲ့ အာမခံချက်ရှိဖို့ အရေးတကြီး လိုအပ်တယ် ဆိုတာကို ဥပဒေ ပညာရှင် အမြင်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်း ဒေါက်တာညိုညိုသင်း အခုလို ပြောပြပါတယ်။

"ပညာရေးက တကယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ အာမခံချက် မဖြစ်မနေ ထည့်ပေးထားရမယ်။ ဥပမာ ဆရာနဲ့ကျောင်းသားတွေရဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်တို့ ဥပဒေနဲ့အညီပေါ့ အာမခံ ထားရမယ်။ နောက်ပြီးတော့ ပညာရေး ဥပဒေမှာပဲ နိုင်ငံတော် ဘက်ဂျက်ရဲ့ ဘယ်လောက်ကိုပေါ့နော် ပညာရေး အတွက် နှစ်စဉ် သုံးစွဲသွားပါ့မယ် ဆိုတဲ့ အာမခံချက်လည်း ပါရမယ်ပေါ့နော်။

ကျောင်းတွေမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိတဲ့ ကျောင်းကောင်စီ အသီးသီးတွေ ပေါ်ဖို့ပေါ့။ ဒီပညာရေးဥပဒေထဲမှာ အာမခံချက် ပေးထားရမယ်။ အဲ့ဒီ့တော့ ပညာရေးဥပဒေတခုမှာ လိုအပ်ချက်တွေပေါ့ ဘာတွေ လိုအပ်တယ်ဆိုတာကို ဆွေးနွေးတာပါ။

ဥပဒေတခုမှာ အာမခံချက် ပေးမထားပဲနဲ့ နည်းဥပဒေရောက်မှ ထည့်မယ်ဆိုတာဟာ ဥပဒေဘောင်ကို ကျော်လွန်ရာ ရောက်တယ်။ အဲ့တာကြောင့်မို့လို့ အစကတည်းက ဥပဒေထဲမှာ ထည့်သွင်းပေးထားမှသာလျှင် နည်းဥပဒေကို ရေးဆွဲတဲ့နေရာမှာ စိတ်ချရတာပေါ့နော်။ ဒါကြောင့်မို့ အမျိုးသားပညာရေး ဥပဒေမှာ နိုင်ငံတော်အစိုးရ လုပ်မယ့် သူတွေရဲ့ တာဝန်ခံ ကတိကို သေချာစေဖို့ပေါ့နော်။ ကတိခံဝန်ချက်တွေ ပါဖို့ ကို ဆွေးနွေးဖြစ်ကြတာပါ။

ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေဟာ အများပြည်သူ၊ ကျောင်းသား၊ ဆရာတွေရဲ့ သဘောဆန္ဒ မပါပဲနဲ့ ဗဟိုချုပ်ကိုင်မှု နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်ဆိုတာ ပညာရှင်တွေရဲ့ သုံးသပ်ဆွေးနွေးမှု အများပြည်သူ သိရှိနားလည်နိုင်ဖို့ သပိတ်မှောက် ကျောင်းသားတွေက အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ကိုမင်းသွေးသစ်က အခုလိုရှင်းပြပါတယ်။

" ဒီပညာရှင်တွေဟာ ဆိုလို့ရှိရင် ဒီအစိုးရဘက်ကလည်း မဟုတ်ဘူး။ နောက် နိုင်ငံရေးပါတီတွေ ဘက်ကလည်း မဟုတ်ဘူး။ သူတို့တွေဟာ ကြားမှာ ရှိတဲ့ လက်ရှိ လွတ်လပ်တဲ့ ပညာရှင်တွေပေါ့။ အဲ့တော့ သူတို့ရဲ့ ဝေဖန်တဲ့ အချက်ကတော့ ဘယ်ဘက်ကိုမှ မလိုက်ပဲနဲ့ ပညာရှင်ဆန်တဲ့ ဝေဖန်မှုမျိုးတွေ အမျိုးသားပညာရေးဥပဒေကို လုပ်ကြတယ်။ အဲ့တော့ သူတို့တွေက ဒီဥပဒေဟာ တကယ်တမ်းကောင်းမွန်တဲ့ ပညာရေးစနစ်တခုကို သွားဖို့အတွက်ကို လိုအပ်ချက် အများကြီး ရှိနေတယ် အစ မကောင်းတဲ့ ဥပဒေလို့ သူတို့တွေက ပွင့်ပွင့်လင်းလင်း ဝေဖန်သွားပါတယ်။"

သမ္မတ လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို သဘောမတူ လက်မခံဘူးဆိုပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ တောင်းဆိုထားချိန်နဲ့ တပြိုင်နက်တည်း မှာပဲ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးနဲ့ အထက်မြန်မာပြည် ခရိုင်တွေမှာ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့အတူ ပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ရှင်းလင်းဟောပြောပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

VOA
အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ လိုအပ်ချက်၊ အားနည်း ချက်တွေ များစွာ ရှိနေတယ်လို့ ပညာရေးဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ပညာရှင်တွေက ဝေဖန်ထောက်ပြ လိုက်ပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပြောဆိုလိုက် တာပါ။ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော

Photo: လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော
Friday, December 5, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့မှာ ပွင့်လင်းမြင်သာမှုနဲ့ တိကျတဲ့ ပေါ်လစီတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းပဲလုပ်ပါတယ်။ ခင်ဗျားတို့ စစ်ဆေးနိုင်တယ်။ မေးမြန်းစုံစမ်းနိုင်တယ်။ ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စဉ်ကတည်းက ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးက သူတွေ ပါဝင်ခဲ့ပါတယ်(စစ်ဆေးမှုတွင်)။ ဟိုမှာ ဖြစ်ခဲ့တဲ့အရာတွေအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်။ မြန်မာက ကျွန်တော်တို့ သူငယ်ချင်းတွေ ပါ။ ဒီကိစ္စကို တရားမျှတမှုရှိစေရမယ်။ ဥပဒေအတိုင်း ဖြစ်နေရမယ်။ ကျွန်တော်တိုက အမြဲမျှတမှုကို အလေးထားပါတယ်" ဟု H.E. Ambassador Pisanu Suvanajata က ပြောသည်။

ယင်းအမှုတွင် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများနှင့် ပတ်သက်၍ တရားမျှတမှု မရှိဟုဆိုကာ ထိုင်းမီဒီယာများ အပါအဝင် ထိုင်းလူ့အခွင့် အရေး ကောင်စီကပါ ဝေဖန်မှုများလည်း ရှိနေပြီး အမှုအား အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် ပြန်စစ်ပေးရန်လည်း တောင်းဆိုထားမှုများ ရှိထားသည်။

လက်ရှိတွင် မြန်မာနှစ်ဦးအား လူသတ်မှုဖြင့် စွဲဆိုဖမ်းဆီးထားပြီး မြန်မာနှစ်ဦး၏ အမှုစွဲဆိုချက်ကို စစ်ဆေးရန် ကော့စမွီခရိုင် တရားရုံးက
ဒီဇင်ဘာ ၄ ရက်က လက်ခံလိုက်ကာ ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးအကြိမ် စစ်ဆေးတော့မည်ဖြစ်သည်။ ထိုင်းရဲတို့က အောက်တိုဘာ ၈ရက်တွင် ပထမအကြိမ် အမှုစွဲဆိုစဉ် အမှုတည်ဆောက်မှု မပြည့်စုံ၍ တရားရုံးက ပယ်ချကာ ထပ်မံစစ်ဆေးရန် ညွှန်ကြားထားခြင်း လည်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက် က အသတ်ခံရသည့် ဗြိတိန်စုံတွဲအမှုကို မြန်မာနိုင်ငံ သား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကျူးလွန်သည်ဟု အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ထို့ပြင် အမှုအတည်ပြုရာတွင် အဓိက သက်သေဖြစ်သည့် မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ ပြန်လည် စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ်က ရဲတပ်ဖွဲ့က ညွှန်ကြားခဲ့သည်။

သို့သော် မြန်မာသံရုံး အထူးအဖွဲ့နှင့် အမှုအတွက် အာဏာ လွှဲအပ်ထားသည့် ထိုင်းရှေ့နေများကောင်စီဝင် တစ်ဦးက ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ မျက်မှောက်တွင် စစ်ဆေးရန် တောင်းဆိုထားပြီး ယနေ့တိုင် ပြန်လည်စစ်ဆေးခြင်းမရှိသေးပေ။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ထိန်ချိန်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ တရားမဝင်
နေထိုင်မှုတို့ဖြင့် ထိုင်းရဲတို့က စွဲချက် တင်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောသည်။

Ashton Carter ကို ကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေး

Photo: Ashton Carter ကို ကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေး
Friday, December 5, 2014

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Ashton Carter ကို အမည်စာရင်း တင်သွင်းထားတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောလိုက်ပါတယ်။ ရူပဗေဒပညာရှင်တဦးဖြစ်သလို အဆင့်မြင့် လက်နက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ Ashton Carter ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းတာကို သမ္မတ အိုဘားမားက အခု သောကြာနေ့ ကြေညာဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

Mr.Carter ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့ဖူးသလို၊ အရင်ကတော့ ကာကွယ်ရေးဌာနရဲ့ ထိပ်ပိုင်း လက်နက်အ၀ယ်တော်လည်းဖြစ်ပါတယ်။ ၀ါရှင်တန်နိုင်ငံရေါ်မျာတော့ သူ့ဟာ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုရသူပါ။ ကာကွယ်ရေးဝန်ကြီးဟောင်း Chuck Hagel နေရာကို Mr.Carter ကို အစားထိုး အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။

Mr.Hagel ဟာ နှစ်နှစ်ကြာ ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့လကပဲ ရုတ်တရက် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ Mr.Hagel ကို ရာထူးက နုတ်ထွက်ဖို့ အိမ်ဖြူတော်ကနေဖိအားပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လို့၊ အိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို တရားဝင် ငြင်းဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် လျာထားစဉ်းစားခံရတဲ့ လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson၊ အထက်လွှတ်တော်အမတ် Jack Reed၊ ကာကွယ်ရေးဌာန အရာရှိဟောင်း Michele Flournoy တို့အပါအ၀င် အတော်များများ ဒီရာထူးလက်ခံယူဖို့ ကိုယ်တိုင် ငြင်းခဲ့တဲ့နောက်? Ashton Carter ဟာ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာနိုင်တယ်ဆိုပြီး တစ် ပေးခံခဲ့လာရတာပါ။

VOA
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Ashton Carter ကို အမည်စာရင်းတင်သွင်းထားတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောလိုက်ပါတယ်။ ရူပဗေဒပညာရှင် တဦးဖြစ်သလို အဆင့်မြင့် လက်နက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ Ashton Carter ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းတာကို သမ္မတ အိုဘားမားက အခု သောကြာနေ့ ကြေညာဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို

Photo: ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို
Friday, December 5, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာက စာပေ ဟောပြောပွဲမှာ ဘာသာ၊ သာသနာ ကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ပုဒ်မ ၂၉၅(က) ဘာသာ၊ သာသနာညှိးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၈ ဘာသာ၊ သာသနာ ကို စော်ကား ပုတ်ခတ်ပြော ဆိုမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲတာဖြစ် တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင် က ပြောပါတယ်။

"ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်မှုပေါ့၊ သူက အထင်အမြင်သေးအောင် သူက ပြောထားတာတွေက အများကြီးပါပါတယ်ခင်ဗျ၊ အချက်အလက်တွေ တော်တော်လေးများပါတယ်၊ လူအများကြီးရဲ့ ယုံကြည်ကိုးကွယ်မှုကိုပေါ့နော်၊ ဘာသာသာသနာကို စော်ကားပုတ်ခက်ပြောဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေပေါ့နော်၊ ပုဒ်မ ၂၉၅(က)ရယ်၊ နောက်ပြီးတော့ ၂၉၈ ရယ်အဲ့ဒီ ၂ ခုဖြစ်ပါတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးပန်လှကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာရေး၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကတဆင့် ချောင်းဦးမြို့နယ်တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေး အရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ကန်ညာသမ္မတ အပေါ် စွဲဆိုမှု ICC ပလပ်

Photo: ကန်ညာသမ္မတ အပေါ် စွဲဆိုမှု ICC ပလပ်
Friday, December 5, 2014

ICC ခေါ်တဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက လူသားထု လူ့အဖွဲ့အစည်းအပေါ် ရာဇ၀တ်မှုကျူးလွန်ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta ကို စွဲဆိုထားတဲ့ အမှုကို ပလပ်လိုက်ပါတယ်။ သမ္မတ Kenyatta အပေါ် စွဲချက်ကို ပြန်ပြီး ရုပ်သိမ်းမလာါ် အမှုပိုခိုင်မာအောင် ဆောင်ရွက်မလားဆိုပြီး တရားရုံးကနေ တရားရုံးရှေ့နေတွေကို အချိန်ပေးပြီး နှစ်ရက်အကြာ အခု သောကြာနေ့မှာ တရားရုံးက ဒီ ဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကြောင့်မို့လို့ ကင်ညာနိုင်ငံတွင်း Impunity ခေါ်တဲ့ အာဏာရှိသူတွေက အပြစ်ကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ ဆောင်ရွက်ချက်တွေ နောက်ပြန်လှည့်စေတယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်ပါတယ်။ ကင်ညာကိစ္စ တရားစီရင်မှုမှာ အခုလို အတားအဆီးဖြစ်မှုဟာ သြဇာအာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေကို ICC က ဘယ်လို အရေးယူနိုင်မလဲဆိုတာ ပြန်တွက်ဆဖို့ အရေးကြီးလာတယ်လို့လည်း ဖော်ပြပါတယ်။

Mr.Kenyatta အမှုဟာ အချိန်မကြာခဏ ရွေ့ဆိုင်းခဲ့ရတာပါ။ သူဟာ ၂၀၀၇ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၀၈ ခုနှစ် အစောပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ပတ်သက်တယ်ဆိုပြီး စွတ်စွဲခံရတာပါ။ အဲဒီ မငြိမ်မသက်မှုကြောင့် ကင်ညာမှာ လူပေါင်း ၁၁၀၀ လောက် သေဆုံးခဲ့ပြီး၊ ၆သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)
ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)
ICC ခေါ်တဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက လူသားထု လူ့အဖွဲ့အစည်းအပေါ် ရာဇ၀တ်မှုကျူးလွန် ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta ကို စွဲဆိုထားတဲ့အမှုကို ပလပ်လိုက်ပါတယ်။ သမ္မတ Kenyatta အပေါ် စွဲချက်ကို ပြန်ပြီးရုပ်သိမ်းမလာါ် အမှုပိုခိုင်မာအောင် ဆောင်ရွက်မလားဆိုပြီး တရားရုံးကနေ တရားရုံးရှေ့နေတွေကို အချိန်ပေးပြီး နှစ်ရက်အကြာ အခုသောကြာနေ့မှာ တရားရုံးက ဒီဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

Photo: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား
Friday, December 5, 2014 

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ် သူက ကိုက်စားရန် ကြိုးစားခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ် သည်ဟု သိရသည်။

အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ ရသောေ ကြာင့် ဆေး ရုံသို့ တင်ပို့ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံ သို့ရောက် ပြီး ၃ ရက်အကြာ တစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက် လာ ခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏ လက်အား ကိုက်ဖြတ်နေ သည်ကို တွေ့ရှိ ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏ လက်ထဲမှ ဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့သည်။ `တုန် လှုပ် စရာပါပဲ။ လက်က တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရ ဖြစ်ရုံသာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာ ၀န်တွေက သူမရဲ့ ကိုက်ထားတဲ့ ပါးစပ်ကို ဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင် ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အမျိုးသမီး ကိုယ်ဝန်အရင့် အ မာဖြစ်နေ ချိန်တွင် ယောက္ခမဖြစ်သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုး သမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့ လုပ်ဆောင်ရန် စေ့ဆော် ခဲ့သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

M-Media
တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကိုက်စားရန် ကြိုးစား ခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်

Photo: ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်
Friday, December 5, 2014 

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

"မြန်မာနိုင်ငံဟာ နားလည်မှု လွဲနေပါတယ်။ ဒါက အလွန်လည်း ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရာမှာ နော်ဝေနိုင်ငံကျင့်သုံး လုပ်ဆောင်ခဲ့တာမျိုးနဲ့ များစွာကွဲပြားခြားနားပါတယ်။ ဘုရင်နဲ့ မိဘုရားအနေနဲ့ မြန်မာနိုင်ငံရဲ့  တကယ်အရှိတရားကို ဘယ်လိုလုပ်တွေ့ မြင်နိုင်တော့မှာလဲ" ဟု Halleraker ကို ကိုးကားလျက် NRK ကရေးသားသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာ ဆက်သွယ်ရေးအရာရှိချုပ်ဖြစ်သူ Frode Andersen ကလည်း ဆင်းရဲနွမ်းပါးမှုသည် ဖုံးကွယ်ထားရမည့် အရာတစ်ခုမဟုတ်ဟု ဝေဖန်သည်ကို NRK က ဖေါ်ပြသည်။

"ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူး။ ဒီပြဿနာက ဖြေရှင်းရမှာဖြစ်တယ်။ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းသွားရမယ့် ပြဿနာဖြစ်တယ်။ ဒါကြောင့် နော်ဝေနိုင်ငံအနေနဲ့  မြန်မာနိုင်ငံအတွက် ကူညီပေးဖို့လုပ်ဆောင်နေခြင်းပဲဖြစ်တယ်” ဟု Halleraker ကပြောဆိုကြောင်း NRK က ဖေါ်ပြထားသည်။

နော်ဝေဘုရင်နှင့် မိဘုရားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ရက်က ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒီဇင်ဘာ ၁ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်တက္ကသိုလ်၌လည်း မိန့်ခွန်းပြောကြားခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်ပြီး ဧရာဝတီမြစ်ကို သင်္ဘောဖြင့် ကြည့်ရှုလည်ပတ်ရန် စီစဉ်ခဲ့ရာ ဘုရင်နှင့် မိဘုရားတို့ စီးနင်းမည့် သင်္ဘောကပ်ရာ ဂေါဝန်ဆိပ်ကမ်းအနီး ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်မှုအဖြစ် နော်ဝေနိုင်ငံက ရှုမြင်ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့များနှင့် စီးပွားရေး ကုမ္ပဏီ ၄၀ခန့် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှား စေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြား ရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်

Photo: ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်
==================================================

Ref - BBC 

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလား သော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲ တပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြကြမည့် ကျောင်းသားသုံးဦးမှာ အသက် ၁၈ နှစ် အ ရွယ် ဒီမိုကရေစီလိုလားသော ဆန္ဒပြကျောင်း သားခေါင်းဆောင် ဂျိုရှာဝေါင်နှင့် ၄င်း၏ Scholarism  အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် ဆန္ဒပြခေါင်း ဆောင် ဂျိုရှာဝေါင်သည် ၄င်းဖွဲ့စည်းထား သော Scholarism  အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦး နှင့် အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသူတို့သည် ရက်အကန့်အသတ် မရှိ အစာငတ်ခံ ဆန္ဒပြမှုကို ချက်ချင်းစတင် မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြားခဲ့ပြီး ယင်းအစာငတ်ခံ ဆန္ဒပြမှုတွင် ရေကိုသာ သောက်သုံးသွားမည်ဟု နိုင်ငံ ပိုင် ရုပ်သံဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်နှင့် မိမိတို့၏ တောင်းဆို မှုများကို ဟောင်ကောင်အစိုးရက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြ မှုကို စတင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကျောင်းသားသုံးဦးတို့က အစိုး ရနှင့် ကျောင်းသားတို့ကြား တွေ့ဆုံဆွေး နွေးမှု ရပ်တန့်ခြင်းကို ပြန်လည်လုပ်ဆောင် ပေးရန်၊ အုပ်ချုပ်ရေး ကိုယ်စားလှယ် လောင်းများ၏ အဆိုပြုချက်ကို တရုတ်၏ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန်နှင့် လာ မည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် လည်း လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် အစိုးရဌာနချုပ်ရုံးများသို့ ဝင်ရောက်စီးနင်း ခဲ့ကြပြီး အစိုးရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့နှင့်  ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ¤င်းဒီမိုကရေ စီလိုလားသော ဆန္ဒပြသူများသည် အစိုးရ ၏ အဓိကနေရာများသို့ ဝင်ရောက်ခဲ့ပြီး လမ်း များပေါ်တွင်လည်း ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြ သည်။ 

http://www.yangonmedia.com
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး

Photo: ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး
Friday, December 5, 2014

သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန် ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွား ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်း မှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် ပျောက်ဆုံးနေသော သင်္ဘောအမှုထမ်း ၅၂ ဦးကို ရှာဖွေမှု များပြုလုပ်ရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း သင်္ဘောပိုင်ကုမ္ပ ဏီက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရ သည်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် Bering ပင်လယ် တစ်ဝိုက် သင်္ဘောများဖြင့် ရှာဖွေရေးလုပ် ငန်းများ ပြုလုပ်ခဲ့ပြီး ရာသီဥတုဆိုးရွား မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ကြန့်ကြာခဲ့ရသည်။ ၄င်းကယ်ဆယ်ရေး လုပ်ငန်းတွင် သင်္ဘောအမှုထမ်း ခုနစ်ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၂ ဦးမှာ ပျောက် ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် တိမ်းမှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာခဲ့ပြီး ၄င်းတို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ တောင်ကိုရီး ယားနိုင်ငံသား ၁၁ ဦးတို့ပါဝင်ကြောင်း ရုရှားစစ်ဆေးရေးမှူးတစ်ဦးက ပြောကြား ခဲ့သည်။

တောင်ကိုရီးယား ဆာဂျိုးငါးဖမ်း သင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သော ယင်း Oryong 501 သင်္ဘောသည် ၃၆ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရပြီး ရာ သီဥတုဆိုးရွားမှုဒဏ်ကြောင့် တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

Yangon Media Group
သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

မြန်မာ့ပညာရေးကို ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရင် အတိတ်က မှားခဲ့တဲ့ အမှားတွေ အတိုင်း ဆက်မှားဖို့ရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမူနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပညာရေးလောက အငြိမ်းစားဝါရင့်ဆရာကြီးများက သုံးသတ်သွားပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရား မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ရှိ

Photo: နော်ဝေဘုရင်နဲ့ မိဖုရား မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ရှိ
Friday, December 5, 2014 

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိလာပါတယ်။

နော်ဝေဘုရင် မန္တလေးရောက်စဉ် သတင်းမီဒီယာတစ်ချို့ကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုတဲ့အတွက် မန္တလေး အခြေစိုက် သတင်းသမားတွေက ကန့်ကွက်ကြကြောင်း အီးပီအေသတင်းဌာနက ကိုပြည့်စုံအောင်က ပြောပါတယ်။

"ဒီပွဲကို သတင်းယူဖို့အတွက်ကို ကျနော်တို့ မီဒီယာသမားတွေအားလုံးကို သူတို့ပြန်ဆက်ဆိုလို့လည်း ပြန်ဆက်ကိုသွားခဲ့တယ်၊ လုံခြုံရေးဆိုလည်း လုံခြုံရေးဆီကိုသွားခဲ့တယ်၊ စရဖ ဆိုလည်း စရဖ ကိုသွားခဲ့တယ် မနက်က ကျနော်ကိုယ်တိုင် SB ရုံးကိုသွားခဲ့တယ်၊ SB ရုံးမှာစာရင်းပေးခဲ့တယ်၊ မနက် ၈ နာရီကို ကဒ်ပေးမယ်လို့ပြောတယ်၊ ဘာကဒ်မှမရခဲ့ဘူး၊ ကျနော်တို့ ဒီနေ့မနက်ကြားတယ်၊ မီဒီယာ ၆ ခုကိုတာဝန်ပေးထားတယ်၊ မီဒီယာ ၆ ခုမှာဘာဖြစ်နေလဲဆိုတော့ Sky Net ဆိုတဲ့ ပုဂ္ဂလိက မီယီယာပါနေတယ်၊ ကျနော်တို့မှာ သတင်းယူခွင့်မရှိဘူးလား၊ သတင်းကိုဘာကြောင့် ပိတ်ပင်တာလည်း နော်ဝေနိုင်ငံဆိုတာက သတင်းလွတ်လပ်ခွင့်ကို အရမ်းမြတ်နိုးတဲ့နိုင်ငံ ဘာကြောင့်မို့ ဒီသမ္မတလာတာကို မြန်မာပြည် မန္တလေးတိုင်းက ပိတ်ထားတာလဲ"

နော်ဝေဘုရင်ခရီးစဉ်မတိုင်ခင် ဂေါဝိန်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်သူတွေရဲ့ နေအိမ် ၃၀၀ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရက ဖယ်ရှားခဲ့ပါတယ်။ အဲဒီအတွက် ၀မ်းနည်းမိကြောင်း နော်ဝေအစိုးရ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ အဓမ္မ ဖယ်ရှားတယ်ဆိုတာ မဟုတ်မှတ်ကြောင်း RFA ကို ပြောပါတယ်။

"နော်ဝေဘုရင်ရဲ့ ခရီးစဉ်ကြောင့်ဆိုတာထက် မန္တလေးကို နော်ဝေဘုရင်ကြီး ဆိုက်ကပ်မယ်ဆိုတော့ ကျနော်တို့ လျော်ညီအောင်ပေါ့၊ သင့်တင့်လျောက်ပက်အောင် လုပ်တဲ့အနေအထားပါ၊ ဖျက်တာမဟုတ်ပါဘူး၊ ဖယ်တာလည်း မဟုတ်ပါဘူး၊ ဒီကမ်းနားမှာရှိတဲ့အဖွဲ့တွေကို အများကြီးပေါ့၊ ကမ်းနားမှာတော့ အများကြီးရှိပါတယ်၊ ကမ်းနားမှာပဲ အလုပ်လုပ်နေတဲ့အဖွဲ့ကို မိုဘိုင်ဝါကာဆီခေါ်တာပေါ့ ကျနော်တို့ကတော့၊ ကျနော်တို့ကတော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာပါ၊ ကျနော်တို့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တယ်လို့ပဲ ကျနော်ကတော့ အဲ့ဒီလိုပြောချင်ပါတယ်"

နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ မြနန်းစံကျော်(နန်းတွင်း)၊ ကုသိုလ်တော်ဘုရား စတဲ့နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး မြင်းခြံခရိုင်မှာရှိတဲ့ ရန္တပိုကျေးရွာ က အိုးလုပ်ငန်းရှင် ဦးဘချစ်ရဲ့ အလုပ်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ရောက်ရှိလာတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားဟာ ဒီနေ့ မန္တလေးမြို့မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ညနေပိုင်းမှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိ လာပါတယ်။

“ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”

Photo: “ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”
Friday, December 5, 2014

နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ခြောက်ပွင့်ဆိုင်အဆိုနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဧ။်
ပြောဆိုမှုနှင့်ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် “နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏ အမြင်သဘောထားများကို ထုတ်ဖော်ပြောကြား ရာတွင် နိုင်ငံတော်သမ္မတ ပြောကြားခြင်း မရှိသည့် စကားများကို နိုင်ငံတော်သမ္မတ ပြောကြား သကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် စကားလုံးများကိုလည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။”ဟု ထည့်သွင်းဖေါ်ပြထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် လတ်တလော မဖြစ်နိုင်သေးဟု သဘောသက်ရောက်သည့် ပြောဆိုမှုများကို သတင်းမီဒီယာများသို့ပြောဆိုခဲ့သည်။

သမ္မတပြောရေးဆိုခွင့်ရှိသူဧ။် ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း တုံ့ပြန်ပြောဆိုခြင်းများရှိခဲ့သည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံနှင့်ပတ်သက်ြ့ပီး ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ဖြေကြားခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်းမရှိသေးသည့် အချိန်အပိုင်းအခြားအတွင်း၌ ပြောဆိုသည့် ဦးရဲထွဋ်ဧ။်ပြောဆိုချက်များမှာ တရားမ၀င်ဟု USDP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက The Street View သို့ပြောသည်။

“လွှတ်တော်ရဲ့process က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတစ်ခုတင်လိုက်ရင် ပြည်ထောင်စုအဆင့်တစ်ယောက်ယောက်က လွှတ်တော်မှာ လာဖြေ ဒါမှမဟုတရင် သမ္မတက သ၀ဏ်လွှာပို့ရမယ်။ အဲ့လို သ၀ဏ်လွှာလည်းမပို့ဘူး ပြည်ထောင်စုအဆင့်တစ်ယောက်ကလည်း လာမဖြေသေးဘူး။ အဲ့လို မဖြေသေးတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကိုရဲထွဋ်ကလည်းပြောတယ် ကာချုပ်ကလည်းပြောတယ်။ သူတို့ပြောတာက official မဖြစ်ဘူး၊” ဟု ဦးလှဆွေက ပြောသည်။

နိုင်ငံတော်သမ္မတရုံးဧ။် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဧ။် မူးရင်းဇစ်မြစ်အစမှာ ဦးရဲထွဋ် ပြောဆိုလိုက်သည့် မှတ်ချက်ပြုစကားက စတင်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တုံ့ပြန်ပြောဆိုသည်။

“ဒီဇတ်လမ်းရဲ့ စပြီးတော့ ဖြစ်ပေါ်လာတဲ့ မူးရင်း ဇစ်မြစ်က လွှတ်တော်ကနေ ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာက သမ္မတက ပြောခိုင်းတာလား သူက ပြောတာလား ၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူကနေပြောတဲ့စကားဆိုတော့ သမ္မတရဲ့ စကားလို့ ယူဆရမလိုဖြစ်သွားတယ်။

ဒီဇတ်လမ်းရဲ့ အစပေါ်ပေါက်လာတာက ဦးရဲထွဋ်ရဲ့ စကားကနေစပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အဓိကအကျဆုံးက ဦးရဲထွဋ်မှာ တာဝန်ရှိတယ်လို့ ထင်တယ်။” ဦးအောင်ကြည်ညွှန့်က The Street View သို့ပြောသည်။

ဦးရဲထွဋ် မှတ်ချက်ပြုပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်ပြီး “သူပြောတဲ့ စကားအပေါ်မှတော့ လုံးလျာလျား တာဝန်ယူရမှာပေါ့”ဟု ၄င်းက ထပ်လောင်းသုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင်
ဦးရဲထွဋ်က RFA သတင်းဌာနသို့ ပြောကြားချက်တွင် “ကျွန်တော်တို့ အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့
ဖြစ်နိုင်ဦးမယ်မထင်ပါဘူး ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးစဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော
လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂိုလ်ကိုအခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်။” ဟုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါပြောကြားမှုတွင်ပင် ဦးရဲထွဋ်က ခြောက်ပွင့်တွေ့ဆုံရေးမှာ လက်တွေ့နှင့်နီးစပ်မှုမရှိကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

“ပထမပြောတုန်းက သူက ခြောက်ပွင့်ဆိုင်ကြီးက ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောတယ်။ နောက် ဒီနေ့မနက်(ဒီဇင်ဘာလ ၅ရက်)မှာ ပြောတော့ ခြောက်ပွင့်ဆိုင်ကြီးကို ငြင်းပယ်လိုက်တယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး သူက တစ်ခါပြန်ပြောတယ်။ ဘယ်လိုပြောပြော အဲ့ဒါက တရားမ၀င်ဘူး။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ လာပြောမှ တရားဝင်မယ်။ အဲ့ဒါက ဂျာနယ်တွေရောင်းကောင်းအောင်လုပ်တာနဲ့ အတူတူပဲ။ ဒီကိစ္စမှာ လွှတ်တော်ရဲ့ process က အဆိုတစ်ခုတင်လိုက်ရင် လွှတ်တော်မှာ လာပြီးဖြေရမယ်လေ မဖြေခင်စပ်ကြားမှာ လျှောက်ပြောနေတာတွေက တရားမ၀င်ဘူး။ ” ဟု ထောက်ပြပြောဆိုသည်။

“Institution လို့ပြောရှိရင်တော့ ကျွန်တော်တို့
ပြည်ထောင်စုလွှတ်တော်ထက် ကြီးတဲ့ Institution မြန်မာပြည်မှာမရှိဘူး အစိုးရကို မွေးထုတ်ပေးလိုက်တာလည်း ပြည်ထောင်စုလွှတ်တော် Institution၊ သမ္မတကို ခန့်လိုက်တာလည်း ပြည်ထောင်စုလွှတ်တော် ပဲ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဘယ်လို လာရှင်းပြမလဲဆိုတာပဲ နားထောင်မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့သည်။

The Street View
နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

၂၀၁၄ ခုနှစ် အပူဆုံးနှစ်ဖြစ်နိုင်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး ပြော

Photo: ၂၀၁၄ ခုနှစ် အပူဆုံးနှစ်ဖြစ်နိုင်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး ပြော
Friday, December 5, 2014

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က ၂၀၁၄ ခုနှစ်ဟာ မှတ်တမ်းတင်ထား သမျှ အပူဆုံးနှစ်ဖြစ်နိုင်တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှု တိုးလာလို့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မှာ အပူချိန် စံချိန်တင် တိုးလာတဲ့အတွက် ဖြစ်တဲ့ ရလဒ်သက်သေလို့ ဆိုပါတယ်။

ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ၂၀၁၄ မှာ ခါတိုင်းပျမ်းမျှ အပူချိန်ထက် ၀.၅၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူခဲ့တယ်လို့ ဒဗလျူအမ်အိုက ညွှန်ပြ ပါတယ်။

ကမ္ဘာ့တောင်ပိုင်းမှာ အယ်လ်နီနို ရာသီဥတုဖြစ်စဉ် အလှည့်အပြောင်း အပြည့် မရှိမှု ဖြစ်ခဲ့တယ်။ ဒါကြောင့် အရှေ့ပိုင်းပစိဖိတ် အပူပိုင်းဒေသမှာ ပင်လယ်ရေ မျက်နှာပြင် အပူချိန် ခါတိုင်းထက် ပိုနွေးလို့ တကမ္ဘာလုံးက ရာသီဥတုဖြစ်စဉ်တွေ အပေါ် သက်ရောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုနဲ့ တခြား အချက်အလက်တွေ စုပေါင်း တဲ့ အတွက် ခြွင်းချက်မဲ့ မိုးကြီးမှုနဲ့ ရေလွှမ်းမိုးမှုတွေ နိုင်ငံအများအပြားမှာ ကြုံတွေ့နိုင် ပြီး တခြားတဖက်က နိုင်ငံတွေမှာတော့ အစွန်းရောက် မိုးခေါင်မှုဒဏ် ကို ခံရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က ၂၀၁၄ ခုနှစ်ဟာ မှတ်တမ်းတင်ထားသမျှ အပူဆုံးနှစ်ဖြစ်နိုင် တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ

Photo: အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား
နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ
Friday, December 5, 2014

တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ်
ချို့ယွင်းမှုများကြောင့် ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀
ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကာ
တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ
ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်
ဝန်းရှိ ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအ
တွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ပြန်လည်သိမ်းယူသည့် ကားအမျိုးအစားများသည် ၂၀၀၂ နှင့် ၂၀၀၃ မော်ဒယ်
အမျိုးအစားများမှ Corolla , Noah ,Voxy , Mark II ကားအမျိုးအစားများဖြစ်
သည်။ ယင်းကားများရှိ ခရီးသည်များအတွက် တပ်ဆင်ထားသော အသက်ကယ်
လေအိတ်စနစ်သည် အနည်းငယ်ချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိသဖြင့် ယခုနှစ်အတွင်းကမ်္ဘာတစ်ဝန်း၌ ယာဉ်မတော်တဆမှုများဖြစ်ပွားကာ လူ ငါးဦးခန့်သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုတစ်ကြိမ်အပါအ၀င် တာကာတာမှပြန်လည်သိမ်းယူပေးခဲ့ရသော ကားအစင်း
ရေ ၁၄ သန်းခန့်ရှိလာပြီဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတည်းမှပင် ၈ သန်းခန့်ရှိ
သည်။ သို့သော် ခရီးသည်များကို အသက်အန္တရာယ်ဖြစ်ပွားစေနိုင်ပါက မည်သည့်ကားအမျိုးအစားမဆို ယင်းကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြန်လည်သိမ်း
ယူပေးသွားမည်ဟု တာကာတာလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ နာအိုမီဆူမီနိုက ပြောကြားခဲ့သည်။ 

Pyimyanmar
တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ် ချို့ယွင်းမှုများကြောင့် ဂျပန် နိုင်ငံနှင့် တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀ ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ ကားထုတ်လုပ်ရေး လုပ်ငန်း များနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအတွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် မဟာတန်းများအတွက် သမ္မတ ပညာသင်ဆု စာမေးပွဲ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်

အင်္ဂလိပ်ဘာသာရပ်အတွက် နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည်သူ ၄၄၈၀ ဦးရှိပြီး မြို့ကြီးလေးခုရှိ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်ဟု မန္တလေး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက် ကတိက နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု ပြောရေးဆို ခွင့်ရှိသူ ဦးမင်းသန့်က မဇ္ဈိမကို ပြောသည်။

တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများကို တစ်နှစ် နှစ်ကြိမ် စစ်ဆေးအရေးယူမည်

မြန်မာနိုင်ငံအနှံ့တွင် တရားမဝင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် စစ်ဆေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား

Photo: အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား
Friday, December 5, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ်ဆွေးနွေး ပွဲမှာ ပြောပါတယ်။

အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေး ရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။

“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ် ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိအမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန် က   ပြောဆိုသွားပါတယ်။

ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း  တတ်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး  တိုင်းပြည်အပြောင်းအလဲမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေ ရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ် ဆွေး နွေး ပွဲမှာ ပြောပါတယ်။

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအပါအဝင် နှစ်ပေါင်း ၂၀ ကြာ တရားမမှုကြီးများကို လေ့လာစုံစမ်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌပြော

ရန်ကုန်မြို့ အင်းလျားလမ်း စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် နှစ်ပေါင်း၂၀ ခန့် အကြာက တရားမမှုကြီး ၁၅ မှုကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လေ့လာစုံစမ်းပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။

ကျန်းမာရေးအာမခံ စတော့မယ်

ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းကို လာမယ့် ၂၀၁၅ ဇန်နဝါရီလမှာ စလုပ်မှာ ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုပါတယ်။

အဝေးသင် ကျောင်းသူ၊ ကျောင်းသားများ လာမည့် ပညာသင်နှစ်မှ စကာ ဂျီတီအိုင် တက်နိုင်တော့မည်

Photo: အဝေးသင် ကျောင်းသူ၊ ကျောင်းသားများ လာမည့် ပညာသင်နှစ်မှ စကာ ဂျီတီအိုင် တက်နိုင်တော့မည်
Friday, December 5, 2014

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ရေးဆွဲနေသော မူဝါဒအသစ်အရ လာမည့် ပညာသင်နှစ်မှ စ၍ အဝေးသင်
ကျောင်းသားများ အစိုးရ နည်းပညာကောလိပ် (GTI) သို့ တက်ရောက်ခွင့် ရတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါမူဝါဒအသစ်တွင် ဂျီတီအိုင်သို့ အဝေးသင်ကျောင်းသားတိုင်း တက်ရောက်နိုင်ရန် အသက်ကန့်သတ် ချက်ကို လျှော့ချပေးထားခြင်းနှင့် တက်ရောက်ခွင့်ကို လက်ရှိပြုလုပ်နေသည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အမှတ်နှင့် မဆုံးဖြတ်ဘဲ သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်နှင့် တက္ကသိုလ်၏ သတ်မှတ်ချက် အပေါ်တွင်သာ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကဆို ဂျီတီအိုင် တက်မယ်ဆိုရင် ဒီနှစ်အောင်မှ ဒီနှစ်တက်လို့ ရတယ်။ အခုက အဲ့လိုမဟုတ်ဘဲ အသက်ကန့်သတ်ချက် ကိုလည်း လျှော့ပေါ့ပေးပြီး တက်လို့ရအောင် စီစဉ်ထားတယ်။

အသက်ကန့်သတ်ချက် မီပြီး ဆယ်တန်းအောင်ထားရင် တက်ခွင့်ရတယ်။ အသက်ကန့်သတ်ချက်ကို နောက်ပိုင်းကျရင် တရားဝင် ထုတ်ပြန်သွားမယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ မူဝါဒပြောင်းလဲပေးခြင်းသည် နိုင်ငံတကာစီးပွားရေးနှင့် ယှဉ်ပြိုင်နိုင်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးမှုများ လိုအပ်နေသောကြောင့် နည်းပညာနှင့်အသက် မွေးဝမ်းကျောင်းမှု ပညာ ရပ်များသည် အဓိကကျနေကြောင်း၊ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် ပြုလုပ်ပေးခြင်းဟု ၎င်းကဆိုသည်။

မိတ္ထီလာမြို့မှ ဒုတိယနှစ် စီးပွားရေး (အဝေးသင်) ကျောင်းသူ မသူဇာက “အဝေးသင်တက်ပြီး ဘွဲ့ရသွားရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ ဘာမှ ပြန်သုံးလို့ မရတော့ဘူး။ ဒါ့ကြောင့် ဂျီတီအိုင်လိုအသက် မွေးဝမ်းကျောင်း ပညာရေးကို ကြိုဆိုပါတယ်” ဟု ပြောသည်။

အဝေးသင် ကျောင်းသားများသည် တက်ရောက်မည်ဆိုပါက ကျောင်းခေါ်ချိန် ၈၀ ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပြီး အကယ်၍ ဂျီတီအိုင် အောင်မြင်သွားပါက မဟာဘွဲ့အဆင့်ထိ တက်ရောက်နိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်ဟု ဦးအောင်မိုးက ပြောသည်။

Mizzima - News in Burmese
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ရေးဆွဲနေသော မူဝါဒအသစ်အရ လာမည့်ပညာသင်နှစ်မှစ၍ အဝေးသင် ကျောင်းသားများ အစိုးရ နည်းပညာကောလိပ် (GTI) သို့ တက်ရောက်ခွင့် ရတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

မေမြတ်နိုးနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်သူကို တရားစွဲမည်

 Photo: မေမြတ်နိုးနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်သူကို တရားစွဲမည်
Friday, December 5, 2014
 
၂၀၁၄ အာရှပစိဖိတ် ဝေါလ် အလှမယ်ဆုကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုး ပြောဆိုတာတွေ မှန်ကန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အာရှပစိဖိတ်ဝေါလ်အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ မီဒီယာ ညွန်ကြားရေးမှူး ဒေးဗစ်ကင်က ဒီဗွီဘီကို ပြောပါတယ်။

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ လိုအပ်တဲ့စရိတ်အတွက် အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ အတူနေဖို့ စေခိုင်းတာဟာ မှန်ကန်တဲ့အကြောင်း အာရှ ပစိဖိတ် ဝေါလ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဂျောင်ဝမ်ယောင်က ထုတ်ပြန်ခဲ့တာကို တောင်ကိုးရီးယား သတင်းဌာနတချို့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ဖုန်းနံပါတ်တွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းကိုင် ဖြေကြားခြင်း မရှိပါဘူး။

ထုတ်ပြန်ချက်မှာပါရှိတဲ့ ဂျောင်ဝမ်ယောင်ဟာ အာရှပစိတ်ဖိတ်ဝေါလ်ရဲ့ စည်းရုံးရေး ကော်မတီဝင် ဖြစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်က အရှုပ်အရှင်းကိစ္စတခုကြောင့် အဖွဲ့ဝင်မဟုတ်တော့တဲ့ အကြောင်း ဒေးဗစ်ကင်က ပြောပါတယ်။

“ဒီသတင်းနဲ့ပတ်သက်ပြီး အဓိက ဆက်သွယ်ရမယ့် မစ္စတာ ယောင်ကို ကျနော်တို့ တရားစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါက မနေ့က ဖြစ်သွားတာပါ။ ဒီနေ့မှာတော့ ကိုရီးယား သတင်းဌာနတွေက တိတ်ဆိတ်သွားပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တရားစွဲလိုက်လို့ပါ” လို့ ဒေးဗစ်ကင်က ပြောပါတယ်။

အာရှပစိဖိတ်ဝေါလ်အဖွဲ့က ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားတာ ရှိသလားလို့ မေးမြန်းရာမှာတော့ ဒီသတင်းကို အင်တာနက်ပေါ်ကနေ တဆင့်သိရှိရတာ ဖြစ်သလို ဒီအဖွဲ့နဲ့ ပြိုင်ပွဲက ပြန်လာကတည်းက အဆက်အသွယ်မရှိတော့ဘူးလို့ မေမြတ်နိုးက ပြောပါတယ်။

“အခုဟာက ၀မ်းသာနေတာ၊ ဘာလို့လဲဆိုတော့ အမှန်တရားက တဖြည်းဖြည်းနဲ့ ပေါ်လာတယ်ဆိုတော့လေ” လို့ မေမြတ်နိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် အလှမယ် ပြိုင်ပွဲမှာ မေမြတ်နိုးဟာ အလှမယ်သရဖူဆုရရှိခဲ့တာဖြစ်ပါတယ်။ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း အာရှ ပစိဖိတ် ဝေါလ် အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် ၂ ဖက် အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

DVB
၂၀၁၄ အာရှပစိဖိတ် ဝေါလ်အလှမယ်ဆုကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုး ပြောဆိုတာတွေ မှန်ကန်တယ် ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အာရှပစိဖိတ်ဝေါလ်အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ မီဒီယာ ညွန်ကြားရေးမှူး ဒေးဗစ်ကင်က ဒီဗွီဘီကို ပြောပါတယ်။

ပြင်သစ် ယဉ်ကျေး မှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် အဆိုတော် အမွန်း

Photo: ပြင်သစ် ယဉ်ကျေး မှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် အဆိုတော် အမွန်း
Friday, December 5, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၄။ ပြင်သစ် ယဉ်ကျေးမှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ရက်က ပြုလုပ်ခဲ့သည်ဟု အဆိုတော်အမွန်း ကမဇ္ဈိမ ကိုပြောသည်။ ၎င်းသည် သီချင်းဖျော်ဖြေမှု အပြင် ပြင်သစ်စာ လေ့လာနေသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ပရိတ်သတ်များ အတွက် ရင်းနှီးစွာ အမှတ်တရ လက်မှတ်   ရေးထိုး တွေ့ဆုံမှု ကိုလည်း ပြုလုပ် ခဲ့သည်ဟု ပြောသည်။

ပြင်သစ် ယဉ်ကျေးမှု ဌာန၏ ကျောင်းသူဟောင်း ဖြစ်သည့် "အမွန်း" သည် ထိုဖျော်ဖြေပွဲ၌ ၄င်း၏ မြန်မာ၊ အင်္ဂလိပ် သီချင်းများ အပြင် " ပြင်သစ်" သီချင်းများ   ဖြင့်လည်း ဖျော်ဖြေ တင်ဆက် ခဲ့သည်။

"ပြင်သစ် ယဉ်ကျေး မှု ဌာန က ဖိတ်ခေါ်တာ ကြောင့်ရယ် အမွန်း ကလည်း ပြင်သစ် ယဉ်ကျေးမှု ဌာနရဲ့ ကျောင်းသူဟောင်း ဖြစ်တာ ကြောင့်ရယ် ဒီပွဲလေးကို လုပ်ဖြစ် သွားတာပါ။ ဒီပွဲမှာ အမွန်းရဲ့ အခွေထဲက အင်္ဂလိပ်သီချင်း ၊ မြန်မာ သီချင်းတွေ အပြင် ပြင်သစ် သီချင်း တွေလည်း ဖျော်ဖြေ ခဲ့ပါတယ်" ဟုအဆိုတော် အမွန်းက ပြောသည်။ ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ညနေ ၅ နာရီခွဲ အချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုတော် အမွန်းသည် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ တိရိစ္ဆာန် ဥယျာဉ်၌ ၎င်း၏ ဖျော်ဖြေမှုများ အပြင် ပရိသတ်များ နှင့်လည်း အမှတ်တရ တွေ့ဆုံ မှု ပြု လုပ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်က ကိုကာကိုလာ ပျော်ရွှင်ခြင်း ခရီးစဉ် အဖြစ် ပုသိမ်မြို့၌ သီချင်းများဖြင့် ဖျော်ဖြေ ခဲ့သည်ဟု ပြောသည်။

အမွန်းသည်၂၀၁၃ ခုနှစ် ဇန်နဝါရီ လတွင် "ပဲများတယ်" တစ်ကိုယ်တော် အခွေကို ပထမဆုံး ထွက်ရှိ ခဲ့ပြီး "မင်းပေးတဲ့ အချစ်" ကိုယ်ပိုင် သံစဉ် အော်ဒီယို အယ်ဘမ် ကို သြဂုတ် ၂၂ရက်က ဖြန့်ချိ ထားသည်။ "မင်းပေးတဲ့အချစ်" ဒီဗီဒီ ကာရာအိုကေ အယ်ဘမ်သည် အောက်တိုဘာ ၃ရက်တွင် ထွက်ရှိ ခဲ့ပြီး ပရိုမိုး ရှင်း လက်မှတ် ရေးထိုး ဖျော်ဖြေပွဲ ကို အောက်တိုဘာလ ၄ ရက် တွင် ဒဂုံစင်တာ အပြင်ဘက် ပရိုမိုးရှင်း ဧရိယာ၌ အနုပညာ မောင်နှမများနှင့် ကျင်းပ ခဲ့သည်။

Mizzima - News in Burmese
ပြင်သစ် ယဉ်ကျေးမှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ရက်က ပြုလုပ်ခဲ့သည်ဟု အဆိုတော်အမွန်း ကမဇ္ဈိမ ကိုပြောသည်။ ၎င်းသည် သီချင်းဖျော်ဖြေမှု အပြင် ပြင်သစ်စာ လေ့လာနေသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ပရိတ်သတ်များ အတွက် ရင်းနှီးစွာ အမှတ်တရ လက်မှတ်   ရေးထိုး တွေ့ဆုံမှု ကိုလည်း ပြုလုပ် ခဲ့သည်ဟု ပြောသည်။

တညင်းကုန်း ဈေးကြီးကို အများပိုင် ပြုလုပ်မည်

Photo: တညင်းကုန်း ဈေးကြီးကို အများပိုင် ပြုလုပ်မည်
Friday, December 5, 2014 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က ပိုင်ဆိုင်သည့် တညင်းကုန်း ဈေးကြီးကို အသစ် ပြန်လည် တည်ဆောက် ၍ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြေ ၈၅ ဧက ပေါ်တွင် အသစ်ဆောက်လုပ်မည့် တညင်းကုန်း လက်ကား ဈေးသစ်ကြီးမှာ တညင်းကုန်းဘူတာ အနီး အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်အစပ် ယခင် တညင်းကုန်း ဈေးဟောင်း တည်ရှိရာ နေရာတွင် တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ကြောင်း YCDC မှ စုံစမ်း သိရှိရသည်။

တညင်းကုန်းဈေးသစ်ကြီး တည်ဆောက်မူအတွက် တင်ဒါစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပြီး တင်ဒါအောင်မြင်သူက အများပိုင် ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ပေးရမည် ဖြစ်သည်ဟု ဆိုသည်။

“ဒီဈေးရဲ့ အားသာချက်က ကိုယ့်ရဲ့ထွက်ကုန်တွေကို တခါတည်း export လုပ်လို့ ရတယ်။ ထွက်ကုန်တွေကိုလဲ တခါတည်း တိုက် ရိုက် လာရောင်းလို့ ရတယ်။ ယာဉ်ကြော ပိတ်ဆို့မူလည်း နည်းအောင် ရေလမ်းနဲ့ လာလည်း အဆင်ပြေတယ်။ ကုန်းလမ်းကလည်း အဆင်ပြေတဲ့နေရာကို ရွေးချယ် တည်ဆောက်တာပါ”ဟု YCDC ဈေးများဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင်က ဧရာဝတီသို့ ပြော သည်။

ယခုအခါ ဈေးတည်ဆောက်မှုအတွက် တင်ဒါခေါ်ယူထားပြီး တင်ဒါပုံစံ လာရောက် ၀ယ်ယူထားသူများလည်း ရှိနေပြီ ဖြစ်ကြောင်း၊ ဈေးတည်ဆောက်မှုကို အပြီးသတ်ရန် ကာလသတ်မှတ်ချက်လည်း ပါဝင်ကြောင်း YCDC မှ သိရသည်။

“တင်ဒါ ပိတ်ရက်ကတော့ ဇန်န၀ါရီလ ၁ ရက်နေ့မှာပါ။ တင်ဒါအောင်မြင်သူကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတာနဲ့ ကြေညာသွားမှာပါ။ ၂၀၁၅ မှာတော့ စပြီး တည်ဆောက်သွားမယ်”ဟု ဦးစည်သူလွင်က ပြောသည်။

အသား၊ ငါး၊ ဟင်းသီးဟင်းရွက် မျိုးစုံ လက်ကား ရောင်းချနိုင်မည့် ယင်းအများပိုင် ကုမ္ပဏီတွင် စိုက်ပျိုး ထုတ်လုပ်သူများ၊ လက်လီ လက်ကား ရောင်းချသူများ အပါအ၀င် အများ ပြည်သူများ အစု ရှယ်ယာ ပါဝင်နိုင်သော အများပိုင်ပုံစံဖြင့် ဖွဲ့စည်း တည်ထောင် ၍ အကောင်အထည် ဖော်ရမည် ဖြစ်သည်။

“ကျနော်တို့ နိုင်ငံမှာက အရင်းအနှီး အကြီးကြီးတွေ သိပ်မလုပ်နိုင်ကြဘူး။ ဒီလိုမျိုး အရင်းအနှီး နည်းနည်းနဲ့ အားလုံးပါဝင်နိုင်တဲ့ အများပိုင်ဖွဲ့တာ ကောင်းပါတယ်။ ဒီလိုမျိုး လုပ်နိုင်ရင် ဈေးက စည်းစနစ်တကျလေး ဖြစ်မယ်။ တန်ဖိုးထားလာမယ်။ ဘာလို့လဲ ဆိုတော့ ဒီထဲမှာ ကိုယ့်အရင်းအနှီးတွေ ပါတာကိုး”ဟု မြန်မာနိုင်ငံ စက်မူလက်မူနှင့် ကုန်သည်ကြီးများ အသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်လေး က ဧရာဝတီသို့ ပြောသည်။

တညင်းကုန်း လက်ကားဈေးကြီး တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံဒေသအနှံ့မှ သားငါး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များ ကို ရေလမ်း၊ ကုန်းလမ်းမှတဆင့် ယင်းဈေးကြီးတွင် လာရောက် ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန် သီးနှံနှင့် သားငါးများကို လည်း ပြည်ပသို့ တိုက်ရိုက် တင်ပို့နိုင်သည့် အအေးခန်း သိုလှောင်ရုံများလည်း ပါရှိကြောင်း YCDC မှ သိရသည်။

တညင်းကုန်း လက်ကား အဆင့်မြင့်ဈေးကြီးတွင် အဆင့်မြင့်ဈေးနှင့် ဈေးသာယာရေးရုံး၊ လူနေဆိုင်ခန်း ပွဲရုံးများ၊ ထရပ်ကားများနှင့် တိုက်ရိုက် ရောင်းဝယ်မည့် နေရာ၊ ကားရပ်နားစခန်း၊ ထရပ်ကားများ ပစ္စည်းအတင်းအချနေရာ၊ သစ်သီးနှင့် ပန်းမန် ဈေးနေရာ၊ သစ်သီးနှင့် ပန်းမန်များ ဆေးကြောရုံ၊ လတ်ဆတ်သော ကုန်စို၊ ကုန်ခြောက်ဈေးရုံများ၊ အသား၊ ငါးနှင့်ပင်လယ်စာ ဈေးရုံ၊ အအေး ခန်း သိုလှောင်ရုံများ၊ တောင်သူများ လက်လီ ရောင်းရန် ဈေးရုံ၊ လက်ကား ရောင်းဝယ်ရေး ရုံများ ပါဝင်သည်ဟုလည်း ဆိုသည်။

ထို့အပြင် စက်သုံးဆီ အရောင်းဆိုင်များ၊ သန့်စင်ခန်းနှင့် ရေချိုးခန်းများ၊ ၀န်ထမ်း အိမ်ရာ၊ အမှိုက်စွန့်ပစ်ရုံနှင့် လျှပ်စစ် ဓာတ်အားခွဲရုံများ၊ မြေပြင် ရေလှောင်ကန် အပါအ၀င် အခြားပါဝင်သင့်သည့် အဆောက်အအုံများလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်မည့် ယင်းအဆင့်မြင့် တညင်းကုန်း လက်ကားဈေးကြီး ပြီးသွားပါက ပြည်တွင်း၊ ပြည်ပ ကုန်စည်ဖလှယ်ရာ ဈေးကွက်ကြီးတခု ဖြစ်လာမည်ဟုလည်း ဆိုသည်။

ဧရာဝတီ 

နိုင်ငံတ၀န်းမှ ကုန်စိမ်းများကို ရောင်းဝယ် ဖောက်ကားမှု ပြုနေသည့် လက်ရှိ တညင်းကုန်း ကုန်စိမ်းဈေးကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)
နိုင်ငံတ၀န်းမှ ကုန်စိမ်းများကို ရောင်းဝယ် ဖောက်ကားမှု ပြုနေသည့် လက်ရှိ တညင်းကုန်း ကုန်စိမ်းဈေးကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က ပိုင်ဆိုင်သည့် တညင်းကုန်း ဈေးကြီးကို အသစ် ပြန်လည် တည်ဆောက်၍ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

အမေရိကန်ခုံသမာဓိအဖွဲ့ ပျက်စီးနေပြီဟု လူထုအရေးလှုပ်ရှားသူပြော

Photo: အမေရိကန်ခုံသမာဓိအဖွဲ့ ပျက်စီးနေပြီဟု လူထုအရေးလှုပ်ရှားသူပြော
Friday, December 5, 2014 

အမေရိကန်လူမည်း Eric Garner သေဆုံးတဲ့အထိ အင်အားသုံး ဖမ်းဆီးခဲ့တဲ့ရဲကို အမှုမတင်ခဲ့တဲ့အတွက် အမေရိကန်ခုံသမာဓိအဖွဲ့တွေဟာ ပျက်စီးနေပြီလို့ အမေရိကန်လူထုအရေးလှုပ်ရှားသူ Al Sharpton က ပြောဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က ပြောဆိုခဲ့ပြီး ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့တွေကို ပြုပြင်ဖို့ အမေရိကန်အစိုးရကို လည်း တောင်းဆိုလိုက်ပါတယ်။

တရားမျှတမှုကို တောင်းဆိုဖို့ လာမယ့်အပတ်မှာ အမေရိကန် လူထုအခွင့်အရေး လှုပ်ရှားသူတွေ ၀ါရှင်တန်မြို့တော်ကို ချီတက်ဆန္ဒပြမယ် လို့လည်း ပြောဆို ပါတယ်။

အမေရိကန်ဗဟို တရားရေးဌာနကလည်း အမှုကို ပြန်စိစစ်ပေးပါမယ်လို့ ကတိပေး ထားပါတယ်။

Eric Garner ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က တရားမ၀င်စီးကရက်ရောင်း မှုနဲ့ အင်အားအလွန်အကျွံသုံး ဖမ်းဆီးခံရပြီး အသက်ရှူကြပ် သေဆုံးသွားခဲ့တာပါ။

သူ အသက်ရှူလို့ မရတော့တာကို အကြိမ်ကြိမ်တောင်းပန်နေတဲ့ကြားက ရဲတွေက အင်အားအလွန်အကျွံသုံးစွဲခဲ့တာပါ။

“အမေရိကန်နိုင်ငံ တရားရေးဌာန နဲ့ အစိုးရက ဒီပြည်နယ်အဆင့်ခုံသမာဓိ အဖွဲ့တွေ ပျက်လိုပျက်စီးဖြစ်နေတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ နယူးယောက်ရဲတွေ တရားမ၀င် လည်မျိုညစ်ဖမ်းဆီးနည်းကို သုံးခဲ့တဲ့အတွက် သီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ Al Sharpton က ပြောပါတယ်။

ဖာဂူဆန်မြို့မှာ လူမည်းလူငယ် Michael Brown အမှုနဲ့ လူဖြူ၊ လူမည်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလို့ မပြီးသေးချိန်မှာ တခါ Eric Garner ရဲ့ အမှု ထပ်ဖြစ်ပေါ်လာတာပါ။ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း အမေရိကန်လူမည်းတဦး အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ထပ်မံပစ်သတ်ခံခဲ့ရပါတယ်။

 ဒီဗွီဘီ
အမေရိကန်လူမည်း Eric Garner သေဆုံးတဲ့အထိ အင်အားသုံး ဖမ်းဆီးခဲ့တဲ့ရဲကို အမှုမတင်ခဲ့တဲ့အတွက် အမေရိကန်ခုံသမာဓိအဖွဲ့တွေဟာ ပျက်စီးနေပြီလို့ အမေရိကန်လူထုအရေးလှုပ်ရှားသူ Al Sharpton က ပြောဆိုလိုက်ပါတယ်။

FUA တောင်ပိုင်း စစ်ဒေသအတွက် တာဝန်ခံပေးအပ်မှု KNU လက်မခံ

Photo: FUA တောင်ပိုင်း စစ်ဒေသအတွက် တာဝန်ခံပေးအပ်မှု KNU လက်မခံ
Friday, December 5, 2014 

ရန်ကုန်- ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC)က ဖွဲ့စည်းလိုက်သော ပြည်ထောင်စုတပ်မတော်(FUA) ၏တောင်ပိုင်းစစ်ဒေသတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)ဒုတိယစစ်ဦးစီး ချုပ်အား တာဝန်ပေးခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံးအ နေဖြင့် လက်မခံကြောင်း တုံ့ပြန် ပြောကြားလိုက်သည်။

‘‘ဘယ်လိုလုပ်လက်ခံလို့ရမ လဲ။ ရှုပ်ထွေးမှုဖြစ်အောင်လုပ်တဲ့ သဘောပဲ။ မူလကတော့ UNFC က ယာယီရပ်ဆိုင်းထားတာကို အခုတော့ ထပ်ပြီးသုံးသပ်ရတော့ မယ်’’ ဟု ကရင်အမျိုးသားအ စည်းအရုံး(KNU)အထွေထွေအ တွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်း ကပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သောပြည်ထောင်စုတပ်မတော်(FUA)၏ အစည်းအဝေး၌ တောင်ပိုင်းစစ်ဒေသအတွက် တာဝန်ပေးရာတွင် KNLAဒုတိယစစ်ဦးစီး ချုပ်ဗိုလ်ချုပ်ဘောကျော်ဟဲ ပါဝင်ကြောင်း FUA အကြံပေးဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။
‘‘တချို့ခေါင်းဆောင်တွေရဲ့ အခင်းအကျင်းတွေဟာ နိုင်ငံရေး အခြေအနေအရ တာဝန်ဘယ်လို ရှိတယ်ဆိုတာမပြောနိုင်သေးဘူး ။ တောင်ပိုင်းစုဖွဲ့တဲ့နေရာမှာတော့ FUAစုဖွဲ့မှုမှာတော့ သူ(KNLA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘောကျော်ဟဲ)လည်းပါတယ်’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။
ကရင်အမျိုးသားအစည်းအ ရုံးအနေဖြင့် ပြီးခဲ့သည့်လပိုင်းက ကျင်းပခဲ့သော UNFCညီလာခံ တွင် အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ် ထွက်ခဲ့သည်။
ထို့ကြောင့် UNFCအနေဖြင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထား သော ကရင်အမျိုးသားအစည်းအ ရုံးလက်အောက်ခံဒုတိယစစ်ဦးစီး ချုပ်ခန့်အပ်သည့်အပေါ် နားမ လည်နိုင်ကြောင်း အထွေထွေအ တွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်း ကပြောသည်။
‘‘KNUတပ်မဟာ (၁)နဲ့ (၅)က လက်ခံသဘောတူထားပြီးဖြစ်ပေမယ့် ဗဟိုနဲ့တပ်မဟာ-၇က ပြင်းပြင်းထန်ထန် ငြင်းဆန်ထားတဲ့ အနေအထား ရှိနေတယ်’’ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှအဆင့်မြင့် အရာရှိကြီးတစ်ဦးကပြောသည်

7Day Daily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တပ်မတော် ထိပ်တန်းအရာရှိများနှင့် ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ − ကာကွယ်ရေး ၀န်ကြီးဌာန)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တပ်မတော် ထိပ်တန်း အရာရှိ များနှင့် ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ − ကာကွယ်ရေး ၀န်ကြီးဌာန)
ရန်ကုန်- ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC)က ဖွဲ့စည်းလိုက်သော ပြည်ထောင်စု တပ်မတော်(FUA) ၏တောင်ပိုင်းစစ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA)ဒုတိယစစ်ဦးစီး ချုပ်အား တာဝန်ပေးခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံးအ နေဖြင့် လက်မခံကြောင်း တုံ့ပြန် ပြောကြားလိုက်သည်။

ရုရှားတွင် ရေနံစိမ်းလီတာ သန်းချီ ယိုစိမ့်

Photo: ရုရှားတွင် ရေနံစိမ်းလီတာ သန်းချီ ယိုစိမ့်
Friday, December 5, 2014

ရေနံစိမ်းလီတာ သန်းချီပြီး ပိုက်လိုင်းထဲကနေ ရုတ်တရက်စီးထွက်လာလို့ အစ္စရေးတောင်ပိုင်း ဂျော်ဒန်နယ်စပ်နားက သဘာဝကြိုးဝိုင်း ဧက ၂၀၀ လောက်ကို လွှမ်းမိုးခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြောပါတယ်။

အစ္စရေး သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကတော့ ပင်လယ်နက် အပန်းဖြေ စခန်းသာမြို့ ဖြစ်တဲ့ အိလတ်ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက အခင်းဖြစ်ရာ နေရာရဲ့ ကောင်းကင်ဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ညက  အီလတ် အက်ရှ်ကေလွန်ပိုက်လိုင်းကို ပြုပြင် ထိန်းသိမ်း ရေး လုပ်နေတုန်း မတော်တဆ ကျိုးပေါက်ခဲ့တာလို့ အစ္စရေးရေဒီယိုက အစီရင်ခံပါတယ်။

အစ္စရေး သဘာဝနဲ့ ပန်းခြံအာဏာပိုင်အဖွဲ့က ဒိုရွန် နစ်ဆင် ကတော့  ရေနံစိမ်းတွေ စီးအိုင်နေပြီး ရှားပါး ဒီးယားနဲ့ ဒေါင်မားထန်းပင်တွေ ရှိရာ အဲ့ဗ်ရိုနာ သစ်တောကြိုးဝိုင်းရဲ့ ဧက ၄၂၅၀ အကျယ်ကို ပြန့်နှံ့မယ့်ပုံပေါ်တယ်လို့ ဆိုပါတယ်။

မိုးသည်းမှု မရှိတဲ့အတွက် ရေနံစိမ်းတွေကို ဆေးချသလိုဖြစ်ပြီး ပင်လယ်နီထဲက ပင်လယ်သတ္တ၀ါတွေကို ဘေးသင့်မယ့် အခွင့်အလမ်းတော့ နည်းသွားတယ်။ ဒါပေမယ့် အင်းဆက်နဲ့ တွားသွား သတ္တ၀ါတွေကိုတော့ ဘေးသင့်မယ်လို့ သူက ဆက်ပြောပါတယ်။

လူ ၃ ယောက်က အငွေ့တွေ ရှုမိလို့ ဆေးရုံတင်ထားရတယ်လို့ ရဲက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အရာရှိကတော့ ရေနံစိမ်း လီတာသန်းချီ ယိုဖိတ်မှုကို ပြန်ပြီး နဂိုအတိုင်း ဖြစ်အောင် လုပ်ဖို့ လနဲ့ချီ အချိန်ယူရမယ်လို့ အစ္စရေးရေဒီယိုကို ပြောပါတယ်။

 ဒီဗွီဘီ
ရေနံစိမ်းလီတာ သန်းချီပြီး ပိုက်လိုင်းထဲကနေ ရုတ်တရက်စီးထွက်လာလို့ အစ္စရေးတောင်ပိုင်း ဂျော်ဒန် နယ်စပ်နားက သဘာဝကြိုးဝိုင်း ဧက ၂၀၀ လောက်ကို လွှမ်းမိုးခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြောပါတယ်။

အလှမယ် မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံဘက်မှ အနိုင်ပေးလိုက်ပြီ

Photo: အလှမယ် မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံဘက်မှ အနိုင်ပေးလိုက်ပြီ
Friday, December 5, 2014

သရဖူအသိမ်း ခံရသောကိစ္စနှင့် ပတ်သက်ပြီး မေ မြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှ အနိုင်ပေးလိုက်ပြီဖြစ်ကြောင်း မေ မြတ်နိုး၏ေ ပြောကြားချက်အရ သိရ သည်။

''အခုတော့ မြတ်နိုးနိုင်သွားပါ ပြီ။ မြတ်နိုးဘက်က သတင်းစာရှင်း လင်းပွဲမှာ အမှန်တရားတွေပဲပြောခဲ့ တယ်ဆိုတာကိုလဲJ (Miss Asia Pac- ific World Super Talent Organi- zation rS CEO ) Choi Young Chul က ဝန်ခံလိုက်ပြီ။ ကိုရီးယား နိုင်ငံမှာလဲ အဲဒီသတင်းက တော် တော်ကို ဟော့ဖြစ်နေပါတယ်''ဟု မေမြတ်နိုးက ဆိုသည်။

မစ္စတာ Choi Young Chul မှာ သရဖူကိစ္စအပါအဝင် တခြားကိစ္စ ရပ်များနှင့်ပတ်သက်ပြီး မေမြတ်နိုး ကို တရားစွဲဆိုရန် ပြင်ဆင်နေသူဖြစ် ပြီး လက်ရှိတွင် ယင်းကိစ္စများနှင့် Organization တွင် ငွေကြေးအလွဲ သုံးစားပြုလုပ်မှုများကြောင့်လည်း တောင်ကိုရီးယားနိုင်ငံရှိFact-Finding Mission မှ စစ်ဆေးမေး မြန်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

''သူ့ကို ဘယ်နေ့ကစပြီးတော့ ခေါ်စစ်ဆေးတယ်ဆိုတာကိုတော့ မြတ်နိုး မသိပါဘူး။ မြတ်နိုးက ဒီဇင် ဘာ ၃ရက်နေ့ကမှ သိရတာပါ''ဟု မေမြတ်နိုးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Miss Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှ Winner ဆုရှင် အလှမယ်မေမြတ် နိုးကို တောင်ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization မှ သြဂုတ် ၂၇ရက် တွင် သရဖူပြန်လည်သိမ်းခဲ့ခြင်းဖြစ် သည်။

သရဖူ ပြန်သိမ်းခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး မေမြတ်နိုးသည် စက် တင်ဘာ ၂ရက်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် မေမြတ်နိုးအားMiss Asia Pacific World Super Talent Organization မှ ဂုဏ်သိက္ခာ ကျဆင်းစေသည့်စကားများ ပြောဆို ခြင်း၊ အသက်မပြည့်သေးသည့် မိန်း ကလေးတစ်ယောက်အား စော်ကား ခြင်း၊ Miss Asia Pacific World သရဖူကို ခိုးယူထွက်ပြေးသည်ဟု စွပ်စွဲခြင်း၊ ဒေါ်လာ ၁၈ဝဝကုန်ကျခံ ပြီး ရင်သားခွဲစိတ်ပြုပြင်ထားသည်ဟု ပြောဆိုထားခြင်း အစရှိသည့် စွပ်စွဲ ချက်များအား အကျယ်တဝင့် ရှင်း လင်းပြောပြခဲ့ပြီး အဆိုပါပြောဆို ချက်များမှာလည်း မှန်ကန်သည်ဟု Choi Young Chul မှ တာဝန်ရှိသူ များစစ်ဆေးရာတွင် ဝန်ခံခဲ့ကြောင်း မေမြတ်နိုးက ပြောပြခဲ့သည်။

CEO Choi Young Chul သည် News Networks Korea ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အလှ မယ်ဆုရရှိသူများအတွက် စပွန်ဆာ ရရှိစေရေး၊ စီးပွားရေး၊ လုပ်ငန်းတချို့ နှင့် နိုင်ငံတကာမှ စပွန်ဆာများကို ခေါ်ယူခဲ့ခြင်းကြောင့် CEO Choi Young Chul ၏ News Networks Korea လုပ်ငန်းအား Fact-Finding Mission မှ ပိတ်ပင်ခဲ့သော်လည်း Choi Young Chul သည် ဝန်ထမ်း မရှိ၊ ရုံးခန်းမရှိဘဲ နိုင်ငံတကာမှ အ လှမယ်များအား လိမ်ညာပြီး စာချုပ် ချုပ်ဆိုရန်အတွက် အင်တာနက် က ဖေးများ၊ မိုတယ်များတွင် ပြောင်းရွှေ့ ၍ လုပ်ငန်းများအား ဆက်လက်လုပ် ကိုင်နေသူ ဖြစ်ကြောင်းကိုလည်း Miss Asia Pacific Super Talent of the World မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားသည်။

Choi Young Chul ၏ ငွေ အလွဲသုံးစားလုပ်ခြင်းများ၊ Miss Myanmar ၏ သရဖူကိစ္စနှင့် လိင် ပိုင်းဆိုင်ရာ ဖျော်ဖြေစေခိုင်းခြင်းတို့ ကြောင့် Supertalent of the World ၏ Organization Committee ၏ ဥက္ကဋ္ဌမှ News Networks Korea ၏ CEO Choi Young Chul အား ထိခိုက်နစ်နာသူများ၏ကိုယ်စား တ ရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အ ဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေမြတ်နိုးကို တာဝန်ယူပို့ဆောင်ပေး ခဲ့သည့်ြMiss Global Myanmar Organization မှ National Director မလှနုထွန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ် ထားခြင်းကြောင့် မေးမြန်းခွင့် မရရှိ ခဲ့ပါ။

Yangon Media Group
သရဖူအသိမ်း ခံရသောကိစ္စနှင့် ပတ်သက်ပြီး မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှ အနိုင်ပေး လိုက်ပြီဖြစ် ကြောင်း မေ မြတ်နိုး၏ေ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တွင် အသန့်ရှင်းဆုံး မြို့နယ်ကို သုံးလတစ်ကြိမ် ကျပ်၂၅သိန်း ဆုချမည်

Photo: ရန်ကုန်တွင် အသန့်ရှင်းဆုံး မြို့နယ်ကို သုံးလတစ်ကြိမ် ကျပ်၂၅သိန်း ဆုချမည်
Friday, December 5, 2014

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မြို့နယ် တစ်မြို့နယ်ကို အသန့်ရှင်းဆုံးမြို့နယ် အဖြစ် သုံးလတစ်ကြိမ်ရွေးချယ်ပြီး ငွေကျပ် ၂၅သိန်းချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ပထမပတ် တွင် ပထမဆုံးအကြိမ် စတင်ရွေးချယ် မည်ဖြစ်ပြီး ဆုအဖြစ်ရရှိမည့်ေ ငွေသား၂၅သိန်းကို အဆိုပါမြို့နယ် ရှိ စည်ပင်ဝန်ထမ်းများအား ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သုံးလတစ်ကြိမ် အသန့်ရှင်းဆုံးဆု ရွေးချယ်ရာတွင် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ကော်မတီဝင် လေးဦးမှ တာဝန်ရှိသူက ''ရန်ကုန်မြို့ တော်နယ်နိမိတ်အတွင်းမှာ မြို့နယ် တစ်ခုချင်းစီ အလိုက် အမှိုက်တွေကို စနစ်တကျနဲ့စိစစ်ပြီး စွန့်ပစ်အမှိုက် ပုံတွေ သန့်ရှင်းလာစေရန် အတွက် ယခုလို အသန့်ရှင်းဆုံးမြို့နယ်ဆုကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်''ဟု ပြော သည်။

လုပ်ငန်းဆပ်ကော်မတီက မြို့ နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးပြီး ပြည်သူလူထု၏သဘောထားကိုယူပြီး အမှတ်ဇယား တွင် အမှတ်ပေးသွားမည်ဖြစ်ပြီး ဒီ ဇင်ဘာ ၃၁ရက်တွင် ဆုရသည့်မြို့ နယ်ကို ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''အသန့်ရှင်းဆုံးမြို့နယ်ဆုကို ရွေးချယ်ပေးအပ်ဖို့ အချက် ၃ဝနဲ့ အမှတ်ပေးသွားပါမယ်။ အချက် ၃ဝ နဲ့ အမှတ်ပေးဖို့က ကော်မတီသုံးရပ် ရှိပါတယ်။ အဆုံးအဖြတ်ပေးနိုင်မယ့် ကော်မတီက ဗဟိုကော်မတီပါ၊ ဗဟို ကော်မတီက ကော်မတီဝင် လေးဦး ဦးဆောင်တဲ့ ကော်မတီပါ၊ တိုင်းထွေ အုပ်တို့၊ ဌာနမှူးတွေပါတဲ့ ဗဟိုကော် မတီပါ။ အဲဒီအောက်ကမှ လုပ်ငန်း ကော်မတီကစစ်ဆေးမယ့် ဌာနမှူး လေးဦးနဲ့ဆက်စပ်နေလို့ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးတို့ပါတာက လုပ်ငန်းကော်မတီပါ။ စည်ပင်ဝန် ထမ်းတွေ အလုပ်လုပ်တာကို မြေပြင် မှာ လိုက်စစ်မှာက လုပ်ငန်းဆပ်ကော် မတီပါ။ လုပ်ငန်းဆပ်ကော်မတီက ဌာနမှူးဦးစီးမယ်။ စည်ပင်သာယာ က ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနက ဒုဌာနမှူးပါမယ်။ လမ်း၊ တံတားကပါမယ်။ မြို့နယ်အထောက် အကူပြုအဖွဲ့ကဥက္ကဋ္ဌ၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးက အုပ် ချုပ်ရေးမှူးနဲ့ စည်ပင်သာယာက ခရိုင်မှူးပါမယ်။ သူတို့တွေက အချက် ၃ဝထဲက တစ်ချက်ချင်းစီကို လိုက်လံ စစ်ဆေးမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဒုတိယဌာနမှူးဦးခင်ဝင်း က ပြောသည်။

TST
Democracytoday
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မြို့နယ် တစ်မြို့နယ်ကို အသန့်ရှင်းဆုံးမြို့နယ် အဖြစ် သုံးလတစ်ကြိမ်ရွေးချယ်ပြီး ငွေကျပ် ၂၅သိန်းချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်နယ် များက အိုဘားမားကို တရားစွဲ

Photo: လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်နယ် များက အိုဘားမားကို တရားစွဲ
Friday, December 5, 2014

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိုဘားမားအစိုးရ၏ ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ၏ပြည်နယ် ၁၇ခုက အိုဘားမား အစိုးရကို ဒီဇင်ဘာ ၃ရက်တွင် တရား စွဲခဲ့ကြောင်း AFP သတင်းအရ သိ ရသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူ ငါးသန်းခန့်ကို ၄င်းတို့ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းမှ ကာကွယ် ပေးသည့် အစိုးရ၏အစီအစဉ်အ တွက် တက္ကဆက်ပြည်နယ် ဦးဆောင် သည့် ပြည်နယ် ၁၇ခုပါအဖွဲ့က အစိုးရ ကို တရားစွဲခဲ့ခြင်းလည်းဖြစ်သည်။

တက္ကဆက်ပြည်နယ်၏ရှေ့နေ ချုပ်ဖြစ်သူ ဂရပ်အက်ဘော့က ကွန်ဂ ရက်လွှတ်တော်၏ ပိတ်ဆို့မှုကိုရှောင် ရှားနိုင်ရန် လွန်ခဲ့သောလတွင် ထုတ် ပြန်ခဲ့သော အိုဘားမား၏ တစ်ဖက် သတ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးစီမံကိန်းသည် အမေရိကန်အခြေ ခံဥပဒေနှင့်မကိုက်ညီဟု ဆိုသည်။

''သမ္မတကြီးက ၄င်း၏တာဝန် ရှိမှုကို အလွဲသုံးစားလုပ်ကာ ၄င်း တွင် ဆောင်ရွက်ရန် အာဏာမရှိ သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် ကြိုးပမ်းခဲ့ပါသည်ဟု အက်ဘော့က ကြေညာချက် တစ်စောင်တွင် ပြော ခဲ့သည်။ ထို့အပြင် အိုဘားမား၏ လုပ်ရပ်သည် သမ္မတတစ်ဦး၏ လုပ် ပိုင်ခွင့်ကို ကန့်သတ်ထားသည့် အခြေ ခံဥပဒေပါ အပိုဒ်ငယ်တစ်ခုကို ချိုး ဖောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အက် ဘော့က'' ထပ်မံပြောကြားခဲ့သည်။

အိုဘားမား၏ အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုတွင် အမေရိကန် နိုင်ငံ၌ ငါးနှစ်ကျော်ကြာနေထိုင်ခဲ့ ပြီးဖြစ်သော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို သုံးနှစ် ကြာအခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ၄င်း တို့မွေးဖွားလာသည့် ကလေးများကို အမေရိကန်နိုင်ငံသား(သို့)တရားဝင် အခြေချနေထိုင်သူများအဖြစ် ခွင့်ပြု ထားသည်။

သို့သော်ယင်း ပြောင်း လဲမှုသည် တရားမဝင်ရုံမက အခြေ ခံဥပဒေနှင့်လည်း မညီညွတ်ကြောင်း အိုဘားမားထုတ်ပြန်ခဲ့ပြီးခြင်း ဝေဖန် ရေးသမားများက ပြစ်တင်ခဲ့ကြသည်။

Ref:AFP
Yangon Media Group
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိုဘားမားအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၇ခုက အိုဘားမားအစိုးရကို ဒီဇင်ဘာ ၃ရက်တွင် တရားစွဲခဲ့ကြောင်း AFP သတင်းအရသိ ရသည်။

ချေချင်းညာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိများ သေဆုံး

Photo: ချေချင်းညာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိများ သေဆုံး
Friday, December 5, 2014

ရုရှားနိုင်ငံတွင် အစွန်းရောက် အစ္စလာမ္မစ်များ၏ လှုပ်ရှားမှုများ ရှိနေသော ချေချင်းညာဒေသတွင် လက်နက်များ အပြည့်အစုံ တပ်ဆင်ထားသော စစ်သွေးကြွများက ယာဉ်ထိန်းရဲ များစွာကို ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သုံးထပ် အဆောက်အအုံ တစ်လုံးနှင့် ကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။

သေနတ်သမားများ၏ ကားကို ရဲက တားဆီးခဲ့ရာမှ ယာဉ်ထိန်းရဲများ အသတ်ခံရခြင်း ဖြစ်ကြောင်း ချေချင်းဒေသ ခေါင်းဆောင် ရမ်ဇမ်ကာဒီရော့ဗ်က ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး သူပုန်များနှင့် တိုက်ခိုက်နေစဉ် စာအုပ်ထုတ်ဝေရေး အဆောက်အအုံ မီးလောင်သွားခဲ့ရသည်။

ချေချင်းဒေသတွင် မစ္စတာ ကာဒီရော့ဗ် အာဏာရလာခဲ့ပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်လာခဲ့ပြီး ချေချင်းညာမြို့တော် ဂရော့ဇ်နီတွင် တည်ငြိမ်မှုများ အထိုက်အလျောက် ရှိလာခဲ့သည်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် ချေချင်းညာဒေသ ခွဲထွက်ရေး မွတ်ဆလင် သူပုန်များက ရုရှားနှင့် စစ်နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာ ပူတင်၏ တိုင်းပြည်သို့ နှစ်စဉ် ပြောကြားသော မိန့်ခွန်းမတိုင်ခင် နာရီပိုင်းအလိုတွင် ဂရော့ဇ်နီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သမ္မတပူတင်သည် ချေချင်းညာ သူပုန်နှိမ်နင်းရေး ထိုးစစ်ကို ၁၉၉၉ ခုနှစ် ဒုတိယအကြိမ် ပြန်လည် စတင်ခဲ့သည်။

နံနက်ခင်း အစောပိုင်းတွင် တိုက်ခိုက်သူများက ယာဉ်ထိန်း ရဲအရာရှိများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ အနည်းဆုံး ရဲသုံးဦးခန့် သေဆုံးခဲ့ရသည်။

သတင်းဖော်ပြချက်များအရ သေနတ်သမားများသည် ရဲဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြသည်ဟု သိရသည်။

လုံခြုံရေးများနှင့် သူပုန်သေနတ်သမားတို့ ဖြစ်ခဲ့သည့် စစ်ပွဲအတွင်း သူပုန်ဘက်မှ ခုနစ်ဦး သေဆုံးခဲ့သည်ဟု ချေချင်းညာ ခေါင်းဆောင် ကာဒီရော့ဗ်က ဆိုသည်။

The Voice Weekly
ရုရှားနိုင်ငံတွင် အစွန်းရောက် အစ္စလာမ္မစ်များ၏ လှုပ်ရှားမှုများ ရှိနေသော ချေချင်းညာဒေသတွင် လက် နက်များအပြည့်အစုံ တပ်ဆင်ထားသောစစ်သွေးကြွများက ယာဉ်ထိန်းရဲများစွာကို ပစ်ခတ်သတ် ဖြတ်ခဲ့ကာ သုံးထပ်အဆောက်အအုံတစ်လုံးနှင့် ကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။

ရန်ကုန် စည်ပင်ရွေးကောက်ပွဲ မီဒီယာများကို စောင့်ကြည့် လေ့လာခွင့်ပြုမည်

Photo: ရန်ကုန် စည်ပင်ရွေးကောက်ပွဲ မီဒီယာများကို စောင့်ကြည့် လေ့လာခွင့်ပြုမည်
Friday, December 5, 2014

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရမည့် မဲရုံများအတွင်း ၀င်ရောက်၍ သတင်း မီဒီယာများကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ယနေ့ ပြောကြားသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုလည်း စောင့်ကြည့် လေ့လာခွင့် ပေးသွားမည်ဟု ဆို သည်။

ရွေးကောက်ပွဲနှင့်ပတ်သက် ၍ ပြင်ဆင်မှု၊ ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် ရွေးကောက်ပွဲကို ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်မှု၊ မှတ်ပုံတင်ကြေးများကို မည်သို့လုပ်ဆောင်မည် စသည်တို့ကို ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေး တွင် သာကေတ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ မေးမြန်းချက်ကို ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ် သည်။

“မဲရုံမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကိုယ်စားလှယ်ကနေ ထားချင်တဲ့သူပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာ ကပဲ ဖြစ်ဖြစ် လွတ်လပ်စွာ စောင့်ကြည့် လေ့လာနိုင်တယ်။ နောက် ကိုယ်စားလှယ်တွေက မဲရုံကိုယ်စားလှယ်တွေ ထားမယ်ဆိုလဲ ထားလို့ရပါတယ်။ ကော်မရှင်ကိုတင်ပြပြီး ထားနိုင်ပါတယ်။ မဲရေတွက်ရာမှာလည်း လေ့လာလို့ရပါတယ်”ဟု ဦးလှမြင့်က ပြောသည်။

မဲရေတွက်ရာတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ကော်မတီအသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်တွင် ရေတွက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။

“ကိုယ်စားလှယ်တွေက မဲရုံ ကိုယ်စားလှယ်တွေထားမယ်ဆိုရင် သူတို့တွေအနေနဲ့ သတ်မှတ် ပြဌာန်းပါ စည်းမျဉ်းတွေအတိုင်း လိုက် နာရပါမယ်။ ဒါတွေက နည်းဥပဒေမှာလည်း ပါပါတယ်။ မဲပေးတာကို မနှောင့်ယှက်ရင် လွတ်လပ်စွာနေနိုင်ပါတယ်။ မဲတွေရေတွက် ပြီးရင်လည်း မဲရေတွက်ချိန်မှာရှိတဲ့ သက်ဆိုင်ရာလူတွေ၊ နောက် ကိုယ်စားလှယ်တွေ လက်မှတ်ကို ယူပြီးမှ ကျေနပ်အောင် စစ်ဆေး ပြီးမှ ချိတ်ပိတ်မှာပါ”ဟု ဦးလှမြင့်က ဆက်ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် ရွေးကောက်ပွဲကို ပြည်သူများ ပိုမိုသိရှိစေရန်အတွက် ခရိုင် ၄ ခုအတွင်းရှိ လူစည်ကားရာနေရာများ တွင် စည်ပင်ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးဆိုင်းဘုတ် အခု ၂၀ ကျော်ကို စိုက်ထူ၍ လှုံ့ဆော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်စားလှယ် တဦးချင်းစီကိုတော့ ကျနော်တို့ ဆိုင်းဘုတ်တွေ အခမဲ့ထူပေးဖို့မရှိဘူး။ သူတို့ထောင်မယ်ဆိုလည်း သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ အခွန်ပေးဆောင်ပြီး ထောင်နိုင်ပါတယ်”ဟု ဦးလှမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တခုလုံးတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း ၁၀၀၀ ကျော် ထားရှိမည် ဖြစ်ပြီး မဲရုံ တရုံတွင် မဲရုံအဖွဲ့ဝင် ၁၆ ဦး ထားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ဗဟို၊ ခရိုင်၊ မြို့နယ် ၃ ခုစလုံးပြိုင်မယ့် နေရာတွေဆိုရင်တော့ မဲထုတ်ပေးတာမှာ တရုံကို ၃ ဦးထားပေးမှာပါ။ အခက်အခဲ မဖြစ် အောင် ထားပေးမှာပါ။ မဲပေးတာက သတ်မှတ်ချိန်တွင်း ဆိုပေမယ့် ၄ နာရီမထိုးခင် မဲရုံ ပရဝဏ်ထဲ ရောက်နေပြီး ၄ နာရီကျော်တာ တောင် မဲမပေးရသေးလည်း အဲဒီ လူစာရင်းကို ကောက်ပြီး မဲပေးခွင့်ပေးမှာပါ”ဟု ဦးလှမြင့်က ပြောသည်။

မဲပေးချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားပြီး သက်ဆိုင်ရာ မဲရုံများတွင် သွားရောက် မဲပေးရမည် ဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်မှ သိရသည်။

ဒဂုံမြို့နယ်မှ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက“သူတို့ကြော်ငြာဘုတ်တွေ ထောင်ပေးတာ လှုံ့ဆော်ပေးတာ က အကျိုးအပြစ် သိပ်မရှိပါဘူး။ ဒီလိုကြော်ငြာတာက ပြည်သူ စိတ်ဝင်စားမှုမမြင့်နိုင်ပါဘူး။ တကယ်စိတ်ဝင်စားမှု မြင့်တက်ချင်ရင် ကော်မတီဝင်အဖြစ် ရွေးချယ်ခံရတဲ့သူတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရင် ပြည်သူတွေ စိတ်ဝင်စားမှုပိုမြင့် နိုင်ပါတယ်။ ကန့်သတ် တာတွေမရှိရင် တော့ ကောင်းတာပေါ့။ ကျနော် ဗီနိုင်း ထောင်ဖို့ ကော်မရှင်မေးတော့ ကော်မရှင်က ကြော်ငြာလက်ကမ်း တွေ၊ ဟော ပြောတာ တွေ ကို အခုလက်ရှိ တည်ဆဲဥပဒေအတိုင်း လုပ်နိုင်တယ်။ ဗီနိုင်းတော့ ထောင်မရဘူးလို့ပြောတယ်။ တခြားလူတွေကတော့ ထောင်ခွင့်ရနေတော့ ဘယ်လိုဖြစ်တာလဲ ကျနော်မေးချင်ပါတယ်။ ခွဲခြားဆက်ဆံတာလားတော့ မသိဘူး”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးအဖြစ် ပေးသွင်းရသည့် ငွေကြေးများကိုမူ ထည့်ဝင်သုံးစွဲမည် မဟုတ် ဘဲ မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ရသုံးငွေအဖြစ် သတ်မှတ်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရန်ပုံငွေစာရင်းထဲသို့ သွင်းသွားမည် ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။

စည်ပင်ရွေးကောက်ပွဲ ကျင်းပရေး ကုန်ကျစရိတ် အဖြစ် ကျပ် သိန်းပေါင်း ၅၀၀၀ ကျော်ကို စည်ပင်သာယာရေး ကော်မတီ အသုံး စရိတ် ခေါင်းစဉ်အောက်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် သုံးစွဲရန်အတွက် တောင်းခံထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုသို့ပြောရာတွင် မည်သည့်အတွက်ကြောင့် မှတ်ပုံတင်ကြေးကောက်ခံသည်၊ ကောက်ခံရသည့် ငွေကို ရန်ကုန်တိုင်းဒေသကြီး ရန်ပုံ ငွေစာရင်းသို့ ပြန်လည်သွင်းမည်ဟုပြောသော်လည်း မည်သည့်အချိန်တွင် ပြန်လည်သွင်းမည်၊ အဆိုပါပြန်သွင်းငွေကို မည်သည့် နေ ရာတွင် သုံးမည် စသည်တို့ကိုမူ တိကျစွာပြောကြားခဲ့ခြင်း မရှိပေ။

လက်ရှိတွင် ခရိုင် ၄ ခုအတွက် ဗဟိုအဆင့် ရွေးကောက်ပွဲဝင်သူ ၃၈ ဦး၊ ခရိုင် ၄ ခုအတွက် ခရိုင်အဆင့် ရွေးကောက်ပွဲဝင်သူ ၄၂ဦး၊ မြို့နယ် ၃၃ မြို့နယ်အတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဝင်သူ ၂၁၃ ဦး ရှိသည်။

ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးအဖြစ် ဗဟိုအတွက် တဦး လျှင် ကျပ် ၃ သိန်းနှုန်းဖြင့် သိန်း ၁၁၀ ကျော်၊ ခရိုင် အတွက် တဦးလျှင် ၂ သိန်း ကျော်ဖြင့် သိန်း ၈၀ကျော်၊ မြို့နယ်အတွက် တဦးလျှင် ၁သိန်းနှုန်းဖြင့် သိန်း ၂၀၀ ကျော် စုစုပေါင်း သိန်း ၄၀၀ ကျော်ကို ရန်ကုန် တိုင်း ဒေသကြီး၏ ရန်ပုံငွေစာရင်းထဲသို့ ရွေးကောက်ပွဲ ပြီးပါက ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်.။

ထိုစည်ပင်ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၃ မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။

ဧရာဝတီ 

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပသော ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသူ များကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနား(ဓာတ်ပုံ – မေခ / ဧရာဝတီ)
ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရမည့် မဲရုံများအတွင်း ၀င်ရောက်၍ သတင်း မီဒီယာများကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ယနေ့ ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်မြို့မှာ ဆန္ဒပြ တောင်းဆို

Photo: ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်မြို့မှာ ဆန္ဒပြ တောင်းဆို
Friday, December 5, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းက လူ ဆယ်ဦးခန့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အရင်အစိုးရသက်တမ်းတလျှောက် ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ နောက်တက်လာမယ့် လွှတ်တော်နဲ့ အစိုးရအတွက် ပြင်ဆင်ဖို့ ခက်ခဲတဲ့ ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ)တို့ကို အခုလက်ရှိ လွှတ်တော်နှင့် အစိုးရလက်ထက်မှာပဲ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောပါတယ်။

“အဓိက ၄၃၆ ရော ၅၉ (စ)ရော အခုသက်တမ်းမှာပြင်ဆင်ပေးပါ။ မဲပေးနိုင်သူ ငါးသန်းရဲ့ ဆန္ဒကို မစော်ကားပါနဲ့။ တပ်မတော်နဲ့ ပြည်သူကို တကယ်သွေးခွဲနေတာ ကာချုပ်ပါ။ မင်းအောင်လှိုင်ဆိုတာကလဲ နောက်ကျောကို ဓါးထောက်ထားပြီး အခိုင်းခံနေရတဲ့သူပါ။ ကာကွယ်ရေးဦးစီးချုပ်ရော၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုရော ကျနော်မေတ္တာရပ်ခံချင်တယ် တိုင်းပြည်လည်း အင်မတန်နစ်နာလှပါပြီ၊ လူတစုအတွက်ပဲ မကြည့်ကြပါနဲ့။”လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင်းလင်းအဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထပ်မံတောင်းဆိုဖို့ လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

“ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းတွေကလဲ စင်ပေါ်ကနေ ခွပ်နေရုံနဲ့ တပ်မတော်နဲ့ အစိုးရက သဘောထားပျော့ ပြောင်းလာမှာမဟုတ်ဘူး။ လူချင်းထိပ်တိုက်ခွပ်မှအဆင်ပြေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲဝင်တယ်လို့ ပြောပြီး ၂၀၁၅ မှာ ဘာမှမပြင်ပေးပဲ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရှက်စရာကောင်းပါတယ်။ အပြောနဲ့အလုပ်ညီဖို့လိုပါတယ်။”

“လယ်သမားသား သမ္မတဖြစ်တော့မှ လယ်သမားတွေထောင်ကျရတဲ့ခေတ်”၊ “မင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်၏ ကယ်တင်မှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ရုံးမထွက်နိုင်ခဲ့”၊ “ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ ၅၉(စ)၊ ၄၃၆ နှင့် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ကြစို့” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကြွေးကြော်ပြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းအထိ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဧရာဝတီ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းက လူ ဆယ်ဦး ခန့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကီလိုမီတာ ၂၀၀၀ အကွာအဝေးကို ငါးနာရီအတွင်း အရောက်ပို့ကာ အဆုတ်အစားထိုးမှု တစ်ရပ်ကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ ပြုလုပ်

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့မှ လှူဒါန်းလိုက်သော အဆုတ်တစ်စုံကို ဆရာဝန်များ၊ လေ ဆိပ်နှင့် ရှန်ဟိုင်း လေကြောင်းလိုင်းတို့၏ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒီဇင်ဘာ ၂ ရက် အစောပိုင်းက  ၂၀၀၀ ကီလိုမီတာကွာဝေးသော ကျန်ဆုပြည်နယ် ၀ူကျီမြို့ရှိ လူနာတစ်ဦးကို အောင်မြင်စွာအစားထိုး ကုသနိုင်ခဲ့သည်။

သားသမီးများကို ကိုယ်ပိုင်ကားဖြင့် ကျောင်းကြို/ပို့ မလုပ်ရေး ဥပဒေရေးဆွဲရန် တိုင်းလွှတ်တော် ဆွေးနွေးမည်

Photo: သားသမီးများကို ကိုယ်ပိုင်ကားဖြင့် ကျောင်းကြို/ပို့ မလုပ်ရေး ဥပဒေရေးဆွဲရန် တိုင်းလွှတ်တော် ဆွေးနွေးမည်
Friday, December 5, 2014.

ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်နေသည့် သား၊ သမီး များကို မိမိတို့၏ ကိုယ်ပိုင်ကားဖြင့် အကြို၊အပို့မလုပ်စေဘဲ ကျောင်းကားများဖြင့် စနစ်တကျ သယ်ယူပို့ဆောင်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရန် လွှတ်တော် အမတ် တစ်ဦး၏အရေးဆိုမှုကို လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၄ ရက်က ရန်ကုန် တိုင်း လွှတ်တော်တွင် သဘောတူလိုက်သည်။

ထိုသို့ ဥပဒေရေးဆွဲရန် အဆိုရှင်က ရည်ရွယ်ချက်သုံးမျိုးဖြင့် တင်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ယာဉ်ကြောပိတ် ဆို့မှုကို လျှော့ချ ရန်၊ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသွား/ပြန် လုံခြုံစိတ်ချမှုရရှိစေရန်နှင့် ကျောင်းကားများ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်တို့ ဖြစ်သည်ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။

“ကျောင်းဆင်းချိန်တွေမှာဆို အရမ်းသိသာနေပါတယ်။ ရိုးရိုးကျောင်းကားတွေ ထက် အိမ်စီးကားတွေက ကျောင်းရှေ့မှာ ပိုများနေတဲ့အတွက် ယာဉ်ကြော ရှုပ်ထွေးမှု အရမ်းမြင့်တက်နေပါတယ်” ဟု အဆိုရှင် ဖြစ် သည့် မင်္ဂလာတော င်ညွန့်မြို့ နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါက်တာ စောလှထွန်းက ပြောသည်။

အဆိုကို တိုင်းလွှတ်တော်က လက်ခံဆွေးနွေးခဲ့ပြီး လာမည့်ဒီဇင်ဘာ ၈ ရက်တွင် ဆုံးဖြတ်ရန် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်တိုင်းရှိ အခြေခံကျောင်းပေါင်း ၂၃၀ ကျော်တွင် ကျောင်းဖယ်ရီ ၂၃၄၁ စီး၊ ကိုယ်ပိုင်ယာဉ် ၅၁၉၃ စီးဖြစ်ရာ၊ စုစု ပေါင်းစီးရေ ၇၅၃၄ ကြိုပို့လျက်ရှိသည်။

Mizzima - News in Burmese
ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်နေသည့် သား၊ သမီး များကို မိမိတို့၏ ကိုယ်ပိုင်ကားဖြင့် အကြို၊အပို့မလုပ်စေဘဲ ကျောင်းကားများဖြင့် စနစ်တကျ သယ်ယူပို့ဆောင်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရန် လွှတ်တော် အမတ် တစ်ဦး၏အရေးဆိုမှုကို လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၄ ရက်က ရန်ကုန် တိုင်း လွှတ်တော်တွင် သဘောတူလိုက်သည်။

စွပ်စွဲခံ မြန်မာနှစ်ဦးအား အမှုခုနစ်မှုဖြင့် တရားစွဲရန် တရားရုံးသို့ ထိုင်းအစိုးရရှေ့နေများ အမှုတွဲတင် ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်

Photo: စွပ်စွဲခံ မြန်မာနှစ်ဦးအား အမှုခုနစ်မှုဖြင့် တရားစွဲရန် တရားရုံးသို့ ထိုင်းအစိုးရရှေ့နေများ အမှုတွဲတင်
===================================
ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်
Friday, December 5, 2014

ထိုင်း၌ ဗြိ တိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာနိုင်ငံ သားနှစ်ဦးကို ထိုင်းအစိုးရရှေ့နေများ မှ အမှုခုနစ်မှုဖြင့် တရားစွဲဆိုရန် ကော့စမွေခရိုင်တရားရုံးသို့ ယနေ့အ မှုတွဲတင်ပြီဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။

စွပ်စွဲဖမ်းဆီးခံရသူ မြန်မာ နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ တရားမဝင် နိုင်ငံအတွင်း ခိုးဝင်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အမှုမှန်ကို ထိမ်ချန်မှုတို့ဖြင့် ထိုင်းအစိုးရရှေ့နေ များက အမှုတွဲတင်ထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါအမှုတွဲကို ဒီဇင်ဘာ ၄ ရက် ထိုင်းနိုင်ငံစံတော်ချိန် ၁၁နာရီ ၁၅မိနစ်အချိန်ခန့် တွင် ထိုင်းနိုင်ငံ ကော့စမွေခရိုင် တရားစီရင်ရေးဌာန အကြီးအကဲဖြစ် သူ 'နိုင်ဖိုင်ဘွန်အာ ချဝါနာတကူလ်' ဆိုသူမှ တရားခံအဖြစ် စွပ်စွဲခံထား ရသူ ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့၏အမှုတွဲကို အပြီးသတ်တရား ရုံးသို့ လျှောက်တင်ခဲ့ကြောင်း၊ မြို့ နယ်တရားသူကြီးချုပ်မှ အမှုတွဲကို လက်ခံလိုက်ပြီဖြစ်ကြောင်း အထူးစုံ စမ်းရေးအဖွဲ့ဝင်(FED)မှ ဦးမင်းဦးက ဆိုသည်။

''အမှုတွဲတင်တော့ အမှုခုနစ်မှု တွေ့ရပြီး ၈ရက်နေ့မှာ အဲ့ခုနစ်မှုနဲ့ တရားစွဲဆိုသွားမှာပါ။ ပြစ်မှုထင်ရှား ရင်တော့ သေဒဏ်ကျခံရမှာဖြစ် ကြောင်း သိရပါတယ်။ မြန်မာအစိုးရ၊ သံရုံး၊ သံရုံးအထူးအဖွဲ့တို့နဲ့အတူ ရှေ့ နေတွေက လက်ရှိအခြေအနေတွေ ကို ဆွေးနွေးတိုင်ပင်ပြီး အာမခံတို့၊ အသနားခံစာတို့ကို ကလေးနှစ်ဦး လွတ်မြောက်နိုင်ဖို့နဲ့ အာမခံရရှိရေး တို့အတွက် အမြန်ဆုံး ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ဦးမင်းဦး က ဆိုသည်။

ထိုင်းရဲများနှင့် ထိုင်းအစိုးရ ရှေ့နေများအနေဖြင့် အဆိုပါအမှုအ တွက် အမှုတွဲကို ပထမအကြိမ်တွင် အချက်အလက် မစုံလင်ခြင်းကြောင့် ပယ်ချခဲ့ကာ ယခုဒုတိယအကြိမ်တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက်၊ တနင်္လာနေ့တွင် ထိုင်းနိုင်ငံ ကော့စ မွေခရိုင်တရားရုံးမှ တရားစွဲဆိုသွား မည်ဖြစ်သည်။
အဆိုပါအမှုကြောင့် မြန်မာနိုင် ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ် ဦးကို ဖမ်းဆီးထားသည်မှာ ယနေ့အ ပါအဝင် ရက်ပေါင်း ၆၃ရက်ရှိပြီဖြစ် ပြီး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး ပြီး ၆၃ရက်ကြာမြင့်ချိန်မှသာ အမှု တွဲတင်နိုင်ခြင်းဖြစ်သည်။

အဆိုပါအမှုသည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ စက်တင်ဘာ ၁၅ရက် တွင် ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ နှစ်ဦး အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ယင်း နှစ်ဦးအသတ်ခံရခြင်းကြောင့် မြန်မာ နိုင်ငံသားနှစ်ဦးကို တရားခံအဖြစ်ယူ ဆကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

Yangon Media Group
ထိုင်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာနိုင်ငံ သားနှစ်ဦးကို ထိုင်း အစိုးရ ရှေ့နေများ မှ အမှုခုနစ်မှုဖြင့် တရားစွဲဆိုရန် ကော့စမွေခရိုင်တရားရုံးသို့ ယနေ့အ မှုတွဲတင်ပြီဖြစ် ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။

ဒီဇိုင်နာရှီလာကကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်းပွဲတက် ၀တ်စုံ တီထွင်

Photo: ဒီဇိုင်နာရှီလာကကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်းပွဲတက် ၀တ်စုံ တီထွင်
Friday, December 5, 2014

World AIDS Day 2014 အစီအစဉ်အတွက် မြန်မာနိုင်ငံမှ လူငယ် ဒီဇိုင်နာ တစ်ဦးဖြစ်သော ဒီဇိုင်နာရှီလာက ကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်း ပွဲတက်ဝတ်စုံတစ်စုံကို ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရသည်။ 

ယင်းဝတ်စုံတီထွင်ချုပ်လုပ်မှုနှင့် ပတ်သက်၍ ဒီဇိုင်နာရှီလာက ““ဒီဝတ်စုံ ကို World AIDS Day 2014 ဖျော်ဖြေရေးနေ့အခမ်းအနားအတွက် PSI က လာအပ်ထားတာဖြစ်ပါတယ်။ ဒီဝတ်စုံကို ကွန်ဒုံးပေါင်း ၁၂၀၀၀ ကျော်နဲ့ တီထွင်ချုပ်လုပ်ထားတာပါ။ ကွန်ဒုံးအမျိုးအစားတွေကတော့ စတော်ဘယ်ရီ၊ ငှက်ပျော၊ လိမ္မော်၊ အပါးလွှာဆုံးကွန်ဒုံးစတဲ့ကွန်ဒုံးလေးမျိုးနဲ့ ချုပ်လုပ်ထား တာဖြစ်ပါတယ်။

ဖဲကြိုးနီပုံစံလေးပေါ်မှာအခြေခံပြီး ချုပ်လုပ်ထားတာပါ။ ဒီဝတ်စုံ မျိုးကိုMiss Condom ပြိုင်ပွဲတုန်းကလည်း တစ်ခါချုပ်လုပ်ဖူးပါတယ်။ ဒါကတော့ ဒုတိယအကြိမ်ပေါ့နော်။ ဒီဝတ်စုံဖြစ်မြောက်ဖို့ ငါးရက်ကျော်ကျော် လောက်အချိန်ယူပြီး နေ့မအား၊ ညမအား ချုပ်လုပ်ခဲ့ရတယ်။ ချုပ်လုပ်စဉ်မှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်။ တစ်အိမ်လုံးကလည်း ချောဆီတွေ သုတ်ထား သလိုထင်ရတယ်။ အရောင်ရော၊ အနံ့ရောရှိတဲ့ဝတ်စုံတွေပါ။ ရှီလာကိုယ်တိုင်ကလည်း ဟိုမိုဂေးအနွယ်ဝင်တစ်ယောက်ဖြစ်တဲ့အတွက်AIDS
ရောဂါဝေ ဒနာရှင်များ လူသားချင်းစာနာပြီး ခွဲခြား ဆက်ဆံတာတွေ
တိုက်ဖျက်တဲ့ အနေနဲ့ အခုလို ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကျေနပ်မိပါ တယ်””ဟု ၄-၁၂-၂၀၁၄ ရက်က ပြည်မြန်မာသတင်းစာသို့ ပြောသည်။

Pyimyanmar
World AIDS Day 2014 အစီအစဉ်အတွက် မြန်မာနိုင်ငံမှ လူငယ် ဒီဇိုင်နာ တစ်ဦးဖြစ်သော ဒီဇိုင်နာရှီလာက ကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်း ပွဲတက်ဝတ်စုံတစ်စုံကို ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရသည်။ 

ပုဇွန်တောင်-ထော်လီကွေ့ ရထားခရီးစဉ် ဒီဇင်ဘာလ ၇ ရက် စတင်ပြေးဆွဲမည်

Photo: ပုဇွန်တောင်-ထော်လီကွေ့ ရထားခရီးစဉ် ဒီဇင်ဘာလ ၇ ရက် စတင်ပြေးဆွဲမည်
Friday, December 5, 2014

ရန်ကုန်မြို့တော်၌ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် မြန်မာ့မီးရထားက ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲမည့် ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ရထားခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာမီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

ယင်းရထားခရီးစဉ် အတွက် လက်မှတ်ကို မြို့ပတ်ခရီးစဉ်များကဲ့သို့ ကြိုတင်လက်မှတ်ဖြတ်ရန် မလိုဘဲ ၁၀၀ ကျပ် သတ်မှတ်ထားပြီး ရထားဝန်ထမ်း နှစ်ဦးက ရထားပေါ်တွင် တိုက်ရိုက် ရောင်းချပေးမည် ဖြစ်ပြီး တစ်ရက်လျှင် ၁၄ ခေါက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ဆိုသည်။

လူစီးရထား ရိုးရိုးတွဲကို ပန်းဆိုးတန်း ဘူတာရုံမှ စတင်ကာ နံနက်ခြောက်နာရီ ဆယ်မိနစ်မှ ညနေ ငါးနာရီထိ ရထားနှစ်စီး ပြေးဆွဲသွားမည် ဖြစ်ရာ ရထားအမှတ် A ကို ပုဇွန်တောင် ဘူတာမှ ရေကျော်၊ တာဝတိံသာ၊ လင်းစဒေါင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း ဘူတာအထိ အသွားအပြန် ပြေးဆွဲသွားမည် ဖြစ်ပြီး ရထားအမှတ် B ကို ပန်းဆိုးတန်း ဘူတာမှ ရွှေတိဂုံဘုရားလမ်း၊ စဥ့်အိုးတန်း၊ မော်တင်၊ ဝါးတန်း၊ ထော်လီကွေ့ ဘူတာအထိ ရထားတစ်စီး အသွားအပြန် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရှိရသည်။

ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ခရီးစဉ် ဖြတ်သန်းသွားလာသည့် မီးရထားသံလမ်းနှင့် ကားလမ်းကြားတွင်မူ ရပ်၊ ကြည့်၊ သွား သတိပေး ဆိုင်းဘုတ်များ ထားရှိပေးသွားမည် ဖြစ်ပြီး ကားလမ်းမဖြတ်မီ မီးရထားမှ သတိပေး ဥသြဆွဲသွားမည် ဖြစ်သည်။

တစ်စီးလျှင် RBE လူစီးတွဲ နှစ်တွဲဖြင့် ပြေးဆွဲမည့် ယင်းခရီးစဉ်တွင် တစ်တွဲလျှင် ထိုင်စီးခရီးသည် ၆၀ ဦးနှင့် မတ်တတ်ရပ် ခရီးသည် ၆၀ ဦး လိုက်ပါနိုင်မည် ဖြစ် ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

The Voice Weekly
ရန်ကုန်မြို့တော်၌ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် မြန်မာ့မီးရထားက ကမ်းနားလမ်း တစ် လျှောက် ပြေးဆွဲမည့် ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ရထားခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာမီးရထားအထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကပြောကြားသည်။

ဒီချုပ်ပါတီအား သင်တန်းပေးနေသည့် IRI ကို သတိပေးရခြင်း ရွေးကောက် ပွဲကော် မရှင် ရှင်းလင်း

အမေရိကန်အခြေစိုက် နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့(IRI) သို့ အကြောင်း ကြားစာပေးပို့ခြင်း သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တစ်ခု တည်းကိုသာ သီးသန့်သင်တန်း ပေးခြင်းကြောင့်မဟုတ်ဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် မကိုက် ညီသည့်အတွက်ကြောင့်သာဖြစ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိသည်။ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကြောင်း၊ IRI အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲ အောင်နိုင်ရေး သင်တန်းပေးခြင်းကြောင့် အကြောင်းကြားစာပေးပို့ခြင်း မဟုတ်ဘဲ နိုင်ငံရေးပါတီ တစ်ခုတည်း ကို သီးသန့်သင်တန်းပေးပို့မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသည့် အတွက် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောသည်။

ကမ္ဘာ့အကောင်းဆုံးဝီစကီအဖြစ် ဂျပန်ဝီစကီ ရွေးချယ်ခံရ

Photo: ကမ္ဘာ့အကောင်းဆုံးဝီစကီအဖြစ် ဂျပန်ဝီစကီ ရွေးချယ်ခံရ
Friday, December 5, 2014

၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဝီစကီစာရင်း (Jim Murray Whisky Bible 2015) အရ ဂျပန်ဝီစကီ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၃ (Yamazaki Sherry Cask 2013)ဟာ ကမ္ဘာ့အကောင်းဆုံး ၀ီစကီဆုအဖြစ် ရွေးချယ်ခံရပါတယ်။

ဒီဝီစကီကို ဥရောပမှာပဲ ရောင်း ချတာ ဖြစ်ပြီး ဒီဝီစကီနဲ့ အနီးစပ်ဆုံး အရည် အသွေး တူတဲ့ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၂ (Yamazaki Sherry Cask 2012) ၀ီစကီကတော့ ဂျပန်ပြည်တွင်းမှာပဲ ရောင်းချပြီး မြို့တော် တိုကျိုမှာ လူကြိုက်များတဲ့ ၀ီစကီ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ယာမာဇာကီဝီစကီကို ဂျပန်နိုင်ငံအနောက်ပိုင်း တောင်ပေါ်ဒေသမှာ ထုတ်လုပ်ပြီး တချို့လူတွေအဖို့ ကြားတောင် ကြားဖူးမှာ မဟုတ်ဘူးလို့ ဒီဝီစကီကို ထုတ်လုပ်တဲ့ ဆန်းတိုရီ (Suntory) အရက်စက်ရုံအကြီးအကဲက ပြောဆိုပါတယ်။

အရက်ချက်စက်ရုံတိုင်းမှာ မတူကွဲပြားတဲ့ အားသာချက်တွေရှိပြီး အဲဒီ အားသာချက်တွေကို အမိအရ အသုံးချဖို့ အရေးကြီးတာပါ။

အကောင်းဆုံး ၀ီစကီအဖြစ် မှတ်တမ်းဝင်သွားတာကလည်း အဲဒီ အားသာ ချက်ကြောင့် ဖြစ်တဲ့အတွက် သိပ်မထူးဆန်းပါဘူးလို့ စက်ရုံအကြီးအကဲ တာကာဟီဆာ ဖူဂျီအီ(Takahisa Fujii) က ပြောဆိုပါတယ်။

ဆန်းတိုရီ အရက်ချက်စက်ရုံမှာ အရက်စည် ၂ ထောင်ရှိပြီး အဆင့်တိုင်းမှာ အထူး ဂရုစိုက်ထုတ်လုပ်တယ်လို့လည်း ပြောပါတယ်။

စက်ရုံတည်နေရာနဲ့ မြေမျက်နှာပြင် အမြင့်ကလည်း အားသာချက်တခု ဖြစ်တယ် လို့ တာကာဟီဆာ ဖူဂျီအီက ပြောဆိုပါတယ်။

ကမ္ဘာ့အကောင်းဆုံးဝီစကီတွေကို ရွေးချယ်အဆင့်သတ်မှတ်တဲ့ ၀ီစကီကျွမ်းကျင် သူ ဂျင့် မော်ရေး(Jim Murray)က ယာမာဇာကီရဲ့ အနံ့အရသာဟာ ထုတ်ဖော်ပြောပြ ဖို့တောင် ခက်ခဲပါတယ်လို့ ချီးမွမ်းထားပါတယ်။

ဆန်းတိုရီအရက်စက်ရုံ အရည်အသွေးထိန်းချုပ်ရေး အရာရှိ ရှင်းဂျီ ဖုကူယို(Shinji Fukuyo) က အခုလို ကမ္ဘာ့အကောင်းဆုံးဆုရခဲ့တာကို အားရကျေနပ်ပြီး ဒီအောင်မြင်မှုနဲ့တင် တင်းတိမ်မနေပဲ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။

၁၉၉၀ နောက်ပိုင်း ဂျပန်ပြည်သူတွေ ဘီယာပြောင်းသောက်ခဲ့ကြလို့ ဂျပန်နိုင်ငံမှာ ၀ီစကီ အရောင်းကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျပန်ဝီစကီတွေ နိုင်ငံတကာမှာ နာမည်ပြန်ရ လာတာကြောင့် ဂျပန်နိုင်ငံမှာ ၀ီစကီ အရောင်းပြန်တက်လာတယ်လို့လည်း သိရပါတယ်။

ဒီဗွီဘီ
၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဝီစကီစာရင်း (Jim Murray Whisky Bible 2015) အရ ဂျပန်ဝီစကီ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၃ (Yamazaki Sherry Cask 2013)ဟာ ကမ္ဘာ့အကောင်းဆုံး ၀ီစကီဆုအဖြစ် ရွေးချယ်ခံရပါတယ်။

မြန်မာ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ အကူညီပေးမည်ဟု ပြင်သစ်ပြော

ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေကို တိုးမြှင့်သွားမှာ ဖြစ် ပြီး ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ တရားမျှတမှုရှိ၊ မရှိကို စောင့်ကြည့် နေ မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အိန္ဒိယတွင် ကျောင်းကားနှင့်ရထား တိုက်မှုဖြစ်ပွား

Photo: အိန္ဒိယတွင် ကျောင်းကားနှင့်ရထား တိုက်မှုဖြစ်ပွား
Friday, December 5, 2014

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် မောင်မြို့က ရထားလမ်းကူး တခုမှာ ကျောင်းကားတစီးက ရထားနဲ့ တိုက်မိခဲ့လို့ ကလေး ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရကြောင်း ဒီဇင်ဘာ ၄ ရက်နေ့ သတင်းတွေက ဖော်ပြပါတယ်။

ဒဏ်ရာရ ကလေးတွေ ကိုတော့ ဒေသ တွင်းဆေးရုံကို အမြန်တင်ပို့ခဲ့ ပါတယ်။ မျက်မြင် သက်သေ ရာမဲ့ရှ်က ဒေ သ ခံတွေဟာ အာဏာ ပိုင်တွေ ဆီကနေ ရထားလမ်းကူး တံခါးအသစ် လုပ်ပေးဖို့ တောင်းဆိုနေတာ ကြာပြီဖြစ်ပြီး တောင်းဆိုချက်မရခဲ့ဘူးလို့ ပြောပါတယ်။

ရထားလာတာကို ကားသမားက သတိမထားမိတာကြောင့် ကားကို ရထားက တိုက်မိတာလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယရဲ့ မီးရထားလမ်းတွေက ဘေးကင်းရေးစံချိန်တွေ ညံ့ဖျင်းတယ်လို့ လူသိများပြီး ဝန်ကြီးချုပ် မိုဒီကလည်း ပြင်ဆင်ဖို့ ကတိပြုပြီးသားပါ။

အိန္ဒိယရဲ့ မြေယာအဆောက်အဦနဲ့ အားနည်းတဲ့ ဥပဒေအာဏာတည်မှုတွေက ယာဉ်ကြောပိတ်ဆို့မှုနဲ့ လိုင်စင်မဲ့ ကားမောင်းသမားတွေကြောင့် ရထားနဲ့ တိုက်မိတဲ့ မတော်တဆမှုတွေက ဖြစ်နေကျပါ။ ၂၀၁၀ ခုနှစ်မှာ မတော်တဆ မှုကြောင့် လူ ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် မောင်မြို့က ရထားလမ်းကူး တခုမှာ ကျောင်းကားတစီး က ရထားနဲ့ တိုက်မိခဲ့လို့ ကလေး ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရကြောင်း ဒီဇင်ဘာ ၄ ရက်နေ့ သတင်း တွေက ဖော်ပြပါတယ်။

ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်းကြိုပို့နေမှု ကန့်သတ်နိုင်ရန် ကျောင်းကြိုပို့ယာဉ် ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တင်

ရန်ကုန်မြို့တော်အတွင်း နာမည်ကျော် ကျောင်းများတွင် ကိုယ်ပိုင်ယာဉ်များနှင့် ကျောင်းကြိုပို့မှုများကြောင့် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် ကျောင်းကြိုပို့ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုတင်သွင်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။