ရွှေပြည်သာမြို့နယ်နေလူငယ်တစ်ဦးကိုအ၀တ်အစား များချွတ်ကာ ကိုယ်လုံးတီးဖြင့် ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့က စစ်ဆေးခြင်းနှင့် ပတ် သက်၍စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။
Sunday, 2 November 2014
ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ
၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအား ဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်း ရရှိသည်။
နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။
နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။
အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ထွက်ခွာ
တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် သည် နိုဝင်ဘာ ၁ရက် တွင် ဘီလာရုစ်နိုင်ငံအပါအ၀င် အရှေ့ဥရောပနိုင်ငံအချို့သို့ အလည် အပတ်သွားရောက်ရန် ထွက်ခွာ သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ကာကွယ်ရေးဦးစီးချုပ်၏အ ရှေ့ဥရောပနိုင်ငံများသို့ ခရီးစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ၀င်းက အတည်ပြုပြောသည်။
ရန်ကုန်တွင်သတ်မှတ်ချိန် ကျော်လွန်၍ အရက်နှင့် ဘီယာဆိုင်များ စတင်အရေးယူ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၄ နာရီဖွင့်လှစ်ရောင်း ချသည့် ဆိုင်များတွင် အရက်၊ ဘီ ယာများကို သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချပါက စတင် ဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းက မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။
‘‘တိုင်းဒေသကြီးအစိုးရက လည်း ခရိုင် လေးခုလုံးမှာရှိတဲ့ မြို့နယ်မှူးတွေ အကုန်လုံးကို ညွှန်ကြား ထားပါတယ်။ စီမံချက် ပုံစံမျိုးနဲ့ ဖမ်းဆီးအရေးယူသွား မှာပါ။ အခုလပဲ သုံးဆိုင်ဖမ်းပြီး ပြီ။ ထပ်ပြီး တော့လည်း ဖမ်းသွား ဖို့ရှိပါတယ်’’ဟု ၎င်းကဆိုသည်။
ဘူးသီးတောင်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဘင်္ဂါလီသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ
ဘူးသီးတောင်မြို့နယ် ကုန်သွယ်လယ်ယာရုံးအနီး ဗုံး နှစ်လုံးပေါက်ကွဲမှုနှင့် ပတ်သက် ၍ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၃၁ ရက် ည ၉ နာရီက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ် ခဲ့ပြီး ကုန်သွယ်ရေးရုံးအနီးရှိ ကွန် ပျူတာ ဆိုင်မှ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့မ ရဲစခန်းမှ အတည်ပြုပေးသော် လည်း အသေးစိတ်ကို ပြောနိုင် ခြင်းမရှိသေးကြောင်း ပြောသည်။
Subscribe to:
Posts (Atom)