Sunday 12 May 2013

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး
Sunday, May 12, 2013

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်တိုက်ခန်းများကို ဖောက်ထွင်းသည့်အမှု ၁၅ မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။

၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ်ကျခံလျက် ရှိရာမှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့ ပြောင်းရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်
 ဒီဇင်ဘာ ၅ ရက်တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည် နေအိမ်အတွင်းသို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော မည်သည့်သော့များကိုမဆို အချိန်မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့် ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီတွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို  ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့နယ် များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ချုပ်ရမန်များ ရယူပြီး
 ဆောင်ရွက်နေစဉ်  မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံထွက်ပြေး လွတ်မြောက်ခဲ့သည်။

ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရားခံတွေကို အမှုaပါင်း ၂၆ မှုနဲ့ ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ မေလဆန်းပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ" ဟု မေ ၁၁ ရက် နံနက်ပိုင်းက
 ပြောသည်။
Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်

Photo: အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
Sunday, May 12, 2013

တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အမေရိကန်ရေတပ်ရဲ့ အဝေးထိန်းလမ်းညွှန်ပါ Missile ဒုံးခွင်းလက်နက်နဲ့ Missile ဒုံးလက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တင်သင်္ဘောတွေလည်း 7th. Fleet အမှတ် (၇) ရေတပ်အုပ်စု နယ်မြေကို ဆိုက်ရောက် ခဲ့ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။

Indo-Asia-Pacific ဒေသတကြော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်ဖို့ အတွက် ရေကြောင်းမဟာမိတ်တွေနဲ့ အတူ စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ ဒီနှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ထိပါးဖို့နဲ့ ကျူးကျော်ဝင်ရောက်ဖို့ဖြစ်ပြီး ပုံမှန်အကြီးအကျယ်ခြိမ်းချောက်နေတဲ့ တုန့်ပြန်မှုဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။ 

VOA Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယား စွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ ဒီပူးတွဲ စစ်ရေးလေ့ ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

"၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်မုန်တိုင်းသတင်းထုတ်ပြန်ချက်"

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင်(၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့၏ အရှေ့တာင်ဘက်မိုင်(၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ 

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

Photo: ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး 
Sunday, May 12, 2013

မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ၀င်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့  နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ၀င်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး  မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ၀င်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ  ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ၀န်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း  ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။ 

VOA Burmese
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့

အ ပူ ပိုင်း မုန် တိုင်းနှင့် ပတ် သက်သော နောက် ဆုံး ရ သ တင်း များ

Photo: အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ
Sunday, May 12, 2013

မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက်လက် ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့ ညနေ ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၅၀ ခန့်အကွာ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရသည်။ မုန်တိုင်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ဖြစ်သော်လည်း မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

"ည ၇ နာရီတုန်းက ထုတ်ပြန်ချက် အတိုင်းပါပဲ။ အခု ထုတ်ပြန်ချက်အသစ် မရှိသေးပါဘူး" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၁ ရက်နေ့ ည ၁၂ နာရီက ပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်းအပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေးမုန်တိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင် ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိလင်္ကာနိုင်ငံက ပေးထားခြင်းဖြစ်သည်။ လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမို သတိပြုရလေ့ ရှိသည်။ ၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ် ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် အားကောင်းသော ဆိုင် ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက် လက် ခန့်မှန်းထားသည်။