Thursday, 22 January 2015

မာလီတွင် လက်နက်များတပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ သူပုန်များသေဆုံး

Photo: မာလီတွင် လက်နက်များတပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ သူပုန်များသေဆုံး
Thursday, January 22, 2015

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်သည် သူပုန်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် လက်နက်များ တပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်တစ်စင်း သည် မာလီမြောက်ပိုင်းတွင် သူပုန် များ၏ ယာဉ်တစ်စီးအား တိုက်ခိုက် ဖျက်ဆီးခဲ့သဖြင့် သူပုန်များသေဆုံး ခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်ကပြော သည်ဟု AFP သတင်းများအရသိရ သည်။

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်သည် တာဘန်ကော့ထ် တွင် သူပုန်များအား လက်နက်ကြီး များဖြင့် တိုက်ရိုက် တုံ့ပြန်တိုက်ခိုက် ရန် တွန်းအားပေးခံခဲ့ရကြောင်း ကု လသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် (MINUSMA) Tuaregs နှင့် အာရပ်လူမျိုးတို့ ပူးတွဲထားသော သူပုန် အဖွဲ့တစ်ဖွဲ့မှအတည်ပြုထားသည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MINUSMA သည်အရပ်သား များနှင့် ၎င်းတို့၏ပစ္စည်းများကိုတိုက် ခိုက်ခံရမှုများမှ ကာကွယ်ရန်သူပုန် များကို အင်အားသုံးဖြို ခွင်းရမည်ဟု အမိန့်ရရှိထားကြောင်း အဆိုပါထုတ် ပြန်ချက်တွင်ပါရှိသည်။

တာဘန်ကော့ထ်တွင် စခန်းချ နေသော MINUSMA မြေပြင်စစ် တပ်ကို တိုက်ခိုက်ခဲ့သော သူပုန်များ ၏ ယာဉ်ကိုငြိမ်း ချမ်းရေးဖော်ဆောင် သူများက သတိပေးသေနတ်ပစ် ဖောက်ခဲ့သည်။

''သတိပေးသေနတ် ဖောက်ခဲ့ပေမယ့်လဲ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတယ်။ ဒါ ကြောင့် MINUSMA ကတုံ့ပြန် တိုက်ခိုက်တဲ့အနေနဲ့ ရဟတ်ယာဉ် နဲ့ ပြန်တိုက်ခိုက်တာပါ''ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် သူပုန် များသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များရှိခဲ့ကြောင်း Azawad ညီညွတ် ရေးလှုပ်ရှားမှုမှပြောခဲ့သည်။

Ref : AFP
Democracytoday
ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်သည် သူပုန်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် လက် နက်များ တပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်တစ်စင်းသည် မာလီမြောက်ပိုင်းတွင် သူပုန်များ၏ ယာဉ်တစ်စီးအား တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် သူပုန်များသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်ကပြော သည်ဟု AFP သတင်းများအရသိရသည်။

ဂျာမနီတွင် PEGIDA ကို လူထောင်ချီ၍ ဆန္ဒပြ

Photo: ဂျာမနီတွင် PEGIDA ကို လူထောင်ချီ၍ ဆန္ဒပြ
Thursday, January 22, 2015

အစ္စလာမ္မစ်ဆန့်ကျင်ရေးလှုပ် ရှားမှု PEGIDA ကို ဆန့်ကျင် ကြောင်း ဖော်ပြရန်လူမျိုးခွဲခြားဆက် ဆံမှု ဆန့်ကျင်သော ဆန္ဒပြသူ ၁၇,၀၀၀ ကျော်တို့က ဇန်နဝါရီ ၁၉ ရက်၌ ဂျာမန်မြို့ကြီးအတော်များများရှိ လမ်းများပေါ်သို့တက်၍ဆန္ဒပြကြ ကြောင်း၊ အစ္စလာမ္မစ်ဆန့်ကျင်ရေး လှုပ်ရှားမှုက အပတ်စဉ်ဆန္ဒပြမှုပြု လုပ်ရန်စီစဉ်ထားသည်ကို အကြမ်း ဖက် ခြိမ်းခြောက်မှုကြောင့် ပယ်ဖျက် လိုက်ရသည်။

အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုသည် လွန်ခဲ့သော သီတင်းပတ်၌ ဆန္ဒပြခဲ့ သူ ဦးရေထက်လျော့နည်းသည်။ လူ ၁၀၀,၀၀၀ ခန့်တို့ကလည်းသည်း ခံကြရန်တောင်းဆိုကြသည်။

မြူးနစ်တွင် PEGIDA ဆန့် ကျင်ရေး ဆန္ဒပြမှုသည် သီတင်းပတ် အတန်ကြာအားကောင်းနေခဲ့သည်။ ဆန္ဒပြဦးရေမှာ ၁၀,၀၀၀ ဝန်းကျင် ရှိသည်ဆိုသည်ကို ရဲတပ်ဖွဲ့၏အဆိုအ ရသိရသည်။

Wuerzburg နှင့် နုရင်ဘတ် မြို့ကြီးတို့တွင် ဆန္ဒပြသူ ၁,၀၀၀ ဝန်း ကျင်ရှိသည်ဟု ဂျာမန်သတင်းအေ ဂျင်စီ DPA ကဖော်ပြသည်။

ဘာ လင်နှင့် ဒူးဆယ်လ်ဒေါ့ဖ်တို့တွင် လည်း ဆန္ဒပြသူများစုဝေးမိကြ ကြောင်း၊ မဂ္ဂဒီဘတ်တွင် ဆန္ဒပြသူ ၆,၀၀၀ ဝန်းကျင် ရှိကြောင်း DPA က ဖော်ပြသည်။

ယခင်ဆန္ဒပြမည့် အစီအစဉ် ကို ပယ်ဖျက်လိုက်ရသော်လည်း နောက်လာမည့်သီတင်းပတ်၌ လူ ထုချီတက်ဆန္ဒပြပွဲ ပြုလုပ် မည်ဟု PEGIDA ကဇန်နဝါရီ ၁၉ ရက်၌ အဓိဋ္ဌာန်ပြုလိုက်ကြောင်းသိရသည်။

Ref : AFP
Democracytoday
အစ္စလာမ္မစ်ဆန့်ကျင်ရေးလှုပ်ရှားမှု PEGIDA ကို ဆန့်ကျင်ကြောင်း ဖော်ပြရန်လူမျိုးခွဲခြားဆက် ဆံမှု ဆန့် ကျင်သော ဆန္ဒပြသူ ၁၇,၀၀၀ ကျော်တို့က ဇန်နဝါရီ ၁၉ ရက်၌ ဂျာမန်မြို့ကြီးအတော်များများရှိ လမ်းများ ပေါ်သို့ တက်၍ဆန္ဒပြကြ ကြောင်း၊ အစ္စလာမ္မစ်ဆန့်ကျင်ရေး လှုပ်ရှားမှုက အပတ်စဉ်ဆန္ဒပြမှုပြု လုပ်ရန် စီစဉ်ထားသည်ကို အကြမ်း ဖက် ခြိမ်းခြောက်မှုကြောင့် ပယ်ဖျက် လိုက်ရသည်။

လက်ရှိအသင်းတိုက်စစ်စုဖွဲ့မှုမှာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးစုဖွဲ့မှုဟု ဝဲလ်ကော့ဆို

Photo: လက်ရှိအသင်းတိုက်စစ်စုဖွဲ့မှုမှာ အသင်းသမိုင်းတစ်လျှောက်
အကောင်းဆုံးစုဖွဲ့မှုဟု ဝဲလ်ကော့ဆို
Thursday, January 22, 2015

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအား အနိုင်ရရှိပြီး နောက် အာဆင်နယ်တောင်ပံ ကစား သမားဖြစ်သူ ဝဲလ်ကော့က ဂီရော့ဒ်၊ ဆန်းချက်၊ ဝဲလ်ဘတ်၊ ချိန်ဘာလိန် တို့ပါဝင်နေသည့် တိုက်စစ်စုဖွဲ့မှုမှာ အသင်း သမိုင်းတစ်လျှောက် အတောင့် တင်းဆုံးနှင့်အကောင်းဆုံးတိုက်စစ် စုဖွဲ့မှုတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။ ဝဲလ်ကော့အနေဖြင့် အာဆင်နယ်အသင်းထံ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ်တွင်အသင်းတွင် ရှိနေ ခဲ့သည့် ဟင်နရီ၊ ဘားကမ့်နှင့် ယွန်း ဘတ်ခ်ျတို့ပါဝင်သည့် တိုက်စစ်ထက် လက်ရှိတိုက်စစ်က ပိုကောင်းကြောင်း နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' လက်ရှိလူစာရင်းက အတောင့် တင်းဆုံးအနေအထားမှာရှိနေပါပြီ။ ဒါပေမဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ တော့လိုအပ်ပါတယ်။ အသင်းကို စရောက်ခဲ့တဲ့အချိန်မှာ ပီရက်စ်၊ ယွန်း ဘတ်ခ်ျ၊ ဘားကမ့်၊ ဟင်နရီတို့လို ဥရောပရဲ့အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အခုလောက် ပြီး ပြည့်စုံမှုမရှိဘူးထင်ပါတယ်''ဟု ဝဲလ်ကော့က ဖွင့်ဟပြောသွားခဲ့သည်။

အာဆင်နယ်အသင်းတိုက်စစ် စုဖွဲ့မှုသည် ပြီးခဲ့သည့်ရာသီတွင် သွင်းဂိုး ၆၈ဂိုးသာရရှိခဲ့ပြီး လက်ရှိရာသီတွင် လက်ကျန်ပွဲစဉ် ၁၆ ပွဲကျန်ရှိနေချိန်အထိ သွင်းဂိုး ၃၉ဂိုးအထိရရှိထားသည်။ အသင်းတိုက်စစ်အနေဖြင့် ၂၀၁ဝခုနှစ်နောက်ပိုင်းတွင် တစ် ရာသီသွင်းဂိုး ၇၀ ဝန်းကျင်သာရရှိခဲ့သည်အထိ တိုက်စစ်အခြေအနေကျ ဆင်းခဲ့သည်။

WKM
Democracytoday
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအား အနိုင်ရရှိပြီး နောက် အာဆင်နယ်တောင်ပံ ကစား သမားဖြစ်သူ ဝဲလ်ကော့က ဂီရော့ဒ်၊ ဆန်းချက်၊ ဝဲလ်ဘတ်၊ ချိန်ဘာလိန် တို့ပါဝင်နေသည့် တိုက်စစ်စုဖွဲ့မှုမှာ အသင်း သမိုင်းတစ်လျှောက် အတောင့် တင်းဆုံးနှင့်အကောင်းဆုံးတိုက်စစ် စုဖွဲ့မှုတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။ ဝဲလ်ကော့အနေဖြင့် အာဆင်နယ်အသင်းထံ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ်တွင် အသင်း တွင် ရှိနေ ခဲ့သည့် ဟင်နရီ၊ ဘားကမ့်နှင့် ယွန်း ဘတ်ခ်ျတို့ပါဝင်သည့် တိုက်စစ်ထက် လက်ရှိတိုက်စစ်က ပိုကောင်းကြောင်း နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်-ကျူးဘားဆက်ဆံရေးခေတ်သစ်စမည်ဟု ဆီနေတာများကဆို

Photo: အမေရိကန်-ကျူးဘားဆက်ဆံရေးခေတ်သစ်စမည်ဟု ဆီနေတာများကဆို
Thursday, January 22, 2015

ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ ရောက်ရှိနေကြသည့် အမေရိကန် လွှတ်တော်အမတ်များနှင့်ကျူးဘား အရာရှိများ ဆွေးနွေးမှု များပြုလုပ်ခဲ့ ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အ ခွင့်အလမ်းများကို နှစ်နိုင်စလုံးက ရှာ ဖွေကြရန် ပြောကြားခဲ့ကြကြောင်း AFP သတင်းက ဆိုသည်။

အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဒီမိုကရက်ပါတီကွန်ဂရက်လွှတ်တော် အမတ်များအား ဆီနေတာပက်ထ ရစ်လီဟေးက ဦးဆောင် လာခဲ့သည်။

၎င်းတို့သည် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဘရူနိုဂိုဒရီဂုဇ်နှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးဌာန၊ နည်းပညာ၊ ယဉ်ကျေး မှုဌာနတို့မှ အရာရှိများနှင့် တွေ့ဆုံ ခဲ့ကြသည်။

အမတ်လေးဦးနှင့်ကိုယ်စား လှယ်နှစ်ဦးတို့သည် အစိုးရနှင့်သဘော ထားကွဲနေသူများ၊ ရိုမန်ကက်သလစ် ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံ ခဲ့သည်။

ယခုလည်ပတ်ခြင်းမှာ အမေ ရိကန်နှင့်ကျူးဘားအဆင့်မြင့်ကိုယ် စားလှယ်များ ဗုဒ္ဓဟူးနှင့် ကြာသပ တေးနေ့ ဆွေးနွေးပွဲမတိုင်မီ လာ ရောက်ခြင်းဖြစ်သည်။

ယင်းက ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းမှစ၍ ကျူးဘားသို့ အမေရိကန်အဆင့်မြင့် အရာရှိများလာရောက်ခြင်းဖြစ်သည်။

ဗုဒ္ဓဟူး၊ ကြာသပတေး ဆွေးနွေး ပွဲကိုယ်စားလှယ်အဖွဲ့အား အနောက် ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန်လက် ထောက်နိုင် ငံခြားရေးဝန်ကြီးရိုကာ တာဂျက်ကော့ဆန်က ဦးစီးမည်ဖြစ် သည်။

၎င်းသည် နှစ်ရက်အတွင်း လူ ဝင်မှုကြီးကြပ်ရေးနှင့်သံရုံးပြန်လည် ဖွင့်လှစ်ရေးကိစ္စများကို ဆွေးနွေးသွား မည်ဖြစ်သည်။
ယခုဟာ သမိုင်းဝင်ဖြစ်ပါတယ်။

မိမိတို့ကျူးဘားနဲ့ဆက်ဆံရေးရပ်ခဲ့ တာနှစ် ၅ဝရှိပြီဟု ဒီမိုကရက်ဆီနေ တာ ဒစ်ဒါဘင်က သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

ပိတ်ဆို့ရေးပေါ်လ စီမှာ အမေရိကန်ရော ကျူးဘားနှင့် ကမ္ဘာကိုပါ အကျိုးမပြုဟု အိုဘားမား က ယူဆကြောင်း ၎င်းကပြောကြား ခဲ့သည်။

အိုဘားမားအစိုးရက အမိန့် အာဏာဖြင့် ကုန်သွယ်ရေးနှင့်ခရီး သွားလာရေးပိတ်ပင်မှုများကို ဖွင့် လှစ်ပေးခဲ့သည်။

Ref : AFP
Democracytoday
ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ ရောက်ရှိနေကြသည့် အမေရိကန် လွှတ်တော်အမတ်များနှင့်ကျူးဘား အရာရှိများ ဆွေးနွေးမှု များပြုလုပ်ခဲ့ ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အ ခွင့်အလမ်းများကို နှစ်နိုင်စလုံးက ရှာ ဖွေကြရန် ပြောကြားခဲ့ကြကြောင်း AFP သတင်းက ဆိုသည်။

လေ့ကျင့်ခန်းမလုပ်မီနှင့် လုပ်ပြီးချိန်တွင် စားသင့်သော အစားအစာများ

လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးနှင့်ညီသော မုန့်ပဲသရေစာ တစ်ခုခုစားခြင်းမှာ ခန္ဓာကိုယ်အတွက် လောင်စာဖြည့်ထားသကဲ့သို့ ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရာတွင် ကြိုးစားအားထုတ်မှုနှင့် ရလဒ်များကို အမြင့် မား ဆုံးဖြစ်စေသည်။

မိုင်းနောင်-လားရှိုးလမ်းတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား တစ်နှစ်စာ ဆက်ကြေးငွေ ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ ခြိမ်းခြောက် တောင်းခံ

Photo: မိုင်းနောင်-လားရှိုးလမ်းတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား တစ်နှစ်စာ ဆက်ကြေးငွေ ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ ခြိမ်းခြောက် တောင်းခံ
Thursday, January 22, 2015

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် မိုင်းနောင်-လားရှိုး ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ၎င်းတို့ထိန်းချုပ်ထား သောနယ်မြေအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက ၁ နှစ်စာ ဖြတ်သန်းခ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ငွေတောင်းနေကြောင်း အဆိုပါလမ်းပိုင်းတွေ ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သတင်းရရှိသည်။

“ကျွန်တော်တို့ ယာဉ်မောင်းတွေကို စာနဲ့အကြောင်းကြားထားတာ။ ယာဉ်အမျိုးအစားအလိုက် တစ်နှစ်စာ ဖြတ်သန်း ခပေးသွင်းရမယ်တဲ့။ ကျွန်တော်က ကားငယ်ဆိုတော့ ၁ သိန်းသွင်းရမှာ။ ဒီလမ်းပိုင်းတွေက လုံခြုံရေး အာမခံချက် မရှိဘူး။ ဒီအဖွဲ့ကို နှစ်တိုင်းပေးနေရတယ်။ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း ပေးရတယ်။ အခု ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတော့လည်း ပေးရတယ်” ဟု ဗင်ကားမောင်းနင်သူ တစ်ဦးမှ ပြောသည်။

SSPP/SSA အဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် စတင်အကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် ဗင်ကား ၁ စီးကို ၁ သိန်း၊ ထော်လာဂျီ (အကြီး) ၁ စီးကို ၃ သိန်း၊ ၆ ဘီးကား ကုန်တင်ယာဉ် ၁စီး ၃ သိန်း၊ ၁၀/၁၂ ဘီးကား ကုန်တင်ယာဉ် ၁ စီး ၅ သိန်း စသဖြင့် ယာဉ်အမျိုးအစားအလိုက် တစ်နှစ်စာကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်က ကုန်တင်ယာဉ်ကားကြီးဆိုတော့ ၅ သိန်းတောင် ပေးရမှာ။ ကုန်တွေက ၁ လ ၁ ခါမရှိဘူး။ သူတို့ရဲ့ နယ်မြေလို့ပြောရအောင် အစိုးရက သူတို့နေဖို့ နေရာသတ်မှတ်ထားပြီးပြီပဲ။ အခုလို တောင်းတာမျိုးက ဓားမြတိုက် တာနဲ့ အတူတူပဲလေ” ဟု ၁၂ ဘီး ယာဉ်မောင်းတစ်ဦးမှ ပြောသည်။

SSPP/SSA အဖွဲ့ကို ၀မ်ဟိုင်းကျေးရွာတွင် အခြေပြုရန် အစိုးရက နယ်မြေသတ်မှတ်ပေးထားပြီး ၎င်းနယ်မြေ အတွင်းမှ ယူနီဖောင်းဖြင့် လက်နက်ကိုင်ဆောင်ပြီး ကျော်လွန်သွားလာမည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားရမည် ဖြစ်ကြောင်း သိရှိရပါသည်။

အားရှဲန်
Credit >>> Shan News
ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် မိုင်းနောင်-လားရှိုး ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ၎င်းတို့ထိန်းချုပ်ထား သောနယ်မြေအတွင်း ဖြတ်သန်းသွားလာမည် ဆိုပါက ၁ နှစ်စာ ဖြတ်သန်းခ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ငွေတောင်းနေကြောင်း အဆိုပါ လမ်းပိုင်း တွေ ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သတင်းရရှိသည်။

အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးရာတွင် ပရိသတ်နှင့်ရဲများ ခိုက်ရန်ဖြစ်ပွား

Photo: အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးရာတွင် ပရိသတ်နှင့်ရဲများ ခိုက်ရန်ဖြစ်ပွား
Thursday, January 22, 2015

အီကွေတိုရီရယ်လ်ဂီနီနိုင်ငံတွင် ကျင်းပနေသော အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် အာဖရိကတိုက် တစ်လွှားမှ ရောက်ရှိနေကြသည့် ဘောလုံးပရိသတ်များသည် ဘောလုံးကွင်းပြင်ပတွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေခြင်းကို လွန်စွာ စိတ်ဆိုးဒေါသထွက်နေကြလျက် ရှိကာ ဇမ်ဘီယာနှင့် ဒီအာရ်ကွန်ဂိုတို့ တစ်ဂိုးစီ သရေကျခဲ့ကြသည့် ပွဲစဉ်မတိုင်မီတွင် ကွင်းပြင်ပ၌ ပရိသတ်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအကြား ခိုက်ရန်ဖြစ်ပွားမှုများပင် ပေါ်ပေါက်ခဲ့ကြောင်း AFP က ဖော်ပြထားသည်။

ဘောလုံးပရိသတ်များသည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှုများကြောင့် ကွင်းအတွင်း ဝင်ရောက်ရန် ကြန့်ကြာနှောင့်နေးမှုများ ဖြစ်ရသည်ကို မကျေမချမ်း ဖြစ်နေကြခြင်း ဖြစ်ပြီး အိုင်ဗရီကို့စ်နှင့် ဂီနီတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်တွင် ပရိသတ်အားလုံး ကွင်းအတွင်းသို့ ရောက်ရှိရန် ပွဲစတင်ပြီး ၁၅ မိနစ်ကြာသည်အထိ အီဘိုလာရောဂါ စစ်ဆေးမှုမှာ ကြာရှည်နေခဲ့သည်။

ပရိသတ်များသည် အီဘိုလာ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ဖြတ်သန်းရန်အတွက် ကွင်းပြင်ပရှိ အပူချိန် ၄၀ ဒီဂရီ နေရောင်အောက်တွင် နေ့စဉ် စောင့်ဆိုင်းနေကြရကာ အပူချိန်ပြင်းထန်မှုကြောင့် မူးလဲသူအချို့ပင် ရှိခဲ့သည်ကို မြင်ခဲ့ရကြောင်း ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦးက ပြန်ပြောင်း ပြောပြသွားခဲ့သည်။

အီဘိုလာရောဂါသည် ယခုအချိန်တိုင်သည်အထိ အာဖရိကတိုက်ရှိ နိုင်ငံများကို ကပ်ဆိုးတစ်ခုသဖွယ် ခြောက်လှန့်နေဆဲဖြစ်ကာ ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်များအနေနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှု အပြည့်အဝ ရရှိစေရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ထားရခြင်း ဖြစ်သည်ဟု အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဒရက်စ်ဂျော့ခ်ျ အမ္ဘြမ္ဘီယိုက တုံ့ပြန်ရှင်းလင်းထားသည်။

အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ်သည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

The Voice Weekly
အီကွေတိုရီရယ်လ်ဂီနီနိုင်ငံတွင် ကျင်းပနေသော အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် အာဖရိကတိုက် တစ်လွှားမှ ရောက်ရှိနေကြသည့် ဘောလုံးပရိသတ်များသည် ဘောလုံးကွင်းပြင်ပတွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေခြင်းကို လွန်စွာ စိတ်ဆိုးဒေါသထွက်နေကြလျက်ရှိကာ ဇမ်ဘီယာနှင့် ဒီအာရ်ကွန်ဂိုတို့ တစ်ဂိုးစီသရေကျခဲ့ကြသည့် ပွဲစဉ်မတိုင်မီတွင် ကွင်းပြင်ပ၌ ပရိသတ်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအကြား ခိုက်ရန်ဖြစ်ပွားမှုများပင် ပေါ်ပေါက်ခဲ့ကြောင်း AFP က ဖော်ပြထားသည်။

မယ်စကြ၀ဠာနှစ်ဦး၏ Selfie ကြောင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်

Photo: မယ်စကြ၀ဠာနှစ်ဦး၏ Selfie ကြောင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်
Thursday, January 22, 2015

လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ မကောင်းလှသည့် အချိန်၌ လက်ဘနွန်အလှမယ် က အစ္စရေးအလှမယ်နှင့် အတူပြုံး လျက် ရိုက်ထားသော Selfie ကို အွန်လိုင်းတွင် ဝေမျှလိုက်သဖြင့် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့သည်။

အစ္စရေးမယ် ဒိုရွန်မာတာ လွန် (၂၁) နှစ်က ၎င်း၏ Insta-gram အကောင့်တွင် လက်ဘ နွန်မယ် ဆာလီဂရီဂျီနှင့်အတူ (ဆ လိုဗေးနီးယားမယ်နှင့် ဂျပန်မယ် များလည်း ပါဝင်) မီယာမီ၌ မယ် စကြ၀ဠာပြိုင်ပွဲဝင်နေစဉ် Selfie ရိုက်၍ အွန်လိုင်းတွင် ဖော်ပြခဲ့ ခြင်းဖြစ်သည်။

ယင်းဓာတ်ပုံတင်လိုက်ပြီး ချက်ချင်းဆိုသလို ဒေါသထွက်နေ သည့် လက်ဘနွန်အင်တာနက် သုံးသူများစွာက ‘‘နင် လက်ဘနွန် ကို ကိုယ်စားမပြုဘူး’’ ဟု တုံ့ပြန် ခဲ့ကြသည်။

ယင်းအကြောင်းအရာမှာ တွစ်တာဝက်ဘ်ဆိုက်တွင် လူ ပြောများသောကိစ္စတစ်ခု ဖြစ် သွားသည်။

သို့သော် လက်ဘနွန်မယ်၏ ပရိသတ်များက ၎င်းကို ကာကွယ် ပြောဆိုကြပြီး အားပေးသော မက် ဆေ့ခ်ျများ ရေးသားခဲ့ကြသည်။

‘‘ဒါက အလှမယ်ပြိုင်ပွဲပါ။ နိုင်ငံတွေ စစ်ပွဲမဟုတ်ဘူး။ အေး ဆေးပေါ့။ ငါတို့အားလုံး နင့်ကို အားပေးပြီး ချစ်ခင်ပါတယ်’’ ဟု ပရိသတ်တစ်ဦးက ရေးသား သည်။

အစ္စရေးမယ်ကလည်း ယင်း အကြောင်းအရာနှင့်ပတ်သက်၍ မအံ့သြမိဟု ဖေ့စ်ဘွတ်ခ်တွင် တုံ့ ပြန်ရေးသားခဲ့သည်။ Ref: BBC

7Day DAILY
လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေ မကောင်းလှသည့်အချိန်၌ လက်ဘနွန် အလှမယ် က အစ္စရေးအလှမယ်နှင့် အတူပြုံး လျက် ရိုက်ထားသော Selfie ကို အွန်လိုင်းတွင်ဝေမျှလိုက် သဖြင့် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့သည်။

ပဋိပက္ခများ အဆုံးသတ်ရန် ယီမင်အစိုးရနှင့် ဟူသီသူပုန်တပ်များ သဘောတူညီမှု ရရှိပြီဟု ကြေညာ

Photo: ပဋိပက္ခများ အဆုံးသတ်ရန် ယီမင်အစိုးရနှင့် ဟူသီသူပုန်တပ်များ သဘောတူညီမှု ရရှိပြီဟု ကြေညာ
Thursday, January 22, 2015

ယီမင်နိုင်ငံ၊ မြို့တော်ဆာနားတွင် အစိုးရတပ်နှင့် သူပုန်တပ်များကြား ပဋိပက္ခ ဖြစ်ပွားနေမှုကို အဆုံးသတ်ရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့သည်။

ယီမင် အစိုးရပိုင် SABA သတင်းဌာနက အပြန်အလှန် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်အတွက် သမ္မတ အဘက်ဒ် ရက်ဘို မန်ဆာ ဟေဒီနှင့် ရှီးဟိုက် မွတ်ဆလင် ဟူသီ သူပုန်ခေါင်းဆောင်များ ဆွေးနွေး သဘောတူခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် အစိုးရက ဟူသီသူပုန်များ တောင်းဆိုမှု အတော်များများကို လိုက်လျောခဲ့ရဖွယ်ရှိပြီး ဟူသီ သူပုန်များကလည်း သမ္မတ အိမ်တော်ကို ထိန်းချုပ်ထားမှုမှ ပြန်လည် လက်လွှတ်ပေးမည်ဟု ဆိုသည်။

သို့သော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့ည သဘောတူညီချက်အရ ယီမင်နိုင်ငံ၏ အချုပ်အခြာ အာဏာကို မည်သူက အမှန်တကယ် ထိန်းချုပ်သွားမည်ကို အတိအကျ မသိရသေးဘဲ ရှိနေသည်။ နိုင်ငံအာဏာသည် ဟေဒီ၏ လက်ထဲတွင် သို့မဟုတ် ဟူသီသူပုန်များ လက်ထဲတွင် ရှိနေသည် ဆိုသည်ကို မကွဲပြားခြင်းက ယီမင်၏ အဓိက စစ်ဘက် မဟာမိတ် အမေရိကန် နိုင်ငံအတွက်လည်း ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိသည်။

အာရပ်နိုင်ငံများက ယီမင်တွင် အာဏာသိမ်းမှုတစ်ခု ဖြစ်လာနိုင်ခြင်းအပေါ် ရှုတ်ချခဲ့ကြသော်လည်း ယီမင်အစိုးရရော၊ ဟူသီ သူပုန်များကပါ အာဏာသိမ်းရန် လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု ငြင်းဆိုထားကြသည်။

ဟူသီသူပုန်များ တောင်းဆိုမှုတွင် ယီမင်၏ အခြေခံဥပဒေ မူကြမ်းသစ်ကို ရေးဆွဲရာ၌ ဟူသီ ကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး ဟူသီမျိုးနွယ်များအတွက် အခွင့်အရေးများ ပိုမိုရရှိအောင် ခွင့်ပြုပေးရမည်ဆိုသော အချက်မျိုး ပါရှိခဲ့သည်။

ဟူသီသူပုန်များသည် မြောက်ပိုင်းဒေသတွင် အလုံးအရင်း ခြေကုပ်ယူထားရာမှ စက်တင်ဘာလတွင် ဆာနားကို စတင်ထိုးဖောက် ခြိမ်းခြောက်လာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရ သစ္စာတော်ခံ တပ်များအပေါ် စစ်ရေးသာလာပြီး သမ္မတ အိမ်တော်ထိ ထိုးဖောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေသည် အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ယီမင်အစိုးရနှင့် အဓိက ပူးပေါင်း လုပ်ဆောင်နေရသည့် အမေရိကန်အတွက်လည်း အဓိက အခက်အခဲတစ်ရပ်သဖွယ် ဖြစ်လာစေကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: Dnanida
7Day DAILY
ယီမင်နိုင်ငံ၊ မြို့တော်ဆာနားတွင် အစိုးရတပ်နှင့် သူပုန်တပ်များကြား ပဋိပက္ခ ဖြစ်ပွားနေမှုကို အဆုံးသတ် ရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့သည်။

မက်ဆီနှင့်မိမိအကြား ပြိုင်ဆိုင်မှုများမှာကြီးမားလွန်းကြောင်း စီရော်နယ်ဒို ဖွင့်ဟ

Photo: မက်ဆီနှင့်မိမိအကြား ပြိုင်ဆိုင်မှုများမှာကြီးမားလွန်းကြောင်း စီရော်နယ်ဒို ဖွင့်ဟ
Thursday, January 22, 2015

၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့အ ကောင်းဆုံးကစားသမားဖြစ်သူ စီရော်နယ်ဒိုက လာလီဂါပြိုင်ဘက် ဘာစီလို နာအသင်း၏ တိုက်စစ်မှူးဖြစ်သူ မက်ဆီနှင့် မိမိအကြား အောင်မြင်မှုများ အတွက် ပြိုင်ဆိုင်မှုများမှာ ကြီးမားလွန်းကြောင်း၊ ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်း ပြိုင်ဆိုင်မှုများမှတစ်ဆင့် အသင်းအ ချင်းချင်းပြိုင်ဆိုင်မှုများ ပိုမိုကြီးမားလာ ခြင်းဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းစာ AS သို့ ဖွင့်ဟပြောကြား သွားခဲ့သည်။

''လက်ရှိအချိန်မှာ အကောင်း ဆုံးဆုကို သုံးကြိမ်ရရှိခဲ့ပြီးဖြစ်လို့ မက်ဆီရဲ့စံချိန်ကို အမီလိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မက်ဆီနည်းတူ ပြိုင်ဘက် အသင်းသားတွေကို ကျော် ဖြတ်နိုင်ဖို့အတွက် ဘယ်ခြေကန်ချက်တွေ၊ အလွတ်တည်ကန်ဘော တွေကို တိကျစေဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာ ဝန်ခံပါတယ်။ မက်ဆီနဲ့ကြားက ပြိုင်ဆိုင်မှုက ကြီးမားသလို ယင်းပြိုင်ဆိုင်မှုတွေ က သက်ဆိုင်ရာအသင်းတွေပေါ် အကျိုးသက်ရောက်မှုတွေရှိပါတယ်''ဟု စီရော် နယ်ဒိုက ဖွင့်ဟပြောကြားခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ၂၀၀၈ နောက်ပိုင်းမှစ၍ ၂၀၁၄ခုနှစ်အထိ ကမ္ဘာ့အကောင်းဆုံးဆုကို အလှည့်ကျ ရယူနိုင်ခဲ့ကြသည်။

WKM
Democracytoday
၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့အ ကောင်းဆုံးကစားသမားဖြစ်သူ စီရော်နယ်ဒိုက လာလီဂါပြိုင်ဘက် ဘာစီလို နာအသင်း၏ တိုက်စစ်မှူးဖြစ်သူ မက်ဆီနှင့် မိမိအကြား အောင်မြင်မှုများ အတွက် ပြိုင်ဆိုင်မှုများမှာ ကြီးမား လွန်းကြောင်း၊ ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်း ပြိုင်ဆိုင်မှုများမှတစ်ဆင့် အသင်းအ ချင်းချင်းပြိုင်ဆိုင်မှုများ ပိုမိုကြီးမားလာ ခြင်းဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းစာ AS သို့ ဖွင့်ဟပြောကြားသွားခဲ့သည်။

ပန်ဆိုင်းမြို့က ဆရာမနှစ်ဦး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့

ပန်ဆိုင်းမြို့ နယ် ကောင်းခါးကျေးရွာ ခရစ်ယာန် ဘာသာရေးကျောင်းဝင်း အတွင်း စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမှုများ စတင်ပြု လုပ်နေပြီဖြစ် ကြောင်း ပန် ဆိုင်းမြို့နယ်ရဲစခန်းမှ သိရသည်။

ကလေးငယ်တစ်ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား၁၇ ဦးအား ထိုင်းရဲအဖွဲ့မှ ဖမ်းဆီးထား

မြန်မာ နိုင်ငံတောင်ဘက်စွန်း မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တစ်ဖက်ကမ်း ရနောင်းခရိုင် လအွန် မြို့နယ် ကီလို ၃၀ ကျေးရွာအနီးတွင် ကလေးငယ်တစ်ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာ ရွှေ့ ပြောင်း အလုပ် သမား ၁ရဦးအား ဇန်နဝါရီ ၂၁ရက် နံနက် ၁နာရီက ထိုင်းရဲနှင့် တပ်မတော်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးလိုက် ကြောင်း သိရသည်။

၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် စားကြစို့

Photo: ၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် စားကြစို့
Thursday, January 22, 2015

မူရင်း စာရေးသူ အန်နာဘယ်လီ ဟာရာရိသည် အမေရိကန် နိုင်ငံ ဘော်စတန် အခြေစိုက် Local Belle ဘ၀နေမှု ပုံစံနှင့် ချက်ပြုတ် စားသောက် နည်းများ ဆိုင်ရာ ၀က်ဘ်ဆိုက် ထူထောင် ထားသူ ဖြစ်သည်။ ၎င်း၏ ၀က်ဘ်ဆိုက်သည် သန့်ရှင်း လတ်ဆတ်သော ဟင်းသီး ဟင်းရွက်နှင့် သီးနှံများ စားသောက်ရေး၊ ဒေသ ထွက်ကုန်များ ဦးစားပေး စားသောက်ရေး၊ ကျန်းမာရေးနှင့် ညီသော စားသောက်နည်းများ ရှိလာရေး ပညာပေး တင်ဆက်လျက် ရှိသည်။ အန်နာဘယ်လီ ဝေမျှ ထားသည့် ၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုစွာ စားသောက် နေထိုင်နည်း အချို့ကို တစ်ဆင့် မျှဝေလိုက် ပါသည်။

၁။ အသားလေးတော့ လျှော့စားကြပါ။
နေ့စဉ် နည်းနည်းစီ လျှော့စားမည် ဆိုလည်း ရသည်။ တနင်္လာ တစ်ရက်တော့ အသားကင်းစင်နေ့ အဖြစ် သတ်မှတ်လည်း ရသည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များမှာ အသား မပါဘဲ စားမည် ဆိုလည်း ရသည်။ လိုရင်းကား အသား နည်းနည်းလောက် လျှော့စား ကြဖို့ ဖြစ်သည်။ မွေးမြူရေး လုပ်ငန်းသည် ကမ္ဘာကြီး ပူနွေးစေသော ဖန်လုံအိမ် ဓာတ်ငွေ့ အများအပြား ထွက်သည့် လုပ်ငန်း ဖြစ်ရာ ကိုယ်က အသားလျှော့ စားလိုက် ခြင်းသည် ကမ္ဘာကြီး ပူနွေးမှု လျော့ကျရေး အတွက်ပါ  ကူညီ လိုက်ခြင်း ဖြစ်သည်။  ဟင်းသီး ဟင်းရွက်နဲ့ ချည်း အရသာသိပ်ရှိအောင် စားနိုင်သည့် နည်းလမ်း များစွာ ရှိသည်။ ဟင်းသီးဟင်းရွက်တွေ သုံးပြီး တီထွင် ချက်ပြုတ်ခြင်းဖြင့် ကိုယ်လည်း မီးဖိုချောင် ထဲမှာ စိန်ခေါ်မှု အသစ်အသစ် တွေနဲ့ လုံးပမ်းကာ ဟင်းချက် ရတာ ပျော်စရာ ဖြစ်နေမည်။

၂။ ဒေသထွက်ကုန်တွေ များများ အားပေးပါ။   
ရှောပင်းစင်တာတွေ သွားပြီး ၀ယ်နေမည့် အစား တတ်နိုင်သမျှ အိမ်နားက ဈေးလေး ကိုလည်း အားပေးပါ။ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ  ထံမှ တိုက်ရိုက် လာရောင်းသော ဈေးမျိုးမှာ ၀ယ်နိုင်လျှင် ပိုကောင်းသည်။ ကိုယ်လည်း လတ်လတ်ဆတ်ဆတ် စားရသည်။ ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ် သူများ ကိုလည်း တိုက်ရိုက် အားပေးရာ ရောက်သည်။ ထိုသူများ ရောင်းကောင်းခြင်းဖြင့် နောင်တွင်  ပိုတိုးချဲ့ စိုက်ပျိုးလာ နိုင်ကာ စိမ်းသော အစာများ ဈေးကွက်ထဲ ပိုးတိုးတက် ရောက်ရှိလာမည်။

၃။ သဘာဝ အတိုင်း စိုက်ပျိုး ထားတာတွေ ရွေးဝယ်ပါ။
သဘာဝ အတိုင်း စိုက်ပျိုး ထုတ်လုပ် ထားတာ များကို တတ်နိုင်သမျှ ရွေးဝယ်ပါ။ ထိုသို့ ရွေးဝယ်ခြင်းဖြင့် အပင်တွေကို ဓာတု ပစ္စည်း အမျိုးမျိုး နဲ့ ပြုပြင် စီရင်နေခြင်းများ ရပ်တန့်အောင် တစ်ချက်ဝင် ထိုးနှက် လိုက်ခြင်းနဲ့ တူသည်။ အကယ်၍ သဘာဝ စားစရာများက ဈေးကြီး၍ ဓာတုဆေးသုံး ထုတ်လုပ်ထား တာများ ၀ယ်ရမည် ဆိုလျှင်လည်း တတ်နိုင်သမျှ အန္တရာယ်ကင်းတာကို ရွေးဝယ်ပါ။ မိမိဝယ်မည့် ဟင်းသီးဟင်းရွက် အသီးအနှံ များသည် ဓာတုဗေဒနှင့် ပိုးသတ်ဆေး မည်မျှထိ သုံးထားကြောင်း တတ်နိုင်သမျှ သိအောင် လုပ်ထားပါ။

၎။ တာဝန်ယူမှုရှိရှိ မွေးမြူ ရောင်းချသော ရေထွက်ကုန်များ ၀ယ်စားပါ။
ငါး အပါအ၀င် ပင်လယ်စာ စားမည် ဆိုပါ ကလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် အထူးဂရုပြု မွေးမြူထုတ် လုပ်ထားသော ငါးနှင့် ပင်လယ်စာများကို ရွေးချယ် စားသုံးပါ။ ယခုအခါ ရေထွက် ပစ္စည်း အများစုကြီးတွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေနေ သတ္တ၀ါ မျိုးသုဉ်းမှုမရှိ အောင် စနစ်တကျ ထုတ်လုပ် ထားသည် ဟူသော အာမခံချက် စာတန်းများ၊ အမှတ်အသားများ ပါဝင်လာ နေပြီ။ ထိုအမှတ်အသား များသည် တာဝန်ယူ မှုရှိသော ရေထွက် ပစ္စည်းမှန်း အကြမ်းဖျင်း ခွဲခြားနိုင်သည့် အမှတ်အသား ဖြစ်သည်။

၅။ စည်သွပ်ဘူးတွေ၊ အသင့်စား စားစရာတွေ လျှော့စားပါ။
စည်သွပ်ဘူးများ၊ အသင့်စား စားစရာ များသည် ကျန်းမာရေး အတွက်လည်း ဆိုးကျိုးပေးသည်။ ထို့အပြင် အသင့်စား စားစရာ များသည် ရေရှည်ခံရန် အတွက် အာဟာရ များကို ကန့်သတ် ထုတ်လုပ်ရ သောကြောင့် ထိုအရာများ အစားများပါက လူသည် အာဟာရ အမျိုးအစား မစုံလင်သော ပြဿနာ ရင်ဆိုင် ရမည်။

၆။ ကိုယ်စားမှာ ကိုယ်စိုက်ပါ။
တိုက်ခန်းမှာ နေသူလား။ ၀ရန်တာလေး၊ ပြတင်းဘောင်လေး လောက်တော့ ရှိမှာပါ။ အဲမှာ ခပ်လွယ်လွယ် ပူစီနံ၊ ပင်စိမ်း စသဖြင့် အိုးကလေး နဲ့ ထည့်စိုက်လို့ ရသည့် ဟင်းခပ် အပင်လေးများ စိုက်ထား လိုက်ပါ။ ဟင်းခပ် အတွက် လိုလာရင် ခူးထည့် လိုက်ရုံပင်။ အဆင်လည်း ပြေသည်။ လတ်လည်း လတ်ဆတ်သည်။ နောက်ဖေး မြေကွက်လပ်လေးရှိ သူလား။ ဒါဆို ပိုတောင်ကောင်း သေးသည်။ ချက်ပြုတ် စားသောက် နိုင်သည့် ဟင်းစား အသီးအရွက် ပင်လေးများ စိုက်နိုင်သည်။ ငရုတ်ပင်က အစ ခရမ်းချဉ်၊ မုန်လာဥ၊ ချဉ်ပေါင် စုံနေအောင် စိုက်နိုင်သည်။ အိမ်နောက်ဖေး ဈေးဆိုင်တည် ဟူသော စကားအတိုင်း နောက်ဖေး မြေကွက်လပ်လေးမှာ ဟင်းစားပင်လေးများ စိုက်ခြင်းသည် လူ ကိုလည်း ဥယျာဉ် အလုပ်ရ စေကာ ကျန်းမာသန်စွမ်း စေသည်။ စားချင်သည့် အချိန်လည်း လတ်လတ် ဆတ်ဆတ် စားသောက် နိုင်သည်။ ကိုယ်စားဖို့ ကိုယ်စိုက် ရခြင်း အရသာသည် ချိုမြိန်ကြောင်း စိုက်ဖူး သူများ သိသည်။

၇။ မြေဆွေးစုပါ။
မြေလွတ်လေး နည်းနည်းရှိသူ ဖြစ်ပါက ကိုယ်စား ထားသည့် ဟင်းသီးဟင်းရွက် စားကြွင်း စားကျန်၊ အမှိုက်ဆွေး စသည် များကို မြေကျင်း လေးတူးပြီး စနစ်တကျ စုပုံ ထားပါ။ အချိန်ကြာလာသည်နှင့် အမျှ မြေ ဆွေး ဖြစ်လာမည်။ မြေဆွေးသည် ဟင်းစား ပင်လေးများ စိုက်ပျိုးရန် အတွက် အထူးသင့် လျော်သော မြေဆီဇာ ကြွယ်ဝသည့် မြေမျိုး ဖြစ်သည်။ မြေဆွေးစုသည့် အကျင့်လေး လုပ်ထား ခြင်းဖြင့် မလိုအပ်ဘဲ အမှိုက်တွေ ပစ်နေ ရခြင်းလည်း လျော့သွားမည် ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းအောင်လည်း ကူညီရာ ရောက်သည်။ ပြင်ပ ဓာတုအား ဖြည့်ဆေးတွေ သုံးစရာ မလိုဘဲ သဘာဝမြေ ဆွေးကိုပဲ သုံးကာ စိုက်ပျိုးခွင့်လည်း ရမည်။

၈။ သိုလှောင်တတ်ပါစေ။
ကိုယ်ပိုင် ဥယျာဉ်ခြံဝင်းလေး ရှိသူများ၊ ခူးဆွတ် သိုလှောင်ရန် အခြေအနေ ရှိသူများနဲ့ ပိုကိုက်ညီပါ လိမ့်မည်။ နွေရာသီမှာ ခူးဆွတ် ထားသော ဘယ်ရီသီးများကို စနစ်တကျ သိုလှောင် ထားမည် ဆိုပါက ဆောင်ဦးပေါက်၌ အိမ်မှာ နွေးနွေး ထွေးထွေး စားစရာ ဘယ်ရီယိုတွေထိုး နိုင်သည်။ ပန်းသီး နှစ်သက်သူများ ဖြစ်ပါ ကလည်း ပန်းသီးဆော့သ် လုပ်ကာ သေချာ လှောင်ထားခြင်းဖြင့် ရာသီမရွေး စားသုံး နိုင်သည်။ ယိုများ၊ ဆော့သ်များကို ဆိုင်မှ အလွယ်တကူ ၀ယ်စားလို့ ရသည် မှန်သော်လည်း ရာသီ အလိုက် ကိုယ်တိုင် သိုလှောင် ထားကာ သူ့ရာသီနဲ့သူ ယိုထိုး တန်ထိုး၊ မုန့်လုပ် တန်လုပ် စားရ ခြင်းသည် ဘာနဲ့မှ အစားထိုးမရသော နွေးထွေးသည့် ခံစားချက်ဖြစ်၏။

၉။ အိမ်မှာ ချက်ပြုတ်စားသောက်ပါ။
ကျန်းမာအောင် စားဖို့၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်စားဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ် စားခြင်း ဖြစ်သည်။ ရုံးသွားရသူ များမို့ ကြားရက်များ မအားလပ်လျှင်ပင် ပိတ်ရက်များမှာ ချက်ပြုတ် စားသောက် နိုင်သည်။ ကြားရက် များမှာ  စားဖို့တစ်ပတ် လောက်ခံမည့် အကြော်အလှော်များကို ပိတ်ရက် များမှာ ကြို တင် ချက်ပြုတ်ခြင်းသည်လည်း နည်းကောင်း တစ်ရပ် ဖြစ်သည်။

၁၀။ ကြွပ်ကြွပ်အိတ် ရှောင်ပြီးဝယ်။
ရှောပင်းစင်တာထဲ သွားသည့်အခါ စားသောက်စရာ များကို ကြွပ်ကြွပ်အိတ်များနဲ့ အထုပ်တွေ ထုပ်ပြီး ရောင်းချတာမျိုး တတ်နိုင် သမျှ ရှောင် ၀ယ်ပါ။ ဆန်၊ သကြားနှင့် စား သောက်စရာများကို ဒီအတိုင်း ခင်းကျင်းပြီး ပေါင်ချိန်လိုက် ရောင်းချသည့် နေရာများမှာ သွားဝယ်ပါ။ တစ်ခါတည်းနှင့် ပေါင်ချိန် များများ ၀ယ်ယူခြင်းဖြင့် အိတ်တွေ သုံးရ သက်သာ သွားမည်။ ကိုယ့်ကြောင့် ကမ္ဘာမြေပေါ်မှာ ကြွပ်ကြွပ်အိတ် အမှိုက်နည်းနိုင် သမျှ နည်း အောင် ကူညီကြစို့။

၁၁။ မတတ်သာမှ ရေသန့်ဘူးဝယ်။
ရေဘူးကောင်းကောင်းတစ်လုံး ၀ယ် ထားလိုက်ပါ။ အပြင်ထွက်လျှင် အိမ်ကနေ ရေဖြည့်သွားပါ။ အပြင်ရောက်လျှင်လည်း ရေသန့်ရ နိုင်ပါက မိမိ ရေဘူးလေးနဲ့ ဖြည့်ယူပါ။ အသင့်ဖောက်သောက်နိုင်သော ရေသန့်ဘူး များကို ချည်း ၀ယ်သောက် နေပါက ကမ္ဘာမြေပေါ်တွင်  ကိုယ့်ပါးစပ်တစ်ပေါက် ကြောင့် ပလတ်စတစ်ဘူးတွေ ထပ်တိုးလာ လိမ့်မည်။ အိမ်မှာလည်း ရေသန့်စက် တပ်ထားလျှင် ပိုအဆင်ပြေသည်။ တစ်ချိန်လုံး ရေသန့်ဘူးတွေ ၀ယ်နေ စရာ မလိုတော့။ ထိုသို့ လုပ်ခြင်းဖြင့် ကြာလေ ငွေကုန်လည်း သက်သာ လာလေ ဖြစ်မည်။ သဘာဝ ပတ်ဝန်းကျင် ကိုလည်း စောင့်ရှောက် ပြီးသား ဖြစ်သွားမည်။

၁၂။ ဝေမျှ စားသုံးပါ။
ကျန်းမာစေသော၊ သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်စေသော စားစရာများ၊ စားသောက်မှု ပုံစံ များကို မိတ်ဆွေ အပေါင်း အသင်း အိမ်နီးချင်း များနဲ့ပါ ဝေမျှနိုင်လျှင် ပိုပျော်ဖို့ ကောင်းသည်။ အိမ်နီးချင်းများနဲ့ စုပေါင်းပြီး အပတ်စဉ် တစ်ယောက်ယောက်၏ အိမ်တွင် အလှည့်ကျ ချက်ပြုတ် စားသောက် ကြသည့် ဓလေ့လေး ပျိုးထောင်ပါ။ ကျန်းမာအောင် မည်သို့ စားသောက် ကြမည်၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် ရအောင် မည်သို့ ချက် ပြုတ်ကြမည် ကိုလည်း ဆွေးနွေးနိုင် ကြသည်။ ကိုယ့်အလှည့် ကျသည့်  ရက်သတ္တပတ်ကို ရောက်လာ လျှင်လည်း ကိုယ့်အိမ်မှာ လာစား ကြမည့် သူများ ကျန်းမာအောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးမိရာ မရောက်အောင် မည်သို့ ချက်ပြုတ် ကျွေးမွေးမည်ကို စဉ်းစား အကြံထုတ်ရ၊ စီစဉ်ရသည်က ပျင်းစရာ နေ့ စဉ် ဘ၀ကို စိတ်လှုပ်ရှားစရာ ကောင်းနေအောင် ဖန်တီးပေးလိမ့်မည်။

Ref: Ways to Eat More Sustainably in 2015 by Anabelle Harari (yahoo.com)

Messenger News Journal
မူရင်း စာရေးသူ အန်နာဘယ်လီ ဟာရာရိသည် အမေရိကန် နိုင်ငံ ဘော်စတန် အခြေစိုက် Local Belle ဘ၀နေမှု ပုံစံနှင့် ချက်ပြုတ် စားသောက် နည်းများ ဆိုင်ရာ ၀က်ဘ်ဆိုက် ထူထောင် ထားသူ ဖြစ်သည်။ ၎င်း၏ ၀က်ဘ်ဆိုက်သည် သန့်ရှင်း လတ်ဆတ်သော ဟင်းသီး ဟင်းရွက်နှင့် သီးနှံများ စားသောက်ရေး၊ ဒေသ ထွက်ကုန်များ ဦးစားပေး စားသောက်ရေး၊ ကျန်းမာရေးနှင့် ညီသော စားသောက်နည်းများ ရှိလာရေး ပညာပေး တင်ဆက်လျက် ရှိသည်။ အန်နာဘယ်လီ ဝေမျှ ထားသည့် ၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုစွာ စားသောက် နေထိုင်နည်း အချို့ကို တစ်ဆင့် မျှဝေလိုက် ပါသည်။

ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း


မာန်ယုကျော် (ရွှေဝမြေ)
ချင်းမိုင် (ထိုင်းနိုင်ငံ)၊ ဇန်န၀ါရီ ၂၁
(ဓာတ်ပုံ - စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်ရန် ကိုးရီးယားကုမ္ပဏီတစ်ခုက ကမ်း လှမ်းထားကြောင်းသတင်းရရှိသည်။

ငြိမ်းချမ်းရေးမလိုလားသှောုဗ အတွင်းမှ အုပ်စုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေရကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖေ့စ်ဘုတ်တွင်ရေးသား

Photo: ငြိမ်းချမ်းရေးမလိုလားသှောုဗ အတွင်းမှ အုပ်စုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေရကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖေ့စ်ဘုတ်တွင်ရေးသား
Thursday, January 22, 2015

အစိုးရတပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)အကြား တိုက်ပွဲများဖြစ်ပွားနေရခြင်း သည် KIA အတွင်းမှ ငြိမ်းချမ်းရေးမလို လားသော အုပ်စုများကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်က ရေးသား ပြောဆိုလိုက်သည်။

ပြည်တွင်းသတင်းထောက်တစ်ဦး ၏ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှု ကို အကြောင်းပြုပြီး ၄င်း၏တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သုံးသပ် တင် ပြခဲ့ခြင်းဖြစ်သည်။

''နိုင်ငံရေးဆွေးနွေးပွဲ အရှိန်ရလာ ချိန်မှာပဲ ကချင်ပြည်နယ်ဆောက် လုပ် ရေး ဝန်ကြီးကို ခေတ္တထိန်းသိမ်းထားပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဒါ ဟာ တကယ်တော့ ကေအိုင်အေအဖွဲ့ တွင်းက အပစ်အခတ်ရပ်စဲရေးကို မလို လားတဲ့အုပ်စုများက ငြိမ်းချမ်းရေးဆွေး နွေးမှု အရှိန်ပျက်သွားအောင်၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ဖို့အတွက် အဟန့်အတားဖြစ်အောင် တမင်ရည်ရွယ်ပြီးလုပ်တာဆိုတဲ့ ယုံကြည် ဖို့ အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ရေးသားထားသည်။

နိုင်ငံတော်သမ္မတသည် ပြည်တွင်း စစ်များရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေး နွေးပွဲ များ စတင်နိုင်ရန်အတွက် ဇန်နဝါရီ ၅ရက်က နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် တွေ့ဆုံ ကာ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန် အားလုံးဝိုင်းဝန်းကြိုးစားကြရန် တိုက် တွန်းခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ချက် ချင်းစတင်ရန်လည်း အဆိုပြုထားသည် ဟု ၄င်းကဆိုသည်။

ယင်းနောက် ဇန်နဝါရီ ၁၂ ရက် တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ အပါ အဝင် ၄၈ဦး တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ထပ်မံကျင်းပခဲ့ရာ ၄င်းဆွေး နွေး ပွဲတွင် တိုင်းရင်းသားပါတီတချို့နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတချို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အား လက်ရှိ သဘောတူထားပြီဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြင့် အရင်လက်မှတ်ရေးထိုး ကာ နိုင်ငံ ရေးဆွေးနွေး ပွဲများ အမြန်ဆုံးစတင်ရန်၊ ကေအိုင်အေလို လက်မှတ် မထိုးသေး သောအဖွဲ့များကို တံခါးဖွင့်ထားပြီး ဆက် လက်ဖိတ်ခေါ်ရန်၊ လိုအပ်လျှင် နိုင်ငံရေး ဆွေးနွေး ပွဲများသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြု ရန် စသည့်အချက်များ ကို အဆိုပြုခဲ့ကြကြောင်း ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ် က ထုတ်ဖော်ရေးသား ထားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ KIA အပေါ် စွပ်စွဲ ပြော ဆိုရေး သားချက်နှင့် ပတ်သက်ပြီး KIA အဖွဲ့၊ နည်းပညာ အထောက်အကူ ပြု အဖွဲ့မှ ဦးဒေါင်ခါးက ''အခု ဖားကန့်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက အရင်ကတည်း က အစိုးရတပ်မ ၆၆ က အောင် ဘာ လေကျေးရွာမှာရှိတဲ့ KIA တပ်ရင်း(၆) ကိုဖယ်ရှားဖို့ ကြိုးစားနေတာပါ။ အခု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရဲသုံး ဦးကို KIA ကဖမ်းလိုက်တော့ သူတို့အ တွက် အကြောင်းပြချက်ပေးစရာ တစ်ခု ဖြစ်သွားတယ်။ အခုလို KIA က ဖမ်း ဆီးလိုက်တာကလဲ တပ်မတော်ရဲ့ ဗျူ ဟာမှူး တစ်ဦး တက်လာတယ်လို့ကြား တဲ့အတွက် သွားရောက်တားဆီးခဲ့ တယ်။ မမျှော်လင့်ဘဲ ဝန်ကြီးနဲ့ ရဲဝန်ထမ်းသုံးဦး ဖြစ်နေတယ်''ဟု ရန်ကုန်တိုင်းမ် သို့ ဖုန်း ဖြင့် ပြန် လည်ရှ င်းလင်းသည်။

ဦးဒေါင်ခါး၏ ပြောဆိုချက်အရ အ ပစ်ရပ်ရေးအတွက် KIA ဘက်မှ သဘော မတူနိုင်သည့် အချက်များမှာ ''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအတိုင်း သဘောတူလက်မှတ်ထိုး ရမည့်အချက်နှင့် တည်ဆဲဥပဒေများ အတိုင်း သဘောတူသည့်အဖွဲ့များက လိုက်နာရမည်ဆိုသည့် အချက်''များသာ ဖြစ်ကြောင်း သိရသည်။ ယင်းအချက် များသည် တခြားသော နိုင်ငံရေးအင် အားစုများနှင့် လက်နက်ကိုင်တိုင်းရင်း သားများနှင့် ညှိနှိုင်းရန်ခက်ခဲနေသည့် အချက်များဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

အထက်ပါ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ထုတ်ဖော်ရေးသားချက်များ သည် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားစေရန်အတွက် သက်ရောက်မှု ရှိနေသော အသုံးအနှုန်း များသာ ဖြစ်နေသည်ဟု ဦးဒေါင်ခါးက သုံးသပ်သည်။

ဇန်နဝါရီ ၁၄ ရက်က ဖားကန့်-မိုး ကောင်း-မြစ်ကြီးနားလမ်းအား ကချင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ သွားရောက်ကြည့်ရှုလေ့လာစဉ် အ ချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)၏ တပ်မဟာ(၂) လက် အောက်ခံ တပ်ရင်း (၆)မှ ဝန်ကြီးအား ခေတ္တထိန်းသိမ်းခဲ့ပြီး လုံခြုံရေးလိုက်ပါ လာသော ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ဖားကန့်ဒေသ တွင် ဇန်နဝါရီ ၁၉ ရက်အထိ နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆)မှ ဖမ်း ဆီးထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG )ထံသို့ ဇန်နဝါရီ ၁၉ရက် ညနေပိုင်းက လွှဲပြောင်းပေးအပ်လိုက် ပြီဖြစ်သည်။ 

#TheYangonTimes
အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများဖြစ်ပွားနေရခြင်းသည် KIA အတွင်းမှ ငြိမ်းချမ်းရေးမလိုလားသော အုပ်စုများကြောင့်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ရေးသားပြောဆိုလိုက်သည်။

စစ်တွေမြို့လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းပြီး အဆင့်မြင့်တင်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဓိကလမ်းမကြီးအား ယခင်ကွန်ကရစ်လမ်း အဖြစ်ရှိနေရာမှ ယခုအခါ နိုင် လွန် ကတ္တရာခင်းပြီး အဆင့်မြှင့်တင်နေသည်ဟု သိရသည်။

ဒေါ်လာ (၁၀) ပေးပြီး Illma Gore ရဲ့ ခန္ဓာကိုယ် ကြိုက်တဲ့နေရာမှာ ဆေးမင်ကြောင် ထိုးနိုင်

Los Angeles မြို့သူ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီးလေး Illma Gore ဆိုသူဟာ သူမ တစ်ကိုယ် လုံးမှာ ကြိုက်တဲ့နေရာရွေးပြီး သူစိမ်းတွေကို ဆေးမင်ကြောင်ထိုးခွင့်ပြုဖို့ စီစဉ်နေသူဖြစ်ပါတယ်လို့ Daily Mail သတင်းအရသိရပါတယ်။ Illma ကိုယ်ပေါ် ဆေးမင်ကြောင်တစ်ခုခုထိုးချင်ရင် ထိုးမယ့်သူက သူမကို ၁၀ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။

တိုက်ပွဲများအကြား ပိတ်မိနေသော ဒေသခံအမျိုးသား(၂၀၀) ဦးအား KIA အဖွဲ့မှ ပေါ်တာဆွဲရန်စီစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများအကြားတွင်ပိတ် မိနေသော ဒေသခံ(၇၀၀)ကျော် အနက်မှ အမျိုးသား (၂၀၀) ကျော်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ပေါ်တာအဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးမှ Tomorrow ဂျာနယ်သို့ပြောကြားခဲ့ကြောင်း အင်္ဂါနေ့ထုတ် Tomorrow ဂျာနယ် No.47, Volume 1, 20-1-2015 (Tuesday) တွင်ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ၏ ဆောင်ရွက်ချက်များ ပါဝင်သည့် Mobile App တစ်ခုထွက် ရှိမည်

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်ချက်များ ပါဝင်သည့် Mobile App တစ်ခုကို ပွင့်လင်း မြန်မာ ရှေ့ဆောင် အဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး မကြာခင် ထွက်ရှိမည် ဖြစ်ကြောင်း ၄င်းအဖွဲ့ မှ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က The Messenger Media သို့ ပြောသည်။

ရေနံဈေးကျမှု အကျိုးဆက် ၀န်ကြီးဌာနသို့ မသက်ရောက် စေရန် ကုမ္ပဏီ များကို အမြန်စာချုပ် ချုပ်ဆို နိုင်ရေး ဆောင်ရွက်မည်

ကမ္ဘာ့ ရေနံဈေးနှုန်း ကျဆင်းမှု အကျိုးဆက် စွမ်းအင် ၀န်ကြီးဌာနသို့ မသက်ရောက်စေရန် အတွက် ကုမ္ပဏီများကို အမြန် စာချုပ်ချုပ်ဆို နိုင်ရေး တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

အန္တရာယ် ကင်းရှင်းရေး ကျောင်းကားစနစ် ဖော်ဆောင်နေ

ရန်ကုန်မြို့တွင် ကျောင်းသားများ အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု များအား လျှော့ချနိုင်ရန် ကျောင်းကား စနစ်ကို စတင် အကောင်အထည် ဖော်ဆောင် နေပြီ ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ထံမှ သိရသည်။ လက်ရှိ ကျောင်းကား များမှာ စည်းကမ်းမဲ့ မောင်းနှင်ခြင်း များကြောင့် ကျောင်းသားများ အန္တရာယ် ကျရောက် နိုင်သည့် အပြင် စည်းကမ်းမဲ့ ရပ်နားခြင်း များကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေ လျက် ရှိကြောင်း သိရသည်။

တရုတ်ကုန်သည်များ ထံမှ အကြွေးများ ပြန်လည် ရရှိစေရန် ၀န်ကြီးဌာန စီစဉ်

တရုတ် ကုန်သည်များမှ ပေးရန်ကျန်ရှိ နေသည့် အကြွေးများကို မြန်မာ ကုန်သည်များ ပြန်လည် ရရှိစေရန် အတွက် တရုတ် ကုန်သည် များ၏ အမည်စာရင်းကို တရုတ် နိုင်ငံသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်ဆန်း က ပြောသည်။

တိုက်ပွဲ များကြား ပိတ်မိနေသူ များအား နေရာ ချထားရေး ပြည်နယ် အစိုးရကို PCG တင်ပြ

ကချင်ပြည်နယ် ဖားကန့် မြို့နယ် အတွင်း တပ်မတော်နှင့် KIA/KIO တပ်ရင်း (၆)တို့ ဖြစ်ပွား ခဲ့သော စစ်ပွဲများကြောင့် ပိတ်မိ နေသော ဒေသခံ ပြည်သူ များအား ဖားကန့် မြို့ပေါ်တွင် နေရာ ချထားရေးနှင့် ပတ်သက်၍ ကချင် ပြည်နယ် အစိုးရ အဖွဲ့အား ကချင် ငြိမ်းချမ်းရေး အဖွဲ့ (PCG) မှ ယမန် နေ့က တင်ပြခဲ့ကြောင်း သတင်း ရရှိသည်။

ဝေးလံ ခေါင်သီသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများအား ဒေသစရိတ် ခံစားခွင့် မပြု

Photo: ဝေးလံ ခေါင်သီသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများအား ဒေသစရိတ် ခံစားခွင့် မပြု
Thursday, January 22, 2015

ဝေးလံ ခေါင်သီသည့် ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များအား ဒေသစရိတ် ခံစားခွင့် ပြုရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောသည်။ အရင် ကတည်းက  ဒေသ စရိတ်ကို တပ်မတော်သားတွေ ခံစားခွင့် မရှိခဲ့လို့ ခွင့်မပြုခြင်း ဖြစ်ပါတယ်။ စစ်သည် အစားခန့်တဲ့ အရပ်သား ၀န်ထမ်း တွေပဲ ခံစားခွင့် ရရှိမှာ ဖြစ်ပါ တယ်ဟု က ပြောသည်။ နိုင်ငံတော် အစိုးရမှ သတ်မှတ် ထားသည့် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ်တွင် အခြေစိုက် ဖွင့်လှစ် ထားသည့် တပ်မတော် တပ်ဖွဲ့ဝင် စစ်သည် များသည် ယခင် ကတည်းက ဒေသစရိတ် ခံစားခွင့် ရရှိခဲ့မှု မရှိခြင်းကြောင့် ဒေသစရိတ် ခံစားခွင့် မပြုခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးက အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တပ်မတော်သား များသည် နိုင်ငံတော်၏ ၀န်ထမ်း များပင် ဖြစ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသ များတွင် တာဝန် ထမ်းဆောင်နေ ကြသည့် အခြားသော အစိုးရ ၀န်ထမ်းများနှင့် တန်းတူ ဒေသ စရိတ်ခံစားခွင့် ရရှိ သင့်ကြောင်း တပ်မတော် အရာရှိ အငြိမ်းစား တစ်ဦး ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။ ဒေသ စရိတ်ရ နေတဲ့ အခြား ၀န်ထမ်း တွေထက် တပ်မတော်သား မိသားစု တွေပိုကျပ်တည်း နေတယ်။ သမ္မတနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဌာန အမိန့်စာမှာ တပ်မတော်သား မပါဘူးလို့ မရေး ထားဘူး ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော် အနေဖြင့် ဝေးလံ ခေါင်သီသော ဒေသများတွင် တပ်များ ဖြန့် ချထား သောကြောင့် အဆိုပါ ဒေသများရှိ အခြား အစိုးရ ၀န်ထမ်း များ နည်းတူ တပ်မတော်သားများ ဒေသစရိတ် ခံစားခွင့် လစာ မရရှိခြင်းမှာ မဖြစ်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော သည်။

နိုင်ငံတော် အစိုးရနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ် (၈၇)ခု၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ထပ်မံ၍ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၂၂) ခု၊ ၂၀၁၄ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ထပ်မံပြီး ဒေသ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၁) ခု သတ်မှတ်ပေး ခဲ့ပြီး၊ စုစုပေါင်း မြို့နယ် (၁၁၀)သည်  ဝေးလံ ခေါင်သီပြီး  လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အဆိုပါ ဒေသများရှိ အစိုးရ ၀န်ထမ်း များအား လက်ရှိ လစာအပြင် ထပ်တူ ၀င်ငွေ ကိုသာ ဒေသစရိတ် ခံစားခွင့်ပြု ထားကြောင်း သိရသည်။

Messenger News Journal
ဝေးလံ ခေါင်သီသည့် ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များအား ဒေသစရိတ် ခံစားခွင့် ပြုရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောသည်။

တိုက်ပွဲ များကြား ပိတ်မိနေသူ များအား နေရာ ချထားရေး ပြည်နယ် အစိုးရကို PCG တင်ပြ

ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်း တပ်မတော်နှင့် KIA/KIO တပ်ရင်း (၆)တို့ ဖြစ်ပွားခဲ့သော စစ်ပွဲ များကြောင့် ပိတ်မိနေသော ဒေသခံ ပြည်သူများအား ဖားကန့် မြို့ပေါ်တွင် နေရာချထားရေးနှင့်ပတ်သက်၍ ကချင် ပြည်နယ် အစိုးရအဖွဲ့အား ကချင်ငြိမ်းချမ်းရေးအဖွဲ့(PCG)မှ ယမန်နေ့ကတင်ပြခဲ့ကြောင်း သတင်း ရရှိသည်။

ကိုယ့်သူငယ်ချင်းအသက်ကိုကယ်တင်လိုက်တဲ့ခြောက်နှစ်အရွယ်မိန်းကလေး

တစ်ခါတစ်လေမှာတော့ကလေးတွေကြားမှာရှိတဲ့ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေသည် လူကြီးတွေအတွက် တော့အံ့သြစရာတွေဖြစ်ခဲ့ရပါတယ်။သူငယ်ချင်းတစ်ဦး၏အသက်ကို ခြောက်နှစ်အရွယ်မိန်းကလေး တစ်ဦး ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်လေးသည်စီချွမ်ပြည်နယ်“ကျင်ထန်” တောင်ပေါ်ရွာ လေးတွင်ဖြစ်ပွားခဲ့ ပါသည်။

စပိန်သံရုံးအား စီးနင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဂွါတီမာလာရဲချုပ်ဟောင်း တစ်ဦးအား ထောင်ဒဏ်အနှစ် ၉၀ ချမှတ်

Photo: စပိန်သံရုံးအား စီးနင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဂွါတီမာလာရဲချုပ်ဟောင်း တစ်ဦးအား ထောင်ဒဏ်အနှစ် ၉၀ ချမှတ်
Thursday, January 22, 2015 

၁၉၈၀ ပြည့်နှစ်က စပိန်သံရုံး အတွင်းသို့ ဆန္ဒပြနေသော အိန္ဒိယ နိုင်ငံသားတောင်သူလယ်သမားနှင့် တက္ကသိုလ်ကျောင်းသား များ ဝင် ရောက်ပုန်းခိုနေချိန် သံရုံးကိုတိုက် ခိုက်မှုဖြင့် ရဲချုပ်ဟောင်းတစ်ဦးအား ဂွါတီမာလာတရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူ ပေါင်း ၃ရ ဦးသေဆုံးခဲ့ကြောင်း သိ ရသည်။ လက်ယာစွန်းအစိုးရက လက်ဝဲဝါဒီသူပုန်များနှင့် ၎င်းတို့ကို ထောက်ပံ့ကြောင်း စွပ်စွဲခံရသူများ ကို ဆန့်ကျင်တိုက်ခိုက်သော ဂွါတီ မာလာပြည်တွင်းစစ်ဖြစ်ပွားစဉ်အ တောအတွင်း ထိုကဲ့သို့တိုက်ခိုက်မှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၁၉၆၀ -၁၉၉၆ ခုနှစ် ဂွါတီမာလာပြည်တွင်း စစ်ကြောင့် လူပေါင်း ၂၀၀,၀၀ဝခန့် မှာသေဆုံးခြင်း သို့မဟုတ် ပျောက် ဆုံးခြင်းများ ရှိခဲ့ကြောင်း ၁၉၉၉ခု နှစ် ကုလသမဂ္ဂအစီရင်ခံစာအရသိ ရသည်။ သို့သော်လည်း တရားစွဲဆိုခံရ သော ရဲချုပ်ပီဒရိုဂါစီယာ သည် ထောင် ဒဏ်နှစ် ၃၀ သာကျခံရမည်ဖြစ် သည်။

အဘယ်ကြောင့်ဆိုသော် ထို တိုက်ခိုက်မှုဖြစ်ပွားချိန်က ထောင် ဒဏ်နှစ် ၃၀ သည် အများဆုံးပြစ် ဒဏ်ဖြစ်သောကြောင့် ဖြစ် သည်။ တရားရုံးပြင်ပရှိ ဆန္ဒပြသူများသည် လူသတ်သမား၊ လူသတ်သမားဟု အော်ဟစ်ခဲ့ကြသည်။

ထိုရဲချုပ်အား စီရင်ချက်မချမီ ဒေသခံများသည် ပန်းများ၊ ဖယောင်တိုင်းများနှင့်အတူ Maya အခမ်းအနားကျင်းပနေသည်။

ထိုတိုက်ခိုက်မှုကြောင့် သေဆုံး သွားသူတစ်ဦး၏သမီးဖြစ်သူ နိုဘယ် ငြိမ်းရေးဆုရှင် ရီဂိုဘာတိုမန်နျူက ထိုစီရင်ချက်ကို ချီးကျူးခဲ့သည်။

အိန္ဒိယနိုင်ငံသားများ၊ တောင်သူလယ် သမားများနှင့် တက္ကသိုလ်ကျောင်း သားများသည် စစ်တပ်၏ဖိနှိပ်မှုကို ဆန္ဒပြရန် သံရုံးအတွင်းဝင်ရောက်ခဲ့ ပြီး တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ရဲချုပ်ဂါစီယာဦးဆောင်သော တပ်ဖွဲ့ သည် သံရုံးအား တိုက်ခိုက်ကာ မီးရှို့ ခဲ့ကြောင်းသိရသည်။

Ref : AFP
Democracytoday
၁၉၈၀ ပြည့်နှစ်က စပိန်သံရုံး အတွင်းသို့ ဆန္ဒပြနေသော အိန္ဒိယနိုင်ငံသားတောင်သူလယ်သမားနှင့် တက္ကသိုလ်ကျောင်းသားများ ဝင်ရောက်ပုန်းခိုနေချိန် သံရုံးကိုတိုက်ခိုက်မှုဖြင့် ရဲချုပ်ဟောင်းတစ်ဦးအား ဂွါတီမာလာတရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။

ဒေါ်ခင်ဝင်း သေဆုံးသည့် (၁) လပြည့် အဖြစ် ၀မ်ပေါင်ရုံး အနီး ခေါင်းတလား မီးရှို့ကာ ဆန္ဒထုတ်ဖော်

Photo: ဒေါ်ခင်ဝင်း သေဆုံးသည့် (၁) လပြည့် အဖြစ် ၀မ်ပေါင်ရုံး အနီး ခေါင်းတလား မီးရှို့ကာ ဆန္ဒထုတ်ဖော်
Thursday, January 22, 2015 

ခြံစည်းရိုး ခတ်စဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိ မှန်ကာ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း သေဆုံးမှု (၁) လပြည့် အဖြစ် ဒေသခံ (၁၀၀) ကျော်တို့မှ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်တွင် မြန်မာ ၀မ်ပေါင်ရုံး အနီးသို့ သွားရောက်ကာ ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်တလား တစ်ခုအား မီးရှို့ကာ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ခဲ့သည်။ယင်းသို့ ဆန္ဒ ထုတ်ဖော်မှုကို မိုးကြိုးပြင် ကျေးရွာ ဒေါ်ခင်ဝင်း နေအိမ်မှ စတင်ကာ သေဆုံးသူ အုတ်ဂူအား ဦးညွတ်ပြီး ပုသိမ်မုံရွာ လမ်းမကြီး တစ်လျောက် ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်းတလား တစ်ခုအား ဒေသခံများမှ ထမ်းကာ ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ရေးနှင့် ဦးပိုင် ၀မ်ပေါင် ကျဆုံးရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။အမေ သေဆုံးခဲ့ တာကို အခုချိန်ထိ မယုံနိုင် ပါဘူး။ တစ်လပြည့်သွား ပါပြီ။ အမေ့ကို ရက်ရက် စက်စက် ပစ်သတ်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေး စေချင် ပါတယ်။

ဦးပိုင် နဲ့ ၀မ်ပေါင်ကို ဘယ်တော့ မကျေနပ်ဘူး။ ရဲတပ်ဖွဲ့ ဝင်တွေ ကိုလည်း လူသတ်ကောင် တွေလို့ မြင်နေမိတယ်။ အခုချိန် အထိ အမှန်တရား မပေါ်ပေါက် သေးဘူး ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးကြီး ဖြစ်သူ မ၀င်းခိုင်က ပြောသည်။ ဆန္ဒ ထုတ်ဖော်မှုကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ သောကြောင့် ယင်းနေရာ မှာပင် ခေါင်းတလားကို မီးရှို့ကာ ဆန္ဒ ထုတ်ဖော် ခဲ့သည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှူတွင် ဒေါ်ခင်ဝင်း သမီး ဖြစ်သူက ပိတ်ပင် တားဆီး နေသည့် ရဲတပ်ဖွဲ့ ဝင် များအား တရားခံ ဖော်ထုတ်ပေးရန် အတွက် ငိုကြွေးကာ တောင်းဆိုခဲ့သည်။ စီတန်းချင်တယ် ဆိုရင်တော့ ဘယ်လို နေနေ ခွင့်ပြုချက် တင်ရင်ပေးနေ ပါတယ်။ အခုဟာက ခွင့်ပြုမိန့်လည်း မတင် ထားဘူး။ အများ ပြည်သူပိုင် ပုသိမ်မုံရွာ လမ်းမကြီး ပေါ်မှာ ခေါင်းတလားကို မီးရှို့တော့ လမ်းမကြီး ဥပဒေနဲ့လည်း ငြိစွန်းပါတယ်။ ဒါကြောင့် ဥပဒေ အရပဲ ဆက်လက် လုပ်ဆောင် သွားမယ် ဟု ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ မှူး ဦးတင်မိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကြေးနီ စီမံကိန်းကြီး အ တွင်း ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ဝင်များ အကြား ပဋိပက္ခ ဖြစ် ပွားခဲ့ပြီး ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဒေသခံ ဖြစ်သူ ဒေါ်ခင်ဝင်း သေနတ် ကျည် ထိ မှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

Messenger News Journal
ခြံစည်းရိုး ခတ်စဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိ မှန်ကာ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း သေဆုံးမှု (၁) လပြည့် အဖြစ် ဒေသခံ (၁၀၀) ကျော်တို့မှ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန် တွင် မြန်မာ ၀မ်ပေါင်ရုံး အနီးသို့ သွားရောက်ကာ ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်တလား တစ်ခုအား မီးရှို့ကာ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ခဲ့သည်။

သွားတွေ အမှန်တကယ် ဖြူဖွေးတောက်ပစေမယ့်နည်း

Photo: သွားတွေ အမှန်တကယ် ဖြူဖွေးတောက်ပစေမယ့်နည်း
Thursday, January 22, 2015 

သွားတွေ အဝါရောင် အစွန်းအထင်း ပြဿနာရင်ဆိုင်နေရသူတွေ များစွာရှိကြပါတယ်။ အဲ့ဒီလူတွေဟာ ပြုံးလိုက်တိုင်းလည်း မလွတ်မလပ် ခံစားနေကြရသူတွေပါ။ မိမိလည်း အဲဒီလိုလူတွေထဲ ပါနေသလား။

သွားပေါ် ပေကပ်နေတဲ့ အစွန်းအထင်းတွေ ကင်းဝေးဖို့ ပုံမှန်သွားတိုက်ရုံ၊ သန့်ရှင်းရေးလုပ်ရုံနဲ့ မလုံလောက်ပါဘူး။ မိမိသုံးနေတဲ့ ပစ္စည်းထိရောက်မှု ရှိရင်တောင် သွားဖုံးနဲ့ သွားတွေက မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့်မို့ အစွန်းထင်းကပ်နေတဲ့ မိမိသွားကို ဖြူဖွေးတောက်ပလာစေဖို့ ရိုးရှင်းတဲ့ သဘာဝနည်းလမ်းလေးတစ်ခုကို အကြံပြုအပ်ပါတယ်။

ဒီဆေးဖော်စပ်ဖို့ဖို့အတွက် မုန့်ဖုတ်ဆိုဒါ အနည်းငယ်နဲ့ သံပုယိုသီး လိုအပ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ လောလောလတ်လတ် ညှစ်ယူထားတဲ့ သံပုရာရည်ကို ဇလုံငယ်လေးတစ်ခုထဲ အမြုပ်မထွက်မချင်း ရောမွှေပေးရပါမယ်။

ယင်းဖော်စပ်ထားတဲ့ ဆေးအသုံးမပြုမီ ဂွမ်းပတ်တစ်ခုအသုံးပြုကာ သွားတွေကို သန့်ရှင်းပေးပါ။ ယင်းဖော်စပ်ထားတဲ့ ဆေးနည်းနဲ့ မိမိသွားကို သေချာတိုက်ပြီးရင် အဲဒီအတိုင်း တစ်မိနစ်ခန့် ဆက်ထားပါ။ အဲ့ဒီနောက်မှာတော့ သွားတိုက်တံနဲ့ မိမိသွားကို ပုံမှန်တိုက်နေကျ အတိုင်းလုပ်ပေးပါ။

Ref:healthyfoodteam.com
Trend Myanmar
သွားတွေ အဝါရောင် အစွန်းအထင်း ပြဿနာရင်ဆိုင်နေရသူတွေ များစွာရှိကြပါတယ်။ အဲ့ဒီလူတွေဟာ ပြုံးလိုက်တိုင်းလည်း မလွတ်မလပ် ခံစားနေကြရသူတွေပါ။ မိမိလည်း အဲဒီလိုလူတွေထဲ ပါနေသလား။

မယ်စကြ်ာဝဠာ မြန်မာ သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံမေးမြန်းခန်း

Photo: မယ်စကြ်ာဝဠာ မြန်မာ သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံမေးမြန်းခန်း
Thursday, January 22, 2015

၆၃ ကြိမ်မြောက် မယ်စကြ်ာဝဠာပြိုင်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မာယာမီမှာ ဒီကနေ့ ဒေသခံစံတော်ချိန် ည ၇ နာရီမှာ National Costume အမျိုးသားဝတ်စုံ ၀တ်ဆင်ပြိုင်ပွဲ စတင်ပြီးတော့ ကျင်းပနေပြီဖြစ်ပါတယ်။ မယ်စကြ်ာဝဠာပြိုင်ပွဲကို သတင်းယူဖို့အတွက် ဗွီအိုအေမြန်မာပိုင်းက ၀ိုင်းတော်သူ မအင်ကြင်းနိုင်ကလည်း မာယာမီမှာ ရောက်ရှိနေပါတယ်။ မယ်စကြ်ာဝဠာပြိုင်ပွဲရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ့ကို မေးကြည့်ပါမယ်။

မေး။             ။ မအင်ကြင်းက အခု မယ်စကြ်ာဝဠာပြိုင်ပွဲမှာ ရောက်နေတာဆိုတော့ အဲ့ဒီ မယ်စကြ်ာဝဠာပြိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါလားခင်ဗျ။

ဖြေ။              ။ “ဟုတ်ကဲ့ အခုဒီ မယ်စကြ်ာဝဠာပြိုင်ပွဲကိုပေါ့နော် မာယာမီ ဖလော်ရေဒါ နိုင်ငံတကာ တက္ကသိုလ်မှာပေါ့လေ ကျင်းပနေပါတယ်။ အခု ဒီမကြာခင် နာရီပိုင်းအတွင်းမှာ အမျိုးသားဝတ်စုံပြိုင်ပွဲပေါ့နော် National Costume ပြိုင်ပွဲရှိတယ်။ အဲ့ဒီထဲမှာ မြန်မာမယ်စကြ်ာဝဠာဖြစ်တဲ့ သျှားထွဋ်အိန္ဒြာလည်း ပါဝင်မှာပါ။ သူကတော့ ဗိဿနိုးခေတ်က ပန်တြာဧကရီ ဘုရင်မရဲ့ဝတ်စုံကို ၀တ်ပြီးတော့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ၂၅ ရက်နေ့မှာတော့ နောက်ဆုံးနေ့အဖြစ်ပေါ့ ရေကူးဝတ်စုံတွေ၊ ညနေခင်းဝတ်စုံတွေနဲ့ပေါ့နော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။”

မေး။             ။ အဲ့ဒီတော့ မအင်ကြင်းက အဲ့ဒီမှာရောက်နေတော့ မသျှားထွဋ်အိန္ဒြာနဲ့ ဒီကြားထဲ တွေ့ဆုံခွင့်ရခဲ့လားဗျ။

ဖြေ။              ။ “သြော် ရခဲ့တယ်ရှင့်။ သူနဲ့ကို မနေ့ကပေါ့နော် ကျမ မာယာမီကိုရောက်တဲ့ အဲ့ဒီနေ့ညနေမှာပဲ သူနဲ့ တွေ့ဆုံခွင့်ရပါတယ်။ အဲ့ဒါလေးကိုလည်း ကျမ ပြောပြချင်ပါတယ်။”

မသျှားထွဋ်အိန္ဒြာ။                 ။ “Miss Universe ပွဲကို စပြီးတော့ ညီမ၀င်ပြိုင်ကတည်းက အရာအားလုံးကတော့ ညီမအတွက် အမှတ်တရ ဖြစ်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ညီမလည်း ဒီလိုမျိုး တနယ်တကျေး ကိုယ်နဲ့မတူတဲ့သူတွေ အကုန်လုံးနဲ့ပေါ့နော် ဆက်ဆံရတယ်။ ပြီးတော့ အားလုံး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် တွေ့ရတဲ့အတွက် အရာအားလုံးကတော့ အမှတ်တရတွေ ဖြစ်နေခဲ့ပါတယ်။”

မေး။             ။ အခု camp ၀င်ပြီးတော့ နိုင်ငံတကာ အလှမယ်တွေပေါ့လေ ၁၆ ရက်တောင် လေ့ကျင့်နေရပြီဆိုတော့ သူများနိုင်ငံက အလှမယ်တွေနဲ့ ယှဉ်ပြီးတော့ရော ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲရှင့်။

ဖြေ။              ။ “တနိုင်ငံမှာရှိတဲ့ အလှဆုံးလူတွေ လာကြတာဆိုတော့ သူတို့လည်း သူတို့အလှကိုယ်စီ ရှိကြတာပဲလေ။ အဲတော့ သူတို့နဲ့ကိုယ်နဲ့တော့ ကိုယ်က သူတို့ထက် ဘာမှ မသာစရာလည်း မရှိသလို၊ သူတို့ထက် နိမ့်ကျစရာလည်း မရှိဘူး။”

မေး။             ။ National Costume ပြိုင်ပွဲပေါ့လေ အဲ့ဒီအတွက် ၀တ်စုံကို ရွေးတဲ့အခါမှာ ပန်တြာဘုရင်မရဲ့ ၀တ်စုံဆိုတော့ တီထွင်ထားတဲ့ ၀တ်စုံပုံစံပေါ့လေ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော ယှဉ်ပြပါဦးရှင့်။

ဖြေ။              ။ “ဒီဝတ်စုံတွေနဲ့ ပတ်သက်ပြီးတော့ ညီမရဲ့ National Director ပေါ့နော် မစိုးယုဝေက စီစဉ်ပေးထားတာပါ။ ညီမရဲ့မျက်နှာအနေအထားနဲ့ နောက် ဒီ National Costume ကို အမကလည်း သူ လေ့လာထားပုံအရတွေနဲ့ဆိုရင် ညီမမျက်နှာအနေအထားနဲ့ ဒီဝတ်စုံနဲ့ လိုက်ဖက်မယ်လို့ ထင်တဲ့အတွက် ညီမတို့ စီစဉ်ဖြစ်သွားတာပါ။”

မေး။             ။ ဒီမယ်စကြ်ာဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ရေကူးဝတ်စုံပြိုင်ပွဲတို့၊ နောက် ညနေခင်းဝတ်စုံပေါ့လေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ သျှားထွဋ်အနေနဲ့ရော အဆင်သင့်ဖြစ်ပြီလား။

ဖြေ။              ။ “ဟုတ်ကဲ့ပါအမ ညီမ ဒီ swimsuit အတွက်လည်း ညီမဒီကြားထဲမှာ ၅ လလောက် အချိန်ရတယ်ပေါ့နော် အဲ့ဒီအချိန်အတွင်းမှာ ညီမ သေချာလုပ်ဖြစ်တယ်။ တော်တော်များများလည်း သတိထားမိလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမ ဒီပြိုင်ပွဲ စပြီးရသွားတာနဲ့ အခုအချိန်နဲ့ အများကြီး ကွာခြားလာတယ်။ ညီမကိုယ်ညီမလည်း သိတယ်။ အဲ့ဒီအပြင်ကို National Costume အတွက်ကိုလည်း ညီမ တကယ်ကို အားကျိုးမာန်တက်နဲ့ အရမ်းစိတ်အားထက်သန်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီဝတ်စုံဝတ်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှုရှိစေတယ်။ ဘယ်လိုအချိန်မှာပဲ ၀တ်ဝတ်၊ ညီမ ဒီဝတ်စုံဝတ်လိုက်တဲ့အချိန်တိုင်း ညီမယုံကြည်တယ်။ ညီမကိုယ်ညီမ confidence အပြည့် ထည့်ထားတယ်။”

မေး။             ။ နှစ် ၅၀ ကျော် ကြာပြီးတဲ့နောက်မှာမှ အခုလို မြန်မာနိုင်ငံ ပြောင်းလဲလာတဲ့ အနေအထားအပေါ်မှာ သျှားထွဋ်တို့လို မြန်မာအမျိုးသမီးတွေ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေဖြစ်တဲ့ အခုဆိုရင် Miss Universe ပြိုင်ပွဲတွေမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်လာရတဲ့အခါမှာ ညီမရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီးတော့ မြန်မာအမျိုးသမီးတွေအပေါ် ဘာတွေ အကြံပေးချင်ပါသလဲ။

ဖြေ။              ။ “မြန်မာအလှမယ်ဖြစ်ဖို့အတွက်က လှနေတာတခုတည်းနဲ့ မပြည့်စုံဘူး။ အဓိကကတော့ စိတ်အားထက်သန်ရမယ်။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်း မေတ္တာစိတ်ဆိုတာ ရှိနေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဒီနေရာမျိုးကို ရောက်လာပြီဆိုတာနဲ့ ကိုယ့်ကို ကြိုက်တဲ့ပရိသတ်တွေ ရှိသလို၊ မကြိုက်တဲ့ ပရိသတ်တွေလည်း ရှိမှာပဲ။ အဲတော့ နိုင်တဲ့ဒဏ်ကိုလည်း ခံနိုင်သလို၊ ရှုံးတဲ့ဒဏ်ကိုလည်း ကိုယ်က ခံနိုင်ရမယ်။ အဓိကကတော့ စိတ်ဓာတ်မြင့်မြင့် ထားစေချင်ပါတယ်လို့ အားလုံးကို။”

မေး။             ။ ဒီ မိုးစက်ဝိုင်ပြီးလို့ရှိရင် ဒုတိယမြောက်ပေါ့နော် Miss Universe ပြိုင်ပွဲမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့အတွက် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုရော ဘယ်လိုတွေ့ရလဲရှင့်။

ဖြေ။              ။ “ညီမတို့က ဒုတိယအကြိမ် ပြိုင်ရတာမျိုးဖြစ်တဲ့အတွက် နည်းနည်း အခက်အခဲလေးတွေတော့ ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ တချို့တွေက မြန်မာဆိုတာကို မသိသေးပါဘူး။ ဒါကတော့ ညီမ အပွင့်လင်းဆုံး ပြောပြတာ။ ညီမ ဒီပြိုင်ပွဲ စ၀င်တဲ့အချိန်မှာ စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ညီမတို့ မြန်မာဆိုတဲ့ဟာကို အသံတောင် မထွက်တတ်ဘူး။ အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒါကလည်း ကိုယ်က နှစ် ၅၀ ကြီးတောင် ကြာပြီးတော့မှ ဒုတိယအကြိမ် ပြန်ပြိုင်ရတာမျိုးဖြစ်တဲ့အတွက် မသိတာကို သိအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲပေါ့နော်။ အခုဆိုရင်လည်း မြန်မာဆိုတာကို တော်တော်များများလည်း သိနေကြပြီ။ နောက်ပြိုင်ပွဲဝင်တွေထဲမှာလည်း ကိုယ့်နိုင်ငံတခုတည်းကိုပဲ လူမသိတာမဟုတ်ဘူး။ ကိုယ့်ထက်မသိသေးတဲ့ နိုင်ငံတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ ကိုယ့်ထက် အရမ်း တော်တတ်နေတဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ တကယ်နိုင်ငံကြီးတွေကနေ လာပြိုင်နေကြတဲ့ Miss တွေလည်း အများကြီးရှိတယ်။ အဲ့ဒီကြားထဲမှာ ကိုယ်ကသွားပြိုင်ရတာမျိုးဖြစ်တဲ့အတွက် ကိုယ်အားငယ်နေရင်တော့ ကိုယ်ပဲရှုံးမှာပဲပေါ့နော်။ အဲ့ဒီအတွက် ဘာမှအားငယ်မနေဘဲနဲ့ ကိုယ်ဘ၀အတွက်ကို လုပ်စရာရှိတာကို ဆက်လုပ်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားပါမယ်လို့။”

မေး။             ။ အခု သျှားထွတ် မာယာမီကို လာတဲ့အချိန်မှာ လေဆိပ်မှာ ဒီမှာရှိနေတဲ့ မိသားစုတွေကလည်း သျှားထွဋ်ကို လာပြီးတော့ ကြိုဆိုကြတယ်။ အားပေးကြတယ်။ ဒီအပေါ်မှာ သျှားထွဋ်ရဲ့အမြင်ကို သိပါရစေ။

ဖြေ။              ။ “အများကြီးဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ဒီစရောက်ကတည်းက ကိုယ့်ကိုအများကြီး ဒီလောက် လှိုက်လှိုက်လှဲလှဲ ကြိုကြလိမ့်မယ်လို့လည်း မထင်ထားဘူး။ အဲ့ဒီအပြင် အမှတ်တရအဖြစ်ဆုံးက ညီမတို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Miss Universe ပေါ့နော် ၁၉၅၉ ခုနှစ်က အန်တီဒေါ်သန်းသန်းအေးကိုယ်တိုင် သရဖူဆောင်းပြီးတော့ ညီမကို လာကြိုတယ်။ အဲ့ဒီတခုကတော့ ညီမအတွက် တကယ့်ကို ဘယ်တော့မှလဲ မေ့နိုင်တော့မှာ မဟုတ်ဘူးပေါ့နော်။ ကိုယ်လေးစားအားကျခဲ့ရတဲ့ Miss Universe တယောက်က ကိုယ့်ကိုလာကြိုတဲ့အတွက် အများကြီးလည်း ၀မ်းသာပါတယ်။ အံ့သြစရာတွေလည်း တနေ့ထက်တနေ့ကို အများကြီးကို ကြုံနေရတာပါ။”

သောတရှင်များခင်ဗျား။                   ။ အခုလာမယ့် ဇန်န၀ါရီလ ၂၅ ရက် တနင်္ဂနွေနေ့မှာဆိုရင် နောက်ဆုံး စကာတင် ၁၅ ယောက်ရွေးချယ်ပြီးတော့ အဲ့ဒီထဲကမှ ၂၀၁၅ ခုနှစ်အတွက် မယ်စကြ်ာဝဠာကို ရွေးချယ်မှာဖြစ်ပါတယ်။

VOA
၆၃ ကြိမ်မြောက် မယ်စကြ်ာဝဠာပြိုင်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မာယာ မီမှာ ဒီကနေ့ ဒေသခံစံတော်ချိန် ည ၇ နာရီမှာ National Costume အမျိုးသားဝတ်စုံ ၀တ်ဆင်ပြိုင်ပွဲ စတင်ပြီးတော့ ကျင်းပနေပြီဖြစ်ပါတယ်။ မယ်စကြ်ာဝဠာပြိုင်ပွဲကို သတင်းယူဖို့အတွက် ဗွီအိုအေ မြန်မာပိုင်းက ၀ိုင်းတော်သူ မအင်ကြင်းနိုင်ကလည်း မာယာမီမှာ ရောက်ရှိနေပါတယ်။ မယ်စကြ်ာဝဠာ ပြိုင်ပွဲရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ့ကို မေးကြည့်ပါမယ်။

အမေရိကား၌ ပညာ သင်ယူရန် မန္တလေးတွင် ပထမဆုံးအကြိမ် ဖိတ်ခါ်

ဇန်န၀ါရီလ (၂၁) ရက်နေ့က မန္တလေးမြို့ Jefferson Centre  တွင် အမေရိကား၌ ပညာသင်ယူရန် တက္က သိုလ်ပေါင်း(၂၀)ကျော်မှ ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားများကို လာရောက်၍ခေါ်ယူကြောင်း သိရ သည်။

တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ပိတ်မိနေဆိုသော သတင်း မမှန်ကြောင်း တရုတ်အစိုးရငြင်းဆို

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တရုတ်နိုင်ငံသား ရာနှင့်ချီ၍ ပိတ်မိနေသည် ဆို သောသတင်းများမှာမမှန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

မန္တလေးတွင် ကျပ်သိန်း (၃၀၀၀) ဖြင့် မြေကွက် လိမ်လည် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်တွင် တစ်ဦးတည်းပိုင် မြေကွက် မဟုတ်ဘဲ စည်ပင်မှ တားမြစ် ထားသော မြေကွက်ကို လိမ်လည် ရောင်းချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အကြံပြုချက်များ တောင်းခံ

ခြောက်ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အကြံပြု ချက်များ ပေးပို့ နိုင်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီဆွေးနွေးပွဲ ကို တက်ရောက်ပါမယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဆီက တင်ပြလာတာ တွေကို ခြောက် ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဆွေးနွေး သွားမှာပါ ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

၂၀၁၅နှစ်လည်ပိုင်းတွင်3Gကွန်ရက်ကို တစ်နိုင်ငံလုံးအသုံးပြုနိုင်အောင် ဆောင်ရွက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၅နှစ်လည်ပိုင်းတွင် 3Gကွန်ရက်ကို တစ်နိုင်ငံလုံးအသုံးပြုနိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်၇ှိသူတစ်ဦးကပြောသည်။

မန်းရွှေစက်တော် သွားလာရေး အတွက် အဆင်ပြေရန် လမ်းများ တိုးချဲ့

မန်း ရွှေစက်တော်ရာ ဘုရားပွဲတွင် သီးသန့် ယာဉ်ရပ်နား ကွင်းများ ထားရှိ သွားမည် ဖြစ်ပြီး ယခင် တစ်လမ်း မောင်းလမ်း များအား နှစ်လမ်း မောင်းအဖြစ် တိုးချဲ့ ပြင်ဆင် ထားကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကဖွဲ့ အမှ The Messenger Media  သို့ ပြောသည်။

ဟုမ္မလင်းမြို့ ၌ နာဂ သောင်းကျန်းသူဟု ယူဆရသည့် တပ်ဖွဲ့ဝင် (၂) ဦးအား ဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ် ထမံသီရှေ့တန်းအမှတ် (၃၀၉) ခြေမြန် တပ်ရင်းနှင့် နယ်မြေရဲစခန်းတို့ ပူးပေါင်းကာ နန့်သလက် ကျေးရွာတွင် နာဂသောင်းကျန်းသူဟု ယူဆရသည့်တပ်ဖွဲ့ဝင်နှစ်ဦးအား လုံခြုံရေး အသုံး အဆောင်များနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ သိရသည်။

အပြည်ပြည် ဆိုင်ရာ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ချုပ်ဆိုရန် လွှတ်တော် အတည်ပြု

အပြည်ပြည် ဆိုင်ရာ ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်အား မြန်မာနိုင်ငံမှ ၀င်ရောက် ချုပ်ဆို နိုင်ရန် အတွက်  ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ် လိုက်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ သိရသည်။

လယ်သမား များအား တရားစွဲဆို ထားမှု ထောင်ဒဏ် (၄) နှစ်မှ (၇) နှစ်အထိ အမိန့်ချမှတ်

တစ်နှစ်ကျော် ကြာမြင့်သည့် နေပြည်တော် ၀ဲကြီးကျေးရွာရှိ လယ်သိမ်းခံ လယ်သမားများအား တစ်ဦးလျှင် ထောင်လေးနှစ်မှ ခုနစ်နှစ်အထိ အပြီးသတ်အမိန့် ချမှတ်လိုက်ကြောင်း တောင်သူများ၏ ရှေ့နေ ဦးသဲမောင်မောင် က ပြောသည်။

Body Piercing လုပ်တာဟာ ကလေးမွေးတာထက် ပိုပြီးနာကျင်တယ်လို့ဆိုတဲ့ Christina Millian

Photo: Body Piercing လုပ်တာဟာ ကလေးမွေးတာထက် ပိုပြီးနာကျင်တယ်လို့ဆိုတဲ့ Christina Millian
Thursday, January 22, 2015

“Christina Millian Turned Up” ဆိုတဲ့ ရှိုးပွဲအပြီးမှာ အဆိုတော် Christina Millianဟာ သူမရဲ့ မိခင်ကို ပထမဆုံး တက်တူးထိုးပေးဖို့ အတွက် တက်တူးပါလာကို ခေါ်သွားခဲ့ပါတယ်။

တက်တူးပါလာကို ရောက်တဲ့အခါမှာတော့ အဆိုတော်မလေးကလည်း အသားပန်းချီ တစ်ခုလောက် လိုချင်စိတ်ဖြစ်လာခဲ့ပါတယ်။ သူမဟာ တက်တူးထိုး၊ အသားဖောက်ခြင်း (Body Piercing) ကို ပိုမို စိတ်ဝင်စားခဲ့တဲ့အတွက် သူမရဲ့ ရင်သားထိပ်ဖျားမှာ Body Piercing ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ် အရွယ် အမေရိကန် အဆိုတော်မလေး Christina Milian အတွက်တော့ Body Piercing ကို စိတ်ဝင်စားမှုတွေဟာ အသားဖောက်ပေးသူရဲ့ အပ်တစ်ချက်အ၀င်မှာပဲ ထိတ်လန့်ခြင်းတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၂၀၁၀ ခုနှစ်ကသမီးလေး Violet ကိုမွေးဖွားခဲ့တဲ့ ChritinaMilianဟာ ရင်သားမှာ Body Piercing လုပ်တာဟာ ကလေးမွေးတာထက် ပိုမိုနာကျင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“ကလေးမွေးတာက ၁၉ နာရီကြာပါတယ်။ ရင်သားမှာ Body Piercing လုပ်တာဟာ ၂ စက္ကန့်ပဲ ကြာပါတယ်။ အချိန်ပိုမြန်တယ် ဆိုပေမယ့်လည်း Body Piercing လုပ်တာဟာ ကလေးမွေးတာထက် ပိုပြီးနာကျင်ပါတယ်” လို့ Christina Millianကဆိုပါတယ်။

Ref:starpulse.com
Trend Myanmar
“Christina Millian Turned Up” ဆိုတဲ့ ရှိုးပွဲအပြီးမှာ အဆိုတော် Christina Millianဟာ သူမရဲ့ မိခင်ကို ပထမဆုံး တက်တူးထိုးပေးဖို့ အတွက် တက်တူးပါလာကို ခေါ်သွားခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံပေါ်က နင်းဗုံး၊ ဆွဲဗုံးနှင့် ချိန်ကိုက်ဗုံးများ

မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာသော ထောက် လှမ်းရေး အကြီးအကဲဟောင်း၏ စကားက စိတ်ဝင်စား ဖို့ ကောင်းပါသည်။ စကားလုံး အတိအကျ မဟုတ်သော်လည်း သူပြောသည့် စကား၏အနှစ်ချုပ်မှာ ယခုသွားနေသော နိုင်ငံရေးလမ်းကြောင်း ဆိုသည် မှာ သူဦးဆောင်သို့ မဟုတ်သူပါဝင်ရေးဆွဲခဲ့သည့် လမ်းပြမြေပုံအတိုင်းသွားနေသော လမ်းကြောင်းပင် ဖြစ်သည်ဟူသည့် စကားပင်ဖြစ်သည်။

စည်ပင်လုပ်ငန်းများ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုဟု ရွေးကောက်ခံ ကိုယ်စားလှယ်များ ပြော

Photo: စည်ပင်လုပ်ငန်းများ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုဟု ရွေးကောက်ခံ ကိုယ်စားလှယ်များ ပြော
Thursday, January 22, 2015

စည်ပင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ နားလည်စေရေး ပွင့်လင်းစွာချပြရန် အရေးကြီးပြီး ချက်ချင်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သော ကိစ္စရပ်များကို ပြည်သူလူထု သဘောပေါက်အောင် ချပြရန်လိုအပ်ကြောင်းနှင့် ပြည်သူများပါ ပါဝင်ဆောင်ရွက်မှသာ စည်ပင်လုပ်ငန်းများ မြန်ဆန် မည်ဖြစ်ကြောင်း ရွေးကောက်ခံ စည်ပင် ကိုယ်စားလှယ်အချို့က ထောက်ပြပြောဆိုခဲ့သည်။

ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တတ်သိပညာရှင်အဖြစ် ရွေးချယ်ခံရသော ဒေါက်တာစိုးထွန်းက ''စည်ပင်လုပ်ငန်း အားလုံးကို ဗဟိုကချုပ်ကိုင်တာ မဟုတ်ဘဲ ဘတ်ဂျက်နဲ့ function (လုပ်ငန်းစဉ်) ကို ပွင့်လင်းမြင်သာစွာ ချပြပေးထားဖို့ လိုတယ်။တကယ့်မြေပြင် အခက်အခဲကို ဗဟိုက သိမှာ မဟုတ်ဘူး။ မြို့နယ်၊ခရိုင်က ပြည်သူတွေက တိုင်ရင် ကျွန်တော်တို့ အဆင့်ဆီအရင်လာတာလေ။ ပွင့်လင်းမြင်သာစွာ ချပြထားမှု မရှိရင် ရှင်းရတာက ခက်ခဲမှုရှိတယ်။ ဒါကကျွန်တော်တို့ ကြုံရတဲ့ အဓိကအခက်အခဲပဲ'' ဟု ဆိုသည်။

ပြည်သူများက တင်ပြလာသော အခက်အခဲများနှင့် တိုင်ကြားလာသည်များကို စည်ပင်ကိုယ်စားလှယ်များက ရှင်းလင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရန် စည်ပင်သာယာ လုပ်ငန်းများကို ပြည်သူများ နားလည်အောင် အသိပညာပေးမှုနှင့် ပွင့်လင်းမြင်သာမှု လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

''အရှေ့ပိုင်း ခရိုင်အတွက် တစ်နှစ်စာ လျာထားတဲ့ ဘတ်ဂျက်က ၈၅ သိန်းပဲရှိတယ်။ ဒီတော့ ပြည်သူက တင်ပြတိုင်းချက်ချင်းမလုပ်နိုင်တာမျိုး ရှိတယ်။ ဒါကို ပြည်သူတွေကို ရှင်းပြလိုက်တော့မှ နားလည်သွားတယ်'' ဟု ၎င်းက ပြောသည်။

ဗဟိုကော် မတီဝင်အဆင့် (၉) ဦးခင်မောင်တင့်က ''စည်ပင်ကခုမှ အပြောင်းအလဲဖို့ လုပ်နေဆဲ ကာလဖြစ်တယ်။ ဒီကာလမှာ ပြည်သူနဲ့ အပြန်လှန်နားလည်မှု ယုံကြည်မှုရဖို့ တည်ဆောက်နေတုန်းဆိုတော့ နည်းနည်းတော့ အခက်အခဲက ရှိမှာပဲ။ ပွင့်လင်းမြင်သာမှု ရှိဖို့ကတော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ'' ဟု ဆိုသည်။

ကော်မတီဝင်အဆင့် (၈) ဒေါက်တာအေးမင်းက ''စည်ပင်က အပြောင်းအလဲ လုပ်တာဟုတ်တယ်။ ဒါပေမဲ့ တစ်ရာရာခိုင်နှုန်း အပြောင်းအလဲ မဟုတ်သေးဘူး။ ဒီလောက် အချိန်တိုအတွင်းမှာတော့ ကိုယ်စားလှယ်တွေကလည်း အကုန်မသိနိုင်သေးပါဘူး။ ကျွမ်းကျင်မှုနဲ့ အတတ်ပညာပိုင်းမှာ အရင်လူတွေကို အားကိုးနေရဦးမယ်။ နိုင်ငံကလည်း အပြောင်းအလဲ ကာလမို့ ဒီမိုကရေစီ အပြည့်ရတဲ့ နိုင်ငံမဟုတ်သေးဘူး။ ဗျူရိုကရက် ပုံစံက ရှိနေဦးမှာပဲ'' ဟု ပြောသည်။

Mizzima - News in Burmese
စည်ပင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ နားလည်စေရေး ပွင့်လင်းစွာချပြရန် အရေးကြီးပြီး ချက်ချင်း ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော ကိစ္စရပ်များကို ပြည်သူလူထု သဘောပေါက်အောင် ချပြရန် လိုအပ်ကြောင်းနှင့် ပြည်သူများပါ ပါဝင်ဆောင်ရွက်မှသာ စည်ပင်လုပ်ငန်းများ မြန်ဆန် မည်ဖြစ်ကြောင်း ရွေးကောက်ခံ စည်ပင် ကိုယ်စားလှယ်အချို့က ထောက်ပြပြောဆိုခဲ့သည်။

တိုက်ပွဲများကြောင့် ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများစု လုပ်ငန်းရပ်နား

Photo: တိုက်ပွဲများကြောင့် ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများစု လုပ်ငန်းရပ်နား
Thursday, January 22, 2015

ပြည်တွင်းတိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြန်လည်တူးဖော်ခွင့် ပြုလိုက်သော်လည်း လက်ရှိ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အတွက် ဖားကန့်ကျောက်စိမ်းမှော် လုပ်ကွက်များ အတွင်းရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအများစု လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောက်မျက်ထုတ်လုပ်လျက် ရှိသည့် မှော်နယ်အတွင်း တိုက်ပွဲမဖြစ်သော်လည်း မှော်နယ်မြေနှင့် နီးကပ်သည့် နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ကျောက်မျက်ထုတ်လုပ်သည့် ကုမ္ပဏီအများစုသည် လုံခြုံရေး အခြေအနေအရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း စိန်လုံတောင်တန်း ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီ တာဝန်ခံတစ်ဦးက ပြောကြားသည်။

“လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါင်း လေးဆယ်နီးပါး ရှိတယ်။ အလုပ်သမားဦးရေကတော့ တစ်သောင်းနှစ်ထောင်လောက် ရှိတယ်။ အကုန်လုံးရင် တထိတ်ထိတ်နဲ့ နေနေကြရတယ်။ မှော်ထဲမှာတော့ တိုက်ပွဲမဖြစ်ပေမယ့်လည်း လုံခြုံရေးအရတော့ ကုမ္ပဏီတွေ အကုန်လုံး လုပ်ငန်းရပ်နားလိုက်ကြပြီ” ဟု ၎င်းကဆိုသည်။

လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်နေသော်လည်း မှော်တွင်းတွင် အသက်နှင့်ရင်းကာ စီးပွားလာရှာနေသည့် ဘဝတူ ရေမဆေးကျောက်သမား တစ်သောင်းနီးပါးခန့်ရှိပြီး ဝမ်းစာအတွက် အလုပ်ရပ်နားရန် မဖြစ်နိုင်သည့်အတွက် အသက်နှင့်ရင်းကာ ရေမဆေးကျောက်များ ရှာဖွေရေး ဆက်လက်ဆောင်ရွက်နေကြောင်း မန္တလေးမြို့မှ ဖားကန့်ကျောက်စိမ်းမှော် အတွင်း ရေမဆေး ကျောက်ရှာဖွေသည့် အလုပ်သွားရောက် လုပ်ကိုင်နေသူ အသက် ၃၀ နှစ်အရွယ် ဦးအောင်မြတ်က ပြောကြားသည်။

တိုက်ပွဲများကြောင့် ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်တူးဖော်ခွင့်ကို နှစ်အတန်ကြာ ရပ်နားထားရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးခဲ့ပြီး လုပ်ကိုင်ခွင့်ရ ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီပေါင်း လေးဆယ်ကျော်က တူးဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားပေါင်း တစ်သောင်းနှစ်ထောင်ကျော်ခန့် ရှိကာ ရေမဆေးကျောက် ရှာဖွေသူ တစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း ဖားကန့်ကျောက်စိမ်းမှော်ရှိ ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပြည်တွင်းတိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာ လဆန်း ပိုင်းက ပြန်လည်တူးဖော်ခွင့် ပြုလိုက်သော်လည်း လက်ရှိတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အတွက် ဖားကန့်ကျောက်စိမ်းမှော် လုပ်ကွက်များ အတွင်းရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအများစု လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

နုနယ်သည့်မြန်မာတွင် အားကောင်းသောစစ်တပ်ရှိရန်လိုဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

Photo: နုနယ်သည့်မြန်မာတွင် အားကောင်းသောစစ်တပ်ရှိရန်လိုဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား
Thursday, January 22, 2015 

မြန်မာနိုင်ငံအနေဖြင့် လွှတ်တော် တွင်းမှ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချရန် အဆင်သင့်မဖြစ်သေး ကြောင်း မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က စင်ကာပူ အခြေ စိုက်ချန်နယ်နယူးစ်အေးရှားရုပ် သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားလိုက်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အတွင်း စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်း မရှိမဖြစ်ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်သောအမတ် ၇၅ ရာခိုင်နှုန်းမှာ အခြေခံဥပဒေ ပါသည့် မည်သည့်အချက်ကိုမဆို ပြင်ဆင်လိုသည်ဖြစ်စေ စစ်တပ် က တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုမှသာ လုပ်ဆောင်နိုင် သည်။

မြန်မာအတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများနှင့် အတူ ၂၀၁၅ နှစ်ကုန်ပိုင်း၌ ကျင်းပ မည့်ရွေးကောက်ပွဲမတိုင်မီ အခြေ ခံဥပဒေပြင်ဆင်ရန် တောင်းဆို နေသည်။

သို့ရာတွင် သမ္မတလောင်း ဟု အလားအလာရှိသော စစ် တပ်၏ ဩဇာအရှိဆုံးကာကွယ် ရေးဦးစီးချုပ်၏ ယခုလိုပြောကြား ချက်အရ စစ်တပ်အနေဖြင့် နိုင်ငံ ကိုချုပ်ကိုင်ထားခြင်းမှ ဖြေလျှော့ပေးပါ့မလားဆိုသည့် သံသယ များ ပို၍အားကောင်းလာပါ သည်။

‘‘အခုမှ လေးနှစ်ပဲရှိပါသေး တယ်။ ကျွန်တော်တို့ ဒီမိုကရေစီ က နုနယ်ပါသေးတယ်။ ကျွန် တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေ စီစနစ်ကိုသွားတဲ့နေရာမှာ အား ကောင်းတဲ့စနစ်ဖြစ်ဖို့လိုပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။

အခြေခံဥပဒေပါပုဒ်မ ၄၃၆ ကို မကြာတော့မည့်အနာဂတ် တွင် ပြင်ဆင်ရေးသည်လည်း ဖြည်းနှေးနေဦးမည့်ပုံစံ ၎င်းက ပြောကြားခဲ့သည်။

‘‘အဲဒါကတော့ တိုင်းပြည်ရဲ့ ညီညွတ်မှုငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးအပေါ်မူတည်ပါတယ်။ အချိန်အတိအကျပြောဖို့ခက်ပါ တယ်’’ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရတပ်များနှင့် လူမျိုးစုံတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြားက အပစ် အခတ်ရပ်စဲရေးအလားအလာကို မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအုပ်စု များအနေဖြင့် ပြည်တွင်းစစ်ပွဲပြီး ဆုံးရန် အပြည့်အဝကတိပေးခြင်း ရှိချင်မှရှိမည်ဟု ဆိုပါသည်။

‘‘အဲဒါကတော့ လက်နက် ကိုင်တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာမူတည်တယ်။ သူတို့ တကယ်ငြိမ်းချမ်းရေးရချင်လား။ ဒါဆို ကျွန်တော်တို့က မငြင်းပါ ဘူး။ အခုလို အငြင်းပွားတာတွေ က တိုင်းပြည်တိုးတက်ရေးကို အဟန့်အတားဖြစ်စေပါတယ်’’

ယခုအချိန်တွင် အသက် (၅၉)နှစ်ရှိနေပြီဖြစ်သော သမ္မတ လောင်းရွေးချယ်ခံမည့်သူဟု နာမည်ထွက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ ၎င်းအနားယူမည့် အသက် (၆၀) အချိန် အနာဂတ်မှာ မြန်မာနိုင်ငံ ရေးကို ဝင်ရောက်မည်ဆိုသည်နှင့် ပတ်သက်၍ စဉ်းစားဦးမည်ဟု ဆိုပါသည်။

‘‘သမ္မတလုပ်ဖို့အတွက် အခြေအနေ အချိန်အခါပေါ်မူ တည်ပြီး ကျွန်တော်ဆုံးဖြတ်မှာပါ။ အခုအချိန်မှာ နိုင်ငံရေးကို စိတ် ဝင်စားရင် ကျွန်တော်လုပ်နေတဲ့ အလုပ်တွေအားနည်းလိမ့်မယ်။ အခုအချိန်မှာတော့ ဆုံးဖြတ်ဖို့နဲ့ ပြောပြဖို့ အရမ်းစောလွန်းနေပါ သေးတယ်’’

မြန်မာနိုင်ငံသည် အနှစ် ငါးဆယ်ကြာအောင် စစ်အစိုးရ၏ အုပ်ချုပ်ခံခဲ့ရပြီး ၂၀၁၁ မတ်လ မှစတင်၍ ဦးသိန်းစိန်ဦးဆောင် သည့် အရပ်သားအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

(The Diplimat စာစောင်ပါ 'Young'Myanmar Still Needs Strong Military Role, Says Army Chief ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day DAILY
မြန်မာနိုင်ငံအနေဖြင့် လွှတ်တော်တွင်းမှ စစ်တပ်၏အခန်းကဏ္ဍကိုလျှော့ချရန် အဆင်သင့်မဖြစ်သေး ကြောင်း မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှားရုပ်သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားလိုက်ပါသည်။

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအပေါ် ရင့်သီးစွာပြောဆိုမှု ကုလရှုတ်ချ

Photo: လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအပေါ် ရင့်သီးစွာပြောဆိုမှု ကုလရှုတ်ချ
Thursday, January 22, 2015

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee အပေါ် ဦးဝီရသူက စကားလုံးကြမ်းတမ်းစွာသုံးစွဲပြီး ခေါ်ဆိုခဲ့တဲ့အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu  က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မစ် Lee ဟာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေအရပ်ရပ်ကို စုံစမ်းလေ့လာဖို့ ၁၀ ရက်ကြာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်မှာ အခုလိုမျိုး သူ့အပေါ် ထိုးနှက်မှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူက  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee ကို စကားလုံး ရင့်သီးစွားသုံးစွဲပြီး ခေါ်ဝေါ်ခဲ့တဲ့အပေါ်  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ပြစ်တင်ဝေဖန်လိုက်ကြောင်း  နယူးယောက် ကုလပြန်ကြားရေးအရာရှိ Andre Michel Essoungou က ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့် သံတမန်တဦးကို အခုလိုမျိုး လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားမှုအပေါ် လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ မစ် Lee ဟာ သူလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်ခဲ့တာပါ။ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ တာဝန်ပေးခဲ့တာကိုပဲ သူလုပ်တာပါ။ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့လည်း မစ် Lee တွေ့ရှိခဲ့တဲ့ လူမှုအသိုင်းအ၀န်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော်တို့ ပြောလိုပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ဒုတိယအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုအပြင် နိုင်ငံသားဖြစ်ရေးနဲ့ ပတ်သတ်ပြီး တိုက်တွန်း ပြောဆိုမှုတွေကြောင့် အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပေမဲ့ ဦးဝီရသူရဲ့ ပြောဆိုမှုနဲ့အပေါ် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဦးဇ၀နက အခုလို မိန့်ကြားပါတယ်။

“ဦးဇင်းတို့ဗုဒ္ဓဘာသာ ဆိုတာကလည်း တဘက်ကပြောလာတိုင်းလည်း လက်ခံမှာမဟုတ်ဘူးပေါ့နော်။ ဝေဖန်ပိုင်းခြားပြီးတော့မှ အကျိုးနဲ့အကြောင်းနဲ့ လက်ခံရင်လည်း ဘယ်အကြောင်းကြောင့် လက်ခံတယ်၊ လက်မခံရင်လည်း ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပေါ့။ အဲ့ဒီမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ကိုယ့်သိက္ခာပုဒ်တွေ တားမြစ်ထားတဲ့ ဥစ္စာကို ချိုးဖောက်ပြီးတော့ လူတွေအချင်းချင်းတောင်မှ မပြောဆိုသင့်တဲ့ စကားမျိုးကို ရဟန်းတော်တပါးက ပြောလိုက်တဲ့အခါကျတော့ ဘာတွေဖြစ်သွားသလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ရော၊ ရဟန်းတော်တွေရဲ့ပုံရိပ်ရော အားလုံး ပျက်စီးသွားတယ်လို့ ဦးဇင်းထင်တယ်။”

သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း  ဒီလိုပြောဆိုမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ သာသနာရေးဝန်ကြီးဌာနကို မေးမြန်းထားကြောင်း ဧရာဝတီ သတင်းဌာနကို ပြောဆိုပါတယ်။ ဥရောပရောက် ရိုဟင်ဂျာကောင်စီကလည်း အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးအပေါ် ထားရှိတဲ့ ဦးဝီရသူရဲ့ သဘောထားနဲ့ ပတ်သတ်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်ဖို့ ကုလသမဂ္ဂအနေနဲ့ ဖိအားပေးသင့်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

VOA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee အပေါ် ဦးဝီရသူက စကားလုံးကြမ်းတမ်းစွာသုံးစွဲပြီး ခေါ်ဆိုခဲ့တဲ့အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu  က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ပြင်သစ် အစိုးရ ဗျူဟာသစ်ချ

ပြင်သစ်နိုင်ငံမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်သစ် ၂၆၈၀ ကို ထပ်မံဖြည့်တင်းမှာဖြစ်ပြီး အကြမ်း ဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေ အတွက် ယူရို ၄၂၅ သန်း (အမေရိကန် ဒေါ်လာ သန်း ၄၉၀) တိုးမြှင့် သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် Manuel Valls က ပြောပါတယ်။

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင် ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များ ကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ...

Photo: မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်
Thursday, January 22, 2015

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့်အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏အဆ ၃ဝ နီးပါးနှင့်ညီမျှသည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့် စွမ်းအားရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း လက်ရှိတွင်မူ နိုင်ငံ၏ အိမ်ထောင်စု အားလုံးပေါင်း၏ ရာခိုင်နှုန်း ၃ဝ အောက်သာလျှင် လျှပ်စစ်မီးရရှိနိုင်ပြီး လူတစ်ဦးချင်းကျ လျှပ်စစ်မီးသုံးစွဲမှုမှာလည်း ကမ္ဘာ့တွင်အနည်းဆုံး နိုင်ငံများထဲ တွင်ပါဝင်သည်ဟု သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျပါတယ်။ ဒါအပြင် ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်အနာဂတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ Global Partnership ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားသည်။

“စနစ်တကျသာ ဆက်လုပ်မယ်ဆိုရင် ရေအားလျှပ်စစ်ဟာ ပိုသန့်ရှင်းပြီး ဈေးပိုသက်သာတဲ့ အားကိုးလို့ရတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု စနစ်ကို လက်လှမ်းမီစေမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးတို့ရဲ့ မောင်းနှင်အားဖြစ်လာနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်း (IHA) တို့သည် နည်းစနစ်ပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာစံချိန်စံညွှန်းများ နှင့်ပတ်သက်သော အကောင်းဆုံး အလေ့အထများကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံအား ပိုမို၍ ရေရှည်ခံတည်တံ့သော ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ရေရှည်ခံတည်တံ့သည့် ရေအားလျှပ်စစ်ကဏ္ဍတစ်ခု ရရှိပိုင်ဆိုင်ထားခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တိုင်းပြည်၏ကြီးမားသည့် စွမ်းအင်ထုတ်ယူနိုင်မှုအ လားအလာများကို လက်တွေ့ပေါ်ပေါက်လာစေပြီးလျှင် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုတို့ ရရှိရေးတို့အတွက် ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှုဟာ တာရှည်ခံတည်တံ့ဖို့နဲ့ ထိစပ်ပတ်သက်နေသူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်စေဖို့အတွက် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်နည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ စီမံကိန်းတွေအောင်မြင်စေဖို့ အတွက်ဆိုရင် ကောင်းမွန်တဲ့နိုင်ငံရေး၊ နည်းပညာမူဘောင်တစ်ခု ချမှတ်ထားရေးဟာ မရှိမဖြစ် လိုအပ်ချက်ဆိုတာပါပဲ” ဟု IHA ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဒါရိုက်တာ Cameron Ironside က ပြောကြားသည်။       

Eleven Media Group 

လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)
သာဓုကန်စက်မှုဇုန်ရှိ မြေကွက်လွတ်များကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း တွေ့ရစဉ် 
စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြ ထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန် တကယ်လုပ်ငန်းလုပ်ကိုင်မှု  မရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ အစိုးရကို ပြန်အပ်ရမည်။

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်

Photo: မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်
Thursday, January 22, 2015

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့်အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏အဆ ၃ဝ နီးပါးနှင့်ညီမျှသည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့် စွမ်းအားရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း လက်ရှိတွင်မူ နိုင်ငံ၏ အိမ်ထောင်စု အားလုံးပေါင်း၏ ရာခိုင်နှုန်း ၃ဝ အောက်သာလျှင် လျှပ်စစ်မီးရရှိနိုင်ပြီး လူတစ်ဦးချင်းကျ လျှပ်စစ်မီးသုံးစွဲမှုမှာလည်း ကမ္ဘာ့တွင်အနည်းဆုံး နိုင်ငံများထဲ တွင်ပါဝင်သည်ဟု သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျပါတယ်။ ဒါအပြင် ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်အနာဂတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ Global Partnership ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားသည်။

“စနစ်တကျသာ ဆက်လုပ်မယ်ဆိုရင် ရေအားလျှပ်စစ်ဟာ ပိုသန့်ရှင်းပြီး ဈေးပိုသက်သာတဲ့ အားကိုးလို့ရတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု စနစ်ကို လက်လှမ်းမီစေမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးတို့ရဲ့ မောင်းနှင်အားဖြစ်လာနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်း (IHA) တို့သည် နည်းစနစ်ပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာစံချိန်စံညွှန်းများ နှင့်ပတ်သက်သော အကောင်းဆုံး အလေ့အထများကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံအား ပိုမို၍ ရေရှည်ခံတည်တံ့သော ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ရေရှည်ခံတည်တံ့သည့် ရေအားလျှပ်စစ်ကဏ္ဍတစ်ခု ရရှိပိုင်ဆိုင်ထားခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တိုင်းပြည်၏ကြီးမားသည့် စွမ်းအင်ထုတ်ယူနိုင်မှုအ လားအလာများကို လက်တွေ့ပေါ်ပေါက်လာစေပြီးလျှင် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုတို့ ရရှိရေးတို့အတွက် ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှုဟာ တာရှည်ခံတည်တံ့ဖို့နဲ့ ထိစပ်ပတ်သက်နေသူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်စေဖို့အတွက် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်နည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ စီမံကိန်းတွေအောင်မြင်စေဖို့ အတွက်ဆိုရင် ကောင်းမွန်တဲ့နိုင်ငံရေး၊ နည်းပညာမူဘောင်တစ်ခု ချမှတ်ထားရေးဟာ မရှိမဖြစ် လိုအပ်ချက်ဆိုတာပါပဲ” ဟု IHA ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဒါရိုက်တာ Cameron Ironside က ပြောကြားသည်။       

Eleven Media Group 

လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)
လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်) 
မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့် အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည် ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်န၀ါရီ ၂၃ ရက်နောက်ဆုံးထားတင်ပြကြရန် လွှတ်တော်ကိုယ်စားလှယ် များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌညွှန်ကြား

Photo: ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်န၀ါရီ ၂၃ ရက်နောက်ဆုံးထားတင်ပြကြရန် လွှတ်တော်ကိုယ်စားလှယ် များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌညွှန်ကြား
Thursday, January 22, 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်န၀ါရီ ၂၃ ရက်နောက်ဆုံးထားပြီး တင်ပြကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်န၀ါရီ ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ညွှန်ကြားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ်လွှာပေးပို့လာပါတယ်။ အဲဒီသ၀ဏ်လွှာအရ ပြည်ထောင်စုလွှတ်တော်နာယက,က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ သ၀ဏ်လွှာထပ်မံပေးပို့လာပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက,က ယင်းကိစ္စနဲ့ပတ်သက်ပြီး သဘောထားနဲ့ တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်လိုသည်ကို အလျင်အမြန်ပြန်ကြားပေးဖို့ သ၀ဏ်လွှာပို့လာပါတယ်" ဟုပြောကြားသည်။

"မိမိအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေနဲ့တက်ရောက်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အကြံပြုတင်ပြလိုသောအကြောင်းအရာ အချက်အလက်များကို မိမိထံသို့ ဇန်န၀ါရီ ၂၃ ရက်အရောက် စာဖြင့်ရေးသားပေးပို့ရန်ညွှန်ကြားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ ရရှိလာတဲ့အကြံပြုချက်တွေကို လိုအပ်သလိုဆောင်ရွက်ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်" ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကပြောကြားသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုတင်သွင်းခဲ့သူ ဦးမြင့်ထွန်းက "ပြည်သူလူထုရဲ့လိုလားတောင့်တချက်၊ နိုင်ငံရေးအင်အားစုတွေရဲ့ လိုလားတောင့်တချက်တွေကိုပြုစုခိုင်းတယ်။ လူထုလူတန်းစားဆိုတာ အလုပ်သမား၊ လယ်သမားတွေပါပါတယ်။ လွှတ်တော်နှစ်ခုပြန်ပေါင်းပြီးဆွေးနွေးရမယ်။ ဘာတွေကိုဆွေးနွေးမယ်ဆိုတာတွေကို ဆွေးနွေးတိုင်းမှာ လူထုရဲ့လိုလားချက်၊ တောင့်တချက်တွေပါရမယ်။ အကြံပြုချက်တော့ပေးမှာပါ။ ဒါပေမဲ့ စဉ်းစားရဦးမယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တာဆိုတော့လေ။ လွှတ်တော်မှာ တရားဝင်ပြောရမှာပြောဆိုတော့ အကြံဥာဏ်တွေယူရဦးမယ်" ဟုသုံးသပ်သည်။

"အခုလို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ဖွင့်ပြောလာပြီဆိုတော့ တွေ့ဖို့သေချာသလောက်ရှိသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူထုလိုလားချက်တွေကိုပြန်ကြည့်လိုက်ရင် တွေ့စေချင်တယ်ဆိုတာ သိသာတယ်လေ။ ပြည်ထောင်စုလွှတ်တော်ကချမှတ်ထားတဲ့အဆိုဖြစ်တယ်။ နိုင်ငံရဲ့ အမြင့်ဆုံးလွှတ်တော်ကချမှတ်ထားတာကို အောက်ကလွှတ်တော်တွေက ၁၂ ပွင့်တွေဘာတွေ လျှောက်လုပ်နေတဲ့အခါကျတော့ ဆရာလုပ်ချင်တဲ့သဘောလေးတွေတွေ့ရတယ်။ ဒီခြောက်ယောက်က အမြဲတမ်းတွေ့နေရမယ်။ အမြဲထိတွေ့နေရမယ်။ ဒီလိုတွေ့နေမှပဲ အခက်အခဲတွေကိုဖြေရှင်းနိုင်မယ်လေ" ဟု ဦးမြင့်ထွန်းကပြောကြားသည်။

ဒေါက်တာမြတ်ဥာဏစိုးက "အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခြောက်ပွင့်ဆိုင်ကိုလက်ခံတယ်။ တက်ရောက်မယ်လို့ အဖြေထွက်သွားပြီ။ ဘယ်အချိန်ကျင်းပမယ်ဆိုတာတော့မသိဘူး။ ကျွန်တော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သီးခြားအကြံပေးဖို့တော့မရှိပါဘူး။ သမ္မတရဲ့သ၀ဏ်လွှာမှာလည်း ခြောက်ပွင့်ဆိုင်လုပ်သင့်တယ်။ ဘယ်နေ့ ဘယ်ရက်တွေ့မယ်ဆိုတာမပါဘူး။ တိတိကျကျမပြောထားဘူး။ လွှတ်တော်ကတော့ပြတ်ပြတ်သားသားပဲ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာကို ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့သဘောကိုပြလိုက်တာပဲ" ဟုပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံဆွေးနွေးရန် အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့သည်။   

Eleven Media Group 

ဇန်န၀ါရီ ၂၁ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ဇန်န၀ါရီ ၂၁ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးစေလိုသည့် အချက်များကို ဇန်န၀ါရီ ၂၃ ရက်နောက်ဆုံးထားပြီးတင်ပြကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဇန်န၀ါရီ ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ညွှန်ကြား သည်။

မစ္စရန်ဟီးလီအပေါ် ခိုင်းနှိုင်းပြောဆိုမှု ဦးဝီရသူ ကာကွယ်ပြောကြား

Photo: မစ္စရန်ဟီးလီအပေါ် ခိုင်းနှိုင်းပြောဆိုမှု ဦးဝီရသူ ကာကွယ်ပြောကြား
Thursday, January 22, 2015

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည့် တန်ဆာနဲ့ နှိုင်းပြီး ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ကာကွယ်ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာဖြစ်ပြီး ဒီလိုခိုင်းနှိုင်းပြောဆိုခဲ့တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေအရေး မြန်မာနိုင်ငံအပေါ် ပြောဆိုတိုက်တွန်း နေတာတွေနဲ့စာရင် ဒီစကားလုံးအသုံးအနှုန်းဟာ မပြင်းထန်ပါဘူးလို့လည်း ဦးဝီရသူက AFP သတင်းဌာနကို ဖြေကြားပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေတိဂုံစေတီတော်ရင်ပြင်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အခုလို ခိုင်နှိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဒီလိုပြောကြားခဲ့တဲ့အတွက် မြန်မာသတင်းမီဒီယာ လောကမှာသာမကဘဲ ပြည်ပသတင်းမီဒီယာတွေမှာပါ ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။

RFA Burmese
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည့်တန်ဆာနဲ့ နှိုင်းပြီး ဟောပြောခဲ့ တာနဲ့ပတ်သက်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ကာကွယ်ပြောကြားလိုက်ပါတယ်။ 

ဒုက္ခသည် ၂၀၀၀ ကျော်အရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်

Photo: ဒုက္ခသည် ၂၀၀၀ ကျော်အရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်
Thursday, January 22, 2015

ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန် မြို့နယ်က ဒေသခံ နှစ်ထောင်၂၀၀၀ ကျော်လောက်ရဲ့ စားဝတ် နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ 

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ကို သွားရောက် တွေ့ဆုံစဉ်မှာ ပြောလိုက်တာဖြစ်တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ 

"ပြည်နယ်အစိုးရအဖွဲ့က သူတို့မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဒီမှာရှိတဲ့ပြည်သူ လူထုတွေရဲ့ စားဖို့သောက်ဖို့ကို သူတို့လုပ်ဆောင်သွားပေးမယ်ပေါ့လေ၊ ဒါပေမဲ့ သူတို့အုပ်ချုပ်ရေးအောက်က ဖြစ်ပေမယ့်လည်း တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့နဲ့ အလှမ်းဝေးတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် မသွားရောက်နိုင်တာ ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ သူတို့မြို့နယ်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးတွေက တဆင့် ပေါ့လေ လိုအပ်တာကို ကူညီပေးမယ်လို့ပြောတယ်"

ဖားကန့်မြို့နယ် အောင်ဘာလေ၊ ငှက်ပျောတော၊ ကံဆီးခေါ နဲ့ ရောင်ချိုရွာက ရွာသားတွေဟာ ကံဆီးကျေးရွာကို ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်။
အဲဒီရွာသားတွေကို ဖားကန့်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က ကူညီဖို့ကြိုးပမ်းခဲ့ပေမဲ့ အစိုးရတပ်မတော်က သွားခွင့်မပြုဘဲ တပ်မတော်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့လည်း အသင်းတော်ကို ကတိပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ကြား ပစ်ခတ်မှုတွေ မရှိတော့ဘူးလို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

RFA Burmese
ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန် မြို့နယ်က ဒေသခံ နှစ် ထောင် ၂၀၀၀ ကျော်လောက်ရဲ့ စားဝတ် နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ် ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ 

အငြိမ်းစားမယူမီ အပစ်ရပ်အောင်မြင်လိုကြောင်း ကာချုပ်ပြော

စစ်မှုထမ်းတစ်ဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် (၆၀)ပြည့်ပါက အငြိမ်းစားယူရမည်ဖြစ်ပြီး အငြိမ်းစားမယူမီအချိန်အတွင်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုအောင်မြင်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
စင်ကာပူအခြေစိုက် ChannelNews Asia နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် အငြိမ်းစားယူ၊ မယူဆိုသည့် မေးခွန်းနှင့်ပတ် သက်၍ ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်မှာ ယခုနှစ် အတွင်း အသက် (၆၀)ပြည့်မည် ဖြစ်ပြီး အနားယူပြီးနောက် နိုင်ငံ ရေးဘက်သို့ ခြေလှမ်းကူး၊ မကူး မှာအများစုက စိတ်ဝင်စားစွာစောင့်ကြည့်နေသည်။

အစိုးရဝန်ထမ်းအချို့အား ဆိုက်ဘာလုံခြုံရေး သင်တန်းပေး

ပြည်တွင်းမှ ကွန်ပျူတာ အသင်းဝင်များနှင့် အစိုးရဝန်ထမ်းအချို့အား နည်းပညာဆိုင်ရာ လုံခြုံရေးအတွက် လိုအပ်သည့်လုပ် ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရန်ပြည်ပပညာရှင်များဖိတ်ခေါ်၍ သင်တန်းပို့ချမှုများ ပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။
‘‘ပြည်တွင်းမှာ နည်းပညာ ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေ တိုးမြှင့်လုပ်နိုင် ဖို့အတွက် နိုင်ငံခြားသားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ရန်ကုန်မှာ ကွန်ပျူတာအသင်းဝင်တွေအတွက်နဲ့ နေပြည်တော်မှာ အစိုးရဝန်ထမ်း တွေအတွက်ဆိုပြီး နေရာနှစ်ခုမှာ သင်တန်းပို့ချပေးခဲ့ပါတယ်’’ဟု ရန်ကုန်တိုင်းကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ဆိုသည်။

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို

ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိ ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာသိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။