Sunday, 27 January 2013
အသက်မပြည့်သေးသူ မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကျောင်းစုတိုက်နယ်
ကန်းစွန်းခင်းကျေးရွာအုပ်စု ကွင်းကောက် ရွာ(ဆင်ဖြူတော်) “သိန်းတန်မြ”
ဆန်စက်တွင် ၂၁-၁-၂၀၁၃ နေ့က အသက်မပြည့်သေးသော မိန်းကလေး ငယ်အား
အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးစိုးသိန်း+ဒေါ်သောင်းကြည် တို့ပိုင်ဆိုင်သော “သိန်းတန်မြ” ဆန်စက်၏ မေဆရာ
ဦးငြိမ်းငြိမ်း မှ ဆန်နမူနာယူသော စတီးကလောင်ကို ကိုင်၍ အသက် (၁၆)နှစ်
(၁၀)လရှိ ဆန်ထမ်းအလုပ်သမ မ……… ကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်
ကြံစည်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ
တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့်တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ် လျှင်
ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို
ပြန်လည်ဖြေကြားခဲ့ပါသည်။
မန်းတွင် တိုင်းရင်သားလူမျိုးစုများ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပမည်
၆၆နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများ စုပေါင်းဈေး ရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဈေးရောင်းပွဲတော်ကို မန်းမြို့ ၃၅လမ်း၊ ၆၆- ၆၇လမ်းကြားရှိ ရှမ်းတိုင်းရင်းသားအသင်းတိုက်တွ င်
ဖေဖော်ဝါရီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ နံနက် ၉နာရီမှ ည ၉နာရီ အထိ နေ့စဉ်ကျင်းပမည်ဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။
မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ
သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်းချက်သမ္မတ
နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့
သမ္မတ ရွေးကောက်ပွဲမှာတော့ အရင်ဆိုရှယ်လစ်ဝန်ကြီးချုပ်ဟောင်း
မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။
ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ
ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍
သစ်တော ထွက်ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံအပါအဝင်
သယံဇာတများပါထွက်ရှိသောကြောင့်စီးပွားရေး ကြွယ်ဝလာမှုနှင့်အတူ
တံခါးဝမြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်းရှင်များမှ
ဘဏ်ခွဲ များ အပြိုင်အဆိုင် ဖွင့်လှစ်လုပ်ကိုင်လာသည်။
သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော
မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်း လွန်ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးကဆိုသည်။
“မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော် လွန် တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်းတိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံ ဖျက် သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက်စတင်ချိန်မှ
Subscribe to:
Posts (Atom)